အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) အာကာသ ရူပဗေဒ ဓာတ်ခွဲခန်း
ဂျာဗား တရားဝင် အဖွဲ့သည် ကန့်ကွက်လွှာ တစ်စောင်မျှပင် မထုတ်ပြန်ရဲဘဲ မည်သည့်အရာကိုမျှ မလုပ် ဆောင်ရဲခဲ့ချေ။
ဂျကာတာရှိ ဟွာလူမျိုးများ အားလုံးသည် ကောင်းယွမ် ရှိနေသော နေရာတစ်ဝိုက်သို့ စတင် စုရုံးလာခဲ့ ကြလေသည်။
သုံးရက်ကြာပြီးနောက် တရုတ်တန်းနှင့် ၎င်း၏ ပတ်ဝန်းကျင် ဒေသများတွင် ဟွာလူမျိုး သိန်းနှင့်ချီ၍ စုရုံးရောက်ရှိနေခဲ့ပြီ ဖြစ်ပေသည်။
ဤအဓိကရုဏ်းအတွင်း ဟွာလူမျိုး စုစုပေါင်း နှစ်ထောင့်ခြောက်ရာခုနစ်ဆယ် အသက်ဆုံးရှုံးခဲ့ရလေ သည်။ ကောင်းယွမ် သတ်မှတ်ထားသော စည်းမျဉ်းများအရ သေဆုံးသူများကို ဂုဏ်ပြုရန်အတွက် လူ နှစ်သန်း ခြောက်သိန်းခုနစ်သောင်း လိုအပ်ပေသည်။
ဂျကာတာတွင် လူဦးရေ ဆယ်သန်းရှိပြီး ဂျာဗားတွင် အကြီးဆုံး မြို့ကြီး ဖြစ်လေသည်။ ထွက်ပြေးရန် ကြိုးစားခဲ့သော ပထမဆုံး လူငါးသိန်း လမ်းပေါ်တွင် သေဆုံးသွားပြီးနောက် မည်သူကမျှ အပြင်သို့ မထွက်ရဲကြတော့ပေ။
ကောင်းယွမ်၏ ရည်မှန်းချက် ပြည့်မီရန် လူနှစ်သန်းကျော် လိုအပ်နေသေးသဖြင့် ကောင်းယွမ်သည် မဲနှိုက်သည့် စနစ်တစ်ခုကို ကျင့်သုံးလိုက်လေသည်။ စက်ရုပ်များသည် အိမ်ပေါက်စေ့ လိုက်လံ၍ အိမ် ထောင်စု တစ်စုစီမှ မဲနှိုက်စေခဲ့ပြီး အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်း ဟူသော ရလဒ် နှစ်ခုသာ ရှိလေသည်။
အသက်ရှင်ခြင်း ကတ်ပြားကို မဲနှိုက်ရရှိသူများသည် ပစ်ခတ်ခံရခြင်း မရှိဘဲ ချက်ချင်း ထွက်ခွာသွား နိုင်ပေသည်။
သေဆုံးခြင်း ကတ်ပြားကို မဲနှိုက်ရရှိသူများမှာမူ တမလွန်သို့ သွားရုံသာ ရှိတော့လေသည်။
အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို မဲနှိုက်၍ ဆုံးဖြတ်သည့် လုပ်ရပ်သည် နိုင်ငံတကာ အသိုင်းအဝိုင်း တွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့လေသည်။
အထူးသဖြင့် ဂျာဗားနှင့် ပတ်သက်၍ လူအများအပြားသည် အင်တာနက်ပေါ်တွင် ကောင်းယွမ်အား လူ သတ်ကောင်ဟု ခေါ်ဆိုကာ ဒေါသတကြီး ကျိန်ဆဲလာခဲ့ကြလေသည်။
ကောင်းယွမ်သည် အင်တာနက် ကွန်ရက်များကို ခြေရာခံကာ ထိုသူများကို ဖမ်းဆီးရန် စက်ရုပ်များကို ချက်ချင်း အမိန့်ပေးလိုက်လေ၏။ မကြာမီမှာပင် ဂျာဗား ဒေသတစ်ဝန်းမှ လူသိန်းပေါင်းများစွာသည် သူတို့၏ ဘိုးဘေးများနှင့် သွားရောက် တွေ့ဆုံခဲ့ကြရလေတော့သည်။
