အခန်း ၂၂၇
Vol. 23 Ch. 227
227 01
Chapter 227 ရူးမိုက်တဲ့ရှန်ရန်ချင်း။
မွေးနေ့ပွဲပြီးလို့ နောက်ဆုံးစာမေးပွဲ ဖြေဖို့အတွက် နန်ကောဟာ ကျောင်းမှာ တစ်ပတ်လောက် နေခဲ့ရတယ်။
ဆောင်းရာသီပိတ်ရက် တရား၀င်ရောက်လာတဲ့အခါ သူမ ကျန်းမြို့ကိုမပြန်ခင် ရှန်ရန်ချင်းဆီမှာ ၂ရက်နေခဲ့သေးတယ်။
အဓိကကတော့ နန်ကျဲ့တစ်ယောက် သူမကို အိမ်ပြန်လာဖို့အကြောင်း ပြောနေလို့။
နားလည်ပေးလို့တော့ ရပါတယ်။သူမ ဒီစာသင်နှစ်ထဲ အိမ်ကို သိပ်မပြန်ဖြစ်ခဲ့ဘူးလေ။
အဓိကကတော့ အမွေကိစ္စနဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ ကတောက်ကဆကြောင့်ပါ။
ပိတ်ရက်တွေမှာဆို နန်ကျဲ့တစ်ယောက် သူမကို ပုံမှန်ထက်ပိုပြီး ဂရုတစိုက်ရှိတယ်။
ဘာကြောင့်လဲသိရဖို့ နန်ကော စဉ်းစားနေစရာ မလိုဘူး။
မောင်နှမနှစ်ယောက်ဟာ ပြီးခဲ့တစ်ခေါက်က စကားပြောဆို ကြေအေးခဲ့ပြီးပြီ။ဒါကြောင်မို့ ဘာမှမဖြစ်ခဲ့သလို သူတို့ဟာ ဆက်ပြီးသင့်မြတ် နေကြတော့တယ်။
ဒါပေမဲ့လည်း ဒီကိစ္စက ဖြစ်ခဲ့ပြီးပြီမို့ ဘယ်သူကမှ အချိန်တိုတိုလေးနဲ့တော့ မေ့နိုင်ကြမှာ မဟုတ်ဘူး။
ဒီကိစ္စဟာ နန်ကျဲ့အပေါ် ကြီးကြီးမားမား သက်ရောက်သွားခဲ့တာ။ဒါကြောင့် မောင်နှမနှစ်ယောက်တည်း ရှိတဲ့အချိန်တွေဆို သူ့အကျင့်စရိုက်ဟာ အရင်ကထက် ပိုကောင်းမွန်လာတယ်။
နှစ်သစ်တုန်းက နန်ကျဲ့နဲ့သူမရဲ့မိဘတွေ အဖွားဆီ သွားမလည်ခဲ့ကြဘူးလို့ ပြောတယ်။သူတို့၃ယောက်လုံး အိမ်မှာနေပြီးပဲ နှစ်သစ်ကို ကြိုဆိုခဲ့ကြတယ်။ဒီနှစ်နွေဦးပွဲတော်မှာတောင်မှ သူတို့အိမ်မှာပဲနေဖို့ စီစဉ်ထားခဲ့ပြီး အိမ်အဟောင်းကို ပြန်မသွားခဲ့ကြဘူး။
နန်ကောဟာ အထဲမှာ တည်ငြိမ်တယ်။သူမ သူတို့ကို တားလည်းမတားခဲ့သလို သဘောတူတာလည်း မလုပ်ဘူး။
ပိတ်ရက်တွေထဲ သူ မကားမောင်းပြီး သူမရဲ့အမေဘက်က အဖွားကို သွားတွေ့ရင်း နေ့လည်စာ အတူစားခဲ့တယ်။
အစက အဖွားဟာ နန်မိသားစုမှာ ဖြစ်သွားတဲ့ ပြဿနာအကြောင်းကို မသိဘူး။
