အခန်း ၁၇၀
Vol. 17 Ch. 170
အခန်း (၁၇၀) နေအဖွဲ့အစည်း၏ အပြင်ဘက်သို့ ထွက်ခွာခြင်း
"အားလုံးပဲ မြင်လိုက်ကြရဲ့လား..."
ကောင်းယွမ်က မေးလိုက်လေသည်။
အောက်ဘက်ရှိ သိပ္ပံပညာရှင်များမှာ မှင်သက်သွားခဲ့ကြလေ၏။
ဧရိယာတစ်ခုအတွင်းက အချိန်စီးဆင်းမှုနှုန်းကို ထိန်းချုပ်လို့ ရနေတာလား ဟု သူတို့ တွေးတောနေမိ ကြလေသည်။
*ဒါကို ဘယ်လိုများ လုပ်ဆောင်ခဲ့တာလဲ…* ဟု အံ့ဩနေကြပေသည်။
"ဥက္ကဋ္ဌကောင်း... ခုနက သေတ္တာနက်လေးထဲမှာ ဘာတွေ ရှိနေတာလဲ..."
"အမှောင် ဒြပ်ထုလေ..."
ကောင်းယွမ်အနေဖြင့် ၎င်းကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
"ခင်ဗျားက အဆင့်မြင့်ယဉ်ကျေးမှုကို မြင်ဖူးလို့လား..."
ဝှီးလားက သူ့ကို စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
ကောင်းယွမ် ခေါင်းညိတ်ပြလိုက်လေ၏။ သူသည် ဤကမ္ဘာကို လက်ခံရမည်သာ ဖြစ်ပေသည်။
ထို့ပြင် သူသည် အနာဂတ်ကမ္ဘာသို့ သွားရောက်နိုင်ပြီး ၎င်းသည် လက်ရှိယဉ်ကျေးမှုထက် အနည်းငယ် မျှသာ သာလွန်သည် ဆိုသော်ငြား အမှန်တကယ်ပင် ပိုမို အဆင့်မြင့်မားနေခဲ့လေသည်။ သို့ဖြစ်ရာ ၎င်း ကို အဆင့်မြင့်ယဉ်ကျေးမှုဟု ခေါ်ဆိုရန် အမှားမရှိနိုင်ပေ။
ဝှီးလား၏ အသက်ရှူနှုန်းများ မြန်ဆန်လာခဲ့လေသည်။
"ဒါဆို ခင်ဗျားရဲ့ အဆင့်မြင့် နည်းပညာပစ္စည်းတွေ အားလုံးကရော..."
"အဆင့်မြင့်ယဉ်ကျေးမှုကနေ ဆင်းသက်လာတာပေါ့..."
အောက်ဘက်ရှိ သိပ္ပံပညာရှင်များသည် သူတို့အချင်းချင်း တီးတိုး စကားပြောဆိုလာကြလေ၏။
"ယဉ်ကျေးမှု အဆင့်အတန်း ပိုမြင့်လေလေ လူတွေက ပိုပြီး သဘောထားကြီးလေလေ ဖြစ်တယ်လို့ ငါ အမြဲတမ်း ပြောခဲ့တာ... အမှောင်တောအုပ် ဥပဒေသ ဆိုတာက ဘယ်မှာလဲ..."
"ဒါက လုံးဝ မှန်တာပေါ့... ဒီအဆင့်မြင့်ယဉ်ကျေးမှုက လူတွေဟာ တကယ်ကို ကောင်းမွန်ကြတယ်..."
"ဂြိုဟ်သားတွေ ရှိနေတယ်ဆိုတာ ငါ သိသားပဲ..."
ကောင်းယွမ်သည် ဤသိပ္ပံပညာရှင်များကို အေးစက်စွာ စောင့်ကြည့်နေခဲ့လေသည်။
"ကျွန်တော် ခင်ဗျားတို့ကို ရေအေးနဲ့ ပက်ရတော့မယ်... ဒီကမ္ဘာကြီးရဲ့ အမှန်တရားက အရမ်းကို ရက် စက်လွန်းတယ်... ခင်ဗျားတို့ အရင်က လေ့လာခဲ့ဖူးတဲ့ သိပ္ပံပညာ အားလုံးက နေအဖွဲ့အစည်း အတွက်ပဲ အကျုံးဝင်ကောင်း ဝင်နိုင်လိမ့်မယ်... နေအဖွဲ့အစည်း ဆိုတာ သေးငယ်တဲ့ လှောင်ချိုင့်တစ်ခု၊ စမ်းသပ် ကွင်း တစ်ခု သက်သက်ထက် မပိုပါဘူး..."
