အခန်း ၄၀၆
Vol. 28 Ch. 406
အပိုင်း(၄၀၆) ကောင်းကင်တာအိုကို ဖမ်းဆီးခြင်း၊ တစ်ခုတည်းသောတည်ရှိမှု ပေါ်လာပြီ
ဝုန်း။
တိုင်းပြည်နန်းတော်၏ အဆောက်အအုံများမှာ အပိုင်းလိုက ပြိုကျသွားသည်။
ရွှေရောင်နန်းဆောင်ကြီးကို တည်ငြိမ်အောင် ထိန်းထားပေးသောအစီအရင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး နန်းဆောင်၏တိုင်လုံးများကျိုးပဲ့ကာ အမိုးများပြုတ်ကျလာပြီး ကျောက်တုံးကျောက်ခဲများ တဝုန်းဝုန်း ကျဆင်းလာသည်။
အပျက်အစီးများကြားတွင်။
နဂါးဝတ်ရုံဝတ်ဆင်ထားသော ဧကရာဇ်က အလွန်ကြီးမားသောဖိနှိပ်မှုကိုခံယူကာ ရပ်တည်နေသည်။ အချိန်-နေရာလွတ် တာအိုက ဟိန်းဟောက်နေပြီး ဆံပင်နက်များ လွင့်ဝဲနေကာ အနိုင်ယူ၍မရသော ခန့်ညားထည်ဝါသည့် ပုံရိပ်ကြီးက မယိမ်းမယိုင် ရပ်တည်နေသည်။
ကောင်းကင်တာအို၏ ပစ်မှတ်ထားဖိနှိပ်မှုသည် တောင်ပြိုရေလျှံသကဲ့သို့ ကြီးမားလှပြီး မြေကြီးမှာပင် နိမ့်ဆင်းသွားသည်။
ကောင်းကင်တာအိုနိုးထလာသည့် အခိုက်အတန့်တွင် တားမြစ်တာအိုကို လျှောက်လှမ်းနေသည့် ကျင့်ကြံသူများမှာ ပထမဆုံး အဓိကပစ်မှတ်ထားခံရသူများဖြစ်ပြီ၊ သေချာပေါက် သတ်ဖြတ်ခံရမည့် ပစ်မှတ်များ ဖြစ်သည်။
"ဒီလောက်လေးပဲလား။"
"ငါ ထင်ထားတာထက် အများကြီး အားနည်းနေသေးတယ်။"
ဧကရာဇ်သည် အဆုံးအစမရှိသောဖိအားများကို ခံနိုင်ရည်ရှိစွာ ခြေလှမ်းလှမ်းကာ ကောင်းကင်သို့ တက်လှမ်းသွားသည်။ မထွက်ခွာခင် သူ၏စိတ်အာရုံဖြင့် တုန်းဖန်လျူလီ တံခါးပိတ်ကျင့်ကြံနေသောနေရာကို နောက်တစ်ကြိမ် ထပ်မံစူးစမ်းလိုက်ပြီး သူ ဘေးကင်းလုံခြုံကြောင်းနှင့် ကောင်းကင်တာအို၏ ပစ်မှတ်ထားခြင်း မခံရကြောင်း အတည်ပြုပြီးနောက်မှသာ စိတ်အေးသွားတော့သည်။
ထို့နောက် သူက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပေ။
သတ်ဖြတ်ချင်စိတ် ပြည့်နှက်သွားပြီး ကောင်းကင်တာအိုကို တည့်တည့် ပစ်မှတ်ထားလိုက်သည်။
"နိုးထလာမယ့်အချိန် ရောက်လာပြီဆိုတော့ တစ်ခုတည်းသောတည်ရှိမှုလည်း ပေါ်လာသင့်ပြီပေါ့။"
မုန့်ချင်ကျိုးက လေထဲတွင်မျောလွင့်နေပြီး သူ၏စိတ်အာရုံများက အရပ်လေးမျက်နှာကို လွှမ်းခြုံကာ လောကတစ်ခုလုံးကို ဖြန့်ကျက်ထားသည်။ မည်သည့်နေရာတွင်မဆို အနည်းငယ်မျှ လှုပ်ရှားမှုရှိသည်နှင့် တစ်ပြိုင်နက် သူ ချက်ချင်း သတိပြုမိမည် ဖြစ်သည်။
ရုတ်တရက်။
သူသည် အလွန် ဆာလောင်မွတ်သိပ်နေသကဲ့သို့ ခံစားလိုက်ရပြီး သဲကန္တာရထဲတွင် ရက်ပေါင်းများစွာ ပိတ်မိနေသူတစ်ဦး ရုတ်တရက် ကြည်လင်သန့်ရှင်းပြီး ချိုမြိန်သော ရေကန်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
သူ၏ခန္ဓာကိုယ်၊ စိတ်နှလုံးမှသည် ဝိညာဉ်အထိ အားလုံးက တောင့်တနေကြသည်။
အဲဒါက...
