← Chapters

ဆုတ်ခွာခြင်း (၂)

Vol. 77 Ch. 1187

ဆုတ်ခွာခြင်း (၂)

Vol. 77 Ch. 1187

ဘန်း ဂျစ်ဇ်၊၊

လင်းရှန်နှင့်မလှမ်းမကမ်းတွင် သံလိုက်ကျောက်ဆူးတစ်ခုသည် စွမ်းအင်မြင့်မီးပွားများဖြင့် ချက်ချင်းပေါက်ကွဲသွားပြီး သံလိုက်ပျံသန်းရေးလမ်းကြောင်းကို ပျက်စီးသွားစေသည်၊၊

ဆယ်မိနစ်ပင်မပြည့်သောအချိန်အတွင်းမှာပင် သံလိုက်ကျောက်ဆူးများသည် တစ်ခုပြီးတစ်ခုဆက်တိုက်ပြိုလဲပျက်စီးကုန်ပြီဖြစ်သည်၊၊

လမ်းချော်နေသော ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဘက်သုံးရထားတစ်စီးသည် မွန်းစတားလှိုင်းလုံးကြီး၏ ဗဟိုချက်တွင် နက်ရှိုင်းစွာ ပိတ်မိနေခဲ့သည်၊၊ ရထားအမိုးပေါ်ရှိ 1130 CIWSစနစ်သည် အရူးအမူးလည်ပတ်နေဆဲဖြစ်ကာ တိုက်ခိုက်လာသော အမဲလိုက်သတ္တဝါများကို သွေးမြူများအဖြစ် ချေမွပစ်နေသော်လည်း ပြောင်းဝများမှာမူ အပူလွန်ကဲနေပြီဖြစ်သည်၊၊

ရထားတွဲဆက်နေရာတွင် စစ်သားများသည် ပုံပျက်နေသော ရထားခန်းတံခါးကို အတင်းတွန်းကန်ထားကြပြီး တံခါးကြားမှ မီးတောက်များပန်းထွက်ကာ သူတို့၏ စွမ်းအားဝတ်စုံများကို လာရောက်လောင်မြိုက်နေသည်၊၊

“တောင့်ခံထားကြ… တိတ်ဆိတ်မြို့တော်ရဲ့ တိုက်ခိုက်ရေးယာဉ်တွေ လာနေပြီ”

မီးကျောက်တုံးလေတပ်မှ ပိုင်းလော့၏ ကြုံးဝါးသံက ဆက်သွယ်ရေးလိုင်းထဲမှ ဖြတ်ကျော်ထွက်ပေါ်လာသည်၊၊

ရုတ်တရက်ဆိုသလို ကောင်းကင်ယံမှ မီးတောက်တစ်ခုဆင်းသက်လာပြီး သိပ်သည်းလှသော မွန်းစတားလှိုင်းလုံးကြီးကို ပြာကျအောင် တိုက်ခိုက်ပစ်လိုက်သည်၊၊

“သူတို့ကို လမ်းကြောင်းထဲ သွင်းလိုက်တော့”

လုရှန်းချန်က လှမ်းအော်သည်၊၊

ကျွီ ကျွီ ကျွီ၊၊

ရူဂျီက သူ၏စွမ်းအားကို ထုတ်ဖော်လိုက်ပြီး စစ်ဘက်သုံးရထားတစ်စီးလုံးကို တိုက်ရိုက်မြှောက်တင်ကာ လမ်းကြောင်းဝကို မွန်းစတားလှိုင်းလုံးကြီးက ဝါးမြိုပြီး မပြိုလဲမီလေးတွင် သံလိုက်ပျံသန်းရေးလမ်းကြောင်းထဲသို့ အရှိန်မြှင့်တွန်းပို့လိုက်သည်၊၊ ထိုအတောအတွင်း လုရှင်းချန်နှင့် ကျန်းယွမ်တို့ကလည်း လမ်းကြောင်းရှင်းလင်းရာတွင် ဝိုင်းဝန်းကူညီကြသည်၊၊

