← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈) အဆပေါင်းတစ်ထောင်သော သွေးကြွေး

ထိုအခိုက်တွင် ကောင်းယွမ်သည် သူ၏ ကြယ်တာရာ စစ်သင်္ဘောကြီးဖြင့် ဂျာဗားကျွန်းသို့ ရောက်ရှိ လာခဲ့လေသည်။

ယခုအခါ ဂျာဗားကျွန်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ပေပြီ။

အစားအသောက် ထောက်ပံ့မှုများ လျော့နည်းလာခြင်းနှင့် ကောက်ပဲသီးနှံများ ပျက်စီးခြင်းတို့ကြောင့် ထိုဒေသတွင် သစ်သီးဝလံများ ပေါများသော်လည်း မြို့နေလူထုမှာ လုယက်ဖျက်ဆီးခြင်းနှင့် မီးရှို့ခြင်း များကို ပြုလုပ်လာကြရာ တစ်နိုင်ငံလုံးသို့ ကူးစက်ပျံ့နှံ့နေခဲ့ပြီ ဖြစ်ချေသည်။

ဂျာဗားကျွန်း၏ သမိုင်းတစ်လျှောက်တွင် ဟွာလူမျိုးများကို ပစ်မှတ်ထားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အကြိမ်ကြိမ် ရှိခဲ့ဖူးပြီး နောက်ဆုံးဖြစ်ပွားခဲ့သည်မှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် က ဖြစ်လေ၏။

အစားအသောက် ရှားပါးမှု ပြဿနာ ပျံ့နှံ့လာသည့်အခါ ဟွာလူမျိုးများမှာ အဆိုးရွားဆုံး ခံစားနေခဲ့ကြရ လေသည်။

ဒေသခံများသည် မကျေနပ်မှု ရှိတိုင်း သူတို့ပတ်ဝန်းကျင်ရှိ ဟွာလူမျိုးများကို ရိုက်နှက်လုယက်လေ့ ရှိကြပေသည်။

သို့သော်လည်း ထိုဟွာလူမျိုးများသည် ရှနိုင်ငံသားများ မဟုတ်သည့်အတွက် ရှနိုင်ငံအစိုးရအနေဖြင့် သူ တစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ယခုအခါတွင်မူ ကောင်းယွမ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူသည် စစ်သင်္ဘောကြီးများ၊ စက်ရုပ်များနှင့်အတူ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

နေရာကား ဂျာဗားကျွန်း၊ ဂျကာတာမြို့…။

ထိုအချိန်တွင် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လူရမ်းကား ထောင်ပေါင်းများစွာသည် ဟွာလူမျိုးများ ၏ ဆိုင်များကို စီးနင်းကာ ပစ္စည်းများကို လုယက်နေကြပြီး အမျိုးသမီးများကိုလည်း နှိပ်စက်ညှဉ်းပန်း နေကြလေသည်။

အသက် (၁၇) နှစ်အရွယ် ဟွာလူမျိုး မိန်းကလေး ချန်ကျီဖေးသည် မြေအောက်ခန်းထဲတွင် ပုန်းအောင်း နေရင်း ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးနေခဲ့လေ၏။

"ကျွန်မ နာမည်က ချန်ကျီဖေးပါ... ဂျာဗားကျွန်းကပါ... ဟွာလူမျိုးတွေအတွက် ဒါဟာ ကျွန်မရဲ့ နောက် ဆုံး ဗီဒီယို ဖြစ်နိုင်ပါတယ်... လမ်းမပေါ်မှာ အကုန်လုံးကို လုယက်နေကြပြီ... ကျွန်မရဲ့ အစ်မကိုလည်း လူရမ်းကားတွေက နှိပ်စက်ကာ အတင်းအဓမ္မ ဆွဲခေါ်သွားကြပြီ... အပြင်မှာလည်း မီးတွေ လောင်နေ ပါတယ်... ကျွန်မတို့မှာ စားစရာလည်း တစ်ခုမှ မရှိတော့ပါဘူး... ကျွန်မ ဒီမှာ ပုန်းနေတာ သူတို့ မတွေ့ သေးပေမယ့် ခြေသံတွေကို ကြားနေရတယ်... ကြာကြာ ပုန်းနေလို့ ရတော့မယ် မထင်ဘူး..."