ဤမြင်ကွင်းက ဂျာဗား အသိုင်းအဝိုင်းရှိ လူတိုင်းကို နှုတ်ဆိတ်သွားစေခဲ့ပေသည်။
ထိုရလဒ်အနေဖြင့် ဂျာဗားရှိ ဟွာလူမျိုး အားလုံးသည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကာ ဂျကာတာ သို့ စတင် စုရုံးရောက်ရှိလာခဲ့ကြလေသည်။
ကောင်းယွမ်သည် ဂျကာတာ ဆိပ်ကမ်းတွင် သုံးဖက်မြင် မိုက်ခရိုပရင်တာ တစ်လုံးကို တပ်ဆင်လိုက်ပြီး ဂျကာတာ ဆိပ်ကမ်း၌ပင် အာကာသ ဓာတ်လှေကား တစ်ခုကို စတင် တည်ဆောက်ခဲ့လေသည်။
ဤနေရာတွင် ကောင်းယွမ်သည် သယ်ယူပို့ဆောင်ရေး ယာဉ်အမျိုးမျိုးကို ဦးစွာ တည်ဆောက်ခဲ့ပြီး နောက် ထိုနေရာ၌ပင် ထုတ်လုပ်နိုင်ရန်အတွက် ပတ်ဝန်းကျင် ဒေသနှင့် ပင်လယ်ကြမ်းပြင်မှ သတ္တု အမျိုးမျိုးကို တူးဖော်ခဲ့လေသည်။
သီတင်းနှစ်ပတ် ကြာပြီးနောက် အာကာသ ဓာတ်လှေကား အခြေစိုက်စခန်းမှာ ပြီးစီးသွားခဲ့လေသည်။ ၎င်းသည် ပင်လယ်ပြင်ပေါ်တွင် ပေါလောပေါ်နေသော ဧရာမ ပလက်ဖောင်းကြီး တစ်ခု ဖြစ်ပေသည်။ အာကာသ အပြင်ဘက်နှင့် ချိတ်ဆက်ရန်အတွက် ဤပလက်ဖောင်းပေါ်တွင် အလွန် ခိုင်ခံ့သော ကုန် ကြမ်းများဖြင့် ပြုလုပ်ထားသည့် ကြိုးများကို အသုံးပြုမည်ဖြစ်ပြီး အာကာသ အပြင်ဘက်တွင် ဧရာမ အာကာသစခန်း တစ်ခုကို ဖန်တီးမည် ဖြစ်လေသည်။ ၎င်းမှာ အာကာသစခန်း ပင် ဖြစ်ပေတော့သည်။
ထို့နောက် မြေပြင်နှင့် အာကာသစခန်းကို ချိတ်ဆက်ပေးမည့် ယာဉ်ကို မောင်းနှင်ရန် ပေါင်းစပ်စွမ်းအင် စက်ကြီးကို စွမ်းအင် အရင်းအမြစ်အဖြစ် အသုံးပြုခဲ့လေသည်။
ဂျကာတာသည် ယခုအခါ ဟွာလူမျိုးများ သီးသန့် နေထိုင်ရာ မြို့ကြီး တစ်မြို့ အဖြစ်သို့ ပြောင်းလဲသွားခဲ့ ပြီ ဖြစ်ပေသည်။
ဂျာဗား ဒေသတစ်ခုလုံးတွင် ဟွာလူမျိုး ဆယ်သန်းခန့် ရှိသော်လည်း ယခုအချိန်၌ ဂျကာတာတွင် လူဦး ရေ ဆယ့်နှစ်သန်းကျော် စုရုံးနေပြီ ဖြစ်လေသည်။
အိမ်နီးချင်း နိုင်ငံများမှ ဟွာလူမျိုးများသည်လည်း သူ့ထံသို့ လာရောက် ပူးပေါင်းခဲ့ကြပြီး ကောင်းယွမ်က သူတို့အားလုံးကို ကြိုဆိုလက်ခံခဲ့လေသည်။
