← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

77 01

Chapter 77 မှတ်စု။

ရှန်ရန်ချင်းဟာ နန်ကောရဲ့ လက်ကို ကိုင်ပြီး အရှေ့ကို ဆက်လျှောက်တယ်။ သူဟာ သူမ ဖြတ်သွားဖြတ်လာတွေနဲ့ မတိုက်မိအောင် သူ့ကိုယ်နဲ့ ကာပေးထားတယ်။

ကံကောင်းစွာနဲ့ ကားကို အရမ်းအဝေးကြီးမှာ မရပ်ထားခဲ့ဘူး။

ကားထဲကို ရောက်တော့ နန်ကောဟာ လက်ထဲ ပန်းစည်းနဲ့အတူ အရှေ့ခရီးသည်ခုံမှာ ထိုင်တယ်။

သူမဘေးက လူကို တစ်ချက်လှမ်းကြည့်ပြီး နောက်ဆုံး သူမဟာ ပန်းစည်းကို အနောက်ခုံမှာ ထားလိုက်တယ်။

ရှန်ရန်ချင်း ခါးပတ် ပတ်ပြီးတဲ့အခါ သူဟာ ဒီဖြစ်စဉ်ကို မြင်လိုက်တယ်။

“ကိုယ့်အတွက် မပူနဲ့နော်”

“အိုး” နန်ကောဟာ သူမခါးပတ်ကို ကိုင်ပြီး တိုးတိုးလေး ပြောတယ်။ “အလတ်ဂျစ်ထမယ်ဆို သိပ်အဆင်မပြေဘူးလေ။ ဂရုစိုက်ထားတာက ပိုကောင်းတယ်”

*စကားမစပ် အရက်နဲ့ ၀တ်မှုန်ကလွဲရင် အခြားဘာရှိသေးလဲ။ ရှင့်မှာ အခြားမတည့်တာတွေများ ရှိသေးလား”

“အစားအစာ ဒါမှမဟုတ် တစ်ခုခု”

သူတို့ နှစ်ယောက်လုံးဟာ တားမြစ်ထားတဲ့ ဧရိယာတစ်ဝိုက်ကို စည်းမကျော်ရဲဘဲ လိုလိုလားလားနဲ့ လုံခြုံစိတ်ချရတဲ့ လိုင်းအပြင်ဘက်မှာ နေကြတယ်။

ဒါပေမဲ့ ဒါကို ချက်ချင်းနားလည်ဖို့ လိုအပ်တယ်လို့ နန်ကောဟာ ခံစားရတယ်။ မဟုတ်ရင် ရှန်ရန်ချင်းရဲ့ အကျင့်စရိုက်အရဆို သူ သူမနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်နေတော့မှာ။

ရှန်ရန်ချင်းဟာ ကားကို အဓိကလမ်းမကြီးပေါ် မောင်းရင်း ပြန်မပြောခင် ခဏလောက် တွေးကြည့်လိုက်သေးတယ်။ “အရက်၊၀တ်မှုန်ရယ်နဲ့ မက်မွန်သီး”

“ရှင် မက်မွန်သီးလည်း စားလို့ မရဘူးလား”

“မဟုတ်ဘူး။ ကိုယ်က ဒီတိုင်း မက်မွန်သီးအမွှေးကို ထိရတာ သက့်တောင်သက်သာ မရှိရုံပဲ။ စားလို့တော့ ရပါတယ်”

“ဟုတ်ပြီ ဟုတ်ပြီ” နန်ကောဟာ အဲဒါတွေကို ချမှတ်လိုက်တယ်။

“ရှောင်ရတာ ဘာညာရော။ ရှိလား”

“အရင်က ကိုယ်မစားနိုင်တဲ့ ဟာရယ်လို့ ထူးထူးခြားခြားမရှိဘူး။ အခုမှသာ ကိုယ့်အစာအိမ်က သိပ်မကောင်းတော့ ကိုယ် အစပ်စားလို့ မရဘူး”

