← Chapters

အခန်း ၃၉၉

Vol. 28 Ch. 399

အခန်း ၃၉၉

Vol. 28 Ch. 399

အပိုင်း(၃၉၉) ဧကရာဇ်၏အမျက်ဒေါသ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး

(၃)နှစ်တာကာလအတွင်း မုန့်ချင်ကျိုးသည် သီးသန့်တံခါးပိတ်ကျင့်ကြံအားထုတ်ရန် မလိုအပ်တော့ဘဲ သွားလာ၊ လှဲလျောင်း၊ စားသောက်၊ အိပ်စက်နေစဉ်တွင်ပင် ကျင့်ကြံနိုင်နေပြီဖြစ်သည်။ သူက အန်းအန်းလေး၏ ကျန်ရှိနေသေးသော ကလေးဘဝအချိန်လေးများကို အတူတကွ ဖြတ်သန်းပေးရင်း လမ်းကြောင်းသစ်တစ်ခုကို ဖောက်လုပ်ရန် လေ့လာရှာဖွေနေခဲ့သည်။

စနစ်က သူ့အတွက် ရေးဆွဲပေးထားသော အစီအစဉ်မှာ နောက်ထပ် ကောင်းကင်တာအိုတစ်ခု ဖြစ်လာစေရန်သာ ဖြစ်သည်။

သို့သော် ဤလမ်းကြောင်းတွင် အလွန်ကြီးမားသော အားနည်းချက်ကြီးတစ်ခု ရှိနေသည်။ အချိန်ကြာလာသည်နှင့်အမျှ လူ့သဘာဝစိတ်ခံစားချက်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံး၌ ခံစားချက်ကင်းမဲ့ကာ သက်ရှိအားလုံးကို ပုရွက်ဆိတ်များအဖြစ် လျစ်လျူရှုမည့် စက်ရုပ်တစ်ခုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားမည် ဖြစ်သည်။ ထိုသို့သာဆိုလျှင် သူ့အတွက် ရှင်နေခြင်းနှင့် သေဆုံးခြင်းက ဘာကွာခြားတော့မည်နည်း။

ထို့ကြောင့်ပင်။

မုန့်ချင်ကျိုးက ကောင်းကင်သို့တက်လှမ်းနိုင်မည့်လမ်းကြောင်းသစ်တစ်ခုကို ဖောက်လုပ်ရန်သာ ရွေးချယ်ခဲ့သည်။ (၃)နှစ်တိတိ သူ၏ကျင့်ကြံမှုအဆင့်မှာ တိုးတက်မှု အလျဉ်းမရှိခဲ့ဘဲ လမ်းကြောင်းသစ် ဖောက်လုပ်ရေးကိုသာ အာရုံစိုက်နေခဲ့သည်။ နတ်ဘုရားတာအို ရာပေါင်းများစွာကို ပြုပြင်မွမ်းမံပြီး စည်းမျဉ်းများအဖြစ် ပြောင်းလဲပစ်ခဲ့သည်။

ဒြပ်(၅)ပါးအာဏာကို [ဒြပ်(၅)ပါးသဘာဝ]အဖြစ်၊ ပင်လယ်အာဏာကို [ပင်လယ်နှင့်ရေစီးကြောင်း] အဖြစ်၊ လေမိုးကြိုးအာဏာကို [ရာသီဥတု]အဖြစ် ပြောင်းလဲလိုက်ပြီး စည်းမျဉ်းအာဏာက [စကြဝဠာစည်းမျဉ်း အခြေခံ]ကို ဖြစ်တည်စေခဲ့သည်။ ရာပေါင်းများစွာသော နတ်ဘုရားတာအိုများကို အတွင်းစကြဝဠာထဲသို့ တတ်နိုင်သမျှ ပေါင်းစပ်ထည့်သွင်းကာ "သက်ရှိကင်းမဲ့သော်လည်း ပြီးပြည့်စုံသောကမ္ဘာကြီး" တစ်ခုကို တည်ဆောက်ခဲ့သည်။

(၃)နှစ်တိတိ အမှားအမှန်များကို အကြိမ်ကြိမ် စမ်းသပ်ပြီးနောက်တွင် ဤလမ်းကြောင်း၏ ဖြစ်နိုင်ခြေကို နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။ ထို့ပြင် ရလဒ်က မျှော်လင့်ထားသည်ထက် ပို၍ ပြီးပြည့်စုံနေသေးသည်။

အတွင်းစကြဝဠာတွင် သက်ရှိများကိုမွေးဖွားခြင်းက ပိုင်ရှင်ကို အကျိုးကျေးဇူး ပြန်လည်ပေးနိုင်သကဲ့သို့ စည်းမျဉ်းများပြီးပြည့်စုံသော ကမ္ဘာကြီးတစ်ခုသည်လည်း သက်ရှိတစ်ခုပမာ သဘာဝစွမ်းအင်များကိုထုတ်ကာ ပိုင်ရှင်ကို အကျိုးကျေးဇူး ပြန်လည်ပေးစွမ်းနိုင်သည်။ သို့သော် နတ်ဘုရားအာဏာများကို ပြောင်းလဲရသည့် အခက်အခဲမှာ အလွန်ပင် မြင့်မားလှသည်။ (၃)နှစ်တာကာလအတွင်း သူသည် တစ်ဖက်မှ အမှားအမှန်များကို စမ်းသပ်နေစဉ် တစ်ဖက်မှ နတ်ဘုရားအာဏာများကို ပြောင်းလဲနေခဲ့ရာ စုစုပေါင်း (၅)ခုသာ ပြောင်းလဲနိုင်ခဲ့သည်။

