← Chapters

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း ၃၀၀

Vol. 30 Ch. 300

300 01

Chapter 300 အများကြီးသောက်ခဲ့သေးလို့လား။(၁)။

Extra Chapter 10: ယွီယွီနဲ့စုဟွေးတို့ဇာတ်လမ်း။

၃ရက်အတွင်း ယွီယွီဟာ မစ္စတာစုကို အောင်မြင်စွာနဲ့ အနိုင်ပိုင်းလိုက်နိုင်တယ်။

ဒါပေမဲ့ သူ့အကြံအစည်ကို ကျော်လွန်သွားတဲ့ ကိစ္စတစ်ခုတော့ ရှိတယ်။သူနဲ့မစ္စတာစုဟာ အသက်ကွာခြားမှု ရှိတာကလွဲရင် နားမလည်နိုင်စွာဘဲ ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်လာတယ်။သူတို့မူးနေတဲ့နေ့က သူတို့၂ယောက်ဟာ စားသောက်ဆိုင်ထဲကစား သုံးသူတွေရှေ့မှာ သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာကြတယ်။

အဲ့ဒီ့အဖြစ်အပျက်ဟာ ပြန်ကြည့်ဖို့ကို မခံစားနိုင်လောက်အောင်ဘဲ။

သတိ၀င်လာပြီးတဲ့နောက် ယွီယွီဟာ အရမ်းကိုမှ နောင်တရတယ်။ကောင်းရော။အခု သူ စုဟွေးနဲ့ မျိုးဆက်မတူတော့ဘူး

၄ရက်မြောက်နေ့မှာ ယွီယွီဟာ စုဟွေးကို စားသောက်ဆိုင်ထဲမှာ တွေ့တယ်။တိုက်ဆိုင်တာမဟုတ်ဘဲ မစ္စတာစုဟာ စုဟွေးကို သက်သက် ခေါ်လိုက်တာ။

“လာ လာ လာ သမီး ဒါ ပါး သမီးကို မနေ့ကပြောတဲ့လူလေ။ သူက ပါးရဲ့ညီငယ်အသစ်လေး...သမီး သူ့ကို အန်ကယ်လို့ခေါ် လို့ရတယ်”

“အန်ကယ်...” စုဟွေးဟာ သူမမိဘတွေကို တစ်ခါမှ မဆန့်ကျင်ဖူးဘူး။သူတို့ပျော်နေသရွေ့ အဆင်ပြေတယ်။အဲ့တာဟာ သူမ မော့ကြည့်ပြီး ယွီယွီ့မျက်နှာပေါ်က ရှုပ်ထွေးနေတဲ့မျက်နှာအမူအရာကို မမြင်ခင်အထိပေါ့။

ဒီအခိုက်အတန့်မှာ ယွီယွီဟာ အများကြီးမြင်နိုင်တယ်..။.သူမမျက်နှာပေါ်က စက်ဆုပ်နေမှုတွေကိုပေါ့။

သူလည်း မထူးမခြားနားဘဲ။သူ စုဟွေးအပေါ် အသက်ကို အ‌ခွင့်ကောင်းယူခဲ့တာ။ပြီးတော့ အရင်ကသာဆို သူ ကျိန်းသေပေါက်ပျော်ပြီး ဒါကို အခွင့်ကောင်းယူရင်း စုဟွေးကို စနောက်မှာ။

ဒါပေမဲ့ အခုတော့မရဘူး။သူ ဒီကို သူ့မိန်းကလေးကို လိုက်ဖို့လာတာလေ။သူ့ခမည်းခမက်လောင်းနဲ့ သွေးသောက်ညီအစ်ကိုတွေဖြစ်ဖို့ လာတာ မဟုတ်ဘူး။

ဒါ သူ့ပန်းတိုင်မဟုတ်ဘူး၊

ဒါပေမဲ့ သူဟာ ဒီကိစ္စနောက်ကွယ်က တရားခံဆိုတာကို စုဟွေးဟာ ခံစားမိပြီးနေပြီ။သူမဟာ သူ့ဆီ သတ်တော့မလို စိုက်ကြည့်နေတော့တယ်။

