← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

120 01

Chapter 120 မီးတောက်ဟာ ပိုပိုပြီးအားပြင်းလာတယ်။

အဖြေကို တွေးနေဖို့တောင် မလိုခဲ့ဘူး။နန်ကော စားသောက်ဆိုင်ကနေပြန်တော့ သူမမှာ ထွက်မပြေးရုံ တမယ်ဘဲ။

သူဟာတော့ သူမအနောက်ကို လိုက်သွားဖို့ အလျင်မလိုခဲ့ပါဘူး။အရင်ကလိုပဲ သူ့အကြည့်ဟာ နံရံပေါ်မှာ စက္ကန့်အနည်းငယ်လောက် တွယ်ကပ်နေခဲ့ပြီး နောက်ဆုံးမှာတော့ နန်ကော အကြာကြီး ကြည့်နေခဲ့တဲ့ လက်ဆောင်လေးကို သူ ၀ယ်လိုက်တယ်။

အဲဒါက အရုပ်သေးသေးလေး တစ်ရုပ်ပါပဲ။အရမ်းမကြီးဘဲ လက်ရာကလည်း အဲဒီလောက်ကြီး မမြောက်ဘူး။

နန်ကော အရုပ်လေးကို ကြိုက်ရတဲ့အကြောင်းအရင်းဟာ တစ်ခုပဲရှိတယ်။အဲဒါဟာ အ၀ါရောင်ကျောပိုးအိတ်လေးလွယ်ထားတဲ့ မီးခိုးရောင်ပင်ကွင်းရုပ်လေး။ဟိုတစ်နေ့က နန်ကောနဲ့ တစ်ပုံစံတည်းလိုပဲ။

ခေါင်းကို ငုံ့ရင်း နန်ကောလက်ထဲက ပင်ကွင်းလေးကို ရှန်ရန်ချင်း တစ်ချက် ကြည့်လိုက်တယ်။နောက်ဆုံးတော့လည်း သူ မနေနိုင်ဘဲ ပင်ကွင်းလေးရဲ့ အမွေးပွပွနဲ့ခေါင်းလေးကို ပုတ်လိုက်မိတယ်။

ဒီပင်ကွင်းကို နန်ကော တကယ်ကြိုက်တယ်ဆိုတာ ‌သိသာပါတယ်။မနေ့ကတည်းက သူမ အဲဒါကို ဖက်ထားတာ။

သူ တွေးနေတုန်းမှာပဲ သူ့လက်ထဲက လူဟာ ရုတ်တရက် လှုပ်လာတယ်။သူ့မှာ အလန့်တကြား ဖြစ်သွားလွန်းလို့ နောက်ကျောပါ တောင့်သွားရတယ်။သူ သူ့ရဲ့မူလ ကိုယ်ဟန်နေထားကို ထိန်းထားပြီး မလှုပ်ရဲဘူး။ကံကောင်းလို့ နန်ကောဟာ သူမရဲ့အိပ်တဲ့ ကိုယ်နေဟန်ထားကို ညှိရုံပဲဖြစ်ပြီး နိုးလာတာ မဟုတ်ဘူး။

ဒါပေမဲ့ သူမဟာ ကိုယ်နေဟန်ထားကို ပြောင်းလိုက်တာမို့ အရုပ်ပေါ် ရောက်နေတဲ့ သူ့လက်ဟာ သူမရဲ့...ခန္ဓာကိုယ်အောက်ထဲ လျှော၀င်သွားတယ်။

ကောင်မလေးဟာ ပက်လက်လှန် အိပ်နေတာ။သူမရဲ့ ရင်ဘတ်ကောက်ကြောင်းဟာ သူမအသက်ရှူသံနဲ့အတူ မြင့်ချည်နိမ့်ချည် ဖြစ်နေတယ်...။

အကြည့်တစ်ချက်နဲ့တင် ရှန်ရန်ချင်း အကြည့်ကို ကပျာကယာ လွှဲလိုက်တယ်။သူမျက်လုံးကို အတင်းမှိတ်ပြီး သူ့လက်ကို အပူလောင်ထားတဲ့အလား ဆွဲထုတ်လိုက်တယ်။သူဟာ အပြစ်ရှိစိတ်နဲ့အတူ လက်ကို အနောက်မှာ ဖွက်လိုက်တယ်။