「တစ်ခုတည်းသော တည်ရှိမှု」
အဆင့်မြင့်ကျင့်ကြံသူမည်သူမျှ မငြင်းပယ်နိုင်သောအရာ။ ကန့်သတ်ချက်ကိ ချိုးဖောက်မည့် သော့ချက်။
"အဲဒါရဲ့ မြစ်ဖျားခံရာက..."
"ကမ္ဘာကြီးတစ်ခုလုံး ဖြစ်နေတာလား။။"
မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
တစ်ခုတည်းသောတည်ရှိမှု၏ မြစ်ဖျားခံရာသည် မရေမတွက်နိုင်သော တာအိုများ၊ ပန်းမန်၊ သစ်ပင်၊ မြက်ခင်းများ၊ နယ်မြေနှစ်ခု၏ ကံကြမ္မာများ၊ ရေတစ်စက်တိုင်း၊ ဖုန်မှုန့်တစ်မှုန့်တိုင်းတွင် ပါဝင်နေ၏။
အဓိပ္ပါယ်က ကန့်သတ်ချက်ကိုချိုးဖောက်ချင်ရင် ကမ္ဘာကြီးတစ်ခုလုံးကို ဝါးမျိုရမှာလား။ ဒီလိုလုပ်ဖို့ ဘယ်သူကများ တတ်နိုင်မှာလဲ။
ရှေးယခင်ကတည်းက မည်သူမျှ 「တစ်ခုတည်းသောတည်ရှိမှု」ကို မရရှိခဲ့ခြင်းမှာ မဆန်းတော့ပေ။ အခြေအနေက အလွန်ပင် တင်းကျပ်လွန်းလှသည်။
"မဟုတ်သေးဘူး။"
"「တစ်ခုတည်းသော တည်ရှိမှု」က ကမ္ဘာကြီးတစ်ခုလုံး မဟုတ်ဘူး။ အတိအကျပြောရရင်..."
မုန့်ချင်ကျိုး၏အတွေးများ ရုတ်တရက် လင်းလက်သွားပြီးနောက် အလိုအလျောက် ပြောလိုက်မိသည်။ "ကောင်းကင်တာအိုပဲ။"
တစ်ခုတည်းသောတည်ရှိမှုက ကောင်းကင်တာအိုပဲ။
ဤအချက်ကိုတွေးမိသည်နှင့် ယခင်ကသိရှိထားသော အချက်အလက်များနှင့် ပေါင်းစပ်လိုက်သည်။ [ကောင်းကင်တာအို နိုးထလာသည့်အချိန်သည် တစ်ခုတည်းသေ တည်ရှိမှု မွေးဖွားမည့်နေ့ ဖြစ်သည်]
တကယ်တမ်းတွင် ကောင်းကင်တာအိုနှင့် တစ်ခုတည်းသောတည်ရှိမှုတို့က တစ်ခုတည်းသော အရာပင်။
ရုတ်တရက်။
သူက အားရပါးရ ရယ်မောလိုက်သည်။
"ငါက ကပ်ဘေးကို ရင်ဆိုင်ရမယ့်သူဖြစ်သလို ကပ်ဘေးကိုယ်တိုင်လည်း ဖြစ်တယ်။"
"မင်းက အမဲလိုက်မယ့်သူ ဖြစ်သလို အမဲလိုက်ခံရမယ့် သားကောင်ကိုယ်တိုင်လည်း ဖြစ်နေတာပဲ။"
"ဟားဟားဟား... တကယ်ကို ရယ်စရာကောင်းလိုက်တာ။"
...