မုန့်ချင်ကျိုးသည် အုပ်ချုပ်ရေးမှူးဟွမ်ဆိုသူ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေရင်း ခေါင်းထဲတွင် (၃)နှစ်တာအတွင်း ရရှိခဲ့သော အကျိုးအမြတ်များနှင့် ရလဒ်များကို ပြန်လည်သုံးသပ်နေသည်။ သူ၏စိတ်ထဲတွင် ကျေနပ်ပျော်ရွှင်မှု အနည်းငယ်ကို ခံစားနေရ၏။

အဘိုးအိုသည် ခန့်ခန့်ကြီး ထိုင်နေကာ လက်ဖက်ရည်ပန်းကန်ကိုကိုင်၍ အပူငွေ့များကို မှုတ်ထုတ်ပြီး နှုတ်ခမ်းကိုစူကာ အနည်းငယ်သာ မြည်းစမ်းလိုက်သည်။ ထို့နောက် မျက်ထောင့်ကပ်၍ အနက်ရောင်ဝတ် လူငယ်ကို အကဲခတ်ကာ မကျေမနပ်ဖြင့်နှာမှုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။ "ခေတ်ရေစီးကြောင်းနောက် လိုက်နေတဲ့ လူငယ်လေးနောက်တစ်ယောက်ပဲ။ ကြည့်ရတာ ဘာစွမ်းအစမှသိပ်ရှိမယ့်ပုံမပေါ်ပါဘူး။"

မဟာကျင်းတိုင်းပြည် အထွတ်အထိပ်နေရာသို့ ရောက်ရှိပြီးကတည်းက တောရိုင်းမြေမှ လူငယ်များသည် ဧကရာဇ်၏ ဝတ်စားဆင်ယင်မှုကို အတုခိုးလာကြသည်။ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ကာ ဓားကိုကိုင်ဆောင်ပြီး ဆံပင်များကို ပခုံးပေါ်ချထားကြသည်။ သို့သော် အများစုမှာ ရုပ်ပျက်ဆင်းပျက်သာ ဖြစ်နေပြီး ဧကရာဇ်၏ ခန့်ညားထည်ဝါမှုကို လုံးဝအတုမခိုးနိုင်ကြပေ။

ထို့အပြင် လွန်ခဲ့သည့် (၃)နှစ်က ဧကရာဇ် မဟာကျင်းသို့ ပြန်လည်ရောက်ရှိလာပြီး နတ်ဘုရားများ၏ ဘေးအန္တရာယ်ကို ရှင်းလင်းပြီးကတည်းက သူသည် ဗိမာန်များကို ထပ်မံပူဇော်ပသခြင်း မပြုလုပ်ရန်နှင့် ရုပ်တုများကို ဖြိုဖျက်ပစ်ရန် အမိန့်ထုတ်ခဲ့သည်။ မည်သည့်အကြောင်းရင်းကြောင့်မှန်း မသိရသော်လည်း ဧကရာဇ်၏အမိန့်ဖြစ်သောကြောင့် လူတိုင်းက မည်သည့်မကျေနပ်ချက်မျှ မရှိခဲ့ကြပေ။

ဧကရာဇ်၏ရုပ်တုများနှင့် ဗိမာန်များဆိုသည်မှာ အစကတည်းက "မျက်နှာဝေဝါးဝါး" နှင့် "ခန္ဓာကိုယ် ဝတ်စားဆင်ယင်မှုတူညီခြင်း"ကိုသာ အဓိကအခြေခံထားခြင်း ဖြစ်သည်။ မဟာကျင်း၏ အတွင်းလူများ သို့မဟုတ် ဧကရာဇ်၏မျက်နှာကို ကိုယ်တိုင်မြင်တွေ့ဖူးသူများမှလွဲ၍ အခြားသူများမှာ ဧကရာဇ်ကို လုံးဝ မှတ်မိနိုင်စွမ်း မရှိကြပေ။

ချင်းအန်းအန်း နာမည်ဝှက်ဖြင့် သူတော်စင်(၃)ပါးပညာသင်ကျောင်းသို့ ပညာသင်ကြားနေသော မုန့်အန်းအန်းလေး၏ ဝိုင်းစက်သေးသွယ်သော နားရွက်လေးများက အကဲဆတ်စွာ လှုပ်ရှားသွားပြီး ချက်ချင်းပင် မကျေမနပ်ဖြင့် နှုတ်ခမ်းစူကာ ပြောလိုက်သည်။ "ဆရာ၊ ဆရာက သမီးဖေဖေကို အတင်းပြောနေတာလား။"

အဘိုးအိုက စားပွဲကိုရိုက်ကာ အော်ဟစ်လိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် အရင်ဂရုစိုက်စမ်းပါ။ ခဏနေ အုပ်ချုပ်ရေးမှူးဟွမ် ရောက်လာရင် မင်း ဘယ်လို ဖြေရှင်းမလဲဆိုတာကို ကြည့်ရသေးတာပေါ့။"

"ပြီးတော့ မင်းက ကျင့်ကြံခြင်းအဆင့်ကို ခိုးပြီးဖုံးကွယ်ထားသေးတယ်။ အခု ငါက မင်း အသက်အမှန်ကို ဖုံးကွယ်ပြီး ရုပ်သွင်ကိုပါ ပြောင်းလဲထားတာလို့ ပြင်းပြင်းထန်ထန် သံသယရှိတယ်။ ခဏနေ အုပ်ချုပ်ရေးမှူးဟွမ် ရောက်လာရင် ဒီကိစ္စကို ငါကိုယ်တိုင် တိုင်ကြားပြီး အသေးစိတ် စုံစမ်းစစ်ဆေးခိုင်းမယ်။"

