အခန်း ၂၇၀
Vol. 27 Ch. 270
Chapter 270ထွမ်ထွမ်နဲ့ယွမ်ယွမ်။
Extra Chapter 8: ကိုယ်၀န်နဲ့ကလေးမွေးဖွားခြင်း။
သတ်မှတ်ရက်ထက် တစ်ပတ်ကျန်သေးတယ်ဆိုပေမဲ့ အရမ်းကြီးစောတာတော့လည်းမဟုတ်ဘူး။၃၈ပတ်မြောက်ကိုရောက်နေပြီးပြီ။အစောပိုင်းမှာဆို မိခင်ဖြစ်သူဟာ ကျန်းမာရေးကောင်းပြီး ကလေးတွေဟာလည်း ကျန်းမာတယ်။ဆရာ၀န်ဟာ နန်ကောနဲ့ရှန်ရန်ချင်းကို မစိုးရိမ်ဖို့ပြောတယ်။
သူတို့အမြွာပူးမွေးမှာမို့ သူတို့ရဲ့ပထမဆုံးရွေးချယ်မှုဟာ C-section ဖြစ်တယ်။အစကတော့ နန်ကောဟာ သိပ်များများစားစားမခံစားရဘူး။အဲ့တာဟာ သူမ တစ်ရေးတစ်မောအိပ်ပြီး ပြန်ပြန်နိုးလာသလိုပဲ။သူမအထဲကိုခေါ်သွားခံရတော့ မနက်အစောပိုင်းဖြစ်တယ်။သူမထွက်လာတဲ့အခါ ကောင်းကင်ဟာ မှောင်နေဆဲ။
ဘယ်လိုပဲဖြစ်ဖြစ် ထွက်လာပြီးတဲ့နောက် သူမ တစ်ခဏအိပ်ပျော်သွားပြီးမှ လုံး၀ပြန်နိုးလာတယ်။အဲ့အချိန်တုန်းက ထုံဆေးပြယ်ရုံသာရှိသေးတယ်။သူမ ဆေးရုံခုတင်မှာလဲရင်း နာလွန်းလို့ငိုပြီး ရှန်ရန်ချင်းရဲ့လက်ကို ထိုးခဲ့တယ်။
ရလဒ်အနေနဲ့ သူမမှာ သူမရဲ့ကလေး၂ယောက်ကို ဂရုစိုက်ဖို့ရာခံစားချက်မှာမရှိခဲ့ဘူး။တစ်အောင့်လောက်ကြာမှ သူမဟာ အရေးကြီးကိစ္စကို သွားသတိရတယ်။ “ကျွန်မသမီးလေးတွေဘယ်မှာလဲ”
သူမဟာ နောက်ဆုံးတော့ ကလေးတွေကို အောင်အောင်မြင်မြင်နဲ့မွေးဖွားပြီးပြီ။သူမရဲ့အဖိုးတန်သမီးလေးတွေကို တွေ့ချင်တယ်!
“မြန်မြန် ကျွန်မကိုပေးကြည့်ဦး!” ထွက်လာတုန်းက သူမရဲ့စိတ်ဟာ သိပ်တော့မကြည်သေးဘူး။သူနာပြုနဲ့မိသားစု၀င်တွေပြောနေတာကို သူမကြားမနေဘူး။ဘာပဲဖြစ်ဖြစ် သူတို့ သူမကိုဂုဏ်ပြုနေတာကိုတော့သိတယ်။ကလေးတွေ အရမ်းကျန်းမာတာကို သိရပြီးတဲ့နောက်မှာ သူမငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်သွားခဲ့တာ။
သူမကြည့်ချိန်မရလိုက်ဘူး။
“မလှုပ်နဲ့ဦး” သူမထထိုင်မှာကိုမြင်တော့ ရှန်ရန်ချင်းရဲ့နဖူးဟာ တုန်လှုပ်သွားတယ်။သူဟာ သူမကို အမြန်ပြန်လဲချတယ်။သူမတည်ငြိမ်သွားတော့မှ သူဟာ ကို့ရို့ကားယားပြောတယ်။ “မိန်းကလေးတွေမဟုတ်ဘူး”
“ဟမ်” နန်ကောမျက်နှာပေါ်ကအပြုံးခမျာ တောင့်သွားတယ်။
“၂ယောက်တောင်မဟုတ်ဘူးလား။ တစ်ယောက်လောက်တော့ဖြစ်ရမှာပေါ့ဟုတ်”