ကျန်းယွမ်၏ လေမုန်တိုင်းက သွေးနီရောင်တိမ်တိုက်များကို ရှင်းလင်းဖွင့်လှစ်ပေးနေစဉ် ဤတိုတောင်းလှသောအချိန်အတွင်း လူပေါင်းမည်မျှ သေဆုံးသွားသည်ကို လင်းရှန် မသိတော့ပေ၊၊ တွဲဆက်ပြုတ်နေသော ရထားတွဲများကို မွန်းစတားလှိုင်းလုံးကြီးက လျင်မြန်စွာ ဝါးမြိုသွားသည်ကို သူ မျက်မှောက်ကြုတ်ကာ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်၊၊

၎င်းမှာ ရထားတွဲတစ်တွဲ သို့မဟုတ် အနည်းငယ်မျှသာမဟုတ်ဘဲ ရထားတွဲပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ ရှိနေခြင်းဖြစ်ကာ ကာကွယ်ရေးတပ်ဖွဲ့၏ ရထားလမ်းများနှင့် မော်တော်ယာဉ်တန်းများစွာလည်းပါဝင်နေခဲ့သည်၊၊

သေဆုံးမှုနှုန်းက အာရုဏ်ဦးမြို့တော်ထက် အဆပေါင်းရာချီပိုမိုမြန်ဆန်နေခဲ့သည်၊၊ အဆုံးမရှိသော မွန်းစတားလှိုင်းလုံးကြီးက ကောက်ပင်များကို တံစဥ်ဖြင့်ရိတ်လှီးသကဲ့သို့ အသက်ပေါင်းများစွာကို ဝါးမြိုဖျက်ဆီးနေသည်၊၊ လင်းရှန်သည် သူ၏မျက်စိရှေ့မှောက်တွင် ဤမျှလောက်များပြားလှသော အသက်ပေါင်းများစွာပျက်စီးဆုံးရှုံးသွားသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ၊၊

အမျိုးသားများ၊ အမျိုးသမီးများ၊ ကလေးငယ်များ၊ စစ်သားများစသည့် မရေတွက်နိုင်သော လူပေါင်းများစွာသည် ညည်းတွားသံပင်မပြုနိုင်ဘဲ ရုပ်အလောင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြရသည်၊၊

နောက်ဆုံးပြတ်တောက်နေသော ရထားတွဲကို ကီကီက ဖုန်မှုန့်များထဲမှ ဆွဲထုတ်လိုက်သောအခါ ၎င်းသည် သွေးရဲရဲတောက်နေသောမြင်ကွင်းတစ်ခုဖြစ်နေလေပြီ၊၊ အလောင်းပုံများအောက်တွင် မြှုပ်နှံနေသော ကလေးနှစ်ဦးသာကျန်ရှိတော့ပြီး မွန်းစတားများ၏ ဆွဲဖြဲမှုကြောင့် ခန္ဓာကိုယ်တစ်ဝက်ပြတ်နေသော အမျိုးသမီးတစ်ဦးသည် ရထားအမိုးတွင် တွဲလောင်းကျနေခဲ့သည်၊၊ သူမ၏ ခါးအောက်ပိုင်း ပျောက်ဆုံးနေပြီး အူမကြီးများသည် သံချေးတက်နေသော သံပြားများပေါ်တွင် တရွတ်တိုက်ကျနေကာ လက်ချောင်းများကမူ ပူခြစ်နေသောသေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် မွန်းစတားများကို ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်သည်၊၊ ကီကီက သူမကို ကယ်တင်ရန်ကြိုးစားလိုက်ချိန်တွင်မူ သူမသည် ဧရာမသန္ဓေပြောင်းသတ္တဝါကြီးတစ်ကောင်၏ တစ်ကိုက်ထဲဝါးမြိုခြင်းကို ချက်ချင်းခံလိုက်ရလေသည်၊၊

ဝုန်း၊၊

စူပါအလင်းယိုင်ဓားက ကန့်လန့်ဖြတ်ခုတ်ပိုင်းလိုက်ရာ ထောင်နှင့်ချီသောမွန်းစတားများ ချက်ချင်းပြိုကွဲပြီး မီးကျွမ်းကာ ကျောက်မီးသွေးတုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်၊၊

