အခန်း ၂၁၀
Vol. 21 Ch. 210
210 01
Chapter 210 ပေါ့ပေါ့ပါးပါးပြောရတာလေး။
အဲဒီနေ့ နန်ကျဲ့ကို သူမ နန်မိသားစုရဲ့အိမ်အဝင်၀မှာ တွေ့ကတည်းက ချီယန်ဟာ အချိန်ပြည့် နန်ကျဲ့နဲ့ပဲ။
ဒီအချိန်ကာလအတွင်းမှာ နန်ကျဲ့ဟာ ဟိုက်မြို့ကို မကြာခဏ မလာဘူး။သူမ အားပြီဆိုတာနဲ့ ကျန်းမြို့ကိုလာပြီး သူနဲ့အတူ ထမင်းစားတယ်။
အစကတော့ သူ့အဖိုး ဆုံးသွားတာမို့ နန်ကျဲ့ စိတ်ဖိစီးနေတယ်လို့ ထင်ခဲ့တာ။
တစ်နေ့ နေ့လည်ခင်းမှာ သူမ နန်ကျဲ့နဲ့အတူ အနားယူနေခဲ့တယ်။
နန်ကျဲ့ဟာ သူမခါးကို ဖက်ထားရင်း သူ့မျက်နှာကို သူမရဲ့လည်ပင်းထဲ မြှုပ်ထားတယ်။သူဟာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေသလိုမျိုး ကိစ္စတွေ အများကြီးကို ပြောပြခဲ့တယ်။
သူမ ထင်ခဲ့တာက သူမူးနေပြီး ကယောင်ကတမ်းတွေ ထပြောနေတယ်လို့ပေါ့။
ဒါပေမဲ့ သူမ သူ့ကို တားလည်းမတားခဲ့သလို နှောင့်လည်း မနှောင့်ယှက်ခဲ့ဘူး။ကျန်တာတွေကိုပါ ကြားပြီးတဲ့နောက်မှာတော့ သူ နန်မိသားစုအကြောင်း ပြောနေတယ်ဆိုတာကို သူမ သိလိုက်ရတယ်။
သူဟာ ကိစ္စအမျိုးမျိုးကို ပြောပြနေခဲ့တာ။
သူမ သူနဲ့နန်ကောရဲ့ အခုလက်ရှိဆက်ဆံရေးကို ကြားရတဲ့အခါ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့ကို ခပ်တင်းတင်း ဖက်ထားပေးခဲ့တယ်။
နောက်ဆုံးတော့ သူ ဘာကို ဒေါသဖြစ်နေလဲဆိုတာ သူမ သိသွားပြီ...။
“နင်တို့က မောင်နှမအရင်းတွေလေ။ စိတ်မပူပါနဲ့။ နန်ကောက အသိဉာဏ်ရှိပြီး အကျိုးအကြောင်း ဆင်ခြင်တတ်ပါတယ်။ သူ စဉ်းစားပြီးရင် နင့်ကို ဆက်သွယ်လာပါလိမ့်မယ်”
“နင်က သူ့အစ်ကိုလေ။ သူ ဘယ်လိုလုပ် တစ်သက်လုံး လျစ်လျူရှုထားနိုင်ပါ့မလဲ”
“ဒီလိုကိစ္စတွေက သူ့လိုကောင်မလေးအတွက် တကယ်တော့ နည်းနည်းများတယ်။ နင် သူ့ကို အသက်ရှူခွင့်ရအောင် အချိန်ပေးထားသင့်တယ်”
“သူ ပြန်အဆင်ပြေသွားတဲ့ အခါကျရင် နင်တို့နှစ်ယောက် စကားပြောလို့ရပါတယ်”
သူ့ကို ဒီလိုမြင်တဲ့အခါ ချီယန်ဟာ နန်ကောကိုလည်း သီးသန့်စကား ပြောကြည့်ချင်တယ်။ဒါပေမဲ့ ထပ်တွေးကြည့်ပြန်တော့လည်း သူမလို အပြင်လူတစ်ယောက်အနေနဲ့ တစ်ခုခုပြောလည်း အသုံး၀င်မှာ မဟုတ်ဘူး။