အခြားတစ်ဖက်တွင် ချန်ကျီဖေး၏ အတန်းဖော် ကျူးမြောင်မြောင်သည် သူမ၏ မိဘများ ချည်ခံထားရ သည်ကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေရလေသည်။ သူမ၏ အသက် (၁၅) နှစ်အရွယ် ညီမလေးမှာ လည်း လူရမ်းကား (၇) ယောက် (၈) ယောက်ခန့်၏ ဝိုင်းဝန်း နှိပ်စက်ခြင်းကို ခံနေရပြီး နောက်တစ် ယောက်မှာ သူမကိုယ်တိုင် ဖြစ်ပေတော့မည်။

ယခင်က ထင်ရှားကျော်ကြားခဲ့သော တရုတ်တန်း လမ်းမကြီးမှာ ယခုအခါ ငရဲခန်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်တော့သည်။

နေရာအနှံ့တွင် အော်ဟစ်သံများကို ကြားနေရပြီး လူသားတို့၏ ယုတ်မာရက်စက်မှုမှာ ဤနေရာတွင် အထင်အရှား ပေါ်လွင်နေခဲ့ပေသည်။

ထိုအခိုက်တွင် တစ်စုံတစ်ယောက်သည် နေသာသော လမ်းမပေါ်၌ အရိပ်တစ်ခု ကျရောက်လာသည်ကို မြင်လိုက်ရလေသည်။

သူသည် ခေါင်းကို မော့ကြည့်လိုက်လေသည်။

လူအချို့က အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်ကြလေတော့သည်။

"စစ်သင်္ဘောကြီး... ကြယ်တာရာ စစ်သင်္ဘောကြီးပဲ..."

လူအချို့မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုယို တောင်းပန်နေကြလေသည်။

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

"ဟွာလူမျိုးတွေကို မလုယက်ပါနဲ့လို့ ငါပြောသားပဲ... ကောင်းယွမ် ရောက်လာလိမ့်မယ်လို့ ပြောခဲ့ တယ်... အခုတော့ သူ တကယ် ရောက်လာပြီ..."

ကောင်းယွမ်သည် ဂျာဗားကျွန်း၏ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်လာသည်ကို ကာကွယ်ရေး ဝန်ကြီး ဌာနက ကြိုတင် သိရှိခဲ့သော်လည်း သတင်းပို့ရုံမှတစ်ပါး ဘာမျှ မတတ်နိုင်ခဲ့ပေ။ ဒုံးကျည်များဖြင့်ပင် သူ့ကို မဖမ်းဆီးနိုင်ရာ သူတို့ ဘာများလုပ်နိုင်ပါမည်နည်း။

ကောင်းယွမ်က သူတို့၏ အော်ဟစ် မောင်းထုတ်မှုကို နားထောင်ပါမည်လော။

အမေရိကန်ပင်လျှင် ကောင်းယွမ်၏ လက်ချက်ဖြင့် ခဏချင်း ပျက်စီးသွားခဲ့ရပြီး အစ္စရေးနှင့် ဂျပန်တို့မှာ သာဓကများပင် ဖြစ်ပေသည်။

ကောင်းယွမ် ရောက်ရှိလာသည့် သတင်းကို ကြားရသောအခါ ဂျာဗားကျွန်း၏ ခေါင်းဆောင် မာနီကိုမှာ ချက်ချင်းပင် စိတ်ဓာတ်များ ကျဆင်းသွားခဲ့လေသည်။

"ဗိုလ်ချုပ်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ... ပြန်တိုက်ရမလား..."

"တိုက်ဖို့ပဲ စိတ်ကူးမနေနဲ့... မင်းက နိုင်မယ် ထင်လို့လား..."

"ဒါဆို ဘာလုပ်ကြမလဲ... ထွက်ပြေးကြမလား..."

"ဘယ်လို ပြေးမှာလဲ... သင်္ဘောနဲ့လား... လေယာဉ်နဲ့လား... ဘယ်ကို ပြေးမှာလဲ... အရင်ဆုံး ပုန်းနေကြ တာပေါ့..."

စစ်သင်္ဘော၏ စောင့်ကြည့်ရေး စနစ်မှတစ်ဆင့် အောက်ခြေရှိ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက် ရသောအခါ ကောင်းယွမ်၏ မျက်လုံးများမှာ ချက်ချင်းပင် နီမြန်းသွားခဲ့လေသည်။

"သေချင်နေကြတာပဲ..."

