နန်ကောက သူမရဲ့ လန်ဘော်ဂနီကို ပြောင်းချင်နေခဲ့ပမဲ့ ယွမ်သောင်းဂဏန်းလောက် လိုနေခဲ့ပါတယ်။ သူမက စကြဝဠာရဲ့အစာအိမ် စောင့်ရှောက်သူ အသင်းမှာ အစားအသောက် ပို့ဆောင်သူ အဖြစ် အလုပ်ကြိုးစားနေတာကို သူမအစ်ကိုက ရှာတွေ့သွားပါတယ်။ အလုပ်ပထမရက်မှာ သူမက စိတ်ရော ကိုယ်ပါ ကြိုးစားဖို့ နှစ်မြှုပ်ထားပြီး လူချမ်းသာရပ်ကွက်ထဲက သူဌေးတစ်ယောက် ဖြစ်တဲ့ ရှန်းယန်ချင်းဆီ ဒလီတစ်လိုင်း ပေးပို့ခဲ့ပါတယ်။ ရှန်းယန်ချင်းက ဟိုင်မြို့တော်ရဲ့ လူမသိသူမသိ နေရာကို ကြိုက်တဲ့ ဒဏ္ဍာရီလာ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ သူနဲ့ အလုပ်တွဲလုပ်ဖူးသူတိုင်းက သူဟာ နူးညံ့တဲ့ သွင်ပြင်နဲ့ အေးစက်တဲ့ နတ်သားလို့ ဆိုကြပါတယ်။ သူက ယဉ်ကျေး ကြင်နာတတ်ပုံ ရပေမဲ့ တကယ်တမ်းကျ သူက ခံစားချက်မဲ့နေတာပါ။ မတော်တဆမှု တစ်ခုကနေ သူက သူအတော်လေး နှစ်သက်သွားတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက်ထပ် တွေ့ဖို့ ခက်ခဲတယ်လို့ သူ တွေးခဲ့ပေမဲ့ နှင်းကျနေတဲ့နေ့ အစားအသောက် မှာပြီး တံခါးဖွင့်လိုက်ချိန်မှာတော့ ရင်းနှီးနေတဲ့ ပုံရိပ်လေးက ရပ်နေခဲ့ပါတယ်။ "မစ္စတာရှန်း မင်္ဂလာညနေခင်းလေးပါ။ ကျွန်မက အီလန်စားသောက်ဆိုင်က အစားအသောက် ပို့ဆောင်သူပါ။ ကျေနပ်စရာ စားသောက်မှုလေး ဖြစ်ပါစေ" အဲကတည်းက ရှန်းယန်ချင်းက နန်ကောက သနားစရာ စာသင်ရင်း အလုပ်လုပ်ရသူလေး လို့ တွေးထင်ခဲ့ပြီး သူမ အလုပ်ကို သေချာဂရုစိုက်မိခဲ့ပါတယ်။ တစ်ရက်ကျ သူ့ကား ပျက်နေချိန်မှာ အပြင်သွားဖို့ ဖြစ်လာပါတယ်။ သူ အလျင်လိုနေတာကို ကြားတော့ နန်ကောက "ငါ့မှာ ယာဉ်ရှိတယ်" (တရုတ်လို 'ချဲ' အသံထွက်က ကားရော ဆိုင်ကယ်ပါ သုံးပါတယ်။ ဒါကြောင့် အထင်မှားသွားတာပါ) ရှန်းယန်ချင်းက သူမရဲ့ ဆိုင်ကယ်လေးကို ဘယ်လို ငြင်းရမလဲလို့ တွေးနေချိန်မှာပဲ သူမက လှည့်လိုက်ပြီး ကားသော့လေးကို အသာလေး နှိပ်လိုက်တာကို တွေ့လိုက်ရပါတယ်။ ပြီးတာနဲ့ မနီးမဝေးက သုံးသန်းတန် လန်ကော်ဂနီက လင်းလက်လာပါတယ်။ "ရှင် ဘာလို့ ရပ်နေသေးတာလဲ ကားထဲဝင်လေ" *ဘယ်လောက်တောင် ဆွံ့အနေမလဲနော်*

