← Chapters

အခန်း ၄၀၅

Vol. 28 Ch. 405

အခန်း ၄၀၅

Vol. 28 Ch. 405

အပိုင်း(၄၀၅) ကောင်းကင်တာအို နိုးထလာခြင်း၊ ခေါင်းလောင်းသံ(၉)ချက်

နွေရာသီအချိန် ဖြစ်သော်လည်း နှင်းပွင့်များ တဖွဲဖွဲကျဆင်းနေပြီး အဆက်မပြတ် ရွာသွန်းနေသည်။

နယ်မြေနှစ်ခုလုံးတွင် အဖြူရောင်နှင်းများ ဖုံးလွှမ်းသွားပြီး အဆုံးအစမဲ့ ပင်လယ်ရေပြင်ကြီးမှာလည်း ရေခဲပြင်အဖြစ် ပြောင်းလဲသွားသည်။ ပြည်သူများမှာ အိမ်ထဲမှ မထွက်ရဲကြတော့ဘဲ လမ်းမပေါ်တွင် အအေးဒဏ်ကြောင့် သေဆုံးနေသူများ ရှိနေကာ ထင်းများလည်း မီးရှို့၍ မရတော့ပေ။

နန်းတော်တွင်။

လက်ရှိဧကရာဇ်သည် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါင်းကို ဖွဖွလေး စည်းထားကာ၊ ထူထဲသောဆံပင်မည်းများက ကျောပြင်ပေါ်သို့ ကျဆင်းနေသည်။ ဓားကိုထောက်ကာ မတ်တပ်ရပ်နေ၏။

ရွှေရောင်နန်းဆောင်ကြီးတစ်ခုလုံး မှောင်မိုက်နေပြီး ပင့်ကူအိမ်များ ပြည့်နှက်နေသော်လည်း ခြောက်ကပ် ဟာလာဟင်းလင်းဖြစ်နေခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် နန်းဆောင်တစ်ခုလုံးတွင် အချိန်-နေရာလွတ်မြစ်ကြောင်းများ အမြောက်အမြား ပြည့်နှက်နေသောကြောင့်ပင်။

မဟာတာအိုများက အသံများ ထွက်ပေါ်နေပြီး အချိန်-နေရာလွတ် ပိုးကောင်များအလား တစ်ခုနှင့်တစ်ခု အပြန်အလှန် စားသုံးနေကြသည်။

သူ၏အသက်ရှူသံမှာ တစ်ခါတစ်ရံ နေမင်းကြီးအလား ပူပြင်းပြီး တစ်ခါတစ်ရံ တောင်ကြားကြီးအလား သေဆုံးနေသကဲ့သို့ တိတ်ဆိတ်နေသည်။ တစ်ခါတစ်ရံ အချိန်-နေရာလွတ်မြစ်ကြောင်းများ၏ တန်ပြန် တိုက်ခိုက်ခြင်းကို ခံရပြီး တစ်ခါတစ်ရံ ၎င်းတို့ကို ဖိနှိပ်ထားနိုင်သည်။

ကောင်းကင်တာအို နိုးထလာပေတော့မည်။

ကောင်းကင်ထောက်တိုင်နယ်ပယ်နှင့်အထက် ကျင့်ကြံသူများအားလုံး ရှင်းလင်းခံရမည်ဖြစ်ပြီး ကောင်းကင်နယ်ပယ်မှာလည်း ချွင်းချက် မဟုတ်ပေ။ သို့သော် ဤဖိနှိပ်မှုများမှာ သူ၏အတွက်တော့ ယားကျိကျိ ဖြစ်နေသကဲ့သို့သာ ဖြစ်ပြီး သူ၏ အိပ်မောကျနေသောဝိညာဉ်ကိုပင် မနှိုးဆွနိုင်ပေ။

(၆)လတာ အချိန်အတွင်း။

မုန့်ချင်ကျိုးသည် ကောင်းကင်နယ်ပယ်နှောင်းပိုင်းသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး နတ်ဘုရားတာအို (၁၀)ခုသာ ပြောင်းလဲရန် ကျန်ရှိတော့သည်။

ကောင်းကင်နယ်ပယ်နှောင်းပိုင်းသည် ကျင့်ကြံခြင်းလမ်းကြောင်း၏ အဆုံးသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်ကြောင်း ကိုယ်စားပြုသည်။

မဟာတာအို နတ်ဘုရား သုံးထောင်မှာလည်း ကောင်းကင်နယ်ပယ်အထွတ်အထိပ်သာ ရှိကြသည်။

အချိန်-နေရာလွတ် တာအိုကို ထိန်းချုပ်ထားပြီး နတ်ဘုရားတာအို ရာပေါင်းများစွာကို ပြောင်းလဲကာ ပြီးပြည့်စုံသောကမ္ဘာကြီးတစ်ခုကို တည်ဆောက်ထားသော မုန့်ချင်ကျိုး၏ အစစ်အမှန်တိုက်ခိုက်ရေးစွမ်းအားမှာ ရှေးဟောင်းကောင်းကင်ခုံရုံးရှိ နတ်ဘုရား အများစုထက် အများကြီး သာလွန်နေပြီဖြစ်သည်။

သူက တစ်ကိုယ်ရည်စွမ်းအား၏ အထွတ်အထိပ်တွင် ရပ်တည်နေပြီ ဖြစ်သည်။

တာအို၏အဆုံးသတ်သို့ ရောက်ရှိနေပြီဖြစ်ရာ ရှေ့ဆက်သွားရန်အတွက် "တစ်ခုတည်းသောတည်ရှိမှု"ကို ရှာဖွေပြီး ကန့်သတ်ချက်ကို ချိုးဖောက်ကာ လွတ်မြောက်ရန် လိုအပ်သည်။

ရုတ်တရက်။

ပုစဉ်းရင်ကွဲတေးသံဓားက တုန်ခါသွားပြီး ဓားကိုယ်ထည်ပေါ်တွင် ကပ်နေသော ပင့်ကူအိမ်များ ပြတ်တောက်သွားသည်။

မုန့်ချင်ကျိုးသည် အလင်းရောင်ကင်းမဲ့နေသော မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ရပ်တန့်နေသော နှလုံးခုန်သံက ပြန်လည်မြည်ဟည်းလာကာ သွေးများက စုပ်စက်များအလား တဝုန်းဝုန်း စီးဆင်းလာသည်။

ရွှေရောင်နန်းဆောင်ကြီးတစ်ခုလုံး တစ်ခဏချင်းမှာပင် လင်းထိန်သွားတော့သည်။

သူ၏ ကြီးမားလှသော သွေးသားအားအင်နှင့် အသိစိတ်ပင်လယ်၏ အလင်းရောင်တို့ကြောင့် လင်းထိန်သွားခြင်း ဖြစ်သည်။

