← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

260 01

Chapter 260 သူ သူမကိုကြိုက်သရွေ့။

နန်ကောဟာ လန့်သွားပြီး သူ့ကိုအမြန်ဖက်လိုက်မိတယ်။

“ရှင် ဘာလုပ်နေတာလဲ။ရှင် ရှင် ရှင်...”

အစက သူမ ရှန်ရန်ချင်းကို သူမကို ချီစေချင်တာ ဟုတ်ပါတယ်။မထင်မှတ်ဘဲ သူ သူမကို လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ချီသလိုမျိုးကြီး မလိုက်တာ။

ပြီးတော့ သူ့လက်တစ်ဖက်ကလည်း ထီးကိုကို င်ထားသေးတယ်။နန်ကောဟာ သူ့ကို သူမကို ပြန်ချစေချင်ပေမဲ့ မလှုပ်ရဲဘူး။သူ့ကိုပါ ဒယိမ်းဒယိုင် ဖြစ်သွားစေပြီး လဲကျသွားမှာစိုးလို့။

ရှန်ရန်ချင်းဟာ ပြန်မဖြေဘူး။သူဟာ ထီးကိုအသာမြှောက်လိုက်ပြီး အရှေ့ကလမ်းကို တွေ့ရတယ်။

မပြီးစီးသေးတဲ့ ပြန်လည်ပြင်ဆင်နေဆဲ နေရာအသေးလေး တစ်နေရာပဲရှိတယ်။

နန်ကောဟာ သေးသေးလေးမို့ သူမကို သယ်ရတာ သူ့အတွက် မခက်ခဲဘူး။

အိမ်အဟောင်းက အိပ်ခန်းထဲကို ပြန်ရောက်တော့ နန်ကောဟာ နိုးနေဖို့ မတတ်နိုင်ဘူး။သူမဟာ ကုတ်အင်္ကျီတောင် မချွတ်နိုင်ဘဲ အိပ်ပျော်သွားတော့တယ်။

ရှန်ရန်ချင်းဟာ လက်ကို သူမရဲ့ပုခုံးတစ်ဝိုက်မှာ ဂရုတစိုက်နဲ့ထားပြီး သူမကိုလှ ည့်ပေးတယ်။သူဟာ သူမရဲ့ကုတ်အင်္ကျီကို ချွတ်ပေးကာ စောင်ခြုံပေးလိုက်တယ်။

နန်ကောဟာ နေ့လည်အထိ အိပ်ပျော်သွားတော့တယ်။

သူမ ပြန်နိုးလာတော့ ကောင်းကင်ဟာ မှောင်နေပြီ။

အောက်ထပ်က အခြားလူကြီးတွေဟာ စားနေကြပြီဆိုပေမဲ့ ရှန်ရန်ချင်းဟာတော့ တစ်စက်လေးမှ မလှုပ်ရှားဘဲ အိပ်ခန်းထဲမှာ ဆက်နေခဲ့တယ်။

“ဘာလို့ဆင်းပြီး အရင်မစားတာလဲ”

အသံကို ကြားတဲ့အခါ ရှန်ရန်ချင်းဟာ လက်ထဲက စာအုပ်ကို ပိတ်ပြီး စင်ပေါ် ပြန်တင်တယ်။သူဟာ အနောက်လှည့်ပြီး သူမဆီကို လျှောက်လာတယ်။ “ကိုယ်မအီမသာ ဖြစ်နေတယ်လို့ မပြောခဲ့ဘူးလား။ ဘယ်လိုလုပ် အောက်ဆင်းသွားလို့ရမှာလဲ”

နန်ကောဟာ ဒါကို တွေးကြည့်ပြီး လက်ခံတယ်။

‌ပြီးတော့ သူမကလည်း အိပ်ပျော်နေတုန်း ဖြစ်သေးတယ်လေ။ရှန်ရန်ချင်း သူမအတွက် တွေးပေးတာမို့ အောက်ကို တစ်ယောက်တည်း ဆင်းမသွားတာ။

သူတို့နှစ်ယောက် ညစာအတွက် အောက်ထပ်ကို ဆင်းသွားလိုက်ကြပြီး ဘိုးဘေးအခန်းထဲကို ခပ်မြန်မြန်ပြ န်သွားလိုက်ကြတယ်။

ကောင်းကင်ဟာ မှောင်နေပြီ။ရှန်ရန်ချင်းဟာ နန်ကောအနောက်ကနေ ထီးတစ်ချောင်းနဲ့ လိုက်တယ်။

