← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

232 01

Chapter 232 နှလုံးသားမဲ့တဲ့ဟာ။

နန်ကျဲ့သာဆိုရင် ဒီအခွင့်အရေးကို ယူပြီး သူမကို ရှန်ရန်ချင်းနဲ့လမ်းခွဲဖို့အကြောင်း တမင်တကာပြော လိမ့်မယ်ဆိုတာ နန်ကောသိတယ်။

တကယ်ကြီး မဟုတ်ပေမဲ့လည်း နန်ကျဲ့ သူမကို ကျိန်းသေပေါက် ဒီလိုစလိမ့်မယ်။

ဒါပေမဲ့ သူမရဲ့ဦးငယ်လေးဟာ နန်ကျဲ့မဟုတ်ဘူး။

ဦးငယ်လေးက သူမကို ဒီလိုမျိုးစနောက်မှာ မဟုတ်ဘူး။ဘာလို့လဲဆိုတော့ အစကတည်းက သူဟာ ရှန်ရန်ချင်းကို လေးစားပြီး သူမတို့ရဲ့ဆက်ဆံရေးကို အားပေးခဲ့တာ။

ဦးငယ်လေး သူမကို အခုလို သတိပေးလာပြီဆိုကတည်းက ရှန်ရန်ချင်း မဖြေရှင်း နိုင်လောက်အောင်ကို ပြဿနာဟာ ကြီးတယ်လို့ဆိုလိုတာပဲ။

ဒီသတင်းဟာ သူမကို နည်းနည်းတော့ ၀မ်းနည်းသွားစေပေမဲ့ သူမ ဦးငယ်လေးကိုတော့ အတည်ကျေးဇူးတင်မိပါတယ်။

ဦးငယ်လေးဟာ လက်ကိုဝှေ့ယမ်းရင်း ရှေးလူကြီးတွေလို လေသံနဲ့ ပြောလာတယ်။

“မိန်းမငယ်လေး ကျုပ် မင်းကို မလေးစားတာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း အခြေခံကို နားလည်ဖို့ လိုတယ်”

“ရှန်ရန်ချင်း မျက်စိရှေ့က မှန်ရာရွေး မေးခွန်းလေးက မခက်ပါဘူး။ သူ့လိုလူဆို မေးခွန်းတစ်၀က်နဲ့တင် အဖြေမှန်ကို သိပြီးသား။ သူသာ မှားရွေးမယ်‌ဆိုရင် သူ မင်းရဲ့အနာဂတ်ကို တန်ဖိုးမထားဘူးဆိုတဲ့ သဘောပဲ”

အရင်တုန်းကသာဆို ရှန်ရန်ချင်းဟာ ဒီကိစ္စရဲ့အကျိုးဆက်တွေကို အသာလေး ရင်ဆိုင်လို့ရတယ်။ဒါပေမဲ့ အခု သူဟာ နန်ကောနဲ့ အတူရှိနေပြီ။နှစ်ဖက်မိသားစု စေ့စပ်ဆွေးနွေးထားတဲ့ အကြောင်းဟာလည်း အတော်လေး ပျံ့နေပြီ။ရှန်မိသားစုသာ မြို့တော်မှာ ရှိတဲ့လူတွေကို စော်ကားဖို့ ရွေးချယ်မယ်ဆိုလို့ရှိရင် သံသယ ၀င်စရာ မလိုဘဲ နန်မိသားစုကိုပါ ဆွဲချမိမှာပဲ။