သူနိုးထလာသည့် အခိုက်အတန့်မှာပင် ကောင်းကင်တာအို၏ဖိနှိပ်မှုကြောင့် ဖြစ်ပေါ်လာသော ရှုပ်ထွေးမှုများ တစ်ခဏချင်းမှာပင် ဖိနှိပ်ဖြေရှင်းခံလိုက်ရပြီး လှုပ်ရှားနေသော အချိန်-နေရာလွတ် မြစ်များမှာ အတွင်းစကြဝဠာထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။

နန်းဆောင်ထဲတွင် နောက်တစ်ကြိမ် ဟာလာဟင်းလင်းဖြစ်သွားပြီး မုန့်ချင်ကျိုး၏ အနည်းငယ် အက်ကွဲနေသော အသံက ပဲ့တင်ထပ်နေသည်။

"(၁၀)နှစ်တာအချိန် ရောက်ပြီပဲ။"

"လျူလီက တံခါးပိတ်ကျင့်ကြံနေတုန်း။ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြဖို့ ကြိုးစားနေတယ်။ သူက အခု... ကောင်းကင်နယ်ပယ်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။"

မုန့်ချင်ကျိုးက စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး နယ်မြေနှစ်ခုလုံးကို လွှမ်းခြုံသွားကာ ရာသီဥတုများ ကမောက်ကမ ဖြစ်နေသည်ကို သတိပြုမိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

[အချိန်-နေရာလွတ် - နောက်ပြန်ဆုတ်ခြင်း]

အချိန်များ နောက်ပြန်ဆုတ်သွားပြီး နေရာလွတ်က တဖြည်းဖြည်း တည်ငြိမ်လာသည်။

ကျဆင်းနေသော နှင်းပွင့်များမှာ မြေကြီးပေါ်သို့မကျခင် ကောင်းကင်သို့ ပြန်လည်လွင့်တက်သွားပြီး ကမောက်ကမဖြစ်နေသော နေရာလွတ်မှာ ကျောက်ဆောင်တစ်ခုအလား ခိုင်မာသွားသည်။

ပြည်သူများမှာ ပြတင်းပေါက်မှတစ်ဆင့် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် အိမ်ထဲမှထွက်လာကြပြီး တိမ်မည်းများအားလုံး လွင့်စင်သွားကာ တောက်ပသောနေရောင်ခြည် ပြန်လည်ကျရောက်လာသည်ကို ကြည့်ရင်း အံ့သြဝမ်းသာ ဖြစ်သွားကြသည်။

နေရောင်ခြည်က တိုင်းပြည်နန်းတော်ပေါ်သို့ ကျရောက်လာပြီး ရွှေရောင်တောက်ပကာ အလွန် လှပနေသည်။

နတ်ဘုရားများ၏အံ့ဖွယ်ရာတစ်ခုအလားပင်။

"စိတ်ကူးတစ်ချက်တည်းနဲ့ ရာသီဥတုကိုပြောင်းလဲနိုင်တာ။ ဒါ သေချာပေါက် ဧကရာဇ်ရဲ့လက်ရာပဲ။"

"ဧကရာဇ်က ပြည်သူတွေရဲ့ဒုက္ခတွေကို မြင်တွေ့သွားလို့ နိုးထလာပြီး အမှားတွေကိုအမှန်ပြင်ပေးဖို့ ကြိုးစားနေတာပဲ။"

လူများမှာ စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်ကျကြတော့သည်။

နှောင်းခေတ်တွင် နတ်ဘုရားများကို ကျော်လွန်သော တစ်ဦးတည်းသော လူသားအမည်ခံပုဂ္ဂိုလ်မှာ ဧကရာဇ်သာ ဖြစ်သည်။

နတ်ဘုရားများ၏အံ့ဖွယ်ရာ ပေါ်လာသည့် အခိုက်အတန့်တွင် လူများက ဧကရာဇ်ကိုသာ ပထမဆုံး စဉ်းစားမိကြသည်။

ပြည်သူများမှာ နတ်ဘုရားများကို မယုံကြည်ကြတော့ဘဲ ကွန်ဖြူးရှပ်၊ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ သုံးခုစလုံးမှာ အလယ်အလတ်နှင့် အောက်ခြေအဆင့်တွင်သာ ရှိတော့ပြီး ဧကရာဇ်တစ်ဦးတည်းသာ အမြင့်ဆုံး နေရာတွင် ရှိနေတော့သည်။

...

...

မုန့်ချင်ကျိုးက စိတ်အာရုံကို ဆက်လက် ဖြန့်ကြက်လိုက်ရာ၊ မဟာကျင်းတိုင်းပြည်၏ ထက်ဝက်ကျော် သေဆုံးနေသော ကောင်းကင်ထောက်တိုင်နယ်ပယ်ကျင့်ကြံသူများ၊ ရူးသွပ်လုနီးပါးဖြစ်နေသော စုချင်ချိုး၊ နေရာအနှံ့လှည့်လည်သွားလာကာ လက်စားချေမည်ဟု ငိုလိုက်ရယ်လိုက် အော်ဟစ်နေသော ဟွေ့နန်း၊ တမန်တော်တစ်ပါးအလား သန့်ရှင်းစင်ကြယ်သော်လည်း မျက်လုံးထဲတွင် မကောင်းဆိုးဝါးအငွေ့အသက်များ ပြည့်နှက်နေသော ဝူဟွေ့၊ သေခြင်းတရား နယ်နိမိတ်တွင် ရောက်နေပြီး 「ကိုယ်၊ စိတ်၊ ဆန္ဒ」၏ ထောင်ချောက်ထဲတွင် ပိတ်မိနေသော ခူကျင်းတို့ကို တွေ့လိုက်ရသည်။

သူ ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့ဘဲ အနည်းငယ် ရပ်တန့်သွားပြီးနောက် ကောင်းကင်ပြည်နယ်ဘက်သို့ ဆက်လက်စူးစမ်းလိုက်သည်။

ကောင်းကင်ထောက်တိုင်နယ်ပယ်က ပုရွက်ဆိတ်များအလား ဖြစ်သွားပြီး နတ်ဘုရားများ လူ့လောကသို့ ပြုတ်ကျလာခြင်းမှာ ခေတ်ကြီး၏အပြောင်းအလဲများတွင် ရှောင်လွှဲ၍မရသော အဖြစ်အပျက်များ ဖြစ်သည်။

သူက လောကကိုကယ်တင်မည့် ကယ်တင်ရှင် မဟုတ်ပေ။ လူတိုင်း၏အသက်ကို ကယ်တင်နိုင်စွမ်း မရှိသလို မည်သူအသက်ရှင်ပြီး မည်သူသေဆုံးမည်ဆိုသည်မှာ ကိုယ်ပိုင်ကံကြမ္မာအပေါ်တွင်သာ မူတည်သည်။

