အခန်း ၄၃
Vol. 5 Ch. 43
Ch43 ငိုကြွေးခြင်း
“ဂွတ်နိုက်”
သူမ အဆောင်ကို ပြန်ရောက်တော့ နန်ကော မအိပ်ပျော်နိုင်တာမို့ လူးလွန့်နေရင်း အိပ်ရာထဲမှာ လှိမ့်နေမိတယ်။
သူမ မျက်လုံးမှိတ်ပြီး မကြာခင်မှာ လွန်ခဲ့တဲ့တစ်နာရီက သူမ ရှေ့မှာ ရပ်နေတဲ့ ရှန်ရန်ချင်းနဲ့ သူမ နားထဲကို တီးတိုး နှုတ်ဆက် စကားဆို လိုက်တဲ့ အသံတိုးတိုးကို စိတ်ထဲမှ ကြားနေရတယ်။
အကြောင်းတစ်ချို့ကြောင့် သူမ တွေးမိတာနဲ့ မျက်နှာတွေ ပူလောင်လာပြီး မပြောပြတတ်အောင် ရှက်လာမိတယ်။
ဘယ်လိုတောင် ထူးဆန်းတာပါလိမ့်။
ဒါပေမဲ့လည်း ရှုပ်ထွေးလှတဲ့ ခံစားချက်တွေက သူမ အစ်ကိုရဲ့ တင်ထားတာကို မြင်တော့ ပျောက်သွားတယ်။
ရုပ်ဆိုးတဲ့လူက ပြသနာရှာလွန်းတယ်:[ငါ့လည်ပင်းက ဒီနေ့ နည်းနည်းလောက် မသက်မသာဖြစ်နေတယ်။ လူတိုင်းပဲ ပြသနာတစ်ခုခု ရှိနေလားဆိုတာ ကူညီပြီး ကြည့်ပေးကြပါဦး]
[ပုံကိုးပုံ*]
အဲဒါက ကြည့်ကောင်းလှတဲ့ ပုံကိုးပုံ ဖြစ်နေခဲ့တယ်။
နန်ကောက နည်းနည်းလေး ထူးဆန်းနေတာကို တွေ့ခဲ့တယ်။ သူမရဲ့အစ်ကိုကို ဂရုစိုက်တာကြောင့် သူမက ပုံကို နှိပ်လိုက်တယ်။
ပုံကို နှိပ်ကြည့်ပြီးနောက် သူမ သုံးကြိမ်လောက် ပုံကိုးပုံလုံးကို သေချာစစ်ဆေး ကြည့်နေမိတယ်။
သူတို့အကုန်လုံးက သူမ အစ်ကိုရဲ့ရူထောင့် အမျိုးမျိုးက ဆယ်ဖီပုံတွေချည်း ဖြစ်နေတယ်။ ဒါပေါ့ မျက်နှာက အဓိက ဖြစ်မနေဘူးလေ။ အဓိကအချက်က သူက အနက်ရောင် လည်စည်းကို စည်းထားတာလေ။
ဒါကြောင့် သူမ အောက်က ကောမန့်ကို ဝင်ကြည့်လိုက်တော့ ဇာတ်လိုက်က ဘာလဲဆိုတာ နောက်ဆုံးတော့ အတည်ပြုနိုင် သွားတယ်။
ယွီက မေးထားတယ်:[အစ်ကိုနန် အဲဒါက အစ်ကို့လည်ပင်းရော ဟုတ်ရဲ့လား]
ရုပ်ဆိုးတဲ့လူက ပြသနာရှာလွန်းတယ်:[နန်ကောက ငါ့ကို ဝယ်ပေး ထားတာကို မင်း ဘယ်လိုသိတာလဲ]
ယွီ:[?]
