အပြာရောင်ဂြိုလ်မှ လွတ်မြောက်ရန် (၂)
Vol. 77 Ch. 1191
လော့ရှောင်ခိုင်က ခေါင်းညိတ်ပြသည်၊၊
“အခု ခွန်းလွန်ဝင်ရိုးစွန်းဒေသမှာ သယ်ယူပို့ဆောင်ရေးလေတပ်ကို အပြည့်အဝတည်ဆောက်နေတာကလည်း ဒီရည်ရွယ်ချက်အတွက်ပဲ... ဒါပေမဲ့...”
သူက လူတိုင်းကို ဝေ့ကြည့်လိုက်ကာ “ဒီအကြောင်းကို လောလောဆယ် လူအများကြီးမသိတာက ပိုကောင်းလိမ့်မယ်”
အသက်ရှင်ကျန်ရစ်သူများ… ရေတွက်၍မရသော လူများက ဝင်ရိုးစွန်းဒေသကို လူသားမျိုးနွယ်၏ လုံခြုံသောနယ်မြေဟုထင်မှတ်နေကြပြီး ထိုနေရာသို့ရောက်ရှိသွားသည်နှင့် အရာအားလုံးစိတ်ချရပြီဟု ယုံကြည်နေကြသည်။ အဆိုးမြင်တတ်သူများပင်လျှင် ရေတိုငြိမ်းချမ်းမှုကို ရရှိနိုင်လိမ့်မည်ဟု တွေးထားကြသည်။
သို့သော် အပြာရောင်ဂြိုလ်တစ်ခုလုံး အချိန်မရွေးပျောက်ကွယ်သွားနိုင်ကြောင်း လူအများသိရှိသွားပါက ထိုကဲ့သို့သော အဆိုးမြင်အငွေ့အသက်များကြောင့် လူအမြောက်အမြားက ချက်ချင်းပင်မျှော်လင့်ချက်မဲ့သွားနိုင်ပေသည်။
“ဌာနချုပ်က ငါတို့ဘက်အခြေအနေကို သိရဲ့လား”
လော့ရှောင်ခိုင်က မေးလိုက်သည်။
လူတိုင်းက လင်းရှန်ကို လှမ်းကြည့်လိုက်ကြသည်။
လင်းရှန်က ခေါင်းညိတ်ပြကာ “ကျုပ်က ဝင်ရိုးစွန်းဒေသနဲ့ ဆက်သွယ်ပြီးပါပြီ... အခု ယူရှူးယာမှာ သွေးနီရောင်မြူတွေ ပျံ့နှံ့လာတာကို သတိပြုမိထားပေမဲ့ သူတို့က အခြေအနေကိုထိန်းထားပြီး ကျုပ်တို့ရောက်လာတာကို စောင့်ဦးမှာပါ... ပြီးမှ မုန်တိုင်းရေလက်ကြားကိုဖြတ်ပြီး အတူဆုတ်ခွာကြမယ်”
“လင်း”
ရှင်းဂျီကက သူ့ကို ကြည့်လိုက်သည်၊၊
“မင်းဆီမှာ ကောင်းကင်အကာကွယ်ကနေ လွတ်မြောက်ဖို့အတွက် စိတ်ကူးတစ်ခုခုရှိလား”
လင်းရှန်လည်း ရှင်းဂျီကိုကြည့်လိုက်ပြီး တစ်ဖက်လူတွင် တစ်ခုခုထည့်ပြောလိုသည့် သဘောရှိနေသည်ဟု ခံစားလိုက်ရသော်လည်း လင်းရှန်က ခေါင်းခါပြလိုက်သည်၊၊
“လောလောဆယ် ခွန်းလွန်မှာ S-Class တစ်ကောင်ကို ဖမ်းဆီးရမိထားပြီး စမ်းသပ်မှုတွေ လုပ်နေတယ်... သူတို့က ဒီလွတ်မြောက်ရေးမဟာဗျူဟာကြီးက ကျရှုံးသွားမှာကို စိုးရိမ်နေကြလို့ အစီအစဉ်ကိုအရှိန်မြှင့်နေကြတယ်... ကျုပ်ဘက်ကတော့... ဟူး... လောလောဆယ်ဘာမှမရှိသေးဘူး”
“မင်းဆီမှာ ရှိလာလိမ့်မယ်လို့ ငါယုံကြည်တယ်”
ရှင်းဂျီက အဓိပ္ပာယ်အပြည့်နှင့်ပြုံးလိုက်သည်။
“ဉာဏ်ရည်တုဦးနှောက်က ခဗျားလား... ကျုပ်လား”
လင်းရှန် သက်ပြင်းချရင်း ရယ်မောလိုက်သည်၊၊
“ကျုပ်ကို ဒီလိုဖိအားတွေ လာမပေးပါနဲ့... လူသားမျိုးနွယ်တစ်ခုလုံးရှင်သန်ဖို့ဆိုတာ လူတိုင်းရဲ့ ဝိုင်းဝန်းစဉ်းစားမှုလိုအပ်တာပဲ... ကျုပ်ဦးနှောက်စွမ်းရည်လည်း အကုန်သုံးထားပြီးပြီ”
“နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်”
ကျန်းယွမ်က ရုတ်တရက် ဝင်ပြောလိုက်သည်၊၊ “ဖောင်ဒေးရှင်းပဲ”
“ငါတို့ ဆုတ်ခွာတာက သူတို့ရဲ့ အစီအစဉ်တွေကို ပျက်ပြားစေနိုင်တယ်... ဒါပေမဲ့ ငါတို့ ဝင်ရိုးစွန်းဒေသကို အောင်အောင်မြင်မြင်ရောက်သွားမှာကို သူတို့ လုံးဝမလိုလားတာတော့ သေချာတယ်... လာမယ့်ရက်တွေမှာ ငါတို့ ပြဿနာတွေနဲ့ ကြုံရနိုင်တယ်”
“မှန်တယ်” လော့ရှောင်ခိုင်က ခေါင်းညိတ်သည်၊၊
“ငါတို့ သတိထားရမယ်”
“တကယ်လို့ ကမ္ဘာကြီးက အထက်ကို တက်လှမ်းပြီး ပျောက်ကွယ်သွားမယ်ဆိုရင် ဖောင်ဒေးရှင်းက ဘာအကျိုးအမြတ်ရမှာမလို့လဲ” ရှီတိယွမ်က ရှုပ်ထွေးသေအမူယာဖြင့်ရှိနေသည်၊၊
“ဒီအချိန်ရောက်ရင် ငါတို့အားလုံးသွားပြီလေ... သူတို့က အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုအတွက် သတင်းစကားတွေလိုက်ပါးပေးနေတာ ဘာအဓိပ္ပာယ်ရှိလို့လဲ”
လင်းရှန်က ခေါင်းခါလိုက်သည်၊၊
“ကျုပ်လည်း မသိဘူး... သူတို့ကတော့ လူသားယဉ်ကျေးမှုကို အခြားနည်းလမ်းတစ်ခုနဲ့ ကယ်တင်နေတယ်လို့ ယုံကြည်နေကြတာလေ... ဖြစ်နိုင်တာကတော့ နောက်ဆုံးပန်းတိုင်က မှိုမျှင်ကွန်ရက်အသိစိတ်ထဲမှာ ပေါင်းစည်းသွားတာ ဒါမှမဟုတ် ယဉ်ကျေးမှုရဲ့ အချက်အလက်တွေကို သယ်ဆောင်ထားတဲ့ အိန်ဂျယ်ပေါ်က အသားကျိတ်တစ်ခုဖြစ်သွားတာမျိုးနေမှာပေါ့”
“ဖာ့ခ်… အဓိပ္ပာယ်မရှိတာ... အဲဒါက ဘာထူးမှာလဲ”
လဲ့ကျန်းက ချက်ချင်းပင် ကျိန်ဆဲလိုက်သည်။
“နောက်ထပ် အချက်တစ်ခုရှိသေးတယ်”
လော့ရှောင်ခိုင်က ဆက်ပြောသည်၊၊
“အမှောင်စွမ်းအင်ဗုံးပဲ... တကယ်လို့ ငါတို့ ဒီပြဿနာကို ဖြေရှင်းနိုင်ရင် အရာအားလုံးကို တားဆီးနိုင်ကောင်းတားဆီးနိုင်လိမ့်မယ်”
“စိတ်မကောင်းပါဘူး... အဲဒီအပေါ်မှာ အများကြီးမျှော်လင့်ချက်မထားပါနဲ့”
ရှင်းဂျီက အေးစက်စွာပင် ဖြတ်ပြောလိုက်ပြီး “ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးအတွင်းက လေ့လာတွေ့ရှိချက်တွေအရ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက လူသားယဉ်ကျေးမှုထက် အနည်းဆုံးနှစ်ပေါင်းတစ်သောင်းလောက် စောနေတယ်... သူတို့က တစ်သားတည်းပေါင်းစည်းတဲ့ခန္ဓာကိုယ်ပုံစံမျိုးနဲ့ ဖွံ့ဖြိုးတိုးတက်လာတာဖြစ်ပေမဲ့ သူတို့ရဲ့ ရုပ်ဝတ္ထုစွမ်းအင်ဆိုင်ရာဖွံ့ဖြိုးမှုက ငါတို့အတွက် မတွေးဝံ့တဲ့အဆင့်ကို ရောက်နေပြီ”
