အခန်း ၁၄၁
Vol. 15 Ch. 141
141 01
Chapter 141 လူယုတ်မာ။
နန်ကောဟာ ရပ်ပြီး သူ့ကို စိုက်ကြည့်လိုက်တယ်။ “ညပဲ ရောက်တော့မယ်။ နင် ဘာလို့အိပ်နေတုန်းလဲ?!”
နန်ကျဲ့ဟာ သူမကို တွန်းဖယ်ပြီး ရေသောက်ဖို့ မီးဖိုချောင်ရေခဲသေတ္တာဆီကို သွားတယ်။အဲနောက် သူမကို မေးလာတယ်။ “နင် ဒီမှာ ဘာလုပ်နေတာလဲ?”
“မား ပြောတာ။ နင်မနေ့က ဒီမှာရှိပြီး ဖုန်းလည်း မကိုင်ဘူးဆိုလို့ နင် ရုတ်တရက်ကြီး အိမ်မှာ သေနေမှာစိုးလို့ ငါ လာကြည့်တာ” နန်ကောဟာ ပြောရင်းနဲ့ သူ့လက်ထဲက ရေပုလင်းကို ဆွဲလုလိုက်တယ်။
နန်ကျဲ့ဟာ အခုမှနိုးရုံပဲ ရှိသေးတော့ သူ့ပုံမှန်မနက်ပိုင်း ဒေါသဟာ အပြည့်အ ၀မနိုးထသေးဘူး။ “နင် သောက်ချင်ရင် နင့်ဟာနင်ယူလေ! လက်မပါဘူးလား?”
“ကျစ် ငါ မသောက်ချင်ပါဘူး” နန်ကောဟာ ရေဘူးကို ပြန်ထည့်ပြီး ရေခဲသေတ္တာကို ပိတ်လိုက်တယ်။အဲဒီနောက် သူမဟာ သူ့အတွက် ရေနွေး သွားကြိုပေးတယ်။ “နင် အခုမှ နိုးလာတာကို ရေခဲရေ သောက်နေတယ်။ နင် တကယ်သေချင်နေတာပဲ*
နန်ကျဲ့ဟာ ဆိုဖာဆီ လျှောက်သွားပြီး မျက်နှာပြောင်ပြောင်နဲ့ ထိုင်လိုက်တယ်။သူဟာ သူဌေးလိုမျိုး လက်တစ်ချက်ဝှေ့ကာ “မြန်မြန်လုပ် ငါ ရေဆာနေပြီ”
နန်ကောဟာ ရေးအေးအချို့နဲ့ ရောပြီး သူ့ဆီကို ယူသွားပေးတယ်။
သူမဟာ သူနဲ့ဆန့်ကျင်ဘက်မှာ ထိုင်ချပြီး မေးလိုက်တယ်။ “နင် အစ်မချီယန်နဲ့ တွဲနေတာလား?”
နန်ကျဲ့အတွက်တော့ ဒီစကားဟာ သူရဲ့အနာပေါ် တုတ်ကျသွားသလိုမျိုးပဲ။
သူ့ရဲ့ နာကြည်းနေတဲ့အကြည့်ကို ကြည့်ရင်း မျှော်လင့်ချက် မရှိဘူးဆိုတာ နန်ကော သိလိုက်တယ်။
ဒါကြောင့် သူမ ပိုပြီးတောင် နားမလည်နိုင်တော့ဘူး။ “ဒါဆို မားက ဘာလို့ နင် နင့်အချစ်ရေးကိစ္စနဲ့ လိုင်းပေါ်မှာ ထရန်း ဖြစ်နေတယ်လို့ပြောပါလိမ့်?”
“သူ ဘယ်မှာ တွေ့တာလဲ?”
“တကယ်ကြီးလားဟ?!”
နန်ကောတစ်ယောက် ရှော့ရသွားတယ်။ “နင် သူနဲ့ ဘယ်တုန်းက တွဲလိုက်တာလဲ။ မဟုတ်သေးဘူး။ နင့်မှာ ကောင်မလေးရှိရက်နဲ့ ဘာလို့ အစ်မချီယန်ကို လိုက်နေသေးတာလဲ။ အစ်ကို နင် နင့်ရဲ့ဖောက်ပြန်မှုကြောင့် ကျောက်တုံးပစ်ခံရပြီး သေလိမ့်မယ်။ အိုကေ?”
“ငါက နင့်ညီမဆိုပေမဲ့လည်း နင်လို လှေနံနှစ်ဖက်နင်းတဲ့ လူယုတ်မာကိုတော့ ငါ ရှုံ့ချတယ်။ အရင်က နင် ရှန်ရန်ချင်းကိုတော့ ပြောပြောနေပြီး နင်ကိုယ်တိုင်က အဲ့လိုလူမျိုး ဖြစ်နေမယ် မထင်ထားဘူး!”