“ရှင့်အစာအိမ်က မကောင်းဘူး...” နန်ကောဟာ ခေါင်းညိတ်ပြီး မှတ်စုထဲ လေးလေးနက်နက် ထည့်ရေးလိုက်တယ်။

“တခြားရှိသေးလား”

“ဘာမှ မရှိတော့ပါဘူး”

“အိုကေ”

“အခြားကိစ္စတွေဆိုရင်ရော။ ဝါသနာပါတဲ့ ဟာမျိုးပေါ့”

ဒါဟာ မေးခွန်းလေးတွေ နည်းနည်း ထပ်မေးပြီး ယေဘုယျ နားလည်မှုရဖို့ အခွင့်ကောင်းလို့ နန်ကော ထင်တယ်။

“ဝါသနာ...” ဒီမေးခွန်းဟာ ရှန်ရန်ချင်းကို ဖြေရခက်စေတယ်။

သူဟာ အရှေ့ကို တည့်တည့်ကြည့်ပြီး ကားမောင်းရင်း စဉ်းစားနေတယ်။

“ကိုယ် ဝေ့ချီ ကစားရတာကို ကြိုက်ဖူးတယ်။ ဒါပေမဲ့ ကိုယ် နိုင်ငံခြားရောက်သွားတော့ အဲဒါကို ထိတောင် မထိဖြစ်တော့ဘူး”

“ဝေ့ချီ”

သူဟာ သေချာပေါက်ကို သန့်စင်တဲ့အမျိုးသားပဲ။ သူကိုက ကွဲပြားနေတာ။

နန်ကျဲ့ရဲ့ ကောင်းကျိုးမရှိတဲ့ ဝါသနာတွေထက်စာရင် ရှန်ရန်ချင်းဟာက အရမ်းပုံမှန်ဆန်တယ်။

77 02

“အင်း” ရှန်ရန်ချင်းဟာ ရှင်းပြတယ်။ သူ့အဖိုးဟာ ကျားထိုးရတာ ကြိုက်တယ်။ ဒီတော့ သူငယ်ငယ်တုန်းက သူ့အဖိုးဆီက ဒါကို သင်ထားတာ။

သူ ငယ်ငယ်တုန်းက သူ ခပ်ဆင်ဆင်ရှိတဲ့ ဝါသနာအတန်းလေးတွေမှာ စာရင်းသွင်းပြီး လေးလေးနက်နက် လေ့လာခဲ့ဖူးသေးတယ်။

ဒါပေမဲ့လည်း သူ့အဖိုးဟာ သူမူလတန်းမှာ ဆုံးပါးသွားခဲ့တယ်။ အဲဒီနောက် သူဟာ အချိန်အများစု သူ့ဟာသူ တစ်ယောက်တည်းဆော့ခဲ့ပြီး နိုင်ငံခြားရောက်သွားတော့ ထပ်ပြီး ထိကို မထိဖြစ်တော့ဘူး။

“အိုကေ” နန်ကောဟာ လေးလေးနက်နက်နဲ့ ချမှတ်နေပြန်တယ်။ “ဝေ့ချီက ကောင်းပြီးတော့ ကျားထိုးတာကလည်း မဆိုးပါဘူး”

“မင်းစိတ်၀င်စားလို့လား”

“အာ...ဟုတ်တယ်”

နန်ကောဟာ မတတ်နိုင်ဘဲ အလိုလို သဘောတူလိုက်ရတယ်။

အဲဒီလို ပြောပြီးခါမှ သူမ နောင်တနည်းနည်းရမိတယ်။ ဝေ့ချီသင်တန်း သွားတက်ဖို့ သူမအတွက် အရမ်းများ နောက်ကျနေပြီလား?

