အခန်း ၅
Vol. 1 Ch. 5
Ch 5 စင်္ကြာဝဠာနဂါးငွေ့တန်းကာကွယ်ရေးအသင်း
စာသင်ချိန်စတင်လာခဲ့တယ်။ နန်ကောက စုဟွေးရဲ့ဘက်ကို မဲမှောင်စွာနဲ့ပဲ လျှောက်သွားခဲ့တယ်။
သူမ ထိုင်ချလိုက်ပြီး သိပ်မကြာခင်မှာ စုဟွေးက စားပွဲဘက်ကို ကွေးလာပြီး သူမရဲ့စပ်စုချင်သလိုမျိုး မေးလာခဲ့တယ်။ “နင်က ဘာလို့ရှန်ရန်ချင်းနဲ့အတူတူ ဝင်လာရတာတုန်း”
“.....” နန်ကောတစ်ယောက် စင်မြှင့်ပေါ်က ပုံရိပ်ကို တိတ်တဆိတ် ကြည့်နေမိတာကြောင့် ဘာပြောလိုက်မှန်း မသိလိုက်ဘူး။
စင်ပေါ်ရှိအမျိုးသားက မတုန်မလှုပ်နဲ့ ပြောပြနေဆဲဖြစ်တယ်။ သူ့အော်ရာက တော့ အရမ်းကို ဩဇာပြည့်ဝနေတယ်။ ဒါကြောင့် နောက်တစ်ကြိမ်ထပ်ပြီး အတွေးလွန်သွားမိတယ်။ သူမက ဘာလို့များ အဲဒီလူကို ကျောင်းသားသစ်တစ်ယောက်အဖြစ်နဲ့များ အထင်လွဲခဲ့မိရတာများလဲနော်။
သူမက ရိုးရိုးစင်းစင်းနဲ့ပဲ သူ့ကို မာစတာဘွဲ့ ဒါမဟုတ် ပီအတ်စ်ဒီ အတွက် ကျောင်းတက်နေရတဲ့စီနီယာလို့ ဘာကြောင့်များ တွေးမိလိုက်ရတာလဲ။
သူမက သူ့ကို ရှန်ရန်ချင်းကြီး ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိလိုက်ရတာလဲလို့။
နန်ကောက ဘွင်းဘွင်းရှင်းရှင်း ပျော်တတ်တဲ့သူတစ်ယောက်သာဖြစ်တယ်။ သူမက ဓါတ်လှေကားထဲမှာ ပြောခဲ့တဲ့စကားတွေကို ပြန်တွေးမိလိုက်တော့ သူမကို သူမ မြေကြီးတူးပြီး တွင်းထဲကို ကန်ထည့်လိုက်ဖို့တောင် မလုပ်ပဲ မနေနိုင်တော့ဘူး။
ဘုရားရေ ငါအခုလေးတင် အဲဒီဒီလူကို ဘာတွေများ ပြောလိုက်မိတာပါလိမ့်။
သူမက တိတ်တဆိတ် ငိုကြွေးနေမိရင်းနဲ့ စားပွဲပေါ်ကို အားမလို အားမရနဲ့ ပစ်လှဲလိုက်မိတယ်။ “ငါ အခုချိန်မှာ သေသွားဖို့ကို မျှော်လင့်မိတယ်”
“ဟမ်” စုဟွေးက ဘာကို ဖြစ်ခဲ့မှန်းကို နားမလည်နိုင်ဖြစ် နေတယ်။ “နင့်မှာ ဘာပြဿနာဖြစ်သွားလို့လဲ”
“ငါက ရှန်ရန်ချင်းအကြောင်းကို ရှန်ရန်ချင်းရှေ့တည့်တည့်မှာညည်းညူမိရုံလေးပါပဲ။ ငါက သူ့ကို ငါ့ကို တာဝန်ယူပေးဖို့တောင် ပြောခဲ့သေးတယ်လို့”
