အခန်း ၁၁၃
Vol. 12 Ch. 113
113 01
Chapter 113 ဦးနှောက်ထိသွားတာ။
“ဟမ်” နန်ကောဟာ မျက်တောင် တဖျတ်ဖျတ် ခတ်ကာ လက်ကို ခါယမ်းလိုက်တယ်။ “နိုး နိုး နိုး ငါ-ငါ နောက်နေတာပါဟ!”
သူမ ထက်ထက်သန်သန်နဲ့ကို အသက်ရှင်ချင်သေးတယ်။ “နင်နဲ့အတူ ငါ ကျန်းမြို့ကို လိုက်လိုက်မယ်လေ။ အချိန်ကျရင် ငါ့ကို ကျောင်းလိုက်ပို့ပေးဖို့ ဒရိုင်ဘာသာ ခေါ်ပေး”
“ဘာလို့ အလုပ်ရှုပ်ခံမှာလဲ” နန်ကျဲ့ဟာ တစ်ချိန်လုံး မဂ္ဂဇင်းကိုသာ ကြည့်နေပြီး မော့မကြည့်လာဘူး။သူ့လေသံဟာ မကွဲမပြားနဲ့ ပျော်နေသလား။ ဒေါသထွက်နေသလားဆိုတာ ခွဲခြားလို့ မရဘူး။ “ဘာလို့ အချိန်၂နာရီလောက်ကို အဖြုန်းခံမှာလဲ။ ရှန်ရန်ချင်းနဲ့သာ ဟိုက်မြို့ကို တန်းပြန်”
“နင် ရောက်ရင် သူ့ကို ကျောင်းကို လိုက်ပို့ခိုင်းလိုက်။ အဆောင်ကို သန့်ရှင်းရေးလုပ်ပြီး စောစောနား”
နန်ကော ဘယ်လိုလုပ် သဘောတူရဲပါ့မလဲ။ သူမအစ်ကို ရွဲ့နေတယ်လို့သာ သူမ တောက်လျှောက် ခံစားနေရတယ်။ “မဟုတ်ဘူး မဟုတ်ဘူး။ သူနဲ့ အတူသွားတာက ငါ့အတွက် မလုံခြုံဘူး။ ငါ နင်နဲ့ပဲ သွားသင့်ပါတယ်!”
“မလုံခြုံဘူး”
“ဘာလို့လဲ။ ရှန်ရန်ချင်းနဲ့အတူ လေယာဉ်စီးရင် နင် ဓားပြတို က်ခံရမှာလား” နန်ကောတစ်ယောက် နင်သွားတယ်။
“သူ့ကို အခုဖုန်းခေါ်ပြီး နင့်ကို လာခေါ်ခိုင်းလိုက်။ ငါ အရင်သွားရမယ်။ ငါကုမ္ပဏီမှာ ကိစ္စရှိတယ်။ နင်နဲ့အပိုတွေ ထိုင်ပြောမနေနိုင်ဘူး”
နန်ကောဟာ သူ့ကြောင့် အနည်းငယ် ရှုပ်ထွေးသွားပြီး သူ အမှန်တကယ် ပြောနေတာလား ဆိုတာကို မသိတော့ဘူး။ “တကယ်… ငါ တကယ် သူ့ကို ခေါ်လို့ရလား။ နင် ငါ့ကို သူ့ကို ခေါ်ခိုင်းပြီးတော့ ရန်ဖြစ်ဖို့ အခွင့်ကောင်းယူမှာတော့ မဟုတ်ပါဘူးနော်”
နန်ကျဲ့ဟာ နောက်ဆုံးတော့ သူမကို မော့ကြည့်လာတယ်။ “နင် သူ့ကို အထင်ကြီးပြီး သူ့ဂုဏ်သိက္ခာကို ကာကွယ်တဲ့နေရာမှာလည်း နည်းနည်း အကဲပိုသေး ငါတို့ကြားမှာ 'ရန်ဖြစ်တယ်' ဆိုတဲ့စကားလုံးကို သုံးဖို့လိုလား”
“ငါတော့ မထင်ပါဘူး”
