← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း (၂၁၄) - ကောင်းကင်ကြယ်တာရာ ကာကွယ်ရေးကျင့်စဉ် (၂)

"အိမ်တော်သခင်ဝမ်... ကျွန်တော်တို့က ရန်စဖို့ ရည်ရွယ်ချက်မရှိပါဘူး... ဒါပေမဲ့ အခု ထျန်းကျီးတောင်ကြားက ထျန်းရှင်းတောင်ခြေမှာ ရှိနေတယ်ဆိုတာ ကျွန်တော်တို့သိထားပြီးပြီမလို့... အိမ်တော်သခင်ဝမ်အနေနဲ့ လမ်းဖွင့်ပေးပြီး ထျန်းကျီးအမိန့်တော်ပြားကို အပ်နှံပေးဖို့ တောင်းဆိုချင်ပါတယ်... ဒါမှ မလိုအပ်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားနိုင်မှာပါ..."

“ငါကတော့ မင်းတို့ ဟန်ဆောင်ပန်ဆောင်လုပ်နေတာကို တကယ်ကြည့်မရတာ..."

ကျိုးကုက ရှေ့သို့တိုးလာပြီး ဒေါသတကြီးဆို၏။

"ဝမ်ဖူစန်း... ငါက မင်းရဲ့လော့ချန်အိမ်တော်ကို လေးစားလို့... မင်းရဲ့သိုင်းပြိုင်ပွဲက တမင်တကာ အချိန်ဆွဲနေတာကို သိသိကြီးနဲ့ ပူးပေါင်းပေးခဲ့တာ... ဒါပေမဲ့ ထျန်းကျီးတောင်ကြားက ငါတို့ရှေ့မှာတင် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…”

“ဒီနှစ်တွေတစ်လျှောက်လုံး မင်းတို့လော့ချန်အိမ်တော်က ဒါကို လုံးဝမသိခဲ့ဘူးဆိုတာ ငါမယုံဘူး... ငါတို့ကို ဒီလိုလှည့်စားခဲ့တဲ့အတွက် မင်းရှင်းပြချက်မပေးရင်... ဒီနေ့ ထျန်းကျီးအမိန့်တော်ပြားကို ယူရုံတင်မကဘူး... မင်းရဲ့လော့ချန်အိမ်တော်တစ်ခုလုံးကိုလည်း ချန်ထားမှာ မဟုတ်ဘူး..."

"ကောင်းတယ်... အရမ်းကောင်းတယ်..."

ပျန်းချန်၏အသံသည် ဝမ်ဖူစန်း၏နောက်ကွယ်မှ ထွက်ပေါ်လာ၏။

“ကျန်းဟူလောကမှာ အသက်ကြီးလေ သတ္တိနည်းလေလို့ ပြောကြပေမဲ့... ငါကြည့်ရသလောက်တော့ အသက်ကြီးလေ လူက ပိုပြီးအရှက်မရှိလေပဲ... ထျန်းကျီးအမိန့်တော်ပြားက မင်းတို့နဲ့ဘာဆိုင်လို့ မင်းတို့ပစ္စည်းလိုမျိုး ပြောနေကြတယ်…”

“သခင်ဝမ်က ထျန်းကျီးတောင်ကြားထဲက ပစ္စည်းတွေကို ယူခဲ့သည်ဖြစ်စေ မယူခဲ့သည်ဖြစ်စေ... ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ထျန်းကျီးရသေ့က ဝမ်မိသားစုရဲ့မျိုးဆက်တွေအတွက် ချန်ထားခဲ့တာလေ... မင်းတို့နဲ့ဘာဆိုင်လို့လဲ..."

"လျှာမရှည်နဲ့..."

ကျိုးကုက ဒေါသတကြီးအော်ဟစ်လိုက်၏။

"ရတနာဆိုတာ သီလရှိတဲ့သူတွေပဲ ပိုင်ဆိုင်ထိုက်တာ... မင်းလိုမျိုးဆက်သစ်လူငယ်က ငါ့ကိုလာပြီး ရိုင်းစိုင်းနေတာဆိုတော့... သေချင်နေတာလား..."