...
ထိုအချိန်မှာပင် မထင်မှတ်ထားသောအပြောင်းအလဲများ ဖြစ်ပေါ်လာသည်။
ကောင်းကင်ပြည်နယ်။
ယခင်က ကျိမိသားစုနှင့် ကျောက်ရှန်းထျန်းနယ်မြေ၏ လက်အောက်ခံဖြစ်ခဲ့သော ကျိမိသားစု အိမ်ဟောင်း၏ အမိုးတန်းပေါ်တွင် ချိတ်ဆွဲထားသော ငွေခေါင်းလောင်းလေးထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။
တစ်ဦးမှာ ချီကျိဖြစ်ပြီး အခြားတစ်ဦးမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
"ပထမမြောက် နန်းဆောသခင်၊ ကောင်းကင်ကြည့်ဆောင်ရဲ့အမိန့်က လူသားဧကရာဇ်ရဲ့ စိတ်ဆန္ဒကို ကိုယ်စားပြုလား။" ချီကျီးက ဘေးဘက်သို့လှည့်ကာ မေးလိုက်ပြီး မျက်နှာအမူအရာမှာ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။
ပထမမြောက် နန်းဆောသခင် ကျိလီက အေးစက်စွာ ခေါင်းညိတ်လိုက်သည်။
"သေချာတာပေါ့။"
ထိုအခါမှသာ ချီကျိက ပြုံးလိုက်ပြီး ပြောသည်။ "ဒါဆိုရင်တော့ ကောင်းတာပေါ့။ နောက်ဆုံးတော့ ဒီနေ့ကိုရောက်လာပြီပဲ၊ နှစ်ပေါင်းသောင်းချီ ခါးသီးစွာနဲ့ စောင့်ဆိုင်းခဲ့ရတာ။ နောက်ဆုံးတော့လည်း ကံကြမ္မာရဲ့ အဆုံးသတ်ကို ရောက်လာပြီပေါ့။"
"လူသားဧကရာဇ်အတွက်၊ လူသားမျိုးနွယ်အတွက်၊ ကောင်းကင်ကြည့်ဆောင်အတွက်၊ ငါတို့ သေရကျိုး နပ်ပါတယ်။" ပထမမြောက် နန်းဆောင်ပိုင်ရှင် ကျိလီက အေးစက်သောအသံဖြင့် ပြောလိုက်ပြီး မျက်လုံးများက တည်ကြည်နေသည်။
သူ၏စကားသံ အဆုံးတွင်။
ကောင်းကင်ပြည်နယ်တစ်ခုလုံးမှ ရုတ်တရက် ဥက္ကာပျံများ အမြောက်အမြားသည် ကောင်းကင်သို့ ပျံတက်သွားသည်။
ပထမဆုံးဥက္ကာပျံ ကောင်းကင်သို့တက်လှမ်းပြီး အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားချိန်တွင် ထိုသူက ကောင်းကင်ကိုမော့၍ အော်လိုက်သည်။ "လူသားဧကရာဇ်ရဲ့ လက်အောက်ငယ်သား၊ ကောင်းကင်ကြည့်ဆောင် (၉၉)ယောက်မြောက်ဂိုဏ်းချုပ် ကျင်း။"
"လူ့လောကကိုစောင့်ရှောက်ဖို့ အမိန့်ပေးခံထားရတယ်။ ကောင်းကင်တာအို ပြန်လည်နိုးထလာတဲ့နေ့မှာ ကိုယ်ခန္ဓာကိုမီးရှို့ ပူဇော်မယ်။"
ထို့နောက်တွင် နောက်ထပ်ဥက္ကာပျံ တစ်ခုပြီးတစ်ခုဆက်တိုက် ကောင်းကင်သို့ တက်လှမ်းသွားကြပြီး အမြင့်ဆုံးနေရာသို့ရောက်ရှိကာ အဆက်မပြတ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"လူသားဧကရာဇ်ရဲ့ လက်အောက်ငယ်သား၊ ကောင်းကင်ကြည့်ဆောင် (၉၈)ယောက်မြောက်ဂိုဏ်းချုပ် ချန်။"
"လူ့လောကကို စောင့်ရှောက်ဖို့ အမိန့်ပေးခံထားရတယ်။ ကောင်းကင်တာအို ပြန်လည် းထလာတဲ့ နေ့မှာ ကိုယ်ခန္ဓာကိုမီးရှို့ ပူဇော်မယ်။"
....