ဤဟွာလူမျိုးများသည် အရှေ့တောင်အာရှ နိုင်ငံများ တစ်ဝန်းလုံးတွင် အချမ်းသာဆုံးသော လူမျိုးစုများ ထဲတွင် ပါဝင်လေသည်။ ယခုကဲ့သို့ ကြီးမားသော ငတ်မွတ်ခေါင်းပါးမှုကြီး ဆိုက်ရောက်နေချိန်တွင်ပင် သူတို့သည် ဤနေရာ၌ တည်ငြိမ်သော ဘဝတစ်ခုကို သီသီလေး ထိန်းသိမ်းထားနိုင်ခဲ့ကြပေသည်။
အစားအစာ ရရှိရန်အတွက် ကောင်းယွမ်သည် ဂျာဗား၏ မြို့တော် မာရာ သို့ သွားရောက်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာတိုက်ကို တိုက်ရိုက် လုယက်ခဲ့လေသည်။ ဤအစားအစာများသည် အချိန်အတိုင်းအတာ တစ်ခု အထိတော့ လုံလောက်နိုင်ပေသည်။
သို့သော်လည်း အပြီးသတ် ဖြေရှင်းနည်းမှာ အာဟာရအနှစ် အပေါ်တွင်သာ မူတည်နေဆဲ ဖြစ်လေ၏။
ယခုအခါ မုကျား ရှိ အာဟာရအနှစ် စက်ရုံသည် ကြိုတင်ပြင်ဆင်မှုများ အားလုံးကို ပြီးစီးသွားခဲ့ပြီဖြစ် ပြီး အလင်းကွမ်တမ် ကွန်ပျူတာ၏ ထိန်းချုပ်မှုအောက်တွင် ဘက်တီးရီးယား အမျိုးမျိုးသည် အဆမ တန် ပွားများလာကာ အမြောက်အမြား ထုတ်လုပ်မှုကို စတင်တော့မည် ဖြစ်ပေသည်။
၎င်းသည် စက်မှုလုပ်ငန်း ထုတ်လုပ်မှု အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ထုတ်လုပ်မှု ပမာ ဏမှာ တိုးတက်လာမည်သာ ဖြစ်လေသည်။
ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုကြီးမှာ ပိုမို ဆိုးရွားလာနေခဲ့ပေသည်။
ရုရှားများက ဥရောပကို အပြည့်အဝ ထိုးစစ်ဆင်နေချိန်မှာပင် တုန်းဟွမ် ဦးဆောင်သော အမေရိက၏ ထိပ်တန်း ခေါင်းဆောင်ပိုင်းသည် ရုရှား၏ မြို့တော်ကို ရုတ်တရက် တိုက်ခိုက်ခဲ့ရာ ၎င်းက ရုရှားများ၏ ဒေါသကို တိုက်ရိုက် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေသည်။
ကမ္ဘာစစ်ကြီး တစ်ဖန် ပြန်လည် စတင်လာခဲ့လေပြီဖြစ်ချေတော့သည်။
သို့သော် ထိုအချိန်တွင် ကောင်းယွမ်သည် အာကာသ ဓာတ်လှေကား တည်ဆောက်ရေးတွင်သာ အလုပ် များနေခဲ့လေသည်။
အာကာသ ဓာတ်လှေကား ရှိမှသာလျှင် လကမ္ဘာ၏ အရင်းအမြစ်များကို အဆက်မပြတ် စုဆောင်းနိုင် မည် ဖြစ်ပေသည်။
သို့သော် သတင်းကောင်း တစ်ခုတော့ ရှိလေသည်။
ကြီးမားသော ငတ်မွတ်ခေါင်းပါးမှုကြီးက ကမ္ဘာကြီးကို လွှမ်းခြုံသွားပြီး ကမ္ဘာစစ် စတင်လာချိန်တွင် ကမ္ဘာတစ်ဝန်းမှ ထိပ်တန်း သိပ္ပံပညာရှင်များသည် ရှနိုင်ငံမှာ စစ်ပွဲနှင့် ငတ်မွတ်ခေါင်းပါးမှုတို့မှ ကင်းဝေး ရာ အလွန် ကောင်းမွန်သော နေရာတစ်ခု ဖြစ်ကြောင်း သိရှိသွားခဲ့ကြပြီး နည်းလမ်းအမျိုးမျိုးဖြင့် ထို နေရာသို့ လာရောက် ခိုလှုံခဲ့ကြလေသည်။