ဒီစကားကို ကြားတော့ ပထမက နည်းနည်းလောက်တော့စိတ်ရှုပ် သွားခဲ့ရတာမို့ စုဟွေးကတော့ ဒါကို စဉ်းစားဖို့အချိန်တစ်ခုကို လိုအပ်နေဆဲပင်။
သူမက စင်ပေါ်က ယုံကြည်ချက်ပြည့်နေသည့် အမျိုးသားနဲ့ စားပွဲပေါ်မှာ အသေကောင်လိုမျိုး လဲနေတဲ့ နန်ကောကို ကြည့်နေမိလိုက်တယ်။ သူက နန်ကောဆိုလိုသည့် အဓိပ္ပါယ်ကို ရှာတွေ့သွားတော့တယ်။ သူက နန်ကောရဲ့ပုခုံးကို ပုတ်လိုက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်တယ်။ “အဆင်ပြေပါတယ်ဟဲ့။ အချိန်က တစ်ခဏအတွင်း မြန်မြန်ဆန်ဆန် ကုန်သွားမှာပါ”
“နင် င့ါကို နှစ်သိမ့်ပေးဖို့ လုပ်နေတာလား”
စုဟွေးက နန်ကောတစ်ယောက် ဟိုက်တက္ကသိုလ်ကို လျှောက်ကတည်းက သူမက ရှန်ရန်ချင်းဆီက ညှို့ယူခံခဲ့ရ တာကို သိလိုက်ပြီးသားဖြစ်တယ်။
လွန်ခဲ့တဲ့နှစ်နှစ် အတန်းတစ်ခုပြီး ဆုံးခါနီး ခါတိုင်းလိုမျိုး စာပြန်မနွှေးမိချိန် မလုပ်ဖြစ်ပေမဲ့လည်း နန်ကောကတော့ ရှန်ရန်ချင်းရဲ့အကြောင်းကို ညည်းညူခဲ့သေးတယ်။
သူမက ရှန်ရန်ချင်းနဲ့နန်ကောရဲ့ကြားက အကြောင်းကို အစောတည်းက သိပြီး သားဖြစ်တယ်။
“ဟေး ဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူးဟ အရမ်းကြီးကြီး မားမား မဟုတ်ပါဘူး ဘယ်လိုဖြစ်ဖြစ် နင်တို့တစ်ယောက်နဲ့ တစ်ယောက်တွေ့ရမှာမှ မဟုတ်ဘဲ”
ဒီတစ်ခါတော့ သူနှစ်သိမ့်ခဲ့ဖူးတာက အကျိုးသက်ရောက်မှုရှိသွားခဲ့တယ်။
နန်ကောက ဒီတစ်ခါတော့ သေသေချာချာလေးတွေးလိုက် မိတယ်။ “ဒါလည်း မှန်တာပဲ”
အခန်းထဲက ထွက်သွားချိန်မှာ ရှန်ရန်ချင်းနဲ့သူမတို့ နောက်တစ်ကြိမ်တွေ့ရဖို့က ခက်တယ်လေ။
ပြောရရင် ရှန်ရန်ချင်းနဲ့သူမတို့နှစ်ယောက် နောက်တစ်ကြိမ်ထပ်တိုးဖို့က သူမက အတန်းလိုက်ထီငါးသန်းပေါက်နိုင်ချေ ရှိတာထက်တောင် ပိုရာခိုင်နှုန်း နည်းသေးတယ်။
စာသင်ချိန်က ချောချောမွေ့မွေ့ ပြီး သွားခဲ့တယ်။ အဆုံးမှာတော့ အမေးအဖြေက ဏ္ဍ စတင်လာခဲ့လေပြီ။ အတူရှိနေတဲ့ ကျောင်းသားတွေကလည်း တစ်ယောက်ထက်တစ်ယောက် ပိုပြီး စိတ်ဓာတ် တက်ကြွနေလေတယ်။
