အခန်း ၁၂
Vol. 2 Ch. 12
12 01
Chapter 12 ဥက္ကဌရှန်က အရက်နဲ့ ဓာတ်မတည့်ဘူး။
အိပ်ဆောင်မှာရှိတဲ့ လူ၄ယောက်ထဲ နန်ကောဟာ အငယ်ဆုံးဖြစ်တယ်။
လူတိုင်းက သူမအကျင့်ကို ကောင်းကောင်းသိတယ်။သူမက ဖြူစင်တဲ့ ကောင်မလေးတစ်ယောက်။ များသောအားဖြင့် လူတိုင်းက သူမကို အငယ်ဆုံးညီမလေးတစ်ယောက်လို ဆက်ဆံကြတယ်။
စုဟွေးဟာ သူမ အပြင်မှာ အယုံလွယ်ပြီး လှည့်စားခံရမှာကို စိုးရိမ်တာဖြစ်တယ်။
စုဟွေးရဲ့ တရစပ်ဗုံးကြဲမှုများအပြီး နန်ကောမှာ ခက်ခက်ခဲခဲနဲ့ စကားကို ကြား၀င်ဖြတ်ပြီး “တကယ်တော့ အဲလူက မအိုသေးသလို ထိပ်လည်း မပြောင်ပါဘူး သူက လူကောင်းပါ”
တခြားဟာတွေကို အသာထား။ရှန်ရန်ချင်းကိုယ်တိုင်ကတင်ပဲ ပုံမှန်ထက်ကို သာလွန်နေပြီ။
သူ့မျက်နှာပုံစံက ပြောင်းပြန်တြိဂံလို ပုံစံမျိုးသွားကျပြီး ပုံမှန်ကျယ်ပြန့်တဲ့ ကျောပြင်ကြီးနဲ့ သွယ်လျကျဉ်းမြောင်းတဲ့ ခါးတစ်စုံလည်း ရှိသေးတယ်။သူမ သူ့ကို မိုးရေထဲမှာ ပထမဆုံးမြင်ဖူးတုန်းကဆိုရင် သူမ တံတွေးတောင် အလိုလိုမြိုချမိတယ်။အဲအချိန်တုန်းက သူမ တွေးနေခဲ့တာတစ်ခုပဲ ရှိတယ်။သူ့မှာ ၀မ်းဗိုက်ကြွက်သားတွေ ရှိမလားဆိုတာ သိချင်ခဲ့ပြီး သူမ သူ့ကို ကိုင်ကြည့်ချင်ခဲ့တယ်။
သူမမှာ ဖျော်ဖြေရေးနယ်ပယ်နဲ့ ပတ်သတ်တဲ့ပွဲအချို့ကို မိသားစုနဲ့အတူ တက်ရောက်ဖူးပြီး အမျိုးမျိုးသော အမျိုးသားအနုပညာရှင်တွေကိုလည်း မြင်ဖူးတယ်။
အဲဒီအမျိုးသားအနုပညာရှင်တွေနဲ့ ပတ်သတ်ပြီး သူမမှာ ပြောစရာတစ်ခုပဲ ရှိတယ်။သူတို့တွေက ရှန်ရန်ချင်းလောက် မမိုက်ဘူး။
“သူက နင့်ထက် အသက်၈နှစ်တောင် ကြီးတာလေ။ ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်ပါ့မလဲ။ သူက အသက်၃၀နီးနီးဖြစ်နေပြီလေ!”
