အခန်း ၁၅၃
Vol. 16 Ch. 153
153 01
အပိုင်း (၁၅၃) မင်းကိုတော့ မသတ်နိုင်ဘူး။
ထိုနေ့က မြင်ကွင်းကို တွေးပြီး နန်ကျဲ့က သူ့၏ မျက်လုံးကို မှိတ်ကာ ဖြေးဖြေးခြင်း လေမှုတ်ထုတ်လိုက်သည်။
သူ၏ မျက်လုံးကို ပြန်ဖွင့်လိုက်သော အချိန်တွင် နှစ်မိနစ်တောင် ကြာသွားပြီ ဖြစ်သည်။ သူသည် ငြိမ်သက်သွားကာ သူ၏ မျက်နှာချင်းဆိုင်ရှိ လူကို ကြည့်လိုက်သည်။
“မင်း ညစာ စားပြီးပြီလား”
“အခုထိ မစားရသေးဘူး”
ရှန်ရန်ချင်းက အမှန်တိုင်း ပြောလိုက်သည်။
“သွားမယ်”
နန်ကျဲ့က သူ၏ ကားသော့ကို ယူပြီး ထကာ ရယ်လိုက်သည်။
“ငါမင်းကို ထမင်းလိုက်ကျွေးမယ်”
ရှန်ရန်ချင်းက အချိန်ကို ကြည့်လိုက်ပြီး ငြင်းပယ်ရန် မဆုံးဖြတ်မီ ခဏလောက် စဉ်းစားလိုက်သည်။
နန်ကျဲ့မှာ သောက်ထားတာ ဖြစ်သောကြောင့် ရှန်ရန်ချင်း၏ ကားထဲတွင် အဆုံးသတ်သွားသည်။
ကားထဲသို့ ဝင်ပြီးနောက် နန်ကျဲ့က သူ၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ပြီး တစ်ခြား လက်တစ်ဖက်ဖြင့် သူ၏ ဖုန်းကို ပွတ်နေသည်။ ရှန်ရန်ချင်းသည် မျက်လုံးထောင့်မှ သူ့ကို စိုက်ကြည့်နေသည်။ သူက တစ်စုံတစ်ယောက်ကို မက်ဆေ့ ပို့နေပုံပေါ်သည်။
ဘယ်သူ့ကို ပို့နေလဲ ဆိုတာကိုတော့ သူမသိပေ။
သို့သော်လည်း ကားထွက်ပြီး သိပ်မကြာခင်မှာပင် နန်ကျဲ့က သူ၏ ဖုန်းကို ဖြေလိုက်သည်။
“ဟိုင် တက္ကသိုလ်ကို သွားပြီးတော့ နန်ကောကို အရင်ခေါ်လိုက်”
“ကောင်းပြီ”
နန်ကောက ကားထဲသို့ ရောက်သော အချိန်တွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။ ရှန်ရန်ချင်း ပို့ပေးသော အချိုပွဲများကို ထုတ်ကာ သူမ၏ အတန်းဖော်များနှင့် စားပြီးချိန်တွင် WeChat၌ သူမ၏ အစ်ကိုထံမှ မက်ဆေ့ကို လက်ခံရရှ်ိခဲ့သည်။
ယေဘုယျ အကြောင်းအရာမှာ သူမ၏ အစ်ကို ဖြစ်သူမှ စားပြီးပြီလားဟု မေးရာ သူမက စားပြီးပြီဟု ပြောလိုက်သည်။ ထို့နောက် သူမ၏ အစ်ကိုက ထပ်ပြောလိုက်သည်။
[နင် မစားရသေးဘူးမလား။ ဒါဆို ထွက်လာပြီး ငါတို့နဲ့ စားလိုက်]
နန်ကောက သူအစ်ကို၏ အမြင်ထဲတွင် တစ်ခုခု မှားနေသည်ဟု တွေးလိုက်သည်။
သူမက ငြင်းပယ်ကာ ထိုအချိန်တွင် အပြင်သို့ မထွက်ချင်သေးပေ။ သို့သော်လည်း သူမ အစ်ကို နှင့် ရှန်ရန်ချင်း ဘယ်လို ရှိနေမလဲ ဆိုတာကို သူမ တွေးကာ လက်ခံလိုက်သည်။
