အခန်း ၂
Vol. 1 Ch. 2
Ch 2 နန်ရော့ရော့
နန်ကော”...”
အရူးတစ်ယောက်ကပဲ ဒီလိုကြောင်တောင်တောင် အကြောင်းပြချက်ကို ယုံနေလိမ့်မယ်။
သူက ဘားကို လာပြီး သူက မသောက်တတ်ပါဘူးဆိုတာက ဘာကို ပြောချင်တာလဲ။
နန်ကောက မှုန်ကုပ်ကုပ်နဲ့ ထိုနေရာကို ကြည့်လိုက်တယ်။ အဲလူရဲ့ရှေ့က စားပွဲနေရာမှာ ဘာတစ်ခုမှရှိမနေဘူး။
သူမက သူမတို့ စားပွဲဘက်ကို ပြန်လှည့်ကြည့်လိုက်တယ်။ မျှော်လင့်ထားသလိုပဲ သူမရဲ့ အတော်လေး အကျင့်မကောင်းတဲ့ သူငယ်ချင်းတွေက ကြည့်နေပြီး အချိန်နဲ့အမျှ အသံသေးအသံကြောင် လုပ်နေကြတယ်။
နန်ကောက အနီးနားက မြို့ကနေ လာခဲ့ပြီး သူမက ဒီမြို့ရဲ့ ထိပ်ဆုံးမိသားစုကနေ ဆင်းသက်လာခဲ့တာ ဖြစ်တယ်။ သူမ ငယ်ရွယ်စဉ်ကတည်းက သူမကို ဖူးဖူးမှုတ်ထားခဲ့ကြတယ်။ မကြာသေးခင်ကအထိ သူမကို ဘယ်သူကမှ မသရော်ခဲ့ဖူးတာကြောင့် သူမ သူငယ်ချင်းတွေက အချို့လှုပ်ရှားမှုကို စောင့်နေကြတယ်။
နန်ကော သူမ ခေါင်းက တစ်ဒုတ်ဒုတ်နဲ့ ကိုက်ခဲနေပေမဲ့ သူမက ဘယ်သူ့ကို မှလည်း ဖိအားမပေးချင်ဘူး။
“တကယ်ကြီး...ရှင် သေချာရဲ့လား”.........ဘားပိုင်ရှင်က ရှန်ရန်ချင်းကို ခေါ်လာပြီးတောင်မှ စားပွဲပေါ်က ဝိုင်က လုံးဝ မထိရသေးပေ။
ဘားပိုင်ရှင်က သွားဖို့ ပြောလာတာကြောင့် သူက ဆက်လျှောက် သွားလိုက်တယ်။ သူက ထွက်ခွာဖို့ အချိန်နီးလာချိန်မှာ ပြန်ဖို့အတွက် စီစဉ်နေခဲ့တယ်။
သူက လောကဝတ်အရ ဒီကို ရောက်နေတာ ဖြစ်တယ်။ သူက အားပေးဖို့အတွက်သာ ဒီကို လာခဲ့တာဖြစ်လို့ သိပ်အကြာကြီးနေမည်မဟုတ်။
ဒါပေမဲ့ သူ မထွက်သွားခင်မှာ သူ့အရှေ့မှာ အရိပ်တစ်ချို့ကျလာပြီး မိန်းကလေးတစ်ယောက်က သူ့ရဲ့လမ်းကို ပိတ်ထားလေတယ်။
သူ မလိမ်ပါ။ သူက တကယ်ကို မသောက်ထားပေ။
တကယ်တော့ သူက လုံးဝကို အရက်ကို မထိတတ်ပေ။ အဓိကက သူ့မှာ အယ်ကို ဟောအလက်ဂျစ် ရှိနေတာပင်။ ဒါက အရမ်းကြီး မပြင်းထန်ပေမဲ့လည်း သူ့ကို အနည်းငယ် တော့ ဒုက္ခရောက်စေတယ်။
သူထပြီး မထွက်သွားခင်မှာပဲ စင်ပေါ်ရှိ မီးရောင်က အကွာ အဝေးတစ်ခုထိ စူးရှနေပြီး မတော်တဆ ကောင်မလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။
