ရပ်တည်ချက် (၂)
Vol. 77 Ch. 1193
တွဲ ၁၂ သည် မူလက မိုနီကာ၏ အခန်းဖြစ်သော်လည်း မိုနီကာက သူမ၏ အဖွဲ့နှင့်အတူ ကောင်းကင်အမိုးခုံးရထားပေါ်သို့ ပြောင်းရွှေ့သွားပြီးနောက် ပြန်မဆင်းလာသေးသဖြင့် ယခုအခါ ချူယန်က ယာယီအသုံးပြုနေခြင်းဖြစ်သည်။
လင်းရှန် ခေါင်းညိတ်ပြလိုက်ပြီး “ငါတို့ အခုပဲ ထွက်ခွာတော့မယ်၊၊ ငါက လှည့်ပတ်စစ်ဆေးနေတာ”
ပြောပြီးနောက် သူ လှည့်ထွက်ရန်ပြင်စဉ် ချူယန်က ရုတ်တရက် မေလိုက်သည်။
“နင်က ဖောင်ဒေးရှင်းကို စိတ်ပူနေတာလား”
လင်းရှန် ခြေလှမ်းတန့်သွားပြီး ပြန်လှည့်ကြည့်သည်၊၊
“ငါ ဘာတွေးနေလဲဆိုတာ မင်းသိနိုင်လို့လား”
“ငါ ခန့်မှန်းကြည့်တာပါ။ ငါတို့ရဲ့ အသိစိတ်တွေ ပေါင်းစပ်နေတဲ့အချိန်မှပဲ နင်ဘာတွေးနေလဲဆိုတာ ငါသိနိုင်တာလေ” ချူယန်က လက်ပိုက်လျက် သူ့ကို ကြည့်လိုက်သည်၊၊
“ဒါပေမဲ့ ဒီဆက်နွှယ်မှုအပေါ် အခြေခံပြီး နင့်ရဲ့ အာရုံခံစားမှုတွေကိုတော့ ငါသိမြင်နိုင်တယ်”
“ဘာဆိုလိုတာလဲ”
“ဥပမာ- နာကျင်မှုမျိုးပေါ့”
လင်းရှန် မျက်မှောင်ကြုတ်သွားသည်၊၊
“တစ်ခါတလေလား ဒါမှမဟုတ် ခဏခဏလား”
“အရင်က တစ်ခါတရံပဲ။ အခုတော့ ခဏခဏဖြစ်နေပြီ”
“ဘယ်လို”
လင်းရှန် အံ့အားသင့်သွားပြီး
“ဒါဆို မင်း...”
“ငါလည်း မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ နင့်ကို သတိပေးရမယ်။ ထိန်းချုပ်ဖို့ သတိထားပါ”
ချူယန်က ခေါင်းလွှဲသွားပြီး ခိုးပြုံးလိုက်သည်။
လင်းရှန် ဆွံ့အသွားပြီး သူမနောက်သို့ လျှောက်လိုက်သွားကာ “ဒါက အဓိပ္ပာယ်မရှိဘူးလေ။ အခုတိုင်းကျတော့ ငါ့ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ကျူးကျော်တာပဲ မဟုတ်ဘူးလား”
“ငါတို့ အသိစိတ်ချင်း ပေါင်းစပ်ထားတာပဲ။ နင့်မှာ ငါ့ကို ဖုံးကွယ်ထားလို့ရတဲ့ လျှို့ဝှက်ချက်မရှိတော့ဘူးလေ”
ချူယန်က ပြောသည်။
လင်းရှန် စိတ်လှုပ်ရှားသွားပြီး “ဒါပေမဲ့ အဲဒါက မတူဘူးလေ။ အတိတ်က အမှတ်တရတွေနဲ့ အခု လက်ရှိဖြစ်ပျက်နေတာတွေက တူလို့လား”
“ဒါကို ငါကရော ဖြစ်ချင်နေတယ်လို့ နင်ထင်လို့လား”
“ဒါဆို ငါကျတော့ မင်းရဲ့ အာရုံတွေကို ဘာလို့မခံစားရတာလဲ”
“ဘာလို့လဲဆိုတော့ ငါက စိတ်ဝိဉာဉ် စွမ်းအားရှင်မို့လို့ပဲ”
“…”
လင်းရှန် တကယ်ကို ပြောစရာမဲ့သွားသည်။
ချူယန်၏ စကားကြောင့် သူ ထိုနေရာတွင်တင် ပေါက်ကွဲသွားတော့မလို့ခံစားလိုက်ရသည်။ သူမက သူ့အာရုံခံစားမှု အားလုံးကို လက်ခံရရှိနေသည်ဆိုလျှင် ခုနက သူ ဆရာမချန်နှင့် အတူရှိခဲ့စဉ်က...
