အခန်း ၂၉၁
Vol. 30 Ch. 291
291 01
Chapter 291ကျွန်မနဲ့မခွဲနိုင်ဘူးလား။
Extra Chapter 1: ယွီယွီနဲ့စုဟွေးတို့ဇာတ်လမ်း။
ဘူတာရုံမှာ တွေ့ခဲ့တဲ့ ရွံစရာအကောင်းဆုံးယောက်ျားနဲ့ အရက်မူးပြီး အိပ်မိလိမ့်မယ်လို့ စုဟွေးဟာ တစ်ခါမှမတွေးခဲ့ဖူးဘူး။
အော်။ဒီကောင်က သူမအချစ်ဆုံးသူငယ်ချင်းရဲ့ ငယ်သူငယ်ချင်းပဲ။နာမည်က ဘာပါလိမ့်။
သူမ မမှတ်မိဘူး။
သူမ လှိမ့်ပြီး အိပ်ရာပေါ် ထထိုင်လိုက်တယ်။ကြမ်းပေါ်က ရှုပ်ပွနေတဲ့ အ၀တ်အစားတွေနဲ့ အသုံးပြုပြီးပစ္စည်းတွေကို ကြည့်ရင်း စုဟွေးဟာ အဖြစ်မှန်ကို လက်ခံလိုက်ရတယ်။
ဘေးက ရေချိုးခန်းထဲ စီးကျနေတဲ့ရေသံတွေဟာ ရပ်မသွားဘူး။
ဒီ၀က်က ရှင်းလင်းတဲ့အသိတရား ရှိနေတာပဲ။သူ့မှာ အခု ရေချိုးဖို့မုဒ်က ၀င်သေးတယ်ပေါ့လေ။
ယွီယွီ ထွက်လာတဲ့အခါ စုဟွေးဟာ အ၀တ်၀တ်ပြီးနေပြီဖြစ်ကာ အိပ်ရာအဆုံးက ဆန့်ကျင်ဘက် လက်တင်ခုံပေါ်မှာ ထိုင်နေတယ်။လှုပ်လှုပ်ရွရွအသံ ကြားတော့ သူမဟာ သူ့ကို မော့ကြည့်ပြီး...ခက်ထန်စွာ စိုက်ကြည့်နေတယ်။
ယွီယွီက ရယ်သံတစ်ချက် ပြုတယ်။ကြောက်မနေဘူး။သူဟာ ခေါင်းငုံ့ပြီး ရေချိုး၀တ်စုံရဲ့ခါးကြိုးကို ချည်တယ်။ “မင်း မှတ်ဉာဏ်တော့ မပျောက်သေးဘူးဟုတ်”
“ဟင့်အင်း ဘာလဲ။ ကျွန်မ တာ၀န်ယူပေးဖို့ လိုတာလား” သူမသာ မနေ့ညကို ပြန်သွားလို့ရမယ်ဆိုရင် စုဟွေးဟာ သူမကိုယ်သူမ ရိုက်သတ်ချင်မိတယ်။
မနေ့ညက သူမအရမ်းမူးနေခဲ့ပြီး ဧည့်ခံကောင်လေးတွေကြားထဲ ဖြတ်သွားတဲ့သူ့ကိုမှ ရွေးလိုက်မိတယ်။
အပြစ်ကြီးပဲ
“ရပါတယ် ၂ဦး၂ဖက်သဘောတူဖြစ်တာပဲဟာ တာ၀န်ယူဖို့ မလိုပါဘူး” သူ့ပုံစံဟာ စိတ်ထဲမထားပုံပေါ်ကာ သူမကို ပြုံးပြတယ်။ “ကျွန်တော်တို့၂ယောက်က တကယ်ဆုံဖို့ ကံပါတာပဲ”
ပြဿနာကို ဖြစ်စေတာ သူမ အမှားဆိုတာ စုဟွေးသိတယ်။ “ရှင်က ကျန်းမြို့က မဟုတ်ဘူးလား။ ဘာလို့ဟိုက်ကို ရောက်နေတာလဲ”
ပြောနေရင်း သူမဟာ တစ်ခုခုကို တွေးမိပုံရပြီး အံ့ဩသွားတယ်။ “ရှင့်မှာ...ကောင်မလေးရှိလား”
ဒီလူ ဟိုက်မြို့မှာ နောက်ဆုံးတစ်ခေါက် ပေါ်လာတုန်းကကို သူမ မှတ်မိသေးတယ်။သူ သူ့ရည်းစားသေးသေးလေးကို အဖော် လုပ်ပေးနေခဲ့တာ။အဲ့တုန်းက သူတို့ လမ်းခွဲလိုက်ကြတယ်ဆိုပေမဲ့ သူတို့ပြန်တွဲတယ်ဆိုတဲ့ ဖြစ်နိုင်ချေက ရှိနေသေးတယ်။
