← Chapters

အခန်း ၄၀၃

Vol. 28 Ch. 403

အခန်း ၄၀၃

Vol. 28 Ch. 403

အပိုင်း(၄၀၃) ဆွေမျိုးများအားလုံးကိုခွဲခွာခြင်း၊ ရှင်ဘုရင်က တကိုယ်တည်း

ကောင်းကင်တာအို နိုးထရန် နှစ်ဝက်သာ လိုတော့သည်။

ထိုနှစ်၏ နွေဦးပေါက်ချိန်။

ဆောင်းနှင်းများအရည်ပျော်သွားပြီး အရာရာတိုင်း ပြန်လည်ရှင်သန်လာကာ သက်ဝင်လှုပ်ရှားနေသည်။

ထိုအချိန်က မဟာကျင်းတိုင်းပြည်မှာ တိုးတက်စည်ပင်နေပြီး လူအများက လူသားဧကရာဇ်ခေတ် ကုန်ဆုံးပြီးနောက် ခေတ်ကောင်တစ်ခု ထပ်မံရောက်ရှိလာပြီဟု ပြောဆိုနေကြသည်။

သို့သော်လည်း။

မဟာကျင်းတိုင်းပြည်၏ အဓိကအရေးပါသည့် ပစ္စုပ္ပန်ကျေးရွာတွင်မူ အလွန်ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

မုန့်ချင်ကျိုးသည် ဧကရာဇ်အဖြစ် ပထမဆုံးအကြိမ်အနေဖြင့် ရွာသူရွာသားအားလုံး အသက်အရွယ်မရွေး ရွာထိပ်ကုက္ကိုလ်ပင်အောက်တွင် စုဝေးရန် အမိန့်ပေးလိုက်သည်။

ကျောင်းရှိကလေးငယ်များမှာ ဘာဖြစ်မှန်း သေချာမသိဘဲ နားမလည်ဖြစ်နေကြသည်။

ချင်းကျန့်ယဲ့က သူ၏အဘိုး ချင်းဖုန်းဟော်ကို မော့ကြည့်ကာ မေးလိုက်သည်။

"အဘိုး၊ ကျွန်တော်တို့ရွာက ကိုယ်ပိုင်ကျောင်းဆရာက အရမ်းကိုစွမ်းတဲ့ပုံပဲ။ စကားတစ်ခွန်းတည်းနဲ့ အဘိုးကို လယ်ထွန်တဲ့နွားလှည်းပေါ်ကနေ ဆွဲချပြီးတော့ ဒီနေရာမှာ လာစုခိုင်းနိုင်တယ်။ အဘိုး သူ့ကို အရမ်း ကြောက်တာလား။"

ချင်းဖုန်းဟော်က သက်ပြင်းချကာ ပြုံးရင်း ပြောလိုက်သည်။

"မင်း ကြီးလာရင် သိလိမ့်မယ်။ ကိုယ်ပိုင်ကျောင်းဆရာက ငါတို့ရွာရဲ့ ဂုဏ်ယူစရာပဲ။"

"အိုး။ နားထောင်ရတာ အရမ်းစွမ်းတဲ့ပုံပဲ။" ချင်းကျန့်ယဲ့က အံ့သြစွာ ပြောလိုက်သည်။

ကျန်းဟောင်က ကျန်းစန်းဟိုင်၏ဘေးတွင် ရပ်နေပြီး မျက်လုံးလှန်ကာ ပြောလိုက်သည်။ "သူက မဟာကျင်းရဲ့ ဧကရာဇ်လေ။ မစွမ်းဘဲ နေမလား။ ငတုံးကောင်။"

ချင်းကျန့်ယဲ့က ခေါင်းကုတ်ကာ မေးလိုက်သည်။ "ဧကရာဇ်ဆိုတာ ဘာလဲ။"

"ငတုံးကောင်။" ကျန်းဟောင်က လှောင်ပြောင်လိုက်သည်။

အဘိုးသွေးကို အမွေဆက်ခံထားပြီး မွေးရာပါ ငတုံးမုန်းတီးရေးရောဂါရှိနေသည့် သူသည် ငယ်ငယ်ကတည်းက ချင်းကျန့်ယဲ့နှင့် အမြဲတမ်း မတည့်ခဲ့ပေ။

ချင်းဖုန်းဟော်က သူ၏မြေးကို ကာကွယ်လိုစိတ်ဝင်လာပြီး ကျန်းစန်းဟိုင်ကို ဒေါသတကြီး စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဧကရာဇ်က ရွာသူရွာသားတွေရဲ့ သရုပ်မှန်ကို မပြောရဘူးလို့ အကြိမ်ကြိမ် မှာထားတာကို မင်းက ဧကရာဇ်ရဲ့အမိန့်ကို လျစ်လျူရှုပြီး မင်းရဲ့မြေးကို ပြောပြလိုက်တယ်ပေါ့"

ကျန်းစန်းဟိုင်က ကျန်းဟောင်နှင့်ဆင်တူသော မထီမဲ့မြင်အပြုံးမျိုးဖြင့် ပြန်ပြောလိုက်သည်။

