← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

Ch 1 ကျွန်မ ရှင့်ကို တစ်ခွက်လောက် ဝယ်တိုက်လို့ရမလား။

Beep Beep Beep

ထိုအချိန်မှာ ဟိုက်တောင်ဘက်လမ်းမလယ်ကြီးက တော့ လုံးဝပိတ်ဆို့ခံထားရပြီး ကားဟွန်းတီးသံတွေက ကျယ်လာလိုက်တိုးသွားလိုက်ဖြစ်နေတယ်။

“လွန်ခဲ့တဲ့တစ်နာရယ်ခွဲလောက်က ငါ လာ‌တုန်းက တောင် အဆင်ပြေနေသေးတာကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုးကားတွေ ပြွတ်သိပ်သွားရတာတုန်း”

သူ စကားပြောနေစဉ်မှာပဲ တက္ကစီသမားက စိတ်မရှည်တော့ဘဲ ကားဟွန်းကို နှစ်ကြိမ်ဆက်တိုက် တီးလိုက်တယ်။

ကားနောက်ခုံမှာ ကောင်မလေးက ဆူဆူညံညံ့အသံတွေကြောင့်တစ်မှေးအိပ်ရာမှ နိုးလာတယ်။ သူမက ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်ပြီး သူမ မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့တယ်။

နန်ကောက အခုလေးတင်မှ နိုးလာ‌ပြီး သူမ‌က အနည်းငယ် စိတ်ရှုပ်ထွေးနေလေတယ်။

သူမ သတိဝင်လာတော့ သူမရဲ့ဆံပင်တွေကို ဆွဲလိုက်ပြီး အဝေးကို တွန်းပို့လိုက်တယ်။ “အရှေ့မှာ တစ်ခုခုဖြစ်နေတာလား”

ဒါကို ကြားတော့ ကားသမားက ကားနောက်ကြည့်မှန်ကို အလိုလိုကြည့်လိုက်မိတယ်။ “အဲနားမှာ ရုတ်တရက်ကြီး ယာဉ်ကြောပိတ်ဆို့သွားတာလေ။ ဒါကြောင့် အဲနားမှာ မတော်တဆတစ်ခုခု ရှိလိမ့်မယ်”

နန်ကော တစ်ခုခုပြောဖို့ လုပ်နေချိန်မှာ သူမ ပေါင်ပေါ်ရှိဖုန်းက တုန်ခါလာတယ်။ ဝီချတ်က မက်ဆေ့ခ်ျအနည်းငယ်က ပေါ်လာတယ်။

ယွီ:[မစ္စရေ နင် ဘယ်မှာလဲ။]

[နင် ပြောတော့ လွန်ခဲ့တဲ့ တစ်နာရယ်ကျော်လောက်တည်းက ထွက်လာပြီဆို ဘာလို့ ခုထိ မရောက်သေးတာလဲ။ ဘယ်က မ္ဘာပေါ်မှာ နင်ရောက်နေတာလဲ။ငါ နင့်ကို ဒီညတော့ မြင်ရဦးမှာမလား။]

[ဟေး နင်ငါ့ ရဲ့momentက ပုံတွေကို မြင်ပြီး ပြီလား။ ငါ နောက်ဆုံးမော်ဒယ်ကို ရထားတာနော်။ အဲဒါက မမိုက်ဘူးလားဟဲ့။ ဟီးဟီးဟီး နင် အခု မနာလိုဖြစ်နေပြီလား]

[နှစ်နှစ်တောင်ကြာပြီနော် နင်အခုထိ ကားအသစ်တစ်စီး မဝယ်သေးဘူးလား။ မစ္စနန်ရေ နင် မွဲသွားတာလား ဘာဖြစ်နေတာတုန်း]

[...]

