← Chapters

အခန်း ၄၀၉

Vol. 28 Ch. 409

အခန်း ၄၀၉

Vol. 28 Ch. 409

အပိုင်း(၄၀၉) အားလုံးကိုကယ်တင်မည့် ဇန်နှလုံးသား

စနစ်က နောက်ထပ်အကူအညီများ ပေးတော့မည် မဟုတ်ပေ။

နတ်ဘုရားအနှစ်သာရကို ဝါးမျိုပြီးပါက မုန့်ချင်ကျိုးသည် ၎င်းကို ကိုယ်တိုင်ချေဖျက်ကာ လောကစည်းမျဉ်းများအဖြစ် တစ်ဆင့်ချင်း ပြောင်းလဲရမည် ဖြစ်သည်။

အချိန်-နေရာလွတ်မြစ်က 「အစွန်းရောက်တာအို နတ်ဘုရားအနှစ်သာရ」ကို လုံးဝ ဝါးမျိုသွားသည့် အခါတွင် ဖော်ပြ၍မရနိုင်သော သက်တောင့်သက်သာရှိမှုက ခန္ဓာကိုယ်မှဝိညာဉ်အထိ တုန်ခါသွားစေသည်။

လောကစည်းမျဉ်းများ ပိုမိုပြီးပြည့်စုံလာပြီး ကျင့်ကြံမှုအဆင့်လည်း အလိုအလျောက် မြင့်တက်လာကာ နှစ်ပေါင်းများစွာ ခက်ခဲစွာကျင့်ကြံခဲ့ရသည်နှင့် တူညီပြီး ကောင်းကင်နယ်ပယ်အထွတ်အထိပ်သို့ တစ်လှမ်း ပိုနီးကပ်သွားခဲ့လေပြီ။

အပြည့်အဝအားကောင်းနေသော အထွတ်အထိပ်နတ်ဘုရားတစ်ပါး၏ ပြီးပြည့်စုံသော နတ်ဘုရား အနှစ်သာရတစ်ခုသည် ယခင်က နတ်ဘုရားအားလုံးကို သတ်ဖြတ်ခဲ့သည့် အကျိုးကျေးဇူးများနှင့် မပြည့်စုံသော ယွီထန်၏အကျိုးကျေးဇူးများကို ပေါင်းစပ်ထားသည်နှင့် ညီမျှသည်။

အကယ်၍ နောက်ထပ်ပြီးပြည့်စုံသော အထွတ်အထိပ်နတ်ဘုရားတစ်ပါးရောက်လာပြီး ၎င်းကို ဝါးမျိုကာ အတွင်းစကြဝဠာ၏စည်းမျဉ်းများအဖြစ် ပြောင်းလဲလိုက်နိုင်မည်ဆိုပါက ကောင်းကင်နယ်ပယ် အထွတ်အထိပ်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားနိုင်မည် ဖြစ်သည်။

ထိုအချိန်ကျလျှင်။

မုန့်ချင်ကျိုးသည် 「အန္တိမ အချိန်-နေရာလွတ်」၏ နောက်ဆုံးအာဏာကို ရရှိပြီး စစ်မှန်သော 「အချိန်-နေရာလွတ် အရှင်သခင်」 ဖြစ်လာမည် ဖြစ်သည်။

"နှမြောစရာပဲ။ ကျင်းကွေ့တစ်ယောက်ပဲ နိုးလာခဲ့တယ်။"

အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။

ကောင်းကင်တာအိုဖန်တီးထားသော အတုအယောင်နတ်ဘုရားများက သူ့အတွက် အကောင်းဆုံးသော အားဆေးများပင်။

"နတ်ဘုရားအကြွင်းအကျန်တွေကို ရှင်းလင်းပြီးပြီဆိုတော့ နောက်တစ်ယောက်က ဘယ်သူဖြစ်မလဲ။"

မုန့်ချင်ကျိုး၏အရှေ့တွင် ကျင်းကွေ့၏ ပျောက်ကွယ်နေသောခန္ဓာကိုယ်က ဒူးထောက်လျက် ရှိနေသည်။ နတ်ဘုရားအနှစ်သာရ မရှိတော့သဖြင့် သွေးသားများက ဆက်လက်မတည်မြဲနိုင်တော့။

တာအို၏အဆုံးသတ်အဆင့်ရှိသော ရန်သူကြီးတစ်ဦး ဤသို့ဖြင့် သေဆုံးသွားခဲ့လေပြီ။

နတ်ဘုရားများက ကောင်းကင်နှင့်အသက်တူသည်ဟု ဆိုကြသော်လည်း ကောင်းကင်တာအိုမသေသရွေ့ နတ်ဘုရားများမသေနိုင်ဟု ဆိုကြသော်လည်း ယခုအခါတွင် အထွတ်အထိပ် နတ်ဘုရားတစ်ပါး ထပ်မံ၍ ထွက်ပေါ်လာသော်လည်း ဧကရာဇ်က ထိုဒဏ္ဍာရီကို ချိုးဖျက်နိုင်ခဲ့သည်။

ဤမြင်ကွင်းကိုကြည့်ရင်း အခြားသူများမှာ အလွန်အမင်း တုန်လှုပ်သွားကြသည်။

လီတိုင်ယွမ်မှာမူ အနည်းငယ် စိုးရိမ်သွားသည်။ သူက ကံကြမ္မာအာဏာစက်နှင့် ပေါင်းစပ်ထားသဖြင့် မသေနိုင်သောအခြေအနေသို့ရောက်ရှိနေပြီဟု ထင်မှတ်ထားခဲ့သည်။