နောက်မှ နန်ကျဲ့ ပြောပြလိုက်တာ။ဒါကြောင့် နန်ကောလည်း ပြန်ရော သူမရဲ့အဖွားဟာ သူမကို အပြင်လိုက်ပို့ပေးပြီး အချိန်အကြာကြီး အဖော်လုပ်ပေးတယ်။လမ်းမှာလည်း သူမဟာ သူမကို စကားတွေ အများကြီး ပြောခဲ့သေးတယ်။
အဖွားဟာ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။သူမဟာ နန်ကောကို ဆုံးမတာမျိုး မလုပ်ခဲ့သလို ဘယ်သူ့ကိုမှ ခွင့်လွှတ်ဖို့ကိုလည်း မပြောခဲ့ဘူး။
သူမရဲ့အဖွား နန်ကျဲ့ကိုကာပေးဖို့ တစ်ခုခု ပြောလိမ့်မယ်လို့ သူမ ထင်ထားတာ။ဒါပေမဲ့ မထင်မှတ်ထားဘဲ သူမဟာ မကာပေးခဲ့ဘူး။
တကယ်က ပုံမှန်ဆို သူမ နန်ကျဲ့နဲ့အတူ အဖွားဆီကို လာလည်ဖြစ်တာ။
ကားထဲမ၀င်ခင် အဖွားဟာ သူမကို လက်ပြနှုတ်ဆက်ကာ ဖြည်းဖြည်းမောင်းပြီး ဂရုစိုက်ဖို့ပြောတယ်။
ခဏလောက် ငြိမ်သက်သွားပြီးနောက် နန်ကောဟာ ခေါင်းပြူထွက်ပြီး “အဖွား နောက်တစ်ခါကျ အစ်ကိုနဲ့အတူ လာခဲ့မယ်”
ဒါကိုကြားတဲ့အခါ အဖွားဟာ ပြုံးတယ်။ “ဘာလို့သူ့ကိုခေါ်လာမှာလဲ။ ဒီနေ့လိုပဲ တစ်ယောက်တည်း လာလို့ရပါတယ်”
နှစ်ပေါင်းများစွာ သူမ အကျင့်ဖြစ်သွားတာ နေမယ်။အကြိမ်တိုင်း နန်ကျဲ့မပါဘဲ သူမ မသွားရဲခဲ့တာမို့ အဖွားအိမ်မှာလည်းအတူတူပဲ။
အဖွား ဘာကိုဆိုလိုချင်လဲဆိုတာ သူမသိတယ်။
သူမရဲ့အဖွားအိမ်ကိုလာရင် အရမ်းစိုးရိမ်နေဖို့ မလိုဘူး။သူမတစ်ယောက်တည်း လာလို့ရတယ်။
ဒါပေမဲ့လည်း အနားမှာ သူမရဲ့အစ်ကိုရှိနေတာကို သူမပိုပြီး နေသားကျတယ်။
သူမ အဖွားကို ပြုံးပြလိုက်ပြီး “ဟင့်အင်း မရဘူးရယ်။ နောက်တစ်ခါ သူ့ကိုခေါ်မလာရင် သူပြဿနာ ရှာလိမ့်မယ် သမီးတို့နှစ်သစ်ကျရင် အတူတူလာပြီး အဖွားနဲ့ မာကျောက်ဆော့မယ်”
“အေးပါ အေးပါ အေးပါကွယ်” နန်ကောရဲ့ရင်ထဲမှာ နန်ကျဲ့ဟာ အရမ်းအရေးပါနေတုန်းဆိုတာကို အဖွားဟာ သိတယ်။
“အော် ဟုတ်သား ရှန်ရန်ချင်းပါပါတယ်။ သူလည်း နှစ်သစ်ကျရင် ဒီကို လာလိမ့်မယ်နော်။ အဖွား သူ့အတွက် အကောင်းဆုံးဝက်ချိုချဥ်ကို ချက်ဖို့မမေ့နဲ့နော်!”
