← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

149 01

Chapter 149 လိမ်လည်တာ။

နန်ကောရဲ့အခန်းဟာ ရှန်ရန်ချင်းနဲ့ ကပ်ရပ်မှာ ဖြစ်ပြီး ကြားမှာ နံရံပဲခြားတယ်။

အန်တီ၀မ်ဟာ သူမကို ကိုယ်တိုင်ကူပြီး သန့်ရှင်းရေးလုပ်ပေးတယ်။ “ရေချိုးခန်းသုံး ပစ္စည်းတွေကို ရေချိုးခန်းထဲမှာ အန်တီ ထည့်ပေးထားတယ်။ အကုန်အသစ်တွေပဲ။ ဒါက ညအိပ်၀တ်စုံ ဒါလည်း အသစ်ပဲ။ မနက်ဖြန်မနက်ကျမှ အ၀တ်လဲဖို့ တစ်ယောက်ယောက်ကို အ၀တ်တွေ အန်တီ လာပို့ခိုင်းလိုက်မယ်”

“ကျေးဇူးတင်ပါတယ် အန်တီ၀မ်” သူမ ဘာတွေးနေလဲဆိုတာ နန်ကော ပြောနိုင်တယ်။

“ဟုတ်ပါပြီ အရင်ဆေး ကြောသန့်စင်လိုက်ဦး။ နောက်ကျနေပြီ”

“ဟုတ်ကဲ့”

နန်ကော ရေချိုးပြီး ထွက်လာတော့ အိပ်ရာဘေးက စားပွဲပေါ်မှာ နို့တစ်ခွက်နဲ့ စာရွက်တစ်ရွက် ရှိနေတာကို တွေ့လိုက်ရတယ်။လက်ရေးက အရမ်းလှတယ်။

အန်တီ၀မ်ဆီကပဲ။

နန်ကောဟာ ရပ်မြဲရပ်နေပြီး ဘာပြောရမှန်း မသိတော့ဘူး။

ယှဉ်ကြည့်လိုက်ရင် ရှန်ရန်ချင်းရဲ့အမေအရင်းကတောင် တီဗီဇာတ်လမ်းတွဲတွေကလို ရက်စက်တဲ့ မိထွေးနဲ့ ပိုတူသေးတယ်။

တံခါးခေါက်သံကို ကြားတဲ့အချိန် နန်ကောဟာ သက်ပြင်း ချနေ‌လျက် ရှိတယ်။

သူမ နို့ခွက်ကို ကိုင်ထားရင်းပဲ တံခါး သွားဖွင့်ပေးလိုက်တော့ ရှန်ရန်ချင်းကို တွေ့ရတယ်။

တစ်ဖက်လူဟာ ၀တ်စုံတောင် မလဲရသေးဘူး။သူမ လက်ထဲက ဟာကို မြင်တဲ့အခါ သူ ခဏလောက် အံ့ဩသွားတယ်။

နန်ကောဟာလည်း မျက်တောင်ခတ်ရင်း ချက်ချင်းပဲ သူ့လက်ထဲက နို့ခွက်ပူပူကို တွေ့လိုက်တယ်...။

တိုက်ဆိုင်လိုက်တာ...။

“အာ” နန်ကောဟာ မျက်တောင် တစ်ချက်ခတ်ကာ “အန်တီ၀မ် လာပို့ပေးသွားတာ” ရှန်ရန်ချင်းဟာ နားလည်တယ်။ “မင်း တစ်ခု ခုလိုသေးလား?”