ပုံမှန်အခြေအနေတွင် ကောင်းကင်နယ်ပယ် အထွတ်အထိပ်သည် ကံကြမ္မာကို လုံးဝဖျက်ဆီးပစ်ရန် မဖြစ်နိုင်ပေ။ ဤကမ္ဘာကြီးတစ်ခုလုံးကို လုံးဝဖျက်ဆီးပစ်နိုင်မှသာ သက်ရှိများ၊ ကျင့်ကြံခြင်း၊ သဘာဝ စွမ်းအင်များအားလုံးကို ဖျက်ဆီးပစ်နိုင်မှသာ ကံကြမ္မာဆိုသည့်အရာက လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။

၎င်းက သူ ရှေးခေတ်၊ ခေတ်သစ် ရန်သူကြီးများကို ရင်ဆိုင်ရဲသော သတ္တိပင်။

သို့သော် ကျင်းကွေ့ သေဆုံးသွားခြင်းကို မျက်စိရှေ့မှာတင်မြင်လိုက်ရခြင်းက ကောင်းကင်နှင့် အသက်တူသည် ဆိုသည်က ဘာလုပ်ရမည်နည်း။ အပြည့်အဝအားကောင်းနေသော အထွတ်အထိပ်နတ်ဘုရား ဆိုသည်က ဘာများအသုံးကျသနည်း။

ဧကရာဇ်ရှေ့တွင်တော့ ထိုဒဏ္ဍာရီက ရယ်စရာ တစ်ခုပင်။

ဧကရာဇ်က သူနှင့် ကံကြမ္မာကို မခွဲထုတ်နိုင်ဟု မည်သူက အာမခံနိုင်မည်နည်း။

လီတိုင်ယွမ်က နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

"ကျွန်မ..."

"ဒီလုယက်ပွဲကနေ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်တယ်။ ရှင်တို့ သဘောအတိုင်း လုပ်ကြပါ။"

မသေနိုင်သောအခြေအနေကို အားကို၍မရတော့သည့်အခါတွင် သူက သာမန် ကောင်းကင်နယ်ပယ် အလယ်အလတ် ကျင့်ကြံသူ တစ်ယောက်သာ ရှိတော့သည်။ ဤလုယက်ပွဲတွင် ပါဝင်ရန်ပင် မထိုက်တန်ပေ။

နောက်ဆုံးတွင် အသိဉာဏ်က လောဘကိုအနိုင်ရသွားပြီး လီတိုင်ယွမ် သတိပြန်ဝင်လာခဲ့သည်။

မည်သူမှ ဂရုမစိုက်ပေ။

စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီး၊ အဆုံးအစမဲ့ပင်လယ်ရေပြင်မှ ထွက်လာသော နဂါးခေါင်း၊ သူတို့နှစ်ယောက်စလုံးက မဟာကျင်းဧကရာဇ်ကိုသာ မျက်စိဒေါက်ထောက် ကြည့်နေကြသည်။

ရန်သူကြီးကို အတူတကွရင်ဆိုင်နေရသလို ခံစားချက်မျိုး ရှိနေ၏။

ဤနှောင်းခေတ်၏ ပထမဆုံးတာအိုသက်သေပြသူမှ ရှေးဟောင်းရန်သူကြီးနှစ်ဦးစလုံးက ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေရသည်။

ရင်ဘတ်ကိုလက်တင်ပြီး စဉ်းစားကြည့်လျှင် သူတို့နှစ်ဦးထဲမှ တစ်ဦးဦးက ကျင်းကွေ့ကို ရင်ဆိုင်ရပါက နိုင်မည်ဆိုလျှင်ပင် သူ့လောက် အလွယ်တကူနိုင်မည် မဟုတ်သည်မှာ သေချာသည်။

"အဟက်..." လီတိုင်ယွမ်က ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်ပြီး အနည်းငယ် စိတ်ဓာတ်ကျသွား၏။

သူ ယခုမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သွားသည်။ အစကတည်းက နေရာတွင်ရှိနေသော ခေတ်အဆက်ဆက်က အရှင်သခင်များက သူ့ကို အလေးမထားခဲ့ပေ။

မသေနိုင်ခြင်းက ရင်ဆိုင်ရ ခက်ခဲကောင်းခက်ခဲနိုင်သည်။

သို့သော် သူတို့၏ အဓိကရည်ရွယ်ချက်က ရန်သူကိုသတ်ရန် မဟုတ်ပေ။၊ 「တစ်ခုတည်းသောတည်ရှိမှု」ကို လုယူရန်ပင်။

လီတိုင်ယွမ်က မသေနိုင်သောအခြေအနေကို ဖယ်ထားလိုက်လျှင် သူတို့နှင့် အတူတူ ယှဉ်ပြိုင်ရန် ဘယ်မှာ အရည်အချင်းရှိတော့မည်နည်း။ ခြိမ်းခြောက်မှု လုံးဝမရှိဟု ပြောလျှင်ပင် မှားမည်မဟုတ်ပေ။

ထိုအချက်ကို တွေးမိသောအခါ လီတိုင်ယွမ်က မုန့်ချင်ကျိုးကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး အမှုန်လေးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

...

...

စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးက ဘာမှဖုံးကွယ်မထားဘဲ ပြောလိုက်သည်။

"အောင်း၊ ပူးပေါင်းကြရအောင်။"

"နှောင်းခေတ်ရဲ့ အရှင်သခင်က တာအိုရဲ့အဆုံးသတ်ကိုတောင် မရောက်သေးဘဲနဲ့ ကျင်းကွေ့ကို အလွယ်တကူ သတ်နိုင်တယ်။ ပြီးတော့..."

"သူက တဖြည်းဖြည်းနဲ့ ပိုသန်မာလာနေတယ်။ ကျင်းကွေ့ရဲ့ နတ်ဘုရားအနှစ်သာရကို ဝါးမျိုလိုက်လို့ အလျင်အမြန် တိုးတက်နိုင်တာပဲ။ တကယ်လို့ သူ့ကို ကောင်းကင်နယ်ပယ်အထွတ်အထိပ်ရောက်အောင် တာအိုရဲ့ အဆုံးသတ်ကိုရောက်အောင် ခွင့်ပြုလိုက်ရင် မင်းနဲ့ငါက သူ့ဆီကနေ လုယူနိုင်ဖို့ အခွင့်အရေး ရှိဦးမှာလား။"

အောင်း၏မျက်လုံးများက အေးစက်နေပြီး ဧကရာဇ်ကို စိုက်ကြည့်ကာ ခေါင်းညိတ်လိုက်တသည်။

"ငါလည်း အဲဒီလိုပဲ စဉ်းစားထားတယ်။ နှောင်းခေတ်ရဲ့ အရှင်သခင်ကို အရင်ရှင်းပြီးတော့မှ မင်းနဲ့ငါ သူသေကိုယ်သေ တိုက်ပြီး 「တစ်ခုတည်းသောတည်ရှိမှု ကို ဘယ်သူပိုင်မလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့။"

သူတို့တွေက ခေတ်တစ်ခုစီရဲ့ အုပ်ချုပ်သူများချည်းပင်။

အမြင်၊ ဉာဏ်ပညာများက အမြင့်ဆုံး အဆင့်များချည်း ဖြစ်သည်။

မဟုတ်လျှင် နှစ်ပေါင်းသောင်းချီ ကြိုတင်ပုန်းအောင်းပြီး 「တစ်ခုတည်းသောတည်ရှိမှု」 ပေါ်လာမည့် အချိန်ကို စောင့်နေမည် မဟုတ်ပေ။

သူတို့က မည်သူ့ကိုမှ အထင်မသေးပေ။ ထိုအစား ရန်သူကို တတ်နိုင်သမျှ အစွမ်းထက်ဆုံးအဖြစ် တွေးတောထားကြသည်။

သို့သော် ခုနက တိုက်ပွဲတွင်။

သူတို့ ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်မှာ နှောင်းခေတ်၏ အရှင်သခင်ကို တာအို၏အဆုံးသတ်အဆင့် တန်ခိုးရှင်းအဖြစ် စိတ်ကူးထားသော်လည်းး တကယ်တမ်းတွင် လုံးဝမှားယွင်းနေခြင်းပင်။

ယခုတစ်ခေါက် ကောင်းကင်နယ်ပယ်နှောင်းပိုင်းအနေနှင့် အဖက်ဖက်မှ တာအို၏အဆုံးသတ်အဆင့် တန်ခိုးရှင်များထက် အများကြီးသာလွန်နေပြီး 「တစ်ဝက်」 အဆင့်ကိုပင် ရောက်လုနီးပါး ဖြစ်နေလေပြီ။

အကယ်၍ သူ့ကို ကောင်းကင်နယ်ပယ်အထွတ်အထိပ်ရောက်အောင် ခွင့်ပြုလိုက်လျှင် တကယ့် တိုက်ခိုက်ရေးစွမ်းအားက 「တစ်」နှင့် အကန့်အသတ်မရှိ နီးစပ်သွားလိမ့်မည်။

တာအို၏အဆုံးသတ်အဆင့် ရန်သူကြီ နှစ်ဦးက ပူးပေါင်းပြီး တစ်ဖွဲ့တည်း ဖြစ်သွားကြသည်။

ထို့ကြောင့်။

မုန့်ချင်ကျိုးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ချက်ချင်းပင် ပြန်ဖြေလျှော့လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

"အရှင်သခင်တစ်ပါးရဲ့အရည်အချင်း လုံးဝမရှိဘူး။ ပူးပေါင်းမယ်ဆိုရင်လည်း ပူးပေါင်းကြတာပဲ။ မင်းတို့ဆီမှာ အနိုင်မခံ အရှုံးမပေးတဲ့ တာအိုနှလုံးသားဆိုတာ နည်းနည်းလေးတောင် မရှိဘူးလား။"

စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးက အလွန်ပွင့်လင်းစွာ ပြောလိုက်သည်။

"အနိုင်မခံ အရှုံးမပေးတဲ့ တာအိုနှလုံးသား ဟုတ်လား။"

"အဟား..."