ဤနေရာအရောက်တွင် အဘိုးအိုမှာ ရုတ်တရက် အနည်းငယ် စိုးရိမ်သွားပြီး ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားကာ သားအဖနှစ်ယောက်ကို ခိုးကြည့်၍ အကဲခတ်လိုက်သည်။

ကောလာဟလတွေအရ ဧကရာဇ်က မင်းသမီးလေးကို သူတော်စင်(၃)ပါးပညာသင်ကျောင်းမှာ ကျောင်းထားတယ်လို့ ကြားတယ်။ သူများဖြစ်နေမလား။ အသက် (၂)နှစ်၊ (၃)နှစ်လောက်ပဲ ရှိသေးတဲ့ မုန်လာဥလေးက အသက်ကိုဖုံးကွယ်မထားဘူးဆိုရင် ဒီလိုကျင့်ကြံခြင်းအဆင့်မျိုး ရှိနေတာက ကမ္ဘာကို တုန်လှုပ်စေလောက်တယ်။

ပြီးတော့ ဧကရာဇ်ရဲ့ဝတ်စားဆင်ယင်မှုကို အတုခိုးထားပြီး အတော်လေးတူနေတဲ့ ဒီအနက်ရောင်ဝတ်ရုံနဲ့ လူငယ်က...

မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်လောက်ပါဘူး။

ဧကရာဇ်ဆိုတာ ဘယ်လောက်မြင့်မြတ်တဲ့သူလဲ။ ဒီလောက်ကိစ္စသေးသေးလေးအတွက် ခရီးအဝေးကြီး ပြေးလာစရာ အကြောင်းမရှိပါဘူး။

မုန့်အန်းအန်းလေးက လည်ပင်းကိုပုလိုက်ပြီး အနည်းငယ် အားငယ်သွားသည်။

ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသည်ကတော့ အမှန်ပင် ဖြစ်သည်။

သူက အပြင်ပန်းတွင် အဆင့်(၁) သိုင်းပညာရှင် အဆင့်အဖြစ်သာ ပြထားပြီး တိမ်တက်နယ်ပယ်သို့ပင် မရောက်သေးချေ။ ထို့အပြင် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ပေးသော ရတနာလက်နက်၏ ကာကွယ်မှုလည်း ပါရှိနေသဖြင့် တစ်စုံတစ်ယောက်က တမင်သက်သက် စုံစမ်းစစ်ဆေးခြင်းမရှိလျှင် သူ၏ အစစ်အမှန် အခြေအနေကို သိရှိရန် အလွန် ခက်ခဲလှသည်။

"ကျင့်ကြံခြင်အဆင့်ကို ဖုံးကွယ်ထားတာကလည်း အပြစ်လား။ အဲဒီလိုစည်းကမ်းမျိုး ရှိတယ်ဆိုတာ ကျုပ် တစ်ခါမှ မကြားဖူးဘူး။" အနက်ရောင်ဝတ်လူငယ်က ရုတ်တရက် ဝင်ပြောလိုက်သည်။

အဘိုးအိုက မျက်လုံးပြူးသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မဟာကျင်းတိုင်းပြည်မှာ ဒီလို စည်းကမ်းမရှိပေမယ့် ငါ့ဆီမှာတော့ ရှိတယ်။ ဝမ်ဆန်းကျားရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ဆရာကို အမှန်အတိုင်းမပြောလို့ ဘယ်ရမလဲ။"

အနက်ရောင်ဝတ်ရုံနှင့်လူငယ်က ထိုစကားကို ကြားသောအခါ အေးဆေးစွာပင် ပြုံးလိုက်သည်။ "ဝမ်ဆန်းကျား၊ ဟုတ်လား။ ကျုပ် မှတ်ထားလိုက်ပါ့မယ်။ သူတော်စင်(၃)ပါးပညာသင်ကျောင်းက ဆရာနဲ့ တကယ်ကို လိုက်ဖက်ပါတယ်။ အာဏာပြတာက နန်းတော်ထဲက အရာရှိတွေထက်တောင် ပိုကြီးနေသေးတယ်။ စိတ်ဝင်စားစရာပဲ"

သူက စိတ်ထဲတွင် အနည်းငယ် တွေးကြည့်လိုက်သည်နှင့် ဤအထဲမှ အကျိုးအမြတ် ဆက်နွယ်မှုများကို ရှင်းလင်းစွာ နားလည်သွားသည်။

သူတော်စင်(၃)ပါးပညာသင်ကျောင်းရှိ ကျောင်းသားတိုင်း၏ နောက်ကွယ်တွင် အင်အားကြီး အဖွဲ့အစည်းများက အထောက်အပံ့ ပေးထားကြသည်။ ထိုကျောင်းသားများကို ထိန်းချုပ်ထားနိုင်ခြင်းသည် ဆရာများအတွက်မူ ၎င်းတို့၏နောက်ကွယ်ရှိ အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။

ကျောင်းသားဆယ်ဂဏန်းဆိုသည်မှာ အဆက်အသွယ် ကွန်ရက်ဆယ်ဂဏန်းနှင့် ညီမျှသည်။ အပြင်ပန်း ရာထူးမမြင့်မားသော်လည်း တကယ်တမ်းပိုင်ဆိုင်ထားသော အာဏာမှာမူ အရာရှိများစွာထက်ပင် ပိုမို၍ ကြီးမားနေလောက်သည်။ ထို့ကြောင့်ပင် ကျောင်းသား၏နောက်ခံကို သေချာမသိရသေးဘဲနှင့်ပင် ဤမျှ ဒေါသတကြီး အော်ဟစ်ရဲနေခြင်း ဖြစ်သည်။