“ဟင့်အင်း။ အန်တီ၀မ် ကျွန်မအတွက် အကုန်ပြင်ဆင် ပေးထားတယ်ရယ်”

“ရှင် အထဲ ၀င်လာချင်လား?” နန်ကောဟာ ဘေးနားကို ‌ရွှေ့ပေးလိုက်ပေမဲ့ ရှန်ရန်ချင်းဟာ ခေါင်းခါလာတယ်။ “ဟင့်အင်း မင်း နေရာအသစ်မှာ ကောင်းကောင်း အိပ်မပျော်မှာစိုးလို့ ကိုယ် မင်းအတွက် နို့တစ်ခွက် ယူလာပေးတာ”

ရှန်မိသားစုမှာ စည်းကမ်းပေါင်း များစွာရှိပြီး ကြီးပြင်းလာတဲ့နေရာမှာလည်း အလွန်အမင်း တင်းကြပ်တယ်။အဓိကကတော့ ရှန်ရန်ချင်းရဲ့အဖိုးကြောင့်ပေါ့။

ရလဒ်အနေနဲ့ သူတို့ ရည်းစားတွေ ဖြစ်နေတယ်ဆိုရင်တောင်မှ ဒီတစ်ခါတော့ ရှန်ရန်ချင်း နန်ကော အခန်းထဲကို ခြေလှမ်းလို့ မရနိုင်ဘူး။တံခါး၀မှာပဲ သူ သူမနဲ့စကားသာ ရပ်ပြောရဲတယ်။

“ဒါဆို အဲဒါလည်း ကျွန်မကို ပေးလေ”

“ညဘက်ကြီး အများကြီး မသောက်နဲ့” ရှန်ရန်ချင်းဟာ ရှောင်လိုက်ပြီး သူမကို ယူခွင့် မပေးဘူး။

သူဟာ အချိန်ကို ကြည့်လိုက်တယ်။သူ အကြာကြီး နေလို့မရဘူး။ “မင်းနားချင်ပြီလား?”

နန်ကောဟာ သိပ်မအိပ်ချင်သေးဘူး။ မရင်းနှီးတဲ့ပတ်၀န်းကျင်မှာ ဒါ သူမ ပထမဆုံး နေဖူးတာလေ။ပြီးတော့ ဒီမှာရှိတဲ့အရာတွေ အားလုံးအကြောင်း သူမမှာ သိချင်စိတ်အပြည့် ဖြစ်နေတယ်။

ရှန်မိသားစုရဲ့အိမ်ဟာ ရှေးဟောင်း အနှစ်သာရမျိုးကို ရတယ်။အဲဒါဟာ ဂန္တဝင်ဆန်ပြီး သမိုင်း၀င် ခံစားမှုမျိုး။

ဒါပေမဲ့ ဒါ သူမရဲ့ ပထမဆုံးအကြိမ် လာလည်တာမို့ လွတ်လွတ်လပ်လပ် လျှောက်ကြည့်လို့ မရဘူးလေ။တွန့်ဆုတ်စွာနဲ့ပဲ သူမ ခပ်တိုးတိုး မေးလိုက်မိတယ်။ “ရှင် ဘာလို့ကျွန်မကို လိုက်မပြတာလဲ?”

ရှန်ရန်ချင်းဟာ ရယ်တယ်။ “ရပါတယ် ဒါပေမဲ့ ခြံ၀င်းထဲကို‌တော့ မသွားနဲ့ ညဘက်ဆို နည်းနည်းအေးလို့”

တကယ်တော့ ရှန်မိသားစုရဲ့အိမ်မှာ ဘာစိတ်၀င်စားစရာမှ မရှိပါဘူး။ဒါပေမဲ့ သူသာ ဒီည နန်ကောကို လိုက်မပြဘူးဆိုရင် သူမ ကောင်းကောင်း အိပ်မပျော်လောက်ဘူးဆိုတာ ရှန်ရန်ချင်း သိနေတယ်။

သူ ခဏလောက် စဉ်းစားကြည့်လိုက်တယ်။ဒီကို လာလည်ရတာ တန်တဲ့အရာဆိုလို့ ထပ်ခိုးပဲ ရှိတာမို့ သူ သူမကို အပေါ် ခေါ်သွားလိုက်တယ်။

အထဲက မီးတွေကို ရှန်ရန်ချင်း သွားဖွင့်နေတုန်း နန်ကောဟာ ပြထားတဲ့စင်တွေကို ကြည့်ပြီး မနေနိုင်ဘဲ မေးမိတယ်။ “အရင်က ရှင့်မိသားစု ဘာလုပ်တာလဲ?”