ဤအချိန်တွင် လင်းရှန်၏ ဒေါသမုန်တိုင်းက ထိုးတက်လာပြီး နားထဲတွင် တအုန်းအုန်းမြည်သံများက ဆက်သွယ်ရေးစက်၏ အသံကို လုံးဝဖုံးလွှမ်းသွားခဲ့သည်၊၊ ကောင်းကင်နှင့် မြေပြင်ကြားတွင် စူးရှတုန်ခါနေသော နားကွဲမတတ်အသံကြီးသာကျန်ရှိတော့သည့်အလားပင်၊၊

သူသည် ရထားတွဲများကို ချက်ချင်း ဖုန်မှုန့်အဖြစ်ပြောင်းလဲပစ်လိုက်ပြီးနောက် ပြုတ်ကျလာသည့် အလောင်းများကြားမှ ကလေးငယ်နှစ်ဦးကို အလောင်းပုံကြီးထဲမှ ဆွဲထုတ်ကယ်တင်လိုက်သည်၊၊

လင်းရှန်လည်း ကယ်တင်ထားသော ကလေးများကို ပွေ့ပိုက်လျက် မြောက်ဘက်ကမ်းခြေဆီသို့ စတင်ဆုတ်ခွာခဲ့သည်၊၊ ကောင်းကင်ယံအထက်မှ ငုံ့ကြည့်လိုက်ရာ အောက်ခြေရှိ အဆုံးမဲ့မွန်းစတားလှိုင်းလုံးကြီးသည် မီးပွားငယ်လေးများကို ဆက်တိုက်ဆိုသလို ဝါးမြိုဖျက်ဆီးနေသည်ကို တွေ့မြင်နေရသည်၊၊

ခုခံတိုက်ခိုက်မှုစတင်ပြီး တစ်နာရီပင်မပြည့်သေးသောအချိန်တွင် မြောက်ဘက်ကမ်းခြေ၌ ကာကွယ်ရေးတပ်ဖွဲ့ဝင် စစ်သားပေါင်း ၁၀၀၀၀ကျော် သေဆုံးခဲ့ရပြီဖြစ်သည်၊၊ ဆုတ်ပြဲပြီး မီးလောင်ကျွမ်းနေသော မီကာများက မြေပြင်အနှံ့ပျံ့ကျဲနေကာ ကြယ်တာယာစီးနင်းသူမီကာနှစ်စီးမှာလည်း အပိုင်းပိုင်းပြတ်တောက်နေခဲ့သည်၊၊ တင့်ကားများက မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ဟိုက်ဒရောလစ်ဆီများနှင့် သွေးများသည် ရထားလမ်းကြောင်းများအတိုင်း ရောနှောစီးဆင်းနေခဲ့သည်၊၊

ကာကွယ်ရေးတပ်ဖွဲ့ဝင်စစ်သားတစ်ဦး၏ ခန္ဓာကိုယ်တစ်ဝက်သည် စောင်းကျနေသော ကွပ်ကဲယာဉ်၏ အင်တင်နာတိုင်ပေါ်တွင် တွဲလောင်းကျနေပြီး အာရုဏ်ဦးလေညင်းက ပြာမှုန့်များကို လွင့်ပျံစေလျက် တိတ်ဆိတ်နေသော ရုပ်အလောင်းပေါင်းထောင်ချီအပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားခဲ့သည်၊၊

နံနက် ၀၀ နာရီ ၄၂ မိနစ်၊၊

ချောက်ပေါ်မှရထားတံတားပြိုကျသွားပြီးနောက် ပေါင်းစည်းယာဉ်တန်းသည် တောင်ဘက်ကမ်းခြေ၏ သွေးနီရောင်မြူခိုးများထဲသို့ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်၊၊

