အခန်း ၂၀၈
Vol. 21 Ch. 208
208 01
Chapter 208 နန်ကော ကိုယ် မင်းဘက်မှာရှိပါတယ်။
“နန်ကော နင်ခုဏက လုပ်ခဲ့တာ အရမ်းတော်တယ်”
ဘေးမှာချထားတဲ့ နန်ကောရဲ့လက်ဟာ အိတ်ကို တိတ်တဆိတ် သွားဆုပ်ကိုင်မိတယ်။
သူမ နန်ကျဲ့ကို ဆွံ့အစွာနဲ့ ကြည့်လိုက်တယ်။သူ့အကြည့်ဟာ သူမဆီကနေ ဆန့်ကျင်ဘက်မှာရှိတဲ့ ကားထဲက ထွက်လာတဲ့ အမျိုးသားဆီ ရောက်သွားတယ်။
သူ့နှုတ်ခမ်းဟာ အပေါ်ကွေးတက်သွားတယ်။အငယ်ဆုံးဦးလေးလိုပဲ သူဟာလည်း ဖြစ်ခဲ့တာတွေကို ထည့်မပြောဘူး။
ကြည့်ရတာ သူ ဒါလေးပြောဖို့ပဲ ထွက်လာပုံ ရတယ်။
ချီယန် ဘာလို့ရောက်နေလဲဆိုတာ နန်ကောမသိပေမဲ့ ဘာဆက်ဖြစ်လဲဆိုတာကိုလည်း မသိဘူး။သူမ ရှန်ရန်ချင်းနဲ့အတူ ကားထဲ၀င်ပြီး ထွက်သွားခဲ့တာ။
အနောက်ခုံမှာ နန်ကောဟာ ခေါင်းကို ပြတင်းပေါက်ပေါ်မှီပြီး တိတ်တိတ်လေး နေတယ်။
ရှန်ရန်ချင်းဟာ သူမရဲ့စိတ်ခံစားချက် နိမ့်နေတာကို ခံစားလို့ရတယ်။သူ အပြင်ဘက်မှာ ကားထဲကနေ အထဲက ရုန်းရင်းဆန်ခတ်ကို အာရုံစိုက်နေခဲ့တာ။
သူမ တံခါး၀နားရောက်တော့ နန်ကျဲ့ သူမအနောက် လိုက်လာတာကိုလည်း ကြည့်နေခဲ့တယ်။
မောင်နှမနှစ်ယောက်ကြားက လေထုဟာ ပုံမှန်ထက် နည်းနည်း ထူးဆန်းနေခဲ့တယ်။
နန်ကောဟာ အစကနေအဆုံးအထိ စကားမပြောဘူး။သူမဟာ နန်ကျဲ့ကို တစ်ချက်ကြည့်ပြီး အကြည့်ကို ပြန်ရုတ်သွားတယ်။သူမအကြည့်ဟာ စိုးရိမ်နေပြီး ဘာကိုကြည့်နေလဲဆိုတာ မသိဘူး။နန်ကျဲ့ဟာ အစက တစ်ခုခု ပြောချင်သေးပေမဲ့ ဆက်မပြောဘဲ နေခဲ့တယ်။
သူ သူတို့နှစ်ယောက်ကို မနှောင့်ယှက်ချင်ခဲ့ပေမဲ့ လေထုဟာ မူမမှန်တာကို မြင်တော့ သူ ကားထဲကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်တာ။
သူမ အခုဘယ်လိုခံစားနေရလဲဆိုတာ သူမ မသိဘူး။သူမရဲ့အိတ်ထဲက ဖုန်းဟာ အသံမြည်နေပေမဲ့ နန်ကောကတော့ ကြားပုံ မရဘူး။
ခဏလောက် ရပ်သွားပြီးနောက် ဖုန်းဟာ တစ်ဖန်ထပ်မြည်လာတယ်။
သူမရဲ့အိတ်ဟာ သူမပုခုံးပေါ်မှာပဲ ရှိသေးတယ်။ရှန်ရန်ချင်းဟာ ခဏလောက် တွေးကြည့်လိုက်ပြီး သူမကို မနှောင့်ယှက်ဘဲ နေတယ်။သူ သူမရဲ့အိတ်ကိုယူဖို့ပဲ လက်ကို အသာလေးလှမ်းလိုက်တယ်။
ဒါပေမဲ့ သူ လှမ်းမယူနိုင်သေးခင်မှာပဲ နန်ကောဟာ ပုခုံးပေါ်က အိတ်ကို အားနဲ့ ဆွဲချွတ်လိုက်ပြီး ဘေးကစားပွဲ အသေးလေးပေါ် ပစ်ပေါက်လိုက်တယ်။
