← Chapters

အခန်း ၂၄၆

Vol. 25 Ch. 246

အခန်း ၂၄၆

Vol. 25 Ch. 246

246 01

Chapter 246 ကိုယ့်မိန်းမ မင်္ဂလာ၀တ်စုံစမ်း၀တ်ကြည့်တာကို အဖော်ပြုပေးတာ။

ဒုတိယစာမေးပွဲအတွင်း နန်ကောဟာ မြို့တော်က တိုက်ခန်းကို ပြောင်းသွားတယ်။

ဘေးမှာ ရှန်ရန်ချင်းရှိပြီး သူမရဲ့ဦးငယ်လေးလည်း ရှိနေတာဖြစ်တဲ့အတူတူ နန်ကောဟာ နန်ကျဲ့အဖော် လိုက်ပေးမဲ့အကြံကို ငြင်းလိုက်တယ်။

“ပြီးရော ပြီးတာပဲ ဘာပဲဖြစ်ဖြစ် ငါလည်း အလုပ်ရှုပ်နေတာပါ” နန်ကျဲ့ဟာ အဲ့လိုပြောခဲ့ပေမဲ့လည်း နန်ကော ဒုတိယစာမေးပွဲ ဖြေ‌နေတဲ့အချိန် သူဟာ ကျန်းမြို့ကနေ အထူးတလည်ကြီး လာလိုက်သေးတယ်။

ဖြေပြီးလို့ အပြင်ထွက်လာတော့ နန်ကောဟာ နန်ကျဲ့ကို တွေ့လိုက်ရတယ်။သူမဟာ အံ့ဩသွားပြီး သူ ဘာလို့ရောက်နေလဲလို့ မေးတယ်။

ရှန်ရန်ချင်းဟာ သူမလက်ထဲက ပစ္စည်းတွေကိုသာ ယူပေးပြီး မောင်နှမနှစ်ယောက်ရဲ့စကားဝိုင်းကို မနှောင့်ယှက်ဘူး။

နန်ကျဲ့ဟာ ပြန်မဖြေဘဲ မေးသာမေးတယ်။ “နင် ဘယ်လိုနေလဲ”

နန်ကောဟာ ဂျက်ကတ်ကို သပ်ချရင်း ခဏတွေးကြည့်ပြီး ခေါင်းညိတ်ပြတယ်။ “ပြဿနာ မရှိလောက်ပါဘူး”

ဒီတစ်ခေါက် သူမ အဖြေပေးတဲ့အခါ သူမဟာ ပထမစာမေးပွဲတုန်းကထက် ပိုပြီးယုံကြည်ချက် ရှိနေတယ်။

သူမကို ဒီလိုမြင်ရတော့ နန်ကျဲ့ဟာ သူမ အရမ်းယုံကြည်မှု ရှိနေလွန်းတယ်လို့ ခံစားမိတယ်။ “အရမ်းဘ၀င်မြင့်မနေနဲ့။ အရင်က ဒုတိယရတဲ့တစ်ယောက် အဆုံးမှာ အထုတ် ခံလိုက်ရတယ်ဆိုတဲ့အကြောင်း ငါ ကြားဖူးတယ်”

“.....” နန်ကောဟာ ‌ဒေါသတကြီးနဲ့ သူ့ကို ပိတ်ထိုး လိုက်တယ်။ဦးငယ်လေးဟာလည်းပဲ မျက်လုံးကို လှည့်လာတယ်။ “စကားမပြောတတ်ဘူးဆိုလည်း မင်းပါးစပ်ကို ပိတ်ထားစမ်းပါ”

ဒုတိယတစ်သုတ်ရဲ့ရလဒ်တွေဟာ ခပ်မြန်မြန် ထွက်လာတယ်။စောင့်ဖို့ ကျန်တာဆိုလို့ အသိပေးချက်ကိုပဲ။

သူမ ဘွဲ့ရခါနီး ဖြစ်လာတာနဲ့အညီ နန်ကောမှာ အခြားလူတွေလို လုပ်စရာတွေ အများကြီး မရှိသလိုဘဲ။သူမရဲ့စာတမ်းကိုလည်း ပြန်လည်ပြင်ဆင်ပြီးတာ ကြာပြီဖြစ်ကာ သူမဟာ အခုတော့ နေ့တိုင်း ဟွားရှန်မှာ လာ‌အချောင်ခိုနေတော့တယ်။