"မင်းရဲ့မြေးလိုပဲ ငါ့မြေးကလည်း ငတုံးလို့ ထင်နေတာလား။ သူက ပုံပြင်ပြောတဲ့ဆရာရဲ့ ပုံပြင်တွေ၊ စာအုပ်ထဲကသမိုင်းတွေ၊ ရွာထဲက ထူးဆန်းတဲ့အခြေအနေတွေကို ကြည့်ပြီး ကိုယ်တိုင်ခန့်မှန်းသိရှိသွားတာပဲ။"

အဘိုးနှင့်မြေး နှစ်တွဲက ချက်ချင်းပင် ရန်စကားတွေ စတင်လာပြီး တစ်ယောက်ကို တစ်ယောက် မကျေမနပ် ကြည့်နေကြသည်။

ထိုအချိန်မှာပင်။

ပညာရှင်ဝတ်စုံ ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာပြီး ဘေးတွင် မျက်လုံးနီရဲနေသော မိန်းကလေးတစ်ဦးလည်းပါလာကာ လေးနက်စွာဖြင့် ပြောလိုက်သည်။

"အခြေအနေတွေ ပြောင်းလဲသွားပြီ။ ပစ္စုပ္ပန်ကျေးရွာကို လုံးဝပိတ်လှောင်ပြီးတော့ လောကကြီးနဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့ ကျုပ် ဆုံးဖြတ်လိုက်တယ်။"

"အသက်(၁၀၀)အောက်လူတွေက ကျင့်ကြံခြင်းအဆင့် အနိမ့်အမြင့်မရွေး အားလုံး ရွာထဲဝင်ရမယ်။ အသက်(၁၀၀)အထက် ကောင်းကင်ထောက်တိုင်နယ်ပယ်အောက်က ပါရမီအလယ်အလတ်နဲ့အောက်ရှိတဲ့ လူတွေက ပစ္စုပ္ပန်ကျေးရွာကနေ ထွက်သွားပြီးတော့ အစိုးရဆီမှာ မဟာကျင်း အစီအမံတွေကို ထိန်းသိမ်းဖို့ သွားရမယ်။"

ထိုစကားကိုကြားသောအခါ၊ စုချင်ချိုး၊ ဝူတျဲ၊ တွမ့်ယာစသည့် ကောင်းကင်ထောက်တိုင်နယ်ပယ် အားလုံး အပါအဝင် နေရာရှိလူတိုင်း၏မျက်နှာများ ပြောင်းသွားပြီး ထိုသတင်းကြောင့် အလွန်တုန်လှုပ်သွားကြသည်။

ပစ္စုပ္ပန်ကျေးရွာကို ပိတ်လှောင်မယ် ဟုတ်လား။

လင်းလုက အလန့်တကြား အော်ဟစ်လိုက်သည်။ "ဒါဆို ဧကရီကရော။ သူက..."

မုန့်ချင်ကျိုးက အေးစက်စွာ ပြောလိုက်သည်။

"ဧကရီက ကံကြမ္မာရဲ့အထောက်အပံ့ ရထားပြီးတော့ မဟာကျင်းရဲ့အရှင်သခင်ဖြစ်လို့ ပိတ်လှောင်ခံရဖို့ မလိုဘူး။ သူက ချွင်းချက်ပဲ။"

"ကျန်တဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ်တွေကတော့ ကိုယ့်သဘောအတိုင်း ရွေးချယ်နိုင်တယ်။ ပစ္စုပ္ပန်ကျေးရွာမှာ နေရစ်ခဲ့ပြီးတော့ ကောင်းကင်တာအိုရဲ့ ရှင်းလင်းရေးကနေ ရှောင်တိမ်းရင် အသက်ရှင်ဖို့ အခွင့်အလမ်း ပိုများလိမ့်မယ်။ ဒါမှမဟုတ် ပစ္စုပ္ပန် ကျေးရွာကနေ ထွက်ခွာသွားလို့လည်း ရတယ်။"

"ခင်ဗျားးတို့က နှောင်းခေတ်ရဲ့ အမြင့်ဆုံးအဆင့် တိုက်ခိုက်ရေးသမားတွေ ဖြစ်နေပြီမို့လို့ ကိုယ့်ရဲ့ သေဆုံးမှုနဲ့ လွတ်လပ်မှုကို ရွေးချယ်ပိုင်ခွင့်ရှိတယ်။"

ထိုစကားကို ကြားသောအခါ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ရွာထဲမှကလေးများအပါအဝင် ရွယ်တူများထက် နည်းနည်းဉာဏ်နှေးကွေးသော ချင်းကျန့်ယဲ့ပင် ထိုစကားများထဲမှ အန္တရာယ်အငွေ့အသက်များကို ခံစားမိသွား၏။

စုချင်ချိုးက အရင်ဆုံး ပြောလိုက်သည်။

"ကျွန်မက ဧကရာဇ်၊ ဧကရီတို့နဲ့အတူ အတူတူ ဖြတ်သန်းချင်ပါတယ်။ ချင်ချိုးက မဟာကျင်းရဲ့ အရာရှိဖြစ်သလို ရှင်တို့ရဲ့မိသားစုဝင်လည်း ဟုတ်တယ်။ သေရမယ်ဆိုရင်တောင် ဂုဏ်သိက္ခာမဲ့စွာနဲ့ အသက်မရှင်ချင်ပါဘူး။"

ဝူတျဲကလည်း ခေါင်းညိတ်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "ဝူတျဲလည်း ချင်းချိုးနဲ့ သဘောထား တူတူပါပဲ။ သေချင်သေပါစေ ဂုဏ်သိက္ခာမဲ့ အသက်မရှင်ချင်ပါဘူး။"

