← Chapters

အပြာရောင်ဂြိုလ်မှ လွတ်မြောက်ရန် (၁)

Vol. 77 Ch. 1190

အပြာရောင်ဂြိုလ်မှ လွတ်မြောက်ရန် (၁)

Vol. 77 Ch. 1190

ဂျုံး ဂျုံး ဂျက် ဂျက်...

ပေါင်းစည်းယာဥ်တန်းသည် မြောက်အမေရိကတိုက်ကို ဖြတ်ကျော်ကာ မက္ကဆီကိုနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ လီယွန်မြို့တွင် ကြုံတွေ့ခဲ့ရသည့် ယခင်အန္တရာယ်များကို ထည့်သွင်းစဉ်းစားပြီးနောက် လင်းရှန်နှင့် ကွပ်ကဲဌာနချုပ်တို့သည် တိုင်ပင်ဆွေးနွေးပြီးနောက် မြို့ပြအစုအဝေးများကို မဖြတ်သန်းမီ ရထားကို ယာယီရပ်တန့်ထားရန်နှင့် လေတပ်ကို ကင်းလှည့်၍ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြသည်။

အရှိန်ကို တဖြည်းဖြည်းချင်းလျှော့ချလိုက်ပြီးနောက် မီးခိုးရောင်နှင်းများပြည့်နှက်နေသည့် ထူထပ်သော မြူများကြားတွင် ကီလိုမီတာတစ်ရာကျော် ရှည်လျားသော ရထားအုပ်စုကြီးသည် တဖြည်းဖြည်းချင်းရပ်တန့်သွားခဲ့သည်။

ရထားပေါ်ပါလာသည့် ခရီးသည်များသည် ရထားပြတင်းပေါက်များမှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်ကြသော်လည်း သူတို့၏အမြင်အာရုံကို ထူထပ်လှသော မြူများက လုံးဝပိတ်ဆို့ထားသဖြင့် ကောင်းကင်နှင့် မြေကြီးကို ခိုင်မာသော တံတိုင်းကြီးတစ်ခုက ကာဆီးထားသည့်နှယ်ဖြစ်နေသည်။

စိုးရိမ်ပူပန်မှုများရှိနေဆဲဖြစ်သော်လည်း လင်းရှန်နှင့် တိတ်ဆိတ်မြို့တော်ပေါ်ထွက်လာပြီးနောက် ရထားလမ်းပြဿနာများမှာ အခြေခံအားဖြင့် ပြေလည်သွားခဲ့သဖြင့် အသက်ရှင်ကျန်ရစ်သူများမှာ အတော်လေးယုံကြည်မှုရှိနေကြပြီ ဖြစ်သည်။

ပြင်းထန်သော တိုက်ပွဲများအပြီးတွင် အဖွဲ့အသီးသီး၏ ရထားတွဲများအတွင်း၌ ဝမ်းနည်းပူဆွေးမှုများနှင့် ရှုပ်ထွေးမှုများဖုံးလွှမ်းနေဆဲဖြစ်ကာ လူများသည် တိတ်ဆိတ်စွာပင် အရာအားလုံးကို ပြုပြင်နေကြပြီး ဒဏ်ရာရရှိသူများကို ကူညီခြင်း၊ ရင်းမြစ်များ အပြန်အလှန်ဖလှယ်ခြင်းနှင့် ရိက္ခာနှင့် ရေများကို ဖြည့်တင်းခြင်းများပြုလုပ်နေကြသည်။

စစ်သားများစွာမှာလည်း နောက်ဆုံးတွင် အနားယူရန်နှင့် အိပ်စက်ရန် အခွင့်အရေးရရှိသွားကြပြီ ဖြစ်သည်။

ဤသို့အတူတကွချိတ်ဆက်ထားသည့် ရထားတွဲပေါင်းထောင်သောင်းချီမှာ အလတ်စားမြို့ပြလူ့အဖွဲ့အစည်းတစ်ခုနှင့်ပင် ဆင်တူနေသည်။ တစ်ခုတည်းသော ပြဿနာမှာ အကွာအဝေးများကြောင့် သွားလာရအဆင်မပြေခြင်းဖြစ်ပြီး ကီလိုမီတာပေါင်းများစွာ ရှည်လျားလှသည့် ရထားအဖွဲ့ကြီးနှစ်ခု၊ သုံးခု၏ စင်္ကြံလမ်းများကို ဖြတ်သန်းရန်အတွက် အချိန်အတော်ကြာလမ်းလျှောက်ရလေ့ရှိသည်။

