အခန်း ၂၀၂
Vol. 21 Ch. 202
202 01
Chapter 202 ရှန်ရန်ချင်းကို လိုက်ရှာနေတာ။
နန်ကောရဲ့နှုတ်ခမ်းထောင့်ဟာ ပြင်းပြင်းထန်ထန် ရှုံ့တွသွားတယ်။သူမ ဒလီပို့တဲ့အကြောင်းကို ကြားတဲ့လူတိုင်း ဘာလို့ဒီလိုမျိုး တုံ့ပြန်တတ်ကြတာလဲ။
ဘာပဲဖြစ်ဖြစ် ဒါဟာ ရှင်းပြဖို့ အခွင့်ကောင်းပဲ။
သူမဟာ လည်ချောင်းရှင်းလိုက်ပြီး ပေါက်ကရတွေ စပြောတော့တယ်။ “မိဘတွေကို မပြောဘဲ ကားအသစ် လဲချင်ခဲ့တာ။ အဲဒီဒါကြောင့် ငါ ပိုက်ဆံလိုခဲ့တယ်လေ”
“ပိုက်ဆံလိုလို့ ဒလီပို့ခဲ့တယ်ပေါ့ဟမ်။ ဘာလို့နန်ကျဲ့က ဒီတိုင်း နင့်ကိုမပေးလိုက်တာလဲ” အငယ်ဆုံးဦးလေးဟာ နည်းနည်း စိတ်တိုမိတယ်။ “သူက ဘယ်လိုလုပ် မိန်းမငယ်လေးတစ်ယောက်ကို အခုလိုမျိုး ပေးလုပ်နိုင်ရတာလဲ”
“အင်း” နန်ကောဟာ ခေါင်းညိတ်တယ်။ “သူ ငါ့ကို အချိန်ပိုင်း အလုပ်ပေးတာ”
“ပိုက်ဆံလိုတာ ဘာလို့ငါ့ဆီ မလာလဲ”
“အစ်ကိုက ခွင့်ပြုမှာ မဟုတ်ဘူးလေ”
“.....” အငယ်ဆုံးဦးလေးဟာ သူမကို စိုက်ကြည့်လာတယ်။သူ တကယ်ကြီး သူမ ဒလီပို့နေတာကို မြင်ယောင်ကြည့်လို့ မရဘူး။အဆုံးမှာတော့ သူ ဒီအကြောင်း တွေးကြည့်လေ စိတ်တိုလာလေပဲ။ “နန်ကျဲ့က တော်တော်များသွားပြီ။ သူက စိတ်မပူဘူးလား။ ပြီးမှ ဒင်းကို သင်ခန်းစာပေးရမယ်။ သူ ဒါမျိုးထပ်လုပ်ရင် သူ့စကား နားမထောင်နဲ့ အိုကေ”
“အိုကေ”
“နောင်တစ်ခုခုလိုရင် ငါ့ကို လာရှာ”
နန်ကောဟာ နှုတ်ခမ်းကိုစေ့ပြီး ပြုံးပြတယ်။သူမဟာ အိုက်တင် ခံမနေဘဲ နာနာခံခံနဲ့ သဘောတူတယ်။
တကယ်လို့ သူမဟာ အိမ်က ဦးလေးနှစ်ယောက်နဲ့ စကားပြောနေခဲ့တာသာဆိုရင် သေချာပေါက် သူမမှာ ဒီလိုအမူအရာမျိုးရှိမှာ မဟုတ်ဘူး။
သူမရဲ့ အငယ်ဆုံးဦးလေးနဲ့ အတူရှိနေရင် လူကြီးတွေကို ရင်ဆိုင်ရလည်း သူမ ဖိအားကို မခံစားရတော့ဘူး။