"ဒါနဲ့ မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ။ ဘယ်နေရာမှာ တာဝန်ထမ်းဆောင်နေတာလဲ။" ဝမ်ဆန်းကျားသည် အနက်ရောင်ဝတ်လူငယ်ကို ကြည့်လေလေ ရင်ထဲတွင် ပို၍စိုးရိမ်လာလေလေဖြစ်ပြီး ဘေးဒုက္ခကြီး ကျရောက်လာတော့မည့် ခံစားချက်မျိုးကို ဝေဝါးစွာ ခံစားနေရသည်။

"ရာထူးမရှိတဲ့ သာမန်လူတစ်ယောက်ပါ။ ဒါပေမယ့် ကျုပ်ရဲ့ဇနီးက မဟာကျင်းမှာ အရာရှိတစ်ယောက်ပါ။ မျိုးရိုးနာမည်က တုန်းဖန်တဲ့။ ကျွန်တော်က တုန်းဖန်မိသားစုရဲ့ အိမ်ပါသားမက်တစ်ယောက်ပါ။" မုန့်ချင်ကျိုးက ပြုံးရင်း ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါမှသာ ဝမ်ဆန်းကျား စိတ်အေးသွားတော့သည်။

ဇနီးသည်က တုန်းဖန်မျိုးရိုးဆိုတော့ ဧကရီနဲ့ ဘာမှမပတ်သက်တော့ဘူးပေါ့။ ပြီးတော့ အိမ်ထောင်သည် သားမက်တစ်ယောက် ဖြစ်နေမှတော့ ဧကရာဇ် လုံးဝမဖြစ်နိုင်တော့ဘူး။

ပြီးတော့ ဧကရာဇ်က ဒီလိုကိစ္စသေးသေးလေးအတွက် ကျောင်းဆရာတစ်ယောက်ကို လိမ်ညာနေမှာ မဟုတ်ဘူးလေ။

ခဏအကြာ တံခါးအပြင်ဘက်မှ အသက်အရွယ်ကြီးသူတစ်ဦးနှင့် ငယ်ရွယ်သူတစ်ဦး ဝင်လာသည်။ အဘိုးအိုမှာ အရပ်မောင်းကောင်းမွန်ပြီး မျက်လုံးများက စူးရှတောက်ပနေသည်။ အတွင်းတွင် စစ်သူကြီး သံချပ်ကာကို ဝတ်ဆင်ထားပြီး အပြင်မှ အနက်ရောင်ဝတ်ရုံကို လွှမ်းခြုံထားကာ ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားသဖြင့် အလွန်ပင် ခန့်ညားထည်ဝါလှသည်။

သေးသွယ်သော ပုံရိပ်လေးမှာမူ မျက်နှာဖြူရော်ညှိုးနွမ်းနေသော ဟွမ်ရှောင်ချင်းပင်။

"ငါ့မြေးကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်လိုက်တာလဲ။ အခုချက်ချင်း ထွက်လာခဲ့စမ်း။" ဟွမ်ချွန်းချိုးက အခန်းထဲဝင်ဝင်ချင်းပင် သူ၏အသံကျယ်ကြီးကို အားလုံးကြားစေရန် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဝမ်ဆန်းကျားက အမြန်ပင် ထရပ်လိုက်ပြီး ကြိုတင်ဖျော်ထားသော လက်ဖက်ရည်ကို ရိုသေစွာ ကမ်းပေးလိုက်ကာ ခါးကိုကိုင်းညွှတ်၍ မျက်နှာချိုသွေးရင်း ပြောလိုက်သည်။

"အုပ်ချုပ်ရေးမှူးဟွမ်ကို ဂါရဝပြုပါတယ်။ ကျွန်တော် ဝမ်ဆန်းကျားပါ။ ယဉ်ကျေးမှု သင်ကြားရေးဆရာ အဖြစ် ခေတ္တတာဝန်ယူထားတာပါ။ ကျွန်တော်ရဲ့ပေါ့ဆမှုကြောင့် လူကြီးမင်းရဲ့ မြေးဖြစ်သူ ထိခိုက်နစ်နာသွားရတာ ကျွန်တော့်ရဲ့တာဝန်ဝတ္တရား ပျက်ကွက်မှုပါ။ အပြစ်မတင်ပါနဲ့လို့ တောင်းပန်ပါတယ်။ အကြောင်းရင်းအားလုံးက ကျွန်တော့်တစ်ယောက်တည်းရဲ့ အပြစ်ပါပဲ"

"ထွက်သွားစမ်း၊ မင်းနဲ့ဘာမှမဆိုင်ဘူး။ ငါ့ရှေ့မှာ လာပြီးတော့ ဟန်ဆောင်ပန်ဆောင် လုပ်မနေနဲ့။ မင်းရဲ့ ပါးစပ်ကို အရင်ဆွဲဖြဲပစ်လိုက်မယ်"

ဟွမ်ချွန်းချိုးက မုန်လာဥအရွယ်အစားခန့်ရှိသော လက်ညိုးကြီးဖြင့် ဝမ်ဆန်းကျား၏ နှာခေါင်းရှေ့သို့ တည့်တည့်ထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤအခြေအနေကို မြင်သောအခါ ဝမ်ဆန်းကျားက ပါးနပ်စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

ပြသသင့်သည့်သဘောထားကို ပြသပြီးပြီဖြစ်ရာ နောက်ဆက်တွဲပြဿနာ မည်မျှပင် ကြီးမားပါစေ သူနှင့် မသက်ဆိုင်တော့ပေ။

ဝမ်ဆန်းကျားက အနက်ရောင်ဝတ်လူငယ်ကို အကဲခတ်ကာ အပြစ်မြင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သော်လည်း တစ်ဖက်လူ၏မျက်လုံးများမှာ မျက်ကန်းတစ်ယောက်ကဲ့သို့ပင် ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မှင်သက်သွားတော့သည်။