၎င်းမှာ ကောင်းယွမ် လိုချင်ခဲ့သော ရလဒ်ပင် ဖြစ်ပေသည်။
ကောင်းယွမ်သည် မုကျားတွင် ရုရှားမှ ထိပ်တန်း ရူပဗေဒပညာရှင် တစ်စုကို လက်ခံတွေ့ဆုံပြီးနောက်...၊
မုကျား ၌ အာကာသ ရူပဗေဒ ဓာတ်ခွဲခန်း ကို တည်ထောင်လိုက်ကြောင်း ကြေညာလိုက်လေသည်။
ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင် သုံးထောင်သည် မုကျားတွင် လူသားသမိုင်းတစ်လျှောက် အစွမ်းအထက် ဆုံးသော ရူပဗေဒ ဓာတ်ခွဲခန်းကြီးကို စုစည်း တည်ထောင်လိုက်ကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဤဓာတ်ခွဲခန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် အားလုံးကို ပြင်ပကမ္ဘာမှ လျှို့ဝှက်ထားခဲ့လေ၏။
ဤအချိန်တွင် ကောင်းယွမ်သည် ဓာတ်ခွဲခန်းကို ဖွင့်လှစ်ပြသနေခြင်း ဖြစ်လေသည်။
အခမ်းအနားတွင် ကျိုးကျန်းလီ ကိုယ်တိုင် ဓာတ်ခွဲခန်း၏ အမည်ကို ရေးထိုးပေးခဲ့ပေသည်။
ဖွင့်ပွဲ အခမ်းအနား အပြီးတွင် သံပူတုန်း ရိုက်ဆိုသကဲ့သို့ ကောင်းယွမ်သည် ထိုသူများ သုတေသန စတင် နိုင်ရန် လေးဖက်မြင် နျူထရွန် ကို ချက်ချင်း ပေးအပ်ရန် မူလက စီစဉ်ထားခဲ့လေသည်။
သို့သော် အန်းနီ ပြန်ပေးဆွဲလာခဲ့သော သိပ္ပံပညာရှင်များမှာမူ ကောင်းယွမ်သည် ထိုက်တန်မှုမရှိဟု ခံစား နေရကာ မကျေမနပ် ဖြစ်နေကြဆဲပင် ဖြစ်ပေသည်။
ရူပဗေဒ နိုဘယ်ဆုရှင် ဝှီးလား ဦးဆောင်သော အဖွဲ့သည် ကောင်းယွမ်အား တိုက်ရိုက် ထိပ်တိုက်ရင် ဆိုင်လာခဲ့လေသည်။
"ကျွန်တော်တို့ရဲ့ သုတေသနကို လမ်းညွှန်ဖို့ ခင်ဗျားမှာ ဘာအရည်အချင်းတွေ ရှိလို့လဲ... ခင်ဗျားက လူ သတ်ကောင် တစ်ကောင်သက်သက်ပဲလေ..."
ကောင်းယွမ်သည် မျက်လုံးများကို မှေးကျဉ်းလိုက်လေသည်။
"မစ္စတာဝှီးလား... ကျွန်တော့်မှာ ကမ္ဘာပေါ်က အဆင့်အမြင့်ဆုံး နည်းပညာတွေ ရှိနေပြီး လူသားတွေရဲ့ ခေတ်မီ နည်းပညာမှာ ရှေ့ဆောင်လမ်းပြ တစ်ယောက် ဖြစ်တယ်... ဒီလောက်ဆိုရင် ကျွန်တော် အရည် အချင်း ပြည့်မီပြီလို့ ထင်လား..."
"ခင်ဗျားက တခြား သိပ္ပံပညာရှင်တွေရဲ့ အလုပ်တွေကို လုယူနေတာကလွဲရင် ဘာမှမဟုတ်ပါဘူး..."
ကောင်းယွမ် ရယ်မောလိုက်လေ၏။
"မစ္စတာဝှီးလား... ခင်ဗျား နတ်ဘုရားတွေကို ယုံကြည်လား..."
