← Chapters

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း ၂၉၈

Vol. 30 Ch. 298

Chapter 298 နင့်ရဲ့မားလည်း ၀င်ကူညီနိုင်တယ်။

Extra Chapter 8: ယွီယွီနဲ့စုဟွေးတို့ဇာတ်လမ်း။

နန်ကောရဲ့လက်ထပ်ပွဲပြီးတော့ စုဟွေးဟာ ကြာကြာမနေဘဲ မြောက်ပိုင်းကို ချက်ချင်း ပြန်သွားတယ်။

ယွီယွီ နည်းနည်းတော့ ၀မ်းနည်းမိတယ်။အဆုံးမှာ သူ သူမကို ဝီချက်မှာတောင် မအပ်လိုက်ရဘူး။

ဒါပေမဲ့ ရက်အနည်းငယ်ကြာတော့ နန်ကော ရှန်ရန်ချင်းကို သူမမိဘတွေရဲ့အိမ်ဆီ ပြန်ခေါ်သွားတဲ့အချိန် သူ့မား စုဟွေးကို ဝီချက်မှာ အပ်ထားတာကို သိလိုက်ရလို့ သူအံ့ဩသွားရတယ်

“တကယ်ကြီးလား။ ငါ့မားက ငါ့လည်းမပြောဘူး” ယွီယွီ့မှာ မိုးကြိုးပစ်ချခံလိုက်ရသလိုပဲ။

“တကယ်ပေါ့” နန်ကောဟာ ကြက်ပေါင်ကိုက်နေတယ်။ခဏကြာတော့ သူမက ပြောတယ်။ “ငါ နင့်ကို ဘယ်တုန်းကလိမ်ဖူးလို့လဲ”

ယွီယွီက ခေါင်းညိတ်တယ်။ဒါတော့ အမှန်ပဲ။

နန်ကောဟာ ငယ်ငယ်ကတည်းက စကားနားထောင်တယ်။သူမဟာ လိမ်တဲ့နေရာမှာ မတော်ဘူး။ဟာသလုပ်ဖို့ဆို ဝေးရော။

နောက်ပြီး သူတို့၂ယောက် သူငယ်ချင်းဖြစ်လာတာ နှစ်ပေါင်း၂၀ထက်ကြာပြီ။အတိုင်းအတာရယ်လို့ မဟုတ်ဘူး။

ဒါပေမဲ့လည်း သူ နားမလည်သေးဘူး။သူတောင် စုဟွေးကို ဝီချက်မှာ မအပ်ထားတာကို သူ့မားက ဘယ်လိုလုပ် အပ်ထားတာလဲ။ဘာလို့ ပံ့ပိုးခြင်းလုပ်ငန်းစဉ်က သူ့ထက်တောင် မြန်နေရတာလဲ။ “ဘယ်တုန်းကလဲ။ နင့်လက်ထပ်ပွဲတုန်းက”

“စုဟွေးပြောတာတော့ သူ့ဂါ၀န်ပေသွားပြီး အပေါ်ထပ်တက်လဲတုန်းကတဲ့” ဒါပေမဲ့ နန်ကောလည်း အရမ်းအံ့ဩသွားတာ။ “နင် သူတို့အနောက်ကို လိုက်သွားတယ်မဟုတ်ဘူးလား။ နင် သူတို့အချင်းချင်း ဝီချက်မှာအပ်တာကို မတွေ့ခဲ့ဘူးလား”

“.....ဟင့်အင်း” ယွီယွီဟာ ကို့ရို့ကားယားပြောတယ်။ “စုဟွေး အခြားဘာပြောသေးလဲ”

“သူပြောတာတော့ အန်တီက စားသောက်ဆိုင်ဖွင့်ဖို့ ကြံနေပုံရတာမို့ အဆက်အသွယ် လဲခဲ့တာတဲ့။ ဒီလိုမှ အန်တီ သူ့ကို နောင်ဆို သိချင်တာမေးလို့ရမှာလေ”