သူမငယ်ငယ်တုန်းက အငယ်ဆုံးဦးလေးနဲ့ ပထမဆုံး စတွေ့ဖူးတဲ့အချိန်ကို မှတ်မိသေးတယ်။ဦးလေးက သူမကို စနောက်ရတာ ကြိုက်တယ်။သူဟာ နန်ကျဲ့ကို လိုက်ရှာဖို့ သူမကို အပြင်တောင် ခေါ်ထုတ်ပေးခဲ့သေးတယ်။အဲဒီတုန်းက နန်ကျဲ့ဟာ အပြင်မှာ ဘတ်စကတ်ဘော ကစားနေတာ။သူမတို့ ပထမထပ်ကို ရောက်တော့ အဲဒီမှာ ကြည့်ရှုသူတွေ အများကြီး။သူမရဲ့ဦးလေးဟာ သူမ နန်ကျဲ့ကို မမြင်ရမှာစိုးပြီး သူမကို ချီပြီး မြင့်မြင့်မြှောက်ထားပေးခဲ့တယ်။
အဲဒီတုန်းက သူမရဲ့အငယ်ဆုံးဦးလေးဟာ သူ့ကို “ဦးငယ်လေး” လို့ မခေါ်ခိုင်းဘူး။သူ့ကို အသက်ကြီးတဲ့ပုံ ပေါက်စေလို့တဲ့။တကယ်လည်း သူဟာ နန်ကျဲ့ထက် ၂နှစ်၊၃နှစ်ပဲ ကြီးတာ။သူမလည်း အဲဒီတုန်းက ငယ်သေးတာမို့ အငယ်ဆုံးဦးလေး ပြောသမျှ လုပ်ခဲ့တာပေါ့။အငယ်ဆုံးဦးလေး သူ့ကိုယ်သူ “အစ်ကိုကြီး” လို့ခေါ်ခိုင်းခဲ့တုန်းက သူမ တကယ်စကားနားထောင်ပြီး ခေါ်ခဲ့တာ။
နောက်တော့လည်း သူမရဲ့အဖွားက အဲဒီအကြောင်းကို ကြားပြီး နန်ကောကို ဆူခဲ့တယ်။သူမငိုခဲ့ပြီး အငယ်ဆုံးဦးလေးကို ခေါ်တဲ့အသုံးအနှုန်းကို ပြောင်းခဲ့တယ်။သူမ သူ့ကို “ဦးငယ်လေး” လို့ ခေါ်ခဲ့တယ်။
ဦးငယ်လေးဟာ အပြစ်အားလုံးကို ယူပြီး အခြေအနေကို ရှင်းပြခဲ့တယ်။ဒါပေမဲ့ အဖွားဟာ သူ့ကို ပြုံးသာပြပြီး အနောက်လှည့်ကာ နန်ကောကို ဆက်ဆူခဲ့တယ်။
အငယ်ဆုံးဦးလေးဟာ သူမရဲ့အဖွား သူမအပေါ် အဲဒီလောက်ကြီး ခက်ထန်မယ်လို့ မထင်ခဲ့ဘူး။အဲဒီအချိန်တုန်းက ဦးလေးဟာ ဆက်ကျော်သက်အရွယ် ရောက်နေပြီ။သူဟာ တစ်ခုခုကို အမြန်ပဲ သဘောပေါက်သွားပြီး စကားအတိုက်အခံ ဆက်မပြောခဲ့ဘူး။အဲဒီအစား သူဟာ သူမကို ရိုးရိုးရှင်းရှင်းပဲ အဝေးကို ခေါ်ထုတ် သွားပေးခဲ့တယ်။
အဲဒီတုန်းက သူမဟာ ကလေးမလေးအရွယ်ပဲ ရှိသေးတာမို့ ငိုပြီးသွားတော့ ဘာမှသိပ်မမှတ်မိဘူး။ဒါပေမဲ့ အငယ်ဆုံးဦးလေးဟာ ဆောင့်ကြောင့်ထိုင်ချရင်း သူမကို အလေးအနက် တောင်းပန်နေခဲ့တယ်။သူမကို ချော့ပြီး မုန့်တွေ ၀ယ်ကျွေးခဲ့တယ်။
