← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

220 01

Chapter 220 မွေးနေ့လက်ဆောင်မရှိပါ။

နန်ကောဟာ နန်ကျဲ့ရဲ့စကားကို အတည်မယူဘူး။

သူမအမြင်မှာတော့ ဒါဟာ စနောက်တာ သက်သက်ပဲ။

မွေးနေ့ဟာ မွေးနေ့၊ဖယောင်းတိုင်မီးနဲ့ ညစာလေးပဲ။သူမ ဘယ်လောက်ရင်ထဲ ထိနိုင်မှာမလို့လဲ။

ရှန်ရန်ချင်းအပေါ်မှာ ယုံကြည်ချက် မရှိတာမို့ နန်ကော ဒီလိုတွေးတာ မဟုတ်ဘူး။ဒါပေမဲ့ ငယ်ငယ်ကတည်းက သူမရဲ့မိသားစုဟာ သူမမွေးနေ့ကို လာတဲ့လူတိုင်းကို အထူးတလည် ဆက်ဆံပေးလို့။ဆိုလိုတာက မွေးနေ့ပွဲတွေဆိုတာ အရမ်းကြီး လာတတ်တယ်။

သူမ ဘယ်လောက် ရင်ထဲ ထိနိုင်မှာလဲ။

ပြီးတော့ အခုလတ်‌တလောမှာ ရှန်ရန်ချင်းဟာ လက်ထပ်ပွဲအကြောင်း တွေးနေရတာ။

သူမရဲ့မွေးနေ့မှာ ဘာစပရိုက်မှ ရှိမယ်လို့ မထင်ဘူး။အလွန်ဆုံးမှ ရှန်ရန်ချင်း သူမကို ဘာမွေးနေ့လက်ဆောင် ပေးမလဲဆိုတာကိုပဲ မျှော်လင့်နေမိတယ်။

သူမ တကယ် ခန့်မှန်း ကြည့်လို့ မရဘူး။

အဲဒီနေ့က လေထုကို မဖျက်ဆီးချင်တာမို့ သူမ ရှန်ရန်ချင်းကို မစမ်းသပ်ခဲ့ဘူး။

ကံကောင်းစွာနဲ့ မကြာခင် သူမမွေးနေ့ ရောက်ပြီ။

မွေးနေ့မတိုင်ခင်ညက သူမ ရှန်ရန်ချင်းနဲ့အတူ ရုပ်ရှင်ကြည့်ခဲ့တယ်။

ရုပ်ရှင်ရုံထဲမှာ သူမတို့နှစ်ယောက်ပဲ ရှိတယ်။ဒီရုပ်ရှင်ဟာ လတ်တလော အရမ်းနာမည်ကြီးနေတာမို့ သူ ရုပ်ရှင်ရုံတစ်ခုလုံးကို ငှားထားတာ‌ ဖြစ်လိမ့်မယ်။

ကြည့်ပြီးသွားတဲ့အခါ ၁၁နာရီ၄၀ဖြစ်နေပြီ။

၁၀မိနစ်လောက်ကြာတော့ သူမတို့ ရုပ်ရှင်ရုံထဲကနေထွက်လာခဲ့ပြီး ကားဆီကို ပြန်တယ်။

ခရီးသည်ခုံမှာထိုင်နေရင်း နန်ကောဟာ လည်စည်းကို ဖြည်ပြီး ရှန်ရန်ချင်းရဲ့အပြုအမူတွေကိုတော့ သတိမထားမိဘူး။

ညသန်းခေါင်ရောက်တော့ ကားထဲမှာ နှိုးစက်သံဟာ မြည်လာတယ်။

နန်ကောဟာ တန့်သွားပြီး လက်ထဲလည်စည်းကို ကိုင်ထားရင်းနဲ့ပဲ အသံလာရာကို ကြည့်လိုက်မိတယ်။