အကယ်၍ ကောင်းယွမ်သာ ဤစကားကို လွန်ခဲ့သော ဆယ့်ငါးမိနစ်က ပြောခဲ့မည်ဆိုလျှင် လူအများ စုက သူ့အား လှောင်ပြောင်ခဲ့ကြမည် ဖြစ်ပေသည်။
သို့သော် အချိန်စီးဆင်းမှုကို ထိန်းချုပ်နိုင်သည့် သူ၏ အံ့မခန်း စွမ်းရည်ကို ပြသပြီးနောက်တွင်မူ အခြေ အနေများ ပြောင်းလဲသွားခဲ့လေပြီဖြစ်ချေ၏။
"ဥက္ကဋ္ဌကောင်း... ဘာလို့ ဒီလို ပြောရတာလဲ..."
"ဘာလို့လဲဆိုတာ မမေးပါနဲ့... ကျွန်တော့်ကို ယုံလား မယုံဘူးလား ဆိုတာကိုပဲ မေးနေတာပါ..."
"ဒါက..."
ယုံကြည်ရမလား၊ မယုံကြည်ရဘူးလား ဟု သူတို့ တွေဝေနေကြလေ၏။
"ကမ္ဘာမြေမှာ ဖြေရှင်းမရသေးတဲ့ ပဟေဠိတွေ အရမ်းများလွန်းနေပြီး လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ် လမ်းကြောင်းကလည်း စေ့စေ့စပ်စပ် စစ်ဆေးမှုကို ခံနိုင်ရည် မရှိပါဘူး... ခင်ဗျားတို့ အားလုံးက ထိပ် တန်း ရူပဗေဒပညာရှင်တွေ ဖြစ်ကြတဲ့အတွက် အခြေခံသိပ္ပံဟာ အဆင့်တစ်ခုကို ရောက်လာရင် ပိတ်ဆို့ မှုတွေ ရှိလာတတ်တယ်ဆိုတာကို ကျွန်တော့်ထက် ပိုပြီး သဘာဝကျကျ နားလည်ထားကြပါတယ်..."
"အခု ကျွန်တော်တို့ အဲဒီ ပိတ်ဆို့မှုကို ထိတွေ့မိနေပြီ... ခင်ဗျားတို့ အားလုံးကို မေးခွန်းတစ်ခု မေးပါ့ မယ်... လက်ရှိ အခြေခံသိပ္ပံ အဆင့်အတန်းနဲ့ လူသားတွေ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ကို ဖောက်ထွက် နိုင်မယ့် မျှော်လင့်ချက် ရှိတယ်လို့ ခင်ဗျားတို့ ထင်လား..."
လူတိုင်း တိတ်ဆိတ်သွားခဲ့ကြလေသည်။
အဘယ်ကြောင့် အလင်းအလျင်ကို မကျော်လွန်နိုင်ရသနည်း။ အဏုမြူ ရူပဗေဒနှင့် မက်ခရို ရူပဗေဒ တို့သည် အဘယ်ကြောင့် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်နေရသနည်း။ ကျွန်ုပ်တို့ မြင်တွေ့နေရသော စကြဝဠာသည် တကယ့် စကြဝဠာ အစစ်အမှန် ဟုတ်ပါ၏လော။
ကောင်းယွမ်၏ မေးခွန်းသည် နျူကလီးယားဗုံး တစ်လုံးထက်ပင် အလေးအနက်ထားစရာ ပိုမို ကောင်း နေခဲ့ပေသည်။
အလင်းတန်းများကို မကျော်လွန်နိုင်ကြောင်း အိုင်းစတိုင်းက အဆိုပြုခဲ့ပြီးကတည်းက လူအများစုသည် ၎င်းကို နားမလည်ကြသော်ငြား လူတိုင်းက ၎င်းအား ပြောင်းလဲ၍မရသော သံမဏိ စည်းမျဉ်းတစ်ခု အဖြစ် အသိအမှတ်ပြုခဲ့ကြလေသည်။ အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်ပေသည်။
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ သုတေသန အောင်မြင်မှုတွေ အားလုံးက အလင်းနဲ့ ရောင်ခြည် အမျိုးမျိုး အပေါ်မှာ မူတည်နေလို့ပဲလေ... အလင်းအလျင်က တကယ်ပဲ ကျော်လွှားလို့ မရနိုင်တဲ့ အရာလား... အဲဒါကို ကျွန်တော် မသိဘူး... "
"အမှုန်တစ်ခု ဒါမှမဟုတ် အရာဝတ္ထုတစ်ခုက အလင်းအလျင် ကို ကျော်လွန်သွားတာနဲ့ ကျွန်တော်တို့က အဲဒါကို ဖမ်းယူတာဖြစ်ဖြစ်၊ ထောက်လှမ်းတာဖြစ်ဖြစ် သေချာပေါက် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကိုပဲ ကျွန်တော် သိတယ်... နေအဖွဲ့အစည်း အပြင်ဘက်ကို ထွက်ပြီး စကြဝဠာကြီးက တကယ်တမ်း ဘယ်လို ပုံစံ ရှိနေလဲဆိုတာကို ခင်ဗျားတို့ မမြင်ချင်ကြဘူးလား..."
