← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

71 01

Chapter 71 သူမရဲ့ ခုနကအပြုအမူတွေကို ပြစ်တင်ရှုံ့ချတာ။

ရှန်ရန်ချင်းအမေ ဒါကို ပြောလိုက်တာနဲ့ လူတိုင်းရဲ့ မျက်နှာထားတွေဟာ ပြောင်းလဲသွားတယ်။

“အန်တီ...” ရှောင်ယွဲ့က မျက်မှောင် ကြုတ်တယ်။ သူမ အဲဒါကို ပြောလိုက်ဖို့ မသင့်တော်ဘူးလို့ ခံစားရတယ်။

နန်ကောရဲ့ မျက်နှာထားဟာလည်း ကောင်းမနေဘူး။ သူမ မနေနိုင်ဘဲ မေးလိုက်မိတယ်။ “အန်တီ ဒါ ကျွန်မတို့ ပထမဆုံးတွေ့ဖူးတာမလား? ကျွန်မ အန်တီ မကြိုက်တာတစ်ခုခု လုပ်ခဲ့မိတယ်လို့တော့ မထင်ပါဘူး ဟုတ်တယ်မလား”

“မဟုတ်ဘူး” အမျိုးသမီးဟာ ရုတ်တရုက် ပြုံးလိုက်တယ်။

“မင်းနဲ့ ရှန်ရန်ချင်း တွဲနေတာ မဟုတ်ဘူးလား”

“.....” နန်ကောဟာ ဘာအကြောင်းကြောင့် ဒီလိုဖြစ်ပြီး ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာလဲဆိုတာ နားမလည်ဘူး။ သူမဟာ နည်းနည်းတော့ ဆွံ့အသွား‌တယ်။ “အရင်ဆုံး ကျွန်မတို့ တွဲနေတာ မဟုတ်ပါဘူး။ ဟင့်အင်း မဟုတ်သေးတာ”

“ဒါပေမဲ့ တကယ်လို့ ကျွန်မတို့ တွဲနေတယ်ဆိုရင်လည်း အန်တီက ဘာလို့ ကျွန်မနဲ့ ပတ်သတ်ပြီး မကြည်တာလဲ”

အမျိုးသမီးဟာ ရှောင်ယွဲ့လက်ကို ဖြုတ်လိုက်ပြီး ခြေတစ်လှမ်း ရှေ့တိုးလာတယ်။ သူမက သင့်လျော်စွာပဲ ပြုံးပြတယ်။

“ငါ့မှာ မင်းအပေါ် ဘာရန်ငြိုးမှ မရှိပါဘူး။ မင်းက အတော်ကောင်းတဲ့ မိန်းကလေးဆိုတာ ငါ ရှောင်ယွဲ့ဆီက ကြားထားပြီးသား ငါလည်း မင်းက ချစ်စရာကောင်းပြီး လှတယ်လို့ ထင်ပါတယ်”

နန်ကောဟာ နှုတ်ခမ်းကို ဖိကိုက်ထားပြီး သူမကို တည်တည်ငြိမ်ငြိမ်ပဲ ကြည့်တယ်။

ဒါထက် ပိုမယ်လို့ သူမ ယောင်ဝါးဝါးလေး ခံစားနေရတယ်။

“ဒါပေမဲ့...”

ထင်တဲ့အတိုင်းပဲ။ သူမခန့်မှန်းတာ မှန်တယ်ဆိုတာ နန်ကောသိသားပဲ။

သူမဟာ နည်းနည်း မြောက်သွားသလို ခံစားရတယ်။

အချိန်တစ်ခဏလောက် တစ်ဖက်လူက ဘာဆက်ပြောမလဲဆိုတာကို သူမ ဂရုမစိုက်မိဘူး။

“ငါ့သား ဘယ်သူ့ကိုပဲ တွဲတွဲ၊ ဘယ်သူ့ကိုပဲ လက်ထပ်ထပ် သူ ငါ့ ခွင့်ပြုချက်လိုတယ်။ မင်းက လှတယ်ဆိုပေမဲ့ ငါမင်းကို ရွေးမှာ မဟုတ်ဘူး”