"ကလေးတွေကိုလှည့်စားတဲ့စကားတွေပါ။ ငါကတော့ နိုင်နိုင်ခြေပိုများတဲ့ဘက်ကိုပဲ အမြဲရွေးချယ်တယ်။ အပြောင်းအလဲဖြစ်နိုင်တဲ့ အရာမှန်သမျှကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်ရမယ်။"

"နှစ်ပေါင်းသောင်းချီအတွင်းမှာ ပါရမီရှင်တွေ အများကြီး ရှုံးနိမ့်သွားတာကို ငါ မြင်ခဲ့ရတယ်။ သူတို့က အနိုင်မခံ အရှုံးမပေးတဲ့ တာအိုနှလုံးသားရှိရင် အရာအားလုံးကို အနိုင်ယူနိုင်မယ်၊ ဘာကိုမဆို ဖြိုခွင်းနိုင်မယ်လို့ ယုံကြည်ခဲ့ကြတယ်။"

"ဒါကြောင့်မို့ ငါက ခေတ်အဆက်ဆက်ကို ကျော်ဖြတ်ခဲ့ပြီး နှောင်းခေတ်အထိ အသက်ရှင်နိုင်ခဲ့ပြီးတော့ ဒီ「တစ်ခုတည်းသောတည်ရှိမှု」ကို လုယူခွင့် ရလာတာပေါ့။"

အောင်းက စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။

"စကားများမနေနဲ့။ အပြောင်းအလဲမဖြစ်အောင် သူ့ကို အရင်သတ်လိုက်။"

ဝုန်း။

အဆုံးအစမဲ့ပင်လယ်ရေပြင်က ကောင်းကင်ထိ ထိုးတက်သွားမတတ် လှိုင်းလုံးကြီးများ ထကြွလာပြီး၊ ပင်လယ်ရေပြင်တစ်ဝက်လောက်က မှောက်လှန်သွားကာ ဆူနာမီကြီးက နယ်မြေနှစ်ခုဆီကို အရှိန်အဟုန်နှင့် ဝင်ရောက်လာသည်။

အဆုံးအစမဲ့ ကြီးမားသော ခန္ဓာကိုယ်ကြီးက ပင်လယ်ရေပြင်မှ ရုန်းထွက်လာသည်။ နဂါးကိုယ်တစ်ခုလုံး ပုပ်ပွနေသော်လည်း ခိုင်မာသောအလင်းရောင်များ ထွက်ပေါ်နေပြီး ကြေးညိုရောင်သံချေးတက်နေသလိုပင်။

နဂါးဟိန်းသံက ကောင်းကင်ဘုံကိုးထပ်ထိ တုန်ခါသွားစေသည်။

အောင်းက အရင်စတိုက်ခိုက်လိုက်ပြီး လူပုံစံ ပြောင်းသွားသည်။ ခန္ဓာကိုယ်တစ်ဝက်က ပုပ်ပွနေပြီး စုတ်ပြတ်နေသော ချပ်ဝတ်တန်ဆာကိုဝတ်ထားကာ မျက်နှာပေါ်မှအသားများက ခြောက်သွေ့မည်းနက်နေသော အသားသေများပင် ကျန်တော့သည်။ မျက်လုံးပေါက်နှစ်ဖက်က အရိုးများပေါ်နေပြီး၊ နက်ရှိုင်းသော တွင်းပေါက်ကြီးများလို ဖြစ်နေကာ အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေ၏။

ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်အနေဖြင့် သူက မည်သည့် တန်ခိုးစွမ်းအားမှ မလိုပေ။ လှုပ်ရှားမှုတိုင်း မဟာတာအိုအစွမ်းများ ပါဝင်နေသည်။

"လာစမ်းပါ။" မုန့်ချင်ကျိုးက အားရပါးရရယ်မောလိုက်ပြီး နဂါးဝတ်ရုံက လေထဲတွင် တဖျပ်ဖျပ် လွင့်ဝဲနေကာ မျက်နှာချင်းဆိုင် ဝင်တိုက်လိုက်သည်။

အချိန်-နေရာလွတ်တာအိုက ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားပြီး လောကကြီးအနှံ့ ပြန့်ကျဲသွား၏

မျက်စိတစ်မှိတ်အတွင်းမှာပင်။

နှစ်ယောက်သား ဝင်တိုက်မိကြပြီး တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာကာ မျက်စိနှင့်ပင် မမြင်နိုင်လောက်အောင် မြန်ဆန်ပြီး လက်သီးချက်သန်းပေါင်းများစွာ အပြန်အလှန်ထိုးကြိတ်ပြီးသွားလေပြီ။

သီးသန့် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု သက်သက်ပင်။

အလွန်ပင် လွတ်လပ်ပေါ့ပါးသွားပြီး ခန္ဓာကိုယ်ရော စိတ်ပါ ရှင်းလင်းသွား၏။

"ဟားဟားဟား..."

"ကောင်းတယ်။ ထပ်လာစမ်း။။"

မုန့်ချင်ကျိုး၏ရယ်မောသံက အလွန် လွတ်လပ်နေသည်။

ဂါး။

အောင်းကတော့ စိုးရိမ်နေပုံရပြီး တိုက်ခိုက်မှုတိုင်းက အသက်ကို ပစ်မှတ်ထားနေ၏။

...

...

စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးက ချက်ချင်းဝင်မကူညီသေးဘဲ စက္ကန့်အနည်းငယ် စောင့်ကြည့်ပြီးမှ မျက်လုံးထဲက တာအိုစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။

ငတုံးပဲ။

ငါ ပြောပြီးသားလေ။ ဒီတိုက်ပွဲက သူသေကိုယ်သေတိုက်ဖို့မဟုတ်ဘူး။ တစ်ခုတည်းသောတည်ရှိမှုကို လုယူဖို့ပဲလို့။

မင်းက ငါ့ကို ယုံသေးတယ်လား။

[မျက်လုံးမှိတ် - ကောင်းကင်ပြိုခြင်း]

မျက်လုံးကြီးက ဖြည်းဖြည်းချင်း မှိတ်သွား၏။

တစ်ခဏချင်းမှာပင် စကြဝဠာတစ်ခုလုံး အဆုံးအစမရှိသော အမှောင်ထုထဲသို့ ကျရောက်သွားပြီး နယ်မြေနှစ်ခုကိုပါ လွှမ်းခြုံသွားကာ လောကကြီးတစ်ခုလုံး အကြွင်းမဲ့အမှောင်ထုအဖြစ် ပြောင်းလဲသွားသည်။

ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံက လက်တစ်ဖျစ်စာလေးပင် ဖြန့်ကျက်၍ မရတော့ပေ။

မီးခွက်ထွန်းပြီး မျက်စိရှေ့တွင်ထားလျှင်ပင် အလင်းရောင် နည်းနည်းလေးမှ မမြင်ရပေ။

ဖယောင်းတိုင်မီး၊ နေမင်း စသော အလင်းရောင်ထုတ်လွှတ်နိုင်သည့် အရာအားလုံးက ပြောင်းပြန် ဖြစ်သွားသည်။ နေမင်းကြီးက ချောက်နက်ကြီးတစ်ခုလို အမှောင်ထုများကို လူ့လောကဆီ ဖြန့်ကျက်နေပြီး ဖယောင်းတိုင်မီးက ငရဲပြည်ကရေများလို ဖြစ်သွားသည်...

နယ်မြေနှစ်ခုမှ သက်ရှိများအားလုံး ကြောက်လန့်တကြား အော်ဟစ်နေကြ၏။

"ငါ... ငါ မျက်မမြင် ဖြစ်သွားတာလား။ ဘာလို့ ဘာမှမမြင်ရတော့တာလဲ။။"

"နတ်ဘုရားအာရုံလည်း ဖြန့်လို့မရဘူး၊ အတွင်းအင်္ဂါတွေကိုတောင် ကြည့်လို့ မရတော့ဘူး။ ဘာတွေ ဖြစ်နေတာလဲ။"

"ဘာပြောတယ်။ ကောင်းကင်တာအို နိုးထလာပြီတော့ ဧကရာဇ်က ခေတ်အဆက်ဆက်က ဘုရင်တွေနဲ့ တိုက်ခိုက်ပြီး အဆုံးသတ် တိုက်ပွဲကို စတင်နေပြီ ဟုတ်လား။ လောကရဲ့အဆုံးသတ်ကို ကျော်လွန်မယ့် တစ်ခုတည်းသောတည်ရှိမှုကို လုယူနေတယ်။"

တဖြည်းဖြည်းနှင့် သတင်းတစ်ခုက ဗိုင်းရပ်စ်လို အလွန်လျင်မြန်စွာ ပျံ့နှံ့သွား၏။

နယ်မြေနှစ်ခုလုံးက သက်ရှိများအားလုံး ထိုသတင်းကို သိသွားကြသည်။

ဧကရာဇ်သည် ကမ္ဘာဦးခေတ်မှ အရှင်သခင်၊ နတ်ဘုရားခေတ် အရှင်သခင်၊ မျိုးနွယ်စုပေါင်းစုံခေတ်မှ အရှင်သခင်တို့နှင့် သူသေကိုယ်သေတိုက်ပြီး ကန့်သတ်ချက်ကို ချိုးဖောက်မည့် တစ်ခုတည်းသောတည်ရှိမှုကို လုယူနေသည်။

၎င်းက လူသားမျိုးနွယ်၏ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် စစ်ပွဲကြီးပင်။

ဧကရာဇ်ကလွဲ၍ ကျန်သောသုံးယောက်က လူသားမျိုးနွယ် မဟုတ်ပေ။ အကယ်၍ သူတို့ထဲက တစ်ယောက်ယောက်က 「တစ်ခုတည်းသောတည်ရှိမှု」ကို ရသွားလျှင် လူသားမျိုးနွယ်အတွက် အလွန်ဆိုးရွားသောကံကြမ္မာ ရောက်လာမည်မှာ သေချာသည်။

တစ်ခဏချင်းမှာပင်။

တောရိုင်းမြေ၊ ကောင်းကင်ပြည်နယ်နှင့် အရင်က ရန်သူမဖြစ်ခဲ့သူများအားလုံး၊ အကြောင်းပြချက်မရှိဘဲ မျက်စိကန်းသွားတာကိုပာင် ဂရုမစိုက်နိုင်တော့ဘဲ ဧကရာဇ်အတွက် ဆုတောင်းပေးနေကြသည်။

သက်ရှိအားလုံး မျက်ကန်း ဖြစ်သွားကြ၏။

သက်ရှိအားလုံး ဆုတောင်းနေကြသည်။

ဧကရာဇ် အနိုင်ရစေရန် ဆုတောင်းနေကြသည်။

....

....

မဟာကျင်းနန်းတော်။

တားမြစ်နယ်မြေ။

ဧကရီက ထူးဆန်းမှုကိုသတိပြုမိပြီး ဇာမဏီမျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သော်လည်း၊ မျက်စိရှေ့တွင် နက်ရှိုင်းပြီး အပြည့်အဝမှောင်မိုက်နေသည်ကိုသာ တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်မှာ အလွန် တိတ်ဆိတ်နေပြီး ဤပတ်ဝန်းကျင်မျိုးက မည်သူ့ကိုမဆို ကြောက်ရွံ့မှု ဖြစ်စေနိုင်၏။

သို့သော် သူက နှုတ်ခမ်းကို အနည်းငယ်ကွေးညွှတ်ကာ ပြုံးရင်း သူ့ဘာာသာ ပြောလိုက်သည်။

"ဒီတော့ ရှင့်မျက်လုံးထဲမှာ လောကကြီးက ဒီလိုပုံစံမျိုး ဖြစ်နေတာပေါ့..."