“နင် ရှန်ရန်ချင်း သစ္စာမရှိမှာကို တောက်လျှောက် သံသယ၀င်နေတာလည်း အံ့ဩစရာ မရှိတော့ဘူး။ တကယ်တမ်းကျ နင်က နင့်အတွေ့အကြုံအရ ပြောနေတာကိုး”
နန်ကျဲ့ “.....”
နန်ကျဲ့ဟာ အကြောင်းအရင်း မရှိ လူယုတ်မာအနေနဲ့ စွပ်စွဲခံရတဲ့အတွက် မတရား စိတ်ဆိုးနေတော့တယ်။ “ငါ မလုပ်ခဲ့ဘူး”
“ကောင်းပြီ ပြောမနေနဲ့။ ငါ နင့်ကို မယုံတော့ဘူး။ နင်က ဂရုစိုက်တတ်တဲ့လူလို့ ငါ ထင်ခဲ့တာ...ဖွီး!”
သူတို့နိုင်ငံမှာ လှေနံနှစ်ဖက်နင်းတာက ဥပဒေကို ဆန့်ကျင်နေသလားဆိုတာ နန်ကျဲ့ အလေးအနက်တွေး မိသွားတယ်။မိသားစုထက် သူ့ညီမကအရင် ဖြောင့်မတ်မှန်ကန်မှုကို သေချာပေါက် ရှေ့တန်းတင်းလိမ့်မယ်။သူမ သူ့ကို သတိမေ့အောင် လုပ်ပြီး ညတွင်းချင်း ရဲစခန်းပို့လိမ့်မယ်။
ဟူး။ရုတ်တရက် သူ ရှန်ရန်ချင်းကို နည်းနည်း စာနာမိသွားတယ်။
အရင်က သူ အတင်းအဓမ္မ ရှန်ရန်ချင်းကို စွပ်စွဲတုန်းက ရှန်ရန်ချင်းလည်း အခုလိုမျိုး ဖြစ်နေခဲ့မှာပဲမလား?
ရှင်းပြဖို့ ခက်တယ်။
တကယ်ကို ၀ဋ်ကြွေးဆိုတာ ရှိတယ်။
သူ့အကြွေးတွေကို ပြန်ပေးဆပ်ရမယ့်အချိန် ရောက်ပြီပဲ။
“ထရန်းသွားတဲ့ဟာက သတင်းအမှားကြီး လူစိတ်ဝင်စားအောင် လုပ်ကြတာ။ ငါ ညတွင်းချင်း ပြန်ဖျက်ခိုင်းလိုက်တယ်လေ”
တကယ်တော့ ထရန်းသွားတဲ့သတင်းက ဘာလဲဆိုတာ နန်ကော မသိဘူး။သူ့ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် သူမဟာ ပိုပြီးတောင်မှ စပ်စပ်စုစု ဖြစ်လာတယ်။
“ဒါဆို နင်နဲ့ ရှောင်ရှောင်က တကယ်မဟုတ်ဘူးဆိုရင် ချီကျားနဲ့က တကယ်လား?”
ကြည့်ရတာ သူ လှေနံနှစ်ဖက်နင်းတဲ့ လူယုတ်မာဆိုတဲ့ ပုံရိပ်ကို မဖျောက်ဖျက် နိုင်တော့ပုံဘဲ။
“မဟုတ်ဘူးပေါ့” နန်ကျဲ့ဟာ ထပ်ဖြည့်ပြောတယ်။ “ငါတို့တစ်ခါမှ တွဲတောင် မတွဲဖူးတာ ဘယ်လိုလုပ် လမ်းခွဲလို့ရမှာလဲ?”
နန်ကောဟာ ချီကျားနဲ့ သူမအစ်ကိုကြားက အရှုပ်တော်ပုံကို သိပ်မသိဘူး။
အကုန်လုံးက အတိတ်မှာ ဖြစ်ခဲ့တာတွေပဲလေ။
အဲတုန်းက သူမ ကြားတာဆိုလို့ လိုင်းပေါ်က မှတ်ချက်တစ်ချို့ကြောင့် ပါး အစ်ကို့ကို ဆူကြောင်း မား ပြောပြတာပဲ ရှိတယ်။
အသေးစိတ်ကတော့ သူမလည်း အဲဒီတုန်းက အိမ်မှာ မရှိတော့ ကောင်းကောင်း မသိဘူး။မားကလည်း ဘာမှသိပ်မပြောဘူး။
141 02
ဘာပဲ ဖြစ်ဖြစ် လွန်ခဲ့တဲ့နှစ်နှစ်အတွင်း သူမ မြင်တွေ့ခဲ့ရတာတွေအရ သူမအစ်ကိုဟာ အမြဲတမ်း လူလွတ် တစ်ယောက် ဖြစ်နေခဲ့တာ။
“ဒါဆို လိုင်းပေါ်ကဟာတွေက အခြေအမြစ် မရှိတာတွေပေါ့။ နင် ချီကျားကို ကောင်းကောင်း မသိဘူးလား?”