မကြာဘူး။သူမ အသိဉာဏ် ပြန်၀င်သွားတယ်။ “ဒါဆို နင်တကယ် သူ့ကို ခေါ်ပြီး ချမလို့လား”
“ဟင့်အင်း နင့်အစ်ကိုက သဘောထားသေးတဲ့ပုံ ပေါက်နေလို့လား။ ငါ့မှာ ပိုကောင်းတဲ့ လုပ်စရာ တစ်ခုခု မရှိဘူးလား”
“နင်က အမြဲဒီလိုပဲ မဟုတ်ဘူးလား”
သေစမ်း။ သူ ပြန်ချေပလို့ကို မနိုင်ဘူး။
နောက်ဆုံးမှာတော့ နန်ကောဟာ ရှန်ရန်ချင်းကို ခေါ်လိုက်တယ်။
ရှန်ရန်ချင်းဟာ အစောကြီး နိုးတယ်။သူ နိုးတာနဲ့ ပထမဆုံးလုပ်တဲ့အရာဟာ နန်ကောရဲ့ ဝီချက်မက်ဆေ့ခ်ျကို စာပြန်မလို့ လုပ်တာပဲ။ဒါပေမဲ့ နန်ကောဟာ နိုးတာနဲ့ အစားအသောက်မှာဖို့ ထွက်လာတာမလို့ သူမဖုန်းကို မကြည့်မိဘူး။
သူမဆီက ဖုန်းလာတာကို ရှန်ရန်ချင်း အံ့ဩမနေတော့ဘူး။ “ဂွတ်မောနင်း မင်း အခုမှ နိုးတာလား”
သူတို့ မနေ့ညက တွေ့ခဲ့သလိုမျိုး သူ့အသံဟာ ညင်သာနေလျက် ရှိတယ်။
နန်ကောဟာ နာခံစွာနဲ့ စောစောအကြောင်းပြန်ကာ တင်ပြတယ်။ “ကျွန်မနိုးနေတာ နည်းနည်းကြာပြီ။ အခုလေးတင်မှ စားပြီးတာ”
“စကားမစပ် မနေ့ညက ဘာလို့ ကျွန်မကို စာမပြန်တာလဲ။ ရှင်စောစော နားတာလား”
ခဏ တုံ့ဆိုင်းနေပြီးတဲ့နောက် သူဟာ အချိန်တစ်ခုအထိ ဘာမှပြန်မပြောဘူး။မနေ့ညက အခြေအနေဟာ အရမ်းရှုပ်ထွေးတယ်။သူ ဖုန်းထဲကနေ စကားလုံးအနည်းငယ်နဲ့ ရှင်းပြလို့ မရဘူး။
113 02
ပိုဆိုးတာကတော့ သူတစ်ခါတည်း တန်းပြောလိုက်ရင် ကျိန်းသေပေါက် နန်ကော စိတ်ပူလိမ့်မယ်။ဒီတော့ သူတို့ချင်း တွေ့မှ ပြောတာက ပိုကောင်းတယ်။ဒီလိုနည်းနဲ့မှ နန်ကော သူ့ကို တိုက်ရိုက်မြင်နိုင်ပြီး သူ အဆင်ပြေတာကို မြင်ရင် ခပ်မြန်မြန်ပဲ စိတ်သက်သာရာ ရသွားလိမ့်မယ်။
“မနေ့ညက ကိုယ့်ဖုန်း အားကုန်သွားတာ။ ကိုယ် မင်းကို စာပြန်မဲ့အချိန်ကျ အတော်လေး နောက်ကျနေပြီ။ မင်း အနားယူတာကို နှောင့်ယှက်မိမှာစိုးတော့ မနက်ကျမှ စာပြန်မယ်ဆိုပြီး လုပ်ထားတာ”
