← Chapters

အခန်း ၄၀၁

Vol. 28 Ch. 401

အခန်း ၄၀၁

Vol. 28 Ch. 401

အပိုင်း(၄၀၁) ကိုယ်ပိုင်ကျောင်း၊ ဆရာအဖြစ်တာဝန်ယူခြင်း

အချိန်များ အလျင်အမြန် ကုန်ဆုံးသွား၏။

နောက်ထပ် (၃)နှစ် ထပ်မံကုန်ဆုံးသွားပြီး (၁၀)နှစ်တာ အချိန်ရောက်ရန် တစ်နှစ်ပင် မလိုတော့ပေ။

မဟာကျင်းတိုင်းပြည်က ပိုမိုအင်အားကြီးမားလာပြီး နယ်မြေအတွင်း ဂိုဏ်းများ၊ မိသားစုများ အများအပြား ပေါ်ပေါက်လာကာ ပညာရပ်မျိုးစုံထွန်းကားသော အခြေအနေမျိုး ဖြစ်လာသည်။

ကျောင်းစနစ်ကို နေရာအနှံ့ ဖြန့်ကျက်ထားပြီး သာမန်လူတိုင်း ကျောင်းတက်နိုင်ရန်၊ ကျင့်ကြံခြင်း လမ်းကြောင်းနှင့် ထိတွေ့ခွင့်ရအောင် ကြိုးစားထားသည်။ ယခုနှစ်များအတွင်းတွင် တောရိုင်းမြေတစ်ခုလုံးက ကျောင်းအရေအတွက်က သောင်းချီကျော်လွန်သွားလေပြီ။ အနိမ့်ဆုံးမှ အမြင့်ဆုံးကျောင်းများအထိ အကုန်ရှိ၏။ အရည်အချင်းရှိလျှင် ဆင်းရဲသောမိသားစုမှ ကလေးများပင် အဆင့်မြင့်ကျောင်းများကို တက်နိုင်သော မျှော်လင့်ချက် ရှိလေသည်။

လွန်ခဲ့တဲ့(၃)နှစ်က ဧကရာဇ်၏အမျက်ဒေါသကြောင့် တောရိုင်းမြေအတွင်းမှာ အုပ်စုဖွဲ့လာဘ်စားခြင်းကို နှိမ်နင်းခဲ့ပြီးကတည်းက အခြေအနေအများအပြား ကောင်းမွန်လာခဲ့သည်။

မဟာကျင်းမြို့တော်။

ပစ္စုပ္ပန်ကျေးရွာ။

ရွာထိပ်က ကုက္ကိုလ်ပင်အောက်မှာ ပုံပြင်ပြောသူက နေရာယူထားပြီး ရှေ့တွင်တော့ ကလေးများ ထိုင်နေကြသည်။ သူတို့အားလုံး မဟာကျင်း၏ အဓိကအရေးကြီးသော အသိုင်းအဝိုင်းမှ ကလေးများချည်းပင်။ ထိုအထဲတွင် ကောင်းကင်ထောက်တိုင်နယ်ပယ်ကျင့်ကြံသူ လုချင်းလျိုရဲ့ သားအကြီးဆုံး၊ ဝန်ကြီးချုပ် ကျန်းစန်းဟိုင်၏ မြေးအငယ်ဆုံး၊ စစ်သူကြီး ချင်းဖုန်းဟော်ရဲ့ မြေးမလေးအငယ်ဆုံးတို့ ပါဝင်သည်။

နောက်ထပ် အရေးကြီးဆုံးလူတစ်ယောက်လည်း ပါသေးသည်။ ဧကရာဇ်ရဲ့ တစ်ဦးတည်းသော သမီးလေးပင်။

ကလေးများက ပစ္စုပ္ပန်ရွာတွင်သာ ကြီးပြင်းလာကြသည်။ လောကတွင် အခွင့်အရေးအများဆုံး ရနိုင်သောနေရာတွင် နေနေကြသည်ကို ကိုယ်တိုင်မသိကြသလို ဤရွာက မည်ကဲ့သို့ အဆင့်အတန်းမျိုးတွင် ရှိနေကြောင်းကိုလည်း မသိကြပေ။ သာမန်ရွာသားများလို ပုံစံပေါက်နေသောသူများက တကယ်တမ်း မည်သူများ ဖြစ်ကြသည်ကို ပို၍ပင် မသိကြပေ။။

ပစ္စုပ္ပန်ကျေးရွာနှင့်ပတ်သက်သော ကိစ္စတော်တော်များများကို လူကြီးများက တမင်သက်သက် ဖုံးကွယ်ထားကြသည်။ ကလေးများကို မာန်မာနမရှိဘဲ၊ တည်ငြိမ်အေးချမ်းသောစရိုက်မျိုးရအောင် ပျိုးထောင်ချင်၍ပင်။ သူတို့ကို မဟာကျင်းတိုင်းပြည်၏ အနာဂတ် မဏ္ဍိုင်များအဖြစ် ပျိုးထောင်နေခြင်းဖြစ်ရာ သီးသန့်ပညာရေးစနစ် လိုအပ်ပေသည်။

"အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က မဟာကျင်းတိုင်းပြည်နဲ့ သေရေးရှင်ရေးတိုက်ပွဲဖြစ်တော့ အတ္တကင်းမဲ့ဗုဒ္ဓက စစ်ပွဲကိုစတင်ခဲ့တယ်။ ဧကရီနဲ့ ဘုန်းကြီးအိုက စကြဝဠာထဲမှာသွားပြီး သေရေးရှင်ရေး တိုက်ပွဲဝင်ကြတယ်။ အဲဒီအချိန်မှာ ဧကရာဇ်က ကောင်းကင်ပြည်နယ်မှာ မွှေနှောက်နေပြီး မိသားစုကြီး(၅)ခုကို ပြိုကွဲလုနီးပါးဖြစ်အောင် လုပ်နေတာ။ တောရိုင်းမြေမှာ ပြဿနာရှိနေတာကို ရုတ်တရက် အာရုံခံမိတော့ ချက်ချင်း ပြန်လှည့်လာခဲ့တယ်။"

"ဘယ်သူ ထင်မလဲ၊ အဲဒီအချိန်မှာတင်။"

"အဆုံးအစမရှိတဲ့ ပင်လယ်ရေပြင်မှာ နတ်ဘုရား(၅)ပါးက လမ်းပိတ်ထားတယ်။ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက ပေါ်ပေါက်လာခဲ့တာဖြစ်ပြီးတော့ ပထမဆုံး လူသားဧကရာဇ်နဲ့ တည့်တည့် တိုက်ခိုက်ခဲ့ဖူးတယ်။ နည်းနည်းလေး အားနည်းသွားလို့ ရှုံးနိမ့်သွားခဲ့တာ။ အခု ပြန်ပေါ်လာတော့ ပထမဆုံး ပစ်မှတ်က မဟာကျင်းပဲ။"

"ဧကရာဇ်က ချက်ချင်း ဒေါသထွက်သွားပြီးတော့..."

"နောက်ဆက်တွဲဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်မလဲ နောက်တစ်ပိုင်းမှ ဆက်နားထောင်ကြတာပေါ့။"

ပုံပြင်ပြောသူက တမင်သက်သက် အရှိန်သတ်လိုက်ပြီး နေရာသိမ်းရန် ပြင်လိုက်သည်။ ထိုအချိန်တွင် လက်မြန်ခြေမြန်လုပ်မှ ရပေမည်။ မဟုတ်လျှင် အရိုက်ခံရနိုင်၏။

ထင်သည့်အတိုင်းပင်။

ကလေးများက မကျေမနပ်ဖြစ်သွားကြပြီး ပုံပြင်ပြောသူကို အဆုံးထိပြောပြရန် ဆူညံပွက်လောရိုက် တောင်းဆိုကြတော့သည်။

ရုတ်တရက်။

ပစ္စုပ္ပန်ကျေးရွာ၏ အလယ်ဗဟိုရှိ တောင်ကုန်းလေးပေါ်မှ ခေါင်းလောင်းသံလေး ထွက်ပေါ်လာသည်။

ပုံပြင်ပြောသူက လွတ်မြောက်သွားသလို ခံစားလိုက်ရပြီး အမြန်ပြောလိုက်၏။

"ကျောင်းတက်ချိန် ရောက်ပြီဟေ့။ မြန်မြန်သွားကြတော့။ မဟုတ်ရင် ဆရာ့ဆီကနေ ကြိမ်လုံးနဲ့ အရိုက်ခံရမယ်နော်"

"ဟူး..."

ကလေးတွေက မတတ်သာဘဲ သက်ပြင်းချလိုက်ကြသည်။

အသွက်ဆုံးအရွယ်တွင် စာသင်ခန်းထဲ ပိတ်လှောင်ခံရခြင်းက တကယ့်ကို နှိပ်စက်ခံရသည်နှင့် အတူတူပင်။

သို့သော် ဆရာ၏ တင်းကျပ်သောစရိုက်ကို တွေးမိသောအခါ လုံးဝမသွားချင်ပေမယ့်လည်း အမြန်ဆုံး အပြေးအလွှား သွားရတော့သည်။

တစ်ယောက်တည်းသာ ချွင်းချက်ရှိသည်။ သူက အနည်းငယ် ကလေးဆန်နေသေးသော်လည်း သွားဖြူဖြူ၊ မျက်ခုံးလှလှနှင့် မိန်းကလေး တစ်ယောက်ပင်။ သူ၏မျက်လုံးထဲတွင် ဖုံးကွယ်မရသော ပျော်ရွှင်မှုများ ရှိနေပြီး အမြန်ထရပ်ကာ တောင်ပေါ်ကို အပြေးအလွှားတက်သွား၏။

တစ်ယောက်က နားမလည်စွာဖြင့် မေးလိုက်သည်။

"သူက ဘယ်သူလဲဟင်။ ဘာလို့ ကျောင်းတက်ရတာကို အဲဒီလောက် ပျော်နေရတာလဲ။"