ဘာဖြစ်ဖြစ် သူမက အနာဂတ် ဥက္ကဌကတော်လေ။ဥက္ကဌရုံးခန်းမှာ သူမ အလုပ်သင် ဆင်းနေတာဆိုပေမဲ့ လက်ထောက်ယွမ်ဟာ သူမကို ဟိုခိုင်းဒီခိုင်း မခိုင်းရဲဘူး။ဒါကြောင့် နန်ကောဟာ အထူးအားလပ် နေတော့တယ်။သူမရဲ့နေ့စဉ် လုပ်ငန်းဆောင်တာဟာ ရှန်ရန်ချင်းရဲ့စာရွက်စာတမ်းတွေကို စီစဉ်ပေးပြီး ကော်ဖီ ဖျော်ပေးတာပဲ ရှိတယ်။

သူမရဲ့ အလုပ်ရှုပ်ဆုံး အချိန်ဆိုရင်လည်း သူမ ခရီးတစ်ခုကို ရှန်ရန်ချင်းနဲ့ အဖော်လိုက်ပေးတာတော့ ရှိပါတယ်။ဒါပေမဲ့ အဲဒါက ဒီအနီးအနားက ဒေသတစ်ခုပဲ။

တိုတိုပြောရရင်တော့ တလေးတနက်ကြီးတွေ မရှိဘူးပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ဟွားရှန်ကို လာရတဲ့ သူမရဲ့ရည်ရွယ်ချက်ဟာ ရှန်ရန်ချင်းရဲ့အလုပ်မှာ ရှိတဲ့ပုံစံအခြေအနေကို အကဲခတ်ချင်လို့ တစ်ခုတည်းပဲ။

သူမ သူ့ဆီက‌ သင်လည်း ယူနိုင်တယ်လေ။

ဒါအကုန်ပဲ။

သူမရဲ့ပန်းတိုင်ကို ရယူပြီးတဲ့နောက်မှာတော့ နန်ကောဟာ လက်ထပ်ပွဲအပေါ် အာရုံစိုက် လိုက်တယ်။

တစ်နေ့ နန်ကောဟာ ရုံးခန်းထဲမှာထိုင်ပြီး ပျင်းပျင်းနဲ့ရုပ်ရှင်တစ်ပုဒ် ကြည့်နေခဲ့တယ်။ရုပ်ရှင်ထဲက ဇာတ်ညွှန်းတစ်ခုကို မြင်တဲ့အခါ သူမဟာ ရုတ်တရက် ထရပ်လိုက်ပြီး သူမဘေးက ချောကလက်ဟာလည်း ကြမ်းပေါ်ကို ပြုတ်ကျသွားတယ်။

ဆိုဖာနားက ရုတ်ရုတ်ရုတ်ရုတ် အသံဟာ ကျယ်လွန်းတာမို့ ရှန်ရန်ချင်းမှာ လစ်လျူမရှု ထားနိုင်ဘူး။

“ဘာဖြစ်တာလဲ”

သူဟာ သူ့မျက်စိရှေ့က ကွန်ပျူတာစခရင်ကို ကျော်ပြီး ခပ်လှမ်းလှမ်းကို လှမ်းကြည့်လိုက်တယ်။

နန်ကောဟာ ဆိုဖာမှာထိုင်ပြီး အနောက်လှည့်မှီရင်း ခေါင်းပြူပြီး မသက်မသာနဲ့ မေးတယ်။ “ကျွန်မတို့...လက်ထပ်မှတ်ပုံတင်မှာလား”

“ဒါပေါ့” ရှန်ရန်ချင်းဟာ ဘာပြောရမလဲ မသိတော့ဘူး။ “မင်း ဒါကို မတွေးမိဘူးလို့တော့ ကိုယ့်ကို မပြောနဲ့နော်”

နန်ကောဟာ သူ့အကြည့်ကို ရှောင်ပြီး “ကျွန်မ မေ့သွားတယ်”

ရှန်ရန်ချင်းဟာ နှုတ်ခမ်းကို စေ့ပြီး ကျင့်သားရနေပြီ ဖြစ်ကြောင်း အမူအရာပြတယ်။

246 02

“သင့်တော်တဲ့တစ်ရက်ကို ရွေးရအောင်”

“အခု”

ရှန်ရန်ချင်းမှာ သူမရဲ့စကားကို ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့လုနီးနီးဘဲ။

“မရဘူးလား”

ရှန်ရန်ချင်းဟာ ခေါင်းခါပြီး ရှင်းပြတယ်။ “ကိုယ်က မင်း ထူးခြားတဲ့တစ်ရက်ရက်ကို ရွေးမယ် ထင်လို့”