တစ်ခဏအတွင်း ရှန်ရန်ချင်းရဲ့ မျက်ခုံးတွေက မြှောက်တက် သွားတယ်။
သူ့ရှေ့က လူက ခပ်မြင့်မြင့် ပိုနီတေးစီးထားပြီး သူမမျက်နှာ နုနုလေးပေါ်မှာ မိတ်ကပ်ပါးပါးကို လိမ်းထားတယ်။ အနီးကပ် ကြည့်လိုက်ရင် သူမက ငယ်ရွယ်သေးတဲ့ လက္ခဏာ ရှိနေသေးတယ်။ အသေအချာကိုပဲ သူမက ငယ်သေးတာကြောင့် ဒီလို ပတ်ဝန်းကျင်မျိုးနဲ့ မအပ်စပ်နေဘူး။
သူမက အခုနက တင် သူ့ကို ထီးပေးသွားတဲ့ ကောင်မလေးသာ ဖြစ်တယ်။
ရှန်ရန်ချင်းက အစောပိုင်းက ကားထဲက သူမရဲ့ပုံစံကို ပြန်တွေးနေမိတယ်။ သူမက ငယ်ရွယ်နေပြီး အပြစ်ကင်းလွန်း ပေမဲ့လည်း သူမ မျက်လုံးထဲကနေ ခေါင်းမာမှု တစ်စွန်း တစ်စကို မြင်နေရတယ်။ ရှန်ရန်ချင်းက နည်းနည်းတော့ အံ့ဩသွားမိတယ်။
သူက နန်ကောရဲ့ မြင်ကွင်းနောက်ကို ကြည့်လိုက်တော့ ချက်ချင်းပဲ တစ်ဖက်တံခါးရဲ့ စားပွဲကနေ ချောင်းကြည့်နေတဲ့ လူတစ်ချို့ကို တွေ့လိုက်ရတယ်။ သူမ အခုတင် ပြောလိုက်တဲ့ ဂိမ်းကို တွေးလိုက်ပြီးနောက် သူ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီး ခုံမှာ ပြန်ထိုင်လိုက်တယ်။
အခုတော့ သူက သူမကို မငြင်းပယ်လိုက်တော့ဘူး။ သူက သူမကို လက်ကမ်းလိုက်ပြီး “ကိုယ့်ရဲ့ အရက်သောက်နိုင်စွမ်းက သာမန်ပဲ။ ကိုယ်တစ်ငုံပဲ သောက်လို့ ရတယ်မလား”
“ဟမ်” နန်ကောက ပြန်လှည့်သွားချင်နေပေမဲ့ သူမက အဲဒီလူရဲ့အသံကို ကြားပြီး နောက်မှာ ကြောင်အသွားခဲ့တယ်။
သူမ မူလအတိုင်း သတိဝင်လာတော့ စိတ်ထဲညိုးငယ်ပင်ပန်းမှုတွေကို အဝေးကို လွှင့်ပစ်လိုက်မိတယ်။ သူမက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ “ဒါပေါ့ နည်းနည်းပဲ သောက်လည်းအဆင်ပြေတယ်”
“အိုကေ”
မှုန်ဝါးဝါး အလင်းအောက်မှာ ရှန်ရန်ချင်းက သူမရဲ့မျက်နှာကနေ အကြည့်လွှဲလိုက်တော့သည်။ သူက ဝိုင်ခွက်နဲ့.... သူမလက်ဆီကို ဖြည်းဖြည်းချင်း လက်ဆန့်ထုတ်လိုက်တယ်။
သူမ ရည်ရွယ်ခဲ့ဘူး။
သူတို့ ငယ်ရွယ်သေးချိန်မှာ သူတို့အစာအိမ်က ကောင်းနေ သေးတာမို့ သူတို့က ရေခဲတွေကို ဝိုင်ထဲ ထည့်သောက်ကြတယ်။ နန်ကောက ခွက်ကို အချိန်အတော်ကြာ ကိုင်ထား ခဲ့တာကြောင့် သူမ လက်ချောင်းထိပ်တွေက တော်တော်လေး အေးစက်နေတယ်။ အဲဒီလူက တော့ သူမ နဲ ဆန့်ကျင်ဘက်ပဲ။ သူက သူမကို ထိလိုက်ချိန် သူ့လက်ချောင်းထိပ်တွေက နွေးနေတယ်။