ထို့အပြင် ရှေ့တွဲနှင့် နောက်တွဲများ ချိတ်ဆက်မထားခြင်းကလည်း ပြဿနာတစ်ခုဖြစ်နေသည်။

ထို့ကြောင့် အချို့သော ရင်းမြစ်လဲလှယ်မှုများကို စွမ်းအားဝတ်စုံဖြင့် ပျံသန်းနိုင်သည့် အဖွဲ့သားများ သို့မဟုတ် ဒရုန်းများမှတစ်ဆင့် ဆောင်ရွက်ခဲ့ကြသည်။ ယူတိုးပီးယာအဖွဲ့မှ ရှောသည် အနန္တရထားဆီသို့ ချဉ်းကပ်လာပြီး ဗိုင်အိုလာ၏ ဉာဏ်ရည်တုစနစ်ကို ယာယီဒေသတွင်းကွန်ရက်နှင့် ချိတ်ဆက်ရန် အကြံပြုခဲ့သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဒရုန်းအားလုံးကို ပေါင်းစည်းနိုင်ကာ အဖွဲ့သားများနှင့် ခရီးသည်များ၏ ရင်းမြစ်သယ်ယူပို့ဆောင်ရေးနှင့် ယန္တရားပြုပြင်ရေးပြဿနာများကို ကူညီဖြေရှင်းပေးနိုင်မည် ဖြစ်သည်။

လင်းရှန်လည်း ဤအရာကဖြစ်နိုင်ချေရှိသည်ဟု ယူဆသဖြင့် သဘောတူလိုက်သည်။ လင်းရှန်အနေဖြင့် ယန္တရားများကို ဝါးမျိုရန်လိုအပ်ကြောင်းသိရှိပြီးနောက် အချို့သော အဖွဲ့ခေါင်းဆောင်များက သူတို့အဖွဲ့၏ စွမ်းအင်သုံးရထားတွဲများကို သူ့ထံကမ်းလှမ်းခဲ့ကြသည်။

ဤအရာသည် လင်းရှန်ကို ကူညီရာရောက်ရုံသာမက ရထားတွဲများအကြားချိတ်ဆက်မှုကိုလည်း ပိုမိုလွယ်ကူစေသဖြင့် အပြန်အလှန်အကူညီရမှုကို ပိုမိုအဆင်ပြေစေသည်။

လင်းရှန်ကို ကူညီခြင်းသည် မိမိကိုယ်ကိုယ်ကူညီခြင်းဖြစ်ကြောင်း သူတို့သိထားကြသည်။ အဘယ်ကြောင့်ဆိုသော် လင်းရှန်သည် ပေါင်းစည်းယာဥ်တန်း၏ အထွေထွေကွပ်ကဲရေးမှူးဖြစ်ပြီး မည်သူမျှ သူ့ကို ဆန့်ကျင်မည်မဟုတ်ပေ။ ထို့အပြင် ဤရထား၏ နောက်ထပ်ဦးတည်ရာမှာ ဝင်ရိုးစွန်းဒေသဖြစ်ပြီး ယင်း၏ တာဝန်ပြီးဆုံးမည့် နောက်ဆုံးမှတ်တိုင်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ အလုံးစုံဆွဲငင်မောင်းနှင်မှုစွမ်းအားကို မထိခိုက်သရွေ့ လူတိုင်းက သူတို့၏ စွမ်းအင်သုံးရထားခေါင်းများကို ပံ့ပိုးပေးရန် ဆန္ဒရှိကြလေသည်။

ဤအရာသည် အဆင့် ၈ သို့ မနည်းတက်လှမ်းရန် စိုးရိမ်နေရသည့် လင်းရှန်အတွက် သတင်းကောင်းတစ်ခုဖြစ်သဖြင့် သူက ငြင်းပယ်ခြင်းမပြုခဲ့ပေ။ ရထားရပ်တန့်ထားစဉ်အတွင်း သူသည် ဗိုင်အိုလာကို ဒရုန်းများစေလွှတ်စေပြီး ရှေ့ဘက်ချိတ်ဆက်မှုများကို ဖြုတ်ချစေကာ အဖွဲ့များအကြား ရထားတွဲများချိတ်ဆက်မှုကို ကူညီဆောင်ရွက်ပေးခဲ့သည်။