ယွီယွီဟာ အိပ်ရာပေါ်မှာ အင်္ကျီကော်လံဟစိနဲ့ ထိုင်ချတယ်။စုဟွေးဟာ အထဲက မြင်ကွင်းကို မြင်နေရတယ်။
ကျစ်။
ဒီလူရဲ့အကျင့်စရိုက်က ပျမ်းမျှပဲဆိုပေမဲ့ သူ့အသွင်အပြင်ကတော့ တကယ်ထည့်ပြောရတန်တယ်။
ဒီလူ သူ့ပုံစံအမှန်ကို မပြသေးဘူး။
အကြည့်ကို ပြန်ရုတ်ပြီး စုဟွေးဟာ မျက်နှာပူပူနဲ့ နှာခေါင်းကိုကိုင်ရင်း မေးတယ်။
“ရှင့်နာမည်က ဘာပါလိမ့်”
ယွီယွီ့အကြည့်ဟာ အထူးတဆန်း ဖြစ်သွားတယ်။သူမ တကယ်မမှတ်မိတာကို အတည်ပြုပြီးတဲ့အခါ သူက ပြန်ဖြေတယ်။ “ယွီယွီ ဂုဏ်သရေလို့အဓိပ္ပာယ်ရတယ်”
“အော်”
အဲ့နေ့ကစပြီး သူတို့အချင်းချင်း အရမ်းကိုမှစိ တ်ကျေနပ်မှုရှိကြတဲ့ အတွက်ကြောင့် လေလွင့်ခွေးလေး၂ကောင်ဟာ သဘောခွေ့သွားပြီး သဘောတူညီမှု တည်ဆောက်ခဲ့ကြတယ်။
သူတို့ အချစ်အကြောင်းမပြောဘဲ အတူတူအိပ်ရုံသာ အိပ်ကြတယ်။
ဒါပေမဲ့ ဒီကာလအတွင်းမှာတော့ နှစ်ဖက်လုံးဟာ အခြားလူတွေကို ထိခွင့်မရှိဘူး။သူတို့ အခြားတစ်ယောက်ယောက်ကို ဒိတ်ချင်တယ်ဆိုလို့ရှိရင် သူတို့ ဒီလျှို့၀ှက်ဆက်ဆံရေးကို အချိန်မှီ ရပ်စဲရမယ်။
သူတို့ ဒီဆက်ဆံရေးကို ၃လဆိုပြီး ထိန်းသိမ်းထားတယ်။သူတို့၂ယောက်လုံး လိုအပ်မှသာ တစ်ယောက်ကို တစ်ယောက် ဆက်သွယ်တယ်။
ကျန်းမြို့နဲ့ဟိုက်မြို့က သိပ်မဝေးဘူးဆိုပေမဲ့ မတူညီတဲ့မြို့တွေလေ။ဒါကြောင့် သူတို့၂ယောက်ဟာ အချင်းချင်း တစ်လတစ်ခါပဲ ဆက်သွယ်ကြတယ်။
စုဟွေးဟာ သူ့ထက်တောင်မှ ပွင့်လင်းမြင်သာတယ်ဆိုတာကို ယွီယွီ သဘောပေါက်သွားရတယ်။အဲဒါ ပြီးသွားတဲ့အချိန်တိုင်း စုဟွေးဟာ မတူညီတဲ့ လူတစ်ယောက်လိုဘဲ။သူမဟာ သူ့ကို အိပ်ရာထဲကနေတန်းတွန်းထုတ်ပြီး ပစ္စည်းတွေသိမ်းကာ ညတွင်းချင်း ထွက်သွားတတ်တယ်။
“ကျွန်မတို့ ဆက်ဆံရေးကို ဘယ်သူ့ကိုမှပြောလို့မရဘူးနော်။ အထူးသဖြင့် နန်ကော” စုဟွေးဟာ သူမ ထွက်သွားတဲ့အခါတိုင်း သူ့ကို သတိပေးတယ်။
တစ်ခုခု မှားနေတယ်လို့ ယွီယွီဟာ ခံစားရတယ်။ “သူ့ကိုတောင် ပြောလို့မရဘူးလား။ မင်းတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား။ ဒီလောက်ပဲလား”