ရုပ်ဆိုတဲ့လူက ပြသနာရှာလွန်းတယ်က ယွီကို စာပြန်ခဲ့တယ် :
[မင်းမှာ စူးရှတဲ့ မျက်လုံးတွေရှိတာပဲ။ အမှန်ပဲ ဒီလည်စည်းက ဒေါ်လာ ကိုးထောင့် ရှစ်ရာတောင် ပေးရတယ်]
ယွီက ပြောစရာတောင် မရှိတော့ဘူး။
ရုပ်ဆိုးတဲ့လူက ပြသနာ ရှာလွန်းတယ်မှ ယွီကိုစာပြန်ခဲ့တယ်:[ကျစ် ငါလည်း အရမ်းဈေးကြီးတယ်လို့ ထင်ပါတယ်။ သူမလို ကလေးက ဘယ်လိုလုပ် ပိုက်ဆံရှိမှာတုန်း။ ငါ အစောတည်းက ဒါကို မလိုချင်ဘူး ပြောခဲ့ပေမဲ့လည်း သူမက ငါ့ကို အတင်းပေးလာတယ်လေ။ ငါသာ လက်မခံရင် သူမက ငိုတော့မှာလေ။ ဒီကလေးကို ကြည့်လိုက် ပါဦး ကျစ် *အကူအညီမဲ့နေတဲ့အီမိုဂျီ*]
ယွီက စာမပြန်တော့ဘူး။ နန်ကောက အကြောင်းအရင်းကို တွေးစရာ မလိုဘဲ ခန့်မှန်းနိုင်ပြီးသား ဖြစ်တယ်။
သူမက ထပ်ပြီး အပေါ်ကိုဆွဲကြည့်လိုက်တော့ သူမ အမေရဲ့ကောမန့် ကို မြင်လိုက်ရတယ်။
[သားရေ အမေကတော့ သားလည်ပင်းက ပြသနာလို့မထင်ဘူး
သားရဲ့ ခေါင်းက ပြသနာရှိတာ ဖြစ်မယ်]
ဒါကိုမြင်တော့ နန်ကော ပြင်းပြင်းထန်ထန် ခေါင်းညိတ်ရင်း သဘောတူမိတယ်။
သူမက အမြန်ပဲ သူမ အမေရဲ့စာကို ရီပလိုင်းပြန်လိုက်တယ်:
[သမီး ပြောပါတယ်။ သူ့ကို ဆေးရုံက ထွက်ခွင့်ပေးလိုက်တာက အကြံဆိုးပါဆိုနေမှ]
သူမ အမေက စာပြန်လာတယ်:[*လက်ဆွဲနှုတ်ဆက်တဲ့ အီမိုဂျီ*
လက်ဆွဲနှုတ်ဆက်တဲ့ အီမိုဂျီ*]
_________________
အဓိက ကိစ္စနှစ်ခုကို ဖြေရှင်းပြီးတော့ နန်ကောက တရားဝင် အားလပ်ရက် ယူလိုက်တယ်။
စုဟွေးက မြောက်ပိုင်းသူမို့ အိမ်က အဝေးဆုံးမှာ ဖြစ်နေတယ်။
ချန်ရှားနဲ့ ယွမ်ယွမ်က မြို့နီးနီးလေးမှာ နေကြပြီး အိမ်ပြန်ဖို့ ရထား သုံးနာရီလောက်သာ စီးရဖို့ လိုလေတယ်။ ဒါကြောင့် သူတို့သုံးယောက်က တစ်နေ့တည်းမှာပဲ လက်မှတ်ဝယ်ကြပြီး ရထားဘူတာကို အတူတူသွားကြတယ်။
နန်ကော တစ်ယောက်သာ ဟိုက်မြို့မှာ ကျန်နေခဲ့တယ်။
သူမက ပွဲပြီးမှပဲ အိမ်ကို ပြန်မှာ ဖြစ်တယ်။
အခုက လေးရက်တောင် ကျန်သေးတယ်။
သူမက အဆောင်မှာနေလို့ မရတော့သလို သူမ အစ်ကိုနေရာမှာလည်း နေလို့ မရဘူး။