“နည်းနည်းလေးတောင် မနီးစပ်ဘူး”
“ကောင်းတာပေါ့” နန်ကောဟာ စိတ်သက်သာရာ ရသွားတယ်။ခဏလောက် နားပြီး သူမဟာ ဆက်မေးတယ်။ “အစ်မချီယန်ရော မနေ့ညက ထရန်းသွားတဲ့သတင်းကို တွေ့လိုက်သေးလား။ နင် ရှင်းပြဖို့ မလိုဘူးလား?”
“မလိုဘူး ထင်တာပဲ။ မနေ့ညက သူ စောစောအိပ်သွားတယ်”
ဒီထရန်းသွားတဲ့သတင်းက ညလယ်ခေါင်ကြီး တင်ခံရတာ။သူ သတိပေးခံရပြီးတဲ့နောက် သူ ချက်ချင်း ကိုင်တွယ်ဖြေရှင်းခဲ့တာ။
“ဒါဆို နင် လူတိုင်းပါးစပ်ကို လိုက်ပိတ်လို့ မရဘူးလေ။ ပြီးတော့ သူက ဒီအသိုင်းအဝိုင်းထဲက အတွင်းလူလို့ တစ်စိတ်တစ်ပိုင်း သတ်မှတ်လို့ ရတယ်ဆိုပြီး နင်ပဲ ပြောခဲ့တာလေ။ သူ့မျက်လုံးနဲ့ ကိုယ်တိုင်တွေ့တာထက် အကျိုးဆက်က ပိုပြီးအရေးမကြီးဘူးလား?”
ချီယန့်အတွက် သူမဟာ သူမတွေ့တာက သက်သက်တစ်ကြောင်း ဒါပေမဲ့ အခြားတစ်ယောက်ယောက်ဆီက ပြန်ကြားရတာက သက်သက်တစ်ကြောင်းလို့ နန်ကော ခံစားရတယ်။
လူအများစုဟာ ဒီလိုမျိုး အတင်းအဖျင်းတွေကို ဖြန့်ကျပြီဆိုရင် သူတို့ဟာ မီးကို လောင်စာ ထည့်ကြမှာ။အဆုံးသတ်ကျရင် မူရင်းဗားရှင်းကနေ အတော်လေး ကွဲပြားသွားလိမ့်မယ်။
ဒါကြောင့် အခြားလူဆီက ကြားရတာထက်စာရင် နန်ကျဲ့ကိုယ်တိုင် ရှင်းပြသင့်တယ်လို့ နန်ကော ထင်တယ်။
“ဝေါင်း မဆိုးဘူး” နန်ကော ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ နန်ကျဲ့ဟာ တကယ် ခံစားလိုက်ရတယ်။ “နင် ရည်းစားစထားကတည်းက နင့်ခေါင်းထဲ တစ်ခုခုတော့ ရှိလာတာပဲ”
နန်ကောဟာ နှုတ်ခမ်းကို ဖိပြီး “ငါ ဒါကို ချီးကျူးတယ်လို့ပဲ မှတ်လိုက်မယ်နော်”
“ဒါပေမဲ့ ရုတ်တရက် ထရှင်းပြတာက နင့်အတွက် နည်းနည်း ရုတ်တရက် ဆန်သွားနိုင်တယ်။ နင် ပြောတဲ့အပေါ် မူတည်တယ်”
နန်ကျဲ့ဟာ ခေါင်းညိတ်ပြီး “ငါ သူ့ကို ဖုန်းခေါ်လိုက်မယ်”
“ငါ့အထင်...နင်ဘာလို့ ကြေညာချက် အရင်မထုတ်တာလဲ?”
“အနုပညာရှင်တွေ ဒီလိုမျိုး တင်ကြတာ မဟုတ်ဘူးလား?” နန်ကောဟာ ဆက်အကြံပေးတယ်။ “နင် လူထုကို မရှင်းပြဘဲ ဒီတိုင်းကြီး သတင်းကို တိုက်ရိုက် ဖြုတ်ချလိုက်ရင် လူထုအမြင်က ဆက်ပြီး အုံကြွနေမယ် မဟုတ်ဘူးလား?”
