← Chapters

အခန်း ၄၁၀

Vol. 28 Ch. 410

အခန်း ၄၁၀

Vol. 28 Ch. 410

အပိုင်း(၄၁၀) သုံးပွင့်ဆိုင် အခြေအနေ၊ အခက်အခဲကို ဖြေရှင်းမည့်နည်းလမ်း

စကြဝဠာအပြင်ဘက်ရှိ မျက်လုံးကြီးက ဖြည်းညှင်းစွာပွင့်လာပြီး အောင်းနှင့် ဧကရာဇ်တို့ ချက်ချင်း မျက်စိကန်းသွားသည်ကို မြင်လိုက်ရသဖြင့် တုံ့ဆိုင်းမနေတော့ဘဲ လှုပ်ရှားလိုက်သည်။

ကြယ်အလင်းတန်းများက မီတာသိန်းချီကြီးမားသော လက်ဝါးရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းကာ တစ်ခုတည်းသောတည်ရှိမှုကို တည့်တည့် ဖမ်းဆုပ်လိုက်သည်။

သူက တစ်ခုတည်းသောတည်ရှိမှုကို နှစ်ပေါင်းသောင်းချီ စောင့်ဆိုင်းခဲ့ပြီးနောက် ဖမ်းဆုပ်မိသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဝါးမျိုနိုင်မည် ဖြစ်သည်။

လက်ဝါးရာကြီးက ဖမ်းဆုပ်မိတော့မည့်အချိန်လေးမှာပင်။

အောင်းက ရုတ်တရက် နောက်လှည့်လိုက်ပြီး အမြင်အာရုံကို အားမကိုးဘဲ ဆဋ္ဌမအာရုံကိုသာ အားကိုးကာ သူ၏အနောက်တွင် နဂါးပုံစံအရိပ်တစ်ခု ပေါ်လာပြီး နဂါးမြီးဖြင့် လက်ဝါးရာကြီးကို အတိအကျ ရိုက်ချလိုက်ရာ လေထဲမှာတင် ပျက်စီးသွားတော့သည်။

"သိသားပဲ။ ယုတ်မာချက်။" အောင်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် အဆုံးအစမရှိသော ကြယ်ပင်လယ်ကြီးကို ဖြတ်ကျော်ကာ လေထဲမှနေ၍ လက်သီးတစ်ချက် ထိုးချလိုက်သည်။

လက်သီးအလင်းတန်းက အရာအားလုံးကို ဖျက်ဆီးမတတ် အရှိန်အဟုန်ဖြင့် လမ်းတစ်လျှောက်ရှိ ကြယ်များက မီးရှူးမီးပန်းများအလား ပေါက်ကွဲထွက်သွားပြီး ဖျက်ဆီးမှုကြီးက ထိုမျက်လုံးကြီးဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

နဂါး၏အရှိန်အဝါပါဝင်သော လက်သီးချက်ပင်။

ထိုကြီးမားလှသော မျက်လုံးကြီး၏အဖြူနေရာကို သွေးထွက်အောင် ထိုးကြိတ်လိုက်၏။

"အတင့်ရဲလိုက်တာ။" မျက်လုံးကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သေရေးရှင်ရေး တိုက်ခိုက်မည့်ပုံ လုပ်နေသော်လည်း တကယ်တမ်းတွင်မူ မျက်လုံးပုံစံကိုယ်ပွားတစ်ခု ဖန်တီးကာ နယ်မြေနှစ်ခုသို့စေလွှတ်လိုက်ပြီး သူ၏ပစ်မှတ်မှာ တစ်ခုတည်းသောတည်ရှိမှုသာ ဖြစ်နေဆဲပင်။

ဝုန်း။

ဓားမြည်သံ ထွက်ပေါ်လာ၏။

အချိန်-နေရာလွတ် ဓားအသိက ဘေးမှနေ၍တိုက်ခိုက်လာပြီး မျက်လုံးကိုယ်ပွားကို ပိုင်းဖြတ်လိုက်သည်။