ဒါကို ကြားတော့ နန်ကောမပြောနဲ့။ ယွီတောင်မှ မအောင့်နိုင်ဘဲ ထရယ်မိတယ်။

ချာတိတ်နှစ်ယောက်ဟာ သူတို့ရောက်နေတဲ့အခြေအနေကို လုံးလုံးမေ့သွားပြီး မျက်ရည်ကျမတတ် ရယ်တော့တယ်။

“နန်ကော ဟားဟားဟား ငါ မရတော့ဘူး ဟားဟားဟား...” ယွီဟာ လက်ကို န‌န်ကောပုခုံးပေါ် တင်လိုက်ပြီး အသေအလဲ ရယ်နေလိုက်တာ အသက်ရှူ ကျပ်တော့မလိုတောင် ဖြစ်သွားတယ်။

နှိုင်းယှဉ်ရမယ်ဆိုရင်တော့ နန်ကောဟာ နည်းနည်းပုံမှန်ဆန်ပြီး အရမ်းကြီးလည်း စော်ကားမော်ကား မလုပ်ရဲဘူးလေ။

သူမက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပြီး ဒီလိုအချိန်မျိုးမှာ ရယ်တယ်ဆိုတာ ယဉ်ကျေးတာမျိုး မဟုတ်ကြောင်း သိတဲ့အတွက် သူမကိုယ်သူမ အနည်းငယ် ပြန်ထိန်းလိုက်တယ်။

ဒါပေမဲ့ ယွီကတော့ ဒါကို ဂရုမစိုက်ဘူး‌။ သူ့ရယ်တာဟာ ပစ္စည်း၀ယ်ဖို့ ဆိုင်ထဲ၀င်လာတဲ့ ဖြတ်သွားဖြတ်လာတွေကို ဆွဲဆောင်နေတော့တယ်။

‌ဒါဟာ ပထမဆုံးအကြိမ် သူမတို့နဲ့ ဆန့်ကျင်ဘက်မှာ ရှိတဲ့အမျိုးသမီး အခုလိုမျိုး အကြည့်ခံရတာပဲ။ သူမရဲ့ မျက်နှာထားဟာ ချက်ချင်းအေးစက်သွားတယ်။

“မင်းတို့မိသားစုက မင်းတို့ကို လေးစားမှုဆိုတာကို မသင်ပေးထားဘူးလား”

“ကျွန်မ တောင်းပန်ပါတယ် အန်တီ” နန်ကောဟာ နည်းနည်းတော့ရှက်နေတယ်။ “ကျွန်မတို့က ကောင်း‌ကောင်းမွန်မွန် ကြီးပြင်းလာတာပါ။ ဒါပေမဲ့ အန်တီ့စကားက တကယ်ကိုပဲ ရယ်ရလို့ ကျွန်မတို့ ရယ်မိသွားတာပါ”

“အန်တီ ချင်းမင်းဆက်က ကုန်သွားတာ ကြာပါပြီ။ သူက အပျိုတော်ကောက်နေတဲ့ ဧကရာဇ်ကြီးလည်း မဟုတ်ဘူး။ အခုခေတ်မှာ လူတွေက အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ လွတ်လပ်ခွင့် ပေးထားကြပြီ”

71 02

“ပြီးတော့ အန်တီပြောတယ်မလား...အန်တီ ကျွန်မကို မရွေးဘူးဆိုတာ အမ်...ဒါပေမဲ့ ကျွန်မ အန်တီ့ကို တွဲနေတာမှ မဟုတ်တာ ဟုတ်တယ်ဟုတ်”

“ဒီတော့ အန်တီ ကျွန်မကို ရွေးမယ်ဆိုလည်း ကျွန်မအတွက် အဲဒီလောက်ကြီး အရေးမပါပါဘူး”

“.....”