“ကိုယ့်မိသားစုက ဟိုက်မြို့မှာ ဒေသခံတွေ ကိုယ့်ဘိုးဘေးတွေက နည်းနည်း ချမ်းသာတယ်။ ပြီးတော့ မြို့ထဲမှာလည်း နည်းနည်းကျော်ကြားတယ်။ ကိုယ့်အဘေးက ပညာရေးကို ပစ်ပြီး စစ်ပွဲတွေမှာ ပါ၀င်ဖို့ စစ်တပ်ထဲ ၀င်ခဲ့တယ်။ ကိုယ့်အဖိုး အလှည့်ရောက်တော့ သူပြန်သွားတယ်။ ကိုယ့်မိသားစု‌အကြောင်း ပြောရရင် တကယ်တော့ ကိုယ့်အဖေ လက်ထက်ကျမှသာ စီးပွားရေးကို စလုပ်တာ”

ရှန်ရန်ချင်းဟာ မ‌မောမပန်းနဲ့ ရှင်းပြတယ်။

ဒါကို ကြားပြီးတဲ့နောက် နန်ကောဟာ မနေနိုင်ဘဲ ပြောလာတယ်။ “ရှင့်မိသားစုမှာ အခုလိုရာဇ၀င်မျိုးရှိတာ ကျွန်မ မသိခဲ့ဘူး”

နန်မိသားစုဟာလည်း ချမ်းသာလာတာ မျိုးဆက်အနည်းငယ်ရှိပြီ ဆိုပေမဲ့ ရှန်မိသားစုနဲ့တော့ ကွာနေတုန်းပဲ။

149 02

“ဒါ‌တွေက အရင်က ကျန်ခဲ့တဲ့ ပစ္စည်းအဟောင်းတွေချည်းပဲ။ တကယ်တော့ ဒီမှာ စိတ်၀င်စားစရာရယ်လို့ မရှိပါဘူး။ စဉ်းစားကြည့်တော့ ကြည့်ရတန်တာဆိုလို့ ဒီနေရာပဲ ရှိမယ်”

“အဲဒါ ဘာလဲ?”

နန်ကောဟာ ဗီရိုထဲက ပစ္စည်းတွေကို လက်ညှိုး ထိုးပြတယ်။ရှန်ရန်ချင်းဟာ တစ်ချက် လှမ်းကြည့်လာပြီး စိတ်ပေါ့ပါးသွားတယ်။ “မင်း ကိုယ့်ကို ပြန်သတိပေးလိုက်တာပဲ”

“ဟမ်?” နန်ကောဟာ သူ့ကို ကြောင်ကြည့်လာတယ်။

ရှန်ရန်ချင်းဟာ ဗီရိုကို ဖွင့်ပြီး အထဲက ပစ္စည်းတွေကို ယူလိုက်တယ်။ “ဒါ ကိုယ့်မိသားစုရဲ့ မျိုးရိုးစဉ်ဆက်ဇယားလေ။ အရင်တစ်ခေါက်က မင်းအစ်ကိုကို ပြမယ်လို့ ကိုယ် ကတိပေးခဲ့‌သေးတယ်”

နန်ကောဟာ အံ့ဩသွားပြီး “ရှင် ဘာလို့ သူ့ကို ပြရမှာလဲ?”

ရှန်ရန်ချင်းဟာ ရယ်ပြီး “ဘာပဲဖြစ်ဖြစ် သူ ကြည့်လို့ မရတာမျိုးမှ မဟုတ်တာဘဲ”

သူဟာ အဲဒါကို ညင်ညင်သာသာနဲ့ လှန်ပြီး နန်ကောကို လက်ညှိုးထိုးပြတယ်။ “ကိုယ်တို့ မျိုးဆက်မှာဆိုရင် အလယ်က အပိုင်းကို ဖယ်ထားလိုက်ရင် ကိုယ်နဲ့ ကိုယ့်၀မ်းကွဲပဲရှိတယ်”