သူမသည် အနောက်ခုံတွင်ထိုင်ကာ ရှေ့ကို ဘယ်ကြည့်လိုက် ညာကြည့်လိုက် လုပ်နေသည်။ ထို့နောက် သူက မေးလိုက်သည်။
“နှစ်ယောက်သား သောက်ထားကြတာလား”
သူမ နီးကပ်လာသည်နှင့် အမျှ အရက်အနံ့ကို သိသိသာသာ ရနိုင်သည်။ ခဏအကြာတွင် ဘယ်သူလဲ ဆိုတာကို သူမ မပြောပြနိုင်ပေ။
“ကိုယ် မသောက်ပါဘူး”
ရှန်ရန်ချင်းက ချက်ချင်းပင် ဖြတ်ပြောလိုက်သည်။
ထိုမှသာ နန်ကော စိတ်အေးနိုင်တော့သည်။
၎င်းကို မြင်ပြီးနောက် နန်ကျဲ့သည် သူ၏ လက်ကို မြှောက်ကာ သူမ၏ ခေါင်းကို ပုတ်လိုက်သည်။
“မင်း အစ်ကိုရဲ့ ဘဝကို လုံးဝ ဂရုမစိုက်တော့ဘူးလား”
“သူက သောက်လို့ မရဘူး။ အစ်ကို ဘယ်လောက် သောက်နိုင်လဲဆိုတာ အရေး မကြီးဘူး။ အစ်ကိုက မသေနိုင်ဘူး”
ပြန်ပြောလိုက်ပြီးနောက် နန်ကောသည် နန်ကျဲ့ အကြောင်းကို စိတ်ပူနေဆဲ ဖြစ်သည်။ သူမက ထပ်မေးလိုက်သည်။
“အချိန်ကို ကြည့်လိုက်ဦး။ အစ်ကိုတို့ စားတောင် မစားရသေးဘူး။ ဘာလို့ သောက်နေကြတာလဲ”
ကောင်းကင်မှာ မှောင်မဲနေပြီ ဖြစ်သော်လည်း သူမ အစ်ကို၏ ခန္ဓာကိုယ်ပေါ်ရှိ အရက်နံ့မှာ သိသာပြီးသား ဖြစ်သည်။
နန်ကျဲ့က သူမကို လျစ်လျူရှုလိုက်သည်။
ထို့နောက် စားသောက်ဆိုင်သို့ သွားသော လမ်းတစ်လျှောက်လုံး ကားထဲတွင် တိတ်ဆိတ်နေသည်။
နန်ကောက လုံးဝ ဗိုက်မဆာပေ။ သူမသည် နံပါတ်များကို တွက်ရန် ထိုနေရာတ္ငင် ရှိနေသကဲ့သို့ ထိုင်နေသည်။
ရှန်ရန်ချင်းက သူမအတွက် အကင်ကို လှီးလိုက်သည်။ သူမက ခေါင်းကို ခါလိုက်ပြီး ၎င်းကို လုံးဝ မစားနိုင်တော့ပေ။
သူမ၏ အစ်ကိုက သူ၏ ခေါင်းကို ငုံ့ကာ စားနေစဉ်တွင် နန်ကောသည် ရှန်ရန်ချင်း၏ အင်္ကျီလက်ကို ဆွဲပြီး ညင်ညင်သာသာ မေးလိုက်သည်။
“ဘာဖြစ်နေတာလဲ”
လေထုက အနည်းငယ် ထူးဆန်းနေသည်။
“စောနက ဘာဖြစ်ထားကြတာလဲ။ ရန်ဖြစ်ထားတာလား”
နန်ကောက စိတ်ပူနေသည်။
153 02
ရှန်ရန်ချင်းက သူမကို ညင်သာစွာ ခေါင်းခါပြလိုက်သော်လည်း ခဏတာ တုံ့ဆိုင်းသွားသည်။ သူ၏ နှုတ်ခမ်းကို ဖိပြီး ခေါင်းကိုခါကာ သူမကို ထပ်မမေးရန် ညွှန်ပြလိုက်သည်။
နန်ကော််သည် စိတ်ရှုပ်သွားပြီး သိချင်စိတ်များ တိုးလာပုံ ပေါ်သည်။