တစ်ဖက်မှာတော့ ရှန်ရန်ချင်းဟာ နှိုးစက်ကို လက်နဲ့ ဖိလိုက်တယ်။အသံဟာ ချက်ချင်းရပ်သွားပြီး ကားထဲမှာလည်း တစ်ဖန်ပြန်လည် တိတ်ကျသွားတယ်။

ခပ်မှိန်မှိန်အလင်းရောင်အောက်မှာ သူတို့အကြည့်ချင်းသွားဆုံတယ်။

“ညသန်းခေါင်ရောက်ပြီလား”

နန်ကောဟာ မျက်တောင် ခတ်ပြီး တစ်ခုခုအတွက် စတင်မျှော်လင့်နေတော့တယ်။

သူမရဲ့အကြည့်အောက်မှာ ရှန်ရန်ချင်းဟာ အလျင်အမြန် ပြောတယ်။ “ပျော်ရွှင်စရာ မွေးနေ့ပါ”

အဲဒါပြီးနောက်...ဘာမှ ထပ်မဖြစ်ဘူး။

နန်ကောဟာ မျက်တောင် ထပ်ခတ်လိုက်ပြီး တခဏတာ နားမလည်နိုင် ဖြစ်သွားတယ်။

ဒါပဲလား။

ဘာမှ မရှိတော့ဘူးလား။

မွေးနေ့ လက်ဆောင်ရော။

ဘာမှ မရှိဘူး။

မကြာခင်ဘဲ သူမ ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်လိုက်ပါတယ်။စပရိုက်တွေက အိမ်မှာ ဖြစ်မယ်။

ဟုတ်တယ်။အဲလို ဖြစ်လိမ့်မယ်။

ရှန်ရန်ချင်း အိမ်ကိုပြန်မောင်းတဲ့အခါ နန်ကောဟာ ပြန်တက်ကြွသွားပုံရပြီး အထူးစိတ်လှုပ်ရှား နေတော့တယ်။

သူမ ဓာတ်လှေကားထဲက ထွက်လာတော့ တံခါးဆီကို ခုန်ပေါက် သွားလိုက်တယ်။တံခါးပွင့်သွားပြီဆိုတာနဲ့ စပရိုက်တွေနဲ့ သေချာပေါက် ပြည့်နေလိမ့်မယ်ဆိုတဲ့ ခံစားချက်ကို သူမ ရနေတယ်။

ကံမကောင်းစွာနဲ့ တံခါးပွင့်သွားတဲ့အခါ အခန်းထဲက အလင်းရောင်ဟာ ပုံမှန်နဲ့ ဘာမှကွာမနေဘူး။ဧည့်ခန်းကနေ အိပ်ခန်းအထိ ရှင်းလင်းနေတယ်။စိတ်ကူး ယဥ်ထားသလို ဘာမြင်ကွင်းမှလည်း ရှိမနေဘူး။

ဒီလိုနဲ့ ညလေးဟာ ငြိမ်းချမ်းစွာ ကုန်ဆုံးသွားတယ်။

ငြိမ်းချမ်းလွန်းလို့ နန်ကောမှာ အိပ်မပျော်တော့မလို့။

မနက်နိုးလာတော့ နန်ကောတစ်ယောက် အသက်မဲ့တဲ့ မျက်နှာထားနဲ့ထလာပြီး ဆေးကြောသန့်စင်ကာ မနက်စာ စားတယ်။

မနေ့ညကတည်းကနေ အခုထိ အရာအားလုံးဟာ ပုံမှန်လိုပဲ။

ညက ရှန်ရန်ချင်းရဲ့မွေးနေ့ဆုတောင်း ပေးတာကလွဲရင် သူမဖုန်းဟာ တိတ်ဆိတ်‌ ခြောက်ကပ်နေတယ်။

သူမကို မွေးနေ့ဆုတောင်းပေးတဲ့ အက်ပ်အချို့ကလွဲရင် သူမိဘတွေ၊အစ်ကိုနဲ့ ယွီတို့ သူမဆီ စာတစ်စောင်မှ ပို့မလာဘူး။