သူမ နန်ကျဲ့ဆီကနေလမ်းလွဲသွားသလားဆိုတာကို နန်ကောမသိဘူး။ဒါပေမဲ့ ကလေး၂ယောက်ထဲက တစ်ယောက်ကတော့ မိန်းကလေးဖြစ်မယ်လို့ သူမ ခေါင်းမာမာနဲ့တွေးခဲ့တာ။
ကလေး၂ယောက်ကို မမြင်ခင်အထိ နန်ကောမှာ အမှန်တရားကို လက်မခံနိုင်ခဲ့ရှာဘူး။
“သူတို့က တကယ်...ရုပ်ဆိုးတာပဲ”
သမီးတွေက အဖေနဲ့တူတယ်ဆိုမှတော့ သားတွေက အမေနဲ့တူမှာမဟုတ်ဘူးလား။
ဒါ သူမလည်း ငယ်ငယ်တုန်းက အရမ်းရုပ်ဆိုးခဲ့တယ်ဆိုတဲ့သဘောလား။
ဒါကို သဘောပေါက်သွားတော့ နန်ကောမှာ သွေးအန်လုမတတ်။ဒီတစ်ချိန်လုံး တကယ်တော့ သူမကိုယ်သူမကြိမ်းမောင်းနေမိခဲ့တာပဲ!
နှစ်ဖက်မိသားစုကလူကြီးတွေနဲ့ ရှန်ရန်ချင်းဟာ ယောက်ျားလေး၊မိန်းကလေးဆိုတာကို သိပ်ဂရုမစိုက်ဘူး။မိခင်ဖြစ်သူနဲ့သားတွေ ဘေးကင်းတာကိုသိရတော့ သူတို့ဟာ အပျော်လွန်နေကြတယ်။
နန်ကျဲ့တစ်ယောက် တူမလေးကိုမရလိုက်ပေမဲ့ သူဟာ အရမ်းပျော်မိတုန်းပဲ။ထုတ်ကြွားဖို့ ဝီချက်မှာ ၃ကြိမ်တောင်ပိုစ့်တင်ခဲ့သေး။
ယွီနဲ့အခြားလူတွေဟာ နန်ကော ဒီနေ့ကလေးမွေးတာကို သိရရုံပဲရှိသေးတယ်။
မီးပုံးပျံပွဲတော်ကြောင့် လူတိုင်းဟာ အဲ့နေ့က သူတို့ကိယ်သူတို့အားအောင် မလုပ်နိုင်လိုက်ကြဘူး။နောက်နေ့မှသာ နန်ကောဆီသွားလည်ဖို့ သူတို့ ဟိုက်မြို့ကိုအပြေးရောက်လာတာ။
ဦးလေးတစ်ယောက်အနေနဲ့ ယွီဟာ တကယ်ရက်ရောတယ်။သူလာတော့ လက်ဗလာနဲ့မလာခဲ့ဘူး။သူဟာ အမ်ပေါင်းထဲ ဘဏ်ကတ်တွေထည့်ပေးထားခဲ့တယ်။
သူဟာ ကလေးကိုချီချင်ပေမဲ့ နန်ကျဲ့ဟာ သူ့ကိုကန်ထုတ်တယ်။ “ဒီတိုင်းသာကြည့်စမ်းပါ ဘယ်လိုချီရမလဲရောသိလို့လား”
သူတို့အားလုံးဟာ လက်မထပ်ရသေးဘွဲ့ရထားကြသူတွေ။မွေးကင်းစလေးတွေကို ဘယ်လိုချီရမလဲဆိုတာ သူတို့သိမှာလား။
သူမတောင် မကိုင်ရဲတာကို ယွီကို ဘယ်လိုလုပ်ပေးကိုင်ရဲပါ့မလဲ။
သူမ အဲ့တာကိုပြောလိုက်တော့ ယွီဟာ စိတ်လှုပ်ရှားသွားတယ်။သူဟာ လက်ကိုပွတ်ပြီး သူတို့ကိုချီချင်တယ်လို့ အော်နေခြင်းအမှုကို ရပ်လိုက်တယ်။သူဟာ ဘေးနားလေးမှာပုန်းပြီး တိတ်တိတ်လေးကြည့်တယ်။ “အခုပြောခါမှ ဒီအသေးလေး၂ယောက်က နန်ကောနဲ့ဆင်တယ်”
နန်ကောဟာ ဒါကိုမခံစားနိုင်ဘူး။ဒါကိုကြားတော့ သူမဟာ စားနေတာရပ်ပြီး ပြန်ခံတုတ်တယ်။ “နင်က နင့်သွားကြားထဲကနေလိမ်နေတာပဲ သူတို့က မွေးခါစပဲရှိသေးပြီး မကြီးသေးပါဘူး ဘယ်ကနေဘယ်လိုထင်ပစ်လိုက်တာလဲ”