ထို့နောက် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ကိုယ်ပွားသန်းပေါင်းများစွာဖန်တီးကာ တစ်ခုတည်းသော တည်ရှိမှု၏ပတ်လည်တွင် လွှမ်းခြုံထားလိုက်သည်။ ကိုယ်ပွားအားလုံးက တစ်ပြိုင်နက်တည်းပင် လှုပ်ရှားကာ မည်ကိုမှဂရုမစိုက်ဘဲ အတင်းဝင်လုကြတော့သည်။

"မင်းတို့တွေ ဘာလို့ ဘာမှမဖြစ်ရတာလဲ။" မျက်လုံးကြီးက အံ့သြစွာဖြင့် ဒေါသထွက်ပြီး မေးလိုက်သည်။

တွေးကြည့်လိုက်မှ သူ နားလည်သွားသည်။ အောင်းသည် ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ဖြစ်ပြီး မွေးကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် နာမည်ကြီးကာ လူသားမျိုးနွယ်၏ မွေးရာပါခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုမိုကြံ့ခိုင်သည်။ စိတ်အာရုံ၊ အမြင်အာရုံမလိုအပ်ဘဲ ဆဋ္ဌမအာရုံဖြင့်ပင် တိကျစွာ ပစ်မှတ်ထားနိုင်သည်။

မဟာကျင်းဧကရာဇ်က ပြောစရာပင် မလိုတော့။ သူသည် မူလကတည်းက မျက်မမြင် တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။

မျက်လုံးမရှိ၊ စိတ်အာရုံမရှိဘဲနှင့် ရန်သူကို တိတိကျကျ ပစ်မှတ်ထားနိုင်သော နည်းလမ်းကို အစောကြီးကတည်းက လေ့ကျင့်ထားပြီးသားပင်။

"သူ့ကို အမြန်တား။" အောင်းက အော်ဟစ်လိုက်ပြီး သွေးသားအင်အားများက ကောင်းကင်ယံကို ဖောက်ထွင်းသွားကာ မျက်စိတစ်မှိတ်အတွင်း ကိုယ်ပွားသန်းနှင့်ချီကို အရှင်လတ်လတ် ဆွဲဖြဲပစ်လိုက်သည်။

သို့သော် ကိုယ်ပွားသန်းပေါင်းများစွာ၏ ကြီးမားတဲ့အရေအတွက်ကို ရင်ဆိုင်ရချိန်တွင် အောင်းသည် တစ်ယောက်ချင်းတိုက်ခိုက်ရာ ပြိုင်ဘက်ကင်းသော်လည်း အုပ်စုလိုက်တိုက်ခိုက်နိုင်သောစွမ်းရည် မရှိခြင်းက အားနည်းချက် ဖြစ်နေသည်။

အထူးသဖြင့် တာအို၏အဆုံးသတ်အဆင့်ရန်သူများနှင့်တိုက်ခိုက်ချိန် သာမန်အုပ်စုလိုက်တိုက်ခိုက်သော စွမ်းရည်များက ဘာမှ အသုံးမဝင်ပေ။

ဤအဆင့် တိုက်ပွဲများတွင်။

လူတိုင်းက ကိုယ်အကျွမ်းကျင်ဆုံး၊ အကောင်းဆုံး အားသာချက်ကိုသာ သုံးရသည်။ အားနည်းချက် နည်းနည်းလေး ပြလိုက်သည်နှင့် အကျိုးသက်ရောက်မှု နည်းရုံတင်မကပေ။ တစ်ဖက်လူက အခွင့်အရေးယူပြီး ပြန်တိုက်ခိုက်ခြင်း ခံရနိုင်သည်။

စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးထဲတွင် ရေလှိုင်းများလို လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာပြီး ထူးဆန်းသော တာအိုစွမ်းအင်များက မျက်စိတစ်မှိတ်အတွင်းမှာပင် နယ်မြေနှစ်ခု၏ ကောင်းကင်ယံကို ရောက်ရှိလာသည်။

[မျက်လုံးအတတ် - တည်ငြိမ်ခြင်း]

အဆုံးအစမဲ့ကြယ်ပင်လယ်ကြီးကို ဖြတ်ကျော်ပြီး မျက်လုံးအတတ်က ချက်ချင်း ရောက်ရှိလာ၏။

ကိုယ်ပွားသန်းပေါင်းများစွာအားလုံး ရပ်တန့်သွားကြသည်။

"ကောင်းတယ်။"