“စွမ်းအားရှင်တွေ ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တွေကိုပဲ ဥပမာထားကြည့်လေ... ငါတို့အတွက်တော့ ဒါက သဘာဝတရားကို အံ့ဖွယ်နည်းနဲ့ ထိန်းချုပ်တာ ဒါမှမဟုတ် ဇီဝကမ္မဖြစ်စဉ်အရ ဆင့်ကဲပြောင်းလဲလာတဲ့စွမ်းအားတွေလို့ ထင်ရပေမဲ့ သူတို့ရဲ့ နည်းပညာထဲမှာတော့ ဒါက အမှုန်အမွှားထိန်းချုပ်မှုသက်ရောက်မှုရဲ့ သရုပ်တစ်ခုပဲဖြစ်နိုင်တယ်... ဒါကြောင့် သာမိုနျူကလီးယားလက်နက်တွေက သူတို့အတွက် ခြိမ်းခြောက်မှုသိပ်မရှိဘူး... ကမ္ဘာပျက်ကပ်နေ့ကစပြီး နျူကလီးယားစွမ်းအင်တွေကို ဝါးမျိုပြီး သန္ဓေပြောင်းသတ္တဝါတွေ ဆင့်ကဲပြောင်းလဲလာတာက ဒါကိုသက်သေပြနေတာပဲ”
“ဒါကြောင့် ငါတို့က အမှောင်စွမ်းအင်ကို ကျွမ်းကျင်ပြီး နျူကလီးယားစွမ်းအင်နဲ့ ပေါင်းစပ်နိုင်ခဲ့ရင်တောင် အနှစ်သာရအားဖြင့်တော့ အကြီးစားသန္ဓေပြောင်းသတ္တဝါတွေကို ရင်ဆိုင်တဲ့နေရာမှာပဲ အားသာချက်ရနိုင်လိမ့်မယ်”
“ဒါပေမဲ့ သိထားရမှာက... သန္ဓေပြောင်းသတ္တဝါတွေက အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှု မဟုတ်ဘူး... သူတို့က အပြာရောင်ဂြိုလ်ရဲ့ ဇီဝရုပ်ဝတ္ထုတွေကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ သုံးဖက်မြင်ဒိုင်မေးရှင်းစစ်သားတွေသက်သက်ပဲ... သူတို့ကိုဖျက်ဆီးလိုက်ရုံနဲ့ ကမ္ဘာကြီးရဲ့ ဒိုင်မေးရှင်းပြောင်းလဲမှုကို မထိခိုက်စေနိုင်ဘူး”
လင်းရှန် ဤစကားများကို ကြားပြီး တိတ်ဆိတ်သွားခဲ့သည်။ ရှင်းဂျီပြောသည်မှာ မှန်နေကြောင်း သူသိလေသည်၊၊ တားမြစ်ပစ္စည်းများသည် ဒိုင်မေးရှင်းထူးခြားအမှတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သုံးဖက်မြင်ဒိုင်မေးရှင်းတွင်မူ နျူကလီးယားဗုံးတစ်လုံး၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် ပိုမိုမြင့်မားသော ဒိုင်မေးရှင်းကမ္ဘာတွင်မူ ၎င်းသည် ခြိမ်းခြောက်မှုမပြုနိုင်သော မီးပွားစတစ်ခုမျှသာဖြစ်ပေလိမ့်မည်။
ဤအချက်ကို စဉ်းစားမိသောအခါ သူတည်ဆောက်နေသည့် ကြယ်နက်ယန္တရားဂြိုဟ်ဖြစ်သော တိုက်တန်ဂြိုဟ်ကို ချက်ချင်းသတိရသွားသည်။ တကယ်လို့ မြင့်မားတဲ့ ဒိုင်မေးရှင်းရန်သူကို ရင်ဆိုင်ရမည်ဆိုရင် တန်ချိန် ၈ သန်းရှိတဲ့ ဤနတ်ဆိုးနတ်ဘုရားကြီးတောင်မှ ပြဿနာနဲ့ ကြုံတွေ့ရနိုင်ပေသည်။
“ဒါဆို ရှင်ပြောချင်တာက ကျွန်မတို့မှာ အပြာရောင်ဂြိုလ်ကနေ လွတ်မြောက်ဖို့ နည်းလမ်းရှာစရာပဲကျန်တော့တယ်ပေါ့ ဟုတ်လား”
စကားမပြောဘဲ နေခဲ့သည့် ကျန်းရှု့ဝေက ယခုအချိန်တွင် မေးလိုက်သည်၊၊
“ကျွန်မတို့က ကောင်းကင်အကာကွယ်ကို ဖောက်ထွက်ဖို့တောင် ထည့်မပြောရသေးဘူး... ခွန်းလွန်မှာ အနည်းဆုံး လူ ၄ သန်း ဒါမှမဟုတ် ၅ သန်းလောက်ရှိတယ်မဟုတ်လား... ဒီလောက်လူအများကြီးကို...”
“ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်း”
သူမ စကားမဆုံးမီ လင်းရှန်က အဖြေကို တိုက်ရိုက်ပေးလိုက်သည်။ သူက ကျန်းရှု့ဝေကို ကြည့်ကာ
“ကြယ်တာရာကောင်းကင်ဓာတ်ခွဲခန်းက ငါနဲ့ တောင်ဘက်ကောင်းကင်ဂိတ်ကတစ်ဆင့် ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းဆီကို ပတ်လမ်းကြောင်းညှိနှိုင်းမှုအမိန့်တွေကို ပေးပို့နေခဲ့တာ... အခု အပေါ်က ပင်မစနစ်က အကောင်းမြင်တဲ့ တုံ့ပြန်မှုတွေပေးထားပြီးပြီ... ဒါကြောင့် ဒါက ဖီးနစ်က ပြင်ဆင်ထားတဲ့ နောက်ဆုံးအစီအစဉ်ပဲ”
“ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်း ဟုတ်လား... အဲဒီအရာက... သုံးလို့ရသေးလို့လား”
လင်းရှန်က ပုခုံးတွန့်ပြကာ “ပြန်ရောက်လာတဲ့ အချက်ပြမှုတွေအရ အပေါ်မှာ ဖုတ်ကောင်ပေါင်း ၈ သန်းကျော် ရှိနေသေးတယ်... ကြီးမားတဲ့ ပတ်လမ်းမြို့ပြနယ်မြေအတော်များများက ပျက်စီးနေပေမဲ့ အကြီးစားသန္ဓေပြောင်းသတ္တဝါတွေမရှိခဲ့တဲ့အတွက် အကုန်လုံးကို သိပ်မထိခိုက်စေပါဘူး”
“အင်း... ဖုတ်ကောင် ၈ သန်း”
ရှီတိယွမ်က နှုတ်ခမ်းသပ်လိုက်ရင်း “အစကတော့ အဲဒီအပေါ်မှာ နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ သူဌေးတွေ နေခဲ့ကြတာ... အခုတော့ အာကာသဖုတ်ကောင်တွေဖြစ်ကုန်ကြပြီပေါ့”
ကျန်းယွမ်က သက်ပြင်းအရှည်ကြီး ချလိုက်ကာ “ဒါဆိုရင် ဖောင်ဒေးရှင်းကလည်း ကျွန်တော်တို့ရဲ့ မဟာဗျူဟာအစီအစဉ်ကို သေချာပေါက်သိနေမှာပဲ”
“သေချာတာပေါ့” ရှောက ခေါင်းညိတ်ပြီး ပြောသည်၊၊
“မဟာဗျူဟာအရ ငါတို့က သူတို့ရှေ့မှာ လုံးဝကိုယ်လုံးတီးရှိနေတာပဲ... ဖောင်ဒေးရှင်းသာမရှိရင် မျှော်စင်လူသားတွေချည်းပဲဆိုရင် ငါတို့ ဘာတွေးနေလဲသိမှာမဟုတ်ဘူး”
“ဒါကြောင့်ပဲ မျှော်စင်လူသားတွေက အတွင်းလူတွေရဲ့ အကူအညီကို လိုအပ်နေတာပေါ့... သူတို့က ဖောင်ဒေးရှင်းကို အကျိုးအမြတ်တစ်ခုခုပေးထားတာ သေချာသလောက်ပဲ”
“ဒါဆို ငါတို့ဘာလုပ်နိုင်မလဲ...”