နန်ကောရဲ့ ဦးနှောက် အလုပ်လုပ်မနေဘူးဆိုတာ စုဟွေး ခံစားလို့ရတယ်။ဒီလူ့အဖွဲ့အစည်းကြီးက ဘယ်လောက် အန္တရာယ်များလဲဆိုတာ ဒီကောင်မစုတ်လေးဟာ နားမလည်ဘူး။
နန်ကောက သက်ပြင်းချလိုက်တယ်။ “နင် ဟိုတစ်ခါတုန်းက ပြောတာတော့ အဲလိုမဟုတ်ပါဘူး”
“ဘယ်တုန်းက”
“ဟိုတစ်ခါ ရှန်ရန်ချင်း သင်ခန်းစာရှင်းပြနေတုန်းကလေ။ နင် သူ့ကို ချောတယ်ဆိုပြီး ပြောနေခဲ့တာ”
“အဲဒါက ဘယ်လိုလုပ် တူမှာလဲ” စုဟွေးက သူမရဲ့ မျက်လုံးတွေကို လှည့်လိုက်တယ်။ “ရှန်ရန်ချင်းက ရှန်ရန်ချင်းလေ။ သူက ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ”
နန်ကောက ဆွံ့အသွားတယ်။သူမထက် ပိုလေးနက်တဲ့ နှစ်ထပ်ကွမ်းသတ်မှတ်ချက်တွေနဲ့ လူက ရှိနေတာပဲ။
“ဒါဆို ဒီလိုဆိုပါတော့။ တကယ်လို့ နင် ရှန်ရန်ချင်းဆီ အစားအစာဒလီပို့မယ်ဆိုရင် ငါဘာမှ ပြောမှ မဟုတ်ဘူး”
“ဘာလို့လဲ”
“နင့်ကို ရှန်ရန်ချင်းဆီ ပို့တာနဲ့ နင့်ကို ရဲလက်ထဲ အပ်တာက ဘာမှ မကွာလို့လေ”
စုဟွေးက ထပ်ဖြည့်ပြောလိုက်သေးတယ်။ “သူတို့နှစ်ယောက်လုံးက ယုံကြည်လို့ ရတဲ့လူတွေပဲ”
နန်ကောက “သူက စိတ်ချရလား မရလားတော့ မသိပေမဲ့ နင်ကတော့ အဓိပ္ပာယ်မရှိတာကို ပြောနေတာပဲ”
“ဘယ်လိုပဲဖြစ်ဖြစ် ငါ ရှန်ရန်ချင်းကို အစားအစာဒလီပို့နေတာပဲလေ”
“လာနောက်နေတာလား” စုဟွေးက သူမကို မယုံဘူး “ငါ ရှန်ရန်ချင်းကို ဥပမာအနေနဲ့ပဲ သုံးတာလေ ဘာလို့ အတည်ယူနေတာတုန်း”
“ကုမ္ပဏီမှာ ကန်တင်းရှိတယ်လေ သူက ဘာလို့ အော်ဒါမှာစားမှာတုန်း”
နန်ကောက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး “ငါကလေ နင့်လို အခေါင်းကို မမြင်သေးခင်အထိ မျက်ရည်တစ်စက်မှ မကျတဲ့ မိန်းမမျိုးကို သဘောကျတာ”
သူမက ပြောရင်းနဲ့ပဲ သူမဘောင်းဘီအိတ်ကပ်ထဲက ဘောင်ချာကို ထုတ်ပြီး အဲအပေါ်က လိပ်စာကို လက်ညိုးထိုးပြလိုက်တယ်။သူမက တစ်လုံးချင်းစီကို သေချာအသံထွက်ပြပြီး “လာ အတူတူကျယ်ကျယ်လေး ဖတ်ကြည့်ရအောင် ဟွားရှန်အဖွဲ့အစည်းရဲ့ ဥက္ကဌရုံးခန်း၊မစ်စတာရှန်”
စုဟွေးသည် ကြောင်အသွားသည်။
“သေစမ်း”စုဟွေးက ထအော်လိုက်သည်။ “တကယ်ကြီး ရှန်ရန်ချင်းလား။!”
“ငါက ဘာလို့လိမ်ရမှာလဲ”
“နေဦး သူ့ကို တွေ့ရတာ ကို့ရိုးကားယားမနိုင်ဘူးလား”
“အစကတော့ နည်းနည်းကို့ရိုးကားယားနိုင်ပေမဲ့ သူက လူကောင်းပါ”
သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိတယ်ဆိုတာ စုဟွေးသိလိုက်သည်။ “ငါ့ကို ပြောပြစမ်းပါ!”
“အိုး ဒါ ငါစာပြန်လုပ်ဖို့ အချိန်ပဲ”
12 02
“မသွားနဲ့ နန်ကော!”