သူမရဲ့အငယ်ဆုံးဦးလေး သူမအပေါ် စတင်ပြီး စိုးရိမ်ပူပန်လာတတ်တာဟာ အဲဒီကတည်းက စခဲ့တာ။သူ ကျန်းမြို့ကို လာပြီဆိုတာနဲ့ သူ သူမနဲ့နန်ကျဲ့ကို သေချာပေါက် လာကြည့်တတ်တယ်။
သူမရဲ့ပထမဆုံးဖုန်းနဲ့ ဂိမ်းစက်တို့ဟာ အငယ်ဆုံးဦးလေး မြို့တော်ကနေ ပြန်လာတုန်းက လျှို့ဝှက်ပြီး ပေးခဲ့တာဖြစ်တယ်။
အဲဒီတုန်းက သူမဟာ မူလတန်းမှာပဲ ရှိသေးတာမို့ မယူရဲခဲ့ဘူး။အငယ်ဆုံးဦးလေးဟာ သူမကို မိဘတွေဆီကနေ ဘယ်လိုဖွက်ထားရမလဲကိုတောင် သင်ပေးခဲ့ပြီး နန်ကျဲ့ကိုလည်း သူမအတွက် ကာပေးဖို့ ညွှန်ကြားခဲ့သေးတယ်။အဲဒီအချိန်တုန်းက သူမရဲ့အမှတ်တွေ ကောင်းမွန်စွာ တိုးတက်သွားတာဟာ သူမရဲ့ဦးငယ်လေးကြောင့်ပေါ့။
202 02
သူမ ဂျူနီယာအထက်တန်းရောက်တော့ ကျောင်းမှာ မောင်မယ်သစ်လွင်ပွဲရှိပြီး သူမဟာ ဖျော်ဖြေရမှာ။ဒါကို အငယ်ဆုံးဦးလေး သိသွားတော့ သူဟာ မြို့တော်ကနေ အထူးတလည် ဒေါက်မြင့်ဖိနပ်တစ်ရံကို ပို့ပေးခဲ့ပြီး ကိစ္စတွေက သူမအတွက် ချောချောမွေ့မွေ့နဲ့ ပြီးသွားလိမ့်မယ်ဆိုတဲ့ ဆုတောင်းကတ်လေးကိုပါ ရေးပေးခဲ့သေးတယ်။
မောင်နှမနှစ်ယောက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့တာကြောင့်မို့လည်း ပါတယ်။တကယ်လို့ နန်ကောဟာ ဘွဲ့ရပြီးလို့ ကျန်းမြို့မှာ မနေချင်ဘူးဆိုရင် အကောင်းဆုံးရွေးချယ်မှုဟာ မြို့တော် ဖြစ်လိမ့်မယ်လို့ နန်ကျဲ့ထင်တာ။
အနည်းဆုံးတော့ တစ်ယောက်ယောက်က သူမကို စောင့်ရှောက်ပေးနိုင်တယ်လေ။
သူမ ဟိုက်တက္ကသိုလ်မှာ လျှောက်လွှာတင်တဲ့အကြောင်း ကြားတုန်းကဆို အငယ်ဆုံးဦးလေးဟာ ဖုန်းတောင် အထူးတလည်ခေါ်ပြီး သူမကို နာရီ၀က်နီးနီး ဆူခဲ့တာ။
သေချာစဉ်းစားကြည့်ရင်း သူမရဲ့အဖိုးဖြစ်သူနဲ့အဖွားဖြစ်သူတို့ သူမအပေါ် ခက်ထန်တာကလွဲလို့ သူမရဲ့အမျိုးတွေနဲ့ သူငယ်ချင်းတွေကတော့ သူမအပေါ် ကောင်းကောင်း ဆက်ဆံပေးတယ်။
“ဘာတွေ တွေးနေတာလဲ။ နင့်အ၀တ်လဲခန်းကို ကြည့်ဖို့လာဦး”