နောက်ချန်အင်အားအဖြစ် ခုခံပေးခဲ့သော သံမဏိအစောင့်တပ်ရင်း ၁၃ အနက် စစ်ဗျူဟာတပ်ခွဲ နှစ်ခုသာ ဆုတ်ခွာနိုင်ခဲ့ပြီး ဗိုလ်ချုပ်လီရှန်းအပါအဝင် လူပေါင်းသုံးသောင်းကျော်သည် မြောက်ဘက်ကမ်းခြေတွင် မြှုပ်နှံခြင်းခံလိုက်ရသည်၊၊

ကျောက်ဆောင်နီလျှိုမြောင်၏ အမြောက်သံများ လုံးဝငြိမ်သက်သွားခဲ့ပြီး ကယ်ဆယ်ခြင်းမခံရဘဲ ကျန်ရှိနေသေးသော အချို့ယာဉ်တန်းများ၏ ပြတ်တောင်းပြတ်တောင်းသေနတ်သံများသာ မြေပြင်အနှံ့ဆက်လက်ခုခံနေဆဲဖြစ်သည်၊၊ သို့သော် ထိုသေနတ်သံများသည်လည်း တစ်ခဏမျှသာ ပဲ့တင်ထပ်ပြီးနောက် လုံးဝတိတ်ဆိတ်သွားခဲ့တော့သည်၊၊

မြေပြင်သည် မှောင်မိုက်တိတ်ဆိတ်ခြင်းထဲသို့ ကျဆင်းသွားခဲ့ပြီး သံမဏိအကြွင်းအကျန်များကြားမှ တိုက်ခတ်နေသော လေတိုးသံနှင့် ထူထပ်လှသော မြူခိုးများအောက်မှ ကျည်ခွံသန်းပေါင်းများစွာ၏ တရှဲရှဲမြည်သံများသာကျန်ရှိတော့သည်၊၊

ဒေါသကြောင့်လော သို့မဟုတ် အခြားအရာတစ်ခုကြောင့်လော မသိသော်လည်း ကောင်းကင်ပေါ်ရှိ အနီရောင်ကောင်းကင်မျက်လုံးကြီးသည် ကမ္ဘာမြေကို တုန်ခါစေသော အသံလှိုင်းများကို ဆက်တိုက်ထုတ်လွှတ်နေပြီး ဧရာမသတ္တဝါကြီးများသည်လည်း မုန်တိုင်းပြင်းထန်လာသည်နှင့်အမျှ ဖုန်မှုန့်တိမ်တိုက်များထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားကြသည်၊၊

ကလန် ကလန်၊၊

ရော့ကီတောင်တန်းကြီး၏ အောက်ခြေတွင် အမျိုးအစားစုံလင်လှသော အသက်ရှင်ကျန်ရစ်သူများ၏ အထူးရထားတစ်စီးသည် ထူထပ်သော မြူခိုးများကို ဖြတ်သန်း၍ အရှိန်အဟုန်ဖြင့် ပြေးဆွဲနေသည်၊၊ သံဘီးများသည် သံလမ်းများကို ကြိတ်ချေလျက် မီးပွားများလွင့်စင်နေပြီး ကောင်းကင်ရှိ လေသင်္ဘောများနှင့် လွင်ပြင်ပေါ်ရှိ မော်တော်ယာဉ်တန်းများ၏ သိပ်သည်းလှသောမီးမောင်းကြီးများမှာ တောင်ဘက်ဆီသို့ ဦးတည်နေကြသည်၊၊

ဤသည်ကား ရက်စက်ကြမ်းကြုတ်လှသော ထွက်ပြေးတိမ်းရှောင်မှုကြီးပင် ဖြစ်သည်၊၊

လင်းရှန်နှင့် တိတ်ဆိတ်မြို့တော်၏ ဒရုန်းများသည် တစ်ညလုံးကယ်ဆယ်လာသော ရထားယာဉ်တန်းများကို ပြုပြင်မွမ်းမံရန် လုပ်ဆောင်ခဲ့ကြပြီး အနည်းဆုံးလူပေါင်းတစ်သောင်းကျော်သည် တိတ်ဆိတ်မြို့တော်နှင့် ကောင်းကင်အမိုးခုံးရထားပေါ်တွင် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ကြရသည်၊၊