သို့သော်လည်း ရှန်ရန်ချင်းက သူမကို မေးခွင့် မပေးပေ။ သူမသည် တုံ့ဆိုင်းသွားကာ ဘာကိုမှ မပြောတော့ပေ။
ဆယ်မိနစ်ခန့် ကြာပြီးနောက် နောက်ဆုံး သူဗိုက်ပြည့်သွားသည်နှင့် နန်ကျဲ့က စကားပြောရန် အစပျိူးလိုက်သည်။
“နန်ကော”
“ဟမ်”
အခေါ်ခံရပြီးနောက် နန်ကျဲ့က မြန်မြန် မတ်မတ် ထိုင်လိုက်သည်။ သူမ၏ လက်ကို ပေါင်ပေါ်တွင် တင်ကာ နန်ကျဲ့ကို တသတ်မတ်တည်း စိုက်ကြည့်နေသည်။
နောက်စက္ကန့်တွင် နန်ကျဲ့သည် သူ၏ အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်လိုက်ပြီး သူမကို ၎င်းနှင့် ပစ်လိုက်သည်။
နန်ကျဲ့သည် အလန့်တကြားနှင့် သူမ၏ ပခုံး ကျုံ့သွားပြီး ၎င်းကို ဖမ်းရန် ဆန့်ထုတ်လိုက်သည်။
“ကားအသစ် သော့”
“......”
နန်ကော၏ မျက်လုံးများ ကျယ်လာပြီး သူမ၏ လက်ထဲရှိ အရာကို မြန်မြန် ငုံ့ကြည့်လိုက်သည်။
“တကယ်လား”
နန်ကျဲ့က သူမကို အဖြေမပေးခဲ့ပေ။
“မနက်ဖြန် ငါ့တိုက်ခန်းကို ပို့ပေးလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် မင်းကိုယ်တိုင် ယူသွားလို့ရတယ်”
၎င်းကို ကြားပြီးနောက် တကယ် ပြောနေတယ် ဆိုတာကို နန်ကောသိသည်။
“ကျေးဇူးတင်ပါတယ် အစ်ကို”
နန်ကျဲ့က ခေါင်းညိတ်လိုက်ကာ ဝိုင်နီကို တစ်ငုံငုံလိုက်သည်။ သူက တကယ်ကို ထပ်မေးလိုက်သည်။
“မင်း တစ်ခြား လိုချင်တာ ရှိသေးလား”
နန်ကော၏ လက်များ ကားသော့ ကိုင်နေရာမှ ရပ်သွားသည်။
နန်ကျဲ့က မော့လိုက်ပြီး သူမကို စိုက်ကြည့်လိုက်သည်။
“မင်း င့ါကို ဘာလို့ ကြည့်နေတာလဲ”
“မဟုတ်ဘူး။ တစ်ခြား လိုချင်တာ မရှိပါဘူး”
နန်ကောသည် သူမ၏ အစ်ကိုက သူမထံမှ ထွက်လာသော တုံ့ပြန်မှုကို ဖမ်းရန် ကြိုးစားနေပုံ ပေါ်သည်ဟု ခံစားလိုက်ရသည်။
သူမသာတစ်ခုခုကို တကယ်ပြောလိုက်လျှင် နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ယောက်ထံမှ ရွဲ့စောင်းသော အသံကို သူမ ကြားရလိမ့်မည်။
မမျှော်လင့်ထားပဲ သူမ၏ အစ်ကိုက ထပ်ပြောလိုက်သည်။
“တကယ်လား။ အခွင့်အရေးကို မင်း လက်လွတ်လိုက်မယ် ဆိုရင် ငါမင်းကို ထပ်မမေးတော့ဘူးနော်”
“ဟမ်”
သူ၏ အသံနှင့် အမူအရာမှာ အလွန် လေးနက်နေသည်။ နန်ကောက အနည်းငယ် မသေချာသောကြောင့် သူမက စစ်ဆေးလိုက်သည်။