“အော် ဟုတ်သား ရှိသေးတယ်။ အန်တီပြောတာ ဒီနှစ်ဆောင်းမှာ သူ့အိမ်ကိုလာပြီး နှင်းလျှောစီးမယ်တဲ့။ ဒီလိုဆို ငါတို့ သူ့အိမ်မှာ စားကြမှာ”

ယွီယွီ့မျက်ဆန်တွေ လှုပ်ခတ်သွားတယ်။

“သူ လက်ခံတယ်”

“ထင်တာပဲ” စုဟွေးက အများကြီးတော့ မပြောဘူး။နန်ကောကလည်း ၂ရက်လုံးအလုပ်ရှုပ်နေတာမို့ အသေးစိတ် မေးချိန်မရဘူး။ “စုဟွေးက ငါ့ကို နင် နင့်မားကို သူ့အကြောင်း ပြောသေးလားဆိုတာကိုလည်း မေးခိုင်းလိုက်တယ်”

အဲ့နေ့က သူမ ယွီယွီ့ကို မေးဖို့အချိန်မရှိလိုက်ဘူးလို့ စုဟွေးက ပြောတယ်။သတို့သမီးအရံအနေနဲ့ သူမလည်း လက်ထပ်ပွဲမှာ အလုပ်ရှုပ်နေခဲ့တယ်။ဒီတော့ သူမဟာ အဲ့အကြောင်းကို လုံး၀မေ့သွားခဲ့တယ်။သူမမှာ နန်ကောကိုသာ မေးခိုင်းရတော့တယ်။

“ဘယ်လို ပြောရမလဲ” ယွီယွီဟာ ကျစ်လုပ်ပြီး “ငါပြောတော့ပြောခဲ့ပေမဲ့...ငါ့မားက အထင်လွဲသွားတယ်”

ဒါကိုကြားတဲ့အခါ နန်ကောရဲ့စပ်စုတတ်တဲ့ဘက်ခြမ်းဟာ အစပျိုးသွားကာ သူမရဲ့မျက်လုံးဟာလည်း လက်သွားတယ်။ “ဘာဖြစ်တာလဲ။”

“ငါ့မားက ငါတို့ကို အရင်ကအတွဲတွေလို့ ထင်သွားတာ။ ငါက စုဟွေးကိုဖြတ်ပြီးတော့မှ သူ့ကို ကြိုက်နေမှန်းသိပြီး မမေ့နိုင်ဘဲဖြစ်နေတာလို့ သူက ထင်တာ။ ငါ့မားက ငါ သူ့ကိုလိုက်တဲ့နေရာမှာ အရမ်းပံ့ပိုးပြီး ကူညီပေးနေတာ”

“သူ ဘယ်လိုကူညီမလဲဆိုတာ ငါ သိချင်နေတယ်။ ဖြစ်ချင်တော့ သူ စုဟွေးကို ဝီချက်မှာတောင် အပ်ပြီးနေပြီ”

“နင်က တကယ်တော့ အန်တီ့လောက် မတော်ပါဘူး” နန်ကောဟာ သိလိုစိတ်နဲ့စုတ်သပ်တယ်။ “ဒါပေမဲ့ ကြည့်ရတာ အန်တီ စုဟွေးကို သဘောကျပုံရတယ်”

“အမှန်ပဲ ငါ့မားက သူ့ကို အရမ်းကျေနပ်နေတာ။ သူက ငါ့ပါပိုကြိုက်လာသေးတယ်”

“ဟားဟားဟား ဒီတော့ နင် တကယ်ကြိုးစားရတော့မယ်။ ဟွေးဟွေးက အရမ်းတော်တဲ့ကောင်မလေး နင် သူ့ကို တကယ်ကြိုက်တယ်ဆို ငါ နင့်ကို ကူညီပေးမယ်။ ဒါပေမဲ့ နင်က အရင်တိုင်းပဲဆိုရင်တော့ ငါ နင်နဲ့ပြတ်ရလိမ့်မယ်”