[ဟေး…တစ်ခုခုပြောပါဦးဟ နင် ဘယ်ရောက်နေပြီလဲ နင်နဲ့ နင့်နောက်တွဲယာဥ်ကြီး ဘယ်မှာတုန်းဟ]

[တစ်ခုခုပြောပါဦးဟ နင်အဆင်ပြေရဲ့လား ကားထဲမှာ လိုင်းက‌ အတော်ကို ဆိုးနေတာလား]

စခရင်ပေါ်က ပန်းထွက်နေတဲ့ ထေ့ငေါ့လုံးတွေကို ကြည့်ရင်း နန်ကောတစ်ယောက် နိုးနိုးလာချင်း ဒေါသထွက်နေမိတယ်။ သူမက အံကြိတ်ရင်း ပြန်ဖြေလိုက်တယ်။

[ငါက လည်း နင်အလကားပေးမယ်ဆိုရင်တောင် အဲဒီဒီsecond Handကားစုတ်ကြီးကို မယူနိုင်ပေါင် အဲဒီကားက ကြည့်ရဆိုးချက်။ နင့်မှာ တော်တော်လေး ဆိုးရွားတဲ့ အမြင်ရှိတာနေမယ်]

[ပြီးတော့ ငါ့အစ်ကိုကလည်း နောင်နှစ်ထဲမှာ ကားအသစ်တစ်စီး ပေးမယ်လို့ ကတိပေးထားသေးတယ်]

[တက ယ်ကြီးလား။]

[ဘာမှပြောစရာမှလိုတာ]

[အိုကေ နင့်ရဲ့နောက်တွဲယာဉ်ကြီးက ဘယ်မှာလဲ]

နန်ကောက အသက်ပြင်းပြင်းရှူရင်း အပြင်းအထန် စာရိုက်တော့တယ်။ [ငါ့ကားကို ထိန်းသိမ်းဖို့ကို ပို့ပေးထားတယ်။ ဒါကြောင့် ငါ အခုဒီကို တက္ကစီနဲ့လာတာကားက အခုထိလမ်းမပေါ်မှာပိတ်မိနေသေးတယ်]

ယွီက ဝါကျအဆုံးတိုင်း သင်္ကေတအပြည့်နဲ့ မေးလာတယ်။ ဟိုက်မြို့ရဲ့အလုပ်သွားအလုပ်ပြန်ချိန်က ဒီရက်တွေမှာ အတော်လေး ကြောက်စရာကောင်းတယ် ဟုတ်….ပြီးခဲ့တဲ့နှစ်တွေက အဲဒီလောက်မဆိုးသေးဘူးဟ

ယွီက သူမရဲ့ကလေးဘဝတည်းက သူငယ်ချင်းတစ်ယောက်။ သူမတို့နှစ်ယောက်လုံးက ဟိုက်မြို့မှာ နေထိုင်သူတွေမဟုတ်ပေမဲ့လည်း သူမတို့က အနီးနားက မြို့တွေမှာ နေတယ်။ သူမက ဟိုက်တက္ကသိုလ်မှာ ကျောင်းတက်နေပြီး ယွီက သူ့မွေးနေ့ပွဲကျင်းပဖို့အတွက် ဒီက ဘားအသစ်ဆီကို လာဖို့ဖြစ်လာတယ်လေ။

[ဒါက ရုံးဆင်းချိန်ကြောင့်မဟုတ်လောက်ဘူး မတော်တဆတစ်ခုခုကြောင့်ဖြစ်မယ်]

[ဟုတ်ပါပြီ]

စက္ကအနည်းငယ် ကြာပြီး နောက်သူမ စာတစ်စောင်လက်ခံလိုက်ရတယ်။

[အိုး ဟုတ်သားပဲ အပြင်မှာ မိုးရွာနေတယ်။နင် ထီးရောယူလာခဲ့ရဲ့လား။ နင့်ကို ဘားအဝင်ပေါက်ကနေ လာကြိုပေးဖို့ ငါ့ကို လိုသေးလား]

ဟမ်..မိုးရွာနေတာလား။

နန်ကောရဲ့မျက်လုံးတွေက ဖုန်းစခရင်က နေပြတင်းပေါက်ဆီ ရွေ့သွားတယ်။ ထို့နောက် ပြတင်းပေါက်တွေက ဝါးတားတားဖြစ်နေတာကို သူမ သတိထားမိသွားတယ်။

ဇန်နဝါရယ်လ အစပိုင်းပဲရှိသေးတာကို မိုးက ရုတ်တရက်ရွာချနေတယ်။

ဒါပေမဲ့လည်း ကြည့်ရသလောက်တော့ မိုးက အရမ်းမသည်းနေဘူး။ မိုးရေတွေက ပြတင်းပေါက်ပေါ် ကျနေတယ်။ ကားအပြင်ဘက်မှာ မိုးရေတွေရွာနေပြီး ဟိုက်မြို့ရဲ့ပျားပန်းခတ်အလုပ်ရှုပ်နေတဲ့ ညမြင်ကွင်းကို ဝေဝါးဝါးအလှကို ပေါင်းထည့်ပေးနေတယ်။