“မင်းလို ပါးစပ်သရမ်းတဲ့အဘိုးကြီးကတောင် သီလရှိတယ်လို့ ပြောရဲသေးတယ်ပေါ့... မင်းအိမ်မှာ မှန်မရှိရင်တောင် သေးတော့ပေါက်မှာပဲမလား... ကိုယ့်မျက်နှာကိုပြန်ကြည့်ဖို့ မသိဘူးလား..."

ပျန်းချန်သည် တံတွေးများ ပန်းထွက်မတတ် အော်ဟစ်ဆဲဆိုလိုက်၏။ ဤနှစ်ပေါင်းများစွာအတွင်း သူသည် စကားနိုင်လုငြင်းခုံရသည့် ကိစ္စတွင် မည်သူ့ကိုမျှ မကြောက်ဖူးချေ။

ဝမ်ဖူစန်းသည် သူ့ရှေ့တွင်ရပ်နေရင်း အချိန်အတော်ကြာစဉ်းစားပြီးမှသာ ထိုသူမှာ သမီးဖြစ်သူ၏ ဒုတိယဂိုဏ်းတူအစ်ကိုဖြစ်ကြောင်း သဘောပေါက်သွား၏။

ကံကောင်းထောက်မစွာဖြင့် သူ၏သမီးလေးမှာ စိတ်ခံစားချက်ကင်းမဲ့သူဖြစ်သဖြင့်သာ တော်တော့၏။ မဟုတ်ပါက ဤကဲ့သို့သော ဂိုဏ်းတူအစ်ကိုနှင့် နေ့တိုင်းအတူရှိနေလျှင်... မည်သို့သော အကျိုးသက်ရောက်မှုများ ရှိလာမည်ကို တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။

သို့သော် ယခုအချိန်တွင် ပျန်းချန်က သူ့ကိုယ်စားပြောဆိုပေးနေခြင်း ဖြစ်ပေသည်။

ယခုမူ လူအုပ်စုကြီးမှာ အပြည့်အဝ မစုစည်းရသေးပေ။ လူစုံသွားသည့်အခါမှသာ ထျန်းကျီးတောင်ကြားအတွင်းရှိ အခြေအနေများကိုရှင်းပြပြီး ထျန်းကျီးအမိန့်တော်ပြားကို ကိုင်ဆောင်ကာ သူတို့ကို ထျန်းကျီးတောင်ကြားသို့ ခေါ်ဆောင်သွားရမည် ဖြစ်၏။

ယခင်က သူနှင့်ချူချင်းတို့သည် ဤလူများကို ကောင်းကင်မိစ္ဆာဂိုဏ်း၏ အကြံအစည်အောက်တွင် အလဟဿသေဆုံးသွားမည်ကို စိုးရိမ်ခဲ့ကြသော်လည်း ယခုကြည့်ရသည်မှာမူ သူတို့၏စေတနာမှာ လွန်ကဲနေခဲ့ပုံရ၏။

ဆိုရိုးစကားရှိသည်အတိုင်း စကားကောင်းများသည် သေရမည့်သူကိုတားဆီးရန် ခက်ခဲလှပေသည်။ အထူးသဖြင့် ဤကျိုးကုဆိုသူပင်။ ဝမ်ဖူစန်းသည် မိမိ၏အဆင့်အတန်းကြောင့် ဆဲရေးတိုင်းထွာခြင်း မပြုနိုင်သော်လည်း စိတ်ထဲတွင်မူ အခွင့်အရေးရသည်နှင့် သူ့အား လက်ညှိုးတစ်ချက်တည်းဖြင့် တိတ်တဆိတ်ထိုးသတ်ပစ်ရန် စဉ်းစားနေမိ၏။

ကျိုးကုသည် ပျန်းချန်၏ဆဲဆိုမှုကြောင့် ဆွံ့အသွားရ၏။ သူသည် မူလကပင် ကောင်းကင်ကြယ်တာရာကာကွယ်ရေးကျင့်စဉ်ကြောင့် ဒဏ်ရာရရှိထားပြီးဖြစ်ရာ ယခုအခါ ဒေါသအလွန်အမင်းထွက်သွားသဖြင့် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်မိပြီး အော်ဟစ်လေသည်။

"ငါ မင်းကို သတ်မယ်..."

