အခန်း ၁၅၉
Vol. 16 Ch. 159
159 01
အပိုင်း (၁၅၉) ငါတို့ တကယ်ကို သူငယ်ချင်း ထပ်မလုပ်နိုင်တော့ဘူး။
မီတာ နှစ်ရာ သုံးရာ အကွာသို့ ဆွဲထုတ်ခံရပြီးသည့်နောက်တွင် နန်ကောသည် သတိပြန်ဝင်လာခဲ့သည်။
သူမသည် ကြောင်ကို ကိုင်ကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် သူမ၏ ရှေ့ရှိ အရပ်ရှည်ရှည်နှင့် ပုံရိပ်ကို မော့ကြည့်လိုက်သည်။
နန်ကျဲ့က အအေးဒဏ်ကို ကြောက်သည်။ ဒီည လမ်းလျှောက်ထွက်သော အချိန်တွင်တောင် သူက လေကာ အင်္ကျီကို ဝတ်ဆင်ထားသည်။ အရင်ကနဲ့စာလျှင် သူသည် ရှိုးပွဲရှိ အမျိုးသား မော်ဒယ် တစ်ယောက်နှင့် ပိုတူသည်။
ဘာမှမရှိသော လမ်းသည် သူ၏ ပြေးလမ်းဖြစ်ကာ သူသည် အရှိန်အဝါ အပြည့် ထုတ်လွှတ်နေသည်။
“မင်း ဘာကြည့်နေတာလဲ”
နန်ကျဲ့က သူမကို ဘာသိဘာသာ ကြည့်လိုက်သည်။
“အမ်”
ထိုအချိန်တွင် နန်ကောက ဘာကိုမှ မပြောရဲပေ။
သူမ အစ်ကို၏ တိုက်ခိုက်ရေး စွမ်းအားသည် ယခုပင် ပေါက်ကွဲထွက်သွားပြီး သူမ အစ်ကို၏ အင်ဂျင်မှာ ပိတ်သွားတာ ဟုတ်မဟုတ်ကို သူမ မပြောနိုင်ပေ။ အခုအချိန်တွင် သူမ တစ်ခုခု ပြောမည်ဆိုလျှင် သူမသည် အလွန်ကောင်းမွန်သော အမြောက်များဖြစ်လာနိုင်ပြီး အဆူခံရနိုင်သည်။
သူသည် အမြဲတမ်းလိုလို ထိုသို့ ဖြစ်တတ်သောကြောင့် ဖြစ်သည်။
မကြာခဏ ဆိုသလို သူမ၏ အစ်ကိုသည် စစ်မြေပြင်တွင် လုံလုံလောက်လောက် မပေါက်ကွဲရသော အချိန်တွင် သူ့ကို စကားပြောဖို့ အစပျိုးလာတဲ့ ဘယ်သူမဆို အဆူခံရဖို့ နောက်လူ ဖြစ်သွားနိုင်သည်။
ရာဇဝင်အရ ပြောရလျှင် ကံမကောင်းတတ်သော သူမှာ သူမပင် အများဆုံးဖြစ်သည်။
သူမ ဘာမှ မပြောဘူးဆိုလျှင် သူမ အစ်ကိုက လွှတ်ပေးလိမ့်မည်ဟု သူမ တွေးနေသော်သည်။ ကံမကောင်းစွာဖြင့် သူမက နုံအလွန်းသည်။
နန်ကျဲ့သည် သူမ၏ ခေါင်းသေးသေးလေးကို ဒေါသတကြီးနှင့် စိုက်ကြည့်နေသည်။
“မင်း အရင်က အပြင်မှာ ဒီလိုမျိုး အနိုင်ကျင့်ခံရဖူးလား။ အဲဒါက ရှက်စရာ မကောင်းဘူးလား နန်ကော။ မင်းနှာခေါင်းအောက်က ပါးစပ်ကို ဘယ်နေရာမှာ သုံးနေတာလဲ။ မင်း ပြန်မပြောနိုင်ဘူးလား။ ဟမ်”
သူသည် စကားလုံး တစ်ခုချင်းဆီကို ရှင်းရှင်းလင်းလင်း ပြောပြနေပြီး သူ၏ လက်ညှိုးဖြင့် သူမ၏ ခေါင်းကို ထိုးဖို့ရာ မမေ့ခဲ့ပေ။