“ကျုပ်တို့လုပ်နိုင်တာက အရှိန်မြှင့်ဖို့ပဲ”
လင်းရှန်က ပြောသည်၊၊
“အရေးကြီးတဲ့တာဝန်က တောင်အမေရိကတိုက်ကို ချောချောမွေ့မွေ့ဖြတ်ကျော်ပြီး ယူရှူးယာကို ရောက်ဖို့ပဲ... သွေးနီရောင်မြူသိပ်သည်းဆက တိုးလာနေပြီ... အခြားအရာတွေကို စိုးရိမ်နေဖို့ မလိုတော့ဘူး”
“ကောင်းပြီ... ရှေ့က ကင်းထောက်တွေ ပြန်ရောက်လာပြီ... အကြီးစားစိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုး မူမမှန်တာတွေပေါ်ထွက်လာနေတယ်... ကျုပ်တို့ အရှိန်နည်းနည်းလောက် လျှော့ဖို့လိုမယ်”
လော့ရှောင်ခိုင်က ပြောလိုက်သည်၊၊
“ဒါဆိုရင် ငါတို့ စစ်သေနာပတိလင်းရဲ့ ဦးဆောင်မှုနောက်ကိုပဲ လိုက်ကြတာပေါ့”
လင်းရှန် သက်ပြင်းအရှည်ကြီး ချလိုက်ကာ “ကောင်းပြီ... အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါ... သတိအပြည့်ထားကြပါ... နောက်မိနစ် ၃၀ နေရင် ထွက်ခွာမယ်”
အလင်းမျက်နှာပြင်များ တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံးတွင် လင်းရှန်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ ရှင်းဂျီက လှည့်ကြည့်ကာ “လင်း... နောက်ထပ်ရှိသေးလား”
“ခဗျားက တစ်ခုခုပြောချင်တာရှိလို့လား” လင်းရှန်က မေးလိုက်သည်။
ရှင်းဂျီက အနည်းငယ်ပြုံးကာ လင်းရှန်၏ အလင်းမျက်နှာပြင်ရှေ့တွင် ရပ်ပြီး ပြောလိုက်သည်၊၊
“ဖောင်ဒေးရှင်း အခုထိတည်ရှိနေသေးတဲ့ တစ်ခုတည်းသောအကြောင်းပြချက်က မင်းပဲလို့ ငါယုံကြည်တယ်”
လင်းရှန်၏ မျက်လုံးများမှေးသွားပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
“ခဗျား ဘာပြောချင်တာလဲ”
“မင်းမရှိတဲ့အချိန်တုန်းက ငါ ဖောင်ဒေးရှင်းနဲ့ အဆက်အသွယ်အများကြီးလုပ်ခဲ့ပြီး အချက်အလက်တွေအများကြီးကို စုံစမ်းစစ်ဆေးခဲ့တယ်”
ရှင်းဂျီက ဆက်ပြောသည်၊၊
“ရရှိတဲ့ ထောက်လှမ်းရေးသတင်းက ဖီးနစ်ဆီကထက်စာရင် နည်းနည်းပိုများနိုင်ပေမဲ့ ကောက်ချက်ကတော့ အတူတူပဲဖြစ်လိမ့်မယ်”
“စကားကို ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့တော့”
“ငါက ဖောင်ဒေးရှင်းကို အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေ့ရှိခဲ့ရတယ်... အရင်တုန်းက အနီရောင်ကမ္ဘာ… ပြီးတော့ ဒီတစ်ကြိမ် သူတို့ဖြစ်ပွားစေခဲ့တဲ့ ကမ္ဘာ့အဆင့်ကပ်ဘေးကြီးကလွဲရင် သူတို့က လူသားမျိုးနွယ်အပေါ် သိပ်ပြီး ညှဉ်းပန်းနှိပ်စက်တာမျိုးမရှိဘဲ သုတေသနလုပ်ငန်းတွေအပေါ်မှာပဲ ပိုပြီးအာရုံစိုက်ထားကြတယ်”