ပါးမှာ အခြားကလေးတွေ မရှိဘူး။တရားမ၀င်တဲ့ ကလေးလည်း မရှိဘူး။

နန်ကောဟာ သိလိုစိတ်နဲ့ လှန်လှောကြည့်တယ်။နောက်ဆုံးတော့ သူမ ရှန်မိသားစုဟာ ချမ်းသာတဲ့မိသားစု မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုထားတဲ့ဟာကို တွေ့လိုက်ရပြီး အံ့ဩသွားတယ်။

“ချမ်းသာတဲ့မိသားစု” ဆိုတဲ့စကားလုံးကို သုံးတာက စော်ကားတာပဲ။

ရှန်မိသားစုကို ထူးချွန်တဲ့ပ ညာတတ်မိသားစုတစ်စုအနေနဲ့ ထည့်သွင်းစဉ်းစားရမှာ။

မျိုးရိုးစဉ်ဆက်ဇယားကို ကြည့်တာနဲ့တင် ဖတ်စာအုပ်အချို့မှာ မြင်ခဲ့ဖူးသလိုမျိုး ရင်းနှီးတဲ့ နာမည်တစ်ခုနှစ်ခုကို နန်ကောတွေ့ရတယ်။

ယှဉ်ကြည့်ရင် ခုနက ရှန်ရန်ချင်း သာမန်ပဲ မိတ်ဆက်ပေးတာက အရမ်းယဉ်ကျေးပြီး နှိမ့်ချထားပုံ ပေါ်တယ်။

ရှန်ရန်ချင်းဟာ အမြဲကတိတည်တဲ့လူ။အဲ့ည သူ မိသားစုမျိုးရိုးစဉ်ဆက်ဇယားကို အိမ်အောက်ကို ယူလာခဲ့တယ်။

နန်ကော အိပ်ပျော်သွားတော့ သူဟာ မျိုးရိုးစဉ်ဆက်ဇယားကို ယူပြီး သူ့ပါးကို ရှာဖို့ စာကြည့်ခန်းထဲ သွားတယ်။

စာကြည့်ခန်းထဲမှာတော့ မစ္စတာရှန်ဟာ မျက်မှန်တပ်ထားပြီး မျက်လုံး ကျုံ့ကာ စာဖတ်နေတယ်။

“နန်လေး အိပ်နေပြီလား?” မစ္စတာရှန် သူ့ကို မြင်ရတာ မအံ့ဩဘူး။

“အင်း”

ရှန်ရန်ချင်းဟာ ထိုင်လိုက်ပြီး မျိုးရိုးစဉ်ဆက်ဇယားကို စားပွဲပေါ်တင်လိုက်တယ်။ဒါကို မြင်တဲ့အခါ မစ္စတာရှန်ဟာ မျက်မှန်ချွတ်ကာ စာအုပ်ကို ပိတ်လိုက်တယ်။ “ဘာလို့ ရုတ်တရက်ကြီး ဒါကို ယူလာတာလဲ?”

“ကျွန်တော် အခုလေးတင် နန်ကောကို ဟိုနားဒီနား လိုက်ပြနေတာ ဒါကို တွေ့တော့ သူ့မိသားစုကို ပြချင်လို့”

မစ္စတာရှန်ဟာ ရယ်မိသွားတယ်။ “သူ့မိသားစုက မင်း လူလိမ်ဖြစ်နေမှာကို စိုးရိမ်လို့လား။ မင်း ဘာလုပ်ခဲ့လို့လဲ။ ဘာလို့ သူ့မိသားစုက ပါးတို့ မိသားစုမျိုးရိုးစဉ်ဆက်ဇယားကို ကြည့်ချင်ရတာလဲ?”

တကယ်က နားလည်မှုလွဲတာ ရှိနေခဲ့တာဖြစ်ပေမဲ့ စကားနဲ့တင် ရှင်းပြဖို့ လွယ်မနေဘူး။

ကံကောင်းစွာနဲ့ မစ္စတာရှန်ဟာ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ မထင်ဘူး။

“ဘာပဲဖြစ်ဖြစ် ပြန်ယူလာပြီး နေရာတကျ ပြန်ထားဖို့ မမေ့နဲ့”

“ဟုတ်...”