“ဒီလိုကိုး” မဂ္ဂဇင်းဖတ်ခြင်းအမှုကို စွဲလန်းနေတဲ့ နန်ကျဲ့ကို တစ်ချက် လှမ်းကြည့်ပြီး နန်ကော ဧည်သည့်ခန်းကို တိတ်တိတ်လေး ပြန်လာလိုက်တယ်။အခန်းတံခါးကို ပိတ်ပြီး တိုးတိုးလေး မေးတယ်။ “မနေ့ညက ကျွန်မအစ်ကို ရုတ်တရက်ကြီး အပြင်ထွက်သွားသေးတယ်။ ရှင့်ကို လိုက်ရှာတာတော့ မဟုတ်ဘူးမလား။ ရှင် မနေ့ညက ဘယ်အချိန်ပြန်သွားလဲ။ ကျွန်မအစ်ကိုနဲ့ တွေ့သေးလား”
ခဏလောက် ရှန်ရန်ချင်း တိတ်ဆိတ်သွားတယ်။
သူ နန်ကောကို မလိမ်တော့ဘူးလို့ ကတိပေးထားတယ်။
ဒါပေမဲ့ သူတို့တွေ့တော့မှ သူမကို အသေးစိတ်ပြောပြဖို့ စီစဉ်ထားတာ။
“ရှင်တို့ တကယ်ကြီး အချင်းချင်း တွေ့သေးတာလား။!” သူဟာ တစ်ချိန်လုံး တိတ်နေခဲ့တယ်။နန်ကောဟာ ရုတ်တရက် စိတ်မချမ်းမသာ ခံစားရပြီး အခြေအနေ သိပ်မကောင်းဘူးလို့ ခံစားလိုက်ရတယ်။
“တွေ့ခဲ့တယ်။ ဒါပေမဲ့ မင်းထင်သလို မဟုတ်ဘူး” ရှန်ရန်ချင်းဟာ ခဏစဉ်းစားကြည့်ပြီး သူမကို ဆက်ပြောတယ်။ “မင်းအစ်ကို ကိုယ်နဲ့ ရန်မဖြစ်ခဲ့ပါဘူး”
သူ အခြားလူတစ်ယောက်နဲ့သာ ရန်ဖြစ်ခဲ့တာ။
ဒါကို ကြားတော့မှ နန်ကောဟာ စိတ်သက်သာရာ ရသွားကာ သက်ပြင်း ချလိုက်တယ်။ဒါပေမဲ့ စက္ကန့်အနည်းငယ်လောက် ကြာတော့ သူမ တထစ်ထစ်တအအနဲ့ “ရှင်...ရှင်ရော”
“ဘာကိုလဲ” ရှန်ရန်ချင်းဟာ မေးခွန်းကြောင့် ချောင်ပိတ်သွားတယ်။သူ့လို ဉာဏ်ကောင်းတဲ့လူတောင် တစ်ခဏလောက် မတုံ့ပြန်နိုင်ဘူး ဖြစ်သွားတယ်။
“ကျွန် မပြောတာက ရှင် သူ့ကို မထိုးခဲ့ဘူးဟုတ်။ ထိုးခဲ့လား”
ရှန်ရန်ချင်း ထပ်ပြီး မတိုက်ခိုက်သင့်ဘူးလို့ သူမ ထင်တယ်လေ။ပထမအချက်အနေနဲ့ သူ့အကျင့်စရိုက်က သိသာနေတာပဲ။ဒုတိယအချက်အနေနဲ့က နန်ကျဲ့ဟာ သူမအစ်ကိုဆိုတာ သူ သိပြီးသွားပြီပဲ။
ဒါပေမဲ့လည်း မနေ့ညကတော့ သူ အမှန်တကယ်ကို လုပ်ခဲ့တယ်။
သူတို့ချင်း တွေ့တဲ့အချိန် သူတို့ထဲက ဘယ်သူပဲ ဖြစ်ဖြစ် လှုပ်ရှားတာက မူမမှန်ဘူးလို့ ထင်ရတယ်။
သူ အသိပြန်၀င်လာတဲ့အခါ ဖုန်းတစ်ဖက်က အမျိုးသားဟာ အသာအယာ သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့စွာနဲ့ပဲ ပြုံးလိုက်မိတယ်။ “ဟင့်အင်း”
“အဲဒါက တကယ်မတော်တဆပါ ထပ်မဖြစ်စေရပါဘူး”
“ဒါဆို ရှင်တို့ အချင်းချင်း ဒီတိုင်း၀င်တိုးမိရုံပဲလား။ အဲဒါအကုန်ပဲလား” အရိုးသားဆုံးပြောရရင် နန်ကောဟာ ယုံမနေဘူး။