သူမ မသိစိတ်က နေဘေးနားက ထီးကို ထိလိုက်မိတယ်။

ဒါကြောင့် သူမ အခန်းဖော်က သူမ ထွက်သွားခင် ထီးယူဖို့ပြောခဲ့တာကိုး။ သူမ ပထမတုန်းက မိုးလေဝသက မိုးရွာမယ်လို့ပြောတာကို မယုံကြည်ခဲ့ဘူး။

ကားက လိပ်တစ်ကောင်လုံးအရှိန်မျိုးနဲ့ ရွေ့လျားလာတယ်။ ကားသမားက ဖြည်းဖြည်းချင်းမောင်းနှင်နေပြီး အချိန်နဲ့အမျှ ညည်းညူနေတယ်။

တစ်ခဏအကြာမှာပဲ နန်ကောတစ်ယောက် ကားဆရာရဲ့အံ့ဩနေတဲ့အသံကို ကြားနေရတယ်။ “ဘုရားရေ ကားအတော်များများက မတော်တဆဖြစ်နေတာဟ”

တစ်ခဏကြာတော့ ကားက အနီရောင်မီးရောင်အောက်မှာ ရပ်လိုက်တယ်။ နန်ကောရော ကားသမားရောပါ တစ်ချိန်တည်းမှာပဲ ကားမှန်ကို ချလိုက်ပြီး သူတို့ဘေးက လမ်းမကို လှည့်ကြည့်နေလိုက်တယ်။

တကယ်တော့ လူ့သဘာဝဆိုတာက စပ်စုတတ်တာပင်။

မိုးဖွဲဖွဲရွာနေတဲ့ ညအချိန် ဆောင်းလေအေးတွေကြား နန်ကောတစ်ယောက် မသိစိတ်အရ မျက်မှောင်ကြုတ်မိတယ်။

သူမက မတော်တဆမြင်ကွင်းကို သိပ်အာရုံမစိုက်မိရတာက ပထမဆုံးအနေနဲ့ မြင်ကွင်းက သူမဘက်ကနဲ့ ယှဉ်ရင် ဆန့်ကျင်ဘက် နေရာထက် အလင်းရောင်မှိန်လို့ပင်။

အလင်းရောင်အောက်မှာ လူတစ်ယောက်က လည်သာရူးဖိနပ်နဲ့ ဝတ်စုံပြည့်ကို ဝတ်ထားတယ်။ သူက ဖြည်းဖြည်းချင်း ဘေးဘက်ကို လှည့်လာတယ်။ သူ့မှာ ပခုံးကျယ်ကျယ်၊ခါးသိမ်သိမ်နဲ့ ခြေတံရှည်တွေရှိနေကာ သူ့ပုံစံက ပြီးပြည့်စုံလွန်းတယ်။ သူ့မှာ မော်ဒယ်တစ်ယောက်ရဲ့ ပုံရိပ်စံညွှန်းရှိနေတယ်။

မိုးရွာနေပြီး အလင်းမှိန်မှိန်နဲ့ညမှာ အဲဒီပုံစံက ဇာတ်ကားထဲက ရိုက်ကွက်တစ်ခုနဲ့တူလွန်းတယ်။ သူ့နှာနုရိုးပေါ်က ငွေရောင်ဘောင်ခတ်ထားတဲ့ မျက်မှန်ကို ယူလိုက်ပြီး ညင်ညင်သာသာနဲ့ သုတ်ပစ်လိုက်တယ်။

ခဏကြာတော့ သူရဲ့တခြားလက်တစ်ဖက်ကို မြှောက်ကာ သူ့ဆံပင်တွေကို အတော်လေး ကြည့်ကောင်းလှတဲ့ လက်ချောင်းသွယ်သွယ်ကြားထဲ ညှပ်လိုက်ပြီး နဖူးစပ်နားက ရေစိုနေတဲ့ ဆံပင်တွေကို ခေါင်းနောက်ကို လျှိုသွင်းလိုက်တယ်။