၇ရက် ၈ရက်လောက်ပဲ အချိန်ယူရမဲ့ ရက်ပြတ်သင်တန်းတွေများ ရှိလား။ သူမ အပူတပြင်း လိုအပ်နေပြီ။

နည်းနည်းလောက် ထပ်တွေးကြည့်ပြီးတဲ့နောက် သူမဟာ မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။

“ဒါပေမဲ့ ကျွန်မ ဘယ်လို ဆော့ရမလဲမသိဘူး။ သူများတွေ ဆော့တာပဲ မြင်ဖူးတာ”

ရိုးသားတဲ့ ကလေးဟာ စိုးရိမ်ပူပန်မှုကနေ လွတ်မြောက်ရတယ်။

“တကယ်လို့ မင်းစိတ်၀င်စားတယ်ဆို ကိုယ် သင်ပေးလို့ရတယ်”

“ဟုတ်ပါပြီ!”

“ရှင်စန္ဒယားတီးတတ်တာကိုလည်း ကျွန်မ မှတ်မိသွားပြီ။ ရှင်က တကယ် အရည်အချင်းရှိတာပဲ”

ရှန်ရန်ချင်းဟာ မတတ်နိုင်ပေမဲ့ ရယ်လိုက်မိတယ်။ “မဟုတ်ပါဘူး။ ကိုယ် ငယ်ငယ်တုန်းက ဝါသနာအတန်း နည်းနည်းပါးပါးမှာ စာရင်းသွင်းခဲ့လို့ပါ။ ဒါပေမဲ့ ကိုယ် အရမ်းမကျွမ်းကျင်ပါဘူး ။နည်းနည်းပိုကျွမ်းကျင်တဲ့ လူနဲ့သာ တွေ့ရင် ကိုယ်သွားပြီပဲ”

ဒါတွေဟာ နှိမ့်ချတဲ့စကားလုံး အချို့ပဲဆိုတာ နန်ကောရဲ့ ပင်ကိုယ်အသိစိတ်ဟာ ပြောနေတယ်။

သူမ သူ့ကို မယုံနိုင်ပါဘူး။

“မင်းရော? မင်းမှာရော ဝါသနာတစ်ခုခုရှိလား” ရှန်ရန်ချင်းက မေးတယ်။

“ကျွန်မ...” နန်ကောဟာ ဆို့သွားတယ်။ သူမမှာ စိတ်၀င်စားတဲ့ ဝါသနာရယ်လို့ မရှိသလိုပဲ။

သူက ဝေ့ချီလို့ ပြောခဲ့တာကို သူမက ပန်းတွေကို စီရတာ ကြိုက်တယ်လို့ သွားပြောလို့ မရလောက်ဘူးမလား။

ဒါက တော်တော် ရယ်စရာ ကောင်းတယ်။

“ကျွန်မကတော့ အဲဒီလောက် ပြေပြစ်မနေလောက်ဘူး” သူမက ‌ခေါင်းကို ကို့ရို့ကားယားကုတ်ရင်း “ကျွန်မ ငယ်ငယ်လေးတုန်းကလည်း ကျွန်မအမေက ကျွန်မကို ဝါသနာအတန်းလေးတွေ ပို့ပေးတယ် ၇ခု ၈ခုလောက်ရှိမယ်”

“ပြီးတော့”

သူမဟာ အနည်းငယ်မျက်နှာပူကာ ရယ်တယ်။ “ပြီးတော့...ကျွန်မ တစ်ခုမှ စိတ်မ၀င်စားဘူးလေ”

ရှန်ရန်ချင်း “.....”

“အခုရော? မင်းစိတ်၀င်စားတာမျိုးတို့ လုပ်ရတာသဘောကျတာမျိုးတို့ မရှိဘူးလား”

“အခုတော့ ရှိတယ်” တစ်ချက်မစဉ်းစားဘဲ နန်ကောဟာ လွတ်ခနဲ ဖြေလိုက်တယ်။ “ကျွန်မ ဒလီလိုက်ပို့ရတာ ကြိုက်တယ်”

ရှန်ရန်ချင်း “.....”