စုဟွေးက အံ့အားသင့်စွာ ပြောလာတယ်။ “ဒါက ရတောင့်ရခဲအခွင့်အရေးပဲဟ နင့်ရဲ့လက်ကို မြှောက်လိုက်လေ”
ရှန်ရန်ချင်းက ဟိုက်တက္ကသိုလ်ကို စာသင်ဖို့အတွက် လာမယ် ဆိုတာကို သိပြီး က တည်းက နန်ကောက ကြေညာချက်တွေ ကိုတောင် ထင်ရှားအောင် လုပ်ထားခဲ့သေးတယ်။ သူက ရှန်ရန်ချင်းကို မေးခွန်းမေးဖို့ကို အခွင့်အရေးယူလိုက်ပြီး ဒီကိစ္စအပေါ်မှာ တာဝန်ယူခိုင်းမလို့ပင်။
“သူရဲဘောမကြောင်စမ်းပါနဲ့ဟ”
စုဟွေးက သူမကို စနောက်လာတယ်။ နန်ကောဆီက အုပ်စုစိူက်မခံရတာမို့ သူမရဲ့အင်္ကျီလက်ကို ဆွဲယူလိုက်ပြီး သူမ လက်ကို မြောက်ပေးလိုက်တယ်။
နန်ကောက ရှော့ရသွားတယ်။ သူမက ဓာတ်လိုက်သွားသလိုမျိုးထခုန်လိုက်မိမတတ်ဖြစ်သွားကာ သူမ လက်ကို ချက်ချင်းဖြုတ်ချလိုက်တယ်။ “ငါ ဒီနေရာမှာပဲ သေတော့မှာပဲကို နင်က မြန်မြန်သေအောင် ကူပေးချင်နေသေးတာလား”
သူမ လက်ကို အောက်ချလိုက်ပြီးတာနဲ့ အထိတ်တလန့်နဲ့ စင်မြှင့်ပေါ်ကို ကြည့်လိုက်မိတယ်။
သူက သူမကို သတိမပြုမိလောက်ပါဘူး ဟုတ်တယ်မလား။
စင်ပေါ်က ရှန်ရန်ချင်းက တစ်ခုခုကို အာရုံခံမိပုံရကာ သူမရှိရာ ဘက်ကို လှည့်ကြည့်လာတယ်။
အဟုတ်ကို တကယ်ကို သူမရဲ့အဆိုးဝါးဆုံး အိပ်မက်ဆိုးကြီးက ဖြစ်လာခဲ့တယ်။ ရှန်ရန်ချင်းက သူမကို ခေါင်းညိတ်ပြတာကို မြင်လိုက်ရတယ်။ “မင်း ဟိုဘက်က လူ”
သူမက တစ်စက္ကန့်အတွင်း ပြန်လှည့်လိုက်ပြီး ဘာကို မှ အာရုံမစိုက်နိုင်တော့ဘူး။
အရှေ့ဘက်ရှိ မိုက်ခရိုဖုန်းအသံက ပျံ့လွင့်လာတယ်။ နန်ကောက ပြောစရာပျောက်ရှသွားမိတယ်။
သူမ ဘေးဘက်က အကြည့်တွေက အတော်လေး ပြင်းထန်နေပြီး သူမကို သူမ ထိန်းကာ မတ်တပ်ရပ်လိုက်တယ်။
ကံကောင်းစွာနဲ့ပဲ သူမက သူမရဲ့မျက်နှာအမူအရာကို ထိန်းသိမ်းသွားနိုင်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်တယ်။ “ဟယ်လို မစ္စတာရှန် ကျွန်မက စီးပွားရေးကျောင်းက ၁၉နှစ်အရွယ် ကျောင်းသူတစ်ယောက်ပါ”
“ဟုတ်ပါပြီ ဟယ်လို” ရှန်ရန်ချင်းက သူမကို ဆက်ပြောဖို့အတွက် လက်ဟန်ခြေဟန်ပြလာတယ်။
“ခွင့်ပြုပါ...”