"လေဆာအမြောက်တွေ အသင့်ပြင်... စက်ရုပ်တွေ လွတ်လပ်စွာ ပစ်ခတ်မှုစနစ်ကို ပြောင်းလဲ... ဟွာ လူမျိုးတွေကို ကယ်တင်ပြီး ကျူးကျော်သူတွေကို အမြစ်ပြတ် ရှင်းလင်းပစ်ကြ..."

အဖြူရောင် လေဆာတန်းများ ကျရောက်လာပြီး လူရမ်းကား အုပ်စုမှာ တိတ်ဆိတ်စွာပင် သေဆုံးသွားခဲ့ ရကြလေတော့သည်။

လူရမ်းကားများမှာ ထွက်ပြေး လွင့်စဉ်သွားကြသော်လည်း ထိုအခိုက်တွင် စစ်သင်္ဘော၏ တံခါးများ ပွင့် လာပြီး လေဆာလက်နက်များ ကိုင်ဆောင်ထားသည့် စက်ရုပ် ရာပေါင်းများစွာမှာ ပျံသန်း ဆင်းသက် လာကာ လူရမ်းကားများကို လိုက်လံ နှိမ်နင်းကြလေသည်။

လူရမ်းကား ထောင်ပေါင်းများစွာသည် စက်ရုပ်များ၏ ရှင်းလင်းမှုကို မယှဉ်နိုင်ခဲ့ပေ။

ဆယ်မိနစ်ခန့် ကြာပြီးနောက် လမ်းမကြီးမှာ ပြန်လည် တိတ်ဆိတ်သွားခဲ့လေသည်။

ကောင်းယွမ်သည် စက်ရုပ်များ၏ ကာကွယ်မှုဖြင့် စစ်သင်္ဘောပေါ်မှ ဆင်းလာခဲ့ပြီး စစ်သင်္ဘော၏ အသံ ချဲ့စက်မှတစ်ဆင့် စကားပြောလိုက်လေသည်။

"မိဘပြည်သူ ဟွာလူမျိုးတို့... ကျွန်တော် ရောက်တာ နောက်ကျသွားပါတယ်... ကျွန်တော်က ကောင်းယွမ် ပါ... အခုကစပြီး ခင်ဗျားတို့ ကျွန်တော့်ဘေးမှာ ရှိနေပြီဖြစ်လို့ ကျွန်တော် ကာကွယ်ပေးပါ့ မယ်... ဘယ်သူမှ ခင်ဗျားတို့ရဲ့ ဆံပင်တစ်ပင်ကိုတောင် မထိခိုက်စေရဘူးလို့ ကျွန်တော် ကတိပေးပါ တယ်..."

ကောင်းယွမ်သည် ပို၍ ပြောခြင်း မဟုတ်ပေ။ ကြယ်တာရာ စစ်သင်္ဘောများက ကောင်းကင်ယံမှ စောင့် ကြည့်နေသဖြင့် မည်သည့် လှုပ်ရှားမှုမျှ စစ်သင်္ဘော၏ စနစ်မှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိပေ။

ရင်းနှီးနေသော ဟန်စကားကို ကြားလိုက်ရသည့်အခါ လမ်းမပေါ်ရှိ အသက်ရှင်ကျန်ရစ်သူ ဟွာလူမျိုး များမှာ မျက်ရည်များ ကျလာခဲ့ကြလေသည်။

အပြင်မှ အသံများကို ကြားရသောအခါ မြေအောက်ခန်းတွင် ပုန်းနေသော ချန်ကျီဖေးမှာ ငိုရှိုက်လိုက်မိ လေတော့သည်။

"ဘာလို့ ဒီလောက်တောင် နောက်ကျမှ ရောက်လာတာလဲ...ဝါး… ကျွန်မရဲ့ အဖေနဲ့အမေ ဆုံးသွားပြီ..."