“နောက်ဆုံးကျတော့ နင် ရှောင်ရှောင်နဲ့ တွဲခဲ့ပြီး သူ့ကို ပစ်ခဲ့တာ။ ဒါမှမဟုတ် နင်နဲ့ချီကျားက တကယ် တွဲနေတုန်းဆိုတာကို အတည်ပြုလိုက်သလိုပဲ ဖြစ်နေမှာ”
“ဘယ်တစ်ခုကမှ နင့်မိန်းမကို လိုက်တဲ့နေရာမှာ ကောင်းတာမျိုး မဖြစ်စေဘူးနော်”
“ဒါပေါ့ ဒါတွေက အမှန်မဟုတ်ဘူးဆိုတော့ နင် သူများတွေကို ရှင်းပြဖို့ မလိုဘူးလို့ ထင်ရင် ထင်လိမ့်မယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ကြည့်ရင် ဒီအကြောင်းတွေကို သူ ဂရုစိုက်တယ်”
နန်ကျဲ့ဟာ သူမကို ဆက်တိုက်ကြည့်နေခဲ့ပြီး ရုတ်တရက် တိတ်ကျသွားတယ်။နန်ကောဟာ လန့်ပြီး မျက်တောင် ခတ်မိတယ်။
“နင် ဘယ်လိုထင်လဲ?”
နန်ကျဲ့ဟာ အသက်ပြင်းပြင်း တစ်ချက်ရှူပြီး သူမကို ချစ်ခြင်းမေတ္တာနဲ့ ကြည့်လာတယ်။ “နင် တကယ် အရွယ်ရောက်လာပြီပဲ”
“တကယ်ကိုပဲ အချစ်က လူတွေကို တိုးတက်စေတာပဲ”
နန်ကော တစ်ယောက် ဆွံ့အသွားတယ်။အိုကေပါ။
နန်ကျဲ့ဟာ ထပြီး ဖုန်းပြောဖို့ သူ့အခန်းကို ပြန်သွားတယ်။ “ဟယ်လို အစ်ကိုကြီးနန်” ချီယန်ဟာ ချက်ချင်းကိုင်တယ်။ “အာ နင်အခု စတူဒီမှာလား?”
“အာ မဟုတ်ဘူး” သူ ဘာပြောမလို့လဲလို့ ချီယန်ဟာ မေးတယ်။
ဖုန်းကနေ တဆင့် ပြောရတဲ့စကားဝိုင်းဟာ နည်းနည်း အရမ်းစဉ်းစားနေရတယ်။ “ငါတို့ တွေ့မှ ပြောရအောင်။ ဒီည ညစာ အတူစားကြမလား?”
141 03
“ဒီည?”
“အင်း နင် အလုပ် ရှိလား?”
“ဒီည မရလောက်ဘူး”
“အချိန်ပို ဆင်းရမှာလား။ ငါ စောင့်ပေးလို့ရတယ်”
“အချိန်ပို ဆင်းတာ မဟုတ်ဘူး” ချီယန်ဟာ ရပ်သွားပြီး သူ့ကို မပြောခင် ခဏလောက် စဉ်းစားနေပုံရတယ်။ “ဒီနေ့ နိုးလာတော့ ငါ့ကျောက သိပ်အဆင်မပြေလို့ ဆေးရုံကို လာလိုက်တာ။ အ ခုအလှည့်စောင့်နေတယ်။ ပြီးတာနဲ့ အိမ်ပြန်ပြီး အနားယူချင်လို့”
“ဆေးရုံ?” နန်ကျဲ့ မျက်မှောင် ကြုတ်မိသွားတယ်။ “နင့်ခါးက အရမ်းနာနေတာလား။ မနေ့ကထက် ပိုဆိုးတာလား?”
“အာ ငါ လေခိုသွားတာ။ ဒါပေမဲ့ အဆင်ပြေပါတယ်”
နန်ကျဲ့ဟာ အသက်ကို ပြင်းပြင်းရှူပြီး သူမကြောင့် ထပ်ပြီး ဒေါသထွက်မိရပြန်တယ်။ “ဘယ် ဆေးရုံလဲ။ ငါ လာခေါ်မယ်”
“အော် မလိုပါဘူး။ ငါ တက္ကစီ ငှားလိုက်မယ် အဆင်ပြေတယ်”
“နင် တစ်ယောက်တည်း သွားတာလား?” ဟိုက်မြို့မှာ သူမ၀န်ထမ်းတွေက လွဲလို့ သူမမှာ မိသားစု၀င်ရော သူငယ်ချင်းရော မရှိဘူး။
“ဟုတ်တယ်။ ငါ မလှုပ်နိုင်တာတို့၊လမ်း မလျှောက်နိုင်တာတို့ မဟုတ်ဘူးလေ ငါတစ်ယောက်တည်း လာတာ”
“ဘယ်ဆေးရုံလဲ?” ဒီတစ်ကြိမ်မှာတော့ နန်ကျဲ့ရဲ့လေသံဟာ တင်းမာနေတယ်။ “ငါ အခု လာခဲ့မယ်...”
******