လီကျိရှန်က လက်နှစ်ဖက်ကို ရင်ဘတ်တွင်ပိုက်ထားပြီး အေးဆေးစွာ ပြောလိုက်သည်။ "ဆရာ့ရဲ့ သမီးလေ။ အရင်နှစ်တွေက အပြင်မှာ ကျောင်းသွားတက်နေတာ။ လွန်ခဲ့တဲ့ (၂)ရက်ကမှ ကျောင်းပြီးသွားတာ။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ တောရိုင်းမြေ အထက်တန်းကျောင်းရဲ့သင်ခန်းစာတွေကို အကုန်သင်ပြီးလို့ စောစောကျောင်းပြီးသွားတာတဲ့။"

ထိုစကားကို ကြားသောအခါ လူအများက လေပူကို ရှူသွင်းလိုက်ပြီး အံ့အားသင့်သွားကြသည်။

"ဟူး။"

"ပညာတတ်အသိုင်းအဝိုင်းကတော့ တကယ်ကို ကွာတာပဲ။ မွေးလာတဲ့ကလေးတွေက ငယ်ငယ်ကတည်းက ဉာဏ်ကောင်းကြတယ်။ ငါ့အဘိုးလို မဟုတ်ဘူး၊ နေ့တိုင်း နွားလှည်းမောင်းပြီးတော့ လယ်ထွန်နေတာ။ ဘာတွေထွန်နေမှန်းကို မသိဘူး။ တစ်နေ့ကို အကြိမ်(၈၀၀)လောက် ထွန်နေတာ။ နှစ်တိုင်းလည်း အသီးအနှံက နည်းနည်းလေးပဲ ရတယ်။" ခေါင်းကြီးကြီးနှင့် ကလေး တစ်ယောက်က အားကျစွာ ပြောလိုက်သည်။

လီကျိရှန်းက ဘေးဘက်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"မင်းနာမည်က ချင်း၊ နာမည်အပြည့်အစုံက ချင်းကျန့်ယဲ့။ မင်းအဘိုးက ချင်းဖုန်းဟော် ဟုတ်လား။"

ချင်းကျန့်ယဲ့ ခေါင်းညိတ်လိုက်ပြီး လူအုပ်နောက်ကိုလိုက်ရင်း နှပ်ချေးကိုသုတ်ကာ ပြောလိုက်သည်။

"ဟုတ်တယ်လေ။ မင်းက ပစ္စုပ္ပန်ကျေးရွာမှာ အရင်ကတည်းကရှိနေတာ ငါမှတ်မိပါတယ်။ ဘာလို့ ငါ့နာမည်ကိုတောင် သေချာမမှတ်မိရတာလဲ။"

လီကျိရှန်းက ခေါင်းကုတ်ပြီး အားနာစွာ ပြုံးလိုက်သည်။

"ဘာလို့လဲတော့ ငါလည်း မသိဘူး။ မှတ်ဉာဏ်တွေအများကြီး မေ့သွားတယ်။ ဘဝတစ်ခုကို ပြန်လည် ဖြတ်သန်းနေရသလိုပဲ။"

ထိုစကားကိုကြားသောအခါ ချင်းကျန့်ယဲ့က လီကျိရှန်း၏နဖူးကို လက်နှင့်စမ်းကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဖျားတော့ မဖျားပါဘူး။ ဘာလို့ ဂယောင်ဂတမ်းတွေ ပြောနေတာလဲ။"

မကြာခင်မှာပင် လူတစ်စုလုံးက တောင်ထိပ်ကို တစ်မိနစ်အတွင်း ရောက်သွားကြသည်။

တောင်ထိပ်တွင် ရိုးရှင်းသော ကိုယ်ပိုင်ကျောင်းလေး တစ်ကျောင်းသာ ရှိသည်။ ရွှံ့နှင့်လုပ်ထားသောနံရံ၊ သက်ကယ်မိုးထားသော အမိုးနှင့်ပင်။ ကျယ်ဝန်းသောခြံထဲတွင်တော့ ကြက်များ ဘဲများ မွေးထားသေးသည်။ သူတို့ဥသောဥများက ကလေးများကို အာဟာရ ဖြည့်တင်းပေးရန် အကောင်းဆုံး အစားအစာများပင်။

မှန်ပေသည်။

ပစ္စုပ္ပန်ကျေးရွာ၏ တစ်ခုတည်းသော ကိုယ်ပိုင်ကျောင်းက ပိုက်ဆံမယူသည့်အပြင် ကလေးများအတွက် ထမင်းပါ အလကားကျွေးပါသေးသည်။

ထိုကြက်များ ဘဲများက ဆူညံပွက်လောရိုက်နေသော ကလေးများ စာသင်ခန်းထဲ ဝင်လာသည်ကို စွေကြည့်ပြီး သူတို့၏မျက်လုံးထဲတွင် လူများလိုပင် စိတ်ရှုပ်သောအရိပ်အယောင်များ ပေါ်နေသည်။

ချင်းကျန့်ယဲ့က စာသင်ခန်းထဲမဝင်ခင် နောက်လှည့်ပြီး ကြက်ခြံ ဘဲခြံကို ကြည့်လိုက်သောအခါတွင် မျက်စိလျင်စွာဖြင့် အဖြူရောင်တစ်ခုကို တွေ့လိုက်ရ၍ မျက်လုံးများ တောက်ပသွား၏။