နိုင်ငံထဲ အင်အားအကြီးဆုံး အသိုင်းအဝိုင်း၂ခုဟာ မြို့တော်မြောက်ပိုင်းမှာ အဓိက တည်ရှိတာ။သူတို့အားလုံးဟာ ကြီးမားတဲ့ စစ်တပ်အသိုင်းအဝိုင်းတွေက ဆင်းသက်လာတဲ့ အထက်တန်းစား တရား၀င်မျိုးဆက်တွေ ဖြစ်တယ်။သူတို့ဟာ ချမ်းသာချင်မှ ချမ်းသာမယ်။ဒါပေမဲ့ သူတို့လက်ထဲမှာ အရင်းအမြစ်တွေ ရှိတယ်။တောင်ပိုင်းမှာ အင်အားအကြီးဆုံး အသိုင်းအဝိုင်းဟာတော့ ဟိုက်မြို့မှာ တည်ရှိတယ်။ဟိုက်မြစ်ဧရိယာ တစ်ဝိုက်မှာနေတဲ့ စီးပွားဖြစ် လောကထဲက လူချမ်းသာလက်သစ်တွေ အဓိကပါ၀င်တယ်။သူတို့တွေ ပြည်တွင်းစီးပွားရေးကို ကိုင်တွယ် ထားတယ်ဆိုတာ အမှန်ပဲ။သူတို့အားလုံးဟာ တော်တော်များများ ထိုက်တန်ပေမဲ့ အဆက်အသွယ် အရဆိုရင် မြို့တော်က လူတွေထက်တော့ တစ်ဆင့် အနောက်ရောက်နေသေးတယ်။

ဒါကြောင့် နန်မိသားစုဟာ မြို့တော်က အသိုင်းအဝိုင်းတွေနဲ့ ပိုရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။အခု နန်ကျဲ့လက်ထဲမှာမို့ ရှန်ရန်ချင်းရဲ့ အပြုအမူတွေဟာ သံသယ ၀င်စရာမလိုအောင်ကို နန်ကျဲ့ရဲ့အနာဂတ်ကို သွားထိမှာပဲ။

“ငါ မီးလောင်‌ရာ လေပင့်နေတာ မဟုတ်ဘူး။ သူက အရမ်းဉာဏ်ကောင်းတယ်။ ဒီတော့ ဘာလုပ်ရမလဲဆိုတာ သူ သိသင့်ပါတယ်။ ဒါပေမဲ့ သူ ကမူးရှူးထိုးတွေ ပြုမူမိမှာကို ငါ စိုးရိမ်တယ်”

“သူ စီးပွားရေးလောကထဲ ရောက်နေတာ နှစ်တွေ အများကြီးရှိပြီ။ သူ့ကိုယ်သူ သေတွင်းထဲ ပို့ဖို့အထိ တုံးအသေးတယ်ဆိုရင်တော့ နင် သူနဲ့ ဆက်သွားဖို့ တကယ်မလိုတော့ဘူး”

ရှင်းရှင်းပြောရရင် ရှန်ရန်ချင်းသာ သူ့အမေအရင်းကို ကူညီဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် သူဟာ အရူးပဲ။ဒီလို ဉာဏ်ရည်ကောင်းမှုမျိုးနဲ့ လူတစ်ယောက်ဟာ နန်ကောနဲ့ မလိုက်ဖက်ဘူး။

သူ့ကိုယ်သူ ကာကွယ်တာ အကောင်းဆုံးပဲ။

နန်ကောဟာ တစ်ခုခု ပြောဖို့ လုပ်လိုက်တဲ့အချိန် ဦးငယ်လေးဟာလည်း သူမ မေးချင်တာကို သိပုံရတယ်။သူဟာ လက်မြှောက်ပြီး သူမကို တားတယ်။

“ပိုင်းခြားတတ်တဲ့ မျက်လုံးနဲ့ လူတိုင်း သူ့အမေအရင်း မြို့တော်မှာ အခြေမခိုင်နိုင်တာကို သိကြတယ်။ အခု သူ့အမေမှာ ရုတ်သိမ်းဖို့ အခွင့်အရေး ရှိလာပြီဆိုတော့ သူ့အတွက်တော့ ဆိုးတဲ့အရာတော့ မဟုတ်ပါဘူး”

ဒါပေမဲ့ ရှန်ရန်ချင်းရဲ့အမေအရင်းဟာ ခေါင်းမာပြီး ကျိန်းသေပေါက် လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး။ဒါကြောင့် သူမဟာ သူ့ကို အရင်စဆက်သွယ်လိမ့်မယ်။