စကားဆုံးသည်နှင့် သူသည် လေထဲသို့ခုန်တက်ရန် ပြင်လိုက်၏။

သို့သော် သူလှုပ်ရှားရန် မပြင်နိုင်သေးမီမှာပင် မီးခိုးရောင်နှင့်အဖြူရောင် ပုံရိပ်နှစ်ခုသည် လေထဲမှဆင်းသက်လာကြချေသည်။

သူတို့သည် ဘယ်ညာမှနေ၍ သူ၏ပခုံးနှစ်ဖက်ကို ဖိချကာ အတင်းအဓမ္မ ပြန်လည်ထိန်းချုပ်လိုက်ကြ၏။

ကျိုးကုသည် ဒေါသတကြီးဖြင့် ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ထိုမီးခိုးရောင်ပုံရိပ်ကို မြင်လိုက်ရသည့် တစ်ခဏတွင် သူ၏ဒေါသများမှာ ချက်ချင်းပင် ငြိမ်းသတ်သွားရ၏။

"'အသားစားဘုန်းကြီး' ဆရာတော်..."

ဝမ်ဖူစန်းသည် မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီး ထိုမီးခိုးရောင်ပုံရိပ်ကို ကြည့်လိုက်၏။

"'အသားစားဘုန်းကြီး'..."

'အသားစားဘုန်းကြီး'သည် ရဟန်းတစ်ပါးဖြစ်ပြီး ဝဖြိုးကာ ပြုံးရွှင်နေသည့်အပြင် သနားကြင်နာတတ်သော မျက်နှာရှိသည့် ရဟန်းအိုတစ်ပါး ဖြစ်ပေသည်။

ဤရဟန်းအိုသည် သာမန်ပုဂ္ဂိုလ်မဟုတ်ပေ။ ဂိုဏ်းနှစ်ဂိုဏ်း၊ ခန်းမသုံးဆောင်၊ တံခါးငါးပေါက်နှင့် အိမ်တော်တစ်ခုလုံးသည် နန်လင်ဒေသရှိ ထိပ်တန်းအင်အားစုများကိုရည်ညွှန်းခြင်း ဖြစ်၏။

သို့သော် ၎င်းတို့အပြင် မိမိတို့၏ကိုယ်ပိုင်သိုင်းပညာနှင့် ဂုဏ်သတင်းကိုအခြေခံကာ ဤအင်အားစုကြီးများနှင့် ရင်ဘောင်တန်းနိုင်သော အခြားလူသုံးဦးလည်း ရှိသေး၏။

သူတို့သုံးဦးကို 'လွတ်လပ်သောနတ်ဘုရားသုံးပါး'ဟု ခေါ်ဆိုကြပေသည်။

သူတို့မှာ ရဟန်းတစ်ပါး၊ တာအိုပညာရှင်တစ်ဦးနှင့် စာပေပညာရှင်တစ်ဦး ဖြစ်ကြ၏။

ရဟန်းမှာ 'အသားစားဘုန်းကြီး'ဖြစ်ပြီး တာအိုပညာရှင်မှာ 'တာအိုရသေ့'ဖြစ်ကာ စာပေပညာရှင်မှာ 'အသက်လုစာပေပညာရှင်'ဖြစ်ပေသည်။

သူတို့သုံးဦး၏ ဘွဲ့အမည်များမှာ ထူးဆန်းသကဲ့သို့ သူတို့၏စရိုက်လက္ခဏာများမှာလည်း ထူးဆန်းလှ၏။

'အသားစားဘုန်းကြီး'သည် လောကီလောကတွင် ပျော်မွေ့ရသည်ကို နှစ်သက်ပြီး အရက်သောက်ကာ အသားစားတတ်သည့်အပြင် စည်းကမ်းများ၏ ချုပ်နှောင်မှုကိုမခံဘဲ မိမိစိတ်အလိုအတိုင်း လှုပ်ရှားတတ်သူ ဖြစ်၏။

သို့သော် သူသည် ကရုဏာတရားကြီးမားလှသဖြင့် ကျန်းဟူလောကရှိ ပညာရှင်များစွာသည် သူ၏ကျေးဇူးကို ခံယူခဲ့ဖူးကြရာ သူ၏ဂုဏ်သတင်းမှာ အလွန်မြင့်မားပြီး ဝမ်ဖူစန်းကဲ့သို့သော အင်အားစုခေါင်းဆောင်များနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။