“နင်က ဒါကို အတော်လေး စိတ်ထဲထားနေတာပဲ… ဟုတ်တယ်မလား” ချူယန်က မေးသည်။
“ဟုတ်တယ်လေ”
လင်းရှန်က စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်၊၊
“ငါ့မှာ လွတ်လပ်မှုဆိုတာ လုံးဝမရှိတော့သလိုပဲ။ မင်းတို့ အရှေ့မှာ အဝတ်အစားအကုန်ချွတ်ပစ်ထားရတာနဲ့ ဘာကွာတော့လို့လဲ”
“မင်းတို့…”
“မင်းက ဖီးနစ်အဖွဲ့ဝင်ပဲ။ ပရော်ဖက်ဆာယဲ့တို့လည်း သိနေမှာသေချာတယ်”
“အဲလောက်ထိမပြင်းထန်ပါဘူး။ အမှတ်တရတွေနဲ့ အာရုံခံစားမှုအားလုံးကို ငါတစ်ယောက်တည်းပဲ သိမြင်နိုင်တာပါ”
“ငါ မယုံဘူး”
“ငါ ခုနက ပြောပြီးပြီပဲ။ ငါက စိတ်ဝိဉာဉ်စွမ်းအားရှင်ဖြစ်ပြီး နင်နဲ့ ချိတ်ဆက်ထားလို့သာ ဒါတွေကို ခံစားမိတာပါ”
ချူယန်က ပြန်ပြောသည်။
“ဒါဆိုရင်တောင် မင်းအရှေ့မှာ ငါက ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်မရှိတော့ဘူးလေ” လင်းရှန်က မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
ချူယန်၏ အကြည့်က သူ့ထံသို့ ဝေ့ဝဲသွားပြီး သူမ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ ထို့နောက် သူမသည် နောက်သို့ လက်လှမ်းကာ အတွင်းဝတ်စုံကို ချွတ်ချလိုက်ပြီး လင်းရှန်၏ ရှေ့မှောက်တွင် လုံးဝဗလာကျင်းသွားခဲ့သည်၊၊
လင်းရှန် ထိုမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“မင်း ဘာလုပ်တာလဲ”
“နင့်ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ပြန်ရှာပေးတာလေ”
ချူယန်က အတွင်းဝတ်စုံကို ကြမ်းပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပစ်ချလိုက်ပြီး လင်းရှန်၏ ရှေ့တွင် လက်တစ်ဖက်ဖြင့် ခါးကိုထောက်ကာ ပုံမှန်အတိုင်းရပ်နေလိုက်သည်။
“ငါ့အရှေ့မှာ အဝတ်အစားအကုန်ချွတ်ထားရသလို ခံစားရတယ်လို့ နင်ပြောတယ်မလား။ အခုလိုဆိုရင် နင်စိတ်သက်သာရာရသွားပြီလား”
ဒါက ဘယ်လိုလော့ဂျစ်မျိုးလဲဟ…
လင်းရှန် မှင်သက်သွားသည်။ သူ့ရှေ့ရှိ ချူယန်သည် ကိုယ်လုံးတီးဖြစ်နေပြီး သူမ၏ လက်မောင်းနှင့် ခြေထောက်များသည် ငွေရောင်ယန္တရားများဖြစ်ကာ စွမ်းအင်လိုင်းများသည် လည်ပင်းမှသည် ဦးခေါင်းနောက်ဘက်အထိ သွယ်တန်းနေသည်။
သို့သော် ပေါင်အထက်ပိုင်းမှ စတင်ကာ သူမ၏ ခန္ဓာကိုယ်မှာ နှင်းကဲ့သို့ ဖြူဖွေးဝင်းပသော အမျိုးသမီး ခန္ဓာကိုယ်ဖြစ်ပြီး မို့မောက်သော ရင်သားအစုံအောက်ရှိ ပြားချပ်သော ဗိုက်သားပြင်တွင် အနည်းငယ်သော ကြွက်သားအမြောင်းများရှိကာ သွယ်လျသောခါးနှင့် ဆွဲဆောင်မှုရှိသော လိုင်းများသည် ခြေထောက်နှစ်ဖက်ကြားတွင် ဆုံစည်းနေပြီး အလွန်ပင် ညှို့ယူဖမ်းစားနိုင်လေသည်။