ကောင်းကင်ပြည်နယ်တွင်လည်း သေရေးရှင်ရေးတွင် ရုန်းကန်နေရသော ကောင်းကင်ထောက်တိုင် နယ်ပယ် ကျင့်ကြံသူများ ရှိနေပြီး ဆောင်းဦးပေါက်ချိန်ရှိ နှံကောင်များအလား ဖြစ်နေသည်။

ရုတ်တရက်။

သူ မှင်သက်သွား၏။

ရွှေရောင်နန်းဆောင်ကြီးထဲရှိ နဂါးပလ္လင်ပေါ်တွင်။

မုန့်ချင်ကျိုးက တိုးတိုးလေး ရေရွတ်လိုက်သည်။ "မင်းက တကယ် အရှုံးမပေးသေးဘူးပဲ။ ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မနဲ့ တစ်သားတည်းဖြစ်သွားအောင် လုပ်လိုက်တယ။"

"အခု မင်းက လူလား။ နတ်ဘုရားလား။ ဒါမှမဟုတ် ကောင်းကင်တာအိုလား။"

"လီတိုင်ယွမ်။ မင်းက ငါ့ကို တကယ် အထင်ကြီးသွားစေတယ်။"

သူ၏ တစ်ကိုယ်ရည်စွမ်းအားများ အထွတ်အထိပ်သို့ရောက်ရှိလာချိန်တွင် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး စိတ်အာရုံဖြင့် ကောင်းကင်ပြည်နယ်ကို စူးစမ်းလိုက်ရာ ရင်းနှီးနေသော အငွေ့အသက်ကို ဝေဝါးစွာ ခံစားမိလိုက်သည်။ နောက်သို့လိုက်လံရှာဖွေကြည့်ရာ လီတိုင်ယွမ်သည် ကောင်းကင်ပြည်နယ်၏ ကံကြမ္မာနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားကြောင်း တွေ့ရှိလိုက်ရသည်။

ယခုအချိန်တွင် လီတိုင်ယွမ်၏ တိကျသောစွမ်းအားကို အကဲဖြတ်၍ မရနိုင်တော့ပေ။

သို့သော် အနည်းဆုံးတော့ ကောင်းကင်နယ်ပယ်ထက် မနိမ့်ပေ။

အရင်က အနည်းငယ် ကလေးဆန်နေသေးသော မိန်းကလေးလေးတစ်ယောက်မှ ယခုလို တစ်ဆင့်ချင်း လျှောက်လှမ်းလာပြီး စစ်မှန်သော စစ်တုရင်ကစားသမားတစ်ယောက်အဖြစ် ပြောင်းလဲသွားကာ ကိုယ်ပိုင် စွမ်းအားနှင့် စစ်တုရင်ခုံပေါ်မှ ရုန်းထွက်နိုင်ခဲ့ခြင်းက တကယ်ကို မလွယ်ကူသော ကိစ္စပင်။

လွန်ခဲ့သော နှစ်အနည်းငယ်က လီတိုင်ယွမ်သည် နဝမမြောက် နန်းဆောင်ပိုင်ရှင်၏ ကိုယ်ခန္ဓာ ငှားရမ်းခြင်းကိုခံရသည့်တိုင် ဘာမှမလုပ်နိုင်ခဲ့သော မိန်းကလေးငယ်လေးတစ်ယောက် ဖြစ်ခဲ့သော်လည်း နှစ်အနည်းငယ်အကြာတွင် ကောင်းကင်ကြည့်ဆောင်၊ မဟာကျင်းဧကရာဇ် အစရှိသော အစွမ်းထက်သူများနှင့် တူညီသောစင်မြင့်ထက်တွင် ရပ်တည်နိုင်သောအရည်အချင်း ရှိလာခဲ့ပြီ ဖြစ်သည်။

ဝေဝါးစွာနှင့် သူက လီတိုင်ယွမ်ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သတိရသွား၏။

[တစ်နေ့နေ့ကျရင် ရှင်တို့လို အမြင့်ဆုံးနေရာကနေ စစ်တုရင်ကစားနေတဲ့သူတွေကို ကျွန်မ လောကထဲ ဆွဲချပစ်မယ်။ ဒီစစ်တုရင်ခုံကြီးကို မှောက်ချပစ်မယ်]

သူက တကယ်ပဲ အဲဒီစကားအတိုင်း လုပ်နေတာပဲ...

အတွေးလေး နည်းနည်းပြောင်းလိုက်ပြီးနောက် မုန့်ချင်ကျိုးက ဆက်လက်၍ အာရုံမစိုက်တော့ဘဲ ကောင်းကင်ကြည့်ဆောင် ဌာနချုပ်ကို ဆက်ပြီး စူးစမ်းလိုက်သည်။

ကျိမိသားစု၏ အိမ်ဟောင်းတွင် ချိတ်ဆွဲထားသော ငွေခေါင်းလောင်းလေးတစ်ခု။

၎င်းက 「စစ်မင်နတ်ဘုရားမြို့တော်」လျှို့ဝှက်နယ်မြေဝင်ပေါက်ဖြစ်ပြီး ရှေးဟောင်းကောင်းကင်ခုံရုံး၏ အပိုင်းအစတစ်ခုလည်း ဖြစ်သလို ကောင်းကင်ကြည့်ဆောင်၏ဌာနချုပ် တည်ရှိရာနေရာလည်း ဖြစ်သည်။

သူ့၏စိတ်အာရုံ ရောက်ရှိသွားသော အချိန်မှာပင်။

ဟင်းလင်းပြင်ထဲမှမျက်နှာတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီ၊ အဝေးမှနေ၍ သူ့ကို "စိုက်ကြည့်"နေ၏။

"ဧကရာဇ်။ အချိန်မကျသေးပါဘူး၊ နည်းနည်းလိုပါသေးတယ်။ ဘာလို့ ဒီလောက်တောင် အလောတကြီး လာစူးစမ်းနေရတာလဲ။" ဟင်းလင်းပြင်မျက်နှာက ပြောလိုက်သည်။

မုန့်ချင်ကျိုးက စိတ်အာရုံမှတစ်ဆင့် အသံတစ်ခု ထုတ်လွှင့်လိုက်သည်။

"ငါ မင်းကို ဘယ်လို ခေါ်ရမလဲ။ 「ယွဲ့」လား၊ 「ရှီး」လား။ ဒါမှမဟုတ် လူသားဧကရာဇ်လို့ ခေါ်ရမလား။"

ဟင်းလင်းပြင်မျက်နှာက အနည်းငယ် မှင်သက်သွားပြီး ထို့နောက် အသံထွက် ရယ်မောလိုက်သည်။

"မင်းက ငါ့ကို လူသားဧကရာဇ်လို့ အမြဲတမ်း ထင်နေခဲ့တာလား။"

"ဂုဏ်ယူရမလား၊ ကြောက်ရမလားတောင် မသိတော့ပါဘူး။ ငါက လူသားဧကရာဇ်နဲ့ယှဉ်နိုင်လောက်တဲ့ အရည်အချင်း ဘယ်မှာရှိလို့လဲ။"

မုန့်ချင်ကျိုးလည်း အနည်းငယ် မှင်သက်သွားသည်။

လူသားဧကရာဇ် မဟုတ်ဘူးလား။

အစပိုင်း သူ အမြဲ ခန့်မှန်းနေခဲ့သည်မှာ လူသားဧကရာဇ် ဒုတိယအကြိမ် ကောင်းကင်ကို တိုက်ခိုက်ပြီး မသေခဲ့ဘဲ နာမည်ဝှက်နှင့် ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်အဖြစ် ပြန်လာခဲ့ည် ဟူ၍ပင်။

သို့သော် ယခုတော့ ငြင်းဆိုသော အဖြေကို ရလိုက်သည်။

"မင်းက ကောင်းကင်ကြည့်ဆောင် ဂိုဏ်းချုပ်လား။"

"ဒါပေါ့။"

...