သူမက ဒီစာသင်ချိန်မတိုင်ခင်က ရှန်ရန်ချင်းကို တွေ့ဖို့မတွေးမိခဲ့ဘူး။ သူမကိုယ်သူမ ခံစားရသက်သာစေဖို့ အတော်လေး ကောင်းမွန်တဲ့မေးခွန်းတစ်ခု သူမ မှာရှိနေခဲ့တယ်။
ပြဿနာက သူမနဲ့ တွေ့ခဲ့ရတဲ့ အမျိုးသားက သူမရဲ့စံသတ်မှတ်ချက်နဲ့ ညီရုံသာမက သူမရဲ့အကြိုက်နဲ့လည်း ထပ်တူဖြစ်ပြီး တူညီ နေသည်တဲ့လေ။
သူမ ရင်ထဲက များပြားတဲ့ သတ်မှတ်ချက်တွေကလည်း နာမည်တစ်ခုရဲ့အချက်ပြအဖြစ် ပြသနေခဲ့ပြီ။
နန်ကောက သူမရဲ့မျက်လုံးကို မှိတ်လိုက်ပြီး ညှိနှိုင်းလာတယ်။ “မစ္စတာရှန် လွန်ခဲ့တဲ့နှစ်နှစ်က ရှင့်ရဲ့အင်တာဗျူးကြောင့် ဘဝတွေအများကြီး ပြောင်းလဲသွားမယ်လို့ တွေးခဲ့ဖူးလား”
ရှန်ရန်ချင်းက အစောတည်းက သူမ ဒီလိုမျိုးမေးလိမ့်မည်ကို တွေးခဲ့ပြီး တာမို့ မတုံ့မဆိုင်းပြန်ဖြေလိုက်တယ်။ “ဒီနေ့မတိုင်ခင်အထိတော့ အင်တာဗျူးက ဒီလောက်အထိ သက်ရောက်သွားမယ်လို့ မမျှော်လင့်ခဲ့ဖူးပါဘူး”
အတိအကျပြောရရင် ဓါတ်လှေကားထဲမှာ နန်ကောရဲ့စကားတွေကြောင့်သာ တွေးမိခဲ့တာဖြစ်တယ်။
“အားလုံးထဲမှာ ပထမဆုံးအနေနဲ့ ဟိုက်တက္ကသိုလ်က ကျောင်းကောင်းတစ်ခုဆိုတာက တော့ ငြင်းမရဘူး ဒါပေမဲ့လည်းဒီက ကျောင်းသားတွေထဲက အချို့ကိုတော့ ကိုယ့်ဘက်ကနေ တောင်းပန်စရာရှိတယ်”
သူ့လက်ချောင်းကို ကွေးကာ မျက်မှန်ကို ချိန်ညှိလိုက်ပြီး ရိုးသားစွာပြောလာတယ်။
“အင်တာဗျူးထဲမှာ ကိုယ့်ရဲ့စကားက တကယ်ကိုပဲ ပြဿနာတစ်ချို့ ရှိလာစေခဲ့တယ်။ လူအတော်များများက ဗဟုသုတအ များကြီးမရှိသေးခင်မှာ တက္ကသိုလ်ဝင်ခွင့်အတွက် လုပ်ပေးခဲ့ ကြတယ်။ ကိုယ်နဲ့ကိုယ့်ကုမ္ပဏီအပေါ် ယုံကြည်ပြီး သူတို့ရဲ့ အရင်က ဆုံးဖြတ်ချက်တွေကို ပြောင်းလဲခဲ့ရတယ်”
“ဒါပေမဲ့လည်း စီးပွားရေးကျောင်းမှာ အတော်လေးများပြုလှတဲ့အထူးပြုမေဂျာတွေရှိတာမို့ မင်းရဲ့စွမ်းရည်နဲ့ အနာဂတ် လုပ်ငန်းခွင်ထဲမှာ နာမည်တစ်လုံးရအောင် လုပ်နိုင်မှာပါ။ ဒါပေါ့ ဒီအချိန်မှာတော့ အထင်လွဲမှားစေခဲ့တဲ့ ကိစ္စတွေအတွက်လည်း ကိုယ်ကပဲ တာဝန်ခံသင့်ပြီး ဒီက ကျောင်းသား အုပ်စုကို တာဝန်ယူပေးမှာပါ။ အနာဂတ်မှာ လုပ်ငန်းခွင်ဝင်ခဲ့ရင် မင်းနဲ့ကိုက်ညီတဲ့ အလုပ်ကို မရှာနိုင်ခဲ့ရင် ဟွာရှန်အုပ်စုက လူတိုင်းတိုးတက်စေဖို့ ပလက်ဖောင်းတစ်ခုကို ထောက်ပံ့ ပေးမှာပါ”