ဒါပေမဲ့ သူမ အစ်ကိုက သူမကို လမ်းဘေးမှာအိပ်ဖို့ ခွင့်ပြုမှာ မဟုတ်တာမို့ သူ့ဆိုင်မှာ နေခွင့်ပေးခဲ့တယ်။
သူ့ရုံးခန်းထဲမှာ နားနေခန်းရှိတယ်။ သူက အဲဒီကို များသောအားဖြင့် သွားလေ့မရှိဘူး။ ဒါကြောင့် ရုံးခန်းနဲ့ နားနေခန်းမှာ ဘာမှ မရှိဘူး။ အခန်းက ကျဉ်းပေမဲ့လည်း နှစ်ရက်လောက်နေဖို့ ပြသနာမရှိဘူးလေ။
နန်ကောက စိတ်ထဲမထားဘူး။ သူမက ကျေနပ်နေသေးတယ်။
နေ့တိုင်းသူမ နိုးလာတာနဲ့ အောက်ထပ်မှာ အလုပ်လုပ်တာမို့ အဲဒါက ခါတိုင်းထက်တောင် အချိန်ကုန် သက်သာတယ်လေ။ သူမက ပိုအိပ်လို့တောင် ရသေးတယ်။
နှစ်သစ်ကူးပွဲတော်မှာ စားသောက်ဆိုင်ကို ပိတ်ခဲ့တယ်။ လမ်းကွေ့အနီးမှာ အခမ်းအနားပွဲရှိတယ်လို့ ကြားခဲ့တာမို့ သူမ တစ်ခဏတော့ တုံ့ဆိုင်းနေခဲ့ပေမဲ့ ကားမမောင်းတော့ဘူး။ သူမက မြေအောက် မီးရထားဆီပဲ တိုက်ရိုက် သွားလိုက်တယ်။
အချိန်ရောက်တော့ ရှန်ရန်ချင်းက သူ့နောက်က စီစဉ်သူတွေနဲ့အတူ စင်နောက်ကို ထွက်လာခဲ့တယ်။
“ဥက္ကဌရှန် မင်းရဲ့အကူအညီအတွက် ကျေးဇူးပါ”
ဒီပွဲရဲ့အဓိက စပွန်ဆာက ဟွာရှန်ဂရုသာ ဖြစ်တယ်။
အစောပိုင်းက စင်တွေနဲ့ အခမ်းအနားကြောင့် ပွဲက နှောင့်နှေး နေခဲ့တယ်။ အဆုံးမှာတော့ ဟွာရှန်ဂရုက လာပြီး စင်ဆောက်ဖို့အတွက် ကူညီပေးခဲ့တယ်။
“ပွဲကြည့်ဖို့အတွက် ခဏလေးတောင် မနေတော့ဘူးလား။ ကျုပ်တို့ မင်းအတွက် အကောင်းဆုံးခုံကို ပြင်ထားပါတယ်ဗျ”
သူပြန်ဖို့လုပ်နေတာ မြင်တော့ ပွဲအတွက် အင်ဂျင်စီပိုင်ရှင်က နည်းနည်းတော့ စိတ်ပျက်သွားတယ်။
“မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးပါ။ ဒါပေမဲ့ ဒီညအတွက် အချိန်မရှိလို့ပါ” ရှန်ရန်ချင်းက ပြုံးတယ်။
ယောင်္ကျားလေးအုပ်စုက နိုင်ငံခြားကဖြစ်ပြီး အင်ဂျင်စီပွဲရဲ့ ပိုင်ရှင်ကလည်း သဘာဝကျကျကို နိုင်ငံခြားသားသာ ဖြစ်တယ်။ ဘေးနားက လက်ထောက်ယွမ်က ရှင်းပြဖို့ ကူညီပေးတယ်။
“ဒါက နှစ်သစ်ကူးပွဲတော်ပါ ရိုးရာအရဆို ဥက္ကဌရှန်က ပြန်ဖို့လိုပြီး သူ့မိသားစုနဲ့ တွေ့ရမှာပါ”
“ငါသိပြီ”
“ဒါဆို ဥက္ကဌရှန်......”