မစ္စတာစု ထွက်သွားတော့မှ ယွီယွီ့မှာ ရှင်းပြချိန်ရတယ်။ “ငါ ဒီတိုင်း ဒီကိုလာစားပြီး မင်းရဲ့အဖေနဲ့သောက်ရုံပဲ၊ အဲ့နောက်...ဒီလိုဖြစ်သွားတာပဲ၊ ငါတမင်လုပ်တာ မဟုတ်ဘူး၊ အဲ့နေ့က ငါတို့၂ယောက်လုံး မူးနေတာ၊ မူးနေတုန်း လုပ်ခဲ့တဲ့ကတိတွေကို အတည်မယူသင့်ဘူးလို့ ငါပြောပေမဲ့ မင်းအဖေက ယောက်ျားဆိုတာ ကိုယ့်စကားကိုယ် တည်ရမယ်လို့ပြောတယ်”

“ငါလည်း မလုပ်ချင်ခဲ့ပါဘူး” ယွီယွီဟာ ငိုတော့မတတ်။

“ရှင် ဒီမှာဘာလုပ်နေတာလဲ”

“ငါ ပြောတယ်လေ၊ စားဖို့ပါဆို ငါ ဒီကိုခရီးထွက်လာရင်း အနီးအနားလူတွေဆီက အကြံပေးချက်တွေကိုကြားတာနဲ့ ဒီကိုလာကြည့်တာ”

“ရှင် အပိုတွေပြောနေတာတော့ မဟုတ်ပါဘူးနော်”

“မဟုတ်ရပါဘူး ငါ မင်းအဖေကို ငါတို့အချင်းချင်း သိတယ်လို့ မပြောခဲ့ပါဘူး”

စုဟွေးဟာ သံသယဝင်နေတုန်းဖြစ်ပြီး ထပ်မေးဦးမလို့ပေမဲ့ သူမရဲ့ပါးဟာ ပြန်ရောက်လာတယ်။

ယွီယွီပေါက်တတ်ကရတွေပြောမှာစိုးပြီး စုဟွေးဟာ မထွက်သွားဘဲ သူတို့နဲ့အတူ ထိုင်စားတယ်။

စားနေရင်း မစ္စတာစုဟာ ရုတ်တရက် ယွီယွီ့ကိုယ်ရေးကိုယ်တာ အခြေအနေကို ထမေးတယ်။ “မင်း တွဲနေတဲ့လူရှိလား”

“အာ ကျွန်တော်က လူလွတ်ပါ”

“မင်းအသက်က ဘယ်လောက်ပါလိမ့်” မေးပြီး မစ္စတာစုဟာ သူ့နဖူးသူပြန်ရိုက်တယ်။ “မှတ်မိပြီ အဲ့နေ့က မင်း ငါ့သမီးထက် တစ်နှစ်ကြီးတယ်လို့ ပြောခဲ့တယ်”

ယွီယွီဟာ ခေါင်းညိတ်တယ်။

ချက်ချင်းပဲ မစ္စတာစု စသလိုလိုနောက်သလိုလိုနဲ့ ပြောတာကို ကြားရတယ်။ “ငါ့သမီးလည်း လူလွတ်ပဲ၊ မင်းက တကယ်လူလွတ်ဆို မင်းတို့တွဲကြည့်လို့ရတယ် ဟားဟားဟား”

စုဟွေးဟာ မော့ကြည့်တယ်။ “ဟင့်အင်း”

“ဘာလို့တုန်း” မစ္စတာစုဟာ သူမ ဒီလိုကြီးကြီးမားမား တုံ့ပြန်မယ်လို့ မထင်ထားဘူး။သူက ဒီတိုင်းပဲပြောလိုက်တယ်ဆိုပေမဲ့ အနားမှာ ယွီယွီရှိနေသေးတယ်။အခြားလူတွေ စုဟွေးရဲ့အပြုအမူကို အထင်လွဲလွယ်သွားနိုင်တယ်။ “၂ယောက်လုံး လက်လည်း မထပ်ရသေးဘူး၊ အသက်လည်း မကွာဘူး၊ ညီငယ်ယွီက ကျန်းမြို့ကလေ သမီးတက္ကသိုလ်တက်တဲ့ဘေးကနေရာ အော် ဟုတ်သား သူက သမီးအခန်းဖော်နဲ့ နေရာအတူတူပဲ”