ထို့နောက် မျက်လုံးကို ပြန်မှိတ်လိုက်သည်။

အကြောင်းမှာ သူက ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း ခံစားသိရှိနေသောကြောင့်ပင်။ သူ့ရှေ့တွင် တားဆီးနေသည်မှာ စက္ကူပါးပါးလေးတစ်ရွက်သာ ရှိတော့သည်။

ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်မှသာ ငါးပိကောင်နှင့်အတူတူ ယှဉ်တွဲတိုက်ခိုက်နိုင်မည့် အရည်အချင်းရှိပေမည်။ ကောင်းကင်ထောက်တိုင်နယ်ပယ်က... အများကြီး လိုသေးသည်။

ကောင်းကင်နယ်ပယ်အစပိုင်းတောင် မလုံလောက်ဘူးဆိုရင်။

နယ်မြေနှစ်ခုလုံးကိုပေါင်းစည်းပြီး အခက်အခဲဆုံးအခြေအနေမှာ လူသားဧကရာဇ်အဖြစ် တက်လှမ်းပြီး လာသမျှရန်သူအားလုံးကို ရှင်းလင်းပစ်မယ်။

"ငါးပိကောင်၊ ကျွန်မကို စောင့်နေပါ။"

...

...

တစ်ချိန်တည်းမှာပင်။

ကမ်းရိုးတန်းနယ်စပ်။

နတ်ဘုရားရာကျော် ပြန်လည်နိုးထလာပြီး ထိုအထဲတွင် ကောင်းကင်ထောက်တိုင်နယ်ပယ် ဆယ်ဂဏန်း၊ နံနက်ခင်းအလင်းနယ်ပယ် ဆယ်ဂဏန်း ပါဝင်သည်။

သူတို့က ကျင်းကွေ့နှင့်အတူ တစ်ပြိုင်နက်တည်း နိုးထလာပြီး ကျင်းကွေ့၏အမိန့်အရ မဟာကျင်းဧကရာဇ် သတိမထားမိခင် တောရိုင်းမြေ၏ အနောက်ဘက်ကို ခိုးဝင်တိုက်ခိုက်ရန် လာရောက်ခြင်း ဖြစ်သည်။

သို့သော် ကျင်းကွေ့မထင်ထားသည်မှာ တောရိုင်းမြေမီးမလောင်ခင် သူ အရင်ဆုံး အဆုံးသတ် သွားခြင်းပင်။

ပင်လယ်ရေပြင်ကလှိုင်းထန်နေပြီး နတ်ဘုရားများက ကမ်းရိုးတန်းသို့ ချဉ်းကပ်လာသည်။

ထိုအချိန်မှာပင်။

ပုံရိပ်တစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေကာ လှံကိုကိုင်လျက် ရပ်နေသည်။ ရင်ဘတ်တွင် ဓားတစ်လက်စိုက်နေပြီး ဓားသွားမှသွေးများ ဖြည်းဖြည်းချင်း စီးကျနေသည်။

"တကယ်ကို ဆိုးရွားလွန်းတယ်။ အရေးကြီးတဲ့အချိန်ကျမှ မျက်စိကန်းသွားရတယ်လို့။"

ချူရှီရန်က လှံရိုးတွင်ချည်ထားသောအဝတ်ကို ဖြည်းဖြည်းချင်းဖြည်ချလိုက်ပြီး အဖြူရောင်အဝတ်စကို မျက်လုံးတွင်စည်းလိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"အသက်ရှင်ရတာ တန်နေပါပြီ"

"ဧကရာဇ်နဲ့အတူတူ ကောင်းကင်ကိုတိုက်ခိုက်မယ်လို့ စဉ်းစားခဲ့ပေမယ့် သေချာပြန်စဉ်းစားကြည့်တော့ အရမ်းကို စိတ်ကူးယဉ်လွန်းနေတာပဲ။"

"အတော်ပဲ။ ငါ့ရဲ့ နောက်ဆုံးအလင်းရောင်လေးကို မီးရှို့လိုက်မယ်။"

"သက်ရှိတွေ အမှောင်ထဲရောက်နေတဲ့အချိန်မှာ ငါက... နောက်ဆုံး အလင်းရောင် ဖြစ်စေရမယ်။"

ပြောပြီးနောက်။

ချူရှီရန် အော်ဟစ်လိုက်ပြီး လှံကိုကိုင်ကာ နတ်ဘုရားများကို တိုက်ခိုက်တော့သည်။ သေခါနီးအချိန် နောက်ဆုံးအားယူလိုက်ခြင်းကြောင့် ကောင်းကင်ထောက်တိုင်နယ်ပယ် အလယ်အလတ်မှ ကောင်းကင်ထောက်တိုင်နယ်ပယ် နှောင်းပိုင်းကို ရောက်သွားခဲ့သည်။

တိုက်ခိုက်လိုစိတ်များ အဆက်မပြတ် မြင့်တက်လာပြီး စစ်သည်သောင်းသိန်းချီကို ဦးဆောင်သော စစ်သေနာပတိ တစ်ယောက်လို၊ ရှေ့တန်းမှ တိုက်ခိုက်နေသော စစ်သည်တစ်ယောက်လို ဖြစ်နေ၏။

သူ့နောက်တွင် မည်သူမှ မရှိသော်လည်း အိမ်ထောင်စုပေါင်း သောင်းသိန်းချီ ရှိနေသည်။

"သတ်။"

ချူရှီရန်က ဒေါသတကြီး အော်ဟစ်လိုက်၏။

လှံရှည်က ရန်သူ့တပ်ဖွဲ့ကို ဖောက်ထွင်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ နတ်ဘုရား အများအပြားကို သတ်ဖြတ်လိုက်သည်။

...