ဒီလူဟာ ရိုးရှင်းစွာပဲ မာန်တက်နေတာ ဖြစ်တယ်။သူမမှာ နောက်ဆုတ်ဖို့ အခွင့်အရေးရှိပေမဲ့ လုံး၀နောက်မဆုတ်ချင်ဘဲ သားအရင်းကိုတောင်မှ လာဆွဲထည့်ချင်နေတယ်။

ဦးငယ်လေးဟာ မနေနိုင်ဘဲ ဆဲမိတယ်။ “သူ့အမေ ဦးနှောက်က လွင့်ထွက်သွားတာလား။ အရင်ကတော့ သူ သူ့သားကို မလိုချင်ဘဲ နိုင်ငံကနေ အမြန်ဆုံးထွက်သွားခဲ့တာ။ ထွက်သွားရုံတင်မက သူ့သားကိုလည်း နှစ်တွေ အကြာကြီး လစ်လျှူရှုထားခဲ့သေး။ အခု မြို့တော်မှာ သူလည်း ခက်ခဲနေရော သူ့မှာ သားရှိသေးမှန်းကို သတိရသွားတော့တာပဲ”

“သူ အခု အသနားခံကတ် ထုတ်သုံးနေတာပဲ။ သူက နှလုံးသားမရှိတဲ့ ဟာပဲ”

နန်ကောဟာ ဘာမှမပြောဘဲ ဦးငယ်လေးရဲ့ ကွန်ပလိန်းတွေကို အကြာကြီး နားထောင်နေခဲ့တယ်။

ညရောက်တော့ ဦးငယ်လေးဟာ ပြန်သွားတယ်။သူ အိမ်မှာ လုပ်စရာ တစ်ခုခုရှိတယ်လို့တော့ ပြောသွားတာပဲ။မစ္စတာနန်ဟာလည်း သူ့အမေဘက်က အဖိုးဟာ အသက် ကြီးနေပြီဖြစ်ပြီး အနီးကပ် ဂရုစိုက်ဖို့လိုတယ်ဆိုတာကို သိတယ်။

ဒီနေ့နေ့လည်ခင်း နန်ကော တစ်ခုခု တွေးနေတယ်ဆိုတာကို နန်ကျဲ့တစ်‌ယောက် အကြိမ်ပေါင်းမနည်း သတိထားမိတယ်။ဦးငယ်လေးပြန်သွားတာနဲ့ သူ သူမကို ဓာတ်လှေကားရှေ့မှာ တားလိုက်တယ်။

232 02

နန်ကောရဲ့စိတ်ထဲ ဦးငယ်လေးရဲ့စကားတွေနဲ့ ပြည့်နေဆဲ။သူမ အတားခံ လိုက်ရတဲ့အချိန် သူမဟာ ငေးငေးငိုင်ငိုင် ဖြစ်နေတယ်။

သူမ အနောက်လှည့်ပြီး နန်ကျဲ့ကို ဝေဝေဝါးဝါး မျက်လုံးတွေနဲ့ ကြည့်တယ်။

“နင် မပျော်မရွှင် ဖြစ်နေတာလား”

နန်ကောဟာ မသိစိတ်ကနေ ခေါင်းခါလိုက်ချင်ပေမဲ့ နန်ကျဲ့ဟာ တစ်ချက်ကြည့်ရုံနဲ့ သူမအတွေးတွေကို ဖောက်မြင် သွားတယ်။သူ့လေသံဟာ လေးနက်‌စွာနဲ့ “နင် ပြောစရာရှိတယ်ဆိုလည်း ပြောလိုက်။ လိမ်မိရင် မှားမယ်နော်”

သူမခေါင်းငုံ့ပြီး မပျော်မရွှင် ဖြစ်နေတာကို မြင်တော့ ပြဿနာဟာ နည်းနည်း‌အရေးကြီးတယ်ဆိုတာ နန်ကျဲ့ သဘောပေါက်သွားတယ်။