300 02

စုဟွေးဟာ နှုတ်ခမ်းကိုဖိရင်း “သမီး လောလောဆယ်တွဲဖို့ အစီအစဉ်မရှိဘူး၊ အိမ်က စားသောက်ဆိုင်ကိုပဲ အရင်ဂရုစိုက်ရအောင်”

“နောက်ပြီး သူက...ပါးရဲ့ညီငယ်လေး မဟုတ်ဘူးလား”

အကြာကြီး အောင့်အီးထားပြီးတဲ့နောက် စုဟွေးဟာ သူ့ကို အန်ကယ်လို့တော့ မခေါ်နိုင်ဘူး။

“အင်း အင်း ဟုတ်တယ်” မစ္စတာစုဟာ အတည်မယူတာမို့ အလိုက်သင့်လေးသွားတယ်။

၅ရက်မြောက်နေ့မှာ ယွီယွီနဲ့မစ္စတာစုဟာ ထပ်မံမူးပြန်တယ်။

စုဟွေးရောက်မလာခင် ယွီယွီဟာ သူ့ရဲ့မူးဝေမှုကို ဖိနှိပ်ပြီး မစ္စတာစုကို စတင်လှည့်စားကြည့်တယ်။ “အစ်ကိုကြီး ခင်ဗျား ကျွန်တော့်ကို ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးရမယ်”

မစ္စတာစုဟာ ရင်ဘတ်ကိုပုတ်ပြီး “သေချာပေါက်ပေါ့ ဒါပေါ့ မင်းအကြိုက်ကိုပြောပြ”

“ဘာဖြစ်ဖြစ်ရတယ် ကျွန်တော် ဒီကလူတွေကိုကြိုက်တယ် ဒေသခံတစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေး။ ရွယ်တူနားနီးနီးဆို ပိုကောင်းတယ်။ တက္ကသိုလ်ကျောင်းသူ ဒါမှမဟုတ် ဘွဲ့ရပြီးဆို ပိုလို့တောင်မှကောင်းတယ်။ အဲ့လိုမှ ပြောစရာစကားတွေ အများကြီးရှိမှာ”

“ဒါဆို နည်းနည်းတိုက်ဆိုင်သွားပြီ” တစ်ခဏလောက် မစ္စတာစုဟာ သူ့သမီး တက္ကသိုလ်ကနေ ဘွဲ့ရပြီးပြီဆိုတာကို သွားသတိရတယ်။ “ငါ့သမီးက တက္ကသိုလ်ကနေ ဘွဲ့ရထားတာကွ”

“ကျွန်တော်တော့ အဲ့တာအကြံကောင်းလို့ မထင်ဘူး”

“ဘာဖြစ်လို့လဲ။ သူလည်း လူလွတ်ပဲ သူ မင်းနဲ့တွဲလို့ရတယ်။ အခုတလော ငါ့မိန်းမက သူ့ကို ဒိတ်လုပ်ဖို့ တိုက်တွန်းနေတာ။ ဘလိုင်းဒိတ်တွေတောင် သွားစေချင်နေတာ။ ငါတော့ အဲ့တာကောင်းတယ် မထင်ဘူးကွ။ အဲ့ကယောက်ျားတွေနဲ့ယှဉ်ရင် ညီငယ်ယွီက ငါ့စိတ်ကို ပိုအနိုင်ရထားတယ်လို့ ငါထင်တယ်”

“တကယ်။ အစ်ကိုကြီး ခင်ဗျား ကျွန်တော့်ကို လိမ်နေတာလား။ ကျွန်တော် အသံသွင်းထားရမယ်”

“သွင်းထားလိုက်။ မင်း ကြိုက်သလိုသွင်းထား။ မင်း ဘယ်လောက်ချောပြီး အရပ်ရှည်လဲကြည့်ပါဦး။ မင်းမှာ ပညာရေးနောက်ခံ ကောင်းလည်းရှိပြီး အကျင့်စရိုက်ကောင်းလည်း ရှိတယ်...မင်းက အကုန်အကောင်းတယ်ကွ ငါအရမ်းကျေနပ်အားရတယ် မင်းက ငါ့သားမက်ဖြစ်ဖို့လိုတာထက်ကို ပိုနေပြီ နောက်ပြီး ဒါက ခေါ်တယ်လေ...ဘယ်လိုခေါ်တာပါလိမ့်”

******

All Chapters