သူ ဒေါသထွက်ထွက်နဲ့ မျက်မှောင် ကြုတ်လိုက်တယ်။မတတ်နိုင်ဘဲ စိတ်ထဲကနေ သူ့ကိုယ်သူ ရှုံ့ချမိတယ်။

သူ ဘာလို့ သူမကို ထိလိုက်တာလဲ။

သူ ဘာလို့ တုံ့ပြန်တာ အရမ်းနှေးရတာလဲ။

တစ်ခဏလောက် ရှန်ရန်ချင်းဟာ သူ့ရင်ထဲ ပူပြင်းလာတာကို ခံစားလိုက်ရတယ်။အဲဒါက မီးတောက်ကြီးတစ်ခုလိုမျိုး လောင်ပြီးရင်းလောင်လာတာ။

ဒါဟာ ရှန်ရန်ချင်းကို အနည်းငယ် စိုးရိမ်ပူပန်ရစေပြီး သူ့စိတ်ထဲက ပုံရိပ်ကိုလည်း ဖျောက်ဖျက်လို့ ရမနေဘူး။

မနက်ပိုင်း ဒီလိုအချိန်မှာ ယောက်ျားတစ်ယောက်အနေနဲ့ သူ့အတွက် စိတ်ဆန္ဒတွေကို မထိန်းချုပ်နိုင်တဲ့တုံ့ပြန်မှုတွေ အလွယ်တကူ ဖြစ်နိုင်တယ်။

အခုလေးတင် သူနောက်ဆုံးတော့ နည်းနည်းတည်ငြိမ် သွားပါပြီ။ဒါပေမဲ့ ဘယ်ပြောရပါ့မလဲ...။

ဟူး။ရှန်ရန်ချင်း တကယ် အိပ်မပျော်နိုင်တော့ဘူး။

မနက်၇နာရီခွဲမှာတော့ နန်ကျဲ့ဟာ သပ်သပ်ရပ်ရပ်၀ တ်စားထားပြီး ရှန်ရန်ချင်းအိ မ်အောက်မှာ အချိန်မီ ပေါ်လာတယ်။

သူက ဒီမှာနေထိုင်သူ မဟုတ်တော့ အပေါ်ကို တက်သွားလို့ မရဘဲ ရှန်ရန်ချင်းကို အောက်ဆင်းလာဖို့သာ ခေါ်လို့ရတယ်။ဘယ်သူမှ ဖုန်းကိုင် မနေတာကို မြင်တော့ သူနန်ကောကို ဖုန်းခေါ်လိုက်တယ်။ဒါပေမဲ့ သူလည်း အလားတူပဲမကိုင်ဘူး။

“မနိုးသေးတာလား” နန်ကျဲ့ မျက်မှောင်ကြုတ်ကာ စိတ်ပျက်လက်ပျက်နဲ့ ဆက်ခေါ်လိုက်တယ်။

နောက်ဆုံးတော့ လေးကြိမ်မြောက်ကောလ်မှာ ရှန်ရန်ချင်းဟာ ဖုန်းကိုင်လာတယ်။

120 02

“ဟေး အခုမှနိုးတယ်လို့ ငါ့ကို မပြောနဲ့နော်”

“ကျွန်တော် နိုးနေတာ ကြာပါပြီ။ မင်း အခု နန်ကောကို ခေါ်သွားတော့မလို့လား။ သူအိ ပ်နေတုန်းပဲ”

“ဒါဆို ဖုန်းကို ဘာလို့အခုမှကိုင်တာလဲ။ ဘာလဲ။ ငါက စိတ်ရှုပ်ဖို့ကောင်းတယ်လို့ ထင်လို့လား” နန်ကောအကြောင်း ထက်စာရင် နန်ကျဲ့ဟာ ဒီမေးခွန်းအတွက် ပိုပြီးပူပင်သောက ရောက်နေတယ်ဆိုတာ သိသာတယ်။

“ဟုတ်ပါတယ်။ ငါ မင်းတို့နှစ်ယောက်ကို သဘောတူထားပါတယ် အဲဒါကို မင်းက အခုတကယ့်ပုံစံအမှန်ကို ထုတ်ပြနေပြီပေါ့လေ။ မင်းက စိတ်လည်း မရှည်ဘူးဘဲ”