သူမ ၀င်စွက်ဖက်လို့ မရသလို ၀င်စွက်ဖက်လို့လည်း ကောင်းတာမရှိဘူး။
တကယ်လို့ သူများတွေ ပြောတာသာ အသုံး၀င်မယ်ဆိုရင် နန်ကော နန်ကျဲ့ကို ပြန်ဆက်သွယ်တာ ကြာလှပြီ။
ဘာပဲဖြစ်ဖြစ် ဥက္ကဌရှန်ဟာ မဆိုစလောက်လေးမှ မဟုတ်တာဘဲ။
သူမအခု နန်ကျဲ့ကို နှစ်သိမ့်ပြီး နည်းနည်းလောက် ထပ်စောင့်ပေးဖို့ကို ပြောဖို့ပဲ တတ်နိုင်တယ်။
နန်ကျဲ့ဟာ နန်ကောကို မကြာခဏ စာတွေပို့နေပေမဲ့လည်း ပင်လယ်ထဲ မြုပ်သွားတဲ့ ကျောက်တုံးကျောက်ခဲတွေ အတိုင်းပဲ။
ဒီအချိန်ကာလအတွင်းမှာ နန်ကောရဲ့ ဝီချက်ပုံရိပ်တွေနဲ့ အခြားဆိုရှယ်မီဒီယာအက်ပ်တွေဟာ တိတ်ဆိတ် ခြောက်ကပ်နေတယ်။
ဒီမိန်းကလေး သူ့ကို ဘလော့သွားပြီလို့တောင် ထင်မိတာ။လိုက်မေးကြည့်တော့မှ သူမ တကယ်ကို ဘယ်သူ့ကိုမှ ဘာမှ မပို့တော့တာ။
ဝေ့ပေါ်မှာ သူမအကြိုက်ဆုံး ယောက်ျားလေးအဖွဲ့ဟာ အယ်လ်ဘမ်အသစ် ထွက်ပေမဲ့ သူမ အဲဒါနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မတင်ခဲ့ဘူး။
နန်ကျဲ့ဟာ ချက်ချင်းပဲ တစ်ယောက်ယောက်ကို အယ်လ်ဘမ်ကို ၀ယ်ခိုင်းလိုက်ပြီး လက်မှတ်ပါ ယူလာခိုင်းခဲ့တယ်။သူ ရှန်ရန်ချင်းကို သူမဆီ ပေးပေးဖို့ ပြောပေမဲ့ ရှန်ရန်ချင်းက ဘာဖြစ်သွားမှန်းမသိ သူကိုယ်တိုင်ပေးဖို့ပဲ ပြောနေတော့တယ်။
ဂုဏ်ယူနေတဲ့ သခင်ငယ်လေးနန်ဟာ ဒီတစ်ခါတော့ စိုးရိမ်သွားရပြီ။
သူ အယ်လ်ဘမ်ကို ၀ယ်ထားတာ တစ်လရှိပြီ ဖြစ်ပေမဲ့ သူ့လက်ထဲမှာပဲ ရှိနေသေးပြီး ပေးလိုက်ဖို့ အခွင့်အရေးကို မရခဲ့ဘူး။
နောက်ဆုံးမှာတော့ သူ မြို့တော်က အငယ်ဆုံးဦးလေးကိုတောင်မှ သွားရှာလိုက်ရတယ်။
သူ အငယ်ဆုံးဦးလေးကို လက်တလောကျန်းမြို့ကို ပြန်လာဖို့ အချိန်ရှိလားဆိုပြီး မေးခဲ့တယ်။အငယ်ဆုံးဦးလေးဟာ အစကဘာမှသိပ်မတွေးဘဲ သဘောတူပြီး သူ အားတယ်လို့ ပြောခဲ့တယ်။
210 02
နောက်တော့ နန်ကျဲ့ဟာ သူ့ရည်ရွယ်ချက်ကို ပြောပြတယ်။
ဖုန်းတစ်ဖက်မှာ အတန်ကြာ တိတ်ဆိတ်သွားပြီးမှ ဦးလေးဟာ ပြောလာတယ်။ “၄လတောင် ရှိနေပြီကို။ မင်း အခုထိ သူ့ကို မချော့ရသေးဘူး။ မင်း ဘာတွေလုပ်နေလဲ”