ကောင်းကင်ထောက်တိုင်နယ်ပယ်အားလုံးက တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလာကြသည်။

သူတို့အားလုံး ပစ္စုပ္ပန်ကျေးရွာတွင်ပုန်းပြီး ဂုဏ်သိက္ခာမဲ့ အသက်မရှင်ချင်ကြပေ။ မျိုးဆက်သစ်များကို ပိတ်လှောင်ထားရုံနှင့် လုံလောက်ပြီဟု ထင်ကြသည်။

သူတို့က လောကနှင့်တိုက်ခိုက်ပြီး ကောင်းကင်နှင့်ယှဉ်ပြိုင်ခဲ့သူများဖြစ်၍ သေမင်းနှင့် အမြဲတမ်း အတူတူရှိနေခဲ့တရာ ကောင်းကင်တာအို ပြန်လည်နိုးထခြင်းက ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ ဂုဏ်သိက္ခာမဲ့စွာ အသက်မရှင်ချင်ကြပေ။

သို့သော် မည်သူ တွေးမိမည်နည်း။

"သေဖို့မကြောက်ဘူးဆိုတာတော့ မရဘူး။" မုန့်ချင်ကျိုးက ခေါင်းယမ်းပြီး ပြောလိုက်သည်။ "နောက်ဆုံး မျှော်လင့်ချက်မီးစလေးအဖြစ် ပစ္စုပ္ပန်ကျေးရွာကို စောင့်ကြည့်ဖို့ လူတစ်ချို့တော့ ကျန်ခဲ့ရမယ်။ တစ်ခါတလေကျ စောင့်ကြည့်ရတာက သေရတာထက်တောင် ပိုပြီးနှိပ်စက်ရာကျတ။ယ်"

"သေရတာ အရမ်းလွယ်ကူပေမယ့် အချိန်အကြာကြီး ခါးခါးသီးသီးနဲ့ ဖြတ်သန်းပြီး မျှော်လင့်ချက် သေးသေးလေးကို စောင့်ရတာက တကယ့်ကို သတ္တိနဲ့ဇွဲလုံ့လ အများကြီး လိုအပ်တယ်။ ဒီအတွက် မင်းတို့ထဲက တစ်ယောက်ယောက်က စွန့်လွှတ်အနစ်နာခံရမယ်"

"ဂုဏ်သိက္ခာမဲ့ အသက်ရှင်တယ်လို့ မပြောနဲ့။ စောင့်ကြည့်သူလို့ ပြောရမယ်။"

"အခု ကျုပ် ပြန်မေးမယ်။ ဘယ်သူတွေက စောင့်ကြည့်သူ လုပ်မလဲ။"

ကလေးများနှင့် မျိုးဆက်သစ်လူငယ်များအားလုံး အသက်ပင် မရှူရဲကြပေ။ အတုံးအဆုံး လူများပင် အခြေအနေ၏လေးနက်မှုကို သိနေကြသည်။

ကောင်းကင်ထောက်တိုင်နယ်ပယ် ဆယ်ဂဏန်းလောက်က ခေါင်းငုံ့ထားကြပြီး အချိန်အတော် ကြာသည်အထိ ဘာအသံမှ မထွက်ကြပေ။

"ကျွန်တော် လုပ်ပါ့မယ်။" တွမ့်ယာက လက်မြှောက်ပြီး ခါးသက်သက်ပြုံးရင်း ပြောလိုက်သည်။ "ဧကရာဇ်မင်းမြတ်၊ ရင်ဘတ်ကိုလက်တင်ပြီး စဉ်းစားကြည့်ပါ၊ အရှင်က ကျွန်တော့်ကို အမြဲတမ်း စောင့်ရှောက်သူ အဖြစ် ပျိုးထောင်ခဲ့တာပါ။ ကျွန်တော့်ရဲ့တည်ရှိမှုက မဟာကျင်းတိုင်းပြည်ရဲ့ နောက်ဆုံးလက်နက်ပဲလို့ အရှင် ပြောခဲ့ဖူးတယ်လေ။"

"ဒါကြောင့် ကျွန်တော်က စောင့်ကြည့်သူ ဖြစ်သင့်ပါတယ်။"

တွမ့်ယာ၏ပါရမီသည် ရှေးခေတ်၊ ယခုခေတ် သမိုင်းတစ်လျှောက်တွင် သာလွန်သူ ဖြစ်သည်။ တုန်းဖန်လျူလီသာ တောရိုင်းမြေ၏ကံကြမ္မာနှင့် မပေါင်းစပ်ခဲ့လျှင် သူက မုန့်ချင်ကျိုးပြီးနောက် နှောင်းခေတ်၏ နံပါတ်တစ်ကျင့်ကြံသူ ဖြစ်နေမည် ဖြစ်သည်။

ကံကြမ္မာတာအိုသည်လည်း တားမြစ်ထားသော တာအိုတစ်ခုဖြစ်ပြီး ကောင်းကင်တာအို၏ အလုပ်ကို လုယူခြင်းနှင့် အတူတူပင်။

ကောင်းကင်တာအို ပြန်လည်နိုးထလာချိန်တွင် သူသည် နယ်မြေနှစ်ခုလုံးတွင် သေဆုံးနိုင်ခြေ အများဆုံးသူ ဖြစ်လာလိမ့်မည်။