“ကျွန်မတို့က သူငယ်ချင်းတွေဆိုပေမဲ့ လူတိုင်းကို ရှင့်နာမည် လိုက်တင်ပြနေဖို့ မလိုဘူးလေ ဟုတ်တယ်မလား”
စုဟွေးဟာ ခါးတစ်ဖက်ထောက်ကာ သူ့ကို လက်ညှိုးထိုးတယ်။ “ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ ရှင် သူ့ကို ဒီကိစ္စပြောလို့မရဘူး။ သူက ဖြူစင်တဲ့ကလေးမလေး။ ရှင် သူ့ကို လမ်းလွဲစေလို့ မရဘူး”
ယွီယွီ့နှုတ်ခမ်းဟာ ရှုံ့တွသွားတယ်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ” သူဟာ ၀တ်ကျေတမ်းကျေသဘောတူကာ ရေရွတ်တယ်။ “မင်းစိုးရိမ်တယ်ဆိုလည်း ဘာလို့တိုက်ရိုက် မတွဲလိုက်တာလဲ”
291 02
တစ်ယောက်သောသူဟာ ဂျက်ကတ် ၀တ်နေတာကိုရပ်ပြီး သူ့ကို လှည့်ကြည့်တယ်။သူမဟာ သရော်သလို ပြုံးကာ “ရှင်နဲ့”
“မင်း ဘာကိုဆိုလိုတာလဲ။ ငါက ဘာဖြစ်နေလို့တုန်း” ယွီယွီဟာ သူမရဲ့အပြုအမူနဲ့ ပတ်သက်ပြီး လုံး၀ကိုပျော်မနေဘူး။မသိရင်ဘဲ သူက လယ်ကွင်းထဲမှာ ဘယ်သူမှ မလိုချင်တဲ့ ပုပ်သိုးသိုး ဂေါ်ဖီထုပ်ကြီးကျနေရော။
“အခု ကျွန်တော်တို့၂ယောက်က တွဲတာနဲ့ဘာမှမကွာဘူးလို့ မင်းမထင်ဘူးလား”
သာမန်အတွဲတွေလိုမျိုး ချိုမြိန်မှု မရှိတာကလွဲရင် သူတို့လုပ်သင့်တဲ့အခြားအရာတွေကို သူတို့ လုပ်ခဲ့ပြီးပြီ။
ဒါကိုကြားတဲ့အခါ စုဟွေးဟာ ဘာမှမပြောဘဲ သူ့ကို ပြန်ပြုံးပြတယ်။
ယွီယွီ့အမြင်မှာတော့ ဒီအပြုံးဟာ တစ်ယောက်ယောက်ကို ဆူပူကြိမ်းမောင်းနေတာနဲ့ ဘာမှ မကွာခြားဘူး။
စုဟွေးရဲ့အတွေးဟာ အရမ်းရိုးရှင်းပါတယ်။သူမရဲ့ အခုလက်ရှိယွီယွီနဲ့ဆက်ဆံရေးဟာ အကောင်းဆုံးပဲ။သူမတို့တစ်ယောက်မှ သူမတို့အပြုအမူတွေအတွက် တာ၀န်ယူစရာ မလိုဘူး။သန့်စင်တဲ့ဆက်ဆံရေးတစ်ခုပဲဟာ ဘာလို့ “အချစ်” ဆိုတဲ့စကားလုံးနဲ့ အရောင်ဆိုးရမှာလဲ။
နောက်ပြီး သူမ ယွီယွီ့အကြောင်းတွေကို လိုက်မေးကြည့်ခဲ့ပြီးပါပြီ။သူဟာ အ၀တ်လဲတာထက် ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် လဲတာမှာ ပိုတောင်မှ ဝီရီယရှိသေးတယ်။သူမတို့အတူတွဲခဲ့တယ်ဆိုရင်တောင် တစ်ခဏတာပဲ ဖြစ်မှာ။အနှေးနဲ့အမြန် သူမတို့လမ်းခွဲရမှာပဲ။ဒါ သူမတို့ဆက်ဆံရေးအတွက် ဖြုန်းတီးတာပဲဟာ။ဒီတော့ အတူတူတွဲဖို့ လိုလို့လား။