"လူသားဧကရာဇ်ရဲ့ လက်အောက်ငယ်သား၊ ကောင်းကင်ကြည့်ဆောင် (၉၇)ယောက်မြောက်ဂိုဏ်းချုပ် လုံ။"
...
ပြင်းထန်သောအော်ဟစ်သံများက နယ်မြေနှစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
မရေမတွက်နိုင်သောလူများမှာ စိတ်လှုပ်ရှား တုန်လှုပ်သွားကြပြီး နယ်မြေနှစ်ခုမှ အဆက်မပြတ် ကောင်းကင်သို့ ပျံတက်နေသောဥက္ကာပျံများကို ငေးကြည့်နေကြသည်။
လူသားဧကရာဇ်ခေတ်က စောင့်ရှောက်သူတွေလား။
သူတို့တွေက ဘာဖြစ်လို့ ဒီလောက်အချိန်အကြာကြီး ခါးခါးသီးသီးနဲ့ စောင့်ဆိုင်းခဲ့ပြီးတော့ ဒီခေတ်ကျမှ ထွက်ပေါ်လာကြတာလဲ။
နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် ဥက္ကာပျံတစ်ခုနှင့် အလှမ်းမဝေးသော နေရာတွင် ရှိနေပြီး အတန်ကြာငေးကြည့်ပြီး နောက်သို့ ယိုင်နဲ့နဲ့ဆုတ်သွားကာ တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။
"သူတို့... စောစောကတည်းက သေသွားကြပြီပဲ။"
"ဒါတွေအားလုံးက ဝိညာဉ်အကြွင်းအကျန်တွေ။ သူတို့ ဘာတွေတွေ့ကြုံခဲ့ရလို့ ဝိညာဉ် ပျက်စီးသွားတဲ့အထိ စောင့်ကြည့်နေရတာလဲ။"
မှန်ပေသည်။
ကောင်းကင်သို့ပျံတက်သွားသော ဤဥက္ကာပျံမျာက အလွန်ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့ကြပြီး အချိန်ကာလကို မကျော်ဖြတ်နိုင်ခဲ့ကြပေ။ သို့သော် သူတို့က အရှုံးမပေးဘဲ လူသားဧကရာဇ်၏အမိန့်ကို အမြဲစောင့်ထိန်းနေခဲ့သည်။ ဝိညာဉ်အကြွင်းအကျန်သာ ကျန်ရှိတော့လျှင်ပင် ဆက်လက် စောင့်ထိန်းနေသည်။
ကောင်းကင်ကြည့်ဆောင်တည်ထောင်သူ အယောက်(၁၀၀)ကို လူသားဧကရာဇ်၏တပည့်များဟု ခေါ်ဆိုကြပြီး လူသားဧကရာဇ်နှင့်အတူ တိုင်းပြည်ကိုတည်ထောင်ခဲ့သော ပထမဆုံးအုပ်စု ဖြစ်သည်။
နှစ်ပေါင်းသောင်းချီ ကြာပြီးနောက် သူတို့သည် လင်းထိန်တောက်ပသောနေမင်း(၁၀၀)အဖြစ်သို့ ပြောင်းလဲကာ နှောင်းခေတ်ကို လင်းထိန်စေခဲ့သည်။
"လူသားဧကရာဇ်ရဲ့ လက်အောက်ငယ်သား၊ ကောင်းကင်ကြည့်ဆောင် (၃)ယောက်မြောက်ဂိုဏ်းချုပ် ချီကျိ။"
"လူ့လောကကိုစောင့်ရှောက်ဖို့ အမိန့်ပေးခံထားရတယ်။ ကောင်းကင်တာအို ပြန်လည်နိုးထလာတဲ့နေ့မှာ ကိုယ်ခန္ဓာကို မီးရှို့ပူဇော်မယ်။"
ချီကျိကရယ်မောလိုက်ပြီး သူ၏နာမည်ကိုချန်ရစ်ရန် ရွေးချယ်လိုက်သည်။ ကြီးမားသောအကျိုးအတွက် အသေခံရာတွင် နာမည်ချန်ရစ်သင့်သည် မဟုတ်ပါလား။ ထို့နောက် သူသည် ကျင့်ကြံခြင်းအဆင့်များကို မီးရှို့ပြီး ကောင်းကင်နယ်ပယ် ကျင့်ကြံဆင့်အားလုံးနှင့် အသက်စွမ်းအင်အားလုံးကိုပါ ယဇ်ပူဇော်လိုက်သည်...