ဟိုး။

ဥ ထပ်ဥပြန်ပြီ။ နေ့လယ်စာကတော့ သေချာပေါက် ကြက်ဥထမင်းကြော်နဲ့ ဘဲဥပေါင်းပဲ ဖြစ်ရမယ်။ ပြီးတော့ ဟင်းသီးဟင်းရွက်နဲ့ အသားလည်း နည်းနည်းပါဦးမယ်။

ကြက်များ ဘဲများက ချင်းကျန့်ယဲ့ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်။ ခြေသည်းများကို လက်သီးဆုပ်သလိုလုပ်ပြီး မြေကြီးကို ပြင်းပြင်းထန်ထန်တစ်ချက် ထုလိုက်၏။ မြေကြီး ဘာမှမဖြစ်သော်လည်း နေရာလွတ်ကတော့ တစ်စစီ အက်ကွဲသွားသည်။

၎င်ကိုမြင်သောအခါ ချင်းကျန့်ယဲ့ လန့်သွားပြီး နောက်ကိုယိုင်ကျသွားကာ အိပ်ပျော်နေသော ခွေးဝါကြီး တစ်ကောင်ကို တက်နင်းမိသွား၏။

"ဝုတ် ဝုတ် ဝုတ်။" ခွေးဝါကြီးက နာသွား၍ လန့်နိုးလာပြီး ထထိုင်ကာ ဒေါသတကြီး ဟောင်တော့သည်။

တစ်ခဏချင်းမှာပင် ကျောင်းတစ်ခုလုံး ဆူညံသွားတော့သည်။

ချင်းကျန့်ယဲ့က လန့်ပြီး စကားထစ်သွားကာ ကြက်ခြံကို လက်ညိုးထိုးပြီး ပြောလိုက်သည်။ "ဟို ကြက်၊ ဟိုကြက်က မိစ္ဆာဝင်ပူးနေပြီ။"

ကျန်းဟောင်က နောက်လှည့်ကြည့်ပြီး ရယ်မောလိုက်သည်။

"ကြက်တွေ ဘဲတွေက သူတို့ခြံထဲမှာ အေးဆေးနေနေတာကို ဘယ်လိုလုပ် မိစ္ဆာဝင်ပူးရမှာလဲ။ မင်းက သူတို့ကိုချက်စားချင်လို့ အကြောင်းပြချက်ရှာနေတာ မဟုတ်လား။"

ထိုစကားလည်းကြားရော စာသင်ခန်းထဲမှ ကလေးများက တံခါးဝတွင် ပြုံကြည့်ပြီး အကုန်လုံး ရယ်မောကြတော့သည်။

ချင်းကျန့်ယဲ့က မျက်နှာနီရဲသွားပြီး စကားမပြောတတ်အောင် ဖြစ်သွားသည်။

တကယ်တမ်း သူက အမှန်တကယ်ပင် ထိုသို့တွေးဖူးသည်။ ကြက်ဥ ဘဲဥများ၏ အရသာက အရမ်းကောင်းလွန်း၍ တခြားမည်သည့်ဟင်းလျာနှင့်မှ မလဲနိုင်ပေ။ ကြက်သား ဘဲသား၏ အရသာကတော့ ပို၍တောင် စိတ်ကူးကြည့်မရအောင် ကောင်းပေမည်။ မည်သူကများ ထိုအရသာကို မမက်မောဘဲ နေမည်နည်း။

"ငါ မလိမ်ဘူး။ မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတာ။ ဟိုကြက်မက လက်သီးဆုပ်ပြီး နေရာလွတ်ကိုတောင် ပြိုကျအောင် ထုလိုက်တာ။"

"မယုံရင် ကြည့်လိုက်။"

"အယ်။"

ပြောရင်းနှင့် ချင်းကျန့်ယဲ့က လက်ညိုးထိုးပြလိုက်သော်လည်း ကြက်မကြီးက ခြံထဲတွင် တည်ငြိမ်စွာ ထိုင်နေပြီး ချင်းကျန့်ယဲ့ကို စွေကြည့်နေတယ်။ ကြက်မျက်လုံးထဲတွင် လူများလိုပင် မထီမဲ့မြင် လှောင်ပြောင်သော အရိပ်အယောင်များ ပေါ်နေသည်။ ထိုခံစားချက်များက တစ်စက္ကန့်လေးသာ ပေါ်လာပြီး ပျောက်သွား၍ ချင်းကျန့်ယဲ့ တစ်ယောက်တည်းသာ မြင်လိုက်ရ၏။

"မင်း... မင်းတို့ ကြည့်လိုက်။" ချင်းကျန့်ယဲ့ အလွန်ပင် လန့်သွားသည်။

ထိုအချိန်မှာပင်။

ပညာရှင်ဝတ်စုံဝတ်ထားတဲ့ ဆရာတစ်ယောက် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာပြီး၊ လက်ထဲကကြိမ်လုံးနှင့် ချင်းကျန့်ယဲ့၏ခေါင်းကို မနာအောင် တစ်ချက်ခေါက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"မြန်မြန်ပြန်ဝင်ပြီး ကျောင်းတက်တော့။"

"မင်းက အမြဲတမ်း ပြဿနာရှာတယ်။ ခဏနေ မနေ့ကပေးထားတဲ့ အိမ်စာကို စစ်မယ်။ မင်းကို အရင်ဆုံး စစ်မှာနော်။"