နန်ကော၏ ခေါင်းမှာ လှုပ်ခါသွားသည်။ အတော်ကြာပြီးနောက် သူမက ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်မ ဘာမှ မပြောနိုင်ခင်မှာပဲ အစ်ကို့ရဲ့ နောက်ကျောဘက်ကို အဆွဲခံလိုက်ရတာလေ”
သူက သူမကို စကားပြောဖို့ရာ အခွင့်အရေး မပေးခဲ့ပေ။
“အဲဒီတော့ ဘာဖြစ်လဲ”
နန်ကျဲ့ မျက်မှောင် ကြုတ်လိုက်သည်။
“မင်း ဘာမှ မပြောဘဲ အမြန်ထလိုက်တော့။ ငါက မင်းကို ဘယ်လိုလုပ် နှောက်ယှက်နိုင်မှာလဲ။ ကြည့် ရှန်ရန်ချင်း အမေက မင်းကို အသာစီးရဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူး”
လူတွေကို ဆူပူကြိမ်းမောင်းသော နေရာတွင် နန်ကော ဖိနှိပ်နိုင်ခဲ့သော လူကို နှစ်ပေါင်းများစွာအတွင်း နန်ကျဲ့ တစ်ယောက်မှ မမြင်ခဲ့ဘူးပေ။
ထိုမှသာ နန်ကျဲ့က သူမကို လွှတ်ပေးလိုက်သည်။
“ဒါပေမဲ့ ရှန်ရန်ချင်းရဲ့ အမေက သူမရဲ့ ဂုဏ်သတင်းနဲ့ လိုက်အောင် တကယ်ကို နေတတ်တာပဲ”
159 02
သူ ပြောပြီးပြီးချင်းမှာပင် သူက လှည့်လိုက်ပြီး ကားထွက်သွားတာကို တွေ့လိုက်ရသည်။ ပုံရိပ် နှစ်ခုလည်း ပျောက်ကွယ်သွားသည်။
“ဟမ် သူ့ရဲ့ အမေလည်း ဒီမှာနေတာပဲလား။ ငါ ဘာလို့ မမှတ်မိရတာလဲ”
ယခုအိမ်က သူ့အဖိုးနေရာနှင့် သိပ်မနီးမဝေးတွင် ရှိသည်။ သူတို့ကို အိမ်နီးချင်းဟု ယူဆနိုင်သည်။
နန်ကောက ထိုအကြောင်းကို သေချာမသိခဲ့ပေ။
“ရှန်ရန်ချင်းက သူ့အမေ နိုင်ငံခြားမှာ နေတာလို့ အရင်က ပြောခဲ့တာ။ သူမ မကြာခင်ကမှ နိုင်ငံကို ပြန်ရောက်လာတာ ဖြစ်လိမ့်မယ်”
“နောက်နောင် သူမနဲ့ တွေ့တဲ့ အချိန်ရောက်ရင် သူမကို ဂရုစိုက်မနေနဲ့။ အဲ့လို လူတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာက မင်းရဲ့ အချိန်တွေကို ဖြုန်းနေတာပဲ”
နန်ကျဲ့က သတိပေးလိုက်သည်။
နန်ကောက ထိုအကြောင်းကို တွေးကာ လက်ခံလိုက်သည်။
သူသည် သူမ၏ လက်ထဲရှိ ကြောင်ကို ယူလိုက်သည်။ နန်ကျဲ့တွင် ရှည်လျားသော ခြေထောက်နှင့် ကြီးမားသော ခြေလှမ်းများ ရှိသည်။ မကြာမီမှာပင် သူနှင့် ကြောင်က သူမ၏ ရှေ့သို့ ရောက်သွားသည်။
နန်ကောသည် သူ၏ အရိပ်ပေါ်သို့ ခြေလှမ်းလှမ်းကာ သူ့နောက်မှ တိတ်တဆိတ် လိုက်လာသည်။ သူ ဘယ်ကို သွားမလဲ ဆိုတာကို သူမ မသိပေ။