ရှည်လျားတဲ့စင်္ကြန်တစ်လျှောက်မှာ နန်ကောဟာ အလျင်လိုနေတယ်။သူမဟာ သူ့ကို ခဏခဏလှည့်ပြီး တိုက်တွန်းတယ်။ “အမြန်လုပ်ဦး ကျွန်မ သိခဲ့လို့ရှိရင် မအိပ်လိုက်ပါဘူး”

သူမ တစ်ရေးလောက်ပဲ အိပ်ချင်ခဲ့တာ။ဒါပေမဲ့ ညရောက်သွားပြီ။လူကြီးတွေ သူမတို့ကို မဆူတာတင်ဘဲ အတော်လေး ကောင်းနေပြီ။

“လောစရာ မလိုပါဘူး” ရှန်ရန်ချင်းဟာ ကူကယ်ရာမဲ့စွာနဲ့ပြုံးမိတယ်။

တကယ်တော့ သူတို့နှစ်ယောက် ခုဏကထွက်လာတုန်းက ပါးနဲ့ဦးလေးဟာ အထူး‌တလည် ထပ်သွားဖို့ မလိုတော့ဘူးလို့ ပြောခဲ့တယ်။

“မရပါဘူး” နန်ကောဟာ သူ့ကို နားထောင်ဖို့ငြ င်းဆန်တယ်။သူမဟာ ရပ်လိုက်ပြီး ရုတ်တရက် အနောက်လှည့်လာတယ်။ “အနည်းဆုံးတော့ ကျွန်မတို့ အဖိုးကိုတော့ စကားပြောသင့်တယ် မဟုတ်လား”

ကံကောင်းလို့ ရှန်ရန်ချင်းဟာ အရမ်းနီးနီးကပ်ကပ်ကြီး မလိုက်ဘူး။ဒီ‌တော့ နှစ်ယောက်သား ၀င်မတိုက်မိသွားဘူး။

သူဟာ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး သူမကို စိတ်‌ပြေလျော့စေအောင်လို့ သူမရဲ့လက်မောင်းကို လှမ်းကိုင်တယ်။ “ရပါတယ်။ အဖိုးက ကိုယ်တို့ကို အပြစ်မတင်ပါဘူး”

နန်ကောဟာ သူ သူမကို နှစ်သိမ့်နေရုံမှန်း သိကာ နှုတ်ခမ်းဆူတယ်။

အဖိုးရှန်ဟာ “စည်းကမ်း” ဆိုတဲ့စကားလုံးကို တန်ဖိုးအထားဆုံး ဖြစ်မှန်း လူတိုင်းသိတယ်။ရှန်ရန်ချင်းရဲ့အကျင့်စရိုက်ကို ကြည့်တာနဲ့တင် သူငယ်ငယ်တုန်းက အတော်လေး ဖြတ်သန်းလာခဲ့ရမယ်ဆိုတာ ပြောနိုင်တယ်။

သူဟာ သူမရဲ့လက်ကိုကိုင်ပြီး အရှေ့ကို ဖြည်းဖြည်းလေးလျှော က်တယ်။သူဟာ သူမကို သူ့ငယ်ဘ၀နဲ့အဖိုးအကြောင်းပြောပြတယ်။

ရှည်လျားတဲ့စင်္ကြန်ကနေ ထွက်လာပြီးတဲ့နောက် အမျိုးသားဟာ ထီးကိုကိုင်ပြီး သူမကို ဖြည်းဖြည်းလျှောက်ကာ ခြေထောက်ကို အာရုံစိုက်ဖို့ သတိပေးတယ်။

ခရီးစဉ်ဟာ တကယ်တော့ ၁၀မိနစ်လောက်ပဲ ကြာတာ။ဒါပေမဲ့ သူ တမင်တကာ အရှိန်လျှော့ပြီး နာရီ၀က်လောက် လမ်းလျှောက်လိုက်တယ်။

ဒီအချိန်အတောအတွင်း နန်ကောဟာ မနားတမ်း လမ်းလျှောက်နေခဲ့ရပြီး လေ့ကျင့်ဖို့တောင် အချိန်မရလိုက်ဘူး။ဘိုးဘေးခန်းမထဲကို ၀င်သွားလိုက်ပြီဆိုတာနဲ့ သူမဟာ ကူရှင်ပေါ် ဒူးထောက်ချလိုက်တယ်။

ရှန်ရန်ချင်းဟာ အိမ်အကူဆီကနေ ‌အမွှေးတိုင်တချို့ယူပြီး အိမ်အကူကို ထွက်သွားဖို့ အမူအရာပြတယ်။