လက်ထောက်ယွမ်ဟာ အရှေ့မှာထိုင်နေပြီး ခပ်ပြင်းပြင်းလှုပ်ရှားသံကြောင့် တောင့်တင်းသွားတယ်။သူဟာ ဒရိုင်ဘာကောင်းကို အမြန်လှည့်ကြည့်လိုက်တယ်။
ဘယ်လိုလုပ် ကောင်းတစ်ယောက် အသံထွက်ရဲတာလဲ။သူဟာ အမြန်ပဲ ကြားထဲက အခံကို မြှင့်လိုက်တယ်။
သူတို့နှစ်ယောက်ဟာ နန်ကောကို အခုမှတွေ့ဖူးတာ မဟုတ်ဘူး။တစ်ယောက်က ရှန်ရန်ချင်းရဲ့ အထူးလက်ထောက်၊တစ်ယောက်က သူ့ဒရိုင်ဘာ။ဒါပေါ့။သူတို့နှစ်ယောက်လုံး နန်ကောကို အများကြီး တွေ့ဖူးတယ်။ထပ်ဖြည့်ပြောရရင် နန်ကောဟာ စကားများပြီး ပုံမှန်ဆို ကားထဲမှာ သူတို့နဲ့ စကားပြောနေမှာ။သူတို့ဟာ သူငယ်ချင်းကောင်းတွေ ဖြစ်လာတာ ကြာပြီ။
သူတို့ အမြင်မှာတော့ နန်ကောဟာ အရမ်းကောင်းမွန်တဲ့မိသားစုကလာတာ။သူမဟာ ပညာတတ်ပြီး ယဉ်ကျေးတယ်။သူမဟာ တက်ကြွပြီး အကောင်း မြင်တတ်တယ်။
ဒေါသထွက်တာတို့၊ပစ္စည်းတွေကို ပစ်ပေါက်တာတို့ဆို ထည့်ပြောနေစရာတောင် မလိုဘူး။သူတို့ နန်ကော ၀မ်းနည်းတာကိုတောင်မှ တွေ့ဖူးတာ မဟုတ်ဘူး။
သူတို့ဟာ ဒီအခြေအနေထဲ ဝင်မပါရဲဘဲ တိတ်တိတ်လေး ခိုးနားထောင်ဖို့ပဲ တတ်နိုင်တယ်။
အနောက်ခန်းမှာတော့ ရှန်ရန်ချင်းဟာ ခဏပဲ အံ့ဩသွားပြီး ခပ်မြန်မြန်ပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။သူဟာ နန်ကော ပစ်လိုက်တဲ့အိတ်ကို ပြုတ်မကျခင် ကောက်ယူလိုက်တယ်။သူဟာ အိတ်ကို ဇစ်ဖွင့်ပြီး သူမရဲ့ဖုန်းကို တွေ့တယ်။
ဘယ်သူ ခေါ်နေလဲဆိုတာ မကြည့်ဘဲ သူဟာ ဖုန်းချပြီး ဖုန်းကို ပါ၀ါပိတ်လိုက်တယ်။
နန်ကောရဲ့ဖုန်းဟာ တိတ်သွားပေမဲ့ ရှန်ရန်ချင်းဖုန်းမှာ စာအသစ်တွေ ၀င်လာတယ်။
လူနှစ်ယောက်ဆီက လာတာ။
ပထမတစ်ခုက အရှေ့မှာထိုင်နေတဲ့ လက်ထောက်ယွမ်ဆီက ဖြစ်တယ်။သူဟာ အခု သူဌေး ဘယ်သွားချင်လဲဆိုတာကို ဂရုတစိုက်နဲ့ လာမေးတာ။
အရင်ကဆို လက်ထောက်ယွမ်ဟာ သူ ဘယ်ခေါ်သွားရမလဲဆိုတာ မေးဖို့ မလိုဘူး။နန်ကောဟာ ဟိုက်မြို့ကို တန်းပြန်တယ်။ဒါပေမဲ့ သခင်ကြီးနန်ရဲ့ဈာပနဟာ ဒီနေ့မှ ပြီးသွားတာ။နန်အိမ်ကြီးမှာ လုပ်စရာတွေ အများကြီး ရှိနေလိမ့်မယ်။ဥက္ကဌရှန်အတွက် အခုလိုအချိန်မျိုးမှာ သူမကို အဝေးကို ခေါ်သွားတယ်ဆိုတာ မကောင်းလောက်ဘူး...။
208 02
ဒါကြောင့် ခဏလောက် တွေးကြည့်ပြီးတဲ့နောက် လက်ထောက်ယွမ်ဟာ မေးဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
[ဟိုက်မြို့ကိုပြန်။]
[သိပါပြီ!]