“အဲဒါအကုန်တော့ မဟုတ်ပေမဲ့ ကိုယ်တို့ တကယ်ရန်မဖြစ်ခဲ့ပါဘူး။ ဒါကိုတော့ မင်းစိတ်ချလို့ရတယ်။ ကျန်တာကတော့ ကိုယ်တို့တွေ့မှ ဆက်ပြောရအောင်လေ။ ဘယ်လိုလဲ။ ကိုယ် ဖုန်းထဲကနေ ရှင်းပြလို့ မရဘူး”
“ဒါပေမဲ့ တစ်ခုတော့ သေချာတယ်။ မင်းအစ်ကိုနဲ့ ကိုယ် မနေ့ညက အရမ်းရင်းရင်းနှီးနှီးရှိ ခဲ့ပါတယ်”
“အိုး” နန်ကော တုံ့ပြန်လိုက်တယ်။သူမ ခဏလောက် တွေးကြည့်လိုက်ပြီး ပြောတယ်။ “တကယ်တော့ ကျွန်မလည်း သူ နည်းနည်း ထူးဆန်းနေတယ်လို့ ထင်တယ်။ ရှင့်ဆီ ဖုန်းခေါ်ဖို့ သူပဲ ပြောတာ”
“သူ မနေ့ညက ပြန်လာကတည်းက အခြားလူတစ်ယောက်လိုပဲ သူ ဘယ်သူ့ကိုမှ မရွံရှာတော့သလိုမျိုးဘဲ”
“ဟုတ်လား” ရှန်ရန်ချင်းဟာ ရယ်တယ်။
“ဟုတ်တယ် ဟုတ်တယ်။ သူကြည့်ရတာ သိပ်မူမမှန်ဘူး။ သူ ရုတ်တရက်ကြီး ရူးသွားတာလားမသိ။ ဘယ်လောက် ခံမလဲ မပြောတတ်ဘူး ဟူး”
တကယ်လို့ သူမအစ်ကိုသာ ရှန်ရန်ချင်းကို တကယ် လက်ခံနိုင်တယ်ဆိုရင်ပေါ့။
အခုလောလောဆယ်တော့ ဒါကို မူမမှန်ဘူးလို့သာ ထည့်သွင်းစဉ်းစားရမယ်။ဒါမှမဟုတ် ဖြစ်နိုင်တာက သူမအစ်ကို အသစ်တစ်ခုခု အကြံထုတ်နေတာလည်း ဖြစ်နိုင်တယ်။
“သူထပ်ပြီး ပတ်ရှုပ်မှာကို ကျွန်မစိုးရိမ်တယ်”
“သူ မလုပ်ပါဘူး”
113 03
“မင်းအစ်ကိုက မင်းပြောသလိုပဲ။ အရမ်းကောင်းတဲ့လူတစ်ယောက်ပါ။ မနေ့က ကိုယ်တို့ အလေးအနက်ထိုင်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောခဲ့ကြတယ်”
“ကိုယ် သူ့ရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ခံစားချက်ကို ကောင်းကောင်း နားလည်တယ်။ သူ မင်းကို တကယ် ဂရုစိုက်တယ်ဆိုတာ ကိုယ်ပြောနိုင်တယ်”
“တစ်ခါတလေ သူအရိပ်အကဲ မကြည့်တတ်ဘူးဆိုပေမဲ့ သူက တကယ်ကို လူကောင်း တစ်ယောက်ပါ”
“ရှင်တို့ စကားပြောခဲ့ကြတယ်။!!” နန်ကောဟာ အဓိကအချက်ကို မိသွားပြီး ကြောက်လန့်တကြား ထရပ်လိုက်တယ်။
“ဟမ်...ကျွန်မအစ်ကို ကျွန်မကို မပြောဘူး။ သူပြောတာ မနေ့ညက သူ့သူငယ်ချင်းနဲ့ သွားသောက်တာတဲ့။ မဟုတ်မှလွဲရော...သူ ရှင်နဲ့ တစ်ချိန်လုံးရှိ နေခဲ့တာလား”