နန်ကောနားထဲမှာတော့ သူ့စကားလုံးတွေမှာ အချို့ကျောင်းသားတွေကိုသာ တာဝန်ယူပေးနေပုံရပြီး သူမ နာမည်အပြည့်အစုံကို ခေါ်တာ မခေါ်တာနဲ့တောင် ဘာမှမကွာခြားဘူး။
စာသင်ချိန်အဆုံးမှာ နန်ကောတစ်ယောက် သူမက ပင်အပ်တွေ၊အပ် ချည်တွေပေါ်မှာ ထိုင်နေတယ်လို့တောင် ခံစားလိုက်ရတယ်။
ရှန်ရန်ချင်းက သူမကို လှည့်ကြည့်လိုက်ချိန်မှာတော့ သူမက ထွက်သွားခဲ့ပြီးပြီ။
သူ ရေးမှတ်ထားတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင်း ရှန်ရန်ချင်း တစ်ယောက် ထိုစာရွက်ကို ခေါက်ပြီး သူ့အိပ်ကပ်ထဲ မထည့်ခင်အထိ တစ်ခဏတော့ တုံ့ဆိုင်းနေခဲ့တယ်။
ရက်နည်းနည်းကြာတော့ ရှန်ရန်ချင်းတစ်ယောက် နန်ရော့ရော့လို့ခေါ်တဲ့ ကောင်မလေးအကြောင်းကို ပိုပြီး ရှာနေမိတယ်။ ကံဆိုးစွာနဲ့ပဲ စီးပွားရေးကျောင်းမှာ ထိုနာမည်နဲ့ မိန်းကလေးကို ရှာမတွေ့ခဲ့ဘူး။
နောက်ဆုံးပိတ်ရက်အဆုံးရဲ့ နေ့လယ်ခင်းမှာ နန်ကောက သူမရဲ့Lamborghiniကားကို အချိန်မှန် မောင်းထွက်လာခဲ့တယ်။
Irelynက အနောက်တိုင်းစားသောက်ဆိုင်တစ်ခုဖြစ်ပြီး စဖွင့်ရုံသာ ရှိသေးတယ်။ အန်းကောဝင်ရောက်လာပြီး တဲ့နောက် မန်နေဂျာ မရောက်သေးခင်အထိ အချိန်အကြာကြီး စောင့်နေခဲ့ရတယ်။
အင်တာဗျူးက ချောချောချူချူနဲ့ ပြီးသွားပြီး နန်ကောတစ်ယောက် ဘာပြဿနာမှရှိမနေခဲ့ဘူး။
မေးခွန်းတစ်ခုပဲ.....
“စကြ၀ဠာနဂါးငွေ့တန်းကာကွယ်ရေးအသင်းလား”ကြော်ငြာရဲ့ပုံစံကို ကြည့်နေမိရင်း နန်ကောတစ်ယောက် အတွေးများ နေမိတယ်။ မန်နေဂျာက ပြောလာတယ် “ဒါက ဒလီသမားတွေအတွက် ခေါ်စာပဲ”
“.....”
နန်ကောတစ်ယောက်က မယုံကြည်ဟန်နဲ့ ကြည့်နေမိတယ်။ “ရှင် ကျွန်မကို ပစ္စည်းပို့တဲ့သူ ဖြစ်စေချင်လားဟင်”
“ဒါပေါ့ မစ္စနန်” မန်နေဂျာက ပေါ့ပေါ့ပါးပါး ပြုံးလာတယ်။ “ဥက္ကဌနန်ကလည်း မင်းက ငွေအရေးတကြီး လိုအပ်နေတယ်လို့ပြောထားသေးတယ် ဒီလိုအချိန်မှာ မင်း လိုအပ်နေတာဒီနေရာပဲပြီးတော့ လစာကလည်း မြှင့်မားသေးတယ်လေ”
နန်ကောက တော့ သေသေချာချာတွေးပြီး သဘောတူ လိုက်တယ်။
အဆုံးမှာတော့ တက္ကသိုလ်ကျောင်းသားတွေအတွက် အဆုံးမရှိတဲ့ ထောက်ပံမှုတွေလည်း ရှိသေးတယ်လေ။ ပြတင်းပေါက်ကို အုတ်ခဲနဲ့ ပစ်လိုက်ရင်တောင် အဲဒီသူက တက္ကသိုလ်ကျောင်းသားပဲ ရှိနေသေးတာပဲလေ။