“သူမ ငါ့ကို မဆက်သွယ်တာ ကြာပြီ”
သူမ၏ ရပ်တန့်ကာ ကြက်သေသေသွားသည်။
နောက်ပြန် မကြည့်ဘဲ လမ်းဆက်လျှောက်နေသော နန်ကျဲ့ကို ကြည့်ကာ သူမ၏ အကြည့်များ ထိတ်လန့်သွားသည်။ တစ်ချိန်တည်းမျာပင် သူက ပြောလိုက်သည်။
“မျှော်လင့်ထားသလိုပဲ။ ငါတို့ သူငယ်ချင်း ဆက်မဖြစ်နိုင်တော့ဘူး”
“မင်းတို့ မိန်းမတွေ ဘယ်လို တွေးလဲဆိုတာတော့ ငါမသိတော့ဘူး”
မြေပြင်ပေါ်ရှိ အရိပ်သည် တဖြေးဖြေး ပျောက်ကွယ်သွားသည်။ နန်ကောသည် မြေပြင်ပေါ်တွင် အမြစ်တွယ်ကာ ရပ်နေပြီး တစ်ခုခုကို ပြောချင်သောကြောင့် သူမ၏ ပန်းရောင် နှုတ်ခမ်းလေးကို ဟလိုက်သော်လည်း တုံ့ဆိုင်းနေသည်။
ပေါင်းသင်း ဆက်ဆံရေးမှာ သူမ ကောင်းမွန်စွာ လုပ်တတ်သော အရာ မဟုတ်ပေ။ သူမသည် တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ လှမ်းကာ သူ့နောက်သို့ ပြေးလိုက်သွားသည်။ သူမသည် ဘာကိုမှ မပြောဘဲ နန်ကျဲ့၏ နောက်သို့ တိတ်တဆိတ် လိုက်သွားသည်။
အစမှ အဆုံးထိ နန်ကျဲ့က သူမကို လုံးဝ မကြည့်ခဲ့ပေ။ သူသည် ကြောင်ကြိုးကို ကိုင်ကာ ရှေ့သို့ မှန်မှန် လျှောက်နေသည်။ တစ်ခါတစ်ခါတွင် သူက သက်ပြင်းချသည်။
သူက သူ့ကိုယ်သူ စကားပြောနေပုံ ပေါ်သည်။
ချီယန်ကို သူ ဝန်ခံခဲ့ပြီးသော နေ့ကတည်းကပင် သူတို့ နှစ်ယောက်လုံးသည် တကယ်ကို တစ်ယောက်နှင့် တစ်ယောက် အဆက်သွယ် မရှိကြတော့ပေ။
ချီယန် နိုင်ငံကို ပြန်လာတာကို သူသိသော်လည်း တစ်ဖက်လူက သူ့ကို လုံးဝ မခေါ်ခဲ့ပေ။ Wechatတွင်လည်း မက်ဆေ့တောင် မရှိပေ။
ချီယန်သည် သူမ၏ WeChat momentပေါ်တွင် ပုံတင်ရတာကို ကြိုက်နှစ်သက်သူ တစ်ယောက် မဟုတ်ပေ။ သူမသည် WeChat momentပေါ်တွင် ပုံတင်ရတာ ကြိုက်သော နန်ကောလို မိန်းကလေးနှင့် မတူပေ။
ထို့ကြောင့် ယခု သူမ ဘာတွေ လုပ်နေလဲ ဆိုတာကို သူမသိရပေ။ ထိုကဲ့သို့ ပြန်လည် ကောင်းမွန်လာသော အပြန်အလှန် ဆက်ဆံရေးသည် ဖြေးဖြေးချင်း မှေးမှိန်သွားပြီး ယခင် အခြေအနေသို့ ပြန်ရောက်သွားသည်။
နန်ကျဲ့သည် ထိုကဲ့သို့ ထိုးနှက်မှုမျိုးကို သူ့ဘဝတွင် ဘယ်တုန်းကမှ မခံစားခဲ့ဘူးပေ။
သူ ငယ်ငယ်ကတည်းက အိမ်မှာ ဒါမှမဟုတ် အပြင်မှာပဲ ဖြစ်ဖြစ် ကြယ်များက ဝိုင်းရံထားသော လလေး ဖြစ်သည်။ သူသည် တစ်စုံတစ်ယောက်ကို လိုက်ဖို့ရာ အစပျိုးခဲ့ပြီးမှ သူမကြောင့် အရှက်ရခဲ့သည်။