သူ့ရဲ့ကွန်ပလိန်းတွေကို နားထောင်ပြီး ရှန်ရန်ချင်းရင်ထဲ အရမ်းကြီးတော့လည်း မတုန်လှုပ်သွားပါဘူး။သူဒါကို နေသားကျနေပြီလေ။နန်ကျဲ့ဟာ ဇာတ်လမ်းတွဲတွေထဲ သရုပ်ဆောင်ဖို့ အရမ်းသင့်တော်တယ်လို့ သူခံစားရတယ်။သူဟာ ဘယ်ဇာတ်ရုပ်မဆို သရုပ်ဆောင်နိုင်ပြီး အရမ်းပရိုဆန်နေလိမ့်မှာ။

ဒါပေမဲ့ သူဒါကို ထုတ်တော့ မပြောရဲဘူး။သူ ရှင်းသာ ပြလိုက်တယ်။ “ကျွန်တော် ခုဏက ရေချိုးနေတာ ဖုန်းအသံပိတ်ထားတော့ မကြားလိုက်ဘူး”

“ရေချိုးနေတယ်။။” ဒါကိုကြားတော့ နန်ကျဲ့ဟာ မျက်လုံးတွေကို ကျဉ်းလိုက်ပြီး မေးလာတယ်။ “မနက်အစောကြီးကို မင်း ဘာလို့ ရေချိုးနေတာလဲ” သူတို့နှစ်ယောက်လုံးဟာ ယောက်ျားလေးတွေ။နန်ကျဲ့မျက်နှာထားဟာ ချက်ချင်း မဲမှောင်သွားတယ်။သူဟာ အံကြိတ်ပြီး ပြောတယ်။ “ငါ့ကို မပြောနဲ့နော် မင်းနဲ့သူ...”

“မင်း ထင်သလို မဟုတ်ပါဘူး” ရှန်ရန်ချင်းခမျာ ကူကယ်ရာမဲ့နေပြီ။ “တကယ် မဟုတ်ဘူး”

“ဒါဆိုလည်း ငါ့ကို တံခါးဖွင့်ပေးပြီး ချက်ချင်း‌ အပေါ်တက်လာလို့‌ရအောင် လုပ်လိုက်တော့!” နန်ကျဲ့ဟာ သူ့ကို မယုံဘူး။အိမ်ထောင်ရေး ဖောက်ပြန်တဲ့လူကို သွားအမိဖမ်းတော့မလိုမျိုး သူ အလျင် လိုနေခဲ့တယ်။

ရှန်ရန်ချင်းဟာ နှုတ်ခမ်းကိုဖိပြီး တံခါးမဖွင့်ပေးခင် တစ်စက္ကန့်လောက် နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရသေးတယ်။

နှစ်မိနစ်ကြာတော့ နန်ကျဲ့ဟာ တံခါးကို တွန်းဖွင့်ပြီး ၀င်လာတယ်။ရှန်ရန်ချင်းဟာ ညအိပ်၀တ်စုံကို ၀တ်ထားတုန်း ဖြစ်ပြီး သူ့ဆံပင်တွေဟာလည်း ရေစိုနေတယ်။

သူဟာ နန်ကျဲ့ကို တံခါးအ၀မှာ အထူးတလည် စောင့်နေခဲ့တယ်။နန်ကျဲ့ ၀င်လာတာမြင်တော့ သူနှုတ်ဆက်မလို့ လုပ်လိုက်ပေမဲ့ နန်ကျဲ့ဟာတော့ သူ့ကို လစ်လျူရှုကာ ဖြတ်လျှောက်သွားပြီး အိပ်ခန်းဆီ တန်းလျှောက်သွားတယ်။

မာစတာအိပ်ခန်းကိုရောက်တော့ နန်ကျဲ့ဟာ အထဲကို၀င်မသွားဘူး။သူဟာ အ၀မှာပဲရပ်ပြီး အထဲကို လှမ်းကြည့်လိုက်တယ်။သူ့အကြည့်ဟာ သိပ်ပြီး တင်းရင်းမနေခဲ့ဘူး။