အမှန်ပဲ။မျက်စိ တစ်မှိတ်အတွင်းမှာပဲ နို၀င်ဘာ ရောက်သွားပြီ။
နန်ကျဲ့ဟာ ဘာပြောရမှန်းမသိတာမို့ တိတ်နေလိုက်တယ်။
သူ့အငယ်ဆုံးဦးလေးဟာ စိတ်တိုသွားပြီး “မောင်နှမတွေ ဘယ်လိုလုပ် အကြာကြီး ရန်ဖြစ်ရတာလဲ။ မင်းက အစ်ကိုကြီးနော်။ အလျှော့ပေးပြီး ကောင်းကောင်းပြောလိုက်ရင် သေသွားမှာမလို့လား”
“သူ့ကို အချိန်တိုတိုလေးနဲ့ မချော့နိုင်လောက်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူ ဒီလောက် အကြာကြီး အခုလိုဖြစ်နေဦးမယ်လို့ မထင်ထားဘူး”
“ရှန်ရန်ချင်း မင်းအတွက် အကောင်းမပြောပေးဘူးလား။ ပေါ့ပေါ့ပါးပါး ပြောရတာလေးပဲဟာ”
“ဟူး” ဦးငယ်လေးဟာ သူ့ဟာသူ သက်ပြင်းချတယ်။ “မင်း လူရှာတာ မှားနေပြီ”
“ငါလည်း ရှန်ရန်ချင်း ပြောသလိုပဲ ထင်တယ်။ မင်း ဒီပစ္စည်းကို ကိုယ်တိုင် သွားပေးသင့်တယ်။ ဒါကို အခွင့်အရေးယူပြီး ကိစ္စတွေကို လူကိုယ်တိုင်တွေ့ပြီး ရှင်းလို့ရတယ်”
ဦးငယ်လေးဟာ ပြဿနာကို မဖြေရှင်းရသေးဘူးလို့ မထင်ထားခဲ့ဘူး။
သူ အခုတလော အလုပ်ရှုပ်နေပြီး နန်ကျဲ့နဲ့အခြားလူတွေကို မဆက်သွယ်ဖြစ်ဘူး။အရာအားလုံး အဆင်ပြေတယ်လို့ပဲ ထင်နေခဲ့တာ။
သူလည်း အခြားလူတွေနဲ့ အတွေးတူခဲ့တာ။ဒီမောင်နှမနှစ်ယောက် နောက်နေ့ ရောက်တာနဲ့ ပြန်သင့်မြတ်သွားမယ်လို့ ထင်ခဲ့တာ။
အခုချိန်ထိ ကြာသွားမယ်လို့ ဘယ်သူက ထင်မှာလဲ။
အစကတော့ နန်ကျဲ့ဟာ လူကိုယ်တိုင်တွေ့ပြီး စကားပြောချင်တာ။ဒါပေမဲ့ နန်ကောဟာ သူ ဆက်သွယ်တာကို အရမ်းခုခံနိုင်စွမ်း ကောင်းနေတယ်။သူမကိုရှာဖို့ သူ ဟိုက်မြို့ကို တန်းသွားလိုက်ချင်ပေမဲ့ ရှန်ရန်ချင်းက နန်ကောအခုချိန်မှာ အချိန်တချို့ လိုနေတယ်လို့ ပြောခဲ့တာမို့။
ဒါကြောင့် သူ အခုထိ အရင်စပြီး မလှုပ်ရှားရဲတာဘဲ။
ပိုဆိုးတာက နန်ကောဘက်က အရင်စပြီး ဆက်သွယ်ဖို့ကလည်း အချိန်အရမ်းကြာနေပြီ။သူမ ဝီချက်မှာ သူ့ဆီ ပုဒ်ဖြတ်ပုဒ်ရပ်လေးတစ်ခုတောင်မှ လုံး၀မပို့ခဲ့ဘူး။အစကတော့ သူမကို ချော့ဖို့ သူ နည်းနည်းယုံကြည်ချက် ရှိခဲ့ပေမဲ့ အခုတော့...