နန်ကောဟာ စက္ကန့်အနည်းငယ်လောက် နားနေခဲ့ပြီး မတ်တပ်ထကာ သူနဲ့အတူ အမွှေးတိုင် ထွန်းတယ်။

ပြီးတာနဲ့ ချက်ချင်းပဲ သူမတို့နှစ်ယောက်ဟာ အနောက်ကို ပြန်လာတယ်။ရှန်ရန်ချင်းဟာ သူမဒူးထောက်ဖို့ကို ကူညီပေးတယ်။

သူမ ဖြည်းဖြည်းချင်း ဒူးထောက်ချလိုက်တယ်။နန်ကောဟာ မတ်မတ်ထိုင်ရင်း အဖိုးရဲ့အမှတ်တရဓာတ်ပုံကို ကြည့်တယ်။သူမကပြောတယ်။ “အဖိုး သမီးကို မဆူပါနဲ့။ အဖိုးရဲ့မြေးမလောင်းလေးက စာတွေပိပြီး အဖိုးကို စ‌ကားပြောဖို့ ရှန်ရန်ချင်းနဲ့အတူ တစ်ခါမှ ပြန်လာဖို့ အချိန်မရခဲ့ဘူး။ အခုတလော သမီး ကျောင်းနဲ့ကုမ္ပဏီကို နေ့တိုင်းသွားလိုက်ပြန်လိုက် ဖြစ်နေတာ။ လွန်ခဲ့တဲ့၂လအတွင်း သမီး၆ပေါင်တောင် ကျသွားတယ်”

ရှန်ရန်ချင်းဟာ ဘာမှမပြောဘဲ ဘေးမှာ တိတ်တိတ်လေးနေကာ နန်ကော‌ ပြောတာကို အကြာကြီး နားထောင်နေခဲ့တယ်။

260 02

အရင်တုန်းက နန်ကောဟာ ဆုံးပါးသွားတာ ကြာပြီဖြစ်တဲ့သူ့အဖိုးကို အမြဲကြောက်ရွံ့ခဲ့တာ။သူမမှာ သူ့အဖိုးနဲ့ပတ်သက်လို့ ပုံစံတစ်မျိုး သတ်မှတ်ထားမိပုံရကာ ပေါ့ပေါ့ပါးပါးရှိတဲ့ လူကြီးလို့ မခံစားခဲ့ရဘူးထင်ပါရဲ့။ဒါကြောင့် သူအားပြီဆိုတာနဲ့ စကားပြောဖို့ သူမကို ခေါ်လာခဲ့တယ်။

အဲ့အချိန်တွေတုန်းကဆို နန်ကောဟာ စိတ်အခြေအနေ ကောင်းမှာ မရှိခဲ့ဘူး။

ဘိုးဘေးအခန်းဟာ လစ်ဟာနေတယ်။အမွှေးတိုင်ငွေ့တွေဟာ လွင့်ပျံနေပြီး ဂနာမငြိမ်ဖြစ်မှုကို ချက်ချင်း လျော့ကျစေတယ်။

ထပ်ပေါင်းပြောရရင် နန်ကောဟာ အစကတည်းက စကားများပြီးသား။စစချင်းဆို သူမဟာ ပိုပြီးထိန်းထိန်းသိမ်းသိမ်းရှိပေမဲ့ စကားစပြောပြီဆိုတာနဲ့ သူမဟာ ပိုပိုပြီးစိတ်လွတ်ကိုယ်လွတ် ဖြစ်လာတယ်။ဒီတော့ သူမမှာ ဘာတုံ့ဆိုင်းမှုမှ ရှိမနေဘူး။

ဘိုးဘေးခန်းမဟာ သူမရဲ့ပြဿနာတွေအားလုံးကို နားထောင်ပေးနိုင်တဲ့ သစ်ပင်အပေါက်တစ်ပေါက်လိုပဲ။

နည်းနည်းထပ်ပြီး ရင်ဖွင့်ပြီးတဲ့အခါ ရှန်ရန်ချင်းဟာ သူမထဖို့ကို အရှေ့တိုးကာ ကူညီပေးတယ်။သူဟာ ငုံ့ပြီး သူမရဲ့ဒူးခေါင်းကို နှိပ်နယ်ပေးတယ်။ “မင်း လမ်းလျှောက်နိုင်သေးလား”

နန်ကောဟာ လူ့အဖွဲ့အစည်းထဲကို တရား၀င်တောင် မ၀င်ရသေးဘူး။သူမ ကုမ္ပဏီကို ရုတ်တရက်ကြီး ၀င်ရုံတင်မကဘဲ ကြီးမားတဲ့တာ၀န်ယူမှုကိုလည်း ယူရတယ်။သူမဟာ ဖိအားတွေ အများကြီးရဲ့အောက်မှာ။