မိန်းကလေးတွေက အသေးစိတ်တွေကို အရမ်းဂရုစိုက်တယ် မဟုတ်ဘူးလား။နောက်ပြီးတော့ လက်ထပ်မှတ်ပုံတင်တာလိုမျိုး အရေးကြီးတဲ့ အပိုင်းလည်း ဖြစ်သေးတယ်။

နန်ကောဟာ မေးစေ့ကိုပွတ်ရင်း လေးလေးနက်နက် စဉ်းစားတယ်။ “ကျွန်မတို့ တရုတ်ချစ်သူများနေ့မှာ လုပ်လို့ရတယ်။ ဒါပေမဲ့ ရက်က လက်ထပ်ပွဲပြီးနောက်ပိုင်း ဖြစ်နေတယ်။ အဲ့တာက မကောင်းဘူးမလား”

“ရက်နည်းနည်းပဲ ခြားတာပါ။ အရမ်းတိကျဖို့ မလိုပါဘူး”

ရှန်ရန်ချင်းဟာ သူမရဲ့အကြံဉာဏ်အတိုင်း သွားတယ်။နန်ကောဟာ ခေါင်းညိတ် လိုက်ပေမဲ့ ဆုံးတော့ မဆုံးဖြတ်ရသေးဘူး။ “ကျွန်မ တစ်ချက် ထပ်ကြည့်လိုက်ဦးမယ်။ ခဏ” သူမဟာ ဖုန်းပြက္ခဒိန်ကို အမြန်ဖွင့်တယ်။

မေလ ရောက်တော့မှာဖြစ်ပြီး သူမတို့ရဲ့လက်ထပ်ပွဲမတိုင်ခင် ၃လလိုသေးတယ်။

ရှန်ရန်ချင်းဟာလည်း ဒီလိုအရေးကြီးတဲ့ကိစ္စမှာ ၀င်ပါဖို့လိုတယ်။သူ သူမ တစ်ယောက်တည်းကိုပဲ အလုပ်ရှုပ်ခိုင်းထားလိုက်လို့မရဘူး။သူလည်း သူမကို အကြံဉာဏ်တချို့ ပေးဖို့လိုတယ်။ “ဒါမှမဟုတ် နောက်လ၂၀ရက်နေ့ဆိုရင်ရော။ မင်း ဘယ်လိုထင်လဲ”

“မဆိုးပါဘူး။ ဒါပေမဲ့ အဲ့လိုနေ့မှာ လက်ထပ်မဲ့လူတွေ အများကြီး ရှိမှာပဲ။ ဟုတ်တယ်မလား” နန်ကောဟာ အွန်လိုင်းမှာ ရှာကြည့်ဖို့ အချိန်ယူတယ်။ “ဘာလို့ ရှင့်မွေးနေ့မှာ မလုပ်တာလဲ”

ဂျွန်လအကုန်မှာ ဘာမှထူးခြားသွားတော့ ရှိမှာမဟုတ်ဘူး။

သူ သဘောမတူမှာကို စိုးရိမ်ပြီး နန်ကောဟာ သူ့ကို သွေးဆောင်တယ်။ “အနာဂတ်မှာ ရှင် ရှင့်မွေးနေ့ရယ် မင်္ဂလာနှစ်ပတ်လည်ရယ်ကို အတူတူ ကျင်းပလို့ရပြီလေ။ တစ်ရက်တည်းနဲ့ ရှင် လက်ဆောင်၂မျိုးရမှာ”

“ဟုတ်ပါပြီ။ မင်း အဆင်ပြေတယ်ဆို ရတယ်” ရှန်ရန်ချင်းဟာ သဘောမတူဘဲ မနေရဲဘူး။သူဟာ အမြဲတမ်း သူမစိတ်တိုင်းကျ လုပ်လာပေးခဲ့တာ။သူမရဲ့စကားဆုံးတာနဲ့ သူဟာ ဖုန်းကိုဖွင့်ပြီး ရက်ကို အထူးတလည် မှတ်သားပြီး မီမိုထဲ ထည့်ထားလိုက်တယ်။

အဲ့တာဟာ သူ့မွေးနေ့ဆိုပေမဲ့လည်းပေါ့။

သူတို့နှစ်ယောက် လက်ထပ်မှတ်ပုံတင်တော့မှာကိုလည်း သိရော ယွီတစ်ယောက်ဟာ အပျော်ဆုံး ဖြစ်နေတော့တယ်။