_____
နောက်၃ရက်ဆက်တိုက်လုံး နန်ကောဟာ ဟွားရှန်အဖွဲ့အစည်းရဲ့ ဥက္ကဌရုံးခန်းမှာ နေ့လည်ခင်းတိုင်း ပေါ်လာတတ်သည်။
လုံခြုံရေးတွေကအစ ကောင်တာ၀န်ထမ်းနဲ့ လက်ထောက်အတွင်းရေးမှူးအဆုံး အားလုံးနီးပါး သူမကို သိကြသည်။နန်ကောက ကောင်းမွန်တဲ့အကျင့်စာရိတ္တရှိပြီး စကားကြွယ်သူလည်း ဖြစ်သေးတယ်။သူမက စကားအနည်းငယ်နဲ့တင် လူတိုင်းနဲ့ ကောင်းကောင်းဆက်သွယ်ပြောဆိုနိုင်တယ်။
“နန်ကော! မင်း ရောက်ပြီပဲ!”
“ငါတို့ မင်းနဲ့ အစားအစာတွေကို စောင့်နေတာ!”
သူမ ဥက္ကဌရုံးခန်းထဲကို ၀င်လိုက်တာနဲ့ အတွင်းရေးမှူးက သူမဆီက အစားအစာတွေကို ယူပြီး နွေးထွေးစွာ နှုတ်ဆက်လာတယ်။
“နန်ကော မင်း ကော်ဖီသောက်ချင်လား”
“ဒါပေါ့ ကျေးဇူးပါပဲ အစ်မမြောင်မြောင်!”
“ရပါတယ်” အတွင်းရေးမှူးမြောင်မြောင်က သူမကို မျက်လုံးတစ်ဖက်မှိတ်ပြကာ ကော်ဖီသွားဖျော်ပေးသည်။
“အို ဒါက ဘာတွေလဲ” အခြားလူတွေက အော်ဒါကို ဖွင့်ပြီး အပိုအအေးတွေ ပါနေတာကို မြင်တဲ့အခါ အနည်းငယ် ရှုပ်ထွေးသွားကြတယ်။ “နန်ကော ငါတို့ ဒါကို မှာလိုက်လို့လား”
နန်ကောက တစ်ချက်ငုံ့ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြကာ “ဒါက ကျွန်မတို့ စားသောက်ဆိုင်ရဲ့ မီနူးအသစ်လေ။ မန်နေဂျာက ရှင်တို့ မြည်းကြည့်လို့ရအောင် ယူသွားဆိုလို့ အကုန်လုံး သောက်လို့ရတယ်နော်”
“အဲဒါ ကျွန်မတို့ဆိုင်က ချက်တဲ့ သစ်သီးဝိုင် အရက်ပါ၀င်မှု အရမ်းနည်းတယ် ဒီတော့ ရှင်တို့ စားပြီးလို့ အလုပ်ပြန်၀င်တဲ့အခါကျလည်း ဘာပြဿနာမှ ဖြစ်မှာ မဟုတ်ဘူး”
“ကျေးဇူးပါ။ နန်ကောလေးရေ!”
“မင်းတို့ ဘာအကြောင်းပြောနေကြတာလဲ” ရုံးခန်းထဲက ထွက်လာတော့ အားလုံးက ပျော်မြူးနေကြတာကို လက်ထောက်ယွမ် ကြားလိုက်ရတယ်။သူဟာ သိချင်စိတ်နဲ့ လျှောက်လာတယ်။
နန်ကောကို မြင်တော့ သူ ခေါင်းအနည်းငယ်ငြိမ့်ပြကာ “ကောင်းသောနေ့လည်ခင်းပါ မိန်းကလေးနန်ကော”
“ကောင်းသောနေ့လည်ခင်းပါ” နန်ကောက အခွင့်အရေးကို ယူပြီး နေ့လည်စာနဲ့အတူ သစ်သီးဝိုင်ကို ကောက်ယူလိုက်တယ်။ “ဒါ ကျွန်မတို့ ဆိုင်က ချက်ထားတဲ့ သစ်သီးဝိုင်ပါ လက်ထောက်ယွမ် မြည်းကြည့်ပါဦး”
“ကျွန်မ မစ်စတာရှန်ရဲ့ နေ့လည်စာကို အရင် ယူသွားပေးလိုက်မယ်”
“အော် ဒါပေါ့...နေဦး ခဏလေး!” လက်ထောက်ယွမ်က အလိုလို သဘောတူလိုက်ပေမဲ့ ချက်ချင်းပဲ ပြန်လှည့်ကာ သူမကို တားလိုက်တယ်။ “ခဏလေး!”