ချင်းကျန့်ယဲ့ လန့်သွားပြီး ကြက်များ ဘဲများ ကိစ္စကို ချက်ချင်းမေ့ပစ်လိုက်ကာ စိုးရိမ်တကြီးနှင့် စာသင်ခန်းထဲ ဝင်သွားတော့တသည်။

အားလုံး နေရာယူပြီးနောက်။

မိန်းကလေးတစ်ယောက်က ဘေးတွင် တိတ်တဆိတ် ရပ်နေသည်။ စာသင်ခန်းထဲတွင် သူ့အတွက် နေရာ မရှိပေ။ သူက ဆရာကို ပြုံးပြုံးလေးကြည့်ရင်း လက်ကိုအမြန်မြှောက်ပြီး ပြောလိုက်၏။

"ဆရာ၊ သမီးလည်း ကျောင်းပြန်တက်ချင်တယ်။ သမီးကို နေရာလေးတစ်နေရာလောက် စီစဉ်ပေးပါ။"

ဆရာက မတတ်သာသည့်ပုံစံဖြင့် သဘောတူလိုက်ရပြီး သိုလှောင်ရုံထဲကနေ စားပွဲနှင့်ကုလားထိုင် တစ်စုံကို ထုတ်လာကာ ပြောလိုက်သည်။

"ဘယ်သူနဲ့ ထိုင်ချင်လဲ။"

မိန်းကလေးက စာသင်ခန်းကို တစ်ပတ်ဝေ့ကြည့်လိုက်ပြီး သွေးဆူနေသော ကလေးများအားလုံးက စိတ်လှုပ်ရှားစွာဖြင့် လက်မြှောက်ပြီး "ကျွန်တော် ကျွန်တော် ကျွန်တော်။ ကျွန်တော့်ကို ရွေးပါ"ဟု အော်နေသည်။

ပျိုရွယ်သောအရွယ်ဖြစ်ပြီး ထိုမိန်းကလေးကလည်း အလွန်လှပလွန်း၍ နတ်သမီးလေးများပင် အရှုံးပေးရလောက်အောင် ဖြစ်နေသည် မဟုတ်ပါလား။

မိန်းကလေးတချို့ကတော့ မကျေမနပ်နှင့် ပြောကြသည်။

"ဒီကောင်စုတ်လေးတွေနဲ့ သွားမထိုင်နဲ့။ ငါတို့နားမှာ လာထိုင်။"

မိန်းကလေးက ပြုံးပြီး ပြောလိုက်သည်။

"သမီးက ဆရာ့စားပွဲဘေးမှာ တစ်ယောက်တည်း ထိုင်ချင်လို့။ ရမလား။"

ထိုစကားကိုကြားရာ စာသင်ခန်းထဲမှ ကလေးတချို့ စိတ်ပျက်သွားပြီး အားလျော့သွားကြသည်။

"မင်း သဘောပါပဲ။" ဆရာက စားပွဲနှင့်ကုလားထိုင်ကို သူ့စားပွဲဘေးတွင် ချပေးလိုက်ပြီး သူနှင့်ယှဉ်လျက် ထားလိုက်သည်။

"ကဲ၊ တိတ်တိတ်နေကြ။ မနေ့ကပေးထားတဲ့အိမ်စာကို အရင်စစ်မယ်။ အတန်းခေါင်းဆောင်၊ အိမ်စာတွေ ကောက်လိုက်။ စစ်ပြီးရင် စာစသင်မယ်။"

စာသင်ချိန် စသည်နှင့် စာသင်ခန်းထဲတွင် ချက်ချင်း တိတ်ဆိတ်သွား၏။

ဆရာက အမြဲတမ်းပြုံးနေပြီး တစ်ခါမှ ဒေါသမထွက်တတ်ပေမယ့် သူ့ဆီမှ ရည်ရွယ်ချက် ရှိရှိ၊ မရှိရှိ ထွက်ပေါ်လာသော ဩဇာအာဏာကြောင့် ထိုကလေးဆိုးလေးများက ကြောင်ကိုတွေ့သောကြွက်လို တစ်ခွန်းမှ ပြန်မပြောရဲကြပေ။

ငယ်ငယ်ကတည်းက ပုန်ကန်ချင်စိတ် လုံးဝ မရှိခဲ့ပေ။

"ချင်းကျန့်ယဲ့။ ရှေ့ထွက်ခဲ့။ မင်း ဘာတွေ ရေးထားတာလဲ ကြည့်စမ်း။ ရိုးရှင်းတဲ့ သင်္ချာတွက်နည်းကို (၃)နှစ် သင်ပေးတာတောင် တစ်တန်းအဆင့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားကို အကုန်မှားအောင် တွက်ထားသေးတယ်။ အနောက်ကိုသွားပြီး မတ်တပ်ရပ်နေစမ်း။"

"ကျန်းဟောင်။ မင်း ရေးထားတာတွေ အကုန်ကောင်းတယ်။ အတန်းခေါင်းဆောင်ဆိုတဲ့ နာမည်နဲ့ တကယ်လိုက်ဖက်တယ်။ နေ့လယ်ကျရင် ဘဲဥပေါင်းတစ်ပွဲ ပိုကျွေးမယ်"