“နောက်ပြီး အဖွား ဦးလေးကို ရှန်ရန်ချင်း မသောက်တတ်တဲ့အကြောင်း သတိပေးထားရမယ်။ အချိန်ကျရင် သူ့ကို အတင်းသောက်ခိုင်းလို့ မရဘူး။ လူကြီးတွေက သူ့ကို သောက်စေချင်ရင် သူငြင်းလို့မရနိုင်တာမို့”
အဖွားဟာ ထပ်ခါထပ်ခါ ပြန်တုံ့ပြန်တယ်။ “သိပြီ အဖွားနားလည်ပါတယ်။ ရော့ရော့ စိတ်မပူနဲ့ အဖွားအကုန်မှတ်ထားမယ်”
ကြည့်ရတာ သူမရဲ့အဖွားအိမ်မှာဆိုရင် နန်ကောရဲ့စကားတိုင်းဟာ အလေးအနက် မှတ်ထားခံရသလိုပဲ။
သူမ အဖွားအိမ်ကနေ ပြန်လာတဲ့နေ့မှာ နန်ကောဟာ နန်ကျဲ့ကို လမ်းမှာ ညစာ၀င်၀ယ်ပြီး သူ့ကုမ္ပဏီကို သွားတန်းပို့ပေးတယ်။
နှစ်သစ် ရောက်တော့မှာဖြစ်တာမို့ ကုမ္ပဏီဟာလည်း ပိုအလုပ်ရှုပ်နေတော့တယ်။
ပြီးခဲ့တဲ့၂ရက်လုံး နန်ကျဲ့မှာ အိမ်ပြန်နောက်ကျတယ်။
227 02
“ဘယ်လော က်ရှားပါးတဲ့ဖြစ်စဉ်လဲ” သူမ လာလည်တာကို တွေ့တဲ့အခါ ကောင်းတဲ့ကိစ္စရယ်လို့တော့ နန်ကျဲ့ မထင်ဘူး။
ဒီမိန်းကလေး သူ့အဖွားအိမ်ကနေ ပြန်လာမှန်း သူသိတယ်။
သူမ ချလိုက်တဲ့ ထုပ်ပိုးထားတဲ့ညစာကို ကြည့်ရင်း နန်ကျဲ့ဟာ ပိုပြီးတောင် ရှုပ်ထွေးသွားရတယ်။သူဟာ သတိလက်လွတ်နဲ့မေးမိတယ်။ “အခုတလော နင် ဘာတွေ အရမ်းစိတ်ပျော်နေတာလဲ”
ယုတ္တိကျကျပြောရရင်တော့ အဲ့တာ ပြဿနာ မဟုတ်လောက်ဘူး။သူ့ကတ်တစ်ကတ်က နန်ကောဆီမှာ။ဘာ၀ယ်၀ယ် သူမရဲ့လွတ်လပ်ခွင့်ပဲ။
“နိုး” နန်ကောမှာ ချက်ချင်းထွက်သွားဖို့ ရည်ရွယ်ချက် မရှိဘူး။သူမဟာ ခုံကိုဆွဲထုတ်ပြီး သူနဲ့ဆန့်ကျင်ဘက်မှာ ထိုင်တယ်။သူမထိုင်နေတဲ့ပုံစံဟာ လွှမ်းမိုးမှု ရှိနေတယ်။သူမကြည့်ရတာ ဒီကိုစကားစမြည် ပြောဖို့ပဲ ရောက်လာပုံမရဘူး။အဲ့အစား တစ်ခုခု ဆွေးနွေးချင်နေတဲ့ပုံပဲ။
သူမထိုင်နေတဲ့ပုံစံကို ကြည့်ပြီး နန်ကျဲ့ဟာ မတတ်နိုင်ဘဲ မတ်မတ်ထထိုင်ကာ သူ့မကို အာရုံစိုက်လိုက်တယ်။
“ဘာဖြစ်တာလဲ”
“ငါ နင်နဲ့ စကားထပ်ပြောချင်လို့”
အရင်တစ်ခေါက်က အရမ်းမြန်လွန်းခဲ့ပြီး အချိန်အများစုဟာ နန်ကျဲ့ သူ့ကိုယ်သူ ပြောနေခဲ့တာတွေချည်း။
“ပြီးခဲ့တဲ့ကိစ္စအကြောင်းပဲ” သူမ ဘာအကြောင်း ပြောနေလဲဆိုတာကို နန်ကျဲ့ဟာ ကောင်းကောင်းသိပြီး သူမပြောပြနေဖို့တောင် မလိုဘူး။