ကံကောင်းစွာနဲ့ ယွီဟာ နန်ကောရဲ့ တွေးခေါ်ပုံနဲ့ ရင်းနှီးနေလို့။ မဟုတ်ရင် နန်ကောတစ်ယောက် တမင်ရွဲ့နေတယ်လို့ သူ ထင်မိမှာ။

နန်ကောမှာ အစကတည်းက အန္တာရာယ်ကင်းတဲ့ မျက်နှာ‌လေးရှိတာ။ ဒါကို လေးလေးနက်နက်ပြောပြီးတဲ့အခါ သူမကြည့်ရတာ ပိုပြီးတောင် ဒေါသထွက်လာသလိုပဲ။

ဒါပေမဲ့ ကျေနပ်စရာကောင်းတာတော့ အမှန်ပဲ။

“မင်းက ငယ်ပေမဲ့ လျှာကတော့ ထက်သားပဲ” အမျိုးသမီးက နန်ကောဟာ အတော်လေးနုံသေးတယ်လို့ ခံစားရပြီး အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့လိုက်တယ်။ “ငါ သဘောမတူရင် သူ မင်းနဲ့ ဆက်တွဲပါ့မလားဆိုတာ ကြည့်ကြသေးတာပေါ့”

“ပြီးတော့ ငါက သူ့အမေပါ ငါ့တောင်းဆိုချက်ကလည်း သူ့တောင်းဆိုချက်ပဲ။ ငါက မင်းကို မကြိုက်ဘူးပြောရင် သူလည်း ကြိုက်မှာ မဟုတ်ဘူး”

တကယ်လို့ အခြားမိန်းကလေးတစ်ယောက်သာဆိုရင် သူတို့ ဒီနေရာမှာ သေလောက်အောင် ဒေါသထွက်ပြီး ငိုယိုမိလိမ့်မယ်။

ဒါပေမဲ့ နန်ကောကတော့ ကွဲပြားတယ်လေ။ ဒါကို ကြားတော့ သူမရင်ထဲ ဘယ်လိုမှကို မနေဘဲ ရယ်တောင် ရယ်ချင်မိသွားသေးတယ်။

ဒီပင်ကွင်းပေါက်ဟာ များသောအားဖြင့် တုံးအတယ် ဆိုပေမဲ့လည်း လူဆိုးတွေ သူမငါးကို လာလုဖို့ ကြိုးစားရင်တော့ ခုခံရမှာပဲ!

ပင်ကွင်းတွေ ကိုက်ဖို့ မနာဘူးလို့ ဘယ်သူပြောလဲ?

ယွီဟာ တစ်ခုခုကူပြီး ပြောပေးချင်ပေမဲ့ နန်ကောဟာ လက်ကို ယမ်းပြီး သူ့ကို ဝေးဝေး တွန်းလိုက်တယ်။ အဲဒီနောက် သူမဟာ လက်တစ်ဖက်ကို ခါးမှာ ထောက်ထားပြီး ပြောတယ်။ “အန်တီ ကျွန်မ အန်တီပြောတဲ့စကားကို နားထောင်မှာ မဟုတ်ဘူး”

“ကျွန်မ ထပ်ပြောလိုက်မယ် အန်တီပြောတဲ့ဟာက ကျွန်မကို အဲဒီလောက်ကြီးလည်း ထိမနေဘူး”

“သူ ကျွန်မကို ကြိုက်လား မကြိုက်လားရယ် သူလိုချင်တဲ့ မိန်းကလေးရယ်ကတော့ သူ့ဆီက ကျွန်မကို ကိုယ်တိုင်ပြောပြမှာကိုပဲ စောင့်နေလိုက်မယ် အန်တီ့ဆီက မဟုတ်ဘူး”

“လူတိုင်းက လွတ်လပ်ပြီး တစ်ကိုယ်တည်း ရပ်တည်နိုင်တယ် သူတို့မှာ ကိုယ်ပိုင်လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်စွမ်းနဲ့ ကိုယ်ပိုင်စံနှုန်းတွေ ရှိပြီးသား တစ်ယောက်ယောက်ကနေ သူတို့ကို လာလွှမ်းမိုးဖို့ မလိုဘူး”

“ရှင်းရှင်းပြောရရင်တော့ ကျွန်မ သူပြောတာကိုပဲ ကြားချင်တယ်!”

လက်တစ်ဖက် ခါးထောက်ထားရင်းနဲ့ ပင်ကွင်းပေါက်ဟာ စကားလုံးတွေကို တစ်လုံးချင်းစီ ရှင်းရှင်းလင်းလင်း အသံထွက်ပြလိုက်တယ်။

ယွီ ဒါကို ကြားတော့ သူ မနေနိုင်ဘဲ သူမကို ချီးကျူးမိသွားတယ်။

နန်ကောက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ဘယ်ကောင်ပြောတာလဲ?‌ပြောတဲ့ကောင်တွေ မျက်ခွက်ကို တစ်ချက်‌လောက် အရိုက်ခံသင့်တယ်!