“အဲဒီလိုပါပဲ ကိုယ်တို့ မသောက်ခဲ့ဘူး။ စကားပဲပြောခဲ့တာ။ စိတ်မပူနဲ့။ တစ်ချိန်လုံး ဘာပဋိပက္ခမှ မရှိခဲ့ဘူး”
“ဘာအကြောင်း ပြောကြတာတုန်း”
“ကျွန်မအကြောင်းလား။ ကျွန်မနဲ့ လမ်းခွဲဖို့တို့ ဘာတို့တစ်ခုခု ကျွန်မအစ်ကို ပြောခဲ့သေးလား” သူမ ဒါကို ပိုစိတ်ပူတယ်။
“နန်ကော မလန့်ပါနဲ့ အရိုးသားဆုံးပြောရရင် သူ မပြောခဲ့ပါဘူး။ သူက ကိုယ်မင်းကို တကယ်ကြိုက်လား မကြိုက်လားကိုဘဲ စိုးရိမ်တာပါ။ ကိုယ့်ခံစားချက်တွေကို သူ အတည်ပြုပြီးတော့ သူ ကိုယ့်ကို နေရခက်အောင် ဘာမှမလုပ်ခဲ့ဘူး။ ကိုယ် သူ့ကို ထိုးတဲ့ကိစ္စကိုလည်း စိတ်ထဲ မထားဘူးလို့တောင် ပြောခဲ့သေးတယ်”
“မင်းအစ်ကိုက တကယ် ကောင်းပါတယ်။ သူ့အကျင့်လေးတစ်ခုပဲ တစ်ခါတလေ သူ ကိစ္စတွေကို လွယ်လွယ်နဲ့ ထုတ်မပြောတာလေးပဲ”
“ဒါကြောင့်ပဲ သူကိစ္စတွေကို ထုတ်ပြောတဲ့အခါကျရင် ဖော်ရွေတဲ့ ခံစားချက်မျိုး မရတာနေမယ်။ ဒါပေမဲ့ ဒါက အပေါ်ယံပါပဲ။ အမှန်က သူနဲ့ ပြောဆိုဆက်ဆံဖို့ တကယ် လွယ်ပါတယ်”
“တကယ်လား။...” နန်ကောဟာ စတင်ပြီး သူမကိုယ်သူမ သံသယ ၀င်သွားတယ်။သူမ သိတဲ့နန်ကျဲ့က ပြောဆိုဆက်ဆံဖို့ လွယ်တာလား။ ဟင်း…ဒါဆို မနေ့ညက အထိုးခံရပြီးတော့ အရမ်းတွေ ဟန်ဆောင်နေခဲ့တာ ဘယ်သူလဲ။
“ကျွန်မအစ်ကို တကယ်စိတ်ထဲ မထားဘူးလား။ ရှင် သူ့ကို ထိုးထားတာနော်။ မျက်နှာမှာနော်!”
“ကျွန်မအစ်ကိုက အရမ်း မိုက်ရူးရဲဆန်တယ်ရော်...”
ဂျူနီယာ အထက်တန်းကတည်းက နန်ကျဲ့ဟာ လူမိုက်ဆိုတာကို လူတိုင်း သိကြတယ်။သူက အကောင်းဆုံးဖိုက်တာတော့ မဟုတ်ခဲ့ပေမဲ့ သူတို့ချတဲ့အချိန်တိုင်း အခွင့်ကောင်းရတာကတော့ သေချာပေါက် သူပဲ။
သူနဲ့ချပြီးတိုင်း ဘယ်သူမှ ဒဏ်ရာမရဘဲ မနေဘူး။အထူးသဖြင့် သူ့မျက်နှာကို ထိတဲ့လူပေါ့။
“ဟား...သူ မနေ့ညက ရှင့်ဦးနှောက် ထိသွားအောင် လုပ်လိုက်တာများလား။ ရှင့်မှတ်ဉာဏ်တွေ ပျောက်နေတာလား။ ရှင် ကယောင်ကတမ်းတွေ လျှောက်ပြော နေတာများလား”
******