ဝှီးလား ခေါင်းခါပြလိုက်လေသည်။ ကြီးကျယ်သော သိပ္ပံပညာရှင်များသည် သုတေသန ပိုလုပ်လေလေ နတ်ဘုရားများကို ပိုယုံကြည်လေလေ ဖြစ်သည်ဟု ကောလာဟလများ ရှိခဲ့ဖူးသော်လည်း သူကမူ ယုံ ကြည်ခဲ့ခြင်းမရှိပေ။
သို့သော်လည်း ဤနတ်ဘုရားသည် ဘာသာရေးများတွင် ပါရှိသော နတ်ဘုရားများနှင့် တကယ်တမ်း၌ ကွာခြားလှပေသည်။ သူတို့သည် လူသားကမ္ဘာတွင် ရှင်းပြ၍မရသော ထူးဆန်းသည့် ဖြစ်စဉ်များစွာကို ရှာဖွေတွေ့ရှိခဲ့ရုံမျှသာ ဖြစ်ပြီး ၎င်းတို့မှာ မဖြစ်နိုင်သော အရာများနှင့်ပင် ပြည့်နှက်နေခဲ့လေ၏။
လူသားကမ္ဘာကို ပိုမို အဆင့်မြင့်သော ယဉ်ကျေးမှုတစ်ခုက မူလကတည်းက ဖန်တီးခဲ့ခြင်းဖြစ်သော ကြောင့် အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို ကောင်းယွမ် သိရှိထားလေသည်။
"အလွန်ကို အဆင့်မြင့်တဲ့ ယဉ်ကျေးမှုတစ်ခု ရှိနေတယ်ဆိုတာကိုရော ခင်ဗျား ယုံကြည်လား..."
ဝှီးလားသည် ဘာသာရေးမှ နတ်ဘုရားများကို အထင်အမြင် သေးကောင်း သေးနိုင်သော်လည်း အဆင့် မြင့်ယဉ်ကျေးမှု ရှိနေခြင်းကိုမူ မငြင်းဆိုရဲပေ။ အကြောင်းမှာ များပြားလှသော သုတေသနများက ဤ အမှန်တရားကို ရည်ညွှန်းနေသောကြောင့်ပင် ဖြစ်လေ၏။
ကောင်းယွမ်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်လေသည်။
"ခင်ဗျားတို့ကို စမ်းသပ်မှု တစ်ခု ပြသပေးမယ်..."
သူသည် ယခင်က ကောင်းချိုး ပေးထားခဲ့သော သေတ္တာနက်လေးကို ထုတ်ယူလိုက်လေ၏။ အတွင်းတွင် အမှောင် ဒြပ်ထု ရှိနေပေသည်။ ကောင်းယွမ်သည် ၎င်းကို ယခင်က တစ်ကြိမ် အသုံးပြုခဲ့ဖူးသော်လည်း အမှောင်ဒြပ်ထု အများအပြား ကျန်ရှိနေသေးလေသည်။
ထိုလူများ မမြင်တွေ့နိုင်သော အချိန်နှင့်အာကာသတံခါးကို သူ ဆင့်ခေါ်လိုက်လေသည်။
ကောင်းယွမ်သည် လူတစ်ဝက်ခန့်ကို အချိန်နှင့်အာကာသတံခါးက ဖန်တီးထားသည့် နေရာတစ်ခုအတွင်း လွှမ်းခြုံထားလိုက်ပြီး ၎င်းနေရာသည် အမှောင်ဒြပ်ထုမှ ထုတ်လွှတ်လိုက်သော အမှောင် စွမ်းအင်များ ဖြင့် ပြည့်နှက်နေခဲ့လေ၏။ ထို့နောက် ကောင်းယွမ်သည် အချိန်စီးဆင်းမှုကို စတင် ချိန်ညှိလိုက်လေ တော့သည်။
သူသည် အချိန်စီးဆင်းမှု အမြန်နှုန်းကို ဆယ်ဆခန့် တိုးမြှင့်လိုက်လေသည်။
လူတိုင်းသည် သူ၏ လက်ထဲရှိ သေတ္တာနက်လေးမှာ မည်သည့်အရာအတွက် အသုံးပြုသည်ကို သိချင် စိတ်ဖြင့် ကောင်းယွမ်အား စိုက်ကြည့်နေခဲ့ကြလေသည်။
"ဟား... မျက်လှည့်ပြနေတာပဲ..."
ဝှီးလားက အထင်အမြင်သေးစွာဖြင့် ပြောလိုက်လေသည်။
ကောင်းယွမ် ခလုတ်ကို နှိပ်လိုက်သည်နှင့် ထိုဧရိယာအတွင်းရှိ အချိန်သည် ပြောင်းလဲသွားခဲ့လေတော့ သည်။
"အခု ခင်ဗျားတို့ မြင်တွေ့ရတဲ့အတိုင်းပဲ... ဒီနေရာရဲ့ ထက်ဝက်လောက်မှာ အချိန်တွေ ပြောင်းလဲသွားခဲ့ ပြီ... သူတို့က ခင်ဗျားတို့ထက် ဆယ်ဆ ပိုမြန်နေကြတယ်... မစ္စတာတိုက်ခ်... ကျွန်တော့်အတွက် ကပြ ပေးနိုင်မလား..."