မုန့်ချင်ကျိုး စကားမပြောနိုင်တော့ပေ။

သူတို့၏ကျင့်ကြံမှုအဆင့်က ဤမျှလောက် မြင့်မားသောအခြေအနေကို ရောက်နေပြီဖြစ်ရာ စကားတစ်ခွန်း ပြောလိုက်သည်နှင့် အမှန်အမှားကို ခွဲခြားသိမြင်နိုင်၏။

ထို့အပြင်။

လူသားဧကရာဇ်က သူ့ကို အမြဲပင် အိုင်ဒေါတစ်ယောက်လို သဘောထားခဲ့သည်။ အကယ်၍ တစ်ဖက်လူက လူသားဧကရာဇ်ဆိုလျှင် ပြန်ဆုံသောအချိန်တွင် ဤသို့စကားပြောပုံမျိုးနှင့်ပြောမည် မဟုတ်သလို ဧကရာဇ်ဟုလည်း ခေါ်မည်မဟုတ်ပေ။

နောက်တစ်ခုမှာ။

တစ်ဖက်လူက ဝါရင့်ကောင်းကင်နယ်ပယ် တန်ခိုးရှင်တစ်ယောက် ဖြစ်ပြီး ကောင်းကင်နယ်ပယ် အထွတ်အထိပ် ဖြစ်နိုင်ခြေများကြောင်း သူ ခံစားသိရှိနိုင်သည်။

ထိုသို့တန်ခိုးရှင်က ကောင်းကင်ကြည့်ဆောင်းဂိုဏ်းချုပ် မဟုတ်ဟုပြောလျှင် မည်သူမှ မယုံပေ။

ချီကျိ၏မှတ်ဉာဏ်များကို လှန်လှောကြည့်တုန်းကလည်း မုန့်ချင်ကျိုးက ရုတ်တရက်ပေါ်လာသော ထိုကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်က ယခုပေါ်လာသောသူနဲ့ တစ်ယောက်တည်းဖြစ်ကြောင် တွေ့ခဲ့ရသည်။

အထောက်အထားအမျိုးမျိုးကို ပေါင်းစပ်ကြည့်လိုက်လျှင် လက်ရှိကောင်းကင်ကြည့်ဆောင်ဂိုဏ်းချုပ်က လူသားဧကရာဇ် မဟုတ်ကြောင်း ရှင်းလင်းစွာ သိနိုင်၏။

ဟင်းလင်းပြင်လူမျက်နှာက ရုတ်တရက် ပြောလိုက်တယ်။

"ဧကရာဇ်က လူသားဧကရာဇ်ရဲ့အမှန်တရားကို စူးစမ်းဖို့လာတာဆိုရင် ငါ သတင်းတစ်ခု အလကား ပေးလိုက်မယ်။"

"ဒီသတင်းက စကားနှစ်လုံးတည်း ရှိတယ်..."

"လူသားဧကရာဇ်က သေသွားပြီ။"

မုန့်ချင်ကျိုးက ချက်ချင်း စိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး ဆက်ပြီးစကားမပြောတော့ဘဲ ခေါင်းကို အနည်းငယ် ငုံ့ထားလိုက်သည်။ ရှေ့မှ ရှုပ်ပွနေသောဆံပင်များက အလင်းရောင်ကင်းမဲ့နေသော မျက်လုံးများကို ဖုံးကွယ်ထား၏။

အဟက်...

သေသွားပြီလား။

မင်းက တကယ်ပဲ သေသွားပြီလား။

ထိုအချိန်မှာပင်။

ကောင်းကင်ယံမှ ကြီးမားကျယ်ပြန့်လှသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ဘုံ ကိုးလွှာကို လွှမ်းခြုံသွားကာ နယ်မြေနှစ်ခုလုံးကို ဖိနှိပ်ထားလိုက်သည်။

ဝုန်း...

ဒေါင်။

ဒေါင်။

ဒေါင်။

...

ခေါင်းလောင်းသံ (၉)ချက် ဆက်တိုက် မြည်ဟည်းသွား၏။

ထိုခေါင်းလောင်းသံက နယ်မြေနှစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီးနောက် တောရိုင်းမြေမှ ပြည်သူများက မဟာကျင်းတိုင်းပြည်၏ ခေါင်းလောင်းသံဟု ထင်နေကြသော်လည်း နားထောင်နေရင်းနှင့် မူမမှန်သည်ကို သတိပြုမိသွားကြသည်။

လူတစ်ယောက်က အလန့်တကြားနှင့် ပြောလိုက်သည်။

"ဒါ... ဒါ လူသားဧကရာဇ်ခေါင်းလောင်းသံနဲ့ တူတယ်။"

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက တောရိုင်းမြေကို စုစည်းတုန်းကလည်း လူသားဧကရာဇ်ခေါင်းလောင်းသံ တစ်ခါမြည်ဖူးတယ်။ ဒါပေမယ့် အဲဒီတုန်းက (၃)ချက်ပဲ မြည်တာ။"

"ဒီတစ်ခါ ဘာလို့ (၉)ချက်တောင် မြည်ရတာလဲ။"

လူသားဧကရာဇ် ခေါင်းလောင်းသံ မြည်လာတယ်။ '

(၉)ဆိုတာက အမြင့်ဆုံး ဂဏန်းပဲ။ သင်္ချာရဲ့ အကန့်အသတ်။

ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားတဲ့ဘေးဒုက္ခကြီး ရောက်လာတော့မယ်ဆိုတာကို ကိုယ်စားပြုနေတယ်။

ထိုတစ်ခဏတွင် သာမန်လူများနှင့် အလယ်အလတ်နှင့် အောက်ခြေအဆင့် ကျင့်ကြံသူများက ဘာမှ မခံစားရသော်လည်း ကောင်းကင်ထောက်တိုင်နယ်ပယ်နှင့်အထက် ကျင့်ကြံသူတွေ၊ သို့မဟုတ် အလွန်ထူးချွန်သော ပါရမီရှင်များက ဖိနှိပ်ခံရ၍ အသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည်။