နန်ကောက ကြောင်သွားပြီး ရပ်လိုက်ရတယ်။ “ဘာဖြစ်လို့လဲ”
“ကျွန်တော် တောင်းပန်ပါတယ် မိန်းကလေးနန်ကော ကျွန်တော့်ကို ဒီသစ်သီးဝိုင်ခွက်ကို ပေးပါ”
လက်ထောက်ယွမ်ဟာ သူမလက်ထဲက ခွက်ကို ယူလိုက်တယ်။သူမ၏ နားမလည်နိုင်သော အကြည့်အောက်တွင် သူက ရှင်းပြတယ်။ “ဥက္ကဌရှန်က အရက်နဲ့ ဓာတ်မတည့်ဘူး သူသောက်လို့မရဘူး”
“.....” နန်ကောဟာ အံ့ဩသွားတယ်။
သူမက လက်ထောက်ယွမ်လက်ထဲက ဝိုင်ခွက်ကို ကြည့်ပြီး သူမရဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေကလည်း အကြိမ်ရေအနည်းငယ်လောက် တဖြတ်ဖြတ်ခတ်သွားကာ တစ်ခုခုကို ပြန်စဉ်းစားနေတယ်။
စက္ကန့်အနည်းငယ်ကြာတော့ သူမနှုတ်ခမ်းက အနည်းငယ် လှုပ်သွားကာ “ဒါပေမဲ့ အဲနေ့တုန်းက သူဘားမှာ သောက်ခဲ့တယ်လေ”
“ဘား” လက်ထောက်ယွမ်က ချက်ချင်းပဲ တုံ့ပြန်တယ်။ “မင်း ဖွင့်ထားတာ မကြာသေးတဲ့ အိုစီဘားကို ပြောနေတာလား”
“ဟုတ်တယ် ငါ အဲတုန်းက သူ့ကို တစ်ခွက်၀ယ်တိုက်ခဲ့တာ သူခွက်တစ်၀က်လောက် သောက်ခဲ့တယ်”
လက်ထောက်ယွမ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး နောက်ဆုံးတော့ သူ ပြဿနာရဲ့ မူရင်းဇစ်မြစ်ကို ရှာတွေ့ပြီ။
“ဒီတော့ ဥက္ကဌရှန်ကို အရက်သောက်အောင် လုပ်ခဲ့တာ မင်းပေါ့!”
သူရဲ့ အံ့ဩမှင်သက်နေတဲ့ အကြည့်ကို မြင်တဲ့အခါ နန်ကောက အလိုလို ခြေတစ်လှမ်းဆုတ်ကာ စိတ်လှုပ်ရှားစွာ တံတွေးမြိုချမိတယ်။ “သူ သူ တကယ် အလတ်ဂျစ်...”