ထိုရဟန်းအိုသည် သူ၏ဝတ်ရုံစကို သပ်ရပ်အောင် ပြုလုပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိလူအုပ်ကို ဝေ့ဝိုက်ကြည့်ရှုကာ နောက်ဆုံးတွင် မိမိနှင့်အတူ ကျိုးကုကို ထိန်းချုပ်ပေးခဲ့သောလူငယ်ကို ကြည့်ပြီး ပြုံးလျက်ဆို၏။

"ကောင်လေး... မင်းနာမည် ဘယ်လိုခေါ်လဲ..."

“ကျွန်တော်က ဇောင်ဝန်ချွမ်းပါ..."

ဇောင်ဝန်ချွမ်းသည် လက်တစ်ဖက်ကို ရင်ဘတ်တွင်ကပ်ကာ ရှိခိုးလိုက်ပြီးဆို၏။

"အမိတာဘာ... ဆရာတော်'အသားစားဘုန်းကြီး'ကို ရှိခိုးပါတယ်..."

'အသားစားဘုန်းကြီး'သည် ခေါင်းညိတ်လျက် ဆို၏။

"ငါက ဒီလူမိုက်ကို ဝမ်ဖူစန်းက လက်ညှိုးတစ်ချက်တည်းနဲ့ ထိုးသတ်ပြီး အလဟဿအသက်မဆုံးရှုံးစေချင်လို့ တားဆီးလိုက်တာ... ဒါနဲ့ မင်းက ဘာလို့ ဝင်ရောက်တားဆီးရတာလဲ..."

သူက ထိုသို့ပြောနေစဉ်အတွင်း ကျန်ရှိနေသော ကျန်းဟူလောကမှ ပညာရှင်များသည်လည်း ရတနာတိုက်ဆောင်၏ရှေ့သို့ ရောက်ရှိလာကြပြီး ထိုထိပ်တန်းပညာရှင်များ၏ နောက်ကွယ်တွင် စုဝေးလိုက်ကြ၏။

ဇောင်ဝန်ချွမ်းက လေးစားစွာဖြင့် ဆို၏။

"ကျွန်တော်ထင်တာကတော့... လော့ချန်အိမ်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေက တစ်ယောက်ယောက်က တမင်ကြံစည်ထားတာ ဖြစ်ရပါမယ်... အမှန်တရားကို မသိရသေးခင်မှာ ပဋိပက္ခတွေကို အလျင်စလို မစတင်သင့်ပါဘူး..."

ထိုစကားကြောင့် လူအုပ်ကြီးအတွင်း တီးတိုးပြောဆိုသံများ ထွက်ပေါ်လာချေသည်။

အမှန်တကယ်တွင် ဤသံသယမျိုးမှာ လူတိုင်းတွင် ရှိခဲ့ဖူးကြပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ကိစ္စရပ်များမှာ တိုက်ဆိုင်လွန်းလှ၏။ ပထမဆုံး ထျန်းကျီးအမိန့်တော်ပြားနှင့် ပတ်သက်သော ကောလာဟလများပျံ့နှံ့သွားပြီးနောက် ထျန်းကျီးတောင်ကြား၏ တည်နေရာမှာလည်း မရေမရာပေါ်ထွက်လာခဲ့၏။

ဤတိုက်ဆိုင်မှုများမှာ များပြားလွန်းသော်လည်း ထျန်းကျီးတောင်ကြား၏ဆွဲဆောင်မှုမှာ ကြီးမားလွန်းလှသဖြင့် ဤသကြားလုံးတွင် အဆိပ်ရှိနိုင်ကြောင်း ရိပ်မိကြသော်လည်း လူတိုင်းက မြည်းစမ်းကြည့်လိုကြပေသည်။

'အသားစားဘုန်းကြီး'သည် ထိုစကားကိုကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ထျန်းယူရဲ့တပည့်ပီသပါပေတယ်... ဒီလိုအခြေအနေမျိုးမှာ ရဲရဲဝံ့ဝံ့ ရှေ့ထွက်လာရဲတာက တကယ်ကို ချီးကျူးစရာပဲ... ဒါပေမဲ့ မင်းပြောတာမှန်ပါတယ်... ငါလည်း အရင်က အချို့ကိစ္စရပ်တွေကို ကြားသိခဲ့ရလို့... ဒီည မင်းတို့အားလုံးကို အသိပေးဖို့လာခဲ့တာ..."