သိပ္ပံပညာရှင်များသည် စတင် တွေးတောလာခဲ့ကြလေ၏။
လူသားများ၏ နည်းလမ်းများဖြင့် အလင်းထက်မြန်သော အမှုန်များ သို့မဟုတ် ရောင်ခြည်များကို ထောက်လှမ်းရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်ပေ။ ၎င်းတို့ကို ဖမ်းယူရန် လုံးဝ မဖြစ်နိုင်ချေ။
ထောက်လှမ်း၍ မရနိုင်သောကြောင့် လောလောဆယ်တွင် အလင်းအလျင်ကို ကျော်လွန်၍ မရနိုင် ကြောင်းကိုသာ ကျွန်ုပ်တို့ မှတ်ယူထားနိုင်ပေသည်။
"ဥက္ကဋ္ဌကောင်း... အဆင့်မြင့်ယဉ်ကျေးမှု ဆိုတာ ဘယ်လိုမျိုးလဲ ပြောပြပါလား..."
ကောင်းယွမ်သည် ခဏမျှ တွေးတောလိုက်လေ၏။
"ကျွန်တော်လည်း အများကြီး မသိပါဘူး... ဒါပေမဲ့ ခင်ဗျားတို့ထက်တော့ ပိုသိပါတယ်... နေအဖွဲ့အစည်း ဟာ ဇီဝဗေဒ စမ်းသပ်ကွင်း တစ်ခုထက် မပိုပါဘူး... ပြီးတော့ ကျွန်တော်တို့ အားလုံးက စမ်းသပ်ခံရသူ တွေချည်းပဲ..."
"ဘာဖြစ်လို့လဲ..."
"ဘာလို့လဲဆိုတော့... အောက်ဆီဂျင်က အရမ်းကို နည်းပါးလွန်းလို့ပဲ... စကြဝဠာကို ကျွန်တော်တို့ရဲ့ လေ့ လာစောင့်ကြည့်မှုတွေအရ ဂြိုဟ်အနည်းငယ်လောက်မှာပဲ အောက်ဆီဂျင် ရှိနေတယ်... ဒါပေမဲ့ အဲဒီ ဂြိုဟ်တွေမှာ ဘယ်ယဉ်ကျေးမှုကိုမှ ကျွန်တော်တို့ ထောက်လှမ်း တွေ့ရှိရခြင်းမရှိဘူးလေ... အဲဒါက ဘာလို့လဲ..."
"ဖြစ်နိုင်တာက ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံ ကိုယ်တိုင်က မှားယွင်းနေလို့ပဲ... လူသားတွေရဲ့ ရှုထောင့်က နေ သက်ရှိတွေကို နားလည်ဖို့ ကြိုးစားရင်းနဲ့ ကျွန်တော်တို့က အထင်အမြင်လွဲမှားမှုတစ်ခုထဲ ဝင်ရောက် သွားခဲ့ကြတာ... အဆင့်မြင့်ယဉ်ကျေးမှုဟာ အောက်ဆီဂျင် မလိုအပ်တဲ့ သက်ရှိပုံစံတစ်ခု ဖြစ်နေနိုင် တယ် ဆိုတာကိုရော ကျွန်တော်တို့ စဉ်းစားခဲ့ဖူးရဲ့လား... "
"အောက်ဆီဂျင်ဟာ သက်ရှိတွေအတွက် တားမြစ်ဇုန် ဖြစ်နေတယ် ဆိုတာကိုရော... အဆင့်မြင့်ယဉ် ကျေးမှု တည်ရှိနေတဲ့ ပုံစံက ကျွန်တော်တို့နဲ့ ကွာခြားနေနိုင်တယ်လေ... ပိုမိုမြင့်မားတဲ့ သက်ရှိတွေ အနေ နဲ့ ဘာလို့များ ကျွန်တော်တို့မှာ အားနည်းတဲ့ ခန္ဓာကိုယ်တွေ ရှိနေရတာလဲ... ဘာလို့ ကျွန်တော်တို့ဟာ ကမ္ဘာမြေမှာပဲ အကျဉ်းကျနေရတာလဲ... ဘာလို့ ကျွန်တော်တို့ ကမ္ဘာမြေကနေ ထွက်ခွာဖို့ အကာ အကွယ် ဝတ်စုံတွေနဲ့ အောက်ဆီဂျင်ဘူးတွေ လိုအပ်နေရတာလဲ..."