အခုတလော သူမမှာ ‌ပေါ့ပါးတဲ့အချိန်ရယ်လို့ မရှိသလိုဘဲ။ဒီညမှာ သူမဟာ ပုံမှန်ထက် သူ့အဖိုးကို စကားပြောရင်း အချိန်ကုန်ဆုံးနေတယ်။

သူ နန်ကောနဲ့ အခုတလော အဆက်အသွယ်ရပြီး ဆုံလည်းဆုံဖြစ်ပေမဲ့ နန်ကော သူ့ကို သူမရဲ့ပြဿနာတွေကို အသေးစိတ် မပြောပြခဲ့တာ သိသာတယ်။

သူ့အဖိုးကို သူမ ရင်ဖွင့်နေတာတွေကို ကြားတော့ သူမျက်မှောင်ကြုတ်မိပြီး သူမကို ၀င်၀င်ပြီးတောင် ဖြတ်ပြောမိတော့မလို့။

“ရပါတယ် ရပါတယ်” နန်ကောဟာ သူ့လက်ကိုဖယ်ရင်း ညင်ညင်သာသာလေး ပြောတယ်။

“ရှင် လုပ်နေတာကို အဖိုး မြင်သွားရင် ဘယ်လိုလုပ်မလဲ”

ရှန်ရန်ချင်းဟာ ရယ်မိသွားတယ်။ “ဘာဖြစ်လို့လဲ။ ကိုယ့်အတွက် ကိုယ့်မိန်းမကို ဂရုစိုက်တယ်ဆိုတာ မှားလို့လား။ ပြီးတော့ အဖိုးက အဲ့လိုလူမျိုး မဟုတ်ပါဘူး။ ကိုယ်ငယ်ငယ်ကတည်းက မိန်းမဆိုတာ အမြတ်တနိုး ထားရမယ်လို့ သူ ပြောခဲ့တာ”

နန်ကောဟာ သူ့ကိုတွန်းတယ်။သူမရဲ့အချစ်ကို ဘိုးဘေးတွေရှေ့မှာတော့ မပြချင်ပါဘူး။

“မိုးရွာတာ ရပ်သွားပြီလား” သူမ အပြင်ထွက်လာတော့ သူမတို့နှစ်‌ယောက် ဘိုးဘေးခန်းမထဲရှိနေတာ အတော်ကြာသွားပြီဆိုတာကို သိလိုက်ရတယ်။

သူမဟာ နည်းနည်းစိတ်ဆိုးနေတာ။သူမဟာ အနောက်လှည့်ပြီး ရှန်ရန်ချင်းရဲ့ကော်လံကို ဆွဲကိုင်တယ်။သူမမျက်လုံးတွေဟာ မသက်မသာနဲ့။ “ဟေး အဖိုး ကျွန်မကို စိတ်ရှုပ်စရာ ကောင်းတယ်လို့ထင်လောက်လား”

“ဒါ...သူ့ကို အရမ်းများ နှောင့်ယှက်မိနေသလား”

ရှန်မိသားစုဟာ တည်ငြိမ်ပြီး အနေအေးတယ်။မစ္စတာရှန်ရဲ့မျိုးဆက်ဟာ ဒီလိုမှတော့ ရှန်ရန်ချင်းလည်း အတူတူပဲပေါ့။

သူ့ရဲ့၀မ်းကွဲအငယ်‌လေးက များသောအားဖြင့် ရှန်ရန်ချင်းထက် ပိုသွက်သွက်လက်လက် ရှိတယ်ဆိုပေမဲ့ ဘိုးဘေးခန်းမကို လာတိုင်း အရမ်းလိမ်လိမ်မာမာ ရှိတယ်။

တစ်မိသားစုလုံးမှာ သူမဟာ မိသားစုထဲကို အသစ်၀င်လာတဲ့ မြေးမလောင်းလေးဖြစ်ပေမဲ့ သူမရဲ့အကျင့်စရိုက်က အရမ်းဖျတ်လတ်နေတယ်။

သူမကြည့်ရတာ အလွန်တရာကိုမှ စကားများသလိုပဲ။

သူမ ရှန်ရန်ချင်းရဲ့အဖိုးကို အမြဲတမ်းကြောက်နေခဲ့တာ။”ရာဇ၀င်တွေ” ကြောင့်လည်း ပါသလို သူမဘက်က အဖိုးအဖွားတွေ သူမကို မကြိုက်ကြတာကြောင့်လည်း ပါတယ်။ဒီတော့...

