← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

Ch 3 ငါမင်းကို ဒူးထောက်ပြီး တောင်းပန်ရအောင်မလုပ်နဲ့

ဟိုက်တက္ကသိုလ် အမျိုးသမီးအဆောင်၅၁၈ရှိ မနက်ပိုင်း အချိန်...

မိုးက တစ်ညလုံး ရွာနေပြီး မနက်အာရုံတက်ချိန်မှသာ တိတ်သွားခဲ့တယ်။

စုဟွေးက သေသေချာချာလေး အလှပြင်နေပြီး သူမ ကောင်လေးနဲ့ အတူတူ ဒိတ်လုပ်ဖို့ အပြင်ကို အမြန်ထွက်ဖို့ လုပ်နေခဲ့တယ်။

သူမက ဖိနပ်ကို လဲစီးပြီး ရုံသာ ရှိသေးချိန်မှာ သူမ နဲ့ သိပ်မဝေးတဲ့နေရာမှ ဖုန်းကနေ ရင်းနှီးနေသည့် ဖုန်းသံကို ကြားလိုက်ရတယ်။

သူမ တောင့်ခဲသွားပြီး အလိုအလျောက် နောက်လှည့်ကြည့် လိုက်မိတယ်။

လသာဆောင် အနီးနားမှာ နှစ်ထပ်အိပ် ကုတင်တစ်ခု ရှိနေခဲ့တယ်။ အပြာရင့်ရောင် အိပ်ယာခင်း ကန့်လန့်အကာက စိတ်ပျက်စရာကောင်းလောက်အောင် ဖြန့်ချထားခံရပြီး အလင်းတစ်ခုမှ မဝင်ရောက်နိုင်ဘဲ ရှိနေခဲ့တယ်။ ခန်းစီးကြိုး တွေက လေထိန်းညှိပေးတဲ့စက်ရှိ လေနွေးနွေးတွေကြောင့် ယိမ်းထိုးနေတယ်။

သူတို့ရဲ့အိပ်ဆောင်မှာ လူလေးယောက်သာ ရှိနေခဲ့တာ။ သူတို့ထဲရှိ နှစ်ယောက်က မနက်ပိုင်းမှာအတန်းရှိတယ်။

ကျန်တစ်ယောက်အတွက်ကလည်း.....

ထိုအချိန်မှာပဲ ဖုန်းသံက အလိုအလျောက်ရပ်တန့်သွားတယ်။

အဲဒီနောက်မှာပဲ စုဟွေးကလည်း အသိစိတ် ပြန်ဝင်ရောက်လာ တော့တယ်။ သူမက ဖြည်းဖြည်းချင်း ရှေ့ဆက်လျှောက်လိုက်ပြီး အိပ်ယာခင်းစောင်စကို ညင်ညင်သာသာ‌ ဆွဲလှန်ပစ်လိုက်တယ်။

တစ်စုံတစ်ယောက်က အဖြူရောင် ပန်းပွင့်စောင်တွေ ကြားထဲမှာ အိပ်စက်နေလေတယ်။ ထိုအချိန်မှာ ကောင်မလေးက အိပ်နေရာမှအသံတွေ ထွက်လာတယ်။ စောင်က သူမမျက်နှာကို ဖုံးလိုက်ဖို့ ခပ်မြင့်မြင့် ဆွဲခံလိုက်ရတယ်။ သူမ မျက်နှာပေါ်ရှိ နီညိုရောင်ရင့်ရင့်နဲ့ နဖူးပေါ်က ပ်တင်နေတဲ့ ဆံပင်ရှည်ကြီး တွေက ခေါင်းအုံးပေါ်မှာပဲ ရှုပ်ပွနေလေရဲ့။

“ဘာကြီး..နန်ကောလား နင်က ဘယ်အချိန် ပြန်ရောက်လာတာလဲ”

“နင့်ငယ်သူငယ်ချင်းရဲ့ မွေးနေ့ဧည့်ခံပွဲကို သွားတက်မယ်လို့ မပြောခဲ့ဘူးလား တစ်ညလုံး အဲဒီမှာပဲ အချိန်ကုန်မယ်ဆို”

စုဟွေးက အသံကျယ်ကျယ်ကို ပိုင်ဆိုင်ထားပြီး သူမ အသံက စောနက ဖုန်းသံကိုတောင် ကျော်ဖြတ်နိုင်လေတယ်။

မမျှော်လင့်ထားသလိုပဲ သူမ ပြောပြီး တာနဲ့ စောင်ထဲက ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း လှုပ်ရွလာတယ်။ ကောင်မလေးရဲ့ အသံ နူးနူးညံ့ညံ့လေးက စောင်ကို ဖြတ်လာလေရဲ့။ “ငါ မနက်ငါးနာရယ်လောက်က မှ ပြန်လာခဲ့တာ”

“ဟုတ်ပြီလေ ငါက အခုပဲသွားဒိတ်တော့မလို့။ နေ့လယ် ရောက်ရင်တော့ ထဖို့မမေ့နဲ့နော်။ ဒါဆို ငါနင့်ကို အခန်းထဲကနေ စောင့်နေတော့မယ်။ ငါအဆောင်ကို နောက်တစ်ကြိမ် ပြန်မလာချင်တော့ဘူးနော်”