“အစကတော့ ပိုက်ဆံရမယ်ဆိုလို့ လုပ်ခဲ့ပေမဲ့ အခု အဲဒါက ပျော်စရာ ကောင်းတယ်ဆိုတာ သိလာရတယ်”

အဲဒါဟာ ထူးခြားတဲ့ အတွေ့အကြုံပဲ။

“မင်း ဘာလို့ အဲဒီလိုပြောတာလဲ။ ကိုယ်က မင်းပင်ပန်းနေတယ်တောင် ထင်တာကို”

77 03

“ကျွန်မလည်း အစက ထင်ပါတယ်။ နောက်ပိုင်းကျ ကျွန်မလုပ်ငန်းစဥ်နဲ့ ပိုရင်းနှီးလာတော့ ပိုအဆင်ပြေလာပါတယ်။ ကောင်းတဲ့ မှတ်ချက်တွေဟာ အမြဲ မကောင်းတဲ့မှတ်ချက်တွေထက် ပိုကောင်းတယ်လေ”

“ပြီးတော့ ၀ယ်သူအများစုက သဘောကောင်းကြတယ်။ ကျွန်မဒလီပို့နေတာမြင်ရင် တစ်ချို့မိန်းကလေး ငယ်ငယ်လေးတွေဆိုရင် ကျွန်မကို မုန့်တွေတောင် ပေးသေးတယ်”

နန်ကောဟာ အနာဂတ်ကို မျှော်ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ “ကျွန်မ မိသားစုက မကြိုက်ဘူးဆိုတဲ့ အချက်သာမရှိရင် ကျွန်မ ကျန်တဲ့တစ်ဘ၀လုံး ဒလီလိုက်ပို့ရလည်း မဆိုးလောက်ပါဘူး”

ဒါပေါ့။ ဒါဟာ သူမ Lamborghiniကို မောင်းတဲ့ အကြောင်းအရင်းအောက်မှာလည်း ပါတာပေါ့။

ရှန်ရန်ချင်းဟာ ပါးစပ်ကို ဖွင့်လိုက်တယ်။ သူ့စိတ်ထဲ အသားကုန်ပြေးလွှားပြီးတဲ့နောက် သူ စကားတစ်ခွန်းကိုပဲ တွေးမိတယ်။ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိတယ်။

နန်ကောရဲ့ ဝါသနာကို အရမ်းရိုးရှင်းနေလိမ့်မယ်လို့ သူ မထင်ထားဘူး။

ဒါပေါ့။ ဒီလို ဝါသနာက ဆိုးတယ်လို့လည်း သူ မထင်ပါဘူး။ သူ လေးစားမှုရှိဖို့ လိုတယ်လေ။

အဲဒီနောက်မှာတော့ သူတို့ နန်ကောရဲ့ ကျန်းမာရေးအကြောင်း ပြောဖြစ်တယ်။

“ကျွန်မမှာက မတည့်တာ မရှိဘူး။ ကျွန်မက အစားမရွေးသလို ကျွန်မရဲ့ ကျန်းမာရေးကလည်း ကောင်းပါတယ်”

“ဒီတော့ နောက်ဆို ကျွန်မ ရှင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေပေးလို့ ရတယ်။ ရှင် ထိလို့မရတဲ့ ဟာမှန်သမျှ ကျွန်မလည်း မထိဘူး”

“ဘာပဲဖြစ်ဖြစ် ကျွန်မက သောက်လည်း မသောက်တတ်ပါဘူး။ ကျွန်မ မက်မွန်သီးနဲ့ ပန်းလည်း မကြိုက်ဘူး။ အနာဂတ်မှာ ရှင်အိမ်ကို အလှဆင်ခြင်ရင် ရှင်ပန်းအတုတွေ သုံးလို့ရတယ်။ ကျွန်မ လိုင်းပေါ်မှာ လက်လုပ်လေးတွေ တွေ့တယ်။ သူတို့ ကြည့်ရတာ အစစ်လိုပဲ။ ကျွန်မဟာ ကျွန်မလည်း လုပ်နိုင်တယ်ရယ်”

ဒါက အမှန်ပဲ။

ကားဟာ တစ်နေရာရာမှာ ရပ်ရတယ်။ ရှန်ရန်ချင်းဟာ ဒီအခွင့်အရေးကို ယူပြီး သူမကို ကြည့်တယ်။