ဒါဟာ နန်ကောကို စိတ်ဓာတ် ကျ‌သွားစေတယ်။သူမ စိတ်ပျက်သွားတယ်လို့တောင် ပြောလို့ရတယ်။

ရှန်ရန်ချင်းဟာ ဒါကို သတိထားမိတယ်။သူဟာ သူမအတွက် သူ ယူလာတဲ့သစ်သီးဖျော်ရည်ကို ချပေးပြီးပြောတယ်။ “ဒါကို သောက်ပြီး အ၀တ်သွားလဲ”

“ဘာလဲ?” နန်ကောဟာ စားပွဲပေါ် မှောက်နေတယ်။သူ့ကို ကြည့်ဖို့အတွက် မျက်လုံး ဖွင့်ဖို့တောင်မှ ပျင်းရိလွန်းနေတယ်။

သူမရဲ့အားနည်းတဲ့အသံလေးကို ကြားတော့ ရှန်ရန်ချင်းဟာ သူမကို အမြန်နှစ်သိမ့်ပေးတယ်။ “ဟိုက်မြို့ရဲ့ရေအောက်ကမ္ဘာမှာ နေရာအသစ်တွေ ဆောက်ထားတယ်။ မင်း အဲဒီကို မရောက်တာ ကြာပြီမလား။ ဒီနေ့ မင်းမွေးနေ့ဆိုတော့ ကိုယ်တို့ အတူတူ သွားကြည့်ကြရင်ရော”

220 02

“ရေအောက်ကမ္ဘာ” အရင်ကဆိုရင်တော့ နန်ကောဟာ ပျော်လောက်ပါတယ်။ဒါပေမဲ့ အခုလောလောဆယ်တော့ တကယ် စိတ်ဝင်စားမနေဘူး။

သူမ သူ့ကိုငြင်းတော့မှာကို အာရုံခံမိတဲ့အခါ အမျိုးသားဟာ ဆက်ပြောလိုက်တယ်။ “မင်းမသွားရင် ကိုယ် မင်းကို မွေးနေ့လက်ဆောင် မပေးနိုင်လောက်တော့ဘူး”

“ဟမ်” တစ်ဖက်မှာ နန်ကောဟာ မတ်မတ် ထထိုင်လာတယ်။ “စပရိုက်”

“အင်း” သူဟာ ပြုံးပြတယ်။ “ကိုယ်က ဘယ်လိုလုပ် မင်းမွေးနေ့အတွက် လက်ဆောင် မပြင်ထားဘဲ နေပါ့မလဲ။ ဒါပေမဲ့ အခု မင်း ကိုယ့်ကို ငြင်းရင်တော့...”

သူဟာ ပြောရင်း ၀မ်းနည်းသွားပုံ ဟန်ဆောင်တယ်။ “ကိုယ် အချိန်အကြာကြီး သေသေချာချာ ပြင်ဆင်ထားတာ မင်း ကြိုက်မယ်လို့ ကိုယ်ထင်ခဲ့တာ”

“ဒါပေါ့ ကျွန်မတို့ သွားမယ်။ မသွားဘူးလို့ ဘယ်သူပြောလဲ” နန်ကောဟာ ဘေးက သစ်သီးဖျော်ရည်ကို ယူပြီး တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်တယ်။ “အဟမ်း မိနစ်၂၀လောက်အချိန်ပေး!”