ပါတီပလန်တစ်ချို့ စိတ်ထဲ ပေါ်လာတယ်။သူဟာ မတိုင်ခင်တစ်ညကို နန်ကောနဲ့ သူမရဲ့အခန်းဖော်တွေကို ပါတီ ခေါ်သွားပေးမယ်လို့ အကြံပြုတယ်။တစ်ညလုံး အပြင်မှာပဲနေတဲ့ အမျိုးအစားပေါ့။

ဒါပေမဲ့ ဒီအကြံ ထွက်လာတာနဲ့ တစ်ပြိုင်နက် နန်ကျဲ့ဟာ အကြံကို ရိုက်ချလိုက်တယ်။

“နင်တို့ တစ်ခုခု လေးနက်တာ မလုပ်နိုင်ကြဘူးလား” နန်ကျဲ့ဟာ သူ့ကို တွန်းဖယ်ပြီး နန်ကောရဲ့ခေါင်းကို လက်ညိုးနဲ့ထိုးတယ်။ “သူနဲ့ပေါင်းပြီး လျှောက်အရူး ထမနေနဲ့။ ငါ ပြောတာ ကြားလား”

“ဟုတ်ကဲ့” နန်ကော အဆုံးစွန်ထိသွားဖို့လည်း တစ်ခါမှ မတွေးထားပါဘူး။

“အပြင်မှာ တစ်ညလုံး နေတာက ဒုက္ခရှာတာပဲ ရှိမယ်။ နောက်တစ်နေ့ ငါ့အသားအရည်‌တွေ ကြည့်မကောင်းရင် ငါ ဘယ်လိုလုပ် ဓာတ်ပုံရိုက်ရမှာလဲ”

ယွီဟာ အော်ပြီး သူမကို ပျင်းစရာကောင်းမှုအတွက် ပြစ်တင်ရှုံ့ချတယ်။ဒီအချိန်မှာပဲ နန်ကောဟာ စကားလမ်းကြောင်း လွှဲလိုက်တယ်။ “ဒါပေမဲ့...ငါတို့ ပျော်လို့ရသေးတာပဲ ဟာကို”

ဒီကိစ္စကို ဖြေရှင်းပြီးသွားတဲ့အခါ နန်ကောနဲ့ရှန်ရန်ချင်းဟာ မေလအတွက် လက်ထပ်ဓာတ်ပုံတွေအပေါ် စတင်အာရုံစိုက်ကြတယ်။

ဒါဟာ ဓာတ်ပုံရိုက်ခြင်းက အတော်လေး ပင်ပန်းတယ်ဆိုတာကို သိလိုက်ရတဲ့ နန်ကောရဲ့ပထမဆုံးအကြိမ်ဆိုလည်း ဟုတ်တယ်။

လက်ထပ်ဓာတ်ပုံနဲ့တင် သူမတို့ နိုင်ငံ၆နိုင်ငံလောက် ရောက်ပြီးပြီ။

အဆုံးမှာတော့ နန်ကောမှာ ထုံကျဥ်နေပြီ။

ကံကောင်းလို့ ရလဒ်လေးတွေကတော့ မဆိုးဘူး။ပုံတွေ ထွက်လာပြီဆိုတာနဲ့ သုံးသပ်ချက်ကောင်းတွေ ရခဲ့တယ်။

ရှန်ရန်ချင်းဆို တစ်ပုံကို သူ့ပရိုဖိုင်ပုံတောင် ထားလိုက်သေး။

ဒါပေမဲ့ ဒါဟာ အစပဲရှိသေးတယ်။ဂျွန်လကို ရောက်တော့ နန်ကောမှာ ပြီးခဲ့တဲ့လကထက်တောင်မှ ပိုအလုပ်ရှုပ်သေးတယ်။

သူမ မင်္ဂလာ၀တ်စုံတွေ၊ဂါ၀န်တွေကို စမ်း၀တ်ကြည့်ခဲ့ပြီး သတို့သမီးအရံတွေအတွက် ဂါ၀န်တွေကိုလည်း လိုက်ကြည့်ပေးခဲ့တယ်။

သတို့သမီးအရံတွေအတွက်က သူမရဲ့အခန်းဖော် ၃ယောက်ကို ရွေးလိုက်တယ်။ရှန်ရန်ချင်းဘက်က သတို့သားအရံတွေကတော့ သူ့၀မ်းကွဲ အငယ်လေးရယ်နဲ့ သူ့အတန်းဖော် သူငယ်ချင်းဟောင်း၂ယောက်ဖြစ်တယ်။

မင်္ဂလာ၀တ်စုံတွေ စမ်း၀တ်ကြည့်တဲ့နေ့မှာ ရှန်ရန်ချင်းဟာ အချိန်တစ်ခုအထိ နောက်ကျ နေခဲ့တယ်။