“ပြော”
“နင် ငါ့ကိုစိတ်ကျေနပ်စေဖို့ ဂရုစိုက်နေစရာ မလိုဘူး။ ငါတို့က မောင်နှမတွေဖြစ်ပြီး မိသားစု၀င်တွေ ဘာတွေပဲဖြစ်ဖြစ် အမြဲဒီလိုဖြစ်နေမှာပဲ။ ဘယ်သူကမှ လာပြောင်းလဲလို့ မရဘူး။ ငါတို့ ရန်သူတွေ ဖြစ်လာမှာမဟုတ်ဘူး။ အရင်ကရော မဟုတ်ခဲ့သလို နောက်လည်း ဘယ်တော့မှပဲ”
“ငါက ဘာမှမသိနားမလည်တဲ့ ကလေးလေး မဟုတ်ဘူး။ ငါ အကောင်းအဆိုးကို ပြောနိုင်တယ်”
“ငါ နင်ရယ်၊မားရယ်၊ပါးရယ်နဲ့ စစ်အေးတိုက်ပွဲ မဖြစ်ခဲ့သင့်ဘူးဆိုတာ ၀န်ခံပါတယ်။ အဲ့တာက တကယ်ကိုမှားတယ် ငါဆိုးခဲ့တာ”
“ဒီကိစ္စမှာ နင်မှားတာ မရှိဘူး။ နင်ရယ်၊ပါးနဲ့မားရယ်က ငါ့အတွက် လုပ်ပေးခဲ့တာတွေ များနေပြီ”
ခဏနားလိုက်ပြီး သူမဟာ သက်ပြင်းချတယ်။
“တော်ပြီ အခုချိန်မှာ ငါတို့ သူမှားတယ် ငါမှားတယ်ဆိုပြီး လုပ်မနေသင့်တော့ဘူး။ ငါပြောချင်တာလေးက နင်က ငါ့အစ်ကိုဖြစ်ပြီး မားနဲ့ပါးပြီးရင် ငါနဲ့အရင်းနှီးဆုံးလူပါ ဒါက ဘယ်တော့မှ မပြောင်းလဲဘူး”
“အစ်ကို ၀မ်းမနည်းပါနဲ့”
“ငါတို့အတူတူ လက်လွှတ်လိုက်သင့်ပြီ”
ဒါပေမဲ့ သူတို့ရဲ့ “လောင်ကြေးစားကြေး” ကတော့ အကျုံး၀င်နေဆဲ။နန်ကောဟာ ယုံကြည်ချက် အပြည့်ရှိနေတုန်း။သူမဟာ ခေါင်းမပါတဲ့ယင်ကောင်လေးလို မဟုတ်တော့ဘူး။အနာဂတ်အတွက် သူမမှာ ပလန်တွေ အများကြီးရှိနေပြီ။
နောက်တစ်နေ့မနက်ရောက်တော့ နန်ကောဟာ ဟွားရှန်အဖွဲ့အစည်းဆီ ကားမောင်းသွားတယ်။
ရှန်ရန်ချင်း မရှိဘူး။သူ ချိန်းဆိုမှုတစ်ခုအတွက် လက်ထောက်ယွမ်ရယ်နဲ့ အတွင်းရေးမှူးကို ခေါ်သွားပြီး နေ့လည်ကျမှ ပြန်ရောက်မဲ့ပုံပဲ။
နန်ကောမှာ ဘာမှလုပ်စရာမရှိတာမို့ ဥက္ကဌရုံးခန်းကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီအချိန်အတောအတွင်း အရောင်ဆိုးထားတဲ့ သွေးနီရောင်ပတ္တမြားလည်ဆွဲရဲ့ နောက်ဆုံးဈေးကို မြောင်မြောင့်ဆီကနေ သိလိုက်ရတယ်။
သူမရဲ့မွေးနေ့ပြီးတော့ သိတဲ့သူငယ်ချင်းတွေကို လိုက်မေးကြည့်ခဲ့ပေမဲ့ သူမ အဖြေမရခဲ့ဘူး။ရှန်ရန်ချင်းကိုလည်း မေးခဲ့သေးပေမဲ့ သူက မဖြေဘူး။
အကြိမ်တိုင်း သူဟာ အရမ်းဈေးမကြီးဘူးလို့သာ ပြောတယ်။