"လီကျိရှန်း၊ အမှတ်(၁၀၀)မှာ (၈၀)ရတယ်။ သိပ်ကောင်းတယ်။ တိုးတက်မှု အရမ်းမြန်တယ်။"

"သူများကို ကြည့်စမ်း။ ကျောင်းတက်တာ လပိုင်းလေးပဲ ရှိသေးတယ်။ မင်းတို့တွေ နှစ်ရှည်လများ သင်ခဲ့တာကို မီသွားပြီ။ အထူးသဖြင့် ချင်းကျန့်ယဲ့။ ကျောင်းဆင်းရင် သူ့ဆီမှာ သေချာသွားမေး။ ကြားလား။"

စာသင်ခန်းနောက်ဆုံးတွင် မတ်တပ်ရပ်နေရသော ချင်းကျန့်ယဲ့က စိတ်ပျက်လက်ပျက်နှင့် နှုတ်ခမ်းစူလိုက်သည်။

ချီးတဲ့မှ။

တစ်တန်းလုံးမှာ ကျောင်းသား(၄၀) ရှိတယ်။ အဲဒီအထဲမှာမှ (၃၉)ယောက်က ပါရမီရှင်တွေချည်းးပဲ။ ငါတစ်ယောက်တည်း ဉာဏ်ထိုင်းနေတာ။

အဖေနဲ့အဘိုးကိုပဲ အပြစ်တင်ရမှာပေါ့။ စာတစ်လုံးမှ မဖတ်တတ်တဲ့ ရွာသားတွေချည်းပဲလေ။ တခြား ကလေးတွေ ညဘက် အိမ်ပြန်ရောက်ရင် တိတ်တဆိတ် သီးသန့်သင်တန်းတွေ တက်ကြတာ။ ငါ့အိမ်မှာတော့ ပညာတတ်တစ်ယောက်မှ မရှိဘူး။ ဘယ်သူက ဘယ်သူ့ကို သင်ပေးရမလဲဆိုတာတောင် မသေချာဘူး။

"ချင်းကျန့်ယဲ့။ နောက်ဆိုရင် မင်းနဲ့ ကျန်းဟောင်နဲ့ စာသင်အဖွဲ့ ဖွဲ့လိုက်။ ညဘက်ကျရင် ကျန်းစန်းဟိုင ရဲ့ အိမ်မှာသွားပြီးထမင်းစား၊ စာသွားသင်။ ကျန်းစန်းဟိုင်ကိုလည်း မင်းကို အတူတူ သင်ပေးဖို့ ပြောလိုက်။" ဆရာက ရုတ်တရက် ပြောလိုက်သည်။

ချင်းကျန့်ယဲ့ လန့်သွားပြီး ခေါင်းကုတ်ကာ ပြောလိုက်သည်။

"ဒါပေမဲ့... သူ့အိမ်က သဘောတူပါ့မလား။"

"ငါပြောတယ်လို့ ပြောလိုက်ရင် သူ သဘောတူလိမ့်မယ်။" ဆရာက အေးဆေးစွာ ပြောလိုက်သည်။

ချင်းကျန့်ယဲ့၏မျက်လုံးတွေ တောက်ပသွားပြီး ပြောလိုက်သည်။ "ဒါဆိုရင်တော့ အဆင်ပြေတာပေါ့။"

မနက်ခင်း စာသင်ချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။

နေ့လယ်စာစားချိန် ရောက်သောအခါတွင် မီးဖိုချောင်မှ မီးခိုးများထွက်လာပြီး မွှေးပျံ့သောအနံ့များ ထွက်လာသည်။

ကျောင်းသားများက စားသောက်ခန်းထဲဝင်သွားပြီး နေရာယူကာ စောင့်နေကြသည်။

မကြာခင်မှာပင် အသားအရေဖြူဖွေးပြီး မျက်လုံးလှလှနှင့် အမျိုးသမီးတစ်ယောက်က ပန်းကန်ကြီး ပန်းကန်ငယ်များကို ကိုင်လာပြီး ကျောင်းသားများကို လိုက်ဝေပေးသည်။

"ကြက်ဥထမင်းကြော်နဲ့ ဘဲဥပေါင်း တကယ်ပဲဟေ့။ ပြီးတော့... ဒါက ဝက်သား ဖြစ်ရမယ်။" ချင်းကျန့်ယဲ့ အလွန်ပင် စိတ်လှုပ်ရှားနေသည်။

ကိုယ်ပိုင်ကျောင်း၏ ထမင်းဟင်းကို တစ်ခါလောက်စားရလျှင် နတ်စည်းစိမ်နှင့်ပင် မလဲနိုင်ပေ။

ဆရာ၊ ဆရာကတ်ေနှင့် မိန်းကလေးတို့ သုံးယောက်က စားပွဲတစ်လုံးတွင် အတူတူ ထိုင်ကြသည်။

"မေမေ့ရဲ့ ဟင်းချက်လက်ရာက တဖြည်းဖြည်း ပိုကောင်းလာပြီ။ နောက်ထပ်နှစ်အနည်းငယ်လောက် လေ့ကျင့်လိုက်ရင် ဖေဖေ့ကိုတောင် မီသွားနိုင်တယ်။" မုန့်အန်းအန်းက လက်မထောင်ပြပြီး ပါးစပ်ထဲတွင် အပြည့်အသိပ်ထည့်ကာ ပါးစပ်ကြီးဖောင်းနေအောင်စားရင်း ပြောလိုက်သည်။