“ကိုယ်တောင်းပန်ပါတယ်” သူတို့နှစ်ယောက်က သိသိသာသာကို ထိမိသွားတယ်။ အဲဒီလူရဲ့လက်ချောင်းက သူမ လက်ကနေ ဆုတ်ခွာလိုက်ပြီး ဝိုင်ခွက်ကို ယူလိုက်တော့တယ်။
နန်ကောက မျက်တောင်ခတ်လိုက်ပေမဲ့ ဘာမှမပြောလိုက်တော့ဘူး။ သူမ မျက်လုံးက အဲဒီလူရဲ့ လှုပ်ရှားမှုအတိုင်း ရွေ့လျား နေလေရဲ့။
ဘာကြောင့်များ ဒီလူရဲ့အသံကို ရင်းနှီးပြီးရင်း ရင်းနှီးနေရတာလဲ။
နေရာတိုင်းမှာ မီးရောင်စုံလင်းနေပြီး သူတို့ခေါင်းပေါ်က မီးသီးတွေက ရံဖန်ရံခါ ထိုလူရဲ့မျက်နှာကို အလင်းပေးနေ တယ်။
ဒီလူရဲ့အင်္ကျီက ဖြောင့်စင်းသပ်ရပ်နေပြီး အပေါ်ကနေအောက်ထိ ကြယ်သီးကို တပ်ထားလေရဲ့။ သူသောက်လိုက်ချိန်မှာ သူ့ခေါင်းကို မော့လိုက်တာမို့ သူ့ရဲ့ဆက်စီဆန်တဲ့ အာဒမ်ပန်းသီးက အထက်အောက် ရွေ့လျားသွားတယ်။
နန်ကောက ဗြောင်ကျကျပဲ အဲဒီလူကို ကြည့်နေပြီး ခပ်မှိန်မှိန် အလင်းရောင်အောက်မှာ သူ့ကို အကျဉ်းချုပ် ကြည့်နေ မိတယ်။
အဲဒီလူရဲ့ လှုပ်ရှားမှုတိုင်းက တော်ဝန်ဆန်တဲ့ အငွေ့အသက်နဲ့ ကြော့ရှင်းမှုကို ဖော်ထုတ်နေတယ်။ လူကြီးလူကောင်းဆိုတဲ့ စကားလုံးကလည်း ဒီလူကို ဖော်ပြဖို့အတွက် မလုံလောက်ရုံ သာမက ဒီလူအပေါ် အသုံးချချိန်မှာတော့ အနည်းငယ် ရိုင်းပျနေသလို ဖြစ်နေလေရဲ့။
သူက ယဉ်ကျေးနေပေမဲ့လည်း အနည်းငယ် စည်းခြားထားဆဲ ဖြစ်တယ်။ အရာအားလုံးက မှန်ကန်နေဆဲသာ ဖြစ်တယ်။
သူမ တွေဝေသွားချိန်မှာပဲ ရှန်ရန်ချင်းက ခွက်ကို ပြန်ပေးပြီး ညှာတာပေးဟန် မေးလာတယ်။ “ကြည့်ဦး ဒီလောက်ဆို အဆင်ပြေပြီမလား”
အရက်သောက်ပြီး ချိန်မှာ အဲဒီလူရဲ့အသံက ရှင်းလင်းနေပြီး နန်ကောကို နည်းနည်းချင်းစီ မူးဝေလာစေတယ်။
ဒီခွက်ထဲက တစ်ဝက်လောက်က ရှန်ရန်ချင်းက သောက်လိုက်တာမို့ ကုန်သွားတာဖြစ်တယ်။
သူက သူမကို ကြည့်နေတယ်။ သူ့ဘက်က နေဆိုရင် ကောင်မလေး မူးနေတာကို သူမြင်နေရတယ်။
“ရှင့်ကို ကျေးဇူးတင်ပါတယ်နော်” ကောင်မလေးက သိသိသာသာပြုံးလာတယ်။ “အမ်...ရှင်စိတ်မရှိရင်...”
