← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း (၂၁၉) - သင်္ချိုင်းမင်းသား (၂)

"ဒီအချက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင် ညဧကရာဇ်နဲ့ သခင်လေးသုံးက တစ်ဦးတည်းဖြစ်ဖို့ များပါတယ်..."

"ဒါပေမဲ့... သူတို့နှစ်ယောက်ရဲ့အတွင်းအားက တူညီနိုင်ပေမဲ့ အသုံးပြုတဲ့သိုင်းကွက်တွေကတော့ လုံးဝကွဲပြားခြားနားနေပါတယ်..."

"တစ်ယောက်က ဓား၊ လက်သီးနဲ့ လက်ဝါးသိုင်းတွေမှာ ကျွမ်းကျင်ပြီး နောက်တစ်ယောက်က ဓားနဲ့ ပျံလွှားဓားမြှောင်ပစ်ကွက်တွေမှာ ကျွမ်းကျင်ပါတယ်..."

"ပြီးတော့ ဘယ်သိုင်းပညာရပ်ပဲဖြစ်ဖြစ် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်လောက် ပြင်းပြင်းထန်ထန်မကျင့်ကြံဘဲနဲ့ ဒီလိုအဆင့်အတန်းကို ရောက်ရှိဖို့ မဖြစ်နိုင်ပါဘူး..."

"သခင်လေးသုံးရဲ့ပုံစံကို ကြည့်ရတာ အသက်နှစ်ဆယ်တောင် မပြည့်သေးပါဘူး... သဘာဝကျကျ စဉ်းစားကြည့်ရင်တော့ ဒါက လုံးဝမဖြစ်နိုင်ပါဘူး..."

သင်္ချိုင်းမင်းသားက ရယ်မောလိုက်ချေသည်။

သူ့အသံက မကျယ်လှသော်လည်း ဤကျောက်ဂူကျဉ်းလေးအတွင်း၌ ပဲ့တင်ထပ်သွားပြီး ဂူတစ်ခုလုံးကို အနည်းငယ် တုန်ခါသွားစေချေသည်။

သူ့ဘေးပတ်ပတ်လည်ရှိ ခေါင်းတလားများမှာလည်း ထိုအသံကြောင့် လှုပ်ခါသွား၏။

ခေါင်းတလားအဖုံးများမှာ အဆက်မပြတ်လှုပ်ရှားနေပြီး အောက်ခြေ၌ ရေနွေးပူများဆူပွက်နေသကဲ့သို့ ခေါင်းတလားကိုတွန်းတင်ရန် ကြိုးပမ်းနေသော်လည်း အားအင်မလုံလောက်သကဲ့သို့ ရှိပေသည်။

"ငြိမ်စမ်း..."

သင်္ချိုင်းမင်းသားသည် လက်ကိုဆန့်ထုတ်ကာ ခေါင်းတလားအဖုံးပေါ်သို့ ဖိနှိပ်လိုက်လေသည်။

ခေါင်းတလားအားလုံး ချက်ချင်းပင် ငြိမ်သက်သွားချေသည်။

"သိုင်းလောကက ကျယ်ပြောပြီး အစွမ်းထက်သူတွေအကြားမှာ ပိုထက်မြက်တဲ့သူတွေ ရှိစမြဲပဲ..."

"ငါကိုယ်တိုင်တောင် အခုလိုအဆင့်အတန်းကို ရောက်ရှိနေပေမဲ့ ခေါင်းမော့ကြည့်လိုက်ရင်လည်း ဖိအားတွေကို ခံစားနေရတုန်းပဲ..."

"ပါရမီရှင်တွေလား... ထူးချွန်သူတွေလား..."

"မြစ်ကို ဖြတ်ကူးနေတဲ့ငါးတွေလိုပဲ ရေတွက်လို့မကုန်နိုင်အောင် များပြားလွန်းပါတယ်..."

"လောကသဘာဝလား... လောကသဘာဝဆိုတာ သာမန်လူတွေကိုတိုင်းတာဖို့ပဲ သုံးတာ..."

"ပါရမီရှင်တွေကို ဘယ်လိုလုပ်တိုင်းတာလို့ ရပါ့မလဲ..."

"ဂိုဏ်းချုပ်က အသက်ဘယ်လောက်ရှိပြီလဲ... သိုင်းပညာကကော ဘယ်လိုလဲ..."

"ငါတို့ ကောင်းကင်မိစ္ဆာဂိုဏ်းမှာ ထိပ်တန်းပညာရှင်တွေ အများကြီးပေါ်ထွက်လာနိုင်ရင် သိုင်းလောကထဲကနေလည်း နဂါးတစ်ကောင် ပေါ်ထွက်လာခွင့်မရှိဘူးလို့ ဘယ်သူပြောလဲ..."