ထိုသို့ပြောပြီးနောက် သူက ဝမ်ဖူစန်းကိုကြည့်ကာ ဆို၏။

"ကျေးဇူးရှင်ဝမ်... သူတို့ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ... သူတို့ဘာသာ ဆုံးဖြတ်ခွင့်ပေးလိုက်ရင် ဘယ်လိုလဲ..."

ဝမ်ဖူစန်းက သူ့ကိုကြည့်ပြီး ချက်ချင်းပင်ပြုံးလျက် ဆို၏။

"ပြောစရာရှိရင်လည်း ပြောလိုက်ပါ..."

‘အသားစားဘုန်းကြီး'သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။

"ကောင်းပြီ... အားလုံး... ငါကြားသိရသလောက်တော့ ထျန်းကျီးတောင်ကြားထဲမှာ တခြားလျှို့ဝှက်ချက်တွေ ရှိနေတယ်... ကောင်းကင်မိစ္ဆာဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းတစ်ခုက ထျန်းကျီးတောင်ကြားကို သိမ်းပိုက်ထားတာ… ထျန်းကျီးအမိန့်တော်ပြားရဲ့သတင်းကို အသုံးချပြီး မင်းတို့ကို လော့ချန်အိမ်တော်ဆီ ဆွဲဆောင်ခဲ့တာ…”

“ပြီးတော့ ထျန်းကျီးတောင်ကြားကို ထောင်ချောက်အဖြစ်သုံးပြီး မင်းတို့ကို အသက်အန္တရာယ်ဖြစ်အောင် ကြံစည်နေကြတာ... မင်းတို့ ထျန်းကျီးတောင်ကြားကို သွားမလား မသွားဘူးလားဆိုတာ... ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြ..."

ဤစကားကို ဝမ်ဖူစန်းကပြောခဲ့လျှင် ဤလူများက ယုံကြည်ကြမည် မဟုတ်ပေ။ အင်အားစုခေါင်းဆောင်တစ်ဦးသည် အကျိုးအမြတ်ကိုသာ ဦးစားပေးတတ်သောကြောင့် ဖြစ်၏။

သို့သော် 'အသားစားဘုန်းကြီး'သည် သီလရှိသော ရဟန်းတော်တစ်ပါးဖြစ်ပြီး ကရုဏာတရားကြီးမားလှသဖြင့် လော့ချန်အိမ်တော်အတွက် ဤကဲ့သို့သောလိမ်ညာမှုမျိုးကို ပြုလုပ်မည် မဟုတ်ပေ။

ခဏတာမျှ သူတို့အားလုံးသည် သံသယစိတ်များဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

"ဆရာတော်... ဒီသတင်းကို ဘယ်ကနေရတာလဲဆိုတာ မေးလို့ရမလား..."

ချန်ဝေသည် ရှေ့သို့တစ်လှမ်းတိုးကာ လက်သီးဆုပ်လျက် ထိုရဟန်းအိုအပေါ် လေးစားမှုအပြည့်ဖြင့် မေးမြန်းလိုက်၏။

‘အသားစားဘုန်းကြီး'သည် ပြုံးလျက် ခေါင်းခါကာ ဆို၏။

"ပြောလို့မရဘူး... ပြောလို့မရဘူး..."

"ဒါက..."

ချန်ဝေသည် တစ်ခဏမျှ ဆွံ့အသွားရ၏။ သူသည် ဆက်လက်မေးမြန်းလိုသော်လည်း အတင်းအကျပ်မလုပ်ရဲသဖြင့် တိတ်ဆိတ်စွာသာ နေလိုက်တော့၏။

ကျိုးကုသည် မကျေမနပ်ဖြစ်နေဆဲပင်။

"မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ... သွားကြည့်ရင် သိရမှာပဲ... ဝမ်ဖူစန်း... မင်း ထျန်းကျီးအမိန့်တော်ပြားကို ပေးရဲလား..."

All Chapters