အင်ဂျင်စီပွဲပိုင်ရှင်က သူ့ကို ဆက်သွားဖို့ ယဉ်ယဉ်ကျေးကျေး အမူအရာပြတယ်။ သူပြောလို့မပြီးခင်မှာ ရှန်ရန်ချင်းကို တစ်ခုခုက စွဲဆောင်တာကို မြင်လိုက်ရတယ်။
ဖန်တွေက ထွက်ပေါက်နှစ်ခုလုံးမှာ ပြည့်နေခဲ့တယ်။ ဗလာဖြစ်ပြီး တိတ်ဆိတ်နေတဲ့ပွဲက စတင်ပြီး ဆူညံ့လာတယ်။
လက်ထောက်ယွမ်က ရှန်ရန်ချင်း ဘာလုပ်နေမှန်း မသိတာမို့ သူ့အကြည့်အတိုင်း လိုက်ကြည့်မိတယ်။
အနည်းငယ် ကြာသွားတော့ လက်ထောက်ယွမ်က ဘာကိုမှ မမြင်လိုက်ဘူး။
“ဥက္ကဌရှန် ဘာကိုကြည့်နေတာလဲဗျ”
“အဲဒီဘက်နား” အနည်းငယ်ဝေးတာမို့ ရှန်ရန်ချင်းက မသေချာနေဘူး။ သူက နေရာတစ်ခုကို ညွှန်ပြပြီး လက်ထောက်ယွမ်ကို မေးတယ်။
“မြင်လိုက်လား အဖြူရောင်ဝတ်ထားတဲ့ တစ်ယောက်ကို. သူမ ခေါင်းမှာ ကလစ် ပန်ထားတာမို့ သိသာတယ်”
ရှန်ရန်ချင်းက ကြယ်ပွင့်နောက် မလိုက်ဖူးတာမို့ သူမက ဘာကိုဝတ်ထားမှန်း သူမ သိဘူး။ သူက အကြမ်းဖျင်း ရှင်းပြတာမျိုးတာ လုပ်နိုင်တယ်။
လက်ထောက်ယွမ်က သူပြောနေတဲ့ သရဖူနဲ့တစ်ယောက်ကို ကျောက်ချ ကြည့်နေမိတယ်။
“အဲဒီလူနဲ့ ပတ်သက်ပြီး ဘာမှားလို့လဲ”
သူက သူမနေရာကို မမြင်မှန်းသိလိုက်တာကြောင့် ရှန်ရန်ချင်းက သူ့အကြည့်တွေကို နောက်ဆုတ်လိုက်ရင်း သိပ်ပြီး ကျေနပ်မနေတော့ဘူး။
“သူမက နန်ကောနဲ့ မတူဘူးလား”
လက်ထောက်ယွမ်:”.....”
သူအမြင်အာရုံက သိပ်မဆိုးပေမဲ့လည်း သူ အကုန်လုံး မမြင်နိုင်ခဲ့ဘူးလို့။
“ဥက္ကဌရှန် ဒီလောက်ဝေးတာကို ဘယ်လိုလုပ်ပြီး မစ္စနန်လို့ ပြောနိုင်တာလဲ”
“ကျွန်တော်တောင် မပြောနိုင်ဘူး”
လက်ထောက်ယွမ်က ကိုးရိုးကားယား ရီနေခဲ့တယ်။
ရှန်ရန်ချင်းက သူမ မျက်နှာကို မမြင်ခဲ့ဘူး။
“သူမ အရပ်နဲ့ ဝတ်ထားတဲ့စတိုင်က အတော်လေး တူတယ်။ ဒါပေမဲ့ အသေအချာပြောဖို့က တကယ်ခက်တယ်”
သူ့ဘေးက အင်ဂျင်စီပွဲပိုင်ရှင်က မေးတယ်။
“ဘာပြသနာရှိလို့လဲ”
လက်ထောက်ယွမ်က ဉာဏ်ကောင်းပြီး လုပ်နိုင်စွမ်းရှိတယ်။ ဒါကြောင့် သူက စကားအနည်းငယ်နဲ့ သူတို့ကို အဝေးကို ပို့လိုက်တယ်။
“ဥက္ကဌရှန် ကျွန်တော် ကူကြည့်ပေးရမလား”
“ကောင်းပြီ”
မိနစ်အနည်းငယ်ကြာတော့ လက်ထောက်ယွမ်က ပြေးလာရင်း ငြင်းပယ်လိုက်တယ်။
“ မဟုတ်ဘူး။ ဥက္ကဌရှန် မှားပြောမိတာ”
“မစ္စနန်က ဒီအချိန်ဆို စားစရာပို့နေလောက်ပြီ။ ဒါ့အပြင် အတွင်းထဲက လက်မှတ်တွေက အရမ်းဈေးကြီးလွန်းတယ်”