အောင်းက ရယ်မောလိုက်ပြီး ခန္ဓာကိုယ် ရုတ်တရက် ကြီးထွားလာကာ အစစ်အမှန်နဂါး၏ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီး လက်သည်းတစ်ချက်နှင့် ဒေါသတကြီး ရိုက်ချလိုက်သည်။

ကြီးမားလှသော ခန္ဓာကိုယ်အရွယ်အစားကို အားကိုးပြီး လက်သည်းတစ်ချက်တည်းဖြင့် ကိုယ်ပွား သန်းပေါင်းများစွာအားလုံးကို ဖုံးအုပ်လိုက်ကာ လက်သည်းဆုပ်လိုက်သည်နှင့် အားလုံး ပျက်စီးသွားတော့သည်။

"မဟုတ်သေးဘူး၊ အကုန်သေကုန်ပြီဆိုတော့ သူ၏ အစစ်အမှန်ခန္ဓာကိုယ်က ဘယ်မှာလဲ။" အောင်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

မုန့်ချင်ကျိုး ဘယ်ရောက်နေမှန်း မသိသော်လည်း သူက လူပုံစံအဖြစ် ကျုံ့ဝင်သွားပြီး အလိုအလျောက် တစ်ခုတည်းသောတည်ရှိမှု အနားကို ရောက်သွား၏။ ထို့နောက် ဆဋ္ဌမအာရုံကို အားကိုးပြီး နေရာလွတ် တစ်ခုကို အားပြင်းပြင်းနှင့် လက်သီးတစ်ချက် ထိုးချလိုက်သည်။

ဝုန်း။

ပုံရိပ်တစ်ခု လွင့်စင်ထွက်လာပြီး အဆက်မပြတ် သွေးအန်နေ၏။

၎င်းမှာ မုန့်ချင်ကျိုး၏ အစစ်အမှန်ခန္ဓာကိုယ်ပင်။

"ကောက်ကျစ်တဲ့လူသား။ ငါ မင်းကို အရင်သတ်မယ်။" အောင်းက လုံးဝဒေါသထွက်သွားပြီး ခန္ဓာကိုယ်မှ ကြီးမားလှသော သွေးမျိုးဆက်အင်အားများ ထွက်ပေါ်လာသည်။

[နဂါးတောတွင်းတိုက်ပွဲ]

တိုက်ခိုက်ရေးစွမ်းအား ချက်ချင်းမြင့်တက်သွားပြီး အသက်စွမ်းအင်၊ ကာကွယ်နိုင်စွမ်း၊ တိုက်ခိုက်နိုင်စွမ်း အဆပေါင်းများစွာ တိုးတက်လာ၏။

ထိုအချိန်တွင် အောင်း၏အရှိန်အဝါက အလွန်ပင် မတည်မငြိမ်ဖြစ်နေပြီး သားရဲများ၏ ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည်။

နဂါးမျိုးနွယ်၏ မဟာနတ်ဘုရားစွမ်းအား ပေါက်ကွဲထွက်လာပြီးနောက် အောင်းက နေရာတွင်ရှိနေသော သုံးယောက်ထဲတွင် တိုက်ခိုက်ရေးစွမ်းအားအမြင့်ဆုံး ဖြစ်သွားသည်။ တစ်ယောက်ချင်း ယှဉ်တိုက်လျှင် စကြဝဠာ အပြင်ဘက်မှ မျက်လုံးကြီးဖြစ်စေ၊ မုန့်ချင်ကျိုး ဖြစ်စေ မည်သူမှ သူ၏ပြိုင်ဘက် မဟုတ်တော့ပေ။

"အကုန်လုံးက အရမ်းစွမ်းကြတာပဲ။"

"ကျင်းကွေ့တို့လိုကောင်တွေက ဒီနှစ်ယောက်နဲ့ ယှဉ်လို့တောင်မရဘူး။"

"သူတို့ထဲကဘယ်သူမဆို ကျင်းကွေ့ကို သတ်နိုင်တဲ့စွမ်းအား ရှိတယ်။"

မုန့်ချင်ကျိုး၏စိတ်ခံစားချက် အနည်းငယ် ဆိုးရွားသွားသည်။

အောင်းနှင့် စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီး၏စွမ်းအားက သူထင်ထားသည်ထက် အများကြီး သာလွန်နေသည်။