"ဟော။ ကြည့်ရတာ ဧကရာဇ်ရဲ့ အမာခံပရိသတ်ကြီး ဖြစ်နေတာကိုး။ ဒီလောက်အထိ တူအောင် သရုပ်ဆောင်နိုင်တာ တကယ် ရှားပါတယ်"

ဟွမ်ချွန်းချိုးက အနက်ရောင်ဝတ်လူငယ်ကို ကြည့်လိုက်ရာ တစ်ခဏမျှ မှင်သက်သွားမိသည်။

အမ်။ ဒီဝတ်စားဆင်ယင်မှုက ဧကရာဇ်နဲ့ တော်တော်လေးတူနေပါလား။

ဟွမ်ချွန်းချိုးက ဧကရာဇ်ကို ကိုယ်တိုင်မမြင်ဖူးသော်လည်း သူသည် ယခင်က တောရိုင်းမြေရှိ နိုင်ငံငယ်လေးတစ်ခု၏ စစ်သူကြီးဖြစ်ခဲ့ပြီး နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်း ကျင့်ကြံဆင့်ဖြင့် မဟာကျင်းတိုင်းပြည်ထဲသို့ ဝင်ရောက်လာခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလွန်းသဖြင့် ပါဝင်ခဲ့သောစစ်ပွဲအချို့တွင် ဧကရာဇ်နှင့် ဆုံတွေ့ခွင့်မရခဲ့ဘဲ အဝေးမှကျောပြင်ကိုသာ တစ်ချက် လှမ်းမြင်ဖူးခဲ့ခြင်း ဖြစ်သည်။

"ရှောင်ချင်း။ အဘိုးကိုပြော။ မင်းကို ဘယ်သူရိုက်လိုက်တာလဲ။" ဟွမ်ချွန်းချိုးက နူးညံ့သောအသံဖြင့် မေးလိုက်သည်။

ဟွမ်ရှောင်ချင်း၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ပြည့်နှက်နေပြီး မုန့်အန်းအန်းကို ခိုးကြည့်လိုက်ကာ စကားပြောရန် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သူ့ကို လက်ညိုးထိုးပြလိုက်သည်။

ဟွမ်ချွန်းချိုးက လက်ညိုးထိုးပြရာဘက်သို့ လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် အံ့အားသင့်သွားပြီး မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မုန့်အန်းအန်း၏ မုန်လာဥအရွယ်အစားမျှသာရှိသော အရပ်အမောင်းကို အထက်အောက် အကဲခတ်၍ ပြောလိုက်သည်။ "သူလား။"

"အသက် ဘယ်နှစ်နှစ်မှမရှိသေးတဲ့ ကလေးလေးက မင်းကို တစ်ချက်တည်းနဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင် ထိုးနိုင်တယ်လို့။"

ဟွမ်ချွန်းချိုး၏မျက်နှာမှာ တစ်ခဏ ပြာသွားလိုက်၊ တစ်ခဏ ဖြူသွားလိုက် ဖြစ်သွားသည်။ စစ်သူကြီး မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် အရိုက်ခံရခြင်းမှာ ပြဿနာ မရှိသော်လည်း အဓိကပြဿနာမှာ တစ်ဖက်လူက အသက်အနည်းငယ်သာ ရှိသေးသည့် မိန်းကလေးငယ်တစ်ဦး ဖြစ်နေခြင်းပင်။

တကယ့်ကို အရှက်ကွဲစရာပင်။

"သူက တောင်ရွှေ့နယ်ပယ်.." ဟွမ်ရှောင်ချင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ဟွမ်ချွန်းချိုးမှာ စကားစဆို့သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "တောင်ရွှေ့နယ်ပယ် ဟုတ်လား။"

ထိုအချိန်မှာပင်။

တစ်ချိန်လုံးစကားမပြောဘဲနေခဲ့သော အနက်ရောင်ဝတ်လူငယ်က ရုတ်တရက် မေးလိုက်သည်။ "ခင်ဗျား အကျိုးအကြောင်း အစအဆုံးကို သိရဲ့လား။"

ဟွမ်ချွန်းချိုးက ကြောင်အမ်းအမ်းဖြင့် ခေါင်းယမ်းလိုက်ပြီး ထို့နောက်တွင် ခေါင်းပြန်ညိတ်ကာ ပြောလိုက်သည်။ "နည်းနည်းပါးပါးတော့ သိတယ်။ မင်းရဲ့ သမီးက ငါ့မြေးကို ရိုက်လိုက်တယ်..."

"ဒါဆို ဘာကြောင့်လဲဆိုတာကို သိလား။"

"အာ... မသိဘူး။"

"ခင်ဗျားရဲ့မြေးက သူရဲကောင်းမှတ်ကျောက်တိုင်ရှေ့မှာ ထင်ရာစိုင်းပြီးတော့ မှော်အစွမ်းတွေသုံးပြီး သူရဲကောင်းတွေရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်ခဲ့တယ်။ ပြီးတော့ ကျုပ်ကိုလည်း စော်ကားပြောဆိုခဲ့တယ်။ အဲဒါတွေကို ခင်ဗျား သိလား။"

အနက်ရောင်ဝတ်လူငယ်၏အသံမှာ ပို၍ပို၍ အေးစက်လာပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများ တဖြည်းဖြည်း စုစည်းလာကာ နဂါးကြီးတစ်ကောင်က ပုရွက်ဆိတ်များကို အထက်စီးမှ ငုံ့ကြည့်နေသကဲ့သို့ ဖြစ်လာသည်။

မူလက တိမ်ကင်းစင်နေသော ကောင်းကင်ကြီးမှာ တစ်ခဏချင်းမှာပင် မှိုင်းညို့လာပြီး မိုးကြိုးများ တလက်လက် တောက်ပလာသည်။

ဟွမ်ချွန်းချိုး၏ ဘယ်ဘက်မျက်ခွံမှာ အဆက်မပြတ် လှုပ်ရှားနေပြီး မကောင်းသော နိမိတ်တစ်ခု ရင်ထဲသို့ ဝင်ရောက်လာကာ ပါးစပ်ကပင် အလိုအလျောက် တုန်ယင်လာတော့သည်။

"ငါ..."