“....”တစ်ယောက်မှ မတုံ့ပြန်လာ‌ခြင်းရှိမနေခဲ့ဘူး။

စုဟွေးက အသက်ပြင်းပြင်း ရှုလိုက်ပြီး သူမ အဆုတ်ထဲက လေတွေ ပြန်ထွက်မတတ် အော်လာတော့တယ်။ “နန်ကော နေ့လယ်ဘက်ကို နောက်မကျစေနဲ့ အဲဒီဒါက ရှန်ရန်ချင်းရဲ့ လက်ချာချိန်ဟဲ့”

“အိုကေ အိုကေ အိုကေ”

ဖြစ်သလို တုံ့ပြန်မှုတွေ ပေးပြီး နောက်မှာတော့ စောင်ထဲက ဘောလုံးကြီးဟာလည်း ပြန်လည်ငြိမ်သွားပြီး အဲဒီနောက်မှတော့ ...ဘာမှဆက်မရှိတော့ဘူး။

စုဟွေးက ကူကယ်ရာမဲ့နေမိတယ်။ သူမ ထထွက်သွားခါနီးမှာပဲ အပေါ်ထပ်ကုတင်က ဖုန်းသံက ထပ်မြည်လာတယ်။

နန်ကောကို ကြည့်ရ‌တာတော့ ဖုန်းကို ပြန်ဖြေမည့်ပုံ ရှိမနေ။ သူမ အပေါ်ကို တက်လာပြီး သူမ ပခုံးကို တွန်းလိုက်တယ်။ “နင့်ဖုန်းက ထပ်မြည်လာတယ်ဟ တစ်ယောက်ယောက်က အကြိမ်ကြိမ်ကို ဖုန်းခေါ်နေတာနော် အရေးကြီးတာ တစ်ခုခုရှိလို့ များလား ဘာလို့ထပြီး ဖုန်းမကိုင်ရတာလဲ”

“အာ အမ်” စောင်အောက်က အဖုကြီးက တော့ နည်းနည်းလေးမှ မလှုပ်လာဘူး။

“ဖုန်းခေါ်သူနာမည်က...” စုဟွေးက သူမ ခေါင်းအုံးအောက်က ဖုန်းကို ကောက်ယူလိုက်ပြီး သေသေချာချာကြည့်နေရင်း တစ်စက္ကန့်နီးပါးလောက် အေးခဲသွားတယ်။ “ရုပ်ဆိုးတဲ့သူတွေက အမြဲတမ်း ပြဿနာ ဖြစ်လာစေတယ်တဲ့လား”

နေဦး ရုပ်ဆိုးတဲ့သူတွေက အမြဲပြဿနာ ရှာတယ်ဟုတ်လား။ ဒီဖုန်းခေါ်ဆိုတဲ့သူကို အတော်လေး ကြောက်စရာကောင်းအောင် ရင်းနှီးနေတာပဲ။ ဒါက ဘယ်သူများထပ်ဖြစ်ဦးမှာလဲ။

“ဟမ်...”

နောက်တစ်စက္ကန့်မှာပဲ ကောင်မလေးက ထထိုင်လာပြီး စုဟွေးကတော့ ထိတ်လန့်သွားတယ်။

သူမ လန့်နိုးလာတာကို မြင်တော့ စုဟွေးက ဖုန်းကို မလိုချင်ဟန် ပြန်ပေးလိုက်ပြီး ပြန်နောက်ဆုတ်လိုက်တယ်။

“ဒီမှာ နင့်ဖုန်းကို ယူလိုက် ငါသွားရတော့မယ်”

“ဘိုင့်ဘိုင့်” စုဟွေး ထွက်သွားတာကို ကြည့်နေပြီး နောက် နန်ကောက ပိုပြီး နိုးကြွလာတယ်။

သူမက သူမ ဖုန်းပေါ်‌မှာ ပေါ်လာတဲ့ ခေါ်ဆိုသူနာမည်ကို ကြည့်လိုက်ပြီး တစ်ဖက်လူက ဖုန်းပြန်မချခင် ကိုင်လိုက်တော့တယ်။ သူမ အသံက နူးညံ့နေပြီး နားဝင်ချိုစရာကောင်း အောင် ချိုမြိန်နေလေရဲ့“ဟယ်လို ကိုလူချောရေ မောနင်းပါနော်”

ဖုန်းလိုင်းရဲ့အခြားတစ်ဖက်က တစ်ခဏလောက် တိတ်ဆိတ် သွားပြီး ရင်းနှီးနေတဲ့ နှာရှုံ့သံက နောက်က ပေါ်လာတယ်။ “နန်ရော့ရော့ နင် ဘယ်အချိန်မှ ပြန်လာတာလဲ။ နင်က အခုမှ နိုးတယ်ပေါ့လေ။ နင့်မျက်လုံးတွေကို ဖွင့်ပြီး အချိန်ကို သေချာကြည့်လိုက်ပါဦး။ အခုက ဆယ့်တစ်နာရယ်ခွဲတောင် ရှိနေပြီဟ”