နန်ကောရဲ့ သွက်လက်တဲ့လျှာဟာ ကျောင်းတုန်းက စကားရည်လုပွဲတွေကတည်းက လေ့ကျင့်ထားပြီးသား။ သူမ စကော်လာမရဘူးဆိုရင်တောင်မှ သူမဟာ သူမရဲ့ ပုံမှန်မဟုတ်တဲ့‌ အတွေးအခေါ်တွေကို မှီခိုပြီး သူမလမ်းမှာရှိတဲ့ လူတိုင်းကို အပီကျွေးခဲ့တာ။

အမျိုးသမီးရဲ့ မျက်နှာထားကို သတိမထားမိဘဲ နန်ကောဟာ ခါးအနည်းငယ်ကိုင်းပြီး ပြုံးပြလိုက်တယ်။

“အန်တီ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း လုပ်စရာရှိသေးလို့ အရင်သွားပါတော့မယ် ဒီနေ့ ကျွန်မ အန်တီ့ကို ဒီမှာတွေ့ရလို့၀မ်းသာပါတယ် နောက်တစ်ခါ...”

နန်ကောဟာ ယဉ်ကျေးချင်ပေမဲ့ သူမရဲ့ စကားလုံးတွေကတော့ သူမရဲ့စိတ်နဲ့ တွန်းကန်နေတယ်။

ဒါကြောင့် သူမဟာ စကားလုံးတွေကို ပြောင်းလိုက်တယ်။ “အာ ထားပါ အန်တီမှ ကျွန်မကို သိပ်မကြိုက်တာ ထပ်မတွေ့တာဘဲ ကောင်းပါတယ်”

“ဘိုင်း”

အဲဒီလိုနဲ့ သူမ လက်ပြနှုတ်ဆက်ပြီး နောက်ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ယွီကို ဆွဲခေါ်သွားတယ်။

71 03

သူမရဲ့ ‌ခြေသံတွေဟာ ဖျက်လတ်နေခဲ့ပြီး သူမရဲ့ နောက်ကျောဟာလည်း ယုံကြည်ချက်ရှိခြင်းနဲ့ မောက်မာခြင်းတို့အသွင်ကို ဖော်ဆောင်ထားတယ်။

ဒါဟာ နန်မိသားစု မင်းသမီးငယ်လေးရဲ့ ယုံကြည်ချက်ပဲ။

_____

ဒီအထပ်ကနေ ထွက်လာတဲ့အခါ နန်ကောရဲ့ပုခုံးဟာ ချက်ချင်းပဲ လျှောကျသွားတယ်။ သူမဟာ ရင်ဘတ်ကို ပုတ်လိုက်ပြီး အနည်းငယ် ကျန်နေသေးတဲ့ကြောက်စိတ်နဲ့ ပြန်ကြည့်လိုက်တယ်။ “ငါ ကြောက်လွန်းလို့ သေတော့မယ် ရှန်ရန်ချင်းအမေကြီးက ခက်ထန်လိုက်တာ!”

“သေချာပေါက်ပဲ” ယွီဟာ လက်မြှောက်ပြီး သဘောတူတယ်။ “ငါ ဥက္ကဌရှန်မှာ ကြောက်စရာကောင်းတဲ့အမေ ရှိလိမ့်မယ်လို့ မထင်ထားဘူး”

“ဘာပဲဖြစ်ဖြစ် တစ်ချက်ကြည့်ရုံနဲ့ သူက သွားရှုပ်လို့ရတဲ့လူ မဟုတ်ဘူးဆိုတာ ငါ သိလိုက်တယ် သူက နတ်သမီးပုံပြင်တွေထဲက စုန်းမကြီးလိုပဲ”

နန်ကောဟာ ခေါင်းညိတ်တယ်။ “နည်းနည်းပေါ့”

“ပြီးတော့ သူ့၀မ်းကွဲ သူကလည်း ကောင်းတဲ့လူမဟုတ်ဘူး နင် ရှေ့ဆက်ပြီး သူနဲ့ ဝေးဝေးနေသင့်‌တယ်”

ဒါပေမဲ့လည်း...