မက်ဆေ့ခ်ျဘောက်စ်ထဲကနေထွက်လာတော့ ရှန်ရန်ချင်းဟာ အခြားမက်ဆေ့ခ်ျတွေကို ကြည့်လိုက်တယ်။အဲဒါဟာ နန်ကျဲ့ဆီက။
[သူ့ကို သေချာလေး ဂရုစိုက်ပေးလိုက်။]
ရှန်ရန်ချင်းဟာ သူ့ကိုအသိအမှတ်ပြုပြီး ရှည်ရှည်ဝေးဝေး မမေးဘူး။
စက္ကန့်အနည်းငယ်လောက်ကြာတော့ နန်ကျဲ့ဟာ ထပ်ပြောလာတယ်: [တစ်ခုခုဖြစ်ရင် ငါ့ကို ချက်ချင်းဖုန်းခေါ်။]
နန်ကျဲ့ရဲ့စာကို ကြည့်တာနဲ့တင် ပြဿနာကြီးတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ရှန်ရန်ချင်း သိလိုက်တယ်။
သူ မျက်လုံးထောင့်ကနေ နန်ကောကို တစ်ချက်လှမ်းကြည့်လိုက်တယ်။
ကောင်မလေးရဲ့မျက်လုံးတွေဟာ မှိတ်နေတယ်။သူမဟာ အိပ်ပျော်သွားသလိုမျိုး လက်ထဲခေါင်းအုံးကို ဖက်ပြီး ပြတင်းပေါက်ကို မှီထားတယ်။
သူမရဲ့မျက်နှာပေါ်မှာ ဘာအမူအရာမှ မရှိဘူး။ခုနက သူမရဲ့အိတ်ကိုပစ်လိုက်တုန်းက ဒေါသထွက်မှု ရေးရေးလေးကလွဲလို့ သူမဟာ ကားထဲက ရောက်ကတည်းက ဘာမှမရှိတဲ့ အခွံတစ်ခုလိုပဲ။
ရှန်ရန်ချင်းဟာ နှလုံးသားထဲ အထိုးခံရသလို ခံစားရတယ်။သူဟာ သူမရဲ့လက်ကိုကိုင်ပြီး ဖွဖွလေးညှစ်တယ်။နောက်ချက်ချင်းပဲ သူ လက်ကို တင်းနေအောင် ဆုပ်ကိုင်လိုက်တယ်။
နန်ကောဟာ အိပ်ပျော်နေတာ မဟုတ်ဘူး။ဒါပေမဲ့ သူမ မျက်လုံးတွေကို မဖွင့်ချင်ဘူး။
ပြတင်းပေါက်အပြင်က လမ်းရှုခင်းတွေဟာ သူမအတွက် ရင်းနှီးနေပြီ။သူမဒီမှာနေလာတာ အနှစ်၂၀ရှိပြီဖြစ်ပြီး ကြည့်ဖို့ စိတ်မ၀င်စားတော့ဘူး။
သူမ လွတ်မြောက်ချင်တယ်။
သူမ လွတ်မြောက်နိုင်လေ ပိုကောင်းလေပဲ။
ရှန်ရန်ချင်း သူမလက်ကို ကိုင်လာတဲ့အခါ သူမ ငြင်းလည်းမငြင်းဆန်သလို တုံ့လည်းမတုံ့ပြန်မိဘူး။
“နန်ကော မင်းဘေးမှာ ကိုယ်ရှိတယ်”
“ကောင်းကောင်း အနားယူပါ”
သူမ အိပ်ပျော်မနေဘူးဆိုတာ သူ သိတယ်။ဒါပေမဲ့ သူ သူမကို ဘာအကြောင်းကိုမှ ပြောဖို့ မကြိုးစားဘူး။
အစကတော့ နန်ကောဟာ ကားထဲမှာ မအိပ်ချင်ဘူး။နောက်တော့ အကြောင်းတစ်ခုခုကြောင့် သူမဟာ သူ့ပုခုံးပေါ်မှီရင်း အိပ်ပျော်သွားတယ်။
လမ်းတစ်လျှောက်လုံး ရှန်ရန်ချင်းဟာ သူမရဲ့လက်ကို မလွှတ်ခဲ့ဘူး။