ကျင်းကွေ့ကြောင့်ပင် တာအို၏အဆုံးသတ်အဆင့် တန်ခိုးရှင်များ၏ အစစ်အမှန် တိုက်ခိုက်ရေး စွမ်းအားကို သူ အထင်လွဲသွားခဲ့သည်။

စကြဝဠာအပြင်မှ မျက်လုံးကြီးနှင့် အောာင်းတို့က ကျင်းကွေ့နှင့် တိုက်ခိုက်ရေးစွမ်းအား သိပ်မကွာဟု ထင်ထားခဲ့သည်။ ဤမျှလောက် ကွာခြားချက် ကြီးမားလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ ကောင်းကင်နှင့် မြေကြီးလို ကွာခြားနေခြင်းပင်။

ခုနက အောင်း၏ လက်သီးချက်ကြောင့်။

[အချိန်-နေရာလွတ် - တာအိုအလုံးစုံ အစနှင့်အဆုံး] စွမ်းရည် အလိုအလျောက်အသက်ဝင်လာပြီ၊ လက်သီးတစ်ချက်တည်းနှင့် သူ နှစ်ခါဆက်တိုက် ပြန်လည်ရှင်သန်ပြီးမှသာ ထိုတိုက်ခိုက်မှု၏ဂယက်ကို အနိုင်နိုင် ချေဖျက်နိုင်ခဲ့သည်။

အခုတွင် အောင်းက မဟာနတ်ဘုရားစွမ်းအားကို ထုတ်သုံးလိုက်ရာ တိုက်ခိုက်ရေးစွမ်းအား ထပ်မံ၍ မြင့်တက်သွားသည်။ သူက အားအကောင်းဆုံးသူ ဖြစ်နေပြီဟူ၍ပင် ပြော၍ရလေသည်။

စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးက အလွန်နက်နဲလှပြီး စွမ်းရည်များကလည်း စွယ်စုံရလုနီးပါးပင်။ သို့သော် သူ၏ အကြောက်စရာအကောင်းဆုံးအချက်မှာ မည်သည့်စွမ်းအားဆို ချက်ချင်း အသက်ဝင်ခြင်း ဖြစ်သည်။ ချက်ချင်း အသက်ဝင်သည်ဟူ၍ပင် ပြော၍မရတော့ပေ။ စတင်လိုက်သည်နှင့် ပစ်မှတ်ဆီကို တိုက်ရိုက် ရောက်သွာခြင်းဖြစ်ပြီး တုံ့ပြန်ရန် အချိန်နည်းနည်းလေးပင် မရပေ။

အဆုံးအစမဲ့ ကြယ်ပင်လယ်ကြီးကို ဖြတ်ကျော်ပြီး ကြီးမားသောစကြဝဠာကြီးတစ်ခုကို ဖြတ်ကျော်ကာ တိုက်ခိုက်နိုင်ခြင်းက တကယ့်ကို ထူးဆန်းလွန်းလှသည်။

သုံးယောက်စလုံး အလွယ်တကူ မလှုပ်ရှားရဲကြတော့ပေ။

မည်သူက အရင်စပြီး လုယူမည်နည်း။ ကျန်နှစ်ယောက်က အလိုအလျောက်ပူးပေါင်းပြီး လုယူသူ တစ်ယောက်ကို ဝိုင်းရိုက်ကြပေလိမ့်မည်။

ခေါင်းကိုက်စရာပင်။

"ကျင်းကွေ့က မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် တကယ့်ကို ကွာခြားလွန်းတယ်။" မုန့်ချင်ကျိုးက ရယ်ပြီး ပြောလိုက်သည်။

အောင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောသည်။

"ကျင်းကွေ့ ဟုတ်လား။"

"အတုအယောင် နတ်ဘုရားတစ်ပါးပါ။"

"မျိုးနွယ်စုပေါင်းစုံခေတ်မှာ ငါတစ်ယောက်တည်း အရှင်သခင် ဖြစ်ခဲ့တယ်။ ကမ္ဘာဦးခေတ်မှာ အဲဒီမျက်လုံးကြီးရဲ့ နောက်တစ်ခြမ်းက ရှေးဟောင်းကောင်းကင်ခုံရုံးကို အုပ်စိုးခဲ့တယ်။ မင်းလည်း မဆိုးပါဘူး။ ခေတ်တစ်ခုရဲ့ အရှင်သခင်လို့ သတ်မှတ်လို့ရပါတယ်။"