ဒါက စက်ယန္တရားနှင့် လူသားခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာပေါင်းစပ်ထားခြင်းဖြစ်သည်။ ချူယန်၏ မျက်နှာတွင် ရှက်ရွံ့သည့်အရိပ်အယောင်စိုးစိမျှမရှိဘဲ တည်ငြိမ်ပြီး ယုံကြည်မှုရှိစွာဖြင့် ထိုနေရာတွင် ရပ်ကာ သူ့ကို စိုက်ကြည့်နေသည်။
“ကျေနပ်ပြီလား။ ဘာပဲဖြစ်ဖြစ် ငါတို့ တစ်ယောက်ကိုတစ်ယောက် ဒီလိုမြင်ဖူးတာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ”
အမှန်ပင် လင်းရှန်သည် ချူယန်၏ ခန္ဓာကိုယ်ကို အရင်က မြင်ဖူးသည်။ မြူမီးခိုးနှင့် ပေါင်းစပ်စဉ်ကနှင့် ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးအတွင်းရှိ အသိစိတ်ထဲတွင် ချူယန်၏ အဝတ်မပါသောခန္ဓာကိုယ်ကို သူ မြင်ခဲ့ဖူးသည်။
သို့သော်လည်း ယခုအချိန်နှင့် မတူပေ။ ထိုစဉ်က အသိစိတ်မျှသာဖြစ်သဖြင့် အခြေခံအားဖြင့် ယန္တရားများဖြင့် ပြုပြင်မထားသော သူမကိုယ်တိုင်၏ စိတ်ကူးထဲက ပြီးပြည့်စုံသော ခန္ဓာကိုယ်ကို မြင်ခဲ့ရခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ၎င်းကို မိမိကိုယ်ကိုယ်ပုံဖော်ထားသည့်အခြေအနေဟု သတ်မှတ်နိုင်သည်။
သို့သော် ယခုမူ လက်တွေ့ဘဝထဲက ချူယန်ဖြစ်သည်။
ဒါက သူနှင့်အတူ ပခုံးချင်းယှဉ်တိုက်ပွဲဝင်ခဲ့ပြီး ပျံသန်းကာပြေးလွှားခဲ့သော ချူယန်ဖြစ်သည်။
သို့သော် ဤမြင်ကွင်းကို မြင်လိုက်ရသည့် လင်းရှန်၏ မျက်လုံးများတွင် တဏှာစိတ်လုံးဝမရှိဘဲ သူ၏ အမူအရာက အေးစက်သွားသည်။
“မင်းလည်း ငါ့ကိုပြောစရာရှိနေတာလား”
ချူယန်၏ အမူအရာက မသိမသာပြောင်းလဲသွားပြီး လင်းရှန်ထံသို့ ခြေတစ်လှမ်းတိုးလာကာ သူ့ကို ကြည့်၍ ပြောလိုက်သည်။
“နင်က ပရောဖက်ဆာယဲ့ကို သံသယဝင်နေတာလား… ဒါမှမဟုတ် ဖီးနစ်အဖွဲ့ကို သံသယဝင်နေတာလား”
လင်းရှန် ဘာမှမပြောခဲ့ပေ။
ချူယန်၏ အမူအရာက တုန်လှုပ်သွားပြီး သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများယှက်သန်းလာကာ လင်းရှန်၏ လက်ကို ဆွဲယူ၍ သူမ၏ နဖူးပေါ်တွင် တင်ပေးလိုက်သည်။
“နင့်ကို ငါ့ရဲ့ အသိစိတ်ထဲကို နောက်တစ်ကြိမ် လုံးဝအဟန့်အတားမရှိ ဝင်ရောက်ခွင့်ပေးနိုင်ပါတယ်”
“ဘာလို့လဲ”
“ငါ့ရဲ့ ရပ်တည်ချက်က နင်နဲ့အတူတူပဲဆိုတာ နင့်ကို ပြောချင်လို့ပါ”
လင်းရှန် သူမကို ကြည့်လိုက်သည်။
“ဖောင်ဒေးရှင်းရဲ့ နောက်ဆုံးပန်းတိုင်က ဘာလဲဆိုတာ မင်းသိလား”
ချူယန်က ခေါင်းခါပြလိုက်သည်၊၊