လောကကြီးတွင် လက်ရှိသိထားသော တားမြစ်တာအို ကျင့်ကြံသူနှစ်ဦးသာ ရှိသည်။ တစ်ဦးမှာ မဟာကျင်းဧကရာဇ်ဖြစ်ပြီး အခြားတစ်ဦးမှာ တွမ့်ယာပင်။

သို့သော် ဧကရာဇ်သည် ကောင်းကင်နယ်ပယ်ကျင့်ကြံသူဖြစ်ရာ ကောင်းကင်တာအိုနှင့် ရင်ဆိုင်ရလျှင်ပင် အနည်းငယ် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း တွမ့်ယာမှာမူ ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းသာ ရှိသေးသဖြင့် ကောင်းကင်တာအိုအမြင်တွင် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်ပြီး အပြစ်ကြီးသော ပုရွက်ဆိတ် တစ်ကောင် ဖြစ်နေသည်။

ထို့ကြောင့် သူနှင့် ပစ္စုပ္ပန်ကျေးရွာကို အတူတကွပိတ်လှောင်ထားခြင်းက အကောင်းဆုံး အဆုံးသတ်ပင် ဖြစ်သည်။

တွမ့်ယာ ခါးသက်သက် ပြုံးရခြင်း၏ အကြောင်းရင်းမှာလည်း ဤအချက်ကြောင့်ပင်။

ပြိုင်ဘက်ကင်းတာအိုကို ပိုင်ဆိုင်ထားသူတစ်ဦးအနေဖြင့် လောကထဲသို့ ဝင်ရောက်လာကတည်းက ကြီးမားသောတိုက်ပွဲတစ်ပွဲကိုမျှ မတိုက်ခိုက်ရသေးဘဲ ပိတ်လှောင်ခံရတော့မည်ဖြစ်ရာ နောက်ဆုံးရလဒ်က မည်သို့ပင်ဖြစ်စေ သူ နာမည်ကြီးမည့်အခွင့်အရေး မရှိတော့ပေ။

အကယ်၍ အနိုင်ရခဲ့လျှင် လူသားမျိုးနွယ်၏ခေတ်ကောင်းကြီး ရောက်ရှိလာပြီး ပြင်ပအန္တရာယ်များ မရှိတော့ကာ အနည်းဆုံး နှစ်ထောင်ချီကြာအောင် မည်သည့်ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။

အကယ်၍ ရှုံးနိမ့်ခဲ့လျှင် ကောင်းကင်ထောက်တိုင်နယ်ပယ်နှင့်အထက် ကျင့်ကြံသူအားလုံး ရှင်းလင်းခံရမည်ဖြစ်ရာ တွမ့်ယာအနေဖြင့် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။

"အန်းအန်းလည်း ပိတ်လှောင်ခံရမှာလား။" ဝူတျဲက ရုတ်တရက် မေးလိုက်သည်။ အန်းအန်း၏ မျက်လုံးများနီရဲနေသည်ကိုမြင်ပြီး တစ်ခုခုကို ခန့်မှန်းသိရှိသွားခြင်း ဖြစ်သည်။

မုန့်ချင်ကျိုးက ခေါင်းညိတ်လိုက်ပြီး အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ သူလည်း ကောင်းကင်တာအိုရဲ့ ပစ်မှတ်ထားခံလိုက်ရပြီ။"

"ကောင်းကင်တာအိုနိုးထလာတာက ကောင်းကင်ထောက်တိုင်နယ်ပယ်နဲ့အထက် ကျင့်ကြံသူတွေကို ရှင်းလင်းဖို့တင်မကဘူး။ ကောင်းကင်ထောက်တိုင်နယ်ပယ်တက်နိုင်မယ့် အလားအလာရှိတဲ့ မျိုးစေ့တွေကိုပါ ရှင်းလင်းဖို့ပဲ။ မတည်ငြိမ်နိုင်တဲ့ အကြောင်းရင်းအားလုံးကို တစ်ခါတည်း အမြစ်ပြတ် သုတ်သင်ဖို့ လုပ်တာပဲ။"

ဝူတျဲက ပြုံးလိုက်သည်။

"ဒါဆို ကျွန်မလည်း စောင့်ကြည့်သူ လုပ်ပါ့မယ်။ အန်းအန်းက ငယ်ငယ်ကတည်းက ငိုတတ်တဲ့ ကလေးလေး။ ဒီတစ်ခေါက် ပစ္စုပ္ပန်ကျေးရွာနဲ့အတူ လောကနဲ့ အဆက်အသွယ်ဖြတ်ခံရပြီး အဖော်မရှိရင် သူ တနေကုန် ငိုနေတော့မှာပဲ။"

"ဝုတ် ဝုတ် ဝုတ်။"

နေမင်းအရှင်သခင်က ဟောင်လိုက်ပြီး သူက မသေချင်ကြောင်း ပြတ်ပြတ်သားသား ပြသလိုက်သည်။ အချိန်အကြာကြီး ဖြတ်သန်းလာခဲ့တာ၊ ပိတ်လှောင်ခံရတာက ဘာမှ မဟုတ်ဘူး။ အပြင်မှာနေလည်း ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး။

စိတ်ချရတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်တာက ပိုကောင်းတာပေါ့။