ယွီဟာ ဒီအကြောင်း ထပ်တွေးလိုက်ပြီး “နင် နောက်ဆို သူ့ကို လက်ထပ်ပြီးရင်လည်း သူတို့နဲ့ မကြာခဏတွေ့ရဦးမှာပဲ နင် သူတို့ကို ရှောင်လို့ ရမှာ မဟုတ်ဘူး”

“ပြီးတော့ ဥက္ကဌရှန်က သူ့အမေစကားနားထောင်မှာလား”

တကယ်လို့ အဲဒါက ပြဿနာဆိုရင် နန်ကောဟာ သူ့ကို လက်မထပ်နိုင်လောက်ဘူး။

“အင်း...” နန်ကောဟာ ပြန်တွေးကြည့်ရင်း သူမမျက်လုံးတွေဟာလည်း အနည်းငယ်ဟာသွားတယ်။ “မဟုတ်လောက်ပါဘူး ဟုတ်”

“သူ အခု သူ့အမေရဲ့ အကြုံပြချက်ကို နားယောင်မှာ မဟုတ်လောက်တော့ဘူး”

“ဘာလို့လဲ” ယွီဟာ ဒီတိုင်းပဲ မေးလိုက်တယ်။

“အာ” ဒါက ရှန်ရန်ချင်းရဲ့ ကိုယ်ရေးကိုယ်တာထဲ ပါ၀င်နေတယ်။ အဆုံးမှာတော့ နန်ကောဟာ ခေါင်းကိုသာ ခါပြီး ဘာမှ မပြောခဲ့ဘူး။

ဒါကို မြင်တော့ ယွီဂာလည်း သူ့အကန့်အသတ်ကို သိပြီး ဘာမှ ထပ်မမေးဘူး။

သူတို့နှစ်ယောက်လုံးဟာ ဒီ “စုန်းမအိုကြီး” ဆီကနေ နှောင့်ယှက်ခံလိုက်ရပြီးတဲ့နောက် ဈေးဆက်၀ယ်ထွက်ဖို့ စိတ်အခြေအနေမှာ မရှိကြတော့။ သူတို့ ဆက်ပြီးထွက်နေမယ်ဆိုရင် သူမနဲ့ ထပ်ပြီးတိုးနေမှာကို စိုးရိမ်တာလည်း ပါတယ်။

ယွီဟာ နန်ကောကို ပြန်လိုက်ပို့တယ်။

အိမ်ထဲကို ရောက်တဲ့အခါ နန်ကောဟာ ဖိနပ်လဲစီးပြီး ၀င်လာတယ်။ အိမ်က ဒီနေ့ အရမ်းတိတ်ဆိတ်နေတယ်။ သူမမိဘတွေက ပွဲတစ်ခုခုတက်ဖို့ ရှိပြီး နန်ကျဲ့ကတော့ ပျောက်နေတာ။

အိမ်အကူဟာ သူမကို သစ်သီးကူလှီးပေးတယ်။ နန်ကောဟာ အဲဒါတွေကို ယူပြီး စားဖို့ အပေါ်ထပ်ကို သယ်သွားတယ်။

သူမ ဓာတ်လှေကားထဲကနေ ထွက်လာတော့ သူမအိတ်ထဲက ဖုန်းဟာ အသံမြည်လာတယ်။

ဒီအထူးတလည်တပ်ဆင်ထားတဲ့ဖုန်းတီးလုံးကို နားထောင်ကြည့်လိုက်တာနဲ့ ဘယ်သူလဲဆိုတာကို နန်ကောသိတယ်။

အခု သူမကို ရှန်ရန်ချင်း ဖုန်းခေါ်နေတာကို တွေးမိတော့ နန်ကောဟာ ရုတ်တရက် နည်းနည်းကြောက်သွားသလို ခံစားရတယ်။

ဖြစ်နိုင်တာက...သူ သူမရဲ့ ခုနက အပြုအမူတွေကို ပြစ်တင်ရှုံ့ချမလို့ ခေါ်တာများလား?

******

All Chapters