တုန်းဖန်လျူလီက အလွန်ဘောကျသွားပြီး ကျေနပ်စွာပြုံးရင်း ပြောလိုက်သည်။

"ဒါပေါ့။ မေမေက ကောင်းကင်ဘုံက ပါရမီရှင်ပဲလေ။"

မုန့်ချင်ကျိုးက အပြုံးလေးနှင့် ပြောလိုက်သည်။ "ဒီ(၃)နှစ်လုံး အပြင်မှာ ကျောင်းသွားတက်နေတာ။ အိမ်ပြန်လာတာ သိပ်မရှိဘူး။ အခု ကျောင်းစောစောပြီးသွားပြီဆိုတော့ အိမ်မှာ သေချာလေးနေပါဦး။"

"ဒါပေါ့။ သမီး ကြိုးစားပြီး စာသင်ခဲ့တာက အိမ်မြန်မြန်ပြန်ချင်လို့လေ။ ကျောင်းက အရမ်းကို ပျင်းစရာကောင်းတယ်။ ကလေးဆန်လွန်းတဲ့ ကလေးတွေချည်းပဲ။ ရွံစရာကောင်းတယ်။" မုန့်အန်းအန်းက နှုတ်ခမ်းစူပြီး ပြောလိုက်တယ်။

ထို့နောက်တွင်။

မုန့်အန်းအန်းက တိုးတိုးလေး ပြောလိုက်သည်။ "ဖေဖေ၊ ဒီကြက်တွေ ဘဲတွေက သာမန် မဟုတ်ဘူးနော်။ ဘယ်လိုလုပ်ပြီး နတ်ဆိုးကြီးတွေ ဖြစ်နေရတာလဲ။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက ပြုံးပြီး ဘာမှမပြောပေ။

တုန်းဖန်လျူလီက ၎င်းကို မြင်သောအခါ အသံလွှင့်ပြီး ပြန်ပြောလိုက်သည်။ "နင့်ဖေဖေက နှိမ့်ချပြီး နေချင်တာ။ မေမေ သမီးကို တိုးတိုးလေး ပြောပြမယ်။ အပြင်မှာ မပြောနဲ့နော်။"

"ခြံထဲမှာ ရှိတာတွေအကုန်လုံးက ကောင်းကင်ထောက်တိုင်နယ်ပယ် နတ်ဆိုးကြီးတွေချည်းပဲ၊ တချို့ဆို နတ်ဘုရားသားရဲ သွေးကြောတောင် ပါသေးတယ်။"

ကောင်းကင်ထောက်တိုင်နယ်ပယ် နတ်ဆိုးကြီးတွေ..

"ဘယ်က ရလာတာလဲ။ အရမ်းဇိမ်ကျလွန်းနေပြီ။" မုန့်အန်းအန်း အရမ်းအံ့ဩသွားသည်။

တုန်းဖန်လျူလီက ပြုံးပြီး ပြောလိုက်သည်။ "ဒီနှစ်တွေထဲမှာ တောရိုင်းမြေရဲ့ ကံကြမ္မာအရှိန်အဝါက ပိုပိုပြီး အားကောင်းလာတယ်။ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူတွေ များလာတာနဲ့အမျှ ကန့်သတ်ချက်တွေကလည်း တဖြည်းဖြည်း ကျိုးပေါက်လာတယ်။ မျိုးနွယ်စုပေါင်းစုံရဲ့ မျိုးဆက်တချို့လည်း ကန့်သတ်ချက်ကို ချိုးဖောက်ပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်လာကြတယ်။ အများစုကိုတော့ နင့်ဖေဖေက ဖမ်းလာတာပဲ"

"ဘယ်လိုပဲဖြစ်ဖြစ် ဒီတောင်ပေါ်မှာ လူမဟုတ်တဲ့၊ ပြေးလွှားလှုပ်ရှားနိုင်တဲ့သတ္တဝါတွေ အကုန်လုံးက သာမန်သတ္တဝါတွေ မဟုတ်ဘူး။"

မုန့်အန်းအန်၏ စိတ်အခြေအနေက ပေါက်ကွဲလုမတတ် ဖြစ်သွားပြီး အသံထွက်အော်မိမလိုပင် ဖြစ်သွားသည်။

အိမ်မှာ ဒီလောက်တောင် အခြေအနေကောင်းနေတာကို။ ဘာလို့ ငါ့ကို အပြင်ထုတ်ပြီးတော့ ကျောင်းသွားတက်ခိုင်းရတာလဲ။ အိမ်မှာ စားစရာမရှိတော့လို့ ငါ့ကို အပြင်သွားပြီး ကူညီချွေတာခိုင်းတာလို့ ထင်နေတာ။

အခု ပြန်လာကြည့်တော့မှ အပြင်လောကကြီးကမှ ဆင်းရဲတဲ့နေရာ ဖြစ်နေတာ။ အိမ်မှာက ရွှေတောင် ငွေတောင်တွေ ပိုင်ဆိုင်ထားတာကို။