ကောင်းကင်သို့ပျံတက်သွားပြီး နေမင်းအဖြစ် ပြောင်းလဲသွား၏။
"လူသားဧကရာဇ်ရဲ့ လက်အောက်ငယ်သား၊ ကောင်းကင်ကြည့်ဆောင် (၉၉)ယောက်မြောက်ဂိုဏ်းချုပ် ကျိလီ။"
"လူ့လောကကို စောင့်ရှောက်ဖို့အမိန့်ပေးခံထားရတယ်။ ကောင်းကင်တာအို ပြန်လည်နိုးထလာတဲ့နေ့မှာ ကိုယ်ခန္ဓာကို မီးရှို့ပူဇော်မယ်။"
ပထမမြောက် နန်းဆောင်သခင်သည် မျက်နှာသေဖြင့် အခြားသူများကဲ့သို့ လောကကိုကြေညာခြင်း မပြုလုပ်ဘဲ ကောင်းကင်ကြည့်ဆောင် အမှတ်တံဆိပ်တစ်ခုကိုကိုင်ကာ အမှတ်တံဆိပ်ပေါ်တွင် ထွင်းထုထားသော လူသားဧကရာဇ်၏ပုံရိပ်ကို တိုးတိုးလေး ရေရွတ်နေသည်။
ကောင်းကင်နယ်ပယ် အလယ်အလတ် ကျင့်ကြံခြင်းအဆင့်က တစ်ခဏချင်းမှာပင် မီးလောင်ကျွမ်း ပျောက်ကွယ်သွားသည်။
ပထမမြောက် နန်းဆောင်သခင်သည်လည်း ကောင်းကင်သို့ ပျံတက်သွားသည်။
တပည့်အယောက်(၁၀၀)၊ နေမင်း(၁၀၀)က နယ်မြေနှစ်ခု၊ အဆုံးအစမရှိသော ပင်လယ်ရေပြင် စသည့် အရပ်မျက်နှာအသီးသီးမှ ကောင်းကင်သို့ ပျံတက်သွားကြသည်။
သူတို့က ခန္ဓာကိုယ်ကို မီးရှို့ပြီး အသက်စွမ်းအင်နှင့် ကျင့်ကြံခြင်းအဆင့်များကို ကြိုးအဖြစ် အသုံးပြုကာ အဝေးမှ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော အစီအရင်ကြီး တစ်ခုကို တဖြည်းဖြည်း တည်ဆောက်လိုက်ကြသည်။
...
...
မုန့်ချင်ကျိုးသည် မျက်စိဖြင့် မမြင်နိုင်သော်လည်း စိတ်အာရုံဖြင့် စူးစမ်းနိုင်သည်။ ခေါင်းပေါ်တွင် လွှမ်းခြုံလာသော အစီအရင်ကြီးကို စူးစမ်းမိချိန်တွင် သူ၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"အန္တိမတစ်ပိုင်းအဆင့်ရှိတဲ့ အစီအရင်ကြီး။ မဟာဧကရာဇ်အဆင့်၊ ဧကရာဇ်အဆင့် အစီအရင်တွေထက် အများကြီး သာလွန်တယ်။"
"ကောင်းကင်ကြည့်ဆောင်က ဘာလုပ်ချင်တာလဲ..."