ယွီဟာ နှုတ်ခမ်းစေ့ပြီး “ငါ ဒါကို နင်ငယ်ငယ်တုန်းကပုံကို မြင်ဖူးလို့ပြောတယ်ဆိုတဲ့ဖြစ်နိုင်ချေရောရှိလား။ အဲ့တာအမှန်ပဲ နင်လည်း အရေးအကြောင်းတွေနဲ့လေ”
နန်ကောမှာ ဆွံ့အသွားရတယ်။ဟုတ်တယ်။သူမပိုတောင်ဒေါသထွက်သွားတယ်။ “စကားကိုဘယ်လိုပြောရမယ်မှန်းမသိရင် ဒိုးလိုက်တော့”
“ဟေး ငါ တံခါးကနေ၀င်လာတာနဲ့ နင်ပဲ ငါ့အနောက်နေ တကောက်ကောက်လိုက်နေခဲ့တာလေ နင့်ကို ငါစုထားတဲ့ပိုက်ဆံတွေအကုန်လုံးကိုပေးခဲ့တာနော်” နန်ကောကိုယ်၀န်ရနေကြောင်းကို သိရပြီးတော့ သူ အမ်ပေါင်းတွေပြင်ဆင်ထားခဲ့တာ။
ဒါပေမဲ့ အဲ့တုန်းက ၂ယောက်မှန်းမသိခဲ့ဘူး။သိလိုက်ရတော့ သူ့မှာ မျက်လုံးထဲမျက်ရည်စက်လက်နဲ့ နောက်တစ်တွဲပြင်ဆင်လိုက်ရတယ်။
ယွီကမေးတယ်။ “စကားမစပ် နင့်တက္ကသိုလ်ကအခန်းဖော်တွေ ဘယ်အချိန်လာကြည့်မှာလဲ”
နန်ကောဟာ မျက်ခုံးပင့်တယ်။
သူမရဲ့အကြည့်ကြောင့် ပျာယာခတ်သွားကာ ယွီဟာ နှာခေါင်းကို ကို့ရို့ကားယားနဲ့ထိပြီး အကြည့်လွှဲတယ်။ “ယွမ်ယွမ်က ခွင့်ယူဖို့သိပ်အဆင်မပြေတာမို့ နောက်ရက်မှလာလိမ့်မယ်”
ဖုန်းယွမ်ယွမ်ဟာ ဘွဲ့ရပြီးတဲ့နောက် ဘွဲ့ရကျောင်းသူတစ်ယောက်အနေနဲ့ ဇာတိကိုပြန်ပြီးအလုပ်လုပ်နေတယ်။သူမဟာ အခု၀န်ထမ်းတစ်ယောက်ဖြစ်နေပြီ။
“အင်း ပြီးတော့ရော”
“ချန်ရှားက နေ့လည်ကျရောက်လိမ့်မယ် သူက ကျောင်းစတက်နေရုံပဲရှိသေးတယ်” ချန်ရှားဟာ PhD အတွက်စာလေ့လာနေပြီး ဟိုက်တက္ကသိုလ်မှာပဲရှိသေးတယ်။
“အဲ့တာပဲလား” ယွီဟာ အကြာကြီးစောင့်နေပြီးတဲ့နောက်မှာ သူကြားချင်တဲ့နာမည်ကို မကြားရတော့ နည်းနည်းစိုးရိမ်စိတ်ဖြစ်သွားတယ်။
နန်ကောဟာ သူ့ကို စနေတာရပ်လိုက်ပြီး နောက်ဆုံးတော့ စုဟွေးအကြောင်းပြောတယ်။
“စုဟွေးကဝေးလွန်းတယ် နောက်၂ရက်အထိ သူလာနိုင်ဦးမှာမဟုတ်ဘူး နင် မိုးလေ၀သကြေညာချက်ကို တွေ့တယ်မလား။ သူ့အိမ်မှာ နှင်းကျနေတယ်လေ သွားလာရေးသိပ်အဆင်မပြေဘူး”
“အော် ငါသိပြီ”
နန်ကော ဒီဟာကို အခွင့်ကောင်းယူပြီး စမှာကိုစိုးကာ ယွီဟာ အမြန်စကားလမ်းကြောင်းလွှဲတယ်။ “နင် ငါ့တူ၂ယောက်ကို နာမည်ပေးပြီးပြီလား။ သူတို့ဘယ်လိုခေါ်လဲ”
“နင့်မှာ နာမည်မရှိဘူးဆို ငါကူညီပေးလို့ရတယ်!”