ပြီးတော့ သူမက ဘွဲ့ရဖို့လည်းလိုသေးတာမို့ အခုချိန်မှာ မန်နေဂျာအဆင့်အလုပ်ကို မျှော်လင့်လို့မရသေးဘူး။
သူမ အကြီးဆုံးအစ်ကို ရဲ့ဈေးကြီးတဲ့ စားသောက်ဆိုင်ကို တွေးကြည့်ရင်လည်း ဒီမှာသူမ လုပ်နိုင်တာက အများကြီး မရှိဘူး။
နေ့လည်ခင်းဘက်မှာပဲ နန်ကောက စားသောက်ဆိုင်ရဲ့ လေ့ကျင့်ရေးထဲမှာ ပါဝင်ခဲ့တယ်။ သူမ ပုံစံက သူမ အတန်းထဲက ထက်တောင် ပိုပြီး လေးနက်နေသေးတယ်။
ညဘက်မှာ လုပ်ငန်းအတွက် စားသောက်ဆိုင်ကို ဖွင့်ထားခဲ့တယ်။ နန်ကောက ကိစ္စတွေကို လျင်လျင်မြန်မြန် သင်ယူပြီး အလုပ်ကို မြန်မြန်ဆန်ဆန်လုပ် နေတော့တယ်။
ဒါပေမဲ့လည်း ပြသနာကတော့ ရှိနေဆဲဖြစ်တယ်။ နေ့လယ်ဘက်မှာ ဟိုက်မြို့က ရုတ်တရက်နှင်းတွေ ကျလာခဲ့ပြီး အခုထိရပ်တန့်လာတာမျိုး မရှိသေးဘူး။ လမ်းမပေါ်က နှင်းတွေက အတော်လေးထူလာခဲ့ပြီး Lamborghiniကားကို မောင်းဖို့တောင် သူမမှာ ဘာအကြံဥာဏ်မှာမရှိတော့ဘူး။
ပထမဆုံးအနေနဲ့ နန်ကောတစ်ယောက် သူမရဲ့ကားမောင်း စွမ်းရည်ကို မယုံမကြည်ဖြစ်လာခဲ့တယ်။
မန်နေဂျာကတော့ ဒါကို ပြဿနာကြီးကြီးမားမားလို့ သူမကို မခံစားရပဲ လျှပ်စစ်စကူတာလေးကို ညွှန်ပြလိုက်တယ်။ “အဆင်ပြေပါတယ် စားသောက်ဆိုင်က မင်းအတွက် စီးစရာတစ်ခုကို ထောက်ပံ့ပေးနိုင်တယ်”
နန်ကောက ပြောစရာမရှိဖြစ်သွားတယ်။
နာရယ်ဝက်အကြာမှာ နန်ကောက သွားရမဲ့နေရာကို ခက်ခက်ခဲခဲ ရောက်သွားခဲ့တယ်။
ဒါက ဟိုက်မြို့ရဲ့ချမ်းသာတဲ့လူနေရပ်ကွက်တစ်ခုသာ ဖြစ်တယ်။
ဓါတ်လှေကားက ထွက်ပြီး နောက် နန်ကောက တံခါးဘဲလ်ကို နှိပ်လိုက် တယ်။ တံခါးပွင့်သွားချိန်မှာပဲ မှာကြားသူရဲ့သတင်း အချက်အလက်ကို မြင်လိုက်ရတယ်။
မစ္စတာရှန်လား။
ကလစ်ခနဲမြည်သံနဲ့ တံခါးက အတွင်းဘက်ကနေ ငြင်ငြင်သာသာနဲ့ ပွင့်လာခဲ့တယ်။ နွေးထွေးလှတဲ့ အမွေးရနံ့ဖျော့ဖျော့က သူမ မျက်နှာနားကို ဖြတ်သန်းလာခဲ့တယ်။ နန်ကောက အမြန် မတ်မတ်ရပ်လိုက် ပြီး တစ်ချက်မှမကြည့်ဘဲ သေတ္တာဘောက်ကို ကမ်းလှမ်းလာခဲ့တယ်။
“မင်္ဂလာညနေခင်းပါ မစ္စတာရှန် ကျွန်မက Irelynက ပစ္စည်းပို့သမားပါ။ ဒါက ရှင်မှာထားတဲ့စားစရာပါ။ ရှင်ကောင်းကောင်း စားနိုင်ပါစေလို့ ကျွန်မမျှော်လင့် ဟမ်”
******