“သယ်ယူပို့ဆောင်ရေးနဲ့ လက်နက်အထူးရထားတွေအပါအဝင် စုစုပေါင်း ရထားတွဲ ၅၁၉၆ တွဲ ရှိပါတယ်”

ပင်လယ်ဖိနှိမ်သင်္ဘော၏ ပင်မကွပ်ကဲခန်းထဲတွင် လော့ရှောင်ခိုင်၊ ကျန်းဝေကောင်းနှင့် အခြားသောဗိုလ်ချုပ်များက အစည်းအဝေးပြုလုပ်နေကြသည်၊၊

“ဒါဆို ဒီညတင် ရထားတွဲ ၁၃၀၀ ကျော် ဆုံးရှုံးသွားတာပေါ့၊၊ မော်တော်ယာဉ်တန်းနဲ့ စစ်တပ်ဆုံးရှုံးမှုတွေနဲ့ ပေါင်းရင်တော့ အကြမ်းဖျင်းခန့်မှန်းချက်အရ သေဆုံးသူ နှစ်သောင်းကနေ သုံးသောင်းကြား ရှိနိုင်ပါတယ်၊၊ ယာဉ်တန်းတစ်ခုချင်းစီရဲ့ အသေးစိတ်စာရင်းကိုတော့ စောင့်ကြည့်ရဦးမှာပါ”

“လောလောဆယ်တော့ ပြောင်းရွှေ့မှုကို မြန်ဆန်စေဖို့ မော်တော်ယာဉ်တန်းတွေကို ရထားပေါ်ပြောင်းတင်နေပါတယ်”

“ငါတို့ မော်တော်ယာဉ်တန်းတွေကို စွန့်လွှတ်လိုက်ကြတာလား”

“မဟုတ်ပါဘူး၊၊ စစ်သေနာပတိလင်းက အရင်းမြစ်တွေကို ပြန်လည်ဖွဲ့စည်းနေတာပါ၊၊ မော်တော်ယာဉ်တွေကို တိတ်ဆိတ်မြို့တော်ဆီပို့ပြီး ကျန်တဲ့လူတွေကို ရထားယာဉ်တန်းတွေထဲပေါင်းထည့်နေတာပါ၊၊ ဒီလိုဆိုရင် ရထားလမ်းနဲ့ လေကြောင်းကတစ်ဆင့်ပြောင်းရွှေ့ရတာ ပိုမြန်လိမ့်မယ်”

“ကျုပ်ရဲ့ အစီအစဉ်ကတော့ နေ့ရောညပါမနားတမ်းမောင်းနှင်ပြီး သုံးရက်ကနေ လေးရက်အတွင်း တောင်အမေရိကတိုက်ကို ဖြတ်ကျော်ဖို့ပဲ”

လင်းရှန်က ထိုအချိန်တွင် ပြောလိုက်သည်၊၊

“ဝင်ရိုးစွန်းက ကျုပ်တို့ရဲ့ ဆုတ်ခွာရေးလမ်းကြောင်းကို ပြုပြင်ဖို့ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွေကို စေလွှတ်ထားတယ်၊၊ ဘယ်နားရောက်နေလဲ အတိကျမသိရသေးပေမဲ့ အခုလိုအခြေအနေမျိုးမှာ ကျုပ်တို့က တစ်မိနစ်လေးတောင် ရပ်နေလို့မဖြစ်ဘူး”

“ငါလည်း အဲဒီလိုပဲ တွေးတယ်”

လော့ရှောင်ခိုင်က လေးနက်စွာ ခေါင်းညိတ်သည်၊၊

“လမ်းကြောင်းအတွက် စိတ်ပူစရာမလိုရင် ဒီပြောင်းရွှေ့မှုက အတော်လေးစိတ်ချရပါတယ်”

“တိတ်ဆိတ်မြို့တော်ရောက်လာတာ တော်သေးတာပေါ့၊၊ မဟုတ်ရင် အဲဒီမော်တော်ယာဉ်တန်းတွေ နောက်ထပ်သွေးနီရောင်မြေရိုင်းလွင်ပြင်ကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာ ငါ မတွေးရဲဘူး”