သူသည် ရထားအဖွဲ့တစ်ခုလုံးကို စွမ်းအင်ဆုံမှတ် ၆၀အဖြစ်ပိုင်းခြားလိုက်ပြီး စွမ်းအင်နှင့် အဓိကစွမ်းအင်များကို ထိုဆုံမှတ်များတွင် စုစည်းထားကာ အဖွဲ့အသီးသီးမှ အစွမ်းထက်ဆုံးလက်နက်တပ်ဆင်ထားသည့် ရထားတွဲများကို ထိုအနီးတစ်ဝိုက်တွင် ဖြန့်ကျက်ချထားပြီး ကျန်ရှိသောရထားတွဲများကို အပြန်အလှန်ချိတ်ဆက်ပေးခဲ့သည်။

ဤအရာသည် အားထုတ်မှုသိပ်မလိုသော်လည်း ကောင်းမွန်စွာ ဖွဲ့စည်းထားသည့် ရထားစွမ်းအင်စနစ်ကို ရရှိစေကာ ချောမွေ့မှုကို သေချာစေသည်။

ရလဒ်အနေဖြင့် ယူတိုးပီးယာကဲ့သို့သော အလွန်ကြီးမားသည့် ရထားအဖွဲ့ကြီးများမှလွဲ၍ အခြားအလတ်စားနှင့် အသေးစားအဖွဲ့များသည် အခြေခံအားဖြင့် ချိတ်ဆက်ထားသော ရထားတွဲ ၁၀၀ စီရှိသည့် နယ်မြေများအဖြစ် ပေါင်းစည်းသွားခဲ့ပြီး ၎င်းတို့ကို [ရထားလမ်းမြို့တော်များ] ဟု အမည်ပေးခဲ့သည်။

အဖွဲ့တစ်ခုချင်းစီတွင် သူတို့၏ လှုပ်ရှားမှုနယ်မြေရှိနေသေးသော်လည်း ယခုအခါ ၎င်းတို့အကြား အပြန်အလှန်ကူညီနိုင်ရန်အတွက် ကြီးမားသောစင်္ကြံလမ်းမကြီးများရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် တစ်ချိန်က တိတ်ဆိတ်နေခဲ့သော ရထားတွဲများသည် ပိုမိုသက်ဝင်လှုပ်ရှားလာခဲ့သည်။

ရိက္ခာ၊ လက်နက်၊ ဆေးဝါးနှင့် အခြားရင်းမြစ်များက ချောမွေ့စွာ စတင်လည်ပတ်လာခဲ့ပြီး အချို့သောရထားအဖွဲ့များ ရင်ဆိုင်နေရသည့် စစ်ပြီးခေတ် အခက်ခဲများကို များစွာသက်သာစေခဲ့သည်။

လက်ရှိအရှိန်ဖြင့်ဆိုလျှင် တောင်အမေရိကတိုက်ကို ဖြတ်သန်းရန် ရက်အနည်းငယ်သာကြာမြင့်နိုင်သော်လည်း လော့ရှောင်ခိုင်နှင့် အခြားသူများက ရင်းမြစ်ခွဲဝေမှုနှင့် လက်နက်အင်အားဖြန့်ကျက်မှုကို ပြင်ဆင်ထားရန် အလွန်လိုအပ်သည်ဟု ယူဆနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရေအိုင်ကြီးများ သို့မဟုတ် အမေဇုန်တောရိုင်းကြီးကို ဖြတ်ကျော်စဉ်တွင် နောက်ထပ်သွေးနီရောင်ဒီရေလှိုင်းတစ်ခုနှင့် မကြုံတွေ့ရဟု မည်သူမျှ မပြောနိုင်သောကြောင့် ဖြစ်သည်။

“ငါတို့အနေနဲ့ လောလောဆယ် အဲဒီမျှော်စင်ငါးခုရဲ့ အခြေအနေကိုရော… အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက အိန်ဂျယ်တွေရောက်ရှိလာတာကရော… ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကိုပါ အဆုံးအဖြတ်မပေးနိုင်သေးဘူး၊၊ ဒါကြောင့် ဝင်ရိုးစွန်းဒေသကို မရောက်ခင်အထိ ငါတို့ ပေါ့ဆလို့မရဘူး”

တိတ်ဆိတ်မြို့တော်၏ ပေါင်းစည်းညီလာခံဗဟိုဌာနတွင် စစ်နယ်မြေအသီးသီးမှ ခေါင်းဆောင်များ၊ လော့ရှောင်ခိုင်၊ ကျန်းဝေကောင်း၊ ဝူရှန်းကွမ်နှင့် အသက်ရှင်ကျန်ရစ်သူများဘက်မှ ယူတိုးပီးယာက ရှော၊ မားကပ်စ်၊ ဂျင်းနီ၊ ဘုံမဟာမိတ်အဖွဲ့မှ လဲ့ကျန်းနှင့် အနန္တမဟာမိတ်အဖွဲ့မှ လင်းရှန်၊ ကျန်းရှု့ဝေ၊ ကျန်းယွမ်၊ ဟယ်လင်ချူး၊ ရှီတိယွမ်နှင့် အခြားသူများသည် ဟိုလိုဂရမ်အလင်းမျက်နှာပြင်မှတစ်ဆင့် အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။