ရှန်ရန်ချင်းဟာ သူမအရှေ့ဆောင့်ကြောင့်ထိုင်ချပြီး အရင်တက်ဖို့ အမူအရာပြတယ်။

နန်ကောရဲ့ခြေထောက်တွေဟာ တကယ်လည်း ထုံနေပြီ။သူမဟာ ခဏတော့တုံ့ဆိုင်းနေခဲ့ပေမဲ့ နာခံစွာနဲ့ သူ့ကျောပေါ်ကို တက်လိုက်တယ်။

တစ်အောင့်လောက် လမ်းလျှောက်ပြီးတော့မှ ရှန်ရန်ချင်းရဲ့အသံဟာ အလျင်လိုခြင်းမရှိဘဲ သူမရဲ့မေးခွန်းကို ပြန်ဖြေလာတယ်။ “သူ မင်းကိုနှောင့်ယှက်မှာမ ဟုတ်သလို အပြစ်တင်မှာလည်း မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ မင်းကို ကာတောင်ကာကွယ်ပေးလိမ့်မယ်”

260 03

“အဖိုးသာရှိနေသေးရင် မင်း အဲ့လောက် သံသယ၀င်နေမှာ မဟုတ်ဘူး။ သူ မင်းကို အတော်သဘောကျမှာ”

သူတို့နှစ်ယောက်ဟာ သိလာတာကြာပြီ ဖြစ်တာမို့ သိရဖို့ကို သူမကို ကြည့်စရာတောင် မလိုဘူး။သူမရဲ့လေသံထဲက သတိထားမှုရေးရေးလေးနဲ့တင် သူမဘာတွေးနေလဲဆိုတာ ရှန်ရန်ချင်း ခန့်မှန်းနိုင်တယ်။

“တကယ်လား”

“ဒါပေါ့”

“ကိုယ်ငယ်ငယ်တုန်းက အခြားလူကြီးတွေက အဖိုးနဲ့စကားပြောရင် ကိုယ့်အကျင့်စရိုက်ရယ်၊ဘယ်လိုမိန်းကလေးမျိုးနဲ့ ကိုယ်လိုက်ဖက်လဲဆိုတဲ့အကြောင်းကို ပြောတတ်ကြတယ်။ စကားစမြည် ပြောတယ်လို့ထင်ရပေမဲ့ တကယ်ကတော့ စမ်းသပ်တာပေါ့”

“သူတို့က အဖိုးက ကိုယ့်အိမ်ထောင်ရေးကို ၀င်ပါမယ်လို့ ထင်ကြတာပေါ့။ ဒီတော့ သူတို့က အဖိုးရဲ့အတွေးကို အရမ်းသိချင်ကြတယ်”

“အဖိုးက ဘာပြောလဲ”

“ကိုယ်စကားအတိအကျကိုတော့ မမှတ်မိတော့ဘူး။ အဲ့တုန်းက ငယ်သေးတာမို့ ဒါက နောက်တော့ ဦးလေးနဲ့ အခြားလူတွေဆီကိုလည်း လက်ဆင့် ကမ်းလာသေးတယ်။ ဒါပေမဲ့ အဓိပ္ပာယ်ကတော့ မိန်းကလေးရဲ့အကျင့်စရိုက်နဲ့မိ သားစုနောက်ခံက အရေးမကြီးဘူး။ ကိုယ် ကြိုက်နေသရွေ့ အဆင်ပြေတယ်”

“မင်းက အရမ်းကောင်းလွန်းတယ်။ ဘယ်လိုလုပ်စိတ်ရှုပ်စရာဟုတ်ပါ့မလဲ။ နောက်ဆို အဲ့လိုမတွေးနဲ့တော့။ ဒီလိုသာ ဆက်တွေးရင် အဖိုးတကယ် စိတ်ဆိုးလိမ့်မယ်” အမျိုးသားဟာ သူမကို စစနောက်နောက်နဲ့ လှည့်ကြည့်တယ်။

နန်ကောဟာ နှုတ်ခမ်းကိုစေ့ပြီး မှုန်မှုန်မှိုင်းမှိုင်းနဲ့ နှာရှုံ့လိုက်တယ်။သူမက ဘာမှမပြောဘူး။သူမဟာ လက်တွေကို သူ့ရဲ့လည်ပင်းမှာ ရစ်ပတ်ထားပြီး ပုခုံးပေါ်မှီကာ အနူးတညံ့ ပွတ်သပ်နေတယ်။သူမရဲ့အပြုအမူတွေနဲ့ ပြန်လည် တုံ့ပြန်ပေးနေတာ ဖြစ်တယ်...။

******

All Chapters