ဝုန်း။

မဟာကျင်းတိုင်းပြည်၏ ကောင်းကင်ထောက်တိုင်နယ်ပယ် အသစ်တစ်ဦးက ဂူထဲတွင် ခက်ခက်ခဲခဲ တောင့်ခံနေရစဉ် ခေါင်းလောင်းသံထွက်ပေါ်လာသည့်အခိုက်တွင် ရုတ်တရက် ပေါက်ကွဲသေဆုံးသွားခဲ့သည်။ သွေးမျာက မြှားများအလားပန်းထွက်ကာ ဂူကို ဖြိုခွင်းပြီး ကြယ်များကိုပါ ဖောက်ထွင်းသွားခဲ့သည်။

ဓားသခင်မ စုချင်ချိုး၏မျက်လုံးများ နီရဲလာပြီး တာအိုနှလုံးသား လုံးဝညစ်ညမ်းသွားကာ ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားသည်။

စကြဝဠာအပြင်ဘက်။

တစ်နေရာတွင် ကြယ်ရာပေါင်းများစွာဖြင့် တည်ဆောက်ထားသော ကောင်းကင်နှင့် မြေကြီး အစီအရင်ကြီး ပြိုကျပျက်စီးသွားပြီး အလယ်ဗဟိုတွင် တင်ပလ္လင်ခွေထိုင်နေသော ခူကျင်း၏ နောက်ဆုံး စိတ်ဆန္ဒနှင့် ဝိညာဉ်သည် နှလုံးသား၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး ကိုယ်မှာ အသက်ရှင်နေသော်လည်း ဝိညာဉ်မရှိတော့ဘဲ လုံးလုံးလျားလျား ခန္ဓာကိုယ်အလွတ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

"နောက်ဆုံးတော့ ရောက်လာပြီပဲ။"

"ကောင်းကင်တာအို နိုးထလာပြီ။"

စာကြည့်ခန်းထဲတွင် စစ်ရေးဆိုင်ရာ စာလိပ်များကို ရေးသားနေသော ချူရှီရန်သည် သူ၏ခေါင်းထဲရှိ အသိပညာများ အားလုံးကို ကူးယူရေးသားနေသည်။

ခေါင်းလောင်းသံ တစ်ခါမြည်တိုင်း ချူရှီရန်၏စိတ်အာရုံများ ပိုမို ကမောက်ကမ ဖြစ်လာသည်။

သူ နောက်ဆုံးခွန်အားကို အသုံးပြု၍ နောက်ဆုံးစာကြောင်းကို ရေးသားပြီးစီးပြီးနောက် သိုလှောင်ရေး လက်စွပ်ကို ခက်ခက်ခဲခဲထုတ်ယူကာ စားပွဲပေါ်တွင် သပ်ရပ်စွာ တင်ထားလိုက်သည်။ ထိုအထဲတွင် ချူမိသားစု၏ ခေါင်းဆောင်သာ ဆက်ခံခွင့်ရှိသော မဟာမှော်အတတ်များ ပါရှိသည်။ သူ သေနိုင်သော်လည်း ချူမိသားစု၏ ပညာရပ်များ ပြတ်တောက်သွား၍ မဖြစ်ပေ။

ထွီး...

ချူရှီရန်က သွေးအန်လိုက်ပြီး ဆံပင်မည်းများ အဖြူရောင်ပြောင်းသွားကာ ခန္ဓာကိုယ်မှာ ကိုင်းသွားပြီး တဖြည်းဖြည်း အိုမင်းရင့်ရော်လာသည်။ သွေးကြောများထဲရှိ သွေးများမှာ ခန်းခြောက်သွားသကဲ့သို့ ဖြစ်ပြီး အသက်စွမ်းအင်များ အလျင်အမြန် လျော့ကျလာသည်။

သူ မတ်တပ်ရပ်ပြီး တစ်သက်လုံး သူနှင့်အတူရှိနေခဲ့သော လက်နက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

အားကုန်သုံး၍ နည်းလမ်းမျိုးစုံ သုံးသော်လည်း အနက်ရောင်ကြေးခွံများဖြင့် ဖုံးလွှမ်းနေသောလှံမှာ အနည်းငယ်မျှပင် မလှုပ်ရှားပေ။

"ကောင်းကင်နဲ့လူသားရဲ့ ဆုတ်ယုတ်ခြင်း (၅)ပါးလား။"

"တစ်သက်လုံး တိုက်ပွဲဝင်ခဲ့ပြီး နောက်ဆုံးတော့ လှံကိုတောင် မမနိုင်တော့ဘူး။"

"ကောင်းကင်တာအိုရဲ့ ကြီးမားတဲ့ရှင်းလင်းရေးဆိုတာ ဖယ်ရှားရုံတင် မကဘူး။ အပြစ်ပေးတာလည်း ပါသေးတယ်..."

"ရဲရင့်တဲ့ စစ်သူကြီးတစ်ယောက်ကို အိုမင်းမစွမ်း ဖြစ်စေပြီးတော့ အိပ်ရာထဲမှာ သေဆုံးစေတာ။ ဒါက အဆိုးရွားဆုံး သင်ခန်းစာပဲ။"

ချူရှီရန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး မျက်လုံးများစူးရှလာကာ ဓားမြှောင်တစ်လက်ကို ထုတ်ယူပြီး ရင်ဘတ်ထဲသို့ ရုတ်တရက် ထိုးသွင်းလိုက်သည်။

သူသည် ရင်ဘတ်ကိုဖောက်၍ နှလုံးကိုညှစ်ရန် ခွန်အားမရှိတော့ပေ။ ဤနည်းလမ်းဖြင့်သာ ဓားသွားကို နှလုံးထဲသို့ ထိုးသွင်းပြီး 「သေစေနိုင်သောအားနည်းချက်」ကို လှုံ့ဆော်နိုင်တော့မည်။

သို့သော် နှလုံးကိုညှစ်ခြင်းနှင့်ယှဉ်လျှင် နှလုံးကိုထိုးဖောက်ခြင်းက 「သေခြင်းကတ်」ကို တိုက်ရိုက် လှန်လိုက်ခြင်းနှင့် အတူတူပင်။

"ဘိုးဘေး၊ မကောင်းတဲ့သားမြေးကို နောက်တစ်ကြိမ် ခွန်အား ပေးသနားပါဦး။"

"ကျွန်တော် လှံကိုကိုင်ပြီး ကောင်းကင်နဲ့ တစ်ပွဲလောက်တိုက်ခိုက်ချင်တယ်။"

"လွန်ခဲ့တဲ့နှစ်ပေါင်းသောင်းချီက မြှုပ်နှံခံထားရတဲ့သမိုင်းကို ပြန်လှန်ချင်တယ်။"