သူတို့ သူ့ရဲ့အိမ်ကိုပြန်ရောက်တော့ နန်ကောဟာ အိပ်ပျော်နေတုန်း။ရှန်ရန်ချင်းဟာ သူမကို မာစတာအိပ်ခန်းဆီ သယ်သွားတယ်။သူမ အိပ်ပျော်နေတုန်းဆိုတာကို အတည်ပြုပြီးတဲ့အခါ သူဟာ ဖုန်းယူပြီး လသာဆောင်အပြင်ကို ထွက်လိုက်တယ်။
အဓိက အကြောင်းအရင်းကတော့ လမ်းမှာ နန်ကျဲ့ဟာ သူ့ဆီစာအချို့ ထပ်ပို့လာလို့။အများစုကတော့ ဒီနေ့ဖြစ်သွားတဲ့ကိစ္စ။
သူ့မှာ ဖတ်ဖို့အချိန်မရှိခဲ့ဘူး။
သူ့ရဲ့ပုံမှန်အကျင့်လို အရေးကြီးတဲ့အကြောင်းအရာတွေ ဆွေးနွေးနေရင်း ကြုံရာကျပန်းအကြောင်း အရာတစ်ချို့ကို ရောပြောလာတာရယ်၊သူ့ရဲ့ပုံမှန်သာမန်စာကြောင်းတွေရယ်နဲ့မတူဘဲ ဒီတစ်ကြိမ် နန်ကျဲ့ရဲ့မက်ဆေ့ခ်ျတွေဟာ အကြောင်းအရာတစ်ခုရဲ့စာပိုဒ်ကြီး တစ်ပိုဒ်လိုပဲ။
အမျိုးသားဟာ လသာဆောင် လက်ရန်းကိုမှီပြီး စာတွေကို ဂရုတစိုက်နဲ့ သေချာဆွဲကြည့်တယ်။သူဟာ အကြောင်းအရာကို တိတ်တဆိတ်နဲ့ အချိန်အကြာကြီး ဖတ်နေခဲ့တယ်။
နန်ကျဲ့ရဲ့နောက်ဆုံးစာကြောင်းမှာ နက်ရှိုင်းတဲ့အဓိပ္ပာယ် ရှိတယ်။
သူပြောတာက: [သူ့စိတ်ထဲမှာတော့ သူ ငါ့ကို အပြစ်တင်မှာ။ဒါကို လုပ်တာ သူ မမှားဘူး။] ဒီလိုလေးနက်တဲ့အကြောင်းအရာဟာ နန်ကျဲ့ရဲ့ပုံမှန် စိတ်နေသဘောထားနဲ့ အရမ်းကွာခြားတယ်။
ရှန်ရန်ချင်းဟာ အခြားလူတွေရဲ့ မိသားစုပြဿနာတွေထဲ ဝင်စွက်ဖက်ဖို့ စိတ်ကူးမရှိဘူး။ပြီးတော့ ရိုင်းတယ်လို့လည်း ထင်တယ်။ဒါပေမဲ့ အခုတော့ သူ ရုတ်တရက် နောင်တရသွားပြီ။
208 03
သူသာ နန်ကောကို အထဲထိ လိုက်ပို့ပေးခဲ့ရင် နောက်ဆုံးကျ သူမ ပြန်ထွက်လာတဲ့အခါ ကိစ္စတွေက ဒီလိုဖြစ်လာပါ့ဦးမလား။
သူ့ကြောင့်နဲ့ ရလဒ်ဟာ ပြောင်းလဲသွားနိုင်လား။သူ သူ့ကိုယ်သူ မေးကြည့်တယ်။
မပြောင်းလဲလောက် ပုံပါဘဲ။
နန်မိသားစုရဲ့အကြီးအကဲနှစ်ယောက်ဟာ အရမ်းအစွဲကြီးတာ။နန်ကောဟာ လိမ်မာတဲ့ မိန်းကလေးတစ်ယောက်။
နန်ကော ဘာလို့ဒီတစ်ကြိမ် အရမ်းခံစားသွားရလဲဆိုတာ သူ နားလည်တယ်။
နန်ကျဲ့ ပြောခဲ့သလိုပဲ: [နှစ်တွေအများကြီးမှာ ဒါ သူ ပထမဆုံးအကြိမ် အဖွားကို အခုလိုမျိုး ပြန်ပြောဖူးတာ။အကြိမ်တိုင်း အဖိုးနဲ့အဖွား ဘာပြောပြော သူ အသံတိတ် လက်ခံခဲ့တာ။မားနဲ့ပါးရယ်၊ငါရယ် သူ့အတွက် ကာပြောပေးရင်တောင်မှ သူ ဘာမှပြန်မပြောရဲဘူး။ဒီနေ့ သူ့ရဲ့တုံ့ပြန်မှုကတော့...သူ တစ်ခါမှ အမွေကိစ္စကို ဂရုစိုက်ဖူးတာ မဟုတ်ဘူး။]