"နတ်ဘုရားတွေက ဘာများအသုံးကျလို့လဲ။ အတုအယောင်နတ်ဘုရားတွေ အချင်းချင်းအားကိုးပြီး နေနေကြတာ။ လူသားဧကရာဇ် သတ်တာကိုတောင် ခံခဲ့ရသေးတယ်။ အရှင်သခင်လို့ အခေါ်ခံရဖို့ ထိုက်တန်လို့လား။"

ပြောပြီးနောက်။

သုံးယောက်စလုံး ပြန်လည် တိတ်ဆိတ်သွားကြသည်။

နှစ်ယောက်က လုံးဝမျက်စိမမြင်သော အခြေအနေတွင် ရှိနေသေးသည်။ [မျက်လုံးမှိတ် - ကောင်းကင်ပြိုခြင်း] ၏ အကျိုးသက်ရောက်မှုက ယခုထိ မပြတ်သေးပေ။

မုန့်ချင်ကျိုး မျက်မှောင်ကြုတ်လိုက်၏။

ဒီအချိန် နတ်ဘုရားတွေရဲ့ အထောက်အပံ့လေး ရလိုက်လျှင် သိပ်ကောင်းမှာပဲ။ ကောင်းကင်နယ်ပယ် အထွတ်အထိပ်ကို တိုက်ရိုက်ရောက်သွားနိုင်တယ်။

အဆင့်ငယ်တစ်ခုလေး ကွာခြားနေပေမယ့် ကောင်းကင်နယ်ပယ်နှောင်းပိုင်းနဲ့ ကောင်းကင်နယ်ပယ် အထွတ်အထိပ်ကြားက ကွာဟချက်က ချောက်နက်ကြီးတစ်ခုလိုပဲ။

ကောင်းကင်နယ်ပယ်အထွတ်အထိပ်ကို တာအို၏အဆုံးသတ်အဆင့်ဟုခေါ်ပြီး ထိုအောက်ကိုတော့ မည်မျှကွာကွာ တာအို၏အဆုံးသတ်အဆင့်ဟု မသတ်မှတ်ပေ။

မုန့်ချင်ကျိုးက သိပ်မထူးခြားလွန်းနေလျှင် သူတို့နှင့် ယှဉ်ပြိုင်ရန်ပင် အရည်အချင်း မရှိပေ။

ကောင်းကင်နယ်ပယ် အထွတ်အထိပ်ကိုသာ ရောက်သွားလျှင် ထိုနှစ်ကောင်ကို အလွယ်တကူ သတ်ပစ်နိုင်ပြီ ဖြစ်သည်။

စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးက ပြောလိုက်၏။

"လူသား။ မင်းက တာအိုရဲ့အဆုံးသတ်အဆင့်ကို မရောက်သေးဘူး။ တစ်ခုတည်းသောတည်ရှိမှုကို ရခဲ့ရင်တောင် ရွှေတောင်ကြီးထဲဝင်သွားပြီး လက်ဗလာနဲ့ပြန်ထွက်လာရသလိုပဲ ဖြစ်နေမှာ။ ပြန်ဆုတ်လိုက်ပါ။"

"ငါ အာမခံပါတယ်။ တကယ်လို့ အနိုင်ရတဲ့သူက ငါဖြစ်ခဲ့ရင် နောင်တချိန်မှာ မင်းက ငါ့ရဲ့နောက်လိုက် အနေနဲ့ နေလို့ရတယ်။"

အောင်းကည်း ခေါင်းညိတ်ပြီး သူ့ကိုစိုက်ကြည့်ကာ ပြောသည်။ "ငါလည်း သူ့နဲ့ သဘာထားအတူတူပဲ။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက ရယ်လိုက်သည်။

"ငါလည်း မင်းတို့ကို ရွေးချယ်ခွင့်တစ်ခု ပေးမယ်။"