“ကောင်းပြီ။ ငါလိုချင်တာ တစ်ခု ခုရှိတယ်။ ငါကြိုက်တဲ့ ကောင်လေး အဖွဲ့က မကြာခင်မှာ အယ်လ်ဘမ် အသစ်ထွက်တော့မယ်။ တကယ်လို့ အဆင်ပြေမယ်ဆိုရင် အဲဒါကို ရဖို့ နည်းနည်း ကူညီပေးနိုင်မလား”
“သေချာတယ်”
နန်ကျဲ့က ခေါင်းညိတ်လိုက်ပြီး အလေးအနက် ချရေးလိုက်သည်။
“တခြားကော”
နန်ကောက မျက်တောင် ခတ်လိုက်ပြီး ထိုစစ်ဆေးမှုက သိပ်ခွန်အား မများဘူးဟု တွေးမိသောကြောင့် တုန့်ဆိုင်းသွားကာ ပြောလိုက်သည်။
“မနေ့က လေလံမှာ တွေ့ခဲ့ပြီး အတော်လေး ကြည့်ကောင်းတဲ့ အဝါရောင် စိန်ကို တွေ့ခဲ့တယ်။ အဲဒါကို လက်စွပ်လုပ်ဝတ်ရင် တကယ်ကောင်းမယ်လို့ ငါထင်တယ်”
“အဲဒါက နည်းနည်း ဈေးကြီးပေမဲ့ ငါ ကြိုက်တယ်”
ထိုသို့ ပြောပြီးနောက် အဆူခံရဖို့ သိပ်မဝေးတော့ဘူး ဆိုတာကို နန်ကောသိသည်။
ခဏ။ သုံးစက္ကန့်တောင် မကြာလိုက်ပဲ သူမ၏ အစ်ကိုက နွေးထွေးစွာ နှုတ်ဆက်မည်မှာ သေချာသည်။
သုံး
နှစ်
တစ်
မျှော်လင့်ထားသလိုပင် သူ၎င်းကို ကြားသော အချိန်တွင် နန်ကျဲ့က သူ့ကို ရုတ်တရက် မော့ကြည့်လိုက်ပြီး သူမကို စူးစူးစိုက်စိုက် မော့ကြည့်လိုက်သည်။
ဒီမှာလေ ဒီမှာလေ
သူက နောက်ဆုံးတွင် ထပ်ပြီး မထိန်းထား နိုင်တော့ပေ။ သူနောက်ဆုံးတွင် သူမကို ဆူတော့မှာလား။
အဆုံးတွင် သူက ပြောလိုက်သည်။
153 03
“ကိစ္စ မရှိပါဘူး။ အဲဒါ ဘယ်လေလံပွဲလဲ။ ငါ့ဆီကို ပို့လိုက်။ ငါတစ်ယောက်ယောက်ကို ဝယ်ခိုင်းလိုက်မယ်”
“ခုနှစ် ခုနှစ်လုံးလောက်ရှိလား”
သူမသည် ဈေးကို ကိုးကား မပြောလိုက် မိသောကြောင့်ဟု နန်ကော ခံစားနေရသည်။
“အဲဒါက အဆင်ပြေပါတယ်။ ဈေးသိပ်မကြီးပါဘူး”
နန်ကျဲ့က ဘာမှ မထူးခြားပေ။
“နင် အဲဒါထက် လျော့ပြီး ပေးချင်တယ် ဆိုရင် ပုလင်း နှစ်လုံးကို ယူသွားပြီးတော့ အဲဒါတွေနဲ့ ကစားလိုက်”
၎င်းမှာ သရော်ခြင်း ဖြစ်သော်လည်း သူမ စိတ်ကူးထားတာနှင့် ဘာကြောင့် ကွာခြား နေသေးတာလဲ။
နန်ကျဲ့ ထွက်လာတဲ့ အချိန်တုန်းက ဆေးများ မှားသောက်မိတာလား။
သူမ ၎င်းကို မလိုချင်ဘူဘဲ ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောဖို့ ကြိုးစားသော်လည်း ပြောဖို့ရာ အကောင်းဆုံး ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ၏ အစ်ကိုမှာ လေးနက်လာကာ သူ့ကို စော်ကားမိသလိုပင် ခံစားလာရသည်။