ကောင်းယွမ်သည် မေးခွန်းများကို ဆက်တိုက် မေးမြန်းလိုက်လေသည်။
သိပ္ပံပညာရှင်များသည် တိတ်ဆိတ်သွားခဲ့ကြလေ၏။
မည်သို့ ဖြေကြားရမည်ကို သူတို့ မသိကြတော့ပေ။
သို့သော်လည်း ကောင်းယွမ်၏ မေးခွန်းများသည် သူတို့၏ ယခင် ကမ္ဘာ့အမြင်များကို ဖျက်ဆီးပစ်လိုက် လေပြီ။
ဝှီးလားက မေးလိုက်လေသည်။
"ဒါဆို စကြဝဠာရဲ့ အမှန်တရားကို လေ့လာဖို့ ခင်ဗျားက ကျွန်တော်တို့ကို ခေါ်ယူခဲ့တာပေါ့..."
"ဟုတ်တယ်... မှန်ပါတယ်... ဒါပေမဲ့ ပထမဆုံးအနေနဲ့ ကျွန်တော်တို့က နေအဖွဲ့အစည်းကနေ ထွက်ခွာ နိုင်တဲ့ စွမ်းရည်ရှိဖို့ လိုအပ်တယ်..."
"တကယ်လို့ ကျွန်တော်တို့က အော့တ်တိမ်တိုက်ကို နယ်နိမိတ်အဖြစ် သတ်မှတ်မယ်ဆိုရင် နေအဖွဲ့ အစည်းရဲ့ အချင်းဝက်က အလင်းနှစ် တစ်နှစ်လောက် ရှိတယ်... ခင်ဗျားရဲ့ အာကာသစစ်သင်္ဘောကို ကျွန်တော် လေ့လာကြည့်ပြီးပြီ... "
"တကယ်လို့ အရင်းအမြစ်တွေသာ လုံလောက်မယ်ဆိုရင် နေအဖွဲ့အစည်း အပြင်ဘက်ကို ပျံသန်းဖို့ နှစ်ပေါင်း လေးရာလောက် ကြာလိမ့်မယ်... ခင်ဗျားရဲ့ အာကာသစစ်သင်္ဘောကို ထည့်မတွက်ဘဲ နိုင်ငံ အသီးသီးရဲ့ လက်ရှိ အာကာသယာဉ်တွေကို အခြေခံမယ်ဆိုရင်တော့ နှစ်ပေါင်း တစ်သောင်းကြာရင် တောင် ထွက်နိုင်မှာ မဟုတ်ဘူး..."