246 03

နန်ကော ထွက်လာတာနဲ့ ဖုန်းယွမ်ယွမ်ဟာ ဦးဆောင်ပြီး အော်တယ်။

“ဝူးဝူး သူ အရမ်းလှတာပဲ။ သူ တကယ် တလက်လက် တောက်ပနေရော”

သူမဟာ ဆောင်ကြောင့်ထိုင်ပြီး ဂါ၀န်ရဲ့အောက်ဖျားကို ကိုင်ကြည့်ကာ ထပ်အော်ပြန်တယ်။

တစ်ဖက်မှာ စုဟွေးဟာတော့ ရှထောင့်မျိုးစုံကနေ ဓာတ်ပုံတွေကို သည်းကြီးမဲကြီး ရိုက်ယူနေတယ်။သူမဟာ ပုံတွေကို ရိုက်ယူနေရင်း ပြောသေးတယ်။ “ဥက္ကဌရှန်က ပထမဆုံး မြင်ခွင့်ရတဲ့သူ မဖြစ်သွားဘူး။ နှမြောစရာပဲ။ ငါတို့ သူ့ဆီက အခွင့်အရေးကို ခိုးယူ လိုက်သလိုလိုတောင် ဖြစ်သွားတယ်”

သူမတို့ ဓာတ်ပုံအတူ ရိုက်မယ်ဆိုတာကြောင့် ချန်ရှားနဲ့ သူမဘေးက ၀န်ထမ်းလေးဟာ ဆောင့်ကြောင့်ထိုင်ပြီး နန်ကောရဲ့မင်္ဂလာခေါင်းအုပ် ပုဝါအဖျားစကို သပ်သပ်ရပ်ရပ် သိမ်းပေးတယ်။

နန်ကောမှာတော့ ခြေ‌လှမ်းနည်းနည်းလောက် လှမ်းရုံနဲ့တင် မောပန်းနေပြီ။ “ဒီ၀တ်စုံက တကယ်လေးတာပဲ။ လက်ထပ်ပွဲနေ့ကျရင် ငါ့ကို ကူပြီးသယ်ပေးမဲ့ လူတစ်ယောက်မှ မရှိဘူးဆိုရင် ငါ ရှန်ရန်ချင်းဆီ လျှောက်သွားဖို့ကို ရာစုနှစ် ချီသွားမယ်ထင်တယ်”

အဲ့တာက လေးတယ်။ဒါပေမဲ့ အတော်လှတယ်။

နန်ကောဟာ စုဟွေးဆီကနေ ဓာတ်ပုံ၂ပုံတောင်းပြီး ရှန်ရန်ချင်းဆီ ပို့လိုက်တယ်။

တစ်ဖက်မှာတော့ ရှန်ရန်ချင်းဟာ ကားထဲမှာထိုင်နေပြီး ပုံကို နှိပ်လိုက်တယ်။သူဟာ ပုံကို အကြိမ်ပေါင်းများစွာ ကြည့်ပြီး နောက်ဆုံးမှာတော့ သိမ်းတဲ့ခလုတ်ကို နှိပ်လိုက်တယ်။

သူက စာရိုက်တယ်: [ထင်ထားတဲ့အတိုင်းပဲ ကိုယ်စိတ်ကူးထားတာထက်တောင်မှ လှနေသေးတယ်။ကိုယ်‌လမ်းဆုံတစ်ခုပဲ ကျန်တော့တယ်။အဲ့ကို မကြာခင် ရောက်မယ်။]

[ရောက်တော့မှာလား။ရှင် ပြီးပြီလား။]

အမျိုးသားဟာ သူမကို အသံဖိုင် ပို့လာတယ်။ [ဟုတ်တယ်။စောစော ပြီးသွားတယ်။ကိုယ် သူတို့ကို ဒီနေ့ အရေးကြီးတာ တစ်ခုခု လုပ်ဖို့ရှိတယ်လို့ ပြောခဲ့တယ်။ကိုယ့်မိန်းမ မင်္ဂလာ၀တ်စုံ စမ်း၀တ်တာကို ကိုယ် အဖော်ပြု ပေးရမယ်လေ။]

တစ်ဖက်မှာတော့ ဗွမ်းဆိုတဲ့အသံနဲ့အတူ ပင်ကွင်းပေါက်လေးဟာ ရေထဲ စိတ်လှုပ်ရှားတက်ကြွစွာ ပြုတ်ကျသွားတယ်။

သူ့မိန်းမတဲ့။

******

All Chapters