ဒါကိုကြားတော့ နန်ကျဲ့ဟာ လန့်ဖြတ်သွားတယ်။
“မေ့လိုက်နော်”
ကံကောင်းလို့ ရှန်ရန်ချင်းဟာတော့ ညင်ညင်သာသာပြောတယ်။ “၂ဖက်မိသားစုကလူကြီးတွေ ကျွန်တော့်ကို နာမည်ကူစဉ်းစားပေးထားတယ် ဒါပေမဲ့ ဆုံးတော့မဖြတ်ရသေးဘူး”
ယွီကခေါင်းညိတ်တယ်။ “မင်း ဒီနာမည်တွေကို သေချာဂရုတစိုက်စဉ်းစားရမယ်”
ပြီးခဲ့တဲ့ရက်တွေတုန်းက နန်ကောဟာ ဆေးရုံမှာ ဘာမှလုပ်စရာမရှိတာမို့ ကလေးတွေအတွက် နာမည်တွေစစဉ်းစားကြည့်ခဲ့တယ်။
လူကြီးတွေစဉ်းစားတဲ့ ကြီးကြီးကျယ်ကျယ်နာမည်တွေနဲ့ယှဉ်ရင် သူမစဉ်းစားထားတဲ့ဟာတွေက ပြောပြချင်စရာတောင် ဟုတ်မနေဘူး။သူမပြောပြလိုက်တာနဲ့ နန်ကျဲ့ဟာ သူမကို အေးတိအေးစက်စိုက်ကြည့်တယ်။
နန်ကျဲ့ပုံစံကိုမြင်ရသလောက်တော့ သင့်လျော်တဲ့နာမည်တွေဟုတ်မနေဘူး။
“ကျစ် သိပ်မလေးနက်ဘူးဆိုတာ ဘာကိုပြောတာလဲ” နန်ကျဲ့အာရုံစိုက်မနေတဲ့အချိန်မှာ သူမ ခေါင်းကိုစောင်းကာ ရှန်ရန်ချင်းကို ကွန်ပလိန်းတက်တယ်။ “နားထောင်ကောင်းတယ်ထင်လို့ဟာကို”
ရှန်ရန်ချင်းဟာ ဒီနာမည်တွေကို သုံးမရဘူးလို့ သိသိသာသာခံစားရတယ်။ဒါပေမဲ့ သူ သူမကို နာကျင်သွားစေလို့မရဘူး။သူပိုအကင်းပါဖို့ပဲလိုတယ်။ “ချစ်ဖို့တော့ကောင်းပါတယ် ဒါပေမဲ့ မိန်းကလေးတွေနဲ့ပိုလိုက်တယ်ရယ် စဉ်းစားကြည့် သူတို့ကြီးလာရင် ဒီနာမည်တွေက အနည်းနဲ့အများတော့ သူတို့ကို ပြဿနာဖြစ်စေမှာပဲ”
နန်ကောဟာ သူ့စကားကိုလက်ခံပေးနိုင်တယ်။
အဲ့နောက် ရှန်ရန်ချင်းကဆက်ပြောတယ်။ “သူတို့နာမည်ပြောင်တွေကူစဉ်းစားကြည့်လေ”
“ထားလိုက်တော့” နန်ကောဟာ ခွက်ကိုကာပြီး သူမရဲ့ဦးနှောက်ဆဲလ်တွေကို မဖြုန်းတီးချင်ဘူး။
“မင်းက သူတို့ရဲ့အမေလေ သေချာပေါက် မင်း ဒီကိစ္စမှာဝင်ပါရမယ်လေ” သူဟာ သူမနားနားကို တိုးတိုးလေးကပ်ပြောတယ်။ “ပြီးတော့ နာမည်ပြောင်လေးတွေပဲဟာ ပုံမှန်အားဖြင့် ကိုယ်တို့ပဲကြားရမှာ ဒီတော့ မင်းကြိုက်တာပေးလို့ရတယ်”