ရှင်းဂျီက လက်များကို အင်္ကျီအိတ်အတွင်းထည့်လျက် အလယ်တွင်ရပ်နေပြီး အစည်းအဝေးကို ဦးဆောင်နေကာ ချီစုရွှန်းကဲ့သို့သော တိတ်ဆိတ်မြို့တော်မှ အဓိကအဖွဲ့ဝင်များသည် အလင်းမျက်နှာပြင်၏ အပြင်တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။

“သွေးနီရောင်မြူရဲ့ အနှစ်သာရက ဒိုင်မေးရှင်းအဆင့်အမှုန်အမွှားတစ်မျိုးပဲ၊၊ ငါတို့ရဲ့ သုံးဖက်မြင်ဒိုင်မေးရှင်းအမြင်ကနေ ကြည့်ရင်တော့ ဒါက မြူလို့ထင်ရပေမဲ့ တကယ်တော့ အဲဒီလိုမဟုတ်ဘူး”

ရှင်းဓျီက ယခုအချိန်တွင် တည်ငြိမ်စွာ ပြောလိုက်သည်။

“အခု ငါတိုစိုးရိမ်ရမှာက အိန်ဂျယ်မဟုတ်ဘူး၊၊ လင်းပြောခဲ့တဲ့ ဒိုင်မေးရှင်းအဆင့်ပြုပြင်မွမ်းမံခြင်း ဆိုတာပဲ”

“ပြုပြင်မွမ်းမံပြီးရင် ဘာဖြစ်မလဲ”

လော့ရှောင်ခိုင်က ချက်ချင်းမေးလိုက်သည်။

ရှင်းဂျီက ခေါင်းမော့ကာ အနည်းငယ်ပြုံးလိုက်သည်။

“ရိုးရှင်းပါတယ်… သေခြင်းတရားပေါ့”

သူက ပြောသည်။

“သုံးဖက်မြင်ဒိုင်မေးရှင်းသက်ရှိတွေက မြင့်မားတဲ့ ဒိုင်မေးရှင်းအာကာသထဲကို ရုတ်တရက်ဝင်ရောက်သွားတဲ့အခါ သူတို့ရဲ့ ခန္ဓာဗေဒတည်ဆောက်ပုံတွေက ချက်ချင်းပြိုလဲပျက်စီးသွားလိမ့်မယ်၊၊ အရိုးရှင်းဆုံးပြောရရင် သုံးဖက်မြင်ဒိုင်မေးရှင်းသက်ရှိတွေရဲ့ ကိုယ်တွင်းကလီစာတွေကို အလျား၊ အနံနဲ့ အမြင့်ကပဲ ထောက်ပံ့ပေးထားတာပဲ… လေးဖက်မြင်ဒိုင်မေးရှင်း ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ အာကာသထဲကို ဝင်သွားတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်တွေမှာ စတုတ္ထမြောက် ဒိုင်မေးရှင်း ရုပ်ရပ်ပိုင်းဆိုင်ရာထောက်ကူမှု မရှိတော့ဘူး၊၊ ပြီးတော့ ကိုယ်တွင်းကလီစာတွေက တိုက်ရိုက်ပေါ်ထွက်လာပြီး အဟန့်အတားအနည်းဆုံးလမ်းကြောင်းအတိုင်းပြုတ်ကျသွားလိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းမျက်နှာပျက်သွားကြသည်။

“ဒါက ကြောက်စရာအကောင်းဆုံးအပိုင်းတောင်မဟုတ်သေးဘူး” ရှင်းဂျီက ဆက်ပြောသည်။

“ကြောက်စရာအကောင်းဆုံးက ရုပ်ပိုင်းဆိုင်ရာနိယာမတွေရဲ့ ပြောင်းလဲမှုပဲ လျှပ်စစ်သံလိုက်ဓာတ်နဲ့ ဆွဲငင်အားလိုမျိုး အခြေခံစွမ်းအားတွေ ပျက်ပြယ်သွားပြီး မြင့်မားတဲ့ ဒိုင်မေးရှင်းအာကာသတွေမှာ သူတို့က ပြောင်းပြန်ကုဗတုံးနိယာမအတိုင်း လိုက်နာကြတယ်၊၊ အဲဒါက မော်လီကျူးနှောင်ကြိုးတွေကို ပြတ်တောက်စေပြီး DNA ကုဒ်တွေကို ပျက်ပြားစေတယ်၊၊ ပရိုတင်းတည်ဆောက်ပုံတွေ ပြိုလဲပြီး လူသားတွေရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ချက်ချင်းရပ်တန့်သွားစေလိမ့်မယ်”