ဒါပေါ့။ရော့ရော့က တကယ့်မိန်းကလေးဆိုတာကို သူ သိတာပေါ့။

“မင်းတို့ မနေ့ညက အတူအိပ်ခဲ့တာလား”

နန်ကျဲ့ဟာ အရမ်းဉာဏ်ကောင်းတယ်။တစ်ချက်ကြည့်ရုံနဲ့ နန်ကော အိပ်နေတဲ့အခန်းဟာ ဧည့်သည်ခန်း မဟုတ်မှန်းကို သူ သိသွားတယ်။

“အဲဒီလို မဟုတ်ဘူး”

ရှန်ရန်ချင်း ကြည့်ရတာတော့ ကြည်လင်တဲ့ အသိစိတ် ရှိနေသလိုပါပဲ။ “သူ မနက်၅နာရီ၀န်းကျင်လောက် နိုးလာပြီး ကျွန်တော့် အခန်းထဲမှာ ခဏဆက်အိပ်တာ”

“မင်းကရော”

“သူ့ကို သိပ်ပြီးတော့ စာသွားလေ့လာတယ်။ အခုမှ မျက်နှာသစ်ဆေးကြောပြီး မနက်စာ လုပ်ပေးမလို့ လုပ်နေတာ”

ရှန်ရန်ချင်းဟာ အသေးစိတ် ရှင်းပြနေတယ်။သူ့လေသံနဲ့ မျက်နှာထားဟာလည်း ပုံမှန်ပဲ။

နန်ကျဲ့ဟာ သူ့ကို ခေါင်းစခြေဆုံး ကြည့်တယ်။သူ မလိမ်နေဘူးဆိုတာကို အတည်ပြုပြီးတဲ့နောက် သူပြန်လှည့်ကာ ဧည့်ခန်းထဲကို ပြန်သွားတယ်။

သူဟာ ထုံးတမ်းစဉ်လာအတိုင်း ယဉ်ယဉ်ကျေးကျေး လုပ်မနေဘဲ သူ့အိမ်သူရာလိုမျိုး ဆိုဖာပေါ်မှာ ထိုင်ချလိုက်တယ်။သူဟာ ပေါ့ပေါ့ပါးပါးပဲ ငှက်ပျောသီးတစ်လုံးကို ယူကာ အခွံနွှာလိုက်တယ်။သူဟာ စားနေရင်း မလှမ်းမကမ်းမှာ ရပ်နေတဲ့ ရှန်ရန်ချင်းကို တစ်ချက်ကြည့်ပြီး ညွှန်ကြားလိုက်တယ်။ “ဘာစောင့်နေတာလဲ။ မနက်စာ လုပ်မလို့ဆို။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ငါလည်းဆာနေတာ မြန်မြန်သွားလုပ်”

သူ ဒီရောက်နေပြီဆိုမှတော့ ရှန်ရန်ချင်းဟာ သူ့ကို မနက်စာကျွေးဖို့ကို ကပ်စေးနည်း မနေပါဘူး။ “မင်း မကြိုက်တာတို့ဘာတို့ ရှိလား”

သူဟာ စဉ်းစဉ်းစားစားနဲ့ မေးလိုက်တယ်။

“မင်း တရုတ်စာ လုပ်နေတာလား။ အနောက်တိုင်းစာ လုပ်နေတာလား”

120 03

“နန်ကောက ခုဏက ခေါက်ဆွဲ စားချင်တယ်ပြောလို့ ကျွန်တော် တရုတ်စာ လုပ်နေတာ မင်း အဆင်ပြေလား”

“ပြေတယ်။ ခေါက်ဆွဲက ငါ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ်သီး မစားဘူး။ အဲဒါတွေမထည့်နဲ့”

ရှန်ရန်ချင်း “.....”