သူက မတော်တဆ ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ မသေမျိုးတစ်ပါးနဲ့ တူလွန်းတယ်။ သူပုံရိပ်က အေးစက်နေပြီး တစ်ယောက်တည်း ထင်းနေကာ ဆူညံ့လှတဲ့ ပတ်ဝန်းကျင်နဲ့ ကွဲထွက်နေတယ်။

နန်ကောက အလိုအလျောက် သူ့ကို ကြည့်နေမိပြီး ကားဆရာက သူမကို မခေါ်ခင်အထိ တစ်ခဏလောက် အသက်ရူဖို့ကို ရပ်တန့်နေမိတယ်။

“မစ္စ..”

“အင်း..”

နန်ကောက ဆတ်ခနဲခေါင်းလှည့်လာပြီးနောက် ကားဆရာက အကြံပေးလာတယ်။ “မိုးသည်းသည်းမဲမဲရွာနေပြီ။ ပြတင်းပေါက်မှန်ကို အမြန်တင်သင့်တယ်”

“အို့ အိုကေ” တိုက်တိုက်ဆိုင်ဆိုင် မီးစိမ်းသွားတယ်။ ကားဆရာ စမောင်းတော့မှကို မြင်တော့ နန်ကော ဝိုးတဝါးပြောလိုက်တယ်။ “နေဦး”

ကားဆရာက သူမရဲ့အူကြောင်ကြောင်ပုံစံကို လက်ခံပေးလိုက်တယ်။ သူမ‌က သူမ ဘေးက ထီးကို ကောက်ယူလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို သူမ လက်ကို ဆန့်ထုတ်လိုက်ပြီး “ဟေးးရှင်”

နောက်တစ်စက္ကန့်မှာ မိုးရေထဲက လူက ရပ်တန့်သွားပြီး သူမကို လှည့်ကြည့်လာတယ်။

မိုးကလည်း ပုံမှန်အတိုင်းသည်းလာပြီ။ ထိုကြောင့် နန်ကောက တစ်ခြားသူရဲ့ မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး။ ကားသမားက သူမကို မြန်မြန်လုပ်ဖို့ ပြောနေချိန် သူမ အကောင်းဆုံးကြိုးစားပြီး ထိုသူကို သူမ လှမ်းလိုက်တယ်။ “ထီးယူလိုက်”

“....”တစ်ဖက်လူက လုံးဝမလှုပ်ရှားလာပေ။

သူမက ထပ်ပြောလိုက်တယ်။ “ထီး ရှင်ဒါကို လိုနိုင်တယ်”

“ယူလိုက် ကားက ထွက်တော့မယ်။ အမြန်”

မိုးရေတွေက သူမ မျက်လုံးကို ပိတ်ဆို့နေတယ်။ သူမရဲ့မိတ်ကပ်တွေပေါ် မိုးစက်အနည်းငယ် ရှိနေတယ်။ အနည်းငယ် စိတ်လှုပ်ရှားနေတာကြောင့် သူမရဲ့ အနီရောင်နှုတ်ခမ်းတွေက ဝိုင်းစက်နေတယ်။

နောက်ဆုံးမှာတော့ အခြားတစ်ယောက်က မီးစိမ်းလာတာကို မြင်တော့ သဘောပေါက်‌သွားတယ်။ သူက ထီးကို မယူခင် တစ်စက္ကန့်လောက်တောင့်ခဲနေတယ်။

မတော်တဆ ယာဉ်ပိတ်ဆို့မှုအနီးက ကုန်မျိုးစုံဆိုင်အပေါက်ဝမှာလက်ထောက်ယွမ်က ထီးနှစ်ချောင်းကိုင်ကာ မိုးရေထဲကို ပြေးလာတယ်။

သူတို့က အတော်လေးကို ကံဆိုးလွန်းနေတယ်။ မိုးကြောင့် ဖြစ်နိုင်သည်။ ဟိုက်တောင်ဘက်လမ်းမအလယ်မှာ ကားမောင်းနေရင်း သူတို့က နောက်ဆုံးမှာ ကျန်နေခဲ့တယ်။

မတော်တဆဖြစ်တော့ ကားထဲမှာ နေဖို့က လုံးဝမလုံခြုတော့ပေ။ သူနဲ့ဥက္ကဌရှန်က ကားထဲက ထွက်လာရတယ်။