"ရှီယဲ... မင်း အရမ်းမောက်မာလွန်းတယ်..."

သင်္ချိုင်းမင်းသားက ဤသို့ပြောပြီးနောက် ခေါင်းတလားကို လက်ဖြင့်ထောက်ကာ ဖြည်းညင်းစွာ ထရပ်လိုက်လေသည်။

ရှီယဲသည် ခေါင်းမမော့သကဲ့သို့ မျက်လုံးများကိုလည်း ဖွင့်မကြည့်ပေ။ သို့သော် စိတ်အာရုံထဲ၌ သူ့ရှေ့တွင် မတ်တပ်ရပ်နေသူမှာ လူတစ်ဦးမဟုတ်ဘဲ ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ ခံစားလိုက်ရချေသည်။

သူ့ခန္ဓာကိုယ်မှထွက်ပေါ်နေသော အရှိန်အဝါမှာနက်ရှိုင်းလှပြီး သူထရပ်လိုက်သည့်အချိန်၌ ကန်တော့ပုံစံမျက်နှာကြက်မှ စီးကျနေသောသွေးစက်များပင် လေပေါ်၌ တစ်ခဏမျှ ရပ်တန့်သွားသကဲ့သို့ ရှိပေသည်။

တစ်ခဏအကြာမှသာ ပြန်လည်ကျဆင်းလာချေသည်။

အလွန်ဝမ်းနည်းဆွေးမြည့်ဖွယ်ရာ အငွေ့အသက်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

ရှီယဲ၏စိတ်ထဲ၌ အတိုင်းအဆမဲ့ လေးလံထိုင်းမှိုင်းမှုများ ဖြစ်ပေါ်လာချေသည်။

ဤလေးလံမှုမှာ ဖိအားများကြောင့်မဟုတ်ဘဲ သေဆုံးခြင်းဟူသော ခံစားချက်ကြောင့် ဖြစ်ပေသည်။

ထို'‌သေဆုံးခြင်း'ဟူသည်မှာ ရှင်းပြရခက်ခဲလှသော ကြီးကျယ်ခမ်းနားမှုများရှိနေပြီး လူကို ရင်ထဲ၌ တောင်တစ်လုံးကို ထမ်းထားရသကဲ့သို့ လေးလံစေ၏။

ဝမ်းနည်းကြေကွဲမှုများက ရင်ထဲ၌ ပြည့်လျှံလာပြီး မျက်ရည်ပင်ကျလုနီးပါး ဖြစ်သွားချေသည်။

ထျန်းကျီးတောင်ကြားအတွင်းရှိ အစီအမံအားလုံးမှာ ကောင်းကင်မိစ္ဆာဝတ်ရုံတစ်ခုတည်းအတွက်သာ ဖြစ်ပေသည်။

သို့သော် ထိုအစီအမံများအားလုံးမှာ ရှီယဲ၏စိတ်ထဲ၌ သင်္ချိုင်းမင်းသားတစ်ဦးတည်းကိုပင် မယှဉ်နိုင်ချေ။

ထိုအစီအမံများကိုပြုလုပ်ခဲ့ရခြင်းမှာ မူလအစီအစဉ်အရ သင်္ချိုင်းမင်းသားရောက်ရှိလာမည် မဟုတ်သောကြောင့် ဖြစ်ပေသည်။

သင်္ချိုင်းမင်းသားသည် ခေါင်းတလားပေါ်မှ ဆင်းသက်လာပြီး ရှီယဲ၏ရှေ့မှောက်သို့ ရောက်ရှိလာချေသည်။

"သူက သခင်လေးသုံးပဲဖြစ်ဖြစ် ညဧကရာဇ်ပဲဖြစ်ဖြစ်..."

"ဒီကိစ္စက ဘယ်လောက်ပဲ လောကသဘာဝနဲ့ မကိုက်ညီပါစေဦးတော့... သူတို့နှစ်ယောက်ကို တစ်ဦးတည်းလို့ပဲ သတ်မှတ်ပြီး စဉ်းစားလို့ရတယ်..."

"ဒီသတင်းကို ဂိုဏ်းဆီပြန်ပို့ပြီး ဂိုဏ်းချုပ်ကို ဆုံးဖြတ်ချက်ချခိုင်းလိုက်..."

"ငါ့သဘောအရတော့... ဒီလိုလူမျိုးကို ငါတို့ကောင်းကင်မိစ္ဆာဂိုဏ်းထဲ သွတ်သွင်းရမယ်..."

"ဒါပေမဲ့ သူ့လိုလူမျိုးကို ကောင်းကင်မိစ္ဆာဂိုဏ်းထဲဝင်ဖို့ ဆွဲဆောင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ..."