သူတို့ ထွက်မလို့လုပ်ပြီး နန်ကော ဖိနပ်လဲနေတဲ့အချိန်မှာ နန်ကျဲ့ဟာ ဖုန်းခေါ်လာတယ်။

သူမဟာ ဖုန်းကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး ကျန်လက်တစ်ဖက်နဲ့ ဖိနပ်စီးနေတယ်။သူမ ယိုင်ပြီး လဲတော့မလို့။ကံကောင်းလို့ ရှန်ရန်ချင်းဟာ ဘေးမှာ ရပ်နေပြီး သူမကို အချိန်မှီ ထိန်းကိုင်ပေးတယ်။

အဲဒီနောက် ချက်ချင်းပဲ အမျိုးသားဟာ ဆောင့်ကြောင့်ထိုင်ချပြီး သူမကို ကျန်တဲ့ဖိနပ် ကူစီးပေးတယ်။

အခုမှပဲ ရှန်ရန်ချင်း သာမန်လို ပေါ့ပေါ့ပါးပါး ၀တ်စားမထားတာကို နန်ကောဟာ သတိထားမိသွားတယ်။သူ ခန့်ခန်ညားညား ၀တ်စားထားတယ်။

ဒါပေမဲ့လည်း သူမဟာ အဲဒီအကြောင်း သိပ်များများစားစား မတွေးမိဘဲ ဖုန်းထဲက နန်ကျဲ့အသံကြောင့် အာရုံပြောင်းသွားတယ်။

“နင်နားထောင်နေလား”

“ငါ နားထောင်နေတယ်။ နင် ဘာလုပ်နေတာလဲ။ မနက်အစောကြီး ဘာလို့ဖုန်းထခေါ်နေတာလဲ”

နန်ကောဟာ ဂုဏ်ယူ၀င့်ကြွားစွာနဲ့ လှောင်လိုက်တယ်။

“ဘာမှမဟုတ်ပါဘူး ဒီတိုင်း နင့်ကို မွေးနေ့ဆုတောင်းပေးဖို့ ခေါ်လိုက်တာ”

“.....” နန်ကောဟာ မျက်ခုံး ပင့်မိသွားတယ်။ “ဒါပဲလား။ မွေးနေ့ လက်ဆောင်ရော”

သူ သူ့ဆုမွန်ကောင်းကို အစီအစဉ်တကျ မပို့နိုင်ရင်လည်း ရပါတယ်။ဒါပေမဲ့ သူ ဘာလို့များ မတွေးတော ပေးတတ်လွန်းရတာလဲ။

“ငါ ဒီနေ့ ဟိုက်မြို့ကို လာဖို့ အချိန်မရှိဘူး။ နောက်နေ့ နင် အိမ်ပြန်လာမှ အဲဒီအကြောင်း ပြောကြတာပေါ့”

သူ့ရဲ့သာမန်လေသံကို ကြားတဲ့အခါ နန်ကောဟာ နည်းနည်း စိတ်တိုသွားတယ်။ “နင် မပြင်ထားဘူးလို့တော့ မပြောနဲ့နော်”

မောင်နှမနှစ်ယောက်ဟာ ဖုန်းပေါ်မှာ တခဏလောက် ရန်ဖြစ် လိုက်ကြသေးတယ်။နောက်ဆုံးမှာတော့ နန်ကျဲ့ဟာ အချိန်မှီ စကားလမ်းကြောင်းလွှဲကာ သူမကို မေးလိုက်တယ်။ “ရှန်ရန်ချင်း နင့်ကို ဘာပေးလဲ”

ဒါကိုကြားတော့ နန်ကောဟာ ဘေးမှာ လမ်းလျှောက်နေတဲ့လူကို လှမ်းခိုးကြည့်လိုက်ပြီး တိုးတိုးလေး ပြောတယ်။ “မသိသေးဘူး”

“ငါတို့နှစ်ယောက် အခုအပြင်သွားနေတာ” နန်ကောဟာ အမှန်အတိုင်း တင်ပြတယ်။ “ဒီနေ့ ငါ့ကို ဖုန်းထပ်မခေါ်နဲ့တော့ အိမ်ပြန်ရောက်မှ နင်နဲ့ငါ စာရင်းရှင်းမယ်!”