မမျှော်လင့်စွာနဲ့ပဲ မိုးက သည်းပြီးရင်း သည်းလာတယ်။ ကားတိုက်မှုပြီးတော့ Rolls-Royce'sတံခါးမှာ ထီးက ညှပ်သွားပြီး ယူမရတော့။

သူ့တစ်ကိုယ်လုံးကို မိုးရေရွဲနေတာက အရေးမကြီးပေမဲ့ သူက ဥက္ကဌရှန်အတွက်ကို စိုးရိမ်နေမိတယ်။

မကြာခင်မှာ တက္ကစီက ထွက်ခွာသွားတယ်။

လက်ထောက်ယွမ် ပြန်ရောက်တော့ ရှန်ရန်ချင်းက မိုးရေထဲမှာ ပန်းပွင့်အသေးလေးတွေနဲ့ ထီးကို ဆုပ်ကိုင်ထားရင်း သူက တောင့်ခဲနေတယ်။

“ဥက္ကဌရှန် ဒီထီးကို ဘယ်က ရတာလဲဗျ”

သူက အနည်းငယ် တွေးလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းမော့လာတယ်။ မျက်‌မှန်အောက်က သူ့မျက်လုံးကနေ အပြုံးတစ်ပွင့်ပေါ်လာတယ်။

“ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက် ငါ့ကို ပေးလာတာ”

တစ်နာရီကြာတော့ ဟိုက်မြောက်ဘက်လမ်းမက ပြပွဲရုံပထမထပ်မှာ အိုစီဘားရှိသည်။

ဘားပိုင်ရှင်က သူနောက်ဆုံးမရောက်လာခင်အထိ အရေးတကြီးဧည့်သည်ကို စောင့်နေလေတယ်။ “ရန်ချင်း မင်း နောက်ဆုံးတော့ဒီကို ရောက်လာပြီပဲ”

ရှန်ရန်ချင်း၊အသက်၂၈နှစ်၊ဟိုက်မြို့တော်ရဲ့အထင်ကရ စီးပွားရေးလုပ်ငန်းရှင်အနေနဲ့ ကျော်ကြားသူအဖြစ် လူတိုင်းသိကြတယ်။ သူက အစောပိုင်းနှစ်တွေမှာ စာသင်နေစဉ်ထဲက စီးပွားရေးစလုပ်ကာ ရင်းနှီးမြုပ်နှံခဲ့တယ်။ ပြီးတော့ သူက နိုင်ငံထဲပြန်လာပြီး ဟွာရှန်အုပ်စုကို တည်ထောင်ခဲ့တယ်။ သူ့ကို ဟိုက်မြို့တော်ရဲ့ဒဏ္ဍာရယ်လာပုဂ္ဂိုလ်အဖြစ်ပဲ သိကြတယ်။

သူက သူ့အကြောင်းကို ဖုံးကွယ်ထားပြီး မီဒီယာရှေ့ သူ့မျက်နှာကို တစ်ခါမှ မထုတ်ဖော်ခဲ့ဖူးဘူး။ ပုံမှန်ဆို သူက ဒီလိုအခမ်းအနားတွေကို မလာတတ်ပေ။ အိုစီဘားက ဒီနေ့မှစဖွင့်ပြီး ပိုင်ရှင်က သူ့သူငယ်ချင်းဖြစ်နေတာကြောင့် အားပေးဖို့အတွက် သူက လာခဲ့ရတယ်။

“လမ်းမှာ ပြဿနာတစ်ခု ကြုံနေလို့” ထိုလူက သူ့ရဲ့ဝတ်ဆုံပြည့်အပေါ်ထပ်ကို ချွတ်လိုက်ပြီး သူ့လက်မောင်း တံခေါက်ကွေးပေါ် တင်လိုက်တယ်။ သူ့ရဲ့‌သိမ်မွေ့တဲ့မျက်နှာကျမှာ တောင်းပန်ဟန် ရှိနေတယ်။ “ငါ နောက်ကျသွားတယ်။ တောင်းပန်ပါတယ်”