"ဖေဖေ မျက်နှာလိုက်တယ်။" မုန့်အန်းအန်းက တိုးတိုးလေးပြောပြီး စိတ်ကောက်သွားသည်။

မုန့်ချင်ကျိုးက အေးဆေးစွာ ပြုံးရင်း ပြောလိုက်သည်။

"သမီး နေ့တိုင်း စားသောက်နေတာတွေက သာမန်ပစ္စည်းတွေလို့ ထင်နေတာလား။ (၃)နှစ်အတွင်းမှာ ပင်လယ်လွှမ်းနယ်ပယ် အထွတ်အထိပ်ကနေ လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းကို ခုန်တက်သွားတာက အရင်းအမြစ်တွေ အများကြီး မထောက်ပံ့ပေးဘဲနဲ့ ပါရမီတစ်ခုတည်းနဲ့တော့ မရဘူးလေ။"

ထိုစကားကို ကြားသောအခါမှသာ မုန့်အန်းအန်းက သတိရသွားသည်။ အပြင်တွင် (၃)နှစ်လုံးလုံး ကျောင်းတက်စဉ်က အိမ်သိပ်မပြန်ဖြစ်သော်လည်း စားဝတ်နေရေးအကုန်လုံးကို အစိုးရက ထောက်ပံ့ပေးခဲ့၏။

သို့သော် ထိုအစားအစာများ၊ အရင်းအမြစ်များက ဈေးကွက်ထဲ မရှိသည့်အပြင် ကြည့်ရသည်မှာ သာမန်လိုပင် ထင်ရ၍ ထိုပစ္စည်းများက သိပ်မတန်ဖိုးကြီးဟု ထင်သွားခဲ့သည်။

တုန်းဖန်လျူလီက တိုးတိုးလေး ပြောလိုက်သည်။

"နင့်ဖေဖေက လောဘမကြီးတတ်ဘူးလို့ မထင်နဲ့။ နင့်အတွက်ဆိုရင် နိုင်ငံတော်ဘဏ္ဍာတိုက်ကိုတောင် လုယူတော့မလို ဖြစ်ခဲ့ဖူးတယ်။"

မုန့်အန်းအန်းက ချက်ချင်းပင် ဝမ်းသာမျက်ရည်များ ကျလာပြီး ပါးစပ်တွင် ဆီများပေနေလျက်နှင့် မုန့်ချင်ကျိုး၏မျက်နှာကိုဖက်ပြီး ပြွတ်ခနဲနေအောင် နမ်းလိုက်သည်။

"ရွံစရာကောင်းတယ်။" မုန့်ချင်ကျိုးက တမင်သက်သက် ရွံရှာသောပုံစံလုပ်ပြပြီး လက်ကိုင်ပဝါထုတ်ကာ မျက်နှာကို အတင်းသုတ်လိုက်သည်။

"ဟေ့။"

မုန့်အန်းအန်းက ချက်ချင်းပင် မကျေမနပ်ဖြစ်သွားပြီး ဆန့်ကျင်ချင်စိတ်များ အရမ်းပြင်းထန်လာကာ မုန့်ချင်ကျိုး၏မျက်နှာကိုဖက်ပြီး အတင်းအကျပ် အနမ်းများ ထပ်ပေးတော့သည်။

"အရူးလေး၊ နင့်ဖေဖေ တမင်လုပ်နေတာ။ သူ့အကြံအစည် အောင်မြင်မသွားစေနဲ့။" တုန်းဖန်လျူလီက ချစ်စနိုးနှင့် အပြစ်တင်လိုက်သည်။

မိသားစု(၃)ယောက်က ရယ်မောပျော်ရွှင်စွာဖြင့် နေနေကြသည်။

ညနေကျောင်းဆင်းချိန် ရောက်သောအခါတွင်။

မုန့်ချင်ကျိုးက သမီးနှင့်ဇနီးကို ဘေးတစ်ဖက်စီတွင် ထားထားပြီး နေဝင်ဆည်းဆာကို မျက်နှာမူကာ အိမ်ပြန်လာကြသည်။

"(၃)နှစ်ကျောင်းတက်နေတုန်းက ဖေဖေ သမီးကို မစစ်ဆေးခဲ့ဘူး။ အခု ကျောင်းပြီးပြီဆိုတော့ သမီးရဲ့ ကျင့်ကြံခြင်းကို စစ်ဆေးရမယ်။"

"စမ်းကြည့်လေ။ သမီးက အခု အနည်းဆုံး နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ ဖြစ်နေပြီ။"

ထိုစကားကို ကြားသော်။

လင်မယားနှစ်ယောက်စလုံး သတိလက်လွတ် ဖြစ်သွားကြသည်။

အသက်(၁၀)နှစ်အရွယ် နံနက်ခင်းအလင်းနယ်ပယ်...

ဒါက ဒဏ္ဍာရီပုံပြင်လား။

ငါတို့အိမ်မှာ တကယ်ပဲ သတ္တဝါဆန်းလေးတစ်ကောင် မွေးလာတာပဲ။

...

All Chapters