...

မြို့တော်အပြင်ဘက်။

ဝူဟွေ့က မြေကြီးပေါ်မှာ ဒူးတစ်ဖက်ထောက်နေပြီး ခန္ဓာကိုယ်တစ်ဝက်ခန့် ပျောက်ကွယ်နေသည်။ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး သူ့ရှေ့တွင် ပိတ်ရပ်နေသော ရဟန်းငယ်လေးကို ကြည့်နေ၏။ သူက သန့်ရှင်းစင်ကြယ်သော အငွေ့အသက်များ လုံးဝမရှိတော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း ဧကရာဇ်ကိုသတ်ချင်ရင် မြန်မြန်သွားလေ။ ဘာလို့ ငါ့ကို လာတားနေရတာလဲ။"

ထိုအချိန်တွင်။

ရဟန်းငယ်လေး၏စိတ်ထဲမှ မိစ္ဆာများ လုံးဝပျောက်ကွယ်သွားပြီး မျက်နှာက အေးချမ်းကြင်နာတတ်သော ပုံစံမျိုး ဖြစ်နေသည်။ ယခင်က အကျင့်ပျက်သောပုံစံမျိုး နည်းနည်းလေးမှ မရှိတော့ဘဲ လက်နှစ်ဖက်ကိုယှက်ပြီး ပြောလိုက်သည်။

"အတွင်းအပြင်ပြောင်းပြန်၊ သန့်ရှင်းမှုနဲ့မိစ္ဆာ ရောထွေးနေတယ်၊ ကိုယ်ရည်ကိုယ်သွေး ကွဲပြားနေတယ်။"

"ဒကာကြီး။ မင်းရဲ့ရောဂါက အရမ်းဆိုးရွားနေပြီ။ ငါက မင်းကို ကယ်တင်နေတာပါ။"

ဟွေ့နန်းက ဇန်စိတ်ထားနှင့် ကောင်းကင်တာအို၏ ဖိနှိပ်မှုကို လုံးဝဖယ်ရှားလိုက်ပြီး အပြည့်အဝ သတိပြန်ဝင်လာခဲ့သည်။ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျွမ်းကျင်သူမားက ပုရွက်ဆိတ်လို ခက်ခက်ခဲခဲ ရုန်းကန်နေရသည်ကို မြင်သောအခါ။

ကြီးမားသောဆန္ဒတစ်ခုကို တိတ်တဆိတ် ချမှတ်လိုက်၏။

ဗုဒ္ဓကို သက်သေပြပြီး ဇန်တာအိုကို ကျင့်သုံးမယ်။ အခုကစပြီးတော့။

မိစ္ဆာကို သူတော်စင်ဖြစ်အောင် ပြောင်းလဲပေးမယ်။ ဝူဟွေ့က ငါ့ရဲ့ကုသိုလ်မှတ်တမ်းထဲက ပထမဆုံး ဒကာကြီးပဲ။

"မိစ္ဆာပင်လယ်က အဆုံးအစမရှိဘူ။ နောက်လှည့်ရင် ကမ်းခြေပဲ။"

"ဝူဟွေ့။ မင်း အစွဲအလမ်း ကြီးနေပြီ။ အခုချက်ချင်း နိုးထလာစမ်း။"

ဟွေ့နန်းက အနားကိုလျှောက်သွားပြီး ဝူဟွေ့၏ခေါင်းပေါ်ကို လက်တစ်ဖက် တင်လိုက်ကာ တရားစာတွေကို တိုးတိုးလေးရွတ်ဆိုရင်း ရုတ်တရက် အော်ဟစ်လိုက်သည်။

ခေါင်းလောင်းသံလိုအသံကြီးက ဝူဟွေ့ကို ချက်ချင်း သတိဝင်လာစေ၏။

ဝူဟွေ့၏ခေါင်းက တစ်ဝက်သာ ကျန်တော့ပြီး ကျန်နေသော မျက်လုံးတစ်လုံးက ပြူးကျယ်သွားကာ မယုံကြည်နိုင်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်သည်။

"ကောင်းကင်တာအိုရဲ့ဖိနှိပ်မှု ပျောက်သွားပြီလာ။။"

သေလုနီးပါး အရိုက်ခံရသော်လည်း ရလဒ်က အလွန်ပင် ကောင်းမွန်လှသည်။ ကွဲပြားသော ကိုယ်ရည်ကိုယ်သွေးများ ပျောက်သွားပြီး အပြင်ကသန့်ရှင်းပြီး အတွင်းကမိစ္ဆာဖြစ်နေတာကိုလည်း ပြန်လည်၍ ပြင်ပေးလိုက်သည်။ အရလဒ်က အကောင်းဆုံးပင်။

ဝူဟွေ့ သတိပြန်ဝင်လာပြီး ကျေးဇူးတင်စကားအမြန်ပြောကာ အရိုအသေပေးလိုက်သည်။ "ဆရာတော် ဟွေ့နန်းကို ကျေးဇူးတင်ပါတယ်။"