အခြားသော သိပ္ပံပညာရှင်များသည်လည်း တိတ်ဆိတ်နေခဲ့ကြလေသည်။
နှစ်ပေါင်း လေးရာဆိုသည်မှာပင် လက်လှမ်းမမီနိုင်သော ရည်မှန်းချက်တစ်ခု ဖြစ်နေဆဲပင် ဖြစ်လေ၏။
လူသားမျိုးနွယ်တွင် ကြီးမားသော နည်းပညာ ပေါက်ကွဲမှုကြီးသည် လွန်ခဲ့သော နှစ်တစ်ရာဝန်းကျင်ကမှ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပေသည်။
နေအဖွဲ့အစည်း အပြင်ဘက်သို့ ပျံသန်းရန်အတွက်ပင် နှစ်ပေါင်း လေးရာ ကြာမြင့်မည် ဖြစ်လေသည်။
ဤသည်မှာ အကောင်းဆုံးသော အခြေအနေပင် ဖြစ်နေသေးလေ၏။
လက်ရှိတွင် လူသားများ လွှတ်တင်ထားသည့် အဝေးဆုံးသို့ ရောက်ရှိနေသော အာကာသယာဉ်များမှာ ဗွိုင်ယေဂျာ (၁) နှင့် ဗွိုင်ယေဂျာ (၂) တို့ဖြစ်ပြီး ၎င်းတို့သည် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ကြာမြင့်ပြီး နောက်တွင် ကိုင်ပါခါးပတ် ဆီသို့သာ ရောက်ရှိသေးလေသည်။ ၎င်းတို့သည် ကိုင်ပါခါးပတ်ကို ကျော်လွန် ၍ ပျံသန်းနိုင်မည်လား ဆိုသည်မှာပင် မေးခွန်းတစ်ခု ဖြစ်နေဆဲ ဖြစ်ပေသည်။
ကိုင်ပါခါးပတ် ဆိုသည်မှာ နက်ပကျွန်းဂြိုဟ် ပတ်လမ်းကြောင်း အပြင်ဘက်၊ နေကြတ်လမ်းကြောင်း ရေပြင်ညီ အနီးတွင်ရှိသော သိပ်သည်းစွာ စုပြုံနေသည့် အခေါင်းပေါက်ပါသော အဝိုင်းပြားပုံစံ နေအဖွဲ့ အစည်း နယ်မြေတစ်ခု ဖြစ်လေသည်။
နေမှ နက္ခတ္တဗေဒယူနစ် (၄၀) မှ (၅၀) အတွင်း တည်ရှိပြီး ယိုင်စောင်းမှုနည်းပါးသော ဤပတ်လမ်း ကြောင်းသည် အချင်း ကီလိုမီတာ အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ ရှိသော ရေခဲအရာဝတ္ထုများ ဖြင့် ပြည့်နှက်နေပေသည်။ ဤရေခဲဒေသသည် နေအဖွဲ့အစည်းမှ လွတ်မြောက်ရန် ကြိုးစားနေသော မည်သည့် အရာဝတ္ထုအတွက်မဆို ပထမဆုံးသော ကာကွယ်ရေးခံတပ် အနေဖြင့် တည်ရှိနေလေ၏။
ကိုင်ပါခါးပတ်ကို ဖြတ်ကျော်နိုင်ခဲ့မည် ဆိုလျှင်တောင်မှ ဘေးကင်းလုံခြုံမှု မရှိသေးပေ။ ကိုင်ပါခါးပတ် ကို ကျော်လွန်သွားပါက ကျယ်ပြောလှသော ဟီလီယိုပေါ့စ် တည်ရှိနေပြီး ၎င်းသည် နေမှ မြစ်ဖျားခံသော နေလေပြင်းများက ကြယ်တာရာ ကြားခံနယ်များနှင့် တွေ့ဆုံချိန်တွင် ရပ်တန့်သွားသော နယ်နိမိတ်မျဉ်း ဖြစ်လေသည်။
ဤဧရိယာသည် နေနှင့် ကိုင်ပါခါးပတ် အကြား အကွာအဝေးထက် ပိုမိုကြီးမားသော အချင်းဝက် ရှိကာ နေလေပြင်းများနှင့် စွမ်းအင်မြင့် စကြဝဠာ ရောင်ခြည်များဖြင့် ပြည့်နှက်နေခဲ့ပေသည်။
အကယ်၍ စစ်သင်္ဘောမှာ လုံလောက်စွာ ခိုင်ခံ့ပြီး စွမ်းအင် အလုံအလောက် သယ်ဆောင်ထားနိုင်မည် ဆိုပါက ဤနေရာမှနေ၍ ပျံသန်းထွက်ခွာနိုင်ကောင်း ထွက်ခွာနိုင်မည် ဖြစ်လေသည်။