သူ ကမူးရှူးထိုးတောင် မလုပ်ရဲတော့ဘူး။
အငယ်ဆုံးဦးလေးဆီကနေ တစ်နာရီထက်ပိုပြီး “သင်ကြားပို့ချ” ခံရပြီးတဲ့နောက်မှာတော့ နန်ကျဲ့ဟာ အခြားလူတွေထက် သူ့ကိုယ်သူ အားကိုးတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။သူ နန်ကောကို သူ့ဟာသူပဲ သွားရှာလိုက်တယ်။
နို၀င်ဘာမှာ ဟိုက်မြို့ကအပူချိန်ဟာ မနှစ်ကထက် အနည်းငယ်မြင့်တယ်။ဆောင်း နောက်ကျတယ်။
နန်ကောဟာ ကုတ်အင်္ကျီ၀တ်ပြီး ကျောင်း၀င်းနားလမ်းလျှောက်နေပြီး ချွေးလည်း ထွက်နေတယ်။
အဆောင်နားကို ရောက်တော့ ပူလွန်းတာမို့ သူမ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အဝါနုရောင် တီရှပ်လက်တိုလေးကိုပဲ ချန်ထားတယ်။
သူမရဲ့ကုတ်အင်္ကျီကိုခေါက်ပြီး လက်မောင်းပေါ် တင်လိုက်ကာ လှေကားပေါ် တက်တော့မဲ့အချိန် သူမရဲ့အနောက် မလှမ်းမကမ်းကနေ ကားတစ်စီး ဟွန်းတီးလာတယ်။
နန်ကောဟာ မကြားသလိုပဲ ပြုမူလိုက်ပြီး သူမနဲ့ ဆိုင်တယ်လည်း မထင်မိဘူး။
ရှန်ရန်ချင်းတစ်ယောက်ပဲ သူမကို လာရှာတတ်တာ။ပြီးတော့ သူဟာမလာခင် သူမကို စာပို့နေကျ ဖြစ်တယ်။
ပြီးတော့ လွန်ခဲ့တဲ့၁၀မိနစ်ကမှ သူမတို့နှစ်ယောက် ညစာ ဘာစားရမလဲဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ပြီးသား။
သူမ ဆုကီယာကီစားဖို့ မဆုံးဖြတ်ခင် အကြာကြီးတော့ စဉ်းစားနေခဲ့ရသေးတယ်။
ဒါပေမဲ့ လမ်းလျှောက်လိုက်တော့ အရမ်းပူလွန်းတယ်။သူမ အဆောင်ပြန်ရောက်တာနဲ့ ရှန်ရန်ချင်းကို စာပို့ပြီး ညစာအတွက် ထပ်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။
သူမ ၀င်တော့မယ်အချိန်မှာပဲ သူမအနောက်ကကားတံခါးပိတ်သွားတဲ့အသံကို ကြားလိုက်ရတယ်။
210 03
အဲဒီနောက်ချက်ချင်းပဲ တစ်ယောက်ယောက် အော်လာတယ်။ “နန်ရော့ရော့!”
တစ်ယောက်ယောက် သူမရဲ့နာမည်ပြောင်ကို ခေါ်ရင် နန်ကော တကယ်မုန်းတယ်။
သူမ တကယ် အနောက်မလှည့်ချင်ဘူး။ဒီအသံဟာ ဘေးနားတစ်၀ိုက်က အကြည့်တွေကို ဆွဲခေါ်နေတာ။
ဒါပေမဲ့ သူမ အသံပိုင်ရှင်ကို သိတယ်။
တံခါးရှေ့မှာ ရပ်နေတာမို့ တစ်ဖက်လူရဲ့ပုံရိပ်ကို မှန်ထဲကနေ မြင်နေရတယ်။
သူမရဲ့ကုတ်အင်္ကျီနဲ့ စာအုပ်ကို သယ်ထားရင်း ရပ်နေတဲ့နေရာမှာပဲ ၂မိနစ်လောက် ရပ်နေခဲ့မိပြီး နောက်တော့ အနောက်လှည့်ကာ အောက်ကို ဆင်းသွားလိုက်တယ်။