“လာပြီ!” နန်ကောဟာ သူ့အနောက်ကနေ အပြေးလိုက်တယ်။
သူမတစ်ယောက်တည်း နေမှာကို ထည့်သွင်းစဉ်းစားပြီး အငယ်ဆုံးဦးလေးဟာ သူမအတွက် တိုက်ခန်းကိုပဲ ရွေးပေးခဲ့တယ်။တစ်ယောက်တည်းနေဖို့အတွက် လုံလောက်တာထက်ကို ပိုနေပြီ။
တိုက်ခန်းတွေထဲက တစ်ခုကို နောက်ဆုံး အတည်ပြုပြီးတဲ့နောက် အငယ်ဆုံးဦးလေးဟာ စာချုပ်ကို လှန်လှောကြည့်ပြီး ပြောတယ်။ “ဘွဲ့ရပြီးလို့ ဒီမှာနေချင်ရင် ငါ ပိုကြီးတာ တစ်ခု၀ယ်ပေးမယ်”
“ဟေး ငါ ရပါတယ်။ တကယ်တော့ ဒါကအတော်ပဲ အရမ်းကြီးနေရင် ငါတစ်ယောက်တည်းနေတဲ့အခါ ကြောက်နေလိမ့်မယ်”
စာချုပ်ကို လက်မှတ်ထိုးပြီးတဲ့အခါ အငယ်ဆုံးဦးလေးဟာ ခေါင်းကိုစောင်းပြီး သူမကို ကြည့်လာတယ်။သူဟာ အပြုံးနဲ့ မေးတယ်။ “ဘာကြောက်စရာရှိလဲ။ ရှန်ရန်ချင်း နင်နဲ့အတူလာနေမှာ မဟုတ်ဘူးလား”
နန်ကောဟာ ကြောင်သွားတယ်။သူမ အသိပြန်၀င်လာတဲ့အခါ သူမဟာ နှာခေါင်းထိပ်ကို ရှက်ရှက်နဲ့ထိပြီး တိုးတိုးလေး ပြောတယ်။ “သူ့မှာ ဒီမှာအိမ်ရှိတယ် နည်းနည်းလည်းကြီးတယ်” အငယ်ဆုံးဦးလေးဟာ အံ့ဩမနေတော့ဘူး။ “ကြည့်ရတာ နင် ရောက်ဖူးတဲ့ပုံပဲ”
“ဟုတ်တယ်။ ငါ တစ်ခါ ရောက်ဖူးတယ်”
“ဒါဆို နင် ဒီမှာကျောင်းလာတက်တော့ သူ ဘာပြောလဲ”
“ဘာမှမပြောဘူး။ သူ ငါ့ကို ဒီတိုင်းအားပေးတယ်”
“သူ နင့်ကို သူနဲ့အတူနေဖို့မပြောဘူးလား”
“ဟင့်အင်း ခြုံကြည့်လိုက်ရင် စောနေသေးတယ်လေ။ ငါတို့ ဒီအကြောင်း မပြောရသေးဘူး”
“တကယ်တော့ ငါလည်း နည်းနည်းသိချင်နေတာ” ဦးငယ်လေးဟာ ဘောပင်ကိုချပြီး သူမကို မျက်နှာချင်းဆိုင်တယ်။ “နင်တို့နှစ်ယောက် ဘယ်လိုတွေ့ခဲ့တာလဲ”
“အတိအကျပြောရရင်တော့ ငါ သူ့ဆီ ဒလီပို့နေတုန်းက ငါတို့တွေ့ခဲ့ကြတာ”
အဲဒီမတိုင်ခင် သူမ သူ့ကို တစ်ခါပဲမြင်ဖူးခဲ့တာ။
နန်ကောဟာ အခွင့်အရေးယူပြီး သူမတို့နှစ်ယောက် ဘယ်လိုတွဲဖြစ်သွားကြောင်း ပုံပြင်လေးကို သူ့ကိုပြောပြတယ်။