အပြင်မှ ခြေသံများမှာ သူမကို တွေ့ခါနီးအထိ နီးကပ်လာခဲ့သော်လည်း ရုတ်တရက် အပြင်သို့ ပြေး ထွက်သွားကြပြီး အသံများ တိတ်ဆိတ်သွားခဲ့လေသည်။

ဒဏ္ဍာရီလာ ရှနိုင်ငံသားများ တကယ်ပင် ရောက်လာခဲ့လေပြီဖြစ်၏။

ချန်ကျီဖေးသည် မြေအောက်ခန်းထဲမှ သတိထား၍ ထွက်လာခဲ့ရာ အိမ်ထဲတွင် သေဆုံးနေသော လူရမ်း ကား အချို့ကို တွေ့လိုက်ရလေသည်။ သေဆုံးနေသော မိဘများကို ကြည့်ကာ သူမ တုန်ရင်နေခဲ့မိလေ တော့သည်။

သူမသည် ဧည့်ခန်းကို ဖြတ်ကျော်ကာ လမ်းမပေါ်သို့ ပြေးထွက်လာခဲ့ရာ နေရောင်အောက်တွင် ရပ်နေ သော ရှနိုင်ငံသား တစ်ဦးကို မလှမ်းမကမ်းတွင် တွေ့လိုက်ရလေသည်။

ထိုသူမှာ စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင် ဖြစ်ပြီး ပေါ်လာသမျှ လူရမ်းကား မှန်သမျှမှာ အရှင်းဖျောက် ခြင်း ခံနေရလေသည်။

သူ၏ ကျောပြင်ကို ကြည့်ရုံမျှဖြင့် အနှိုင်းမဲ့သော လုံခြုံမှုကို ခံစားရစေပေသည်။

ချန်ကျီဖေးသည် မျက်ရည်များကို သုတ်ကာ ကောင်းယွမ်ရှိရာသို့ ပြေးသွားခဲ့သော်လည်း မရောက်မီ မှာပင် တားစီးခြင်းခံလိုက်ရလေသည်။

"ဟွာလူမျိုးပါ..."

ချန်ကျီဖေးက 'ရှနိုင်ငံ' ဟု ဆိုလိုသည့် စကားလုံးနှစ်လုံးကို ပြောလိုက်သည့်အခါမှသာ သူမကို ဖြတ်သန်း ခွင့် ပေးလိုက်လေသည်။

သူမသည် ကောင်းယွမ်၏ နောက်သို့ လိုက်ပါသွားပြီး ခဏအကြာတွင် အဝတ်အစားများ စုတ်ပြဲနေသော သူမ၏ အတန်းဖော် ကျူးမြောင်မြောင်မှာ စိတ်သက်သာရာရစွာဖြင့် ပြေးထွက်လာသည်ကို တွေ့လိုက်ရ လေသည်။

"မြောင်မြောင်... ဒီဘက်ကို လာခဲ့..."

ဟွာလူမျိုးများ တစ်စတစ်စ တိုးပွားလာခဲ့ပြီး မကြာမီမှာပင် လူထောင်ပေါင်းများစွာမှာ ကောင်းယွမ်၏ နောက်တွင် စုရုံးမိသွားကြလေသည်။

ကောင်းယွမ်သည် ထိုလူများကို ကြည့်လိုက်၏။ အမျိုးသားများမှာ ဒဏ်ရာများ ရနေကြပြီး အမျိုးသမီး များမှာ အဝတ်အစားများ စုတ်ပြဲနေကာ မိန်းကလေးများမှာလည်း ကြောက်လန့်နေလျက်ရှိကြလေ သည်။

သူတို့အားလုံးမှာ ရှမင်းဆက်၏ ဘိုးဘေးများပင် ဖြစ်ကြပေတော့သည်။

ရှနိုင်ငံ အခက်အခဲ ကြုံရစဉ်က ဤပြည်ပရောက် ဟွာလူမျိုးများသည် မိခင်နိုင်ငံ အင်အားတောင့်တင်း လာစေရန် ငွေကြေးနှင့် ပစ္စည်းများကို လှူဒါန်းခဲ့ကြဖူးသည်။ သို့သော် သူတို့ အခက်အခဲ ကြုံရချိန်တွင်မူ ရှနိုင်ငံက ဘာမျှ မတတ်နိုင်ခဲ့ပေ။

အာဏာပိုင်များ ကိုယ်တိုင် ပြုလုပ်ရန် ခက်ခဲသော အရာများကို သူက လုပ်ဆောင်ပေးမည် ဖြစ်ပေ သည်။

"ဂျကာတာမြို့ကို ဂျာဗားကျွန်းကနေ ခွဲထွက်လိုက်ပြီလို့ ကျွန်တော် အခုပဲ ကြေညာလိုက်တယ်... ဒီနေ့က စပြီး ဟွာလူမျိုး မဟုတ်သူတွေ ဒီမှာ နေထိုင်ခွင့် မရှိတော့ဘူး... ဂျကာတာဟာ ဟွာလူမျိုးတွေရဲ့ နယ်မြေ ဖြစ်စေရမယ်..."