အန်းအန်းရှိတဲ့ ရွေးချယ်မှုက အလုံခြုံဆုံး ရွေးချယ်မှုပဲ။

နေမင်းအရှင်သခင်က ထိုသို့တွေးလိုက်သည်။

"နောက်ထပ် ရှိသေးလား။" မုန့်ချင်ကျိုးက မေးသည်။

အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ။

နောက်ထပ် ကောင်းကင်ထောက်တိုင်နယ်ပယ် အယောက်(၂၀)ကျော်က ပစ္စုပ္ပန်ကျေးရွာနှင့်အတူ ပိတ်လှောင်ခံရန် ကိုယ့်သဘောနှင့်ကိုယ် ရွေးချယ်လာကြသည်။

ဆိုလိုသည်မှာ မဟာကျင်းတိုင်းပြည်၏ ကောင်းကင်ထောက်တိုင်နယ်ပယ် တစ်ဝက်ကျော်လောက်က ပစ္စုပ္ပန်ကျေးရွာထဲကို ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြခြင်းပင်။

"ဖေဖေ၊ အန်းအန်းလည်း ဖေဖေ မေမေတို့နဲ့အတူတူ ဒုက္ခတွေကို ဖြတ်သန်းချင်တယ်။ အနောက်မှာ အကာအကွယ်ပေးထားတာမျိုး မနေချင်ဘူး" မုန့်အန်းအန်း၏မျက်ရည်များက တသွင်သွင် စီးကျလာသည်။

မုန့်ချင်ကျိုးက ကိုယ်ကိုကိုင်းပြီး အန်းအန်း၏ခေါင်းလေးကို ပွတ်သပ်ကာ နူးညံ့စွာ ပြောလိုက်သည်။

"သမီးက ဖေဖေနဲ့မေမေရဲ့ အသည်းနှလုံးလေးပဲ။ သမီး ဘေးကင်းလုံခြုံမှ ဖေဖေနဲ့မေမေလည်း စိတ်ချလက်ချ နေနိုင်မှာပေါ့။ မဟုတ်ရင် ရန်သူနဲ့ရင်ဆိုင်ရချိန်မှာ စိတ်တွေလွင့်နေရင် ဒဏ်ရာရဖို့ အရမ်း လွယ်တယ်လေ။"

"အန်းအန်းက လိမ္မာတဲ့ကလေးလေး ဟုတ်တယ်မလား။ ဖေဖေ့ကို ယုံကြည်ပေးပါနော်။ ဖေဖေ၊မေမေ့ကို သေချာကာကွယ်ပေးပြီး သမီးဆီကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်လာခဲ့မယ်။"

"ဒါက သမီးအပေါ် ဖေဖေပေးတဲ့ ကတိပဲ။"

ပြောရင်းနဲ့ မုန့်ချင်ကျိုးက လက်သန်းလေးကိုဆန့်ထုတ်ပြီး မုန့်အန်းအန်း၏ လက်သန်းလေးကို ချိတ်လိုက်သည်။

လက်ချောင်းနှစ်ချောင်းကို ချိတ်ပြီး ခပ်ဖွဖွလေး လှုပ်ယမ်းလိုက်၏။

မုန့်ချင်ကျိုးက ပါးစပ်မှ သီချင်းလေး ညည်းနေသည်။ "လက်ချိတ်ပြီး ဆွဲထားမယ်။ နှစ်(၁၀၀)တိုင်အောင် မပြောင်းလဲဘူး..."

ထို့နောက်မှ မုန့်အန်းအန်းက မျက်ရည်များကြားမှ ပြုံးလာပြီး မျက်လုံးများ တည်ငြိမ်သွားကာ ပြောလိုက်တယ်။

"ဟုတ်ကဲ့။ အန်းအန်းက အရမ်းလိမ္မာပါတယ်။"

"ဖေဖေလည်း အန်းအန်းကို မလိမ်ရဘူးနော်။။"

...

...

ဧကရာဇ်မိသားစုတင် မကပေ။ ကောင်းကင်တာအို၏ဖိနှိပ်မှုကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားသော ရွာသူရွာသားများအားလုံးက မိသားစုဝင်များကို အလွမ်းအဆွေးများနှင့် နှုတ်ဆက်နေကြသည်။

သို့သော် အချိန်က သိပ်မလောလွန်း၍ ကံကောင်းသည်။

မုန့်ချင်ကျိုးက အားလုံးအတွက် အချိန်(၃)ရက် ပေးထား၏။ နောက်ဆုံး အတူတူနေချိန်လေးများနှင့် အဖော်လုပ်ပေးရန်ပင်။ (၃)ရက်ပြည့်လျှင် ပစ္စုပ္ပန်ကျေးရွာကို တရားဝင် ချိပ်ပိတ်တော့မည်ဖြစ်သည်။

ထိုနှစ်ဝက်အတွင်းတွင်။

သူက ကျင့်ကြံအားထုတ်မှု မလုပ်သလို ကိုယ်ပိုင်ကျောင်း သင်ခန်းစာများကိုလည်း ရပ်နားထားသည်။

သူ့စိတ်တစ်ခုလုံးကို "ပစ္စုပ္ပန်ကျေးရွာပြုပြင်ပြောင်းလဲရေး" စီမံကိန်းတွင်သာ နှစ်မြှုပ်ထား၏။