သူမအစ်ကို၏ ခံစားချက်ကို နန်ကော နားလည်နိုင်သည်။
သူသည် ရွှေဇွန်းကိုက်ပြီး မွေးလာခဲ့သည်။ ယခု သူသည် ထိုကဲ့သို့ ရှားရှားပါးပါး ခံစားခဲ့ရပြီး အချိန်တိုလေး အတွင်းမှာ ထိုအရိပ်အောက်က ရုန်းမထွက်နိုင်သည်မှာ ပုံမှန် ဖြစ်သည်။
တကယ်တော့ သူက ထိုကဲ့သို့ မာနကြီးသူ ဖြစ်သည်။
နန်ကျဲ့သည် သူ၏ ကိစ္စကို တစ်ခြားလူများ ဝင်ရောက်စွက်ဖက်တာကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပေ။ နန်ကောက ၎င်းကို သိသည်။
ထို့နောက် နန်ကောက ချီယန်ကို ဖုန်းခေါ်သင့် မခေါ်သင့်ကို နှစ်နာရီလောက် တုံ့ဆိုင်းနေသည်။
159 03
ကြောင်နှင့် အပြင်မှ လမ်းလျှောက် ပြန်လာပြီးနောက် နန်ကျဲ့က အနားယူရန် သူ၏ အခန်းသို့ ပြန်သွားသည်။
အကြီးဆုံးမြေး ဖြစ်သောကြောင့် မနက်ဖြန်အတွက် ပြင်ဆင်ရန် များသည်။
မိသားစု၏ မြေးမလေး ဖြစ်သော သူမသည် ထုံးစံအတိုင်း အေးအေးဆေးဆေးပင် ဖြစ်သည်။ အရင်ကတော့ သူမက ပျော်ရွှင်မှုတွေမှာ ပါဝင်ရဝာာကို မကြိုက်ဘဲ သူမကိုလည်း ဘယ်သူကမှ အာရုံ မစိုက်ပေ။
ချီယန်ကို သူမ ခေါ်လိုက်သော အချိန်တွင် နန်ကောသည် သူမ၏ ဖုန်းကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားပြီး အသက်တောင် ပြင်းပြင်း မရှူရဲပေ။
ဖုန်းမကိုင်ခင်အထိ အချိန် အတော်ကြာ မြည်နေခဲ့သည်။
“ဟယ်လို အစ်မ ချီယန်လား”
“ကျွန်မက ချီယန်ပါ။ ဘယ်သူလဲရှင့်”
ချီယန်က သူမ၏ အသံကို သတိမပြုမိပေ။
“ကျွန်မ နာမည်က နန်ကောပါ။ ကျွန်မက နန်ကျဲ့ရဲ့ ညီမပါ။ ကျွန်မတို့ ဟိုင်မြို့မှာ တစ်ခေါက် ဆုံဖူးတယ်လေ။ မှတ်မိလား။ ချစ်သူများနေ့တုန်းကလေ”
ချီယန်သည် နန်ကျဲ့၏ နာမည်ကို ခဏလေးတောင် မကြားလိုက်ရပေ။ သူမသည် ဘာမှ မပြောခင်မှာ အနည်းငယ် ကြောင်သွားသည်။
“သတိရပြီ။ ကျွန်မကို ဘာကိစ္စ ရှိလို့ရှာတာလဲ”
“ကျွန်မ အစ်ကို အကြောင်း ရှင့်ကို ပြောပြချင်လို့ပါ။ အခုဆိုရင် ရှင့်အတွက် အဆင်ပြေပါ့မလား ကျွန်မ သိချင်မိတယ်”
“ဟိုင်မြို့မှာလား”
“မဟုတ်ဘူး ကျွန်မ ကျန်းမြို့မှာပါ”
“ဒါဆို အဆင်ပြေတာပေါ့။ ကျွန်မတို့ တွေ့ပြီး စကား ပြောကြမယ်လေ”
“အခုလား”