သူ တစ်ခုခု ပြောချင်ပေမဲ့ တွန့်ဆုတ်နေတာကို မြင်တော့ မစ္စတာရှန်ဟာ ခဏရပ်ပြီး စာအုပ်ကို ပြန်ဖွင့်တယ်။ “တခြား ရှိသေးလား?”

ရှန်ရန်ချင်းဟာ မျိုးရိုးစဉ်ဆက်ဇယားပေါ်မှာ လက်တင်ပြီး ဂရုတစိုက်နဲ့ကြည့်လာတယ်။ “ပါးအိမ်ထောင်စုစာရင်းကို ပေးလို့ အဆင်ပြေတာလား?”

“မင်းကိုယ်မင်း အိမ်ထောင်စုထဲက ထွက်ထားတာကြာပြီ မဟုတ်ဘူးလား?” မစ္စတာရှန်ဟာ နားမလည်ဘူး။ရှန်ရန်ချင်းနဲ့ သူတို့ တစ်အိမ်ထောင်စုထဲ မရှိတော့ကြာပြီကို သူက ဘာလို့ လိုချင်တာလဲ? “ဟုတ်တယ်လေ ဒါပေမဲ့ အခု ပါးက အန်တီ၀မ်နဲ့မလား? ဒီတော့...”

ရှန်ရန်ချင်းဟာ ကျယ်ကျယ် ထုတ်မပြောဘူး။

မစ္စတာရှန်ဟာ ဉာဏ်ကောင်းတဲ့လူမို့ ခေါင်းညိတ်ကာ သူ ပြောချင်တာကို နားလည်သွားတယ်။

အဲဒီနောက် သူဟာ ထပြီး ဗီရိုထဲကနေ ယူဖို့ သွားတယ်။

သူဟာ ဗီရိုထဲကနေ စာရွက်စာတမ်းတွေ အများကြီးကို ထုတ်ပြီး ခေါင်းငုံ့ကာ ရှာနေတယ်။ “မင်း တခြားဟာရောလိုသေးလား?”

“လောလောဆယ်တော့ မလိုသေးဘူး”

အနာဂတ်မှာတော့ ပြောမရဘူး။

မစ္စတာရှန်ဟာ အိမ်ထောင်စုစာရင်းကို ကမ်းပေးပြီး ပြန်ထိုင်လိုက်တယ်။

“နန်ကောရဲ့မိဘတွေကို မင်း ဘယ်အချိန် သွားတွေ့မှာလဲ?”

“တစ်ချိန်ချိန်ပေါ့ ဟုတ်။ နန်ကောက အခုမှ ကျောင်းပြန်တက်ရုံ ရှိသေးတယ်။ သူ့ကျောင်းပိတ်ရက်အထိ စောင့်ရဦးမယ်”

149 03

“အေး အေး အေး” အဖေရှန်ဟာ ထပ်ခါထပ်ခါ ခေါင်းညိတ်တယ်။ “ဒါဆို ဘယ်နေ့သွားမလဲ ဆုံးဖြတ်ပြီးရင် ပါးကို ပြောဖို့မမေ့နဲ့။ လက်ဆောင်တွေ ပြင်ပေးလို့ရအောင်။ သူ့မိဘတွေက ဒီတစ်ခေါက် လက်ဆောင်တွေ အများကြီးပဲ ပြင်ပေးလိုက်တာ။ ပါးတို့လေးစားမှုရှိရမယ်”

“ကျွန်တော် နားလည်ပါပြီ”

အဖေဖြစ်သူနဲ့ သားဖြစ်သူ နှစ်ယောက်လုံး ငြိမ်သွားတယ်။အကြာကြီး ကြာပြီးတဲ့နောက် မစ္စတာရှန်ဟာ တိုးတိုးလေး မေးလာတယ်။ “ပါးတို့ ဒီည မသင့်တော်တာမျိုး တစ်ခုခုတော့ မလုပ်မိပါဘူးနော်။ ဟုတ်တယ်မလား?”

******

All Chapters