အတွင်းစကြဝဠာက နတ်ဘုရားများကို မြေမြှုပ်သင်္ဂြိုဟ်နိုင်သည့်စွမ်းရည်ရှိကြောင်း ကြည့်ခြင်းအားဖြင့် အချိန်-နေရာလွတ်တာအိုနှင့် တည်ဆောက်ထားတဲ့ကမ္ဘာကြီးက ကောင်းကင်တာအို၏ စုံစမ်းထောက်လှမ်းမှုမှ ကာကွယ်ပေးနိုင်ကြောင်း သိနိုင်သည်။ ထို့ကြောင့် မုန့်ချင်ကျိုးက ပစ္စုပ္ပန်ကျေးရွာကို ကမ္ဘာငယ်လေးတစ်ခု အဖြစ် ပြောင်းလဲရန်ရွေးချယ်ခဲ့ခြင်းပင်။

၎င်းက အလွန်ကြီးမားသောလုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်သည်။ သူသာ ကောင်းကင်နယ်ပယ်နှောင်းပိုင်းကို ခြေချလုနီးပါး မဖြစ်ခဲ့လျှင် နှစ်ပေါင်းထောင်ချီ အချိန်ပေးရလျှင်ပင် ပြီးမြောက်နိုင်မည် မဟုတ်ပေ။

ထိုသို့ဆိုသည့်တိုင် မုန့်ချင်ကျိုးက နေ့ရောညပါ၊ နေ့တိုင်း အင်အားကုန်ခန်သည်အထိ၊ မစားမသောက်ဘဲ နှစ်ဝက်တိတိ လုပ်ဆောင်ပြီးမှသာ ဤအလုပ်ကို အနိုင်နိုင်ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ပစ္စုပ္ပန်ကျေးရွာသည် ကမ္ဘာငယ်လေးတစ်ခုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားပြီ ဖြစ်သည်။

၎င်းကို ပိတ်လှောင်လိုက်သည်နှင့် တစ်ပြိုင်နက် အချိန်-နေရာလွတ် မြစ်ကြောင်းထဲသို့ အလိုအလျောက် နစ်မြုပ်သွားမည်ဖြစ်ပြီး ဤအချိန်-နေရာလွတ်မှ ခွဲထွက်သွားကာ အမှန်တကယ် "လောကနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်း"ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

...

...

ထို(၃)ရက်အတွင်း။

မုန့်ချင်ကျိုးနှင့် တုန်းဖန်လျူလီတို့သည် မုန့်အန်းအန်းကို ခေါ်ဆောင်ကာ ပစ္စုပ္ပန်ကျေးရွာမှ ထွက်ခွာခဲ့ပြီး ပင်လယ်လေးစင်းကို သွားလာကာ တောရိုင်းမြေမှ ကောင်းကင်ပြည်နယ်အထိ လှည့်လည်သွားလာခဲ့ကြသည်။

နေရာအနှံ့မှအစားအစာများ၊ ယဉ်ကျေးမှု ရှုခင်းများကို တစ်ခုပြီးတစ်ခု လေ့လာကြည့်ရှုခဲ့ကြသည်။

မုန့်အန်းအန်း၏အပြုံးသည် တစ်လျှောက်လုံး မရပ်တန့်ခဲ့ပေ။ ၎င်းက သူ့အတွက် မိဘများနှင့်အတူ ပထမဆုံးအကြိမ် ခရီးသွားခြင်း ဖြစ်သည်။

"ဖေဖေ၊ ဖေဖေ အရင်တုန်းက စစ်တိုက်ခဲ့တဲ့နေရာတွေကို သွားကြည့်ချင်တယ်။" မုန့်အန်းအန်းက ရုတ်တရက် အကြံပြုလိုက်သည်။

"ကောင်းပြီလေ။ သမီး သဘောပါ။" မုန့်ချင်ကျိုးက ပြုံးရင်းပြောလိုက်သည်။

ထို့နောက် သူတို့က နတ်သင်္ချိုင်းတောင်တန်းများမှ စတင်ခဲ့ကြသည်။

"ဒီနေရာက အိပ်မက်တွေစတင်ခဲ့တဲ့ နေရာပဲ။ ရှုဘုရင်ကျောက်ယွီဟွမ် ပုန်ကန်မှုစတင်ချိန်မှာ သမီးဖေဖေက ပစ္စုပ္ပန်ကျေးရွာမှာ ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့တာ။ အဲဒီအချိန်တုန်းက ကျောက်ကော်က မကောင်းတဲ့အကြံနဲ့ မြို့တော်ထဲ ခိုးဝင်လာပြီးတော့ ပစ္စုပ္ပန်ကျေးရွာကို ရောက်လာတာ။ ကြက်သွန်မြိတ်လာရောင်းတဲ့သူလို ဟန်ဆောင်ပြီး..." တုန်းဖန်လျူလီက မုန့်အန်းအန်းကို တစ်ခုချင်းစီ ပြောပြနေသည်။

ထိုပုံပြင်များက လျှို့ဝှက်ချက် မဟုတ်တော့သော်လည်း၊ ပုံပြင်ပြောဆရာ တွမ့်ယာက အကြိမ်ကြိမ် ပြောပြခဲ့သော်လည်း။

ထိုအထဲမှ အသေးစိတ် အချက်အလက်တချို့ကိုတော့ လူနည်းနည်းသာ သိကြသည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများမှသာ အသက်ဝင်အောင်ပြောပြနိုင်မည် ဖြစ်သည်။