နန်ကော ကြောင်သွားသည်။
“ဟုတ်တယ် ငါ့မှာ အချိန်ရှိတယ်။ မင်းအတွက် အဆင်ပြေလား”
“အင်း အင်း”
ချီယန်က သူမကို လိပ်စာ ပို့လိုက်သည်။
ဖုန်းချပြီးနောက် နန်ကောက သူမ၏ ကုတ်အင်္ကျီကို ယူကာ လှေကားမှ မြန်မြန်ဆင်းလာသည်။
မစ္စစ်နန်သည် မငြိမ်မသက် အသံကို ကြားပြီးနောက် လှေကားထစ်ကို တစ်ချက် ကြည့်လိုက်သည်။
“ဒီလောက်နောက်ကျတာတောင် ဘာလို့ အပြင်ကို သွားဦးမှာလဲ။ နင် ပြန်မလာတော့ဘူးလား”
“အာ သမီးမှာ ကိစ္စ တစ်ခုခု ရှိလို့။ အထက်တန်းကျောင်း အတန်းဖော်က သမီးကို ရှာနေလို့။ မကြာဘူး ပြန်လာမှာ”
“ကောင်းပြီ”
“သမီး အစ်ကိုကို လိုက်ပို့ဖို့ ပြောပါ့လား”
“မလိုဘူး မလိုဘူး”
နန်ကောက တိတ်တိတ်နေရန် လက်ဟန်ခြေဟန်ဖြင့် မြန်မြန် ပြလိုက်သည်။
မစ္စစ်နန်က မျက်တောင် ခတ်လိုက်ကာ လုံးလုံး နားမလည်ပေ။ သူမ၏ ဝမ်းကွဲက အပြင်မှ ပြန်ရောက်လာသည်။
“မင်္ဂလာပါ အဒေါ်ကြီး”
“မင်္ဂလာပါ”
မစ္စစ်နန်၏ အာရုံမှာ လမ်းကြောင်း ပြောင်းသွားသည်။
နန်ကောသည် သူမ၏ ဒုတိယ အစ်ကိုကို နှုတ်ဆက်လိုက်ပြီး တံခါးတွင် ရပ်လိုက်သည့် အချိန်၌ ထွက်သွားတော့မည် ဖြစ်သည်။
“နင် နင် အပြင်သွားမလို့လား”
“ဟုတ်တယ်”
နန်ကောသည် ဒုတိယ အစ်ကိုကို မော့ကြည့်လိုက်သည်။
“မင်း ဘယ်သွားမလို့လဲ။ ငါလိုက်ပို့ပေးမယ်လေ”
“မလိုပါဘူး ကျွန်မ အခု…..”
“ညအရမ်း နောက်ကျနေလို့ တက္ကစီ ငှားတာက မလုံခြုံဘူး”
ဒုတိယ အစ်ကိုက ထပ်ပြောလိုက်သည်။ နန်ကောသည် အနည်းငယ် တုံ့ဆိုင်းသွားကာ ခေါင်းညိတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒုတိယ အစ်ကို”
သူမ၏ ကားက အနီးအနားတွင် မရှိပေ။ သူမ ကျောင်းကနေ ပြန်လာတဲ့ အချိန်တုန်းက တစ်နေရာထဲမှာပဲ ကားကို ထိုးထားခဲ့တာ။ အိမ်ဟောင်းကြီးကို မောင်းမလာခဲ့သောကြောင့် သူမသည် ယခု သေချာပေါက် တက္ကစီ ခေါ်ရလိမ့်မည်။
သူမသည် ပုံမှန်အားဖြင့် သူမ၏ ဝမ်းကွဲများနှင့် အပြန်အလှန် ဆက်သွယ်ခြင်း မရှိကာ သူမ ငယ်ငယ်တုန်းကလည်း သူနှင့် ဆက်ဆံရေးမှာ မကောင်းမွန်ခဲ့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် သွေးသားရင်း ဖြစ်နေဆဲ ဖြစ်သောကြောင့် တက္ကစီ ငှားခြင်းထက် သေချာပေါက် ပိုလုံခြုံသည်။
******