နောက်စားပွဲရှိ ယွီက နန်ကောတစ်ယောက် ဒီဘားထဲက လူဆိုးတစ်ယောက်ဆီက သွေးဆောင် ဖြားယောင်းခံရမှာကို တကယ်ကြီး လန့်နေလေရဲ့။ သူမ ကြည့်ရတာ ထင်ရှားလွန်းနေပေမဲ့လည်း သူမက အခုထိ ကလေးသာဖြစ်သေးတယ်။
သူက အမြန်ပဲ အော်ပြောလိုက်တယ်။ “နန်ရော့ရော့ရေ မိုးရွာနေပြီဟ။ မင်းအမေက မင်းကို အဝတ်တွေ ယူလာစေချင်တယ်တဲ့”
“....”
တိုက်တိုက်ဆိုင်ဆိုင်ပဲ သီချင်းက ရပ်သွားပြီး နန်ကော နားထဲမှာ ယွီရဲ့အသံက အကျယ်ကြီးနဲ့ ပြတ်ပြတ်သားသား ကြားလိုက် ရတယ်။
တကယ်တော့ သူမ တစ်ယောက်တည်းတောင် ဟုတ်မနေဘူး။
အနီးနားက လူအများကြီးကလည်း လှည့်ကြည့်လာတယ်။ သူမ ချက်ချင်းဆိုသလို ယွီကို လည်ပင်းညှစ်သတ်ချင်သွားမိတယ်။
သူမ သူ့ကို သူမရဲ့နာမည်ပြောင်ကို မခေါ်ဖို့ ဘယ်နှစ်ကြိမ်တောင် ပြောနေရမှာလဲ။ ဒါက တကယ်ကို စိတ်ဆင်းရဲစရာ ကြီးလို့။
ရှန်ရန်ချင်းလည်း ကောင်းကောင်းကြီး ကြားလိုက်ရတယ်။ သူက ပြုံးလိုက်ပြီး သဘောကျစွာ ရယ်မိသွားတယ်။
သီချင်းသံ မရှိတော့တာမို့ နန်ကောတစ်ယောက် အဲဒီလူရဲ့ ကျီစယ်လိုတဲ့ ရယ်သံကို ထင်ထင်ရှားရှား ကြားလိုက် ရတယ်။
သူမ နားရွက်တွေ နီရဲလာတယ်။
သူ့အသံက အရမ်း ဆွဲဆောင်မှုရှိတာပဲ။
ဒါပေမဲ့လည်း သူမက ဒီမှာ အကြာကြီးနေမှာမှမဟုတ်တာ။ သူမက ထပ်ပြီး စိတ်မဖိစီးတော့ပေ။
သူ့ကို အမြန် ကျေးဇူးတင်လိုက်ပြီး နန်ကောက သူမ မျက်နှာကို ဖုံးလိုက်ရင်း သူမက မြင်ကွင်းထဲက အမြန် ထွက်ပြေးသွား တယ်။
______သူမက ယွီကို အားမနာတမ်း ပြောလိုက်ပြီးနောက် သူမက သန့်စင်ခန်းဘက်ကို ထွက်သွားလေတယ်။
ရှန်ရန်ချင်း ရောက်လာချိန် နန်ကောက ထွက်သွားရုံလေးတင် ဖြစ်တယ်။
ယွီက တစ်ခြားသူနဲ့ ပျော်နေပြီးချိန် သူမော့ကြည့်လိုက်တော့ အဲဒီလူကို မြင်လိုက်တယ်။
“ကိုယ်က ရှေ့စားပွဲက လူပါ။ အဲဒီမိန်းကလေး...” ရှန်ရန်ချင်းက တစ်ခဏ ရပ်လိုက်ပြီး “သူမ နာမည်က နန်ရော့ရော့လား”