"အင်း... သူက တကယ်ပဲ နာမည်ဝှက်နဲ့လှုပ်ရှားနေတာဆိုရင်တော့ နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုခု ရှိနေနိုင်တယ်..."

"ညဧကရာဇ်နဲ့ သခင်လေးသုံးက တစ်ဦးတည်းဖြစ်တယ်ဆိုတဲ့ သတင်းကို သိုင်းလောကထဲဖြန့်ကြည့်လိုက်... မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတွေ ဖြစ်လာနိုင်တယ်..."

ဤသို့ပြောပြီးနောက် သင်္ချိုင်းမင်းသား၏နားရွက်များက အနည်းငယ် လှုပ်ခါသွားချေသည်။

သူက ပြုံးလျက် ပြောလိုက်၏။

"ကောင်းကင်မိစ္ဆာဝတ်ရုံရဲ့ သွေးပူဇော်သက္ကာတွေ ရောက်လာပြီပဲ... အစီအမံတွေပျက်စီးသွားပြီဆိုတော့ ငါကိုယ်တိုင်လည်း ဒီအတိုင်း ထိုင်ကြည့်မနေသင့်တော့ဘူး..."

"အပြင်ထွက်ပြီး... သူတို့ကို ကြိုဆိုကြတာပေါ့..."

"မင်းသား... ကျေးဇူးပြုပြီး..."

ရှီယဲသည် ဦးညွှတ်ကာ မတ်တပ်ရပ်လိုက်ပြီး လမ်းပြပေးလေသည်။

သင်္ချိုင်းမင်းသားသည် ရှေ့သို့ခြေလှမ်းလှမ်းလိုက်ပြီး ရှီယဲနှင့် ကောင်းကင်မိစ္ဆာဂိုဏ်းတပည့်နှစ်ဦးက နောက်မှ နီးကပ်စွာလိုက်ပါသွားကြချေသည်။

ကောင်းကင်မိစ္ဆာဝတ်ရုံကိုမူ သင်္ချိုင်းမင်းသားက လျစ်လျူရှုထားခဲ့ချေသည်။

လူစုမှာ လှေကားထစ်များအကြား တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ သူတို့ထွက်ခွာသွားပြီးနောက် ရုတ်တရက် ဂျောက်ခနဲ အသံတစ်ချက်ထွက်ပေါ်လာပြီး ခေါင်းတလားတစ်ခု၏အဖုံးမှာ ဘေးသို့ရွေ့လျားသွားကာ မီးခိုးရောင်အင်္ကျီစနှင့်အတူ ဖျော့တော့ဖြူဆွတ်နေသော လက်တစ်ဖက်က ခေါင်းတလားအတွင်းမှ ထွက်ပေါ်လာချေသည်။

သင်္ချိုင်းမင်းသား ပြောခဲ့သည့်အတိုင်းပင် ဖြစ်ပေသည်။

ကောင်းကင်မိစ္ဆာဝတ်ရုံ၏ သွေးပူဇော်သက္ကာများ ရောက်ရှိလာကြချေပြီ။

ဝမ်ဖူစန်းနှင့်အသားစားဘုန်းကြီးတို့ ဦးဆောင်လာသော သိုင်းလောကသားအစုကြီးမှာ ထျန်းကျီးတောင်ကြားသို့ ရောက်ရှိလာကြချေသည်။

ထျန်းကျီးအမိန့်တော်ပြားမှာ ထျန်းကျီးတောင်ကြား၏တံခါးမကြီးကို ဖွင့်လှစ်ရန်အတွက် အမှန်တကယ် အသုံးပြုရခြင်း ဖြစ်ပေသည်။

တံခါးပေါ်တွင် အမိန့်တော်ပြားပုံစံအပေါက်တစ်ခု ရှိနေပြီး ဝမ်ဖူစန်းက ထျန်းကျီးအမိန့်တော်ပြားကို ထည့်သွင်းလိုက်ချိန်၌ ထိုတံခါးမကြီးမှာ ဘေးဘယ်ညာသို့ ဖြည်းညင်းစွာ ပွင့်သွားချေသည်။

သူတို့သည် ချူချင်းမမြင်တွေ့ခဲ့ရသော မြင်ကွင်းများကို မြင်တွေ့လိုက်ရ၏။

ထိုရှေးဟောင်းတံခါးမကြီးမှာ ဝုန်းခနဲ မြည်ဟိန်းသံကြီးနှင့်အတူ မြေပြင်ပေါ်၌ နက်ရှိုင်းသော အစင်းကြောင်းများချန်ရစ်ကာ ဖုန်မှုန့်များကို လွင့်ပျံသွားစေချေသည်။

သူတို့သည် တံခါးအတွင်းပိုင်း၌ 'ထျန်းကျီးတောင်ကြားအင်းကွက်... အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း၏ အခြားတစ်ဖက်ကမ်း...'ဟု ရေးထွင်းထားသော ကျောက်ပြားကြီးကို သူတို့မြင်တွေ့လိုက်ရချေသည်။