“ဟုတ်ပြီ တခြားရှိသေးလား”

“အဲဒါအကုန်ပဲ သွားတော့” နန်ကျဲ့ဟာ လက်ခါပြကာ သူ့ကိုသွားဖို့ညွှန်ပြတယ်။

ရှန်ရန်ချင်းရဲ့ ပုခုံးဟာပြေလျော့သွားပြီး သူ အနောက်လှည့်ကာ မီးဖိုချောင်ထဲကို ၀င်သွားတယ်။

သူထွက်သွားတာနဲ့ နန်ကျဲ့ဟာ မော့ပြီး အပြင်အဆင်တွေကို သေချာကြည့်ကြည့်တယ်။

ဟိုဟိုဒီဒီ လျှောက်ပတ် ကြည့်ပြီးတဲ့နောက်မှာတော့ သူဟာ စုတ်တစ်ချက် သပ်လိုက်တယ်။ “မင်းပုံစံက တကယ်ကို ပျမ်းမျှပဲ” သေချာပေါက်ကို သူနဲ့ မယှဥ်နိုင်ဘူး။

ထင်ထားတဲ့အတိုင်း သူဟာ အိုနေပြီး ရိုးရိုးရှင်းရှင်းစတိုင်ကို ကြိုက်တာ။သူ့လိုမျိုး အသက်၀င်၀င်နဲ့ တက်တက်ကြွကြွ မရှိဘူး။

ဒီလိုလူနဲ့ တစ်နေ့လုံးနေရတာ နန်ကော မပျင်းဘူးလား။

ဒါဟာအမြဲ နန်ကျဲ့ နားမလည်နိုင်တဲ့အရာပဲ။

နန်ကောက အခုမှ ၂၀စွန်းစွန်းပဲ ရှိသေးပြီး အပျော်မက်တဲ့ အသက်အရွယ်မှာပဲ ရှိသေးတယ်။ရှန်ရန်ချင်းလို ပျင်းစရာကောင်းတဲ့ လူနဲ့ နေရတာ သူမ စိတ်ဓာတ်မကျဘူးလား။

နန်ကျဲ့ဟာ မနေနိုင်ဘဲ ထကာ ဧည့်ခန်းကို အနီးကပ် သေချာထပ်ကြည့်လိုက်တယ်။ရှန်ရန်ချင်းရဲ့နေရာက အရမ်းငြီးငွေ့ဖွယ် ကောင်းလွန်းတယ်လို့ သူ တောက်လျှောက် ခံစားနေရတယ်။ဒါပေမဲ့ အဲဒါဟာ အရောင်ပေါင်းစပ်မှု စတိုင်ကြောင့်တင် မဟုတ်ဘဲ တစ်ခုခု လိုနေတယ်လို့ သူ ခံစားနေရတယ်...။အဲဒီနောက် သူနေရာမှာတင် ရပ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားတယ်။

ဒီနေရာဟာ အရမ်းခံစားချက် မရှိသလိုဘဲ။

ဟုတ်တယ်။ဒါ လိုနေတာ။

သူ အနားတစ်၀ိုက်ကို တစ်ချက် ပတ်ကြည့်လိုက်တယ်။မိသားစု ဓာတ်ပုံ တစ်ပုံတောင် မရှိဘူး။

သူ့ ဧည့်ခန်းဆိုရင် မိသားစုဓာတ်ပုံတွေနဲ့ ပြည့်နေတာ။

အဲဒီနောက် သူ ရှန်ရန်ချင်းရဲ့မိသားစုအကြောင်းကို အသေးစိတ် မသိသေးဘူးဆိုတာကို သတိရသွားတယ်။အခြားလူတွေဆီကနေသာ နည်းနည်းပါးပါးကြားဖူးတာ။

မီးဖိုချောင်ထဲမှာတော့ ရှန်ရန်ချင်းဟာ ခေါင်းငုံ့ပြီး လေးနက်တဲ့ မျက်နှာထားနဲ့ ဟင်းပွဲတွေကို လှီးဖြတ်နေခဲ့တယ်။

သူ့‌အနောက်က တံခါးဟာ သတိပေးချက် မရှိဘဲ ပွင့်လာတယ်။

ဘယ်သူလဲ ဆိုတာသိရဖို့ သူ လှည့်ကြည့်စရာ မလိုဘူး။ဒါပေမဲ့ သူ တစ်ဖက်လူအပေါ်ကို အာရုံတစ်ချို့ စိုက်ပေးလိုက်တယ်။

“ကျွန်တော် ဘာလုပ်ပေးရမလဲ”

“ရှန်ရန်ချင်း ငါက နန်ကောရဲ့မိသားစု၀င်ပဲ...ဆိုတော့ကာ မင်းရော မင်းမိသားစု အကြောင်း ငါ့ကို မပြောပြသင့်ဘူးလား”

******

All Chapters