အခုချိန်မှာ နန်ကောဟာ လက်ထောက်ယွမ်ရှေ့ ဒူးထောက်ပြီး သူမလုပ်ရပ်အတွက် တောင်းပန်ချင်နေပြီဖြစ်တယ်။
“ဟုတ်တယ်”
လက်ထောက်ယွမ်က ခေါင်းငြိမ့်ကာ သူ နန်ကောကို ခြောက်လိုက်မိမှန်း သတိထားမိသွားတယ်။သူက အလျင်အမြန် ရှင်းပြရပြန်တယ်။ “ငါ မင်းကို အပြစ်တင်တာ မဟုတ်ပါဘူး မင်းက ဘယ်လိုလုပ်သိမှာလဲ။ ဟုတ်တယ်မလား”
“ငါက ဥက္ကဌရှန်ရဲ့ အရက်အလတ်ဂျစ်ကြောင့် နည်းနည်းအံ့ဩသွားတာပါ သူက ပုံမှန်ဆို ပွဲတွေမှာတောင်မှ အရက်ကို ထိတာမဟုတ်ဘူး”
တစ်ဖက်လူက အတော်ရင်ဆိုင်ရခက်တဲ့လူဆိုရင်တောင်မှ ဥက္ကဌရှန်က အမြဲအလွယ်တကူပဲ ဖြေရှင်းနိုင်တယ်။သူက အရက်ကို လုံး၀ထိမှာ မဟုတ်ဘူး။
အဲကားအက်ဆီးဒင့်နေ့က ကားသမားဟာ ရှန်ရန်ချင်းကို ဘားမှာ အရင်ထားခဲ့ပြီး နောက်ဆက်တွဲကိစ္စတွေကို ဖြေရှင်းစေခဲ့တယ်။
သူရောက်တဲ့အချိန်ကျတော့ ရှန်ရန်ချင်းက ပြန်ဖို့လုပ်နေပြီ။
ရှန်ရန်ချင်းက သူ့ကို အထဲ၀င်သွားပြီး ပန်းပွင့်နဲ့ထီးတစ်ချောင်းကို ပြန်သွားပေးခိုင်းခဲ့တယ်။အဲဒါက အဲညက ပုံမှန်မဟုတ်တဲ့ တစ်ခုတည်းသော အရာပဲ။
12 03
ရှန်ရန်ချင်းက ဘားပိုင်ရှင်ကို တွေ့ပြီး ဘာမှမသောက်ဘဲ အကြာကြီးလည်း မနေလောက်ဘူးဆိုတာ သူ သိတယ်။
အဲနောက် သိပ်မကြာဘူး။ရှန်ရန်ချင်း ထွက်လာတယ်။
သူကားထဲကို ရောက်တာနဲ့ ရှန်ရန်ချင်းက သူ ဆေးရုံကို သွားချင်တယ်လို့ ပြောခဲ့တယ်။
သူတို့ဆေးရုံကို ရောက်တော့ ရှန်ရန်ချင်းရဲ့ အသားတွေ နီရဲပြီး ရောင်ရမ်းလာတာကို သူ သတိထားမိသွားတယ်။အဲဒါက အရက်အလတ်ဂျစ်ရဲ့ လက္ခဏာတွေပဲ။
အဲတုန်းက သူ ရှန်ရန်ချင်း ဘာလို့ အရက်သောက်တာလဲလို့ မေးခဲ့ပါသေးတယ်။
ရှန်ရန်ချင်းက ခေါင်းကိုသာ ခါပြပြီး ဘာမှ မပြောခဲ့ဘူးလေ။
သူက သိချင်နေတုန်းဆိုပေမဲ့ ဆက်တော့ မမေးရဲခဲ့ဘူး။
အခုတော့ အကြောင်းအရင်းကို သိလိုက်ရပါပြီ။
ရုံးခန်းထဲမှာတော့ ရှန်ရန်ချင်းက အချိန်ကို တောက်လျှောက်ကြည့်ပြီး စောင့်နေခဲ့တယ်။
နန်ကော မရောက်သေးတာကို မြင်တော့ သူမ လာတဲ့လမ်းမှာ တစ်ခုခုဖြစ်နေမှာကို သူ စိုးရိမ်လာတယ်။
“နန်ကော”
သူတံခါးကို တွန်းဖွင့်လိုက်တော့ ရှန်ရန်ချင်းဟာ သူ စောင့်နေတဲ့လူကို တွေ့လိုက်ရတယ်။
ကောင်မလေးက သူ့ကို နောက်ကျောပေးထားတယ်။
ဘာကြောင့်လဲတော့ မသိပေမဲ့ နန်ကော ပျော်မနေဘူးဆိုတာကို သူမရဲ့ အနောက်က ကြည့်ရုံနဲ့တင် သူ ခံစားလို့ရနေတယ်။
******