သူက စကားရပ်သွားပြီးနောက် မျက်နှာတည်ကြည်သွားကာ ပြောလိုက်သည်။ "ကောင်းကင်တာအိုကို ဖမ်းချင်တာလား။"
ထိုတစ်ခဏမှာပင် မုန့်ချင်ကျိုး၏ ခေါင်းထဲတွင် ဖန်ဆင်းရှင်တစ်ဦးက ကမ္ဘာသစ်ကို ဖန်တီးနေသကဲ့သို့ ဖြစ်သွားပြီး အရာအားလုံးကို ချက်ချင်းနားလည်သွားသည်။
ရှေးယခင်ကတည်းက အဘယ်ကြောင့် မည်သူကမှ 「တစ်ခုတည်းသော တည်ရှိမှု」ကို ဖမ်းယူပြီး ကန့်သတ်ချက်ကို မချိုးဖောက်နိုင်ခဲ့သနည်း။
အကြောင်းရင်းက ကောင်းကင်တာအိုသည် အလွန်ကျယ်ပြန့်လွန်း၍ပင်။
သူက ပန်းမန်၊ သစ်ပင်၊ ကျောက်ခဲ အားလုံးတွင် ပါဝင်နေသည်။ ကမ္ဘာကြီးတစ်ခုလုံးကို ဝါးမျိုလိုက်မှသာ ဖြစ်နိုင်မည်။ သို့မဟုတ်ပါက ကောင်းကင်တာအိုကို သတ်၍မရပေ။
ထို့ကြောင့် လူသားဧကရာဇ် ကောင်းကင်တာအိုကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သည်။ အကြောင်းမှာ လူသားဧကရာဇ်သည် ကောင်းကင်နယ်ပယ်ကို ကျော်လွန်မည့်ခြေလှမ်းကို မလှမ်းနိုင်ခဲ့၍ပင်။ ထို့ကြောင့် ကောင်းကင်တာအိုကိုအနိုင်ယူရန် မဖြစ်နိုင်ခဲ့ပေ။
ထို「အန္တိမတစ်ပိုင်း」 အစီအရင်ကြီးက ကောင်းကင်ထောက်တိုင်နယ်ပယ် (၉၀)ကျော်နဲ့ ကောင်းကင်နယ်ပယ် (၂)ယောက်ကို လောင်စာအဖြစ်အသုံးချပြီး နှစ်ပေါင်းသောင်းချီ ကြိုတင်ပြင်ဆင်ထားသော အစီအရင်ကြီးကို စတင်လှုပ်ရှားလိုက်ခြင်းပင်။
ကောင်းကင်နှင့်မြေကြီးကြားက ပန်းမန်၊ သစ်ပင်၊ ကျောက်ခဲ အားလုံးထဲမှ ကောင်းကင်တာအိုကို ဖမ်းယူပြီး၊ ကောင်းကင်တာအိုကို မဖြစ်မနေစုစည်းလာအောင် ဖိအားပေးလိုက်ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင်။
「တစ်ခုတည်းသောတည်ရှိမှု」ကို ကျင့်ကြံသူက လက်ခံနိုင်ရန် ဖြစ်နိုင်ခြေ ရှိလာပြီ ဖြစ်သည်။
မုန့်ချင်ကျိုက လူသားဧကရာဇ်၏ပုံရိပ်ကို ဝေဝေဝါးဝါးနှင့် မြင်တွေ့လိုက်ရသလိုပင်။ လူသားဧကရာဇ် သူ့ကို ပြောခဲ့ဖူးသောစကားကို သတိရသွား၏။
"လူသားမျိုးနွယ် ပြန်လည်ထမြောက်ဖို့ ပထမဆုံးခြေလှမ်းကို ကျုပ် လုပ်ဆောင်ခဲ့ပြီးပြီ။ ကျန်တာကို ခင်ဗျားလက်ထဲ အပ်ခဲ့မယ်။"
"ဒါဟာ နှစ်ပေါင်းတစ်သောင်းကျော်ကြာတဲ့ လက်ဆင့်ကမ်းပြိုင်ပွဲကြီးတစ်ခုပဲ..."