သူမ ငြီးငွေ့လာတဲ့အချိန် ဒါမှမဟုတ် သူငြီးငွေ့လာတဲ့အချိန်ကျရင် သူမတို့ ဒီဆက်ဆံရေးကို စာတစ်ကြောင်းနဲ့တင် ဖြေရှင်းလိုက်လို့ ရတယ်။ပြဿနာတွေအများကြီးပါမဲ့ လမ်းခွဲတာမျိုး မဟုတ်ဘူး။
သူမ ဖောက်ပြန်ခံခဲ့ရကတည်းက အချိန်တစ်ခုအထိ သူမ ထပ်မချစ်ချင်တော့ဘူး။
ရှိတဲ့ငတုံးငအယောက်ျားအားလုံးဟာ အတူတူတွေပဲ။
ဒီနည်းလမ်းက သူမကို ပိုပြီးစိတ်ကျေနပ်စေတယ်။
ဘာပဲဖြစ်ဖြစ် ယွီယွီ့လိုယောက်ျားက...တာ၀န်ယူမှုရှိမယ်လို့ မျှော်လင့်ထားလို့မရဘူး။
ဒီဆက်ဆံရေးဟာ တစ်ယောက်သောသူ သူမကို ငြီးငွေ့သွားရင် မကြာခင် ပြီးဆုံးသွားမယ်လို့ ထင်ခဲ့တာ။ဒါပေမဲ့ ရယ်စရာကောင်းတာက စုဟွေး တက္ကသိုလ်ကနေ ဘွဲ့ရတဲ့အထိ ၂ယောက်သားဟာ ဒီဆက်ဆံရေးကို တကယ်ကြီး ထိန်းသိမ်းခဲ့တယ်။
ဘွဲ့ယူရာသီဟာ လမ်းခွဲရာသီလို့လည်း သိကြတယ်။
၂ယောက်လုံးဟာ အသံတိတ်နားလည်မှုရှိပြီး ဒါကိုအစမပျိုးကြပေမဲ့ သူတို့စိတ်ထဲမှာတော့ သိနေတယ်။
အကြောင်းတချို့ကြောင့် ယွီယွီဟာ အနည်းငယ် တုံ့ဆိုင်းနေခဲ့တယ်။
“နန်ကောနဲ့ အခြားလူတွေအကုန် ဘွဲ့လွန်စာမေးပွဲ ဖြေကြတယ်။ မင်းက ဘာလို့မဖြေတာလဲ” သူမမှာ ဒီအစီအစဉ် မရှိမှန်းသိရတော့ ယွီယွီဟာ မေးကြည့်ခဲ့တယ်။
“ကျွန်မက ဘာလို့ ဘွဲ့လွန်ဖြေရမှာလဲ”
စုဟွေးဟာ သူ့ကိုမော့ကြည့်ကာ ဘာမှမဖြစ်သလို ပြောတယ်။ “ဘွဲ့လွန်လေ့လာတယ်ဆိုတာ အချိန်ဖြုန်းတာပဲ။ ကျွန်မ စာလေ့လာရတာ မကြိုက်ဘူး”
“မင်းက ဟိုက်တက္ကသိုလ်ကို ရောက်နေပြီပဲကို ဒီလိုအဆုံးသတ်လိုက်ဖို့ ဆန္ဒရှိတာလား” စုဟွေးဟာ နှာရှုံ့သံတစ်ချက် ပြုတယ်။
သူမဟာ သဘာ၀အတိုင်း ဉာဏ်ကောင်းတယ်လို့ ပြောလို့ရတာမို့ ဟိုက်တက္ကသိုလ်ကို အခက်အခဲမရှိဘဲ ၀င်နိုင်ခဲ့တာ။ဒါပေမဲ့ သူမ စာလေ့လာတာမှာ စိတ်ဝင်စား မနေဘူး။သူမမိသားစုဟာလည်း သူမရဲ့လက်ရှိပညာရေးနောက်ခံကို အရမ်းကျေနပ်နေပြီ။
သူမဟာ မေးခွန်းထုတ်စရာ အလားအလာရှိတဲ့မေဂျာကို ယူခဲ့တယ်ဆိုပေမဲ့လည်း သူမ အလုပ်ထွက်လုပ်ဖို့ မလိုဘူး။သူမမိသားစုမှာ စီးပွားရေး အသေးလေးရှိတာမို့ သူမအတွက် ပြန်ပြီးစီမံခန့်ခွဲတာက လုံလောက်တာထက် ပိုနေပြီ။