"ဝိုး။ မေမေက ဖေဖေ့ကို အရင်လိုက်ခဲ့တာ တကယ်ကြီးပဲလား။ အန်းအန်းက ဖေဖေကြွားနေတာလို့ပဲ ထင်ခဲ့တာ။ မေမေ တကယ် စွမ်းတာပဲ၊ သူရဲကောင်းကိုကြည့်တတ်တဲ့မျက်လုံးရှိလို၊ ဖေဖေ့ကို ဧကရာဇ် ဖြစ်လာအောင် သွေးဆောင်နိုင်ခဲ့တာပဲ။" မုန့်အန်းအန်းက ခေါင်းလောင်းလေးမြည်သလို ရယ်မောလိုက်ပြီး ဆက်ပြောလိုက်သည်။

"အန်းအန်းလည်း နောက်ဆိုရင် မေမေ့လို အရမ်းစွမ်းအောင် လုပ်ရမယ်။ သဘောကျတဲ့၊ တကယ့်ကို ယောက်ျားကောင်း တစ်ယောက်ကိုတွေ့ရင် အတင်းအကျပ် အိမ်ပြန်ခေါ်လာမယ်။"

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီ၏မျက်နှာအမူအရာ တောင့်တင်းသွားပြီး မုန့်ချင်ကျိုးကို အမြင်မကြည်သောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

အရင် လိုက်ခဲ့တာ ဟုတ်လား။

သွေးဆောင်တာ။

အတင်းအကျပ် အိမ်ပြန်ခေါ်လာတာ။

မဟာကျင်းတိုင်းပြည်တစ်ခုလုံးမှာ ဒီလိုစကားမျိုးပြောရဲတာ တစ်ယောက်တည်းပဲ ရှိတယ်။

"အဟမ်း... သွားကြစို့။ ညနေစောင်းနေပြီလေ။ အရင်ဆုံး တည်းခိုခန်းရှာပြီး အနားယူကြတာပေါ့။" မုန့်ချင်ကျိုး၏နဖူးတွင် ချွေးစေးများထွက်လာပြီး စကားလမ်းကြောင်း အမြန်လွှဲလိုက်သည်။

တုန်းဖန်လျူလီက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

"ကောင်းတာပေါ့၊ ညကျရင် သေချာရှင်းပြရမယ်။ သွေးဆောင်တာဆိုတာ ဘာလဲ။ အရင်လိုက်တာ ဆိုတာ ဘာလဲဆိုတာကို။"

"ကလေးစကားဆိုတော့ ယုံစရာမလိုပါဘူး။ မင်းက ဘာလို့ တကယ်ကြီး မှတ်နေရတာလဲ။"

...

နောက်တစ်နေ့။

မုန့်ချင်ကျိုးသည် နံရံကိုကိုင်ပြီး ထွက်လာရသည်။ တုန်းဖန်လျူလီက အခန်းနှစ်ခန်း သီးသန့်ကြိုမှာပြီး မုန့်အန်းအန်းကို အခန်းတစ်ခန်းထဲမှာ တစ်ယောက်တည်းထားခဲ့ကာ ညဉ့်နက်ချိန်ကို အခွင့်ကောင်းယူပြီး သေချာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

မနေ့ညအဖြစ်အပျက်ကို ပြန်တွေးရင်း မုန့်ချင်ကျိုးက နောက်ပြန်လှည့် မကြည့်ချင်လောက်အောင်ပင်။

[အရာရှိမုန့်ချင်ကျိုး၊ ငါကိုယ်တော် အမိန့်ပေးတယ်။ အဝတ်အစား ချွတ်စမ်း။ မလုပ်ဘူးလား။ ဒါက အမိန့်ပဲ။ အခုချက်ချင်း ချွတ်စမ်း]

...

[အိုး။ သွေးဆောင်တယ်ဟုတ်လား။ အရင်လိုက်တယ်ဟုတ်လား။ အတင်းအကျပ် အိမ်ပြန်ခေါ်လာတယ် ဟုတ်လား]

...

[ဒါက ဘယ်လောက်ရှိသေးလို့လဲ။ ငါကိုယ်တော်အတွက် အချိန်အရှိန်မြှင့်နယ်ပယ် ဖွင့်စမ်း]

...

[တောင်းပန်လို့လည်း မရဘူး။ ရှင့်ကို သေချာမှတ်မိအောင် လုပ်ပေးရမယ်]

...

အင်အားကြီးတိုင်းပြည်(၇)ခု ပူးပေါင်းပြီး နောက်ဆုံး လျှို့ဝှက်ဓားတားမြစ်နယ်မြေမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကနေ ပြန်စကြတယ်။

"ဒီနေရာက နင့်ဖေဖေ ဓားသူတောင်စင်ဆိုတဲ့ သရုပ်မှန်ကို ပထမဆုံး ထုတ်ဖော်ခဲ့တဲ့နေရာပဲ။ အဲဒီတုန်းက လူတော်တော်များများ အရမ်းလန့်သွားကြတယ်"

ထို့နောက် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကို ဖြတ်သွားပြီး နံနက်ခင်းအလင်းနယ်ပယ် အယောက်(၁၀၀)ကို သတ်ဖြတ်ခဲသည့်နေရာ။