“အမ် ဟမ် ဟုတ်တယ်” ယွီ ထင်မိတာက ဒီလူက ဂိမ်းကြောင့်မကျေမနပ်ဖြစ်တာလို့ တွေးမိတာမို့ သူက အမြန်ရှင်းပြလာတယ်။ “စောနကိစ္စအတွက် တောင်းပန်ပါတယ် ဘရို သူမက သန့်စင်ခန်းထဲ သွားတာမို့ သူမ အပြုအမှုအတွက် တောင်းပန်ပါတယ်”
မျက်မှန်အောက်က ရှန်ရန်ချင်းရဲ့ မျက်လုံးထဲရှိ အပြုံးတွေက ဖျော့သွားတယ်။ “မင်း အထင်လွဲနေပြီ ကိုယ် ဒီအတွက် ရောက်လာတာ မဟုတ်ဘူး”
ယွီ စိတ်ရှုပ်သွားတယ်။ “ဒါဆို ဘာကို လိုချင်လို့လဲ”
သူတို့ရဲ့ ရှုပ်ထွေးနေတဲ့ အကြည့်တွေကြားမှာ ရှန်ရန်ချင်းက သူ့ရဲ့လက်ထဲက သူ့လက်ထောက် ယူလာပေးတဲ့ ထီးကို ကမ်းပေးလိုက်တယ်။ “ဒါက သူမရဲ့ထီး ကျေးဇူးပြုပြီး သူမကို ပေးဖို့အတွက် ကူပေးပါ”
နန်ကောပြန်လာချိန် ပတ်ဝန်းကျင်က ပုံမှန်မဟုတ်တာကို သတိထားမိတယ်။ အဓိက က အပေါ်ထပ်မှာ ထိုင်နေပြီး သူမကို သေချာကြည့်နေတဲ့ ယွီပဲ။
“ဘာလို့လဲ ငါက ပြီးခဲ့တဲ့ စက္ကန့်ပိုင်းကထက် ပိုပြီးတော့ လှလာတယ်လို့ တွေးမိသွားလို့လား”
“သေလိုက်လေ” ယွီက မျက်လုံးလှိမ့်လိုက်ပြီး သူ့နောက်က ပန်းပွင့်ပုံထီးကို ထုတ်လာပေးတယ်။ သူက ထီးကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး ဖြေရှင်းချက်တစ်ခု လိုချင်နေဟန်နဲ့ ကြည့်လာတယ်။
နန်ကောတစ်ယောက် ထီးကို မြင်တော့ သူမ ပထမဆုံး တွေးမိတာက သူမ မူးနေသည်လို့ဆိုပေမဲ့ တကယ်တော့ သူမ အများကြီးမှ မသောက်ရသေးတာလေ။
သူမက ထီးကို ကောက်ကိုင်လိုက်ပြီး အနီးက ပ် ကြည့်လိုက်တ ယ်။ ဒါက တကယ်ကို သူမ ဟာ ဖြစ်နေတယ်လေ။
ဒါသူမရဲ့ ထီးအသစ်ကိုမှ ထီးရဲ့တံဆိပ်တောင်မှ ရှင်းလင်းနေဆဲဖြစ်တယ်။
“နင့်မှာ ဒါဘာကြောင့်ရှိနေတာလဲ”
“အရှေ့စားပွဲက နင်နဲ့ အီစီကလီ လုပ်နေတဲ့သူ ပို့လာတာလေ။ သူက ငါ့ကို နင့်ကို ပြန်ပေးဖို့ တောင်းဆိုလို့လေ”
“....” နန်ကောက စိတ်ရှုပ်ထွေးသွားတယ်။
သူမ ဘာကြောင့်များ အဲဒီလူရဲ့အကျင့်နဲ့အသံကို ရင်းနှီး နေတာကို သိသွားတော့ အံ့ဩမိသွားတယ်။