ကျန်းဝေကောင်းက ပြောသည်၊၊

“အကယ်၍ အဲဒီမွန်းစတားတွေအားလုံး ဒီတိုက်ကြီးပေါ်မှာ စုဝေးနေကြတယ်ဆိုရင် သွေးနီရောင်မြူခိုးတွေက ပိုပြီးတော့တောင် ထူထပ်လာလိမ့်မယ်လို့ ဆိုလိုတာလား”

“သေချာတာပေါ့”

လင်းရှန်က အရှိန်အဟုန်ဖြင့် မောင်းနှင်နေသော ရထားပေါ်မှ ပျံသန်းရင်း နောက်ဆုံးတိုက်ကြီးဖြတ်စစ်ဘက်သုံးရထား၏ တွဲဆက်များနှင့် ပျက်စီးနေသော သံချပ်ကာများကို ပြုပြင်မှုကို လက်စသပ်လိုက်သည်၊၊ သူ အလွန်ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်၊၊

သို့သော်လည်း သူက အနန္တရထား၏ ရှေ့တွဲဆီသို့ ပြန်မသွားဘဲ တိတ်ဆိတ်မြို့တော်ဆီသို့ တိုက်ရိုက်ပျံသန်းသွားခဲ့သည်၊၊

“လူသားတွေ ဒီလောက် အစုလိုက်အပြုံလိုက်မျိုးတုန်းပျက်စီးသွားတာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီးနောက် မင်းဘယ်လိုခံစားရလဲ”

ရှင်းဂျီက လင်းရှန်ကိုမြင်မြင်ချင်း ပထမဆုံးမေးခွန်းအဖြစ် ထူးဆန်းစွာ မေးမြန်းလိုက်သည်၊၊

“ခဗျားရဲ့မေးခွန်းကိုမဖြေခင် ကျုပ်အရင်ဆုံးတစ်ခုလောက်သိချင်တယ်”

ပင်မကွပ်ကဲခန်းထဲတွင် ရှင်းဂျီက လင်းရှန်ကို ကြည့်လိုက်သည်၊၊

“ဒီအသက်ရှင်ကျန်ရစ်သူများ အထူးရထားကြီးနဲ့ ယူရှူးယာကို ရောက်ဖို့အတွက် ဖောင်ဒေးရှင်းက မင်းကို တောင်-မြောက်ရထားလမ်းကနေ အလွယ်တကူဖြတ်သန်းခွင့်ပေးမှာမဟုတ်ဘူးလို့ မင်း စိုးရိမ်နေတာလား”

“ဟုတ်တယ်၊၊ ဒါကြောင့် ကျုပ်က ပြင်ဆင်နေတာ”

“ဘာတွေပြင်ဆင်နေတာလဲ”

“ဒါကိုပေါ့”

လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုထဲမှ အရာတစ်ခုကို ထုတ်ယူရန် လက်မြှောက်လိုက်ရာ ရှင်းဂျီ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးမှုများ ထွက်ပေါ်လာခဲ့သည်၊၊

လင်းရှန်၏ လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဂီယာတစ်ခုသည် ဖြည်းညှင်းစွာ လည်ပတ်နေခဲ့သည်၊၊

“ဒီလအနည်းပြီးခဲ့တဲ့လတွေအတွင်းမှာ ကျုပ်ရဲ့ ရထားက စွမ်းအင်တော်တော်များများကို စုပ်ယူထားပုံရတယ်”

လင်းရှန်၏ ရှေ့မှောက်တွင် ထူးဆန်းသောကုဗတုံးကြောင့် ပြောင်းလဲသွားသည့် ယန္တရားရင်းမြစ်အမှတ်များ အရူးအမူးလှုပ်ရှားနေပြီး မျက်စိပင် ပြာဝေသွားစေနိုင်သော စနစ်မျက်နှာပြင်တစ်ခုရှိနေခဲ့‌သည်၊၊

All Chapters