ထို့နောက် အနောက်ဘက်သဲကန္တာရဆီကို ဆက်သွားကြသည်။ ယခုတော့ ထိုနေရာက သစ်ပင်မျာ စိမ်းလန်းနေလေပြီ။ သဲကန္တာရကို လမင်းမျိုးနွယ်စုက ပြုပြင်ပြောင်းလဲပြီးသား ဖြစ်နေပြီ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက် ကုန်ဆုံးသွားလေခဲ့ပြီ။

ကတိပြုထားသောရက် ရောက်လာပြီ ဖြစ်သည်။

ဧကရီနှင့် ဧကရာဇ်တို့က ဦးဆောင်ပြီး ချင်းဖုန်းဟော်၊ ကျန်းစန်းဟိုင်၊ လင်းလု၊ စုချင်ချိုး စသည့် ကောင်းကင်ထောက်တိုင်နယ်ပယ်အားလုံး နောက်မှလိုက်ပါလာကြသည်။

သူတို့က ရွာထိပ်မှလူများနှင့် မျက်ရည်များဖြင့် နှုတ်ဆက်နေကြသည်ကို ကြည့်နေကြသည်။

ဧကရာဇ်၏ ကြီးမြတ်သောပုံရိပ်သည် ကောင်းကင်ကို တက်လှမ်းကာ ကြီးမားလှသော စွမ်းအားဖြင့် ကမ္ဘာငယ်လေးတစ်ခုလုံးကို ပိတ်လှောင်လိုက်ပြီး အချိန်-နေရာလွတ်တာအိုက နဂါးအုပ်ကြီးများအလား ဟိန်းဟောက်နေသည်။

"ပိတ်လှောင်စမ်း။"

ဧကရာဇ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကမ္ဘာဖန်ဆင်းရှင်အလား ကမ္ဘာငယ်လေး၏ နောက်ဆုံး တံခါးပေါက်ကို လုံးဝပိတ်ဆို့လိုက်သည်။

မုန့်အန်းအန်းသည် ကမ္ဘာငယ်လေးထဲ မျက်ရည်များရွှဲနစ်နေပြီး တစ်ခုခုကို အော်ခေါ်နေသော်လည်း အသံတစ်သံမျှ ထွက်ပေါ်လာခြင်း မရှိပေ။

"အန်းအန်း..." ဧကရီသည် ပထမဆုံးအကြိမ်အဖြစ် မျက်ရည်ကျကာ အသံတုန်ယင်နေသည်။

ဤသို့ဖြင့်။

ဧကရာဇ်နန်းတော်၏ အလယ်ဗဟိုတွင်ရှိသောရွာလေးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး မြေလွတ်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ပစ္စုပ္ပန်ကျေးရွာသည် လောကကြီးနှင့် လုံးဝ အဆက်အသွယ်ပြတ်တောက်သွားလေပြီ။

ကောင်းကင်တာအို ပြန်လည်နိုးထမည့်အချိန် ပိုမိုနီးကပ်လာသည်နှင့်အမျှ မဟာကျင်းတိုင်းပြည်၏ တိုက်ခိုက်ရေးစွမ်းအား တစ်ဝက်ခန့် ပိတ်လှောင်ခံလိုက်ရပြီး ကျန်တစ်ဝက်က နောက်ဆုံးပြင်ဆင်မှုများ ပြုလုပ်ကာ ကောင်းကင်တာအို၏ဖိနှိပ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

ဧကရီက နန်းတော်သို့ပြန်လာပြီး ကိစ္စတစ်ခုကို ကြေညာလိုက်သည်။

"ဒီနေ့ကစပြီး အစိုးရအဖွဲ့အစည်းတွေအားလုံး ရပ်တန့်တဲ့အခြေအနေကို ရောက်သွားပြီ။ မဟာကျင်းက ပြည်သူတွေအားလုံး အခုချိန်ကစပြီး ကျရောက်လာမယ့် အမှောင်ညဉ့်အတွက် ပြင်းထန်တဲ့ဆောင်းရာသီကို ဖြတ်သန်းဖို့ ပြင်ဆင်ထားကြ။"

တစ်ခဏချင်းမှာပင် လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။

နန်းတော်ထဲတွင်လည်း ယခင်ကလို ဆူညံပွက်လောရိုက်မှုများ မရှိတော့ဘဲ၊ အစေခံများ၊ သက်တော်စောင့်များ အားလုံးကို ရုပ်သိမ်းလိုက်သည်။

ရွှေရောင်နန်းဆောင်ကြီး။

ဧကရာဇ် ပလ္လင်ပေါ်တွင်။

နဂါးဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ဓားကိုထောက်ကာ ထိုင်နေပြီး ရှုပ်ပွနေသော ဆံပင်များက ဖရိုဖရဲကျဆင်းနေကာ အလင်းရောင်ကင်းမဲ့နေသော မျက်လုံးများဖြင့် တံခါးအပြင်ဘက် ကောင်းကင်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်နေသည်။

"ငါက ကပ်ဘေးကို ရင်ဆိုင်ရမယ့်သူဖြစ်သလို ကပ်ဘေးကိုယ်တိုင်လည်း ဖြစ်တယ်..."

"ကောင်းကင်တာအို။ မင်းက သက်ရှိတွေကို ရှင်းလင်းမှာလား။ ဒါမှမဟုတ် ရှင်းလင်းခံရမှာလားဆိုတာ မသိနိုင်သေးပါဘူး။"

...

All Chapters