ဝမ်ဖူစန်းအပါအဝင် လူအနည်းငယ်မှလွဲ၍ ကျန်ရှိသောသူများအားလုံးမှာ စိတ်လှုပ်ရှားသွားကြချေသည်။

ဤနေရာမှာ အမှန်တကယ်ပင် ထျန်းကျီးတောင်ကြား ဖြစ်ပေသည်။

အသားစားဘုန်းကြီးပြောခဲ့သော စကားများကို ယခုအချိန်၌ အားလုံးကမေ့လျော့သွားကြချေပြီ။ သူတောင်းစားအိုကြီး ပြောခဲ့ဖူးသကဲ့သို့ပင် လောကသားတို့သည် မိုက်မဲလှသဖြင့် သူတို့၏စိတ်ရင်းကို ထိန်းသိမ်းရန် အလွန်ခက်ခဲလှပေသည်။

သဲပွင့်များကဲ့သို့ပင် ဆုပ်ကိုင်ထားလေ ပိုမိုယိုဖိတ်လေ ဖြစ်ပေသည်။

ယခု ထျန်းကျီးတောင်ကြား၏ကျောက်ပြားကို မြင်တွေ့လိုက်ရချိန်တွင် ဤမြင်ကွင်းမှာ ပိုမိုထင်ရှားသွားသည်။

အသားစားဘုန်းကြီး၏ဂုဏ်သတင်းက မည်မျှပင် ကြီးမားပါစေဦးတော့ အချို့သူများမှာ မစောင့်ဆိုင်းနိုင်တော့ဘဲ ကိုယ်ဖော့သိုင်းကိုအသုံးပြုကာ ထျန်းကျီးတောင်ကြားအတွင်းသို့ အပြေးအလွှားဝင်ရောက်သွားကြချေသည်။

ခြေလှမ်းတစ်လှမ်းနောက်ကျသွားပါက ရတနာများကို သူတစ်ပါးလုယူသွားမည်ကို စိုးရိမ်နေကြသကဲ့သို့ရှိပေသည်။

ဝမ်ဖူစန်းက သူတို့ကိုတားဆီးခြင်း မပြုခဲ့ပေ။

သေမည့်သူကို တားဆီး၍မရနိုင်ဘဲ သေမင်းကိုယ်တိုင် လာရောက်ဖျောင်းဖျလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။

အသားစားဘုန်းကြီးက ခေါင်းကို အဆက်မပြတ်ခါယမ်းလိုက်ပြီး ဇောင်ဝန်ချွမ်းက လက်ဝါးနှစ်ဖက်ကိုပူးကပ်ကာ ဘုရားစာရွတ်ဆိုလိုက်လေသည်။

စီချန်ကပြုံးလိုက်ပြီး ထိပ်တန်းပညာရှင်များအကြားရှိ ချန်‌ဝေကိုလှမ်းကြည့်ကာ ပြောလိုက်၏။

"သူတို့တွေအားလုံး သေမင်းဆီသွားနေကြပြီ... မင်းရော ဘာလို့ မလိုက်သွားသေးတာလဲ..."

"မင်း... ပါးစပ်ပိတ်စမ်း..."

ချန်ဝေက လှောင်ပြောင်လိုက်လေသည်။

"ဒီနေ့တော့ ငါက မင်းလိုကောင်လေးနဲ့ အငြင်းမပွားချင်ဘူး... နောက်တစ်နေ့ သိုင်းလောကထဲမှာ ပြန်ဆုံရင်တော့ မင်းကို ကောင်းကောင်းဆုံးမပြမယ်..."

"ငါ့ရဲ့ညီအစ်ကိုသာ ဒီမှာရှိနေရင် မင်းကို ဓားတစ်ချက်တည်းနဲ့ ခေါင်းဖြတ်သတ်ပြီးသားဖြစ်မှာ..."

စီချန်သည် သိုင်းပညာပိုင်း၌ ချန်ဝေကို မယှဉ်နိုင်သော်လည်း ဝမ်ဖူစန်းရှိနေသဖြင့် သူ့ကိုသတ်ရန် ကြိုးပမ်းနိုင်မည်မဟုတ်ကြောင်း သိရှိထားပေသည်။

ထိုသို့သောအခြေအနေမျိုးတွင် စကားနိုင်လုကာ အားသာချက်ယူထားရပေမည်။

ချန်ဝေသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားသော်လည်း ဘာမျှမတတ်နိုင်ပေ။

စကားများနေကြသော်လည်း လူစု၏လှုပ်ရှားမှုမှာ နှေးကွေးခြင်းမရှိချေ။

All Chapters