ဝှီးလားသည် သူ၏ သူငယ်ချင်းဟောင်း တိုက်ခ်ကို ကြည့်လိုက်ရာ သူ၏ မျက်စိရှေ့တွင် တိုက်ခ်၏ လှုပ် ရှားမှုများမှာ အလွန် လျင်မြန်လွန်းသဖြင့် ဝါးဝါးတားတားသာ မြင်နေရတော့သည်အထိ ဖြစ်သွားခဲ့လေ သည်။
ကောင်းယွမ် လက်ဟန်ပြလိုက်သည့် ဧရိယာအတွင်းရှိ လူတိုင်းသည် ရုတ်တရက် မယုံနိုင်လောက် အောင် လျင်မြန်စွာ လှုပ်ရှားနေကြပြီး သူတို့၏ စကားပြောဆိုမှုများမှာပင် အမြန်ရစ်ထားသည့်အလား ဖြစ်နေသည်ကို သူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေခဲ့မိလေ၏။
ကောင်းယွမ်က မီးခြစ်ဆံ တစ်ချောင်းကို ခြစ်လိုက်ရာ တစ်စက္ကန့်ပင် မပြည့်မီ အချိန်အတွင်း လောင် ကျွမ်းသွားခဲ့လေသည်။ အတွင်းဘက်တွင် ရုပ်ရှင်တစ်ခုကို ထုတ်လွှင့်ပြသနေပြီး ပုံရိပ်မှာ ပုံမှန် မျက်နှာ ပြင်ထက် ဆယ်ဆ ပိုမို ကြီးမားနေခဲ့ပေသည်။
ကောင်းယွမ် လက်တစ်ချက် ပြန်ဝှေ့ယမ်းလိုက်ရာ ထိုဧရိယာသည် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့လေတော့သည်။
"အခု ခင်ဗျားတို့ အလှည့်ပဲ... ခင်ဗျားတို့ရဲ့ အချိန်အမြန်နှုန်းက ဆယ်ဆ တိုးလာလိမ့်မယ်..."
ဤတစ်ကြိမ်တွင် ကောင်းယွမ်သည် အခြား တစ်ဝက်သော နေရာကို လွှမ်းခြုံလိုက်လေ၏...။
ထိုဧရိယာအတွင်းရှိ သိပ္ပံပညာရှင်များသည် မည်သည့် ထူးခြားမှုကိုမျှ မခံစားခဲ့ရပေ။ သူတို့၏ အမြင် တွင် အခြားသူများ အားလုံးမှာ အလွန် နှေးကွေးစွာ လှုပ်ရှားနေကြသည်ဟု ထင်မှတ်ရလေသည်။
ယခုအခါ ကောင်းယွမ်က လက်ဝှေ့ယမ်းလိုက်သည်ကို မြင်လိုက်ရသဖြင့် သူတို့ အံ့အားသင့်သွား ခဲ့ကြလေ၏...။
အခြား သိပ္ပံပညာရှင်များသည် သူတို့၏ လှုပ်ရှားမှုများကို ရုတ်တရက် အရှိန်မြှင့်လိုက်ကြလေသည်။
အရာအားလုံးက ဖောက်လွဲဖောက်ပြန် ဖြစ်လာတော့လေသည်။ ထိုဧရိယာအတွင်းသို့ ဝင်ရောက်သွား သည်နှင့် အရာအားလုံးက မြန်ဆန်သွားခဲ့လေ၏။ ခရုတစ်ကောင်က ဖွတ်တစ်ကောင်ထက် ပိုမြန်အောင် ပြေးသွားသည်ကို ဘော့ဘ် မြင်တွေ့လိုက်ရပေသည်။ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော ဝှီးလား သည် တစ်စက္ကန့်အတွင်း ငါးမီတာခန့် သွားလာနိုင်သည်ကို သူ မြင်တွေ့လိုက်ရလေသည်။
ကောင်းယွမ် လက်ခုပ်တီးလိုက်လေ၏...။
သေတ္တာနက်လေးကို သိမ်းဆည်းလိုက်ပြီးနောက် အချိန်သည် ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွားခဲ့လေ တော့သည်။
ထိုနေရာရှိ လူတိုင်းသည် ကောင်းယွမ်အား အံ့အားသင့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေခဲ့ကြလေတော့ သည်။