"မသိဘူး။"

အနက်ရောင်ဝတ်လူငယ်က အေးစက်စွာဖြင့် ပြောလိုက်သည်။ "ဒါကို မသိဘဲနဲ့ ခင်ဗျားက လာပြီး အပြစ်တင်နေတာလား။ အာဏာရှိတာကို အားကိုးပြီးတော့ ထင်ရာစိုင်းလို့ရမယ်၊ အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေတာလား။"

ဟွမ်ချွန်းချိုးသည် နှစ်ပေါင်းရာထောင်ချီ ဖြတ်သန်းခဲ့ပြီး ကြီးမားသော အခက်အခဲပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးရာ အနက်ရောင်ဝတ်လူငယ်၏ အရှိန်ဝါများ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် ဤတစ်ကြိမ်တော့ ကောင်းကောင်း အဆုံးသတ်နိုင်မည် မဟုတ်ကြောင်း သိလိုက်သည်။

"မေးပါရစေ။ မင်းက ဘယ်သူလဲ။" ဟွမ်ချွန်းချိုးက တံတွေးမြိုချကာ သတိကြီးစွာဖြင့် မေးလိုက်သည်။

အနက်ရောင်ဝတ်လူငယ်က မိန်းကလေးငယ်၏လက်ကိုဆွဲ၍ နောက်လှည့်ကာ ထွက်သွားခဲ့သည်။ ခြေလှမ်း ရပ်တန့်ခြင်းမရှိဘဲ စကားတစ်ခွန်းသာ ချန်ရစ်ခဲ့သည်။

"ခဏနေရင် ခင်ဗျား သိရလိမ့်မယ်။"

သူက မုန့်အန်းအန်းရှေ့တွင် ထိုသူများကို အပြစ်ပေးရန် မရွေးချယ်ခဲ့ပေ။

ထိုသို့လုပ်ဆောင်ခြင်းက သမီးလေးအတွက် ဒေါသဖြေပေးရာရောက်ပြီး ကျေနပ်စရာ ကောင်းသော်လည်း သမီးလေးက အာဏာပြအနိုင်ကျင့်ခြင်း၏အရသာကို မြင်တွေ့သွားပါက နောင်တစ်ချိန်တွင် မာနကြီးပြီး ထင်ရာစိုင်းသောစရိုက်မျိုး ဖြစ်လာမည်ကို သူ ပို၍စိုးရိမ်မိသည်။

သမီးလေးကို လျူလီကဲ့သို့ ဖြစ်စေချင်သည်။ အနာဂတ်တွင် မည်မျှကြီးမားသော အောင်မြင်မှုများ ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ အနည်းဆုံးတော့ မာနရှိပြီး မည်သူ့ကိုမျှ ဒူးမထောက်တတ်သည့် စိတ်ဓာတ်မျိုး ရှိစေချင်သည်။

အနက်ရောင်ဝတ်လူငယ်က မိန်းကလေးငယ်ကိုခေါ်၍ ထွက်ခွာသွားပြီးနောက် စက္ကန့်အနည်းငယ်မျှပင် မကြာလိုက်ပေ။

အေးစက်သောအသံတစ်သံက သူတော်စင်(၃)ပါးပညာသင်ကျောင်း တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားပြီး ဆရာနှင့်ကျောင်းသား ထောင်ပေါင်းများစွာ၏ အာရုံကို ဖမ်းစားသွားသည်။

"စုချင်ချိုး၊ လင်းလု၊ လီကွမ်ယန်၊ မင်းတို့(၃)ယောက်ကို အချိန် (၃)နာရီပေးမယ်။ ကျောင်းထဲက အရှုပ်အထွေးတွေကို အကုန်ရှင်းလင်းပစ်။ (၃)နာရီပြည့်ရင် မြို့တော်ကိုလာပြီးတော့ အပြစ်ခံယူကြ။ ငါ ကျေနပ်လောက်တဲ့ အဖြေတစ်ခုကို ယူလာခဲ့။"

"မဟုတ်ရင် မင်းတို့(၃)ယောက်စလုံး ရာထူးကနေနုတ်ထွက်ပြီးတော့ နေရပ်ကိုသာ ပြန်ခဲ့ကြတော့။ ဘယ်ကလာလဲ။ အဲဒီကို ပြန်သွားကြ။"

ထိုစကားကို ကြားသည်နှင့် တစ်ကျောင်းလုံး ပွက်လောရိုက်သွားသည်။

ပညာသင်ကျောင်းတစ်ခုလုံး ဆူညံသွားတော့သည်။

ဒီသုံးယောက်ရဲ့နာမည်ကို တည့်တည့်ခေါ်ပြီး အမိန့်ပေးရဲတဲ့သူက ဘယ်ကရောက်လာတဲ့ တန်ခိုးရှင်လဲ။

ဟွမ်ချွန်းချိုး၏မျက်နှာမှာ တစ်ခဏချင်းမှာပင် သွေးရောင်မဲ့ကာ ဖြူရော်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားကာ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဧ... ဧကရာဇ်။"

"ခုနကလူက ဧကရာဇ်လား။။"

ဟွမ်ရှောင်ချင်းလည်း ကြောင်အမ်းသွားသည်။ အကယ်၍ အနက်ရောင်ဝတ်လူငယ်သာ ဧကရာဇ် ဖြစ်နေပါက ချင်းအန်းအန်းဆိုသည်မှာ ထိုလျှို့ဝှက်ချက်များ ပြည့်နှက်နေသော မင်းသမီးလေး ဖြစ်နေမည် မဟုတ်ပါလား။

ငါက မင်းသမီးလေးနဲ့ ငယ်သူငယ်ချင်းဖြစ်ခွင့်ကို လက်လွှတ်လိုက်မိတာလား။

ထွီး...