နောက်ပြီး သူမမိဘတွေကလည်း သူမကို အဝေးမှာ ကြာကြာမနေစေချင်ဘူး။ဘွဲ့ရပြီးတာနဲ့ သူတို့ဟာ သူမကို အမြန် ပြန်လာစေချင်တာ။သူမမှာလည်း တူညီတဲ့ရည်ရွယ်ချက် ရှိတယ်။
ယွီယွီဟာ စိတ်တိုသလိုခံစားရပြီး စုတ်တစ်ချက် သပ်တယ်။
ခဏကြာတော့ သူက မေးတယ်။ “ကျွန်တော် နန်ကောဆီကကြားတာ။ မင်းမိသားစုက F&B လုပ်တာဆို”
“ဟုတ်တယ်” စုဟွေးဟာ ဇွန်းနဲ့ ဆက်စားတယ်။ရုတ်တရက် သူစကားပြောတာ ရပ်သွားတာကိုမြင်တော့ သူမဟာ မျက်ခုံးပင့်ပြီး “ဘာလို့ မေးနေတုန်း”
“ဘာမှမဟုတ်ပါဘူး နောင် ကျွန်တော် အချိန်ရလို့ရှိရင် မင်းအိမ်ကို ညစာစားဖို့ လာခဲ့မယ်”
“အိုကေ” စုဟွေးဟာ အဆင်သင့်ခေါင်းညိတ်ပေးလိုက်ပေမဲ့ စိတ်ထဲ အတည်တော့ မမှတ်လိုက်ဘူး။ယွီယွီ့စကားတွေဟာ အငွေ့လိုဖြစ်ပြီး သိပ်ယုံကြည်စရာ မရှိဘူး။
သူမ အစားအစာကို တစ်ကိုက်ကိုက်လိုက်တဲ့အချိန်မှာပဲ တစ်ယောက်သောသူက မေးလာပြန်တာကို ကြားရတယ်။ “မင်း ဘွဲ့ယူပြီးတာနဲ့ ပြန်မှာလား”
စုဟွေးဟာ မောလာသလို ခံစားရတယ်။
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ ရှင် မေးစရာရှိသေးလား။ တစ်ခါတည်းနဲ့ မေးပေးလို့ရမလား။ ကျွန်မစားရဦးမယ်”
ယွီယွီ့မှာတော့ စားချင်စိတ် မရှိဘူး။သူဟာ လက်ချောင်းတွေကို စားပွဲပေါ်တင်ပြီး စက္ကန့်အနည်းငယ်လောက် တွေဝေနေတယ်။ “အနာဂတ်မှာ မင်း ပြန်မလာတော့ဘူးလား”
“ဘာအတွက်လဲ” ဒီလူရဲ့ဦးနှောက်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ စုဟွေးခံ စားရတယ်။ “ကျွန်မက ဘွဲ့ရပြီးပြီကို ဘာလို့ပြန်လာရဦးမှာလဲ”
“အော် မဟုတ်ဘူး။ အနာဂတ်မှာ နန်ကော လက်ထပ်လို့ရှိရင်တော့ ကျွန်မ သေချာပေါက် ပြန်လာဦးမှာ”
ယွီယွီက ပြောတယ်။ “မင်း ဘယ်အချိန်ပြန်မှာလဲ။ ကျွန်တော် လိုက်ပို့ပေးမယ်”
291 03
ဒါကိုကြားတော့ စုဟွေးဟာ လုပ်လက်စကိုရပ်ပြီး သူ့ကို တအံ့တဩနဲ့ကြည့်မိတယ်။
သူမဟာ ရွှတ်နောက်နောက်နဲ့ ပြောတယ်။ “လိုက်ပို့ပေးမယ်။ ရှင် ကျွန်မနဲ့မခွဲနိုင်ဘူးလို့တော့ မပြောနဲ့နော်”
သူမဟာ ပြောပြောဆိုဆိုနဲ့ သူ့ကို ခေါင်းစခြေဆုံး အသေအချာ ကြည့်တယ်။သူမအကြည့်မလွှဲသွားခင် တစ်ခဏပဲကြာခဲ့တယ်။သူမ သူ့ကိုစနေရုံဆိုတာ သိသာပါတယ်။သူ သူမကို အရမ်းဂရုစိုက်မယ်လို့ သူမ မထင်ပါဘူး...။
******