ဘားပိုင်ရှင်က အစောတည်းက သူ့ရဲ့ရောက်လာမှုကြောင့် ဝမ်းသာနေခဲ့ပြီး ဖြစ်တာမို့စိတ်ထဲ မထားချေ။ သူက သူ့ကို အထဲကို ခေါ်လာလိုက်ရင်း “အဆင်ပြေတယ် အဆင်ပြေတယ် မြန်မြန်လေးအထဲကို ဝင်တော့ ငါမင်းအတွက် နေရာကောင်းကောင်းကြိုဦးထားတယ်”

အခြားတစ်ဖက်မှာတော့ လူငယ်ခုနှစ်ယောက်၊ရှစ်ယောက်လောက်က အတူတူ စုထိုင်နေကြတယ်။ နန်ကောက Dရဲ့နောက်ဆုံးပေါ်အမည်းရောင်ဝတ်စုံကို ဝတ်ထားပြီး အလယ်က ခုံမှာဖြည်းဖြည်းချင်းထိုင်လိုက်တယ်။

ယွီက ကိတ်ကို ခွဲနေတုန်းသာရှိပြီး လူငယ်လေူတွေက လည်း သူတို့Dareကို မရွေးခင်ဘာလုပ်မယ်ဆိုတာကို တိုင်ပင်နေကြတယ်။

“ဝိုးးးး နန်ကော အဲဒီဒါက နန်ကောဟ”

ပထမဆုံးအကြိမ်က အလည်မှာထိုင်နေတဲ့ နန်ကောဖြစ်ပြီး ပထမဆုံးdareကို လုပ်ရမဲ့သူ ဖြစ်နေတယ်။

သူမက တစ်ခဏလောက်ပြောစရာမရှိတော့ “နင် ဘာလုပ်ဖို့ကြံနေတာလဲ”

“ဟားဟားဟား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“မစ္စနန် ဒီကို ကြွခဲ့ပါ နင်ရဲ့dareကို လုပ်ရမဲ့အချိန်ရောက်ပြီ”

“ဘေးတံခါးက ယောင်္ကျားကို တစ်ခွက်လောက်ဝယ်တိုက်ရင်ဘယ်လိုလဲ”

“ငါ တစ်ချက်လောက် ခိုးကြည့်ခဲ့တာ။ တံခါးနားက သူက ရိုးရိုးရှင်းရှင်းနဲ့ကို အရမ်းကြည့်ကောင်းနေတာဟ”

“နန်ကောအတွက် အရှုံးမရှိပါဘူး။ သွားကြစို့”

“အချောဆုံး” နန်ကောကတော့ သူတို့ကို မယုံကြည်ပေ။ သူမက သူတို့ ပြောတဲ့ စကားတစ်ခွန်းမှ မယုံကြည်‌ပါ။

ဘယ်လိုဖြစ်ဖြစ်သူမ အရှုံးကို လက်ခံရမယ်။ သူမ စကားကို သူမပြန်မရုတ်သိမ်းနိုင်ဘူး။ သူမက ပြောပြီး ပြီး ချင်း ဝိုင်ခွက်ကို ကိုင်ရင်း ထရပ်လိုက်တယ်။ “နင်တို့ စောင့်နေလိုက်”

သူမက ဝိုင်ခွက်ကို ကိုင်ရင်းဘေးဘက်က တံခါးဆီကို လျှောက်သွားနေပြီး သူမ ခေါင်းပေါ်က မီးသီးကတော့ တဖျပ်ဖျပ် လင်းနေတယ်။ “ဟိုင်း တစ်စိတ်လောက် ကျွန်မ ဂိမ်းရှုံးလာတာမို့ ကျွန်မ ရှင့်ကို တစ်ခွက်လောက် ဝယ်တိုက်လို့ရမလား”

ဘားထဲက မီးရောင်က မှိန်လွန်းတယ်။ နန်ကောက ဆိုဖာပေါ်က လူရဲ့ပျင်းရိနေတဲ့ မှုန်ဝါးဝါးကောက်ကြောင်းကိုသာ မြင်နိုင်တယ်။

မကြာခင်သူမ နူးညံ့တဲ့အသံကို ကြားလိုက်ရတယ်။ ဘယ်လိုဖြစ်ဖြစ်သူမကို ပြောတဲ့စကားလုံးတိုင်းက ပွင့်ပွင့်လင်းလင်းအကွာအဝေးခြားထားခဲ့တယ်။ “ဆောရီးပါကွာ ကိုယ် မသောက်တတ်ဘူး”

******

All Chapters