၁၀မိနစ်လောက်ကြာတော့ အငယ်ဆုံးဦးလေးရဲ့မျက်နှာထားဟာ စကားလုံးတစ်လုံးတည်းနဲ့တင် ချုံပြလို့ရတယ်။အံ့ဩ မှင်သက်သွားခြင်း။
ဦးငယ်လေးဟာ ခေါင်းကုတ်ပြီး အတော်လေးကြာတော့ သက်ပြင်းချတယ်။ “ရှန်ရန်ချင်းက အရမ်းဖြူစင်သလား”
သူဟာ မှတ်ချက်လည်း ပေးတယ်။ “ငါ လူအဖွဲ့အစည်းနဲ့ အဆက်အသွယ် ပြတ်နေတာလား။ ဒီတော့ ဒါက လေးနက်တဲ့ဆက်ဆံရေး ဆိုတာပေါ့လေ။ ငါ ဆယ်ကျော်သက်အရွယ် ဒိတ်တုန်းကတောင်မှ နင်တို့ထက် ပိုပြီးညစ်ညမ်းခဲ့သေးတယ်”
သိသိသာသာပဲ သူမရဲ့အငယ်ဆုံးဦးလေးဟာ ရိုးရှင်းတဲ့အတွေ့အကြုံမျိုး မရှိဘဲ အဲဒီလိုမြင်ကွင်းမျိုးကို စိတ်ကူးမယဉ် ကြည့်နိုင်ဘူး။
“နင် ဒါကို တန်ဖိုးထားသင့်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမှာ ရှန်ရန်ချင်းလို ဖြူစင်တဲ့ ဒုတိယမျိုးဆက်သူဌေးသားလေးတွေ အများကြီး မရှိဘူး”
202 03
အဆုံးမှာတော့ အငယ်ဆုံးဦးလေးဟာ သူမရဲ့ခေါင်းကို စိတ်ရောကိုယ်ပါ ပွတ်ပေးတယ်။
ဒါဟာ ရှန်ရန်ချင်းကို အသိအမှတ်ပြုမှုရဲ့ပုံစံ တစ်မျိုးလို့ နန်ကော ထင်မိတယ်။
သူမရဲ့အငယ်ဆုံးဦးလေး ရှန်ရန်ချင်းအပေါ် အမြင်ကောင်း ရသွားပြီ။
ဒါ စစ်မှန်တဲ့ နှစ်လိုဖွယ်ရှိမှုပဲ။
နောက်၂ရက်အတွင်း နန်ကောဟာ ဒီဇိုင်နာနဲ့ အမြန်ဆက်သွယ် ပြောဆိုနေခဲ့တယ်။ရာသီဥတုဟာ အရမ်းပူတာမို့ သူမအပြင်ထွက်ပြီး ကစားချင်စိတ် မရှိဘူး။အငယ်ဆုံးဦးလေးဟာ သူမ နေ့တိုင်းနေ့တိုင်း အိမ်မှာ နည်းနည်းပျင်းနေပုံရတာကို မြင်တာမို့ လောကကြီးကို ကြည့်ဖို့ သူမကို အပြင်ခေါ်သွားမယ်တောင် အကြံပေးလာသေးတယ်။
ပြောစရာကို မလိုဘဲ လူချမ်းသာတွေရဲ့ နောက်ထပ်စုဝေးပွဲတစ်ခု။
သူမ ဘယ်သူ့ကိုမှ မသိသလို ပါ၀င်ဖို့ကိုလည်း စိတ်မ၀င်စားဘူး။
နန်ကောဟာ သူမ တကယ် ကျန်းမြို့ကို ပြန်ချင်လားလို့ သူမကိုယ်သူမ ထပ်မေးကြည့်တယ်။သူမဟာ အဲဒီအကြောင်း တွေးကြည့်ပြီး အိမ်မှာဘာမှလုပ်စရာမရှိတာကို သတိရသွားတယ်။ဖြစ်နိုင်ခြေအရှိဆုံးကတော့ သူမရဲ့အစ်ကို သူမကို ဖရီးအလုပ်သမားအနေနဲ့ အလုပ်လုပ်ဖို့ ကုမ္ပဏီကို ခေါ်သွားတာပဲ။