ဟွမ်ရှောင်ချင်း၏ဒဏ်ရာမှာ ပိုမို၍ ဆိုးရွားသွားပြီး နေရာမှာတင် သွေးတစ်လုတ် အန်ထွက်လာသည်။ ဤတုန်လှုပ်မှုက မုန့်အန်းအန်း၏ လက်သီးတစ်ချက်ထက်ပင် ပိုမို ပြင်းထန်လှသည်။

ဝမ်ဆန်းကျားမှာ ပို၍ပင် မျှော်လင့်ချက်ကင်းမဲ့ကာ ထိတ်လန့်သွားပြီး မြေပြင်ပေါ်တွင် ပျော့ခွေစွာ ဒူးထောက်လျက် ရှိနေသည်။ ဘောင်းဘီမှာလည်း ရွှဲနစ်သွားပြီး တစ်ခန်းလုံး သေးနံ့များ နံစော်သွားတော့သည်။

"ဧကရာဇ်။"

"ငါ ခုနက ဧကရာဇ်ကို လက်ညိုးထိုးပြီး အမိန့်ပေးနေခဲ့တာလား။ ငါက မင်းသမီးလေးရဲ့ခေါင်းကိုတောင် အတင်းထိုးနေခဲ့သေးတယ်။ ငါ... ငါတော့... လုံးဝ ပြီးသွားပြီ။"

"ပြီးသွားပြီ။ နတ်ဘုရားတွေလည်း ကယ်လို့မရတော့ဘူး။ ရွှေတန်ခိုးရှင်ကိုယ်တိုင် ဆင်းလာရင်တောင် အလကားပဲ..."

သူတို့သုံးယောက်လုံး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်နေချိန်မှာပင်။

ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ဟသွားပြီး ကျောင်း၏ကောင်းကင်ယံတွင် လှပသော အဖြူရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ တစ်ကိုယ်လုံးတွင် ကောင်းကင်သို့ ထိုးတက်မတတ် ဓားရည်ရွယ်ချက်များ လွှမ်းခြုံနေသည်။

ဓားသခင်မ စုချင်ချိုး ရောက်ရှိလာလေပြီ။

ထို့နောက် ကြယ်တာရာများဆီမှ ဓားရှည်တစ်လက် ကျဆင်းလာပြီး ကျောင်း၏အလယ်ဗဟို ကွင်းပြင်ပေါ်သို့ ပြင်းထန်စွာ စိုက်ဝင်သွားသည်။ သွေးနံ့များ ပြည့်နှက်နေသော တောင့်တင်းကြံ့ခိုင်သည့် ပုံရိပ်တစ်ခုက မကောင်းဆိုးဝါးနတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ကောင်းကင်မှ ကျဆင်းလာသည်။

ကောင်းကင်စစ်သူကြီး လီကွမ်ယန်။

ဝုန်း။

လှံတစ်လက်က ဟင်းလင်းပြင်ကိုဖြတ်သန်းကာ စကြဝဠာကို ဖောက်ထွင်းပြီး ကောင်းကင်ယံတွင် ကန့်လန့်ဖြတ် ပေါ်လာသည်။ လင်းလုက သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် မျက်လုံးဖြင့် ကျောင်းကို အထက်စီးမှ ငုံ့ကြည့်နေသည်။

မဟာကျင်းတိုင်းပြည်၏ ပိရမစ်ထိပ်ဖျားတွင်ရှိသော အစွမ်းထက်ဆုံး ပုဂ္ဂိုလ်(၃)ဦး တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်း ဖြစ်သည်။

တစ်ခဏချင်းမှာပင် သူတော်စင်(၃)ပါးပညာသင်ကျောင်းတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

မည်သူမဆို ကြည့်လိုက်သည်နှင့် သိနိုင်သည်။ ဤ(၃)ဦးသည် အလွန်ဝေးကွာသော နေရာမှနေ၍ အရာအားလုံးကိုစတေးကာ ဟင်းလင်းပြင်ကိုဆွဲဖြဲပြီး အသက်လုပြေးလာခဲ့ကြခြင်း ဖြစ်သည်။

ဤ(၃)ဦးကို အလန့်တကြားဖြစ်အောင် လုပ်နိုင်သည့်အမျိုးသားက မည်သူဖြစ်ကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ပေ။

တစ်ယောက်ယောက်က ဧကရာဇ်ကို ဒေါသထွက်အောင် လုပ်လိုက်လေပြီ။

ဧကရာဇ်ကိုဒေါသထွက်အောင် လုပ်နိုင်သည်မှာ ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။ သူတော်စင်(၃)ပါး ပညာသင်ကျောင်းတွင် လျှို့ဝှက်စွာ ပညာသင်ကြားနေသော မင်းသမီးလေးပင်။

လွန်ခဲ့သော နာရီဝက်ခန့်က မိန်းကလေးငယ်တစ်ဦးက အုပ်ချုပ်ရေးမှူးဟွမ်၏ မြေးဖြစ်သူကို ရိုက်နှက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ၊ အကြောင်းအကျိုးအားလုံးကို တစ်ခဏချင်းမှာပင် ရှင်းလင်းစွာ နားလည်သွားကြတော့သည်။