ပင်ကွင်းပေါက်ဟာ ခေါင်းငုံ့ကာ ဖုန်းကို ကိုင်ထားပြီး သူမရဲ့ သွယ်လျတဲ့ လက်ချောင်းလေးတွေဟာ စခရင်ပေါ် ရိုက်နေတယ်။

သူမ ကြည့်ရတာ သူမ အခုလေးတင် ပြောခဲ့တဲ့ စကားတွေဟာ တစ်ယောက်ယောက်ကို သူမကို တောင့်တမိစေမယ်ဆိုတာ သတိထားမိပုံလည်း မပေါ်ဘူး။

သူ့ရဲ့ တည်ငြိမ်တဲ့ အသွင်အပြင်အောက်မှာ ပရမ်းပတာဖြစ်နေပြီ။

သူ့ရဲ့ ခြောက်ကပ်က ပ်နှုတ်ခမ်းကို ဖိထားရင်း သူ့ရဲ့လည်စလုတ်ဟာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ သူမကို နှောင့်ယှက်မိမှာ စိုးရိမ်နေသလိုမျိုး သူ့အသံဟာ အရမ်းနူးညံ့နေခဲ့တယ်။

“မင်း ဘာတွေ...ရိုက်နေတာလဲ”

“ကျွန်မ” နန်ကောဟာ ဖုန်းစခရင်ကို လှည့်ကာ သူ့ကို ထောင်ပြတယ်။ “မှတ်စုလေ”

“ကျွန်မက ဉာဏ်မကောင်းဘူးဆိုတာ ကျွန်မလက်ခံတယ်။ ဒီတော့ နောက်ကျရင် မမေ့အောင် မှတ်စုထဲ မှတ်ထားတာက ပိုကောင်းတယ်လေ”

“ပြီးတော့ ပိုအရေးကြီးတဲ့အကြောင်းအရာတွေလည်း ရှိသေးတယ်။ လစ်လျူရှုထားလို့ မရဘူးလေ”

“နောင် ရှင် တစ်ခုခု စဉ်းစားမိရင်လည်း ကျွန်မကို ပြောပေါ့ ကျွန်မ ထပ်ထည့်လိုက်မယ်”

ရှန်ရန်ချင်းရဲ့ မျက်လုံးတွေထဲက ရှုပ်ထွေးတဲ့ အရိပ်အယောင်တွေကို သူမ သတိမထားမိဘဲ ဆက်တိုက် စကားပြောနေခဲ့တယ်။

ကားပြတင်းပေါက်မှန်က တစ်ဆင့် ဖြတ်ကျလာတဲ့ နီယွန်အလင်းရောင်ဟာ နန်ကောရဲ့ မျက်နှာပေါ် ညင်သာစွာ သွားတောက်ပနေတယ်။

သူမဟာ ဒီနေ့ သူနဲ့အရမ်းဆင်တဲ့ အနက်ရောင်ကုတ်အင်္ကျီကို ၀တ်ဆင်ထားတယ်။

စုံတွဲ၀တ်စုံလိုမျိုးပဲ။

သူ အဲဒါကို သတိမထားမိခဲ့ဘူး။

အခု ကြယ်သီးတွေ ဖြုတ်ထားတဲ့အခါ သူမအထဲမှာ အနက်ရောင် ဂါ၀န်အပါးလေးတစ်ထည် ၀တ်ဆင်ထားပုံရတာကို သူ သတိထားမိလိုက်တယ်။

သူမဟာ မိတ်ကပ် ပါးပါးလိမ်းထားပြီး ခေါင်းအစ ခြေအဆုံး လက်ရာမြောက်နေတယ်။ သူမဟာ သူငယ်ငယ်တုန်းက အရုပ်ဆိုင်ရှေ့က ဖြတ်သွားရင်း ပြတင်းပေါက်ကနေ တွေ့ခဲ့ဖူးတဲ့ အရုပ်မလေးလိုပဲ။

******

All Chapters