ချူရှီရန်၏ န္ဓာကိုယ်မှာ တဖြည်းဖြည်း ပြည့်ဖြိုးလာပြီးနောက် အသက်ဝင်လာကာ ကြွက်သားများ တင်းရင်းလာပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်ဖိအားများ ပြန်လည် ထွက်ပေါ်လာသည်။

ငါ့ရဲ့အသက်နဲ့ ကောင်းကင်တာအိုကို ဆန့်ကျင်တိုက်ခိုက်မယ်။

သို့သော် ဤတစ်ကြိမ်တွင် ပြန်လှည့်စရာ လမ်းမရှိတော့ပေ။

သူ စာကြည့်ခန်းထဲမှထွက်လာပြီး ကောင်းကင်ကိုကြည့်ကာ နှုတ်ခမ်းထောင့်တွင် ကြောက်မက်ဖွယ် အပြုံးတစ်ခု ပေါ်လာသည်။ "(၁၀)နှစ်၊ ငါ (၁၀)နှစ်တိတိ စောင့်ခဲ့တာ။"

"လူသားဧကရာဇ်ခေတ် ကုန်ဆုံးသွားတာက မိသားစု(၄)ခုရဲ့ ရင်ထဲက အမြဲတမ်း နာကျင်မှုပဲ။ ဘိုးဘေးက ဘယ်လောက်တောင် ပါရမီရှင် ဖြစ်ခဲ့လဲ။ လူသားဧကရာဇ်နောက်ကို လိုက်ပြီးတော့ ခေတ်တစ်ခုလုံးကို ဖောက်ထွင်းခဲ့တာ။ ဘယ်လိုလုပ် အဆုံးသတ်မရှိဘဲ နေနိုင်မှာလဲ။"

"ဘိုးဘေး အသက်ရှင်သလား သေပြီလားဆိုတဲ့ အမှန်တရားကို ဖော်ထုတ်ရမယ်။။"

...

...

မော့ထုံဂိတ်။

ငရဲပြည်(၁၈)ထပ်၏ အနက်ရှိုင်းဆုံးလှောင်ချိုင့်ထဲတွင်။

ဝူဟွေ့သည် သူ့ကိုယ်သူ ထောင်ချထားသည်။ (၉)ချက်မြောက် ခေါင်းလောင်းသံ အဆုံးသတ်သွားသည့် အခိုက်အတန့်တွင် သူ၏ မျက်လုံးအဖြူသားများ လုံးဝအနက်ရောင် ပြောင်းသွားပြီး သန့်ရှင်းစင်ကြယ်သော သူတော်စင်တစ်ပါးအလား အရှိန်အဝါများ ထွက်ပေါ်နေသည်။

သို့သော် သူ၏မျက်လုံးများမှာမူ နက်ရှိုင်းပြီး အောက်ခြေမမြင်ရသော အနက်ရောင်များ ဖြစ်နေသည်။

"မိစ္ဆာတာအို ကြီးပွားရမယ်။"

"အပြင်ဘက်ကသန့်ရှင်းပြီး အတွင်းဘက်မိစ္ဆာဖြစ်နေတာကမှ မိစ္ဆာရဲ့ အစစ်အမှန်အဓိပ္ပါယ်ပဲ။"

"ဝူဟွေ့..."

"မင်း တကယ်ကို လူမိုက်ပဲ။ အပြင်ကမိစ္ဆာဖြစ်ပြီး အတွင်းကသန့်ရှင်းတဲ့လမ်းကြောင်းကို လျှောက်ခဲ့တာ။ ဒါကြောင့်မို့လို့ နှောင်းခေတ်မှာ ထင်ပေါ်မလာနိုင်ခဲ့တာပေါ့၊ မင်းက အသုံးမကျတဲ့ကောင်ပဲ။"

"အစောကြီးကတည်းက တားမြစ်ချက်တွေထည့်ပြီးတော့ ထောင်ထဲဝင်နေတာ။ မိစ္ဆာ ဖြစ်သွားပြီးရင် ကိုယ်တိုင်ဒုက္ခပေးမှာ ကြောက်လို့လား။ မင်းရဲ့ မိစ္ဆာတာအိုက ဘာအဓိပ္ပါယ်ရှိလဲ။ အရှက်ရရာပဲ။"

ဝူဟွေ့သည် ပိုမိုသန့်ရှင်းစင်ကြယ်လာပြီး လက်ညိုးတစ်ချောင်းထိုးလိုက်ရာ သန့်ရှင်းသော အလင်းရောင်များ ဖြာထွက်လာသည်။

မော့ထုံဂိတ်ရှိ မိစ္ဆာအငွေ့အသက်များနှင့် ရက်စက်သောအငွေ့အသက်များသည် သန့်ရှင်းသော အလင်းရောင်များ ကျရောက်လာချိန်တွင် ရေခဲပေါ် ရေနွေးပူလောင်းချလိုက်သကဲ့သို့ ချက်ချင်း အရည်ပျော် ပျောက်ကွယ်သွားတော့သည်။

ဤသို့ဖြင့်။

မော့ထုံဂိတ်သည် လုံးဝဖျက်ဆီးခံလိုက်ရပြီး လှောင်ချိုင့်မှာလည်း အလိုအလျောက် ပျက်စီးသွားသည်။

မိစ္ဆာအဖြစ် ပြောင်းလဲသွားသော ဝူဟွေ့က ထွက်လာပြီးနောက် အားရပါးရ ရယ်မောလိုက်သည်။ "ကမောက်ကမခေတ်မှာ သူရဲကောင်းတွေ ပေါ်ထွက်လာတာပဲ။ မိစ္ဆာတာအိုက ဧကရာဇ် ဖြစ်ရမယ်။"

"「တစ်ခုတည်းသော တည်ရှိမှု」အကြောင်းကို ငါမသိဘူး ထင်နေတာလား။ ကောင်းကင်တာအို နိုးထလာတဲ့အချိန်က ကန့်သတ်ချက်ကိုချိုးဖောက်မယ့် 「တစ်ခုတည်းသော တည်ရှိမှု」 ပေါ်ထွက်လာမယ့် အချိန်ပဲ။"

"ဒါပေမယ့် အချိန်မလောက်တော့ဘူး..."