ခြေလှမ်း အနည်းငယ် လှမ်းရုံနဲ့တင် သူမ နန်ကျဲ့ရဲ့အရှေ့ကို ရောက်သွားတယ်။ဘာလို့လဲဆိုတော့ နန်ကျဲ့ဟာ မနေနိုင်မထိုင်နိုင် သူမ ဆင်းလာတာကို မြင်တဲ့အခါ အရှေ့ကို လျှောက်လာလို့။
နန်ကောဟာ မော့မကြည့်ဘူး။သူမရဲ့အသံဟာ ဗလုံးဗထွေးနဲ့။ “အစ်ကို”
လေးလနဲ့ လ၀က်နီးနီးကြားခဲ့ပြီးတဲ့နောက်မှာတော့ ဒါဟာ ပထမဆုံးအကြိမ် နန်ကော နန်ကျဲ့ကို စကားပြောတာပဲ။
စကားလုံးတစ်လုံးတည်း ဆိုပေမဲ့လည်း။
“အတန်းပြီးပြီလား” နန်ကျဲ့ဟာ အရင်တိုင်းပဲ။
“အင်း”
အဲဒါဟာ တုံးအတဲ့မေးခွန်းပဲ။
“နင် ငါ့အတန်းချိန်ဇယားကို ရှန်ရန်ချင်းဆီက မေးလိုက်တာလား”
“ဟင့်အင်း နင်တို့ဌာနခေါင်းဆောင်ကို မေးလိုက်တာ”
အသက်ပြင်းပြင်း တစ်ချက်ရှူရင်း နန်ကောရဲ့ပုခုံးဟာ ပြေလျော့သွားပြီး သူမဟာ အသာလေး မော့ကြည့်လာတယ်။
သူမရဲ့အစ်ကိုဟာ အရင်တိုင်းအင်အားတွေ ပြည့်နေပုံပဲ။
သူဟာ သာမန်အနောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားပြီး ဆံပင်ကိုလည်း သေချာပုံသွင်းထားတယ်။
သူဟာ ထက်ထက်မြက်မြက် ၀တ်စားထားတယ်။
သူ့ပုံစံက ၂၀စွန်းစွန်းအရွယ်လိုပဲ။
နန်ကောရဲ့နှုတ်ခမ်းထောင့်ဟာ လှုပ်ခတ်သွားတယ်။ “နင် ဘာလို့ ငါ့ကို လာရှာတာလဲ”
“နင် အတန်း မရှိဘူးမလား။ ထမင်းအတူ သွားစားရအောင်”
လေသံဟာ ညှိနှိုင်းတဲ့လေသံတော့ ဟုတ်မနေဘူး။
အဲဒါအမှန်ပဲ။သူမရဲ့အချိန်ဇယားဟာ သူ့လက်ထဲမှာ။သူမမှာ အတန်း ရှိလားမရှိလားဆိုတာ သူ ကောင်းကောင်း သိတယ်။သူမမှာ လိမ်ဖို့ အခွင့်အရေး မရှိဘူး။ “ဒါပေမဲ့ ငါရှန်ရန်ချင်းနဲ့ ချိန်းထားတယ်”
“ဒါဆို သူ့ပါ ခေါ်လိုက်”
သူ ဘာအကြောင်းကိုပြောချင်လဲဆိုတာ သူမ သိတယ်။စဉ်းစားကြည့်ပြီးတဲ့နောက် သူမ ရှန်ရန်ချင်းကို မခေါ်ဘဲထားလိုက်တယ်။ “ထားလိုက်တော့ သွားမယ်”
သွားတဲ့လမ်းမှာ နန်ကျဲ့ဟာ သူမရဲ့ကျောင်းက လက်ရှိအခြေအနေကို မေးတယ်။
သူမလည်း တစ်ခုပြီးတစ်ခု ဖြေပေးခဲ့တယ်။ဒါပေမဲ့ ဖြေပေးရုံပဲ။တခြားဘာမှ မပြောဖြစ်ဘူး။
ဒီအချိန်ဆို မီးပွိုင့်ကျပ်တာမို့ သူမ ရိုးရိုးရှင်းရှင်းပဲ လက်ထဲက ဖတ်စာအုပ်ကို ဖွင့်ပြီး ဖတ်ကြည့်နေလိုက်တယ်။
“နင် အတော်လေးနက်နေတာပဲ” နန်ကျဲ့ဟာ စကားနည်းနည်း ပြောချင်တာမို့ စနောက်တဲ့လေသံနဲ့ ပြောလိုက်တယ်။
“အင်း” နန်ကောဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ပုံရတယ်။ “ဆိုရိုးစကားတွေအတိုင်းပဲ စာလေ့လာတာက ထွက်ပေါက်တစ်ခု သက်သက်မဟုတ်ဘဲ ကျိန်းသေပေါက် အကောင်းဆုံးရွေး ချယ်မှုဆိုတာ...”
******