သူမဟာ ပြောရင်းနဲ့ တင်းကြပ်ချင်ဟန်ဆောင်ပြီး သူ့ကို ခြိမ်းခြောက်တယ်။ “နင် သူ့ကိုစိတ်ပျက်စေပြီး သူ့အသည်းကိုခွဲလို့ကတော့ ငါ သေချာပေါက် ငါ့အစ်ကိုကိုခေါ်ပြီး ရိုက်ခိုင်းမှာနော်။ အချိန်ကျရင် နင့်မား ပါ၀င်ကူညီလို့ရတယ်”

သူ့ဆီမှာ အရင်းအမြစ်အနေနဲ့ နန်ကောရှိနေမှတော့ ယွီယွီဟာ စုဟွေးကို ပိုပြီးနားလည်ဖို့အတွက် အခွင့်အရေးကို ဖမ်းဆုပ်ရမယ်လို့ ခံစားရတယ်။

298 02

ဘာပဲဖြစ်ဖြစ် နန်ကောနဲ့စုဟွေးက အခန်းဖော်တွေဖြစ်ပြီး သူငယ်ချင်းကောင်းတွေဖြစ်ခဲ့တာ ၄နှစ်လေ။

“ဒါဆို စုဟွေးက တွဲချင်သေးတယ်လို့ နင် ထင်လား။ ငါ့အထင် သူက မတွဲချင်ဘူးချည်းပဲ ဆက်တိုက်ပြောနေသလားလို့”

“သူ အရင်က နည်းနည်းပါးပါးတွဲခဲ့ဖူးတယ်။ ဒါပေမဲ့ နင်နဲ့မတိုင်ခင် တွဲခဲ့တဲ့ တစ်ယောက်ကတော့ ကွာတယ်။ သူ့ရည်းစားဟောင်းက စုဟွေးအပေါ် ဖောက်ပြန်လို့ စုဟွေးက အရမ်းဒေါသထွက်ပြီး မူးအောင်အထိ သောက်ခဲ့ဖူးတယ်။ သူ အဲ့အပုပ်ကောင်ဆီကနေ ဒဏ်ရာရသွားလောက်မှာပေါ့။ လောလောဆယ်တော့ ဟွေးဟွေးမှာ ထပ်ချစ်ဖို့အစီအစဉ် တကယ်ရှိပုံ မပေါ်ဘူး”

“.....ဒါပေမဲ့” ဒီနားရောက်တော့ နန်ကောဟာ ခဏနားပြီး သူမအရှေ့ကယွီယွီ့ကို တစ်ချက်ကြည့်တယ်။သူမဟာ တတွန့်တွန့်တဆုတ်ဆုတ်နဲ့ ပြောတယ်။ “ရိုးရိုးသားသား ပြောရရင် နင်က ဟွေးဟွေးရဲ့ရုပ်ရည်စလစ်နဲ့ ကိုက်တော့ကိုက်တယ်”

“ဟမ်”

ယွီယွီဟာ အံ့ဩသွားတယ်။

“ဘာလို့လဲဆိုတော့ စုဟွေးအရင်ကောင်လေးက တကယ်တော့ နင်နဲ့ နည်းနည်းဆင်တယ်”

“ငါက အစားထိုး” ယွီယွီဟာ ဒေါသထွက်လွန်းလို့ ထပေါက်ကွဲမိလုနီးနီး။

“နင် အဲ့လို ပြောလို့မရဘူး ဟွေးဟွေးက နင့်လိုရုပ်ရည်နဲ့လူတွေကို အရမ်းကြိုက်တယ်လို့ပဲ ပြောလို့ရမယ်။ ‌ပြီးတော့ လူတိုင်းရဲ့အကျင့်စရိုက်က မတူဘူး။ မဟုတ်ရင် သူ နင့်ကို အစကတည်းက မကြိုက်ဘူးဆို နင်နဲ့ အဲ့လိုဆက်ဆံရေးမျိုး တည်ဆောက်ဖို့ ဘာလို့ သူ့ကိုယ်သူ ခက်ခဲအောင် လုပ်မလဲ”