သူမရဲ့မိဘတွေဟာ အပြင်ကနေ ပြန်ရောက်လာပြီ။လင်မယားနှစ်ယောက်ဟာ စကားတပြောပြောနဲ့ ရယ်မောနေကြပြီး သူတို့အသံတွေဟာ တဖြည်းဖြည်း နီးလာတယ်။နန်ကျဲ့ဟာ မျက်မှောင် ကြုတ်မိသွားတယ်။ပါးနဲ့မား စိတ်ပူမှာကို စိုးပြီး သူ နန်ကောရဲ့ပိန်လှီတဲ့လက်ကို ဆွဲကာ ဓာတ်လှေကားထဲ ခေါ်သွားလိုက်တယ်။

နန်ကောဟာ ဘာမှ ဖုံးကွယ်မထားဘဲ သူ့ကို အကုန်ပြောပြလိုက်တယ်။

ဆိုဖာပေါ်မှာတော့ နန်ကျဲ့ဟာ အချိန်တစ်ခုအထိ ဘာမှမပြောဘဲ ရှိနေတယ်။သူ့ညာဘက်လက်ထိပ်မှာ ဆေးလိပ်တောင့်ကြောင့် ရှည်လျားတဲ့ ပြာတွေ စုပုံလျက်ရှိနေပြီ။

၂မိနစ်လောက်ကြာတော့ သူဟာ အိပ်မက်ကနေ နိုးထလာသလိုမျိုး နောက်ဆုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။သူ့လက်ထိပ်က ဆေးလိပ်ပြာတွေဟာလည်း နောက်ဆုံးမှာ မခံနိုင်တော့ဘဲ မြေပြင်ပေါ်ကို ကျသွားတယ်။

“ရှန်ရန်ချင်း ဒီအကြောင်းကို နင့်ကို တစ်ခါမှ မပြောဘူး”

“မဟုတ်ဘူး။ ငါတို့ သူ့၀မ်းကွဲနဲ့ တွေ့တုန်းက သူ့၀မ်းကွဲက သူ့အမေကို ဖုန်းခေါ်ဖို့ ပြောတယ်။ အဲဒီတုန်းက ရှန်ရန်ချင်း ဘာမှပြန်မပြောခဲ့ဘူး”

နန်ကောဟာ သူနဲ့ဆန့်ကျင်ဘက်မှာ ရပ်နေပြီး သူမရဲ့လက်တွေကို သူမအနောက်မှာ စိတ်လှုပ်ရှားစွာနဲ့ ယှက်ထားမိတယ်။ “ဟို...သူ ခေါ်လိုက်လားတော့ ငါလည်း မသိဘူး။ သူ ငါ့ကို လောလောဆယ်တော့ မပြောသေးဘူး”

မောင်နှမနှစ်ယောက်ထဲက တစ်ယောက်ဟာ ထိုင်နေပြီး တစ်ယောက်ဟာတော့ မတ်တပ် ရပ်နေတယ်။ထိုင်နေတဲ့တစ်ယောက်ဟာ မျက်နှာအမူအရာ မဲ့နေပြီး မတ်တပ် ရပ်နေတဲ့တစ်ယောက်ဟာတော့ မသက်မသာ ဖြစ်နေပုံ ရတယ်။

နန်ကျဲ့ဟာ နည်းနည်း စိတ်ရှုပ်သွားပေမဲ့ ထုတ်တော့မပြဘူး။

“ငါ သူ့ကိုမေးကြည့်လိုက်ရင်ရော” နန်ကောဟာ ဂရုတစိုက်နဲ့ အကဲခတ်ကြည့်တယ်။

သူမအစ်ကိုဟာ အစကတည်းက ရှန်ရန်ချင်းကို သဘောကျတာ မဟုတ်ဘူး။ရှန်ရန်ချင်းသာ ဒီကိစ္စကို သေချာမကိုင်တွယ်ရင် သူမအစ်ကို ပြည့်စုံတဲ့ဆင်ခြေ ရသွားလိမ့်မယ်။

လက်ထပ်ဖို့အတွက် ဆွေးနွေးပြီးပြီ‌ဆိုပေမဲ့ မစေ့စပ်ရသေးဘူးလေ။ညှိနှိုင်းတာမျိုးတွေ ဖြစ်လာ နိုင်သေးတယ်။