သို့သော် ဟီလီယိုပေါ့စ်၏ အပြင်ဘက်တွင်မူ အော့တ်တိမ်တိုက် တည်ရှိနေပေသည်။ အော့တ်တိမ်တိုက် သည် နေအဖွဲ့အစည်းကို ဝန်းရံထားသော စက်လုံးသဏ္ဍာန် တိမ်တိုက်ကြီးဖြစ်ပြီး လှုပ်ရှားမှုမရှိသော ကြယ်တံခွန်များစွာဖြင့် ပြည့်နှက်နေလျက်ရှိလေသည်။ ဤနယ်မြေသည် အလွန် ကြီးမားကျယ်ပြန့်လှ ပြီး နေမှ ကိုင်ပါခါးပတ်သို့ အကွာအဝေးထက် အဆတစ်ထောင်ခန့် ပိုမို ဝေးကွာနေခဲ့ပေသည်။
အော့တ်တိမ်တိုက်၏ အပြင်ဘက်သို့ ပျံသန်းနိုင်မှသာလျှင် နေအဖွဲ့အစည်းမှ အမှန်တကယ် ထွက်ခွာ နိုင်ပြီး အာကာသပြင်ပသို့ ဝင်ရောက်နိုင်မည် ဖြစ်လေသည်။
ကောင်းယွမ်သည် သိပ္ပံပညာရှင်များအား တွေးတောရန် အချိန်ပေးထားလိုက်လေသည်။
နာရီဝက်ခန့် ကြာပြီးနောက် သူသည် ရှေ့သို့ထွက်ရပ်ကာ မေးလိုက်လေ၏။
"အားလုံးပဲ ဆုံးဖြတ်ပြီးပြီလား... လူသားတွေ နေအဖွဲ့အစည်းကနေ လွတ်မြောက်နိုင်ဖို့အတွက် ကျွန်တော်နဲ့အတူ ဘယ်သူတွေက ယှဉ်တွဲတိုက်ပွဲဝင်ဖို့ ဆန္ဒရှိလဲ..."
သိပ္ပံပညာရှင်များသည် သူတို့၏ လက်များကို မြှောက်လိုက်ကြလေသည်။
ကောင်းယွမ်သည် ထိုမြင်ကွင်းကို ကြည့်ကာ အလွန် ကျေနပ်သွားခဲ့ပေသည်။
"ဆန္ဒမရှိတဲ့ သူတွေကို ကျွန်တော် အတင်းအကျပ် မလုပ်ပါဘူး... ခင်ဗျားတို့ရဲ့ မူလနေရာကို အခုချက် ချင်း ပြန်ပို့ပေးပါ့မယ်..."
*မူလနေရာ ဟုတ်လား...*
ဤနေရာမှာ မုကျား ဖြစ်သော်လည်း အင်တာနက်ကို အသုံးပြု၍ ရနေဆဲပင် ဖြစ်လေ၏။
ကျွန်ုပ်တို့ အားလုံး သိကြသည့်အတိုင်း ရှနိုင်ငံမှလွဲ၍ တစ်ကမ္ဘာလုံးမှာ စစ်ပွဲများနှင့် ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကို ခံစားနေကြရလေသည်။
ဤအချိန်တွင် ပြန်သွားခြင်းက မကြာမီ သေဆုံးခြင်းသို့သာ ဦးတည်သွားနိုင်ချေ အများဆုံး ဖြစ်ပေ သည်။
မည်သူကမျှ လှုပ်ရှားခြင်း မရှိခဲ့ကြပေ။
"အရမ်းကောင်းတယ်... အားလုံးက သဘောတူတယ်ဆိုတော့ အဓိက အကြောင်းအရာကို ဆက်သွား ကြတာပေါ့... ဒါပေမဲ့ ဒါအပြီးမှာမှ ထွက်သွားချင်တဲ့သူရှိရင်တော့ တောင်းပန်ပါတယ်... ကျွန်တော် ခွင့် ပြုမှာ မဟုတ်ဘူးနော်..."
ယခုအချိန်တွင် မည်သူက ထွက်သွားချင်ပါမည်နည်း။
ကောင်းယွမ်၏ စကားများသည် သူတို့၏ စိတ်ဝင်စားမှုကို နှိုးဆွပေးလိုက်လေပြီ။ ကမ္ဘာကြီးတွင် ပြဿ နာများ ရှိနေသည်ကို လူတိုင်း သိကြသော်လည်း နယူတန်နှင့် အိုင်းစတိုင်းတို့ပင် အကူအညီမဲ့ခဲ့ကြလေ သည်။
ကောင်းယွမ် တစ်ဦးတည်းသာ အဆင့်မြင့်ယဉ်ကျေးမှုနှင့် ထိတွေ့ဖူးသူ ဖြစ်ပေသည်။ သူတို့၏ သူဌေး အဖြစ် သူ့ထက် ပိုမို သင့်လျော်မည့်သူ ကမ္ဘာပေါ်တွင် ရှိနေပါဦးမည်လား။