စိတ်ထဲ နံပါတ်တစ်ခုရှိနေပေမဲ့ နောက်ဆုံးဈေးကို ကြားလိုက်ရတဲ့အခါ သူမဟာ အံ့ဩသွားမိတုန်းပဲ။
“မဖြစ်နိုင်တာ” သူမ ထင်ထားတာထက် ၄၀မီလီယံ ပိုမြင့်တယ်။
မြောင်မြောင်ဟာ သက်ပြင်းချပြီး တိုးတိုးပြောတယ်။ “ကျွန်မကြားတာတော့ လေလံပွဲမှာတုန်းက နိုင်ငံခြားတော်၀င်အနွယ်တစ်ယောက်လည်း ဒီလည်ဆွဲကို သဘောကျပြီး အရယူဖို့ စိတ်ဆုံးဖြတ်ထားတာ။ ဒါကြောင့် နှစ်ဖက်လုံး ဆက်တိုက်လေလံဆွဲပြီး လက်လွှတ်ဖို့ကို ငြင်းဆန်နေခဲ့ကြတယ်တဲ့”
227 03
“နောက်ဆုံး ဘာဖြစ်သွားလဲ” နန်ကောဟာ စိတ်မရှည်စွာနဲ့မေးတယ်။
“ဥက္ကဌရှန်က နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်ကို လည်ဆွဲကို လေလံပွဲမှာ ၀ယ်ခိုင်းခဲ့တယ်။ ပြောတာတော့ အဲ့အချိန်တုန်းက နှစ်ဖက်လုံး တင်းမာနေခဲ့တာတဲ့။ အလှည့်အနည်းငယ် ကြာပြီးသွားမှ ဥက္ကဌရှန်ရဲ့သူငယ်ချင်းလည်း မတတ်နိုင်ဘဲ အဆက်အသွယ်သုံးပြီး ပြဿနာကို အောင်အောင်မြင်မြင်နဲ့ ကိုင်တွယ်လိုက်ရတယ်။ မဟုတ်လို့ကတော့...ပြောဖို့ခက်တယ်”
နန်ကောဟာ အသက်ကို ပြင်းပြင်းရှူပြီး စိန်လက်စွပ်အကြောင်း မေးကြည့်တယ်။
ငွေချေတဲ့ဈေးနှုန်းဟာလည်း သူမထင်ထားတာထက် နည်းနည်း ပိုများတယ်။
ဒါကိုကြားပြီးတဲ့နောက်မှာတော့ ရှန်ရန်ချင်းတစ်ယောက် ရူးရူးမိုက်မိုက်တွေ လုပ်ခဲ့တယ်လို့ နန်ကောခံစားရတယ်။
မြောင်မြောင်ဟာ သူမပုခုံးကို တို့ပြီးပြုံးတယ်။ “လာပါ မင်းမပျော်ဘူးလား။ ဥက္ကဌရှန်က မင်းအပေါ် အရမ်းကောင်းတယ် သူ့စိတ်ထဲ ဆုံးဖြတ်ချက် ချလိုက်ပြီဆိုတာနဲ့ သူ သေချာပေါက် မင်းကိုပေးလိမ့်မယ်”
နန်ကောဟာ မတတ်နိုင်ဘဲ ရယ်လိုက်မိတယ်။သူမ တကယ်တော့ နည်းနည်းလေး ဘ၀င်မြင့်နေမိတယ်။
ဈေးနှုန်းကြောင့်ရယ်လို့ မဟုတ်ဘူး။
ရှန်ရန်ချင်း သူမကို တန်ဖိုးထားလို့။
သူမတို့ စကားဆက်ပြောနေရင်း နန်ကောဟာ နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရပြန်တယ်။
လက်ထပ်ခွင့်တောင်းတဲ့ညက ရှန်ရန်ချင်းအပြင်မှာ စောင့်နေတဲ့အချိန် သူ့လက်တွေဟာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့တယ်တဲ့...။
******