ဟွေနန်းက နှုတ်ခမ်းကို အနည်းငယ်ကွေးညွှတ်ကာ ပြုံးလိုက်ပြီး နောက်လှည့်ထွက်သွားကာ ဝူဟွေ့နှင့် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘူး။

ဝူဟွေ့တစ်ယောက်တည်း တွေဝေစွာကျန်ရစ်ခဲ့ပြီး သူ့ဘာသာသူ ပြောလိုက်သည်။

"ထူးဆန်းတယ်။"

"ကောင်းကင်တာအိုရဲ့ဖိနှိပ်မှုအောက်မှာ မိစ္ဆာအငွေ့အသက်တွေ အရမ်းပြင်းထန်ပြီး ကွဲပြားနေတဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း ငါ့ထက်အများကြီး ပိုအားကောင်းတာကို ဘယ်လိုလုပ်ပြီး အကြောင်းပြချက်မရှိဘဲ ပျောက်သွားရတာလဲ။"

ဝူဟွေ့က ခေါင်းကုတ်လိုက်ပြီး ဆက်မစဉ်းစားတော့ပေ။

ရဟန်းငယ်လေးက စွမ်းလို့ပဲ နေမှာပေါ့။ ဘာလို့လဲဆိုတော့ အားကောင်းနေတဲ့ငါ့ကို အလွယ်လေး သေလုနီးပါးဖြစ်အောင် ရိုက်နိုင်တာပဲ။ မစွမ်းဘဲနေမလား။

ဝူဟွေ့ထိုင်ချပြီး ဒဏ်ရာများကုသရန် လုပ်နေတုန်း ဘေးဘက်ကို လှည့်ကြည့်လိုက်ရာ ပုံမှန်မဟုတ်သော ခြေရာတစ်တန်းကို တွေ့လိုက်ရ၏။

ထိုခြေရာများက မြေကြီးထဲကို နက်နက်ရှိုင်းရှိုင်း ဝင်နေပြီး ထိုခြေရာများမှ အနက်ရောင် မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသည်။

"ဒါက..." ဝူဟွေ့၏ မျက်ဆံများကျုံ့ဝင်သွားပြီး အမြန်မော့ကြည့်လိုက်သော်လည်း ရဟန်းငယ်လေး၏ အရိပ်အယောင်ကို လုံးဝမတွေ့ရတော့ပေ။

...

မိုင်တစ်ထောင် အကွာတွင်။

ရဟန်းငယ်လေး၏ပုံရိပ်က အဆက်မပြတ်လင်းလက်နေပြီး မျက်နှာတစ်ဝက်က အရုပ်ဆိုးပြီး မိစ္ဆာဆန်နေကာ ကျန်တစ်ဝက်က အေးချမ်းပြီး ကြင်နာတတ်သောပုံစံ ဖြစ်နေသည်။ သူက နောက်ထပ် ပစ်မှတ်ဆီကို အရှိန်အမြန်ဆုံး ဆက်သွားနေ၏။

တောင်နက်ကြီးတစ်ခုထဲတွင်။

စုချင်ချိုးက အဖြူရောင်ဝတ်စုံနှင့် အလွန်လှပနေပြီး တောင်တောထဲမှ နတ်သမီးလေးတစ်ပါးလို အပြင်ပန်းက အေးချမ်းနေပုံရသော်လည်း တကယ်တမ်းတွင် မျက်လုံးထဲမှ ရူးသွပ်မှုများနှင့် မကောင်းဆိုးဝါး အငွေ့အသက်များ ပြည့်နှက်နေသည်။

"ဘယ်သူလဲ။" စုချင်ချိုးက ရုတ်တရက် နောက်လှည့်ပြီး ဓားကို ချက်ချင်းဆွဲထုတ်ရန် ပြင်လိုက်သည်။

သို့သော် ဟွေ့နန်းက စုချင်ချိုး၏ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး လျှပ်စီးလိုအရှိန်ဖြင့် စုချင်ချိုးကို လက်တစ်ဖက်တည်းနှင့် ဖိနှိပ်လိုက်၏။

ဓားသခင်မ တစ်ယောက်ပင် နည်းနည်းလေးမှ ပြန်မခုခံနိုင်ခဲ့ပေ။

"ဒကာမကြီး နိုးထသင့်ပြီ။" ရဟန်းငယ်လေးက တိုးတိုးလေး ပြောလိုက်ပြီး နောက်လှည့်ထွက်သွားကာ နောက်ထပ်ပစ်မှတ်ဆီကို ဆက်သွားပြန်သည်။

သူ နောက်လှည့်လိုက်သော အချိန်တွင်။

ရဟန်းငယ်လေး၏ မျက်လုံးထဲတွင် ဝေဝါးသော ရူးသွပ်မှုတစ်ခု ပေါ်လာ၏။

「လောကရဲ့ကံကြမ္မာတွေကို ငါ့အပေါ် ကျရောက်စေမယ်။ အပြစ်အားလုံးကို ငါတစ်ယောက်တည်း တာဝန်ယူမယ်」

「ဒါက လောကကိုကယ်တင်မယ့် လမ်းစဉ်」

「ကိုယ့်ကိုယ်ကိုယ်စွန့်လွှတ်ပြီး အများအတွက်လုပ်ဆောင်ခြင်းဟာ ဇန်တာအိုရဲ့ ပြယုဂ်ပဲ」

...

All Chapters