ကောင်းယွမ်က အော်ဟစ် ပြောဆိုလိုက်လေသည်။

မကြာမီမှာပင် စက်ရုပ်များ၊ ကြယ်တာရာ စစ်သင်္ဘောများနှင့် ဂျာဗားကျွန်းရှိ မြို့အားလုံး၏ အသံလွှင့် စနစ်များမှတစ်ဆင့် ကောင်းယွမ်၏ စကားများကို ထပ်ဆင့် ကြေညာလိုက်ကြလေသည်။

အမြော်အမြင်ရှိသော အဆင့်မြင့် အရာရှိအချို့မှာ ဂျကာတာမြို့မှ စတင် ထွက်ပြေးနေကြပြီ ဖြစ်လေ သည်။

သာမန် ဒေသခံများမှာမူ ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့ကြလေ၏။

ယခုအခါ ဟွာလူမျိုးများကို လုယက်ခွင့် မရှိတော့ရာ သူတို့မှာ ကျွန်းပေါ်ရှိ သစ်ပင်များပေါ် တက်၍ အသီးခူးစားကြရတော့မည်လော။

ထိုအခိုက်တွင် ကောင်းယွမ်၏ နောက်ကွယ်မှ ဘေးအန္တရာယ်မှ လွတ်မြောက်လာသော ဟွာလူမျိုး ထောင်ပေါင်းများစွာမှာ ရင်ထဲမှ သတ္တိများ နိုးကြားလာခဲ့ကြလေသည်။

"သေဆုံးသူ အရေအတွက်ကို တွက်ချက်ကြ... ဟွာလူမျိုး တစ်ယောက်ချင်းစီရဲ့ အသက်အတွက် အဆ ပေါင်း တစ်ထောင်သော သွေးကြွေးနဲ့ ပေးဆပ်စေရမယ်..."

စက်ရုပ်များသည် ဂျကာတာမြို့တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ်အတွင်း သေဆုံးခဲ့သည့် ဟွာလူမျိုး အရေအတွက်ကို ချက်ချင်းပင် စတင် ရေတွက်လိုက်ကြလေသည်။

ကောင်းယွမ်သည် ဤနေရာတွင် အာကာသ ဓာတ်လှေကားကို တည်ဆောက်ရန် ရည်ရွယ်ထားသဖြင့် ဤနေရာတွင်ပင် ဆက်လက် နေထိုင်မည် ဖြစ်ပြီး စက်ရုပ်များနှင့် ကုန်ကြမ်းများ ပို့ဆောင်ရန် အခြား ကြယ်တာရာ စစ်သင်္ဘောတစ်စင်းကိုလည်း အကြောင်းကြားလိုက်လေသည်။

ဂျကာတာ မြို့တစ်မြို့လုံးမှာ ထိတ်လန့် ချောက်ချားနေပြီး မြို့ပြင်သို့ ထွက်သည့် လမ်းများမှာလည်း ပိတ်ဆို့နေခဲ့ကာ လူအချို့မှာ အမြန်လှေများဖြင့် ထွက်ပြေးနေခဲ့ကြလေသည်။

သို့သော်လည်း ကြယ်တာရာ စစ်သင်္ဘောကြီးမှာ အပေါ်ယံမှ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရ လေသည်။ စက်ရုပ်များက ဟွာလူမျိုး တစ်ဦး သေဆုံးကြောင်း အတည်ပြုလိုက်တိုင်း စစ်သင်္ဘောကြီး ပေါ်မှ လူတစ်ထောင်၏ အမည်များကို ကောင်းကင်ယံမှ အော်ဟစ် ကြေညာလိုက်လေသည်။

သူတို့သည် ထွက်ပြေးနေသူများ၏ အမည်များကို စတင် ခေါ်ဆိုခြင်း ဖြစ်၏။ အပြစ်မရှိလျှင် ဘာ ကြောင့် ထွက်ပြေးကြပါမည်နည်း။ ထွက်ပြေးနေသူများ ဖြစ်ပါက သူတို့ကို သတ်ဖြတ်ရန်မှာ ပြဿနာ မရှိတော့ပေ။

All Chapters