“တကယ်တော့ နင့်မှာ အားသာချက် ရှိသေးတယ်”

“ဟွေးဟွေးက ဖောက်ပြန်တဲ့ကောင်တွေကို မုန်းတယ်။ ဒါပေမဲ့ နင်ကတော့ အဆင်ပြေတယ်။ နင်က မိန်းကလေးတွေ အများကြီး ပိုတွဲခဲ့တယ်ဆိုပေမဲ့ နင် သူတို့အပေါ် မကောင်းတာမရှိသလို တစ်ခါမှလည်း မဆိုးခဲ့ဖူးဘူး”

“စကားမစပ် စုဟွေးက အရင်စလှုပ်ရှားတဲ့ လူတွေကို ပိုကြိုက်တယ်။ ဒါပေမဲ့ သူ့ကိုတော့ လိုက်နာရအောင် မလုပ်မိစေနဲ့”

ယွီယွီဟာ ကြောင်သွားတယ်။ “ဘာတုန်းဟ”

နန်ကောကပြောတယ်။ “ဟုတ်တယ် တစ်ခုခုဖြစ်ချင်တယ်ဆို နင်ကစပြီး လှုပ်ရှားရမယ်။ သူက ဒီတိုင်း အခြားလူတွေ သူ့အစီအစဉ်ကို လာနှောင့်ယှက်ပြီး သူ့ကို လိုက်နာရတဲ့အခြေအနေထဲ ရောက်အောင် လုပ်မှာကို မလိုချင်တာ။ ရှင်းရှင်းပြောရရင် နင် သတိရှိရှိနဲ့ လေ့လာပြီး ဘယ်အချိန် ရှေ့တိုးရမယ်၊ဘယ်အချိန် နောက်ဆုတ်ရမယ်ဆိုတာကို သိရမယ်။ နင့်ဘက်စလို့ ရတယ်။ ဒါပေမဲ့ အလွန်အကျွံကြီး သွားလို့မရဘူး”

ယွီယွီ “.....”

သူ့မှာ ကောင်မလေးတွေ ရှိခဲ့တယ်ဆိုပေမဲ့ ယွီဟာ တကယ့်ဆက်ဆံ‌ရေးမျိုးရှိခဲ့တာ မဟုတ်ဘူး။အနည်းဆုံးတော့ အခု သူတွေးကြည့်ခါမှ အရင်တုန်းက မိန်းကလေးတွေဘက်ကပဲ သူ့ကိုလိုက်နာပြီး သူ့အကြိုက် ဆောင်ခဲ့တာ။

သူ သူမတို့ကို တစ်ခါမှမချော့မြူဖူးသလို လက်ဆင့်ကမ်းနည်းတွေကိုလည်း အသုံးမပြုခဲ့ဖူးဘူး။ပုံမှန်အားဖြင့် သူ ပိုက်ဆံနဲ့ ဖြေရှင်းလို့ရမဲ့ပြဿနာတွေမှာ သူ့ဦးနှောက်ကို မသုံးဘူး။

နန်ကောရဲ့စကားတွေကို ဂရုတစိုက် လေ့လာကြည့်ပြီးတဲ့အခါ ယွီယွီ နောက်ဆုံးတော့ နားလည်သွားတယ်။ “နင်ပြောချင်တာက ငါ့ဘက်က အရင်စဖို့လိုတယ်။ ဒါပေမဲ့ ငါ နည်းနည်း နည်းနည်းချင်းစီ လုပ်ရမယ်။ ဖြည်းဖြည်းချင်း သူ့ဆီစိမ့်၀င်ရမယ်။ ဒါမှ သူ့ဘက်က စိတ်ပြင်ဆင်နိုင်အောင်လို့”

နန်ကောဟာ ဟင်းအသံတစ်ချက်ပြုကာ ခေါင်းညိတ်တယ်။ “အဲ့လောက်လောက်ပေါ့”