“သူတို့က နင့်ရဲ့ အသိစိတ်ကို ပယ်ဖျက်ချင်တာပဲ သိတယ်။ ဒါပေမဲ့ နင့်ကို သတ်မှာတော့မဟုတ်ဘူး။ ဒီအကြောင်းပြချက်တွေကို ငါတို့ အရင်က ဆွေးနွေးခဲ့ကြဖူးတယ်မလား”
လင်းရှန် သက်ပြင်းအရှည်ကြီးချလိုက်ပြီး “ကောင်းပြီ။ ငါနားလည်ပြီ”
ချူယန်က လက်လှမ်း၍ သူ့ကို ဆွဲဖက်လိုက်ပြီး တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ပြောလာသည်၊၊
“နင်ဘာတွေးနေလဲဆိုတာ ငါသိချင်တယ်။ ငါ့ကို ပြောပြနိုင်မလား”
လင်းရှန် တိတ်ဆိတ်နေခဲ့သည်။
ချူယန်က သူ့ထံသို့ ဖြည်းဖြည်းချင်းတိုးကပ်လာပြီး လင်းရှန်ကို ဖက်ထားလိုက်သည်။
“ငါတို့ရဲ့ အသိစိတ်ချင်းချိတ်ဆက်မှုမှာ အကြောင်းပြချက်တစ်ခုခုရှိရမယ်လို့ ငါ အမြဲတွေးခဲ့မိတယ်။ ယူပေမြို့မှာကတည်းက စတင်ခဲ့တာဆိုတော့ ဒါက ကံကြမ္မာများလား။ အတူတူတိုက်ပွဲဝင်ဖို့ ပြဋ္ဌာန်းထားတာလားလို့ ငါတွေးမိတယ်။ အာရုဏ်ဦးမြို့တော်ပြီးကတည်းက နင့်အပေါ် ငါ့ရဲ့ယုံကြည်မှုက လူတိုင်းထက်သာလွန်ခဲ့တယ်။ နင်က ငါ့ရဲ့ အသိစိတ်ထဲကို ဝင်ရောက်တဲ့အခါ နင်မမြင်နိုင်တဲ့အရာတွေ အများကြီးရှိနေတယ်ဆိုတာ ငါသိပါတယ်။ ဖောင်ဒေးရှင်းရဲ့ ကိစ္စတွေနဲ့ ပေါင်းစပ်ပြီး ငါက ဘယ်အဖွဲ့အစည်းကလဲဆိုတာ နင်ခန့်မှန်းနေမှာပဲ”
“တကယ်တော့ အဲဒီအကြောင်းကို ငါကိုယ်တိုင်လည်းတွေးဖူးတယ်။ မြောက်အမေရိကပေါင်းစည်းတပ်ဦးကို ငါ စတင်ဝင်ရောက်ခဲ့တဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပါ။ လူသားယဉ်ကျေးမှုအတွက် တိုက်ပွဲဝင်ဖို့ပဲ”
“ဒါပေမဲ့ မျှော်စင်လူသားတွေက ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးထဲမှာ ငါ့ရဲ့ အသိစိတ်တစ်ပိုင်းကိုဖယ်ရှားပစ်ခဲ့ကတည်းက ငါ့ရဲ့ လူသားဆန်တဲ့ စိတ်ခံစားချက်အချို့ပျောက်ဆုံးသွားသလို ခံစားရတယ်။ နာကျင်မှု၊ ဝမ်းနည်းမှု၊ အချစ်… စတာတွေပေါ့။ ငါက စက်ရုပ်တစ်ခုနဲ့ ပိုတူလာတယ်။ ဒါပေမဲ့ နင်နဲ့ နီးနီးကပ်ကပ်ရှိနေတဲ့အခါ အဲဒီခံစားချက်တွေကို ငါ ပြန်ရလာသလိုပဲ”
“နင့်ရဲ့ အိမ်မက်က အနန္တရထားကို ကောင်းကင်ပေါ်ကို ပျံသန်းစေချင်တာလို့ သူတို့ပြောတာ ငါကြားခဲ့တယ်။ အဲဒါကို ကြားလိုက်ရတဲ့အချိန်မှာ ငါ့ရဲ့ အသိစိတ်ကို နင်နဲ့ ပေါင်းစပ်ပြီး နင့်နောက်ကိုလိုက်ရင်း တွင်းနက်နဲ့ ဝေးတဲ့ ကြယ်စုတန်းဆီ ပျံသန်းသွားရင် ကောင်းမှာပဲလို့ ငါတွေးမိတယ်”
“အဲဒီလိုဆိုရင် ငါ့မှာ ဘာရပ်တည်ချက်မှ ရှိမှာ မဟုတ်တော့ဘူး”
သူမက လင်းရှန်ကို မော့ကြည့်လိုက်ပြီး အေးစက်သော သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက်စီးကျလာသည်။
“ဒါမှမဟုတ် နင်ကပဲ ငါ့ရဲ့ ရပ်တည်ချက်ဖြစ်တယ်”