အသစ်တစ်ခုခု သွားသင်ရတာကို သူမစိတ်ထဲ မထားပါဘူး။ဒါပေမဲ့ သူမအစ်ကိုမှာ တခြားရည်ရွယ်ချက် ရှိနေတာ။သူမသာ သွားလိုက်ရင် အနာဂတ်မှာ သူ သူမကို လွှတ်ပေးမှာ မဟုတ်တော့ဘူး။
ယွီရယ်၊အခြားလူတွေရယ်နဲ့ လျှောက်လည်တာ ကျပြန်တော့ ဒီတိုင်း ပျင်းစရာစုဝေးမှုမျိုးပဲ။
ပြီးတော့ လတ်တလော ယွီဟာ ကျန်းမြို့မှာရှိပုံ မရဘူး။သူ စုဟွေးကို သွားရှာနေတာပဲ ဖြစ်မှာ။သူမရဲ့အသက်ကို တန်ဖိုးထားတာမလို့ သူမ သူတို့ရဲ့ပြဿနာအကြောင်း သွားမမေးရဲဘူး။
စဉ်းစားကြည့်တော့လည်း သူမ အခုတွေ့ချင်တဲ့တစ်ဦးတည်းသောလူဆိုလို့ ရှန်ရန်ချင်းတစ်ယောက်တည်းပဲ။
သူမ အငယ်ဆုံးဦးလေးကို လှမ်းကြည့်လိုက်ပြီး သူမရဲ့နှုတ်ခမ်းဟာ အန္တရာယ်ကင်းတဲ့ အပြုံးလေးတစ်ပွင့်အသွင် ပြောင်းလဲသွားတယ်။
ဦးငယ်လေးဟာ လိမ္မော်သီးစားနေရင်း သူမ ဘာဆိုလိုချင်လဲဆိုတာကို သဘောပေါက်တယ်။
“တစ်ယောက်တည်း သွားမလို့လား။ ငါတော့ သိပ်မကြိုက်ချင်ဘူး။ တစ်ခုခုဖြစ်ရင် ငါ နင့်မိသားစုကို ဘယ်လိုရှင်းပြရမလဲ”
မြို့တော်မှာ သူ သူမကို စောင့်ရှောက်နေတာဖြစ်တဲ့အလျောက် အရှုပ်တွေကို ရှင်းဖို့ သူ့အတွက် လွယ်ကူမနေဘူး။
“ရပါတယ်” နန်ကောဟာ တကယ်လည်း နိုင်ငံခြားကို တစ်ယောက်တည်း မသွားဖူးဘူး။လွန်ခဲ့တဲ့၂နှစ်က အားလပ်ရက်မှာ ယွီရယ်၊အခြားလူတွေရယ်နဲ့ သီးသန့်လေယာဉ်ပဲ စီးပြီးသွားဖူးတာ။
“ငါ အနည်းဆုံးတော့ နိုင်ငံခြားဘာသာစကား၃မျိုး တတ်ပါတယ်။ ငါ လမ်းမပျောက်ပါဘူး”
“အဲဒီလိုလည်း မရဘူး” ဒီအခိုက်အတန့်မှာတော့ အငယ်ဆုံးဦးလေးဟာ အကြီးတစ်ယောက်ရဲ့လေထုကို ထုတ်လွှတ်လာတယ်။ “အဲဒီနေရာက အိမ်လို မဟုတ်ဘူး။ နင် တကယ်သွားချင်ရင် ငါ တစ်ယောက်ယောက်ကို အဲဒီကို နင့် လိုက်ပို့ခိုင်းလိုက်မယ်...”
******