“နင်က အချစ်ရေးမှာ ဆရာကြီး မဟုတ်ဘူးလား။ နင်က ငါ့ထက်ပိုသိသင့်တာကို”

အရင်က သူမ တွဲနေတဲ့အချိန်တုန်းက ယွီယွီဟာ အချစ်နည်းပြလိုမျိုး သူမကို အကြံဉာဏ်တွေ တောက်လျှောက်ပေးခဲ့တာ။သူ သူမကို ချစ်သူများနေ့မှာ ရှန်ရန်ချင်းကို ဖွင့်ပြောဖို့တောင်မှ ပြောခဲ့သေးတယ်။

ဒါအမှားတစ်ခုခုများလား။

“နင်ဘာသိလို့လဲ” ယွီယွီဟာ သက်ပြင်းချကာ လေးနက်မှုရှိတဲ့တစ်ခုခုကိုပြောတယ်။

“ဆရာ၀န်ဆိုတာ သူ့ကိုယ်သူ မကုဘူး”

နန်ကောရဲ့နှုတ်ခမ်းထောင့်ဟာ ရှုံ့တွသွားတယ်။ “နင် ပျော်ရင်ပြီးတာပဲ” အဲ့နောက်မှာတော့ ယွီယွီဟာ စုဟွေးရဲ့အကြိုက်တွေကို သေချာမေးတယ်။

“နင်တို့ အချိန်တစ်ခုလောက်အထိ အတူတူရှိခဲ့ဖူးကြတယ် မဟုတ်ဘူးလား။ ငါ့ကို မေးဖို့လိုလို့လား” နန်ကောဟာ အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်။ “မနောက်နဲ့”

298 03

“ငါတို့ တစ်လကို ၁ခါ၊၂ခါလောက်ပဲတွေ့တာ။ စားဖို့နေရာကို ငါရွေးတာ။ အခြားဘာမှ ပြောဆိုဆက်ဆံဖြစ်တာ မဟုတ်ဘူး”

သူတို့၂ယောက်တွေ့ပြီဆိုတာနဲ့ စားသောက်ဆိုင်ပြီးရင် ဟိုတယ်ပဲရှိတယ်။

“အရင်က ညစာစားပြီးရင် အနီးအနားကမောလ်တွေကို ငါ သူ့ကို အဖော်လုပ်ပြီး လမ်းလျှောက်ပေးချင်တယ်။ ဒါပေမဲ့ သူက စိတ်မ၀င်စားတာ” မသိရင် အခေါက်တိုင်း သူမဟာ သူနဲ့ လိင်ဆက်ဆံဖို့အတွက်ပဲ ထွက်လာသလိုမျိုး။သူမဟာ ညစာ စားနေပြီဆိုလည်း သူ့ကို စကားပြောဖို့ ဆန္ဒမရှိဘူး။

“နောက်ပြီး ငါ သူ့ကို လက်ဆောင်ပေးဖို့လည်း လုပ်ဖူးတယ်။ ဒါပေမဲ့ သူလက်မခံဘူး။ နဂိုအတိုင်း ပြန်ပေးတယ်။ ငါပြန်မယူဘူးပြောတော့ သူက လွှတ်ပစ်လိုက်တယ်။ သူ ငါ့‌အရှေ့မှာတင်ပဲ ပြတင်းပေါက်ကနေ လွှတ်ပစ်လိုက်တာ”

“အဲ့တာက အကန့်အသတ်နဲ့ထုတ်တဲ့ Hermes အိတ်။ သူက အဲ့တာကိုတောင်မှ ဂရုမစိုက်ဘူး”

“ဟမ်” နန်ကောဟာ လန့်သွားတယ်။ “ဒါဆို နင် သွားပြန်ကောက်ခဲ့သေးလား။ ငါအခု တက္ကစီနဲ့သွားယူရင် အရမ်းနောက်ကျသွားပြီလား”

ယွီယွီ “.....” ဒါ အခုပြောနေတဲ့အဓိကပွိုင့်လား။

******

All Chapters