တယ်ဟုတ်ပါလား။

မင်းသမီးလေးရဲ့ ခေါင်းပေါ်တက်ပြီး အနိုင်ကျင့်ရဲတယ်ပေါ့။

"သတင်းအချက်အလက်တွေကို အမြန်ဆုံးစုဆောင်း။ အကြောင်းအကျိုးကို ရှာဖွေပြီးတော့ ဖြစ်စဉ် တစ်ခုလုံးကို ပြန်လည် ဖော်ထုတ်ပြ။" လင်းလုက အေးစက်သောအသံဖြင့် အော်ဟစ်လိုက်သည်။

စုချင်ချိုးက ခေါင်းညိတ်လိုက်သည်။ "ကျွန်မ ပြန်ဖော်ထုတ်ပြမယ်။ (၃)မိနစ် အချိန်ပေး။"

လီကွမ်ယန်က မျက်လုံးမှိတ်ကာ အနားယူနေသော်လည်း ခန္ဓာကိုယ်ပတ်လည်ရှိ ဟင်းလင်းပြင်များမှာ ပြိုကျပျက်စီးနေသဖြင့် သူ၏စိတ်အခြေအနေမှာ အလွန်ဆိုးရွားနေကြောင်း သိသာထင်ရှားလှသည်။

မကြာမီပင်။

စုချင်ချိုး၏ "အချိန်ဓားအသိ"အပေါ် နားလည်သဘောပေါက်မှုနှင့် ထိန်းချုပ်နိုင်မှုစွမ်းရည်ဖြင့် ဖြစ်စဉ် အားလုံးကို ပုံဖော်ပြသလိုက်သည်။

သူတို့သုံးဦးက တိတ်တဆိတ် ကြည့်ရှုလိုက်ကြသည်။

ဝမ်ဆန်းကျား၏ အရှေ့တစ်မျိုး၊ အနောက်တစ်မျိုး လုပ်ရပ်များကိုပင် မြင်တွေ့လိုက်ရသည်။ ဧကရာဇ် အပေါ်တွင် မောက်မာစွာဆက်ဆံပြီး အုပ်ချုပ်ရေးမှူးဟွမ်ကို တွေ့သောအခါ ခါးညွှတ်ကာ မျက်နှာချိုသွေးနေပုံ...

"ပညာသင်ကြားပေးတဲ့ကျောင်းမှာတောင် အာဏာအလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားတဲ့ အခြေအနေ ဖြစ်နေတယ်။" လီကွမ်ယန်၏မျက်လုံးများက ပြူးကျယ်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။

"ဒါကြောင့် ဧကရာဇ်က ဒီလောက် ဒေါသထွက်နေတာကိုး။ ဒီတစ်ခါတော့ ပြဿနာကြီးသွားပြီ။ သေချာ မဖြေရှင်းနိုင်ရင် ငါတို့(၃)ယောက် တကယ်ပဲ ရာထူးကနေနုတ်ထွက်ပြီး အိမ်ပြန်ရတော့မယ်။" လင်းလုက ခါးသက်သက်ဖြင့် ပြောလိုက်သည်။

စုချင်ချိုးက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။

"တိုင်းပြည်ကိုစတင်တည်ထောင်ခါစ အကျပ်အတည်းတွေကို လုံးဝမကျော်ဖြတ်နိုင်သေးခင်မှာပဲ မဟာကျင်းရဲ့ပြည်တွင်းမှာ ရှုပ်ထွေးမှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီ။ သွေးမြေကျတိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တွေရဲ့ သွေးတွေတောင် လုံးဝမခြောက်သေးဘူး။ သူတို့က ဒီလို လုပ်ရဲတယ်..."

"ဝမ်ဆန်းကျားကို စံနမူနာထားပြီး ဒီလိုမျိုး တခြားအမှုတွေကိုလည်း ဖော်ထုတ်ကြမယ်။ အားလုံးကို သတ်ပစ်မယ်။ ကျန်တဲ့သူတွေကြောက်သွားအောင် လုပ်ရမယ်။ သွေးချောင်းစီးတဲ့အထိ သတ်ပစ်ရမယ်။"

"ဟွမ်ချွန်းချိုးကိုတော့ မသိနားမလည်တဲ့အခြေအနေမှာ ဖြစ်ခဲ့တာကို ထောက်ထားပြီး အုပ်ချုပ်ရေးမှူး ရာထူးကနေ ဖယ်ရှားမယ်။ နယ်စပ်ကိုပို့ပြီး (၁၀)နှစ် တာဝန်ထမ်းဆောင်ခိုင်းမယ်။"

လင်းလုနှင့်လီကွမ်ယန်တို့က အသီးသီး ခေါင်းညိတ်လိုက်ကြသည်။ "ကောင်းပြီ။"

ဤသို့ဖြင့် ကြီးမားကျယ်ပြန့်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး စစ်ဆင်ရေးကြီး စတင်ခဲ့သည်။ နေ့စဉ်နှင့်အမျှ လူများစွာ ထောင်ကျနေပြီး ဈေးတံခါးဝတွင် ကွပ်မျက်ခံရမည့်သူများ တန်းစီနေကြသည်။

မူလတန်း ကျောင်းသားများ၏ ရန်ပွဲလေးမှတစ်ဆင့် စတင်ခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး စစ်ဆင်ရေးကြီးသည် လူပေါင်းများစွာကို သေတွင်းသို့ တိုက်ရိုက် ပို့ဆောင်သွားခဲ့တော့သည်။

…

All Chapters