လက်ထောက်ယွမ်ပြောတာ အဓိပ္ပါယ်ရှိတယ်။ ရှန်ရန်ချင်းက သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်။
“သွားကြစို့”
ပွဲအပြင်ဘက်မှာ နန်ကောက သူမရဲ့အိတ်နဲ့ မကြာခဏ ရိုက်မိနေပြီး ပွဲလက်မှတ်ကို သူမက ရှာမတွေ့သေးဘူး။
လူတိုင်းအထဲကို ပြေးဝင်သွားတာကို ကြည့်ရင်း သူမ စိတ်ဖိစီး လာပြီး သူမရဲ့အိတ်အတွင်းကို သည်းသည်းမဲမဲ လှန်လောရှာဖွေနေ ခဲ့တယ်။
သူမ ဖြသ်နေတာကို မြင်တော့ သူမ ဘေးကအမျိုးသမီးက သူမကို ထိလိုက်ရင်း မေးလာတယ်။
“မင်းရဲ့လက်မှတ် ပျောက်သွားလို့လား”
“ဘယ်လိုသိတာလဲ”
“ဟိုမှာ တွေ့လား”
သူမက တစ်ဖက်လှည့်ပြီး ရဲကားတစ်စီးကို ညွှန်ပြနေတယ်။
“သူတို့လက်မှတ် ပျောက်သွားတဲ့ မိန်းကလေးတွေက ရဲခေါ်လိုက် ကြတယ်လေ”
“သူတို့ အကုန်လုံး လက်မှတ်ပျောက်သွားကြတာလား”
“အမှန်ပဲ။ သူတို့အကုန်လုံး လက်မှတ်မှောင်ခိုသမားတွေစီက အခိုးခံလိုက်ရတာ မင်းအမြန် ပြေးသွားသင့်တယ်”
နန်ကောက ကြောင်အနေခဲ့တယ်။ ဒါကပထမဆုံးအကြိမ် သူမ ဘဝမှာ တစ်ယောက်တည်း ပွဲကြည့်ဖို့ လာဖူးခဲ့ဝာာမို့ ဒီလို ကိစ္စတွေရှိမှန်း သူမ မသိခဲ့ဘူး။
သူတို့တွေကိစ္စတွေကို ရီပို့တင်ပြီးမှ နန်ကောက စိတ်ဖိစီးစွာနဲ့ မေးလာတယ်။
“အန်ကယ် ကျွန်မတို့ လက်မှတ်တွေ ဘယ်တော့ရမှာလဲ”
ရှိုးပွဲက နာရီဝက်အတွင်း စတော့မှာလေ။
“ဒါက ပြောဖို့ခက်တယ်” ရဲသားကြီးက သက်ပြင်းချတယ်။
“မင်းလည်း လူတွေ ဘယ်လောက် အများကြီးလာပြီး ထွက်သွား ကြလဲ သိတာပဲလေ”
“ငါတို့တွေ လက်မှတ်ရောင်းတဲ့ သူက ဒီမှာရှိသေးမယ်မှန်း မသေချာတော့ဘူး”
“ငါ့အထင် ဒီညရှိုးပွဲကို ကြည့်ဖို့က မဖြစ်နိုင်လောက်ဘူး။ ဒါပေမဲ့ ငါတို့အကောင်းဆုံး ဆုံးရှုံးမှုတွေ လျော့စေဖို့ သူတို့ကို အမြန်ဆုံးဖမ်း ပေးပါ့မယ် ဟုတ်ပြီလား”
“ကျွန်မသိပြီ။ ကျေးဇူးပါ”
နန်ကောက သူမ နောက်က အားကစားကွင်းကို စိတ်ဆိုးတကြီး ကြည့်နေခဲ့တယ်။
သူမ အစ်ကိုက ဆိုရှယ်မီဒီယာမှာ ပွဲရဲ့ဓါတ်ပုံတွေကို ကြည့်ဖို့ စောင့်နေတာလေ။ သူသာ သူမ လက်မှတ်ပျောက်သွား မှန်းသိရင်….
ဒီလိုတွေးမိတာနဲ့ နန်ကော မငိုဘဲမနေနိုင်တော့ဘူး။
သူမက တကယ်ကို တုံးအတာပဲ။
သူမ အိတ်ထဲက ဖုန်းက မြည်လာခဲ့တယ်။ နန်ကော ငိုနေရင်း ဖုန်းကိုင်လိုက်တယ်။
“ဟယ်လို”
စကားတစ်ခွန်းတည်းနဲ့တင် ဖုန်းတစ်ဖက်က လူကအသက်ရှုတန့်သွားတယ်။
******