ယခုမှ သူက လူသားဧကရာဇ် ထိုစဉ်က ပြောခဲ့သောစကား၏ အဓိပ္ပါယ်ကို နားလည်သွားတော့သည်။
မုန့်ချင်ကျိုးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"စိတ်ချပါ။"
"ဘယ်သူလာလုလု သူတို့တွေ 「တစ်ခုတည်းသော တည်ရှိမှု」ကို လုယူသွားလို့ မရဘူး။ ဒါက မင်း ငါ့ကို ပေးခဲ့တဲ့ လက်ဆင့်ကမ်းတုတ်တံပဲ။ ငါပဲယူရမယ်။"
တစ်ချိန်တည်းမှာပင်။
တပည့်အယောက်(၁၀၀)တို့၏ အသက်စွမ်းအင်များ မီးလောင်ကျွမ်းသွားပြီး ကောင်းကင်ကြည့်ဆောင် ပထမမြောက် နန်းဆောင်သခင်နှင့် ဒုတိယမြောက် နန်းဆောင်သခင်အပါအဝင် ကျန်ရှိနေသော ဝိညာဉ်အကြွင်းအကျန် (၉၀)ကျော်တို့က တစ်ခဏချင်းမှာပင် အသက်အဆုံးသတ်သို့ ရောက်ရှိသွားကြသည်။
ချီကျိ၏ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီးနောက် နောက်ဆုံးအနေဖြင့် သူ နှစ်ပေါင်းသောင်းချီ စောင့်ရှောက်ခဲ့သော လောကကြီးကို တစ်ချက်လှမ်းကြည့်ကာ သူ့ဘာသာသူ ပြောလိုက်သည်။
"ငါက အမြဲတမ်းဉာဏ်နည်းတဲ့သူ တစ်ယောက်ပါ။ အရှင်ရဲ့လမ်းညွှန်မှုသာ မရှိခဲ့ရင် ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး။ အရှင် လောကကြီးကို စွန့်ခွာသွားခဲ့ပြီ၊ ငါ့ရဲ့တာဝန်လည်း ပြီးဆုံးသွားပြီ။ အရှင့်ကို ဆက်ပြီး လိုက်ရှာဖို့ အရှင့်ရဲ့ခြေလှမ်းတွေနောက်ကို ဆက်လိုက်ဖို့ အချိန်တန်ပြီ။"
"ဒါပေမယ့် စိတ်မကောင်းစရာက သေတဲ့အထိ အဲဒီနေ့က အရှင်ထွက်သွားပြီးတော့ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို မသိခဲ့ရဘူး။"
စကားသံအဆုံးတွင်။
တပည့်အယောက်(၁၀၀)တို့ လုံးဝပျောက်ကွယ်သွားကြပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီး အရပ်လေးမျက်နှာမှ နေမင်းအလား တောက်ပသော အလင်းတန်းကြီးတစ်ခုအဖြစ် စုစည်းသွားသည်။
၎င်းက အန္တိမအာဏာကို ကိုယ်စားပြုပြီး သက်ရှိများကို အထက်စီးမှကြည့်ရှုနေသော ခန့်ညားထည်ဝါမှု ရှိသည်။
၎င်းသည် ကောင်းကင်တာအို၏စိတ်ဆန္ဒ ဖြစ်သည်။
၎င်းက 「တစ်ခုတည်းသောတည်ရှိမှု」လည်း ဖြစ်သည်။
ထိုအရာထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ရှေးဟောင်းနှင့် နှောင်းခေတ် အချိန်ကာလများ တုန်လှုပ်သွားပြီး အချိန်-နေရာလွတ်မြစ်ကြောင်းများ အဆက်မပြတ် တုန်ခါနေကြသည်။
"နောက်ဆုံးတော့... နောက်ဆုံးတော့ ရောက်လာပြီပဲ။"
"တစ်ခုတည်းသောတည်ရှိမှု။"
စကြဝဠာအပြင်ဘက် အနက်ရှိုင်းဆုံးနေရာတွင် ကြီးမားသော မျက်လုံးကြီးတစ်လုံးက ရုတ်တရက် ပွင့်လာပြီး စကြဝဠာတစ်ခုလုံးကို ပြည့်နှက်သွားကာ ထိုတောက်ပသောအလင်းတန်းကြီးကို လောဘတကြီး စိုက်ကြည့်နေတော့သည်။
...