စကားလမ်းကြောင်း လွှဲဖို့ မကြိုးစားစမ်းပါနဲ့။

သူမရဲ့အမြင်မှာတော့ နန်ကျဲ့ဟာ မပြင်ဆင်ထားတာ။

ဒါဟာ ဘာလို့လဲဆိုတော့ သူမရဲ့ အရင်မွေးနေ့တွေတုန်းကဆို နိုင်ငံခြားမှာ ကျောင်းတက်နေရင်တောင်မှ နန်ကျဲ့ဟာ အချိန်ပေးပြီး ပြန်လာတတ်တယ်။လက်ဆောင်တွေကို သူမဆီ ကိုယ်တိုင် ပေးတယ်။

ဒါကြောင့် သူသာ အဆင်သင့် ပြင်ဆင်ထားရင် ဒီနေ့ သူ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ။ သူ သူမကို ပေးဖို့အတွက် ကျိန်းသေပေါက် လာလိမ့်မယ်။

နောက်ပြီး ကျန်းမြို့က ဟိုက်မြို့နဲ့နီးနီးလေး။နိုင်ငံခြားထက်တောင်မှ နီးသေး။

ဟွန့်...အကုန်ဆင်ခြေတွေချည်း။

နန်ကျဲ့ကို သူမ ဖုန်းချသွားတော့ နန်ကျဲ့ဟာ စိတ်မဆိုးမိဘူး။

သူဟာ ပြုံးပြီး ရှန်ရန်ချင်းဆီ စာပို့လိုက်တယ်။အဲဒီနောက် သူဟာ ဖုန်းကို ဖယ်ပြီး ပါးနဲ့မားကို သွားတွေ့ဖို့ အောက်ထပ်ကို ဆင်းသွားလိုက်တယ်။

သူဟာ အမြဲအိပ်ရာထ နောက်ကျတတ်ပြီး ရှန်ရန်ချင်းဖုန်းခေါ်လာတော့ အိပ်ပျော်နေတုန်းပဲ ရှိသေးတယ်။ရှန်ရန်ချင်းပြောတာ နန်ကော စိတ်ခံစားချက်ကောင်းနေပုံ မပေါ်ဘူးတဲ့။လူတိုင်းရဲ့ ဆုမွန်ကောင်းတောင်းတာကို သူမ လက်ခံ မရရှိသေးတာမို့ လစ်လျူရှု ခံထားရသလို ခံစားနေရတာ ဖြစ်မယ်။

စဉ်းစားကြည့်ရင် ဒါအဓိပ္ပာယ်ရှိတယ်။အရင်ကဆို နန်ကောရဲ့မွေးနေ့ဟာ မိသားစုအတွက် အထူးတလည် အရေးကြီးတယ်။နန်ကောရဲ့ သူငယ်ချင်းကောင်းတွေဖြစ်တဲ့ ယွီယွီနဲ့ အခြားလူတွေဟာလည်း သူမကို ဆုမွန်ကောင်း တောင်းပေးပြီး လက်ဆောင်တွေ ပေးတတ်ကြတယ်။

ယွီယွီဟာ အရင်က တစ်ခါမှ တကယ် ဒေါသထွက်တယ်လို့ မခံစားရဖူးဘူး။

ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ စေ့စပ်သေချာတယ်။သူဟာ ဖုန်းခေါ်ပြီး နန်ကျဲ့ကို နိုးသွားစေတယ်။

ဘာပဲ ဖြစ်နေဖြစ်နေ သူ နန်ကောကို အရင်ဆုံး စကားပြောဖို့လိုပြီး အာရုံ ပြောင်းထားရမယ်လေ။

ဆန္ဒရှိတဲ့ အကျိုးသက်ရောက်မှုကို လိုချင်ရင် သူ သူမကို အရင်ဆုံး နည်းနည်းလေး နင်းချေထားရမှာပေါ့။

ဒါပေမဲ့ သူတို့ အရမ်းကြီးတော့ လုပ်လို့မရဘူး။နန်ကောရဲ့ နုနယ်တဲ့ နှလုံးသားလေးဟာ မခံနိုင်ဘဲ နေလိမ့်မယ်။

******

All Chapters