“အို့ ဟုတ်သား သူက နင့်သူ့ကို တိုက်တဲ့အရက်က ပြင်းတယ်လို့ပြောပေးဖို့ တောင်းဆိုတယ်။ နင်က မိန်းကလေးမို့ အများကြီးမသောက်သင့်ဘူးတဲ့။ သူက နင့်ကို အချိန်ကို ကြည့်ဦးတဲ့”
နန်ကောက မျက်တောင်ခတ်လိုက်မိတယ်။ သူက တကယ်ကို မိုက်လွန်းတယ်။ အဲဒီလိုလူကို သူမ တကယ်ကို မလွန်ဆန်နိုင်ဘူးလို့။
သူမက သူ့ဖုန်းနံပါတ်ကို တောင်းဖို့တောင် စီစဉ်ခဲ့သေးတယ်။ ဒါတွေအားလုံးက ယွီရဲ့အပြစ်တွေချည်းပဲ။
“အရင်တုန်းက နင်ငါ့ကို စာပြန်တုန်းက ထီးအသစ်ဝယ်မယ်ပြောခဲ့သေးတယ်။ နင် ရောက်လာတော့ ထီးပျောက်သွားပြီလို့ပြောတယ်။ ဒါဆို ဒီထီးက ဘယ်က လဲဟမ်”
ယွီရဲ့အကြည့်တွေက သူမကို တစ်ကိုယ်လုံး စကင်ဖတ် နေသလိုပဲ။
“မြန်မြန်လေး ငါ့ကို အမှန်အတိုင်းပြော နင်နဲ့အဲဒီလူရဲ့ ဆက်ဆံရေးက ဘာတွေလဲ”
“ငါတို့ တစ်ကြိမ်ပဲတွေ့ခဲ့ဖူးတာ”
“ဒါနဲ့ပဲ နင်က သူ့ကို ကြိုက်သွားတယ်ပေါ့။ သေလိုက်ပါတော့ နန်ရော့ရော့ နင်က ငါတို့ရဲ့သူငယ်ချင်း ဆက်ဆံရေးကို သစ္စာဖောက်လိုက်တာပဲ။၊ ငါတို့အတူတူ ကြီးပြင်းလာပြီး ဘိုးဘွားရိပ်သာကို မရောက်ခင်ထိ ရည်းစားမထားဘူးလို့ သဘောတူထားတာလေ”
နန်ကောက သူမ ဘောင်းဘီဘေးက လက်ကို ထုတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ “သူငယ်ချင်းဆက်ဆံရေးက နာမည်တစ်ခုသာသာပဲလေ။ ငါတို့ကြားမှာ တကယ်ကော ရှိခဲ့လို့လား၏။ လွန်ခဲ့တဲ့နှစ်နာရယ်ကျော်က ငါ့ရဲ့ Lamborghiniကားကို ထော်လာဂျီအဖြစ် လှောင်ခဲ့တုန်းကရော ငါ့ဖက်က နင်နဲ့ဆက်ဆံရေးကို ငါဖက်ကပဲ ဖြတ်တယ်”
သူတို့နှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် ပြောနေပြီး တစ်ယောက်ကို တစ်ယောက် အလျော့မပေးဘဲ တစ်ယောက်ရဲ့အကြောင်းကို ကျန်တဲ့သူက အောက်ဖဲလှန်နေကြတယ်။
သုံးပတ်လောက် သောက်ပြီးချိန်မှာ နန်ကောက ဘားထဲမှာပဲ လည်နေတယ်။ တံခါးမှာ ပါကင်ထိုးထားတဲ့ ယွီရဲ့ကားသစ်ကို ကြည့်နေရင်း တိတ်တိတ်လေး လက်သီးဆုပ်လိုက်မိတယ်။ သူမက လုံးဝ မရှုံးစေရဘူး။
******