“သန္ဓေပြောင်းသတ္တဝါတွေကျတော့ရော အတူတူပဲဖြစ်မနေဘူးလား”

လဲ့ကျန်းက မျက်လုံးပြူးသွားကာ မေးလိုက်သည်၊၊

“အဲဒီကောင်ကြီးတွေက ကာဗွန်အခြေပြုသက်ရှိတွေ မဟုတ်ဘူးလား”

ရှင်းဂျီက ခေါင်းခါပြကာ “မတူဘူး… အဲဒီအဆင့်နိမ့်သန္ဓေပြောင်းသတ္တဝါတွေက မျှော်စင်မြင့်ယဉ်ကျေးမှုရဲ့ ဒရုန်းတွေသက်သက်ပဲဖြစ်ပြီး စစ်မှန်တဲ့ သက်ရှိရုပ်အဖွဲ့အစည်းတွေ မဟုတ်ကြဘူး... ဒါ့အပြင် ကမ္ဘာ့အဆင့်သတ္တဝါတွေရဲ့ စွမ်းအင်သိပ်သည်းဆဖြစ်တဲ့ အမှောင်စွမ်းအင်က သွေးနီရောင်မြူနဲ့ အဆုံးမဲ့ထိစပ်နေတယ်... ဒါကြောင့် ငါ့အနေနဲ့ သုံးသပ်ရရင် သူတို့တွေ ပေါင်းစည်းမှုအောင်မြင်သွားတာနဲ့ အခုဒိုင်မေးရှင်းထဲမှာရှိနေတော့မှာ မဟုတ်ဘူး... ငါတို့ရဲ့ အမြင်ကနေကြည့်ရင် သူတို့ကို မြင်တောင်မြင်ရတော့မှာ မဟုတ်ဘူး”

“မမြင်ရဘူး ဟုတ်လား... ဘာကိုဆိုလိုတာလဲ” ရှီတိယွမ်က မေးမြန်းလိုက်သည်။

“ဒီရှင်းပြချက်က နည်းနည်းရှုပ်ထွေးနိုင်တယ်”

ရှင်းဂျီက ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း ပြောသည်၊၊

“အတိုချုံးပြောရရင်တော့ သွေးနီရောင်မြူတွေ အထက်ကို လုံးဝမတက်ခင်မှာ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုရဲ့ ကောင်းကင်အကာကွယ်ကနေ ငါတို့မလွတ်မြောက်နိုင်ရင် တစစီပျက်စီးသွားလိမ့်မယ်”

ရှင်းဂျီ၏ စကားအဆုံးတွင် လူတိုင်းတိတ်ဆိတ်သွားကြသည်။

ဗိုလ်ချုပ်ကျန်းဝေကောင်းက သက်ပြင်းအရှည်ကြီး ချလိုက်ကာ “လခွမ်း... ငါတို့ကတော့ ဝင်ရိုးစွန်းဒေသမှာ ခြေကုပ်ယူပြီးခုခံတာ ဒါမှမဟုတ် ပြန်လည်တိုက်စစ်ဆင်တာတွေ လုပ်နိုင်မယ်လို့ အစကထင်ထားတာ... ဒါပေမဲ့ ဒီပုံစံအတိုင်းဆိုရင် ကောင်းကင်အကာကွယ်က ဗုံးခွံတစ်ခုထက် ဘာမှမပိုတော့တဲ့ သဘောပဲပေါ့”

“ခုခံဖို့ကတော့ လိုအပ်တာပေါ့”

ယူတိုးပီးယာမှ ရှောက ထိုအချိန်တွင် ပြောလိုက်သည်၊၊

“ဒါပေမဲ့ ငါတို့တစ်ဖွဲ့တည်းနဲ့တော့ ဒီလိုစွမ်းအားမျိုးမရှိဘူး... ဖီးနစ်အဖွဲ့ရဲ့ အလုံးစုံမဟာဗျူဟာက ကောင်းကင်အကာကွယ်ကို ဖောက်ထွက်ဖို့အပေါ်မှာပဲ အဓိကအာရုံစိုက်ထားသင့်တယ် မဟုတ်ဘူးလား”

All Chapters