"ငါ အမြန်ဆုံး လုပ်ရမယ်။ အမြန်ဆုံး အရှိန်နဲ့ ကောင်းကင်နယ်ပယ်ကိုရောက်အောင် လုပ်ပြီးတော့ အဲဒီ 「တစ်ခုတည်းသော တည်ရှိမှု ကို သွားလုရမယ်။"

"အပြင်ဘက်ကသန့်ရှင်းပြီး အတွင်းဘက်က မိစ္ဆာဖြစ်နေတာ။ သတ်ဖြတ်ခြင်း၊ သက်ရှိတွေရဲ့ သွေးတွေကို စုပ်ယူခြင်းက အမြန်ဆုံးအောင်မြင်နိုင်တဲ့ နည်းလမ်းပဲ"

စကားပြောနေစဉ်မှာပင်။

ဝူဟွေ့သည် မဟာကျင်းမြို့တော်ကို ပစ်မှတ်ထားလိုက်သည်။

ဧကရာဇ်က 「တစ်ခုတည်းသော တည်ရှိမှု」ကို လုယူမည်မှာ သေချာပြီး ဧကရီကလည်း ကောင်းကင်နယ်ပယ်ကိုရောက်ရန် တံခါးပိတ်ကျင့်ကြံနေသဖြင့် သူ့ကို တားဆီးနိုင်မည့်သူ မရှိတော့ပေ။

"ကြည့်ရတာ မဟာကျင်းမြို့တော်က ငါ့ရဲ့ အောင်မြင်မှုအစပြုရာနေရာပဲ။"

ထိုသို့တွေးမိသည်နှင့် ဝူဟွေ့သည် လေထဲသို့ ခြေတစ်လှမ်းလှမ်းကာ မဟာကျင်းမြို့တော်ဆီသို့ လျှောက်သွားလိုက်သည်။

သို့သော် လမ်းခုလတ်တွင် အခြားသူတစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။

ထိုသူက ရဟန်းငယ်လေး တစ်ပါးဖြစ်ပြီး ပါးစပ်မှ ဗုဒ္ဓဘာသာ တရားစာတွေကို အဆက်မပြတ် ရွတ်ဆိုနေကာ တစ်ခါတရံ "ဧကရာဇ်ကိုသတ်မယ်၊ ဧကရာဇ်ကိုသတ်မယ်..." ဟူ၍ ထအော်နေတတ်သည်။

ဧကရာဇ်ကိုသတ်မယ် ဟုတ်လား။

မိစ္ဆာအဖြစ်ပြောင်းလဲသွားသော ဝူဟွေ့က အံ့အားသင့်သွားသည်။ ဒါက ဘယ်လို ဘုန်းကြီးလဲ။ ဘာလို့ ငါ့ထက်တောင် ပိုပြီးကြောက်စရာကောင်းနေရတာလဲ။

ထားလိုက်ပါ။ ရှောင်သွားလိုက်မယ်။

အရင်ဆုံး ကောင်းကင်နယ်ပယ်ကို အမြန်ရောက်အောင် လုပ်ရမယ်။

"နေဦး။"

"မိစ္ဆာ ရှိနေတာလား။"

ဟွေ့နန်းက ရုတ်တရက် အလွန်တည်ကြည်လေးနက်သွားပြီး ဗုဒ္ဓအလင်းရောင်များ စုစည်းကာ ခေါင်းနောက်တွင် အလင်းစက်ဝိုင်းကိုးခု ဖြစ်ပေါ်လာပြီးနောက် အလွန် ခန့်ညားထည်ဝါလှသည်။ သူက ဝူဟွေ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မိစ္ဆာအငွေ့အသက်တွေ အရမ်းပြင်းထန်နေပြီ ဒကာကြီး။ လမ်းမှားကနေ ပြန်လှည့်သင့်ပြီ။"

ဝူဟွေ့က မျက်မှောင်ကြုတ်ကာ နောက်လှည့်ကြည့်ပြီး မေးလိုက်သည်။ "မင်းက ငါ့လမ်းကို ပိတ်ချင်တာလား။"

ဟွေ့နန်းက အော်ဟစ်လိုက်သည်။ "သတ္တဝါဆိုး။ ဆုံးမတာကို နားမထောင်ဘူးလား။ ဒါဆိုရင် မင်းကို ရှင်းလင်းပစ်ရတော့မှာပေါ့။"

ပြောပြီးသည်နှင့် ဟွေ့နန်းက ချက်ချင်း တိုက်ခိုက်လိုက်ပြီး အမြင့်ဆုံး ဗုဒ္ဓဘာသာမှော်အတတ်များကို ထုတ်ဖော်ကာ ဤမိစ္ဆာကို ဖိနှိပ်ရန်ကြိုးစားတော့သည်။

မိစ္ဆာအဖြစ် ပြောင်းလဲသွားသော ဝူဟွေ့ - "..."

...

...

ကောင်းကင်ယံတွင်။

လီကွမ်ယန်က ဓားကိုကိုင်လျက် မတ်တပ်ရပ်နေပြီး မည်သည့်ဖိနှိပ်မှုကိုမျှ မခံရသကဲ့သို့ ပုံမှန်အတိုင်း ရှိနေသော်လည်း ကောင်းကင်ပြည်နယ်ဘက်သို့ လှည့်ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ကောင်းကင်ပြည်နယ်ရဲ့ကံကြမ္မာကို သိမ်းပိုက်ထားတဲ့သူ ရှိနေတယ်..."

"လူသားဧကရာဇ်ဆိုတာ ဧကရာဇ်တစ်ယောက်တည်းပဲ ဖြစ်ရမယ်။ ဧကရာဇ်က အမြင့်ဆုံးပဲ။ ဧကရာဇ်က ထာဝရ ရှုံးနိမ့်ခြင်း မရှိဘူး။"

"ဧကရာဇ်က ဧကရာဇ် မဖြစ်ချင်ဘူး ဆိုရင်၊ ငါက လူဆိုး နေရာကနေ ဝင်ပါမယ်။"

"ကောင်းကင်တာအို နိုးထလာပြီ။ အချိန် မမီတော့ဘူး။ ဧကရာဇ်ရဲ့ အသစ္စာအရှိဆုံးအစေခံ တစ်ယောက်အနေနဲ့ ငါက အရှင်အတွက် အပူအပင်တွေကို ဖြေရှင်းပေးရမယ်။ အဲဒီလူကို သတ်ပြီးတော့ နယ်မြေနှစ်ခုရဲ့ ကံကြမ္မာတွေကို တစ်ခုတည်းဖြစ်အောင် လုပ်ပေးမယ်။"

"ဒီနေ့က လူသားဧကရာဇ် နန်းတက်မယ့်နေ့ပဲ။"

ပြောပြီးသည်နှင့် လီကွမ်ယန်သည် သတ်ဖြတ်လိုသော အငွေ့အသက်များ အပြည့်ဖြင့် ကောင်းကင်ပြည်နယ်ဆီသို့ မြှားတစ်စင်းအလား ပျံသန်းသွားတော့သည်။

...

...