အဲဒါဟာအမှန်ပဲ။
အချိန်အကြာကြီး ချုပ်တည်းထားခဲ့ရပြီး နောက်ဆုံးမှာ ဆူနာမီအဖြစ် ပြောင်းလဲသွားတာ။
ရုတ်တရက်ကြီး ထဖြစ်တာမျိုး မဟုတ်ဘူး။
နန်ကောဟာ အမွေကို မလိုချင်ဘူး။အမွေက ဘယ်လောက်လဲဆိုတာကိုလည်း သူမ ဂရုမစိုက်ဘူး။သူမ ဂရုစိုက်တာဟာ မျှတတဲ့ဆက်ဆံမှုပဲ။
သခင်ကြီးနန်ဟာ တစ်ဘ၀လုံး ဘက်လိုက်ခဲ့ပြီး မသေခင်တောင်မှ သူ့ရဲ့မြေးမလေးအတွက် “စပရိုက်” ချန်ထားဖို့ကို မမေ့ခဲ့ဘူး။
နန်ကော ဒီလိုဖြစ်တာ အံ့ဩစရာမရှိဘူး။
ရှန်ရန်ချင်းဟာ အချိန်အကြာကြီး တွေးနေခဲ့ပြီး နန်ကျဲ့ကို ဘယ်လို စာပြန်ရမလဲမသိဘူး။
နန်ကျဲ့ရဲ့နောက်ဆုံးစာကြောင်းမှာ အခြေခံလေးတွေပါတယ်။
သူမ အဖိုးရဲ့ဆန္ဒကို မြင်လိုက်တဲ့အခိုက်အတန့်မှာ ဒါမှမဟုတ် နှစ်၂၀အတွင်း အခိုက်အတန့်တစ်ခုခုမှာ နန်ကောဟာ သူမရင်ထဲ နန်ကျဲ့ကို အပြစ်တင်ခဲ့ဖူးလောက်တယ်။
အကြီးဆုံး မြေးတစ်ယောက်အနေနဲ့ သူဟာ အာရုံစိုက်ခံရမှုတွေကို အများကြီး ယူထားတာ။
သူ့ရဲ့ တလက်လက်ထနေတဲ့အရိပ်အောက်မှာ နန်ကောလည်း အစက ချီးကျူးမှုတစ်ခုခုကို လိုချင်ခဲ့လောက်ပါတယ်။ဒါပေမဲ့ သူမဟာ သူမရဲ့ဖြစ်တည်မှုကို အတတ်နိုင်ဆုံး လျှော့ချဖို့ ကြိုးစားရင်းပဲ အဆုံးသတ်သွားတယ်။အခုတော့ သူမ အပြီးတိုင် ဂရုစိုက်တာကို ရပ်လိုက်ပြီ။
ပြင်းထန်တဲ့ နှိုင်းယှဥ်မှုအောက်မှာ သူတို့ဟာ မောင်နှမအရင်းတွေ ဖြစ်နေရင်တောင်မှပဲ အနည်းနဲ့အများတော့ သဘောထား ကွဲလွဲမှုတွေရှိခဲ့မှာပဲ။
နန်ကျဲ့ဟာ သေချာပေါက် ဘာမှားတာမှ မလုပ်ခဲ့ဘူး။အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူဟာ အမြဲနန်ကောဘက်မှာ ရှိနေခဲ့တယ်။
ဒါပေမဲ့ နန်ကောဟာလည်းပဲ မမှားဘူး။
ရှန်ရန်ချင်း အခုလောလောဆယ် နန်ကျဲ့ကို မနှစ်သိမ့်ချင်သေးဘူး။သူ့အာရုံဟာ နန်ကောအပေါ်မှာပဲရှိ တယ်။ဘာလို့လဲဆိုတော့ အစကနေအဆုံးထိ နန်ကောဟာ တစ်ဦးတည်းသော နစ်နာသူဖြစ်ခဲ့တာလေ...။
******