သူက ၎င်းကို ဝယ်လိုက်သည်။
ထို့ကြောင့် ညစာစားပြီးနောက် နန်ကောတွင် အဝါရောင် စိန်တစ်လုံး ရှိသွားသည်။
သူမကို လှမ်းမေးလိုက်သော အချိန်တွင် သူမသည် မမျှော်လင့်သော အမြတ်အစွန်းများ ရရှိလိမ့်မည်ဟု မပြောခဲ့ပေ။
သူတို့ ထမင်းစားပြီးသည်နှင့် နန်ကျဲ့က အတော်များများ သောက်ပြီးနေပြီ ဖြစ်သည်။ နန်ကောကို နန်ကျဲ့အား ပြန်ပို့ပေးရန် အကူအညီ တောင်းလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ နှစ်ယောက်လုံးသည် တစ်ရပ်ကွက်ထဲတွင် နေကြသောကြောင့် ၎င်းမှာ အဆင်ပြေသည်။
သို့သော်လည်း နန်ကျဲ့က သူ၏ လက်ကို ယမ်းပြလိုက်သည်။ သူ့ကို ကျန်းမြို့တော်သို့ ပြန်ပို့ပေးရန် သူ့သူငယ်ချင်းကို ခေါ်ထားပြီး ဖြစ်သည်။
“အရမ်းနောက်ကျနေပြီ။ နင်က ဘာလို့ အိမ်ကို ပြန်နေဦးမှာလဲ”
နန်ကောက သူ့ကို စိုးရိမ်နေပြီး သူ့ကို ကူညီပေးရန် ထွက်လာသည်။
“ဘာလို့ မနက်ဖြန် မနက်မှ မပြန်တာလဲ”
“မရဘူး။ မနက်ဖြန် မနက် ငါအစည်းအဝေး ရှိတယ်။ အချိန်မှီ လုပ်နိုင်မှာ မဟုတ်ဘူး”
နန်ကျဲ့က နန်ကောကို ရှန်ရန်ချင်း ဆီသို့ တွန်းလိုက်သည်။
“နောက်ကျနေပြီ။ သူမကို ကျောင်းပြန်ပို့ပေးလိုက်တော့။ မိနစ် အနည်းငယ် အတွင်း ငါ့သူငယ်ချင်းက ရောက်လာလိမ့်မယ်”
“မင်းနဲ့ ခဏလေး စောင့်လိုက်မယ်လေ”
ရှန်ရန်ချင်းက အနည်းငယ် စိတ်ပူနေသည်။
နန်ကောက သဘောတူကာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။
မိနစ် နည်းနည်းလောက်နဲ့တော့ ဘာမှ ဖြစ်မသွားပါဘူး”
သူတို့ ထိုသို့ ပြောပြီးကတည်းက နန်ကျဲ့က သူတို့ကို အတင်းအကြပ် ဖိအား မပေးတော့ပေ။ သူက ရှန်ရန်ချင်း၏ ကားကို မှီကာ ခေါင်းကိုက်နေသည်။
အနည်းငယ် သက်တောင့်သက်သာ မရှိသော သူ့ကို ကြည့်ကာ နန်ကောက ပို၍ပင် စိတ်ပူသွားသည်။
“အစ်ကို နင် အဆင်ပြေရဲ့လား”
သူမသည် ခြေလှမ်းသေးလေးဖြင့် ရှေ့သို့ လှမ်းလိုက်ပြီး သူ၏ လက်မောင်းကို ဆွဲလိုက်သည်။ သူမက အနည်းငယ် စိုးရိမ်နေသည်။
“ဒီည ဟိုင်မြို့မှာပဲ နားလိုက်ပါ။ ရှန်ရန်ချင်းနဲ့ ငါ မနက်ဖြန်ကျ ပြန်ပို့ပေးမယ်။ ဟုတ်ပြီလား”
“မင်း နည်းနည်းလေးပဲ သောက်ထားတယ်လို့ ငါ ထင်တာ မူးနေပြီလား”
******