အဆုံးအစမရှိသော ပင်လယ်ရေပြင်။

အဆုံးအစမရှိ ကြီးမားကျယ်ပြန့်လှသော ရှေးဟောင်းနတ်ဘုရားမြို့တော်ကြီး မျောပါနေပြီး ထိုအထဲတွင် မျိုးနွယ်စုပေါင်းစုံ သွားလာလှုပ်ရှားနေကြသည်။

သူတို့၏ဘဝမှာ အလွန်အဆင်ပြေချောမွေ့နေသည်။ မြို့တော်အရှင်သခင်မှာ အငြိမ်မနေတတ်သူ ဖြစ်သဖြင့် မြို့တော်ကြီးကို နေရာအနှံ့ ရွှေ့ပြောင်းသွားလာနေရာ ဤမျိုးနွယ်စုပေါင်းစုံသည် နေ့စဉ်နှင့်အမျှ မတူညီသော ရှုခင်းများကို မြင်တွေ့နေရသည်။

ယနေ့ ပင်လယ်ထဲ ငါးဖမ်းထွက်သည်။ မနက်ဖြန် တောင်ပေါ်တက်၍ ကျားဖမ်းသည်။ သန်ဘက်ခါ တောအုပ်ထဲတွင် အမဲလိုက်သည်။ သူတို့၏ ဘဝမှာ အလွန် ပျော်ရွှင်စရာ ကောင်းလှသည်။

မျိုးနွယ်စုပေါင်းစုံသည် မိသားစုကြီးတစ်ခုအဖြစ် ပေါင်းစည်းလာကြပြီး အတိတ်က ရန်ငြိုးများကို မေ့ပျောက်လုနီးပါး ဖြစ်လာကြသည်။ လူသားများက မျိုးနွယ်စုပေါင်းစုံကို သတ်ဖြတ်ခဲ့သော ရန်ငြိုးများကိုပင် မေ့ပျောက်လာကြသည်။

မည်သို့ဆိုစေ အနိုင်မရနိုင်သည်ဖြစ်ရာ လက်မြှောက်အရှုံးပေးလိုက်ခြင်းက ပိုကောင်းပေသည်။

အကြောင်းမှာ သူတို့၏အကြီးအကဲက ဧကရာဇ်၏ သစ္စာရှိနောက်လိုက် ဖြစ်သွားပြီ မဟုတ်ပါလား။ သူတို့ ဘာသွားပြီး တော်လှန်နေဦးမည်နည်း။

ရုတ်တရက်။

မျိုးနွယ်စုပေါင်းစုံထဲမှ တစ်ယောက်က ဘုန်းခနဲလဲကျသွားပြီး တစ်ကိုယ်လုံး ပုပ်ပွလာကာ မြေကြီးပေါ်တွင် လူးလှိမ့်အော်ဟစ်နေပြီး မိနစ်အနည်းငယ်အတွင်းမှာပင် အရည်အဖြစ် ပြောင်းသွားတော့သည်။

ဤမြင်ကွင်းကိုကြည့်ပြီး မျိုးနွယ်စုပေါင်းစုံမှာ ကြောက်လန့်သွားကြပြီး မြို့တော်မှ မူလနေထိုင်သူ အချို့က ဤမြင်ကွင်းကို ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။

"နေဦး..." အသက်အရွယ်ကြီးရင့်သော လူပုလေးတစ်ဦးက တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။

"ဒါက..."

"နတ်ဘုရားကပ်ဘေးပဲ။”

ကျောက်ခဲတစ်လုံးပစ်ချလိုက်သကဲ့သို့ ဂယက်ရိုက်သွားပြီး မျိုးနွယ်စုပေါင်းစုံမှာ မြွေ၊ ကင်းမြီးကောက်ကို ရှောင်သကဲ့သို့ ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။

မြို့တော်သို့ နောက်မှဝင်ရောက်လာသူများက နားမလည်စွာဖြင့် မေးလိုက်သည်။ "နတ်ဘုရားကပ်ဘေး ဆိုတာ ဘာလဲ။"

လူပုလေးက တံတွေးမျိုချကာ ရှင်းပြလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါတို့ရဲ့မြို့တော်အရှင်သခင်မှာ အချိန်တစ်ခုကြာတိုင်း နတ်ဘုရားကပ်ဘေး ပေါက်ကွဲတတ်တယ်။ အဲဒါက သက်တမ်းရှည်တဲ့မျိုးနွယ်စုတွေရဲ့ အသက်ကိုကန့်သတ်ထားတဲ့ ကောင်းကင်ရဲ့ အပြစ်ပေးမှု တစ်ခုပဲ။ နည်းနည်းလေးစိမ့်ထွက်လာရင်တောင် သက်ရှိအများအပြားကို သေဆုံးစေနိုင်တယ်"

"နောက်ပိုင်း မဟာကျင်းဧကရာဇ်နဲ့တွေ့တော့ သူက ကုသပေးလိုက်တယ်။ မြို့တော်အရှင်သခင်ရဲ့ ရောဂါ အမြစ်ပြတ်သွားပြီလို့ ထင်ခဲ့တာ။ ဘာလို့ ပြန်ဖြစ်လာရတာလဲ။။"

လူပုလေး၏ရှင်းပြချက်ကို ကြားပြီးနောက် နေရာရှိ မျိုးနွယ်စုပေါင်းစုံအားလုံး ထွက်ပြေးကြတော့သည်။

အချို့က ရှေးဟောင်းနတ်ဘုရားမြို့တော်မှ ထွက်ခွာရန်ပင် ကြိုးစားကြသည်။

ယခုအခါ မြို့တော်အရှင်သခင်သည် ကောင်းကင်ထောက်တိုင်နယ်ပယ်နှောင်းပိုင်း တန်ခိုးရှင် ဖြစ်နေပြီကို သိထားကြသည်။ ယခု သူက ထပ်မံ၍ နတ်ဘုရားကပ်ဘေးကို ပေါက်ကွဲပါက မည်မျှ ကြီးမားသော ဘေးဒုက္ခ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ မြို့တော်တစ်ခုလုံးရှိ သက်ရှိများအားလုံး သေဆုံးသွားနိုင်သည်။

...

...

မြို့တော်အရှင်သခင်၏အိမ်တော်၊ တံခါးပိတ်ကျင့်ကြံရာတွင်။

ချုံးသည် မြေကြီးပေါ်တွင် ကွေးကွေးလေး လဲလျောင်းနေပြီး မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ ရွှေရောင်တောက်ပပြီးရှည်လျားသော မျက်တောင်လေးများက အနည်းငယ် တုန်ခါနေသည်။ အနီရောင် နှုတ်ခမ်းများမှာ သွေးရောင်မဲ့နေပြီး အားကိုးရာမဲ့နေသော သားရဲလေးတစ်ကောင်အလား အားနည်းစွာ ရေရွတ်နေသည်။

"သခင်ကြီး... သခင်ကြီး ဘယ်မှာလဲ..."

"ချုံး အရမ်းနာတယ်။ တစ်ကိုယ်လုံး အရမ်းနာတယ်..."

"ချုံး သေတော့မယ်ထင်တယ်..."

"ကျေးဇူးပြုပြီး မသွားပါနဲ့။ ချုံးကို ထားမသွားပါနဲ့။”

...

All Chapters