နန်ကောဟာ စောင်ကို အနည်းငယ်ဆွဲချပြီး မျက်လုံးဝိုင်းဝိုင်းတွေကို ဖော်တယ်။ “တကယ်”
“တကယ်” သူဟာ ပြုံးပြီး သူမကို ဆက်ချော့တယ်။ “မပူနဲ့ မင်း သူတို့ကို မင်းခေါ်ချင်သလိုခေါ်လို့ရတယ် ကိုယ်ကျိန်းသေပေါက်ပံ့ပိုးပေးမယ်”
“နာမည်ပြောင်လေးတွေက နည်းနည်းပိုချစ်စရာကောင်းလို့ရလား”
“ဒါပေါ့” သူကပြန်ဖြေတယ်။ “ဒီတစ်ခါ မင်းတာ၀န်ပဲ”
မကြာလိုက်ဘဲ ကလေး၂ယောက်ရဲ့နာမည်တွေ အပြီးသတ်သွားတယ်။
၅မိနစ်စောမွေးတဲ့အစ်ကိုအကြီးဟာ ယွမ်ချီဖြစ်ပြီး ၅မိနစ်နောက်ကျမွေးတဲ့ ညီအငယ်လေးဟာ ရှီဖြစ်တယ်။
ရှန်ယွမ်ချီနဲ့ ရှန်ရှီ။
ယွမ်မှာ ပထမဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ထပ်ပေါင်းပြောရရင် ၂ယောက်လုံးဟာ မီးပုံးပျံပွဲတော်အတွင်းမှာမွေးတာဖြစ်တယ်။မီးပုံးပျံပွဲတော်ကို ယွမ်ရှီလို့လည်းခေါ်တယ်။ယွမ်နဲ့ရှီဆိုတဲ့ နာမည်တွေဟာ ဆင်လည်းဆင်တယ်။
သူတို့နာမည်ပြောင်တွေအတွက်ကတော့ နန်ကောဟာ တွေးတောင်မတွေးခဲ့ဘူး။သူမ သူတို့ကို ကောက်ညှင်းလုံးလေးတွေလို့ခေါ်ချင်တယ်။
“နင် သူတို့၂ယောက်လုံးကို ကောက်ညှင်းလုံးလေးတွေလို့ပေးချင်တာလား။ နင် သူတို့ကို ခွဲပြောနိုင်လို့လား” နန်ကျဲ့ကမေးလာတယ်။အမြွာပူးတွေမို့ ခွဲပြောဖို့ခက်တယ်လေ။သူတို့နာမည်အတူတူပဲရှိလို့တော့မရဘူးလေ။ဟုတ်တယ်မလား။အချက်ကောင်းပဲ။ဒါဟာ နန်ကောကို အသိ၀င်သွားစေတယ်။ “မီးပုံးပျံပွဲတော်ဆိုရင်ရော”
ရှန်ရန်ချင်း “.....”
သူမဟာ မေးစေ့ကိုပွတ်ရင်း အတွေးနွံထဲနစ်မြုပ်သွားတယ်။၁၀မိနစ်လောက်ကြာတော့ သူမကမေးတယ်။
“ထွမ်ထွမ်နဲ့ ယွမ်ယွမ်ဆိုရင်ရော။!”
နန်ကျဲ့ “.....”
ကောက်ညှင်းလုံးလေးရယ်၊မီးပုံးပျံပွဲတော်ရယ်နဲ့ယှဉ်ရင်တော့ ထွမ်ထွမ်နဲ့ယွမ်ယွမ်ဟာ လက်ခံဖို့ပိုလွယ်ကူတယ်လို့ ရှန်ရန်ချင်းခံစားရတယ်...