"ကိုယ့်သဘောနဲ့ကိုယ် ပြန်ဆုတ်သွားကြ။ ငါ အဆင့်တက်ပြီး တစ်ခုတည်းသောတည်ရှိမှုကို ဝါးမျိုပြီးရင် နောက်တစ်ချိန်ကျ မင်းတို့တွေ ငါ့ရဲ့နောက်လိုက် လုပ်လို့ရတယ်။"

အောင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မရိုင်းနဲ့။"

စကြဝဠာအပြင်ဘက်မှ မျက်လုံးကြီးက အေးစက်စက်အကြည့်များနှင့် ကြည့်နေသည်။ "ကြည့်ရတာ စကားပြောလို့ အဆင်မပြေတော့ဘူးပဲ။"

သုံးပွင့်ဆိုင်အခြေအနေက အရှုပ်ထွေးဆုံးပင်။

အကယ်၍ နှစ်ယောက်တည်း လုနေလျှင် သူသေကိုယ်သေ တိုက်ခိုက်ရုံပင် လေးယောက်ဆိုလျှင်လည်း နှစ်ယောက်စီ ပူးပေါင်းပြီး ကျန်နှစ်ယောက်ကိုရှင်းထုတ်ပြီးမှ နောက်ဆုံးအနိုင်အရှုံးကို ဆုံးဖြတ်၍ရသည်။

သို့သော် ယခုက သုံးပွင့်ဆိုင် ဖြစ်နေရာ...

ထိုအချိန်မှာပင်။

မုန့်ချင်ကျိုး၏စိတ်များ လန်းဆန်းသွားသည်။

အချိန်-နေရာလွတ် ပုံရိပ်မှတစ်ဆင့် သူသည် နယ်မြေနှစ်ခုလုံးကို စူးစမ်းလိုက်၏။ အစပိုင်းတွင် မသေသေးသော နတ်ဘုရားများကို ရှာချင်၍ဖြစ်သည်။ သို့သော် သူ့ဇနီးက နောက်ဆုံးအဆင့်ကို ရောက်နေပြီ တာအိုသက်သေပြတော့မည်ဖြစ်ကြောင်း တွေ့လိုက်ရ၏။

လျူလီ၏ပါရမီက အလွန်ပင် မြင့်မားလှသည်။ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်ပြီဆိုလျှင် သူ၏စွမ်းအားက နှောင်းခေတ်တွင် မုန့်ချင်ကျိုးပြီးနောက် ဒုတိယနေရာတွင် ရှိနေလိမ့်မည်။

ထိုသို့ဆိုလျှင်...

သူ့ဇနီးကို မသေသေးသော နတ်ဘုရားများအား လိုက်သတ်ခိုင်း၍ ရနိုင်ပေသည်။

ယခင်က ယွီထန်မသေခင်တွင် နတ်ဘုရားတချို့ကိုယဇ်ပူဇော်ပြီး နတ်ဘုရားအားလုံးကို နှိုးလိုက်၏ အထွတ်အထိပ်နတ်ဘုရား စုစုပေါင်(၄)ပါး ရှိသည်။ စစ်မင်၊ ယွီထန်၊ ကျင်းကွေ့နှင့် ထျန်းတယ်တို့ပင်။

အမှောင်ထဲတွင် ပုန်းနေသော အထွတ်အထိပ် နတ်ဘုရားတစ်ပါး ကျန်သေးသည်။

သူ၏ ပြန်လည်နိုးထလာမှုအဆင့်က မမြင့်သေးသည်မှာ သေချာပေသည်။ ကောင်းကင်နယ်ပယ် အစပိုင်းလောက်သာ ရှိနေဦးမည်။ သို့မဟုတ်ပါက ဤလုယက်ပွဲကို သေချာပေါက် လာပေလိမ့်မည်။

ယခုတွင် အချိန်ဆွဲထားရန်သာ လိုအပ်တော့သည်။

မည်သို့ဆိုစေ သူက အလွယ်တကူ မထွက်သွားရဲပေ။ အကယ်၍ ထွက်သွားပြီး နောက်တစ်စက္ကန့်တွင် အနိုင်အရှုံး ဆုံးဖြတ်ပြီးသွားလျှင် မည်သို့လုပ်ရမည်နည်း။ ထိုသို့ဆိုလျှင် အကုန်ကုန်သွားပေလိမ့်မည်။

...

All Chapters