ဒီတစ်ခါ သူမအစ်ကို သူမကို တားလာလို့ရှိရင် သူမ သူ့ကို နားချနိုင်မလားဆိုတာ သူမကိုယ်တိုင်လည်း မသေချာတော့ဘူး။

ဘာပဲဖြစ်ဖြစ် အဆုံးသတ်ကျရင် ဒီကိစ္စဟာ နန်ကျဲ့ကို သွယ်ဝိုက်ပြီး သွားထိခိုက်မှာပဲ။

ဒါကို တွေးမိတော့ နန်ကောဟာ သက်ပြင်းချမိတယ်။

နေ့လည်ခင်းမှာ သူမ ရှန်ရန်ချင်းဆီကို တိတ်တိတ်လေး စာပို့ခဲ့တယ်။ဒါပေမဲ့လည်း အချိန်၂နာရီသာ ကုန်သွားတယ်။သူ သူမဆီ စာပြန်မလာဘူး။

ဦးငယ်လေး ပြန်သွားတာနဲ့ သူမ အပေါ်ထပ်ကို ပြန်ပြီး ရှန်ရန်ချင်းကို ဖုန်းခေါ်မလို့ကို မထင်မှတ်ဘဲ နန်ကျဲ့နဲ့ သွားတိုးတယ်။

ဆိုဖာပေါ်က အမျိုးသားဟာ နောက်ဆုံးဆေးလိပ်တောင့်ကို စားပွဲပေါ် ဖိပြီး မတ်တပ် ထရပ်တယ်။ “ငါ သူနဲ့ စကားပြောလိုက်မယ်။ သွားနားတော့”

“ဟမ်” သူမ ဘယ်လိုလုပ် လွှတ်ထားလို့ရမှာလဲ။နန်ကောဟာ အနည်းငယ် စိုးရိမ်ပူပန်နေတယ်။သူမဟာ အမြန်အရှေ့တိုးပြီး သူ့ကို လှမ်းဆွဲ ကိုင်လိုက်တယ်။ “ငါအရင် မေးလိုက်ရင်ရော။ သူ့မှာ အဲဒီရည်ရွယ်ချက် မရှိဘူးဆို ဘယ်လိုလုပ်မလဲ”

“ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဒီကိစ္စထဲ ၀င်မပါနဲ့။ သူ့ကို ဘာအကြံဉာဏ်မှ မပေးနဲ့။ အမေနဲ့သားကိစ္စကို နင် ၀င်ပြောဖို့ မသင့်တော်ဘူး။ ငါ့အတွက်လည်း အရေးမပါဘူး”

“အရင်ဆုံး နင် ဘာမှမသိသလိုသာ ဟန်ဆောင်နေ” နန်ကျဲ့ဟာ ဒီကိစ္စအပေါ် ဆုံးဖြတ်ပြီးပြီ ဖြစ်ကာ မနေနိုင်ဘဲ ဦးငယ်လေးကို ကွန်ပလိန်းတက်မိတယ်။ “ဦးငယ်လေးက ဘာလို့ ငါနဲ့ အရင်မဆွေးနွေးတာလဲ။ အဲဒီအစား ဘာလို့ နင့်ကို အရင်ပြောရတာလဲ”

နန်ကျဲ့ဟာ သူမကို ထပ်သတိပေးတယ်။ “ငါ သူ့ကို ဖုန်းခေါ်လိုက်မယ်။ စကားပြောလို့ပြီးမှ အခြားကိစ္စတွေကို ဆက်ပြောမယ်။ ငါတို့ ပြောလို့ မပြီးသေးခင်အထိ နင် သူ့ကို ဆက်သွယ်ခွင့် မရှိဘူး။ မရှည်နဲ့”

နန်ကော “.....”

နန်ကျဲ့ရဲ့ ရည်ရွယ်ချက်ဟာ အရမ်းကို ရိုးရှင်းပါတယ်။ရှန်ရန်ချင်း ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် သူ နန်ကောကို အမေနဲ့သားကိစ္စထဲ ၀င်မပါစေချင်တာ...။

******

All Chapters