“အမ်.. ဆောရီး”

နန်ကောက မျက်နှာလိုမျက်နှာရ ရယ်နေလိုက်တယ်။

“မင်္ဂလာနေ့လယ်ခင်းပါ ကိုလူချောရေ စားပြီးပြီလားရှင့်။ နင့်ရဲ့ချစ်ညီမလေးက စားဖို့အတွက်များ အော်ဒါတင်ပေးရဦးမလား”

အေးစက်စက် နှာခေါင်းရှုပ်သံက အခြားတစ်ဖက်က‌ ပေါ်လာတယ်။ “မလိုပါဘူး ငါက နင်နဲ့ ဖုန်းပြောပြီးရင် သွားစားတော့မှာ။ ငါ့အထင် ငါအခု ဘာမှတောင် စားချင်စိတ်မရှိတော့ဘူး”

နန်ကော”....”တစ်ခါတစ်လေ သူမ သူတကယ်ကို သေသွားဖို့ ဆုတောင်းမိတယ်။

မောင်နှမနှစ်ယောက် ‌လက်ထဲရှိ အကြောင်းအရာတွေကို ပြန်ပြောနေကြတယ်။

“ဘာလို့ မနေ့က ညလယ်ပိုင်းကြီး ငါ့ကို ဖုန်းခေါ်ထားရတာလဲ”

ဒါကို ကြားတော့ နန်ကော ချောင်းဆိုးမိသွားရင်း ဘာမှမ ဖြစ်သလို ဆက်ပြောနေတယ်။ “ဘာမှတော့ အရေးမကြီးပါဘူး။ ငါ နင်နဲ့ အချိန်အကြာကြီး ဖုန်းမပြောဖြစ်ဘူးလို့ သိသွားလို့ပါ။ ငါနင့်ရဲ့ဆွဲဆောင်မှုရှိတဲ့ အသံကြီးကို လွမ်းနေလို့လေ”

“နင် ကောင်းကောင်းကော ကြားရလား။ နင်ပြောတာကို ပယ်ချပါတယ်နော်”

နန်ကော “....”

“အဟမ်း ငါက မနေ့က အလုပ်သရဲတစ်ယောက်‌ သေသွားတဲ့သတင်းကို တွေ့လိုက်လို့ ဒါကြောင့် ငါနင့်ရဲ့ ကျန်းမာရေးကို အုပ်စုစိုက်ဖို့ သတိပေးချင်တာ အကောင်းဆုံးကတော့...”

“နင့်ရင်ထဲက နေ မကြုံစဖူးစိုးရိမ်မှုတွေ ကြီးထွားလာတယ် ဆိုပါတော့”

နန်ကောက တိတ်တဆိတ် ထပ်ပေါင်းပြောလိုက်တယ်။ “နင်အာမခံနှစ်ခုလောက် ထပ်ဝယ်သင့်တယ်”

ဖုန်းရဲ့အခြားတစ်ဖက်က တိတ်ဆိတ်သွားတာကို ကြားတော့နန်ကော မရယ်ဘဲမနေနိုင်တော့။

အရူးကြီး သူက သူမကို ဘယ်တော့မှ ပြိုင်နိုင်မှာမဟုတ်ဘူး။

နန်ကောက ဖုန်းကို ကိုင်ထားရင်း အိပ်ရာထဲ ပျော်ပျော်ရွင်ရွင် ပြန်လဲနေလိုက်တယ်။ သူမက အရက်နာကျနေတာကြောင့် ခေါင်းက နည်းနည်းလောက်တော့ ကိုက်ခဲနေဆဲသာ။

သူမအစ်ကိုက ပထမဆုံးပြောလိုက်တဲ့ စကားကို သူမက တကယ်ကို မကြားလိုက်ဘူး။ သူမက ဒုတိယစကား တစ်ဝက်ကိုသာ ကြားလိုက်တယ်။ “နင့်ဘက်က င့ါကို တစ်ခါမှ ဖုန်းစမဆက်ဖူးဘူး။ နင့်ဘက်က တစ်ခုခုကို လိုချင်မှသာ ဖုန်းဆက်တာ နင်လိုချင်တာကိုသာ တိုက်ရိုက် ပြောလိုက်စမ်းပါ”

ဒါကို ကြားတော့ နန်ကောတစ်ယောက် သူမ ဖုန်းဆက်လိုက်ရတဲ့ အကြောင်းအရင်းကို ပြန်မှတ်မိသွားတယ်။ ........သူမက သူ့ကို သူမ လိုချင်တာကို မပြောခင် နူးနူးညံ့ညံ့လေး ပြောဖို့ကို လုပ်ချင်ခဲ့တာ။ ဝမ်းနည်းစရာက သူမကိုယ်သူမ အစောပိုင်းက ပြန်ခွန်းတုံ့မပြန်ဖို့ကို မထိန်းချူပ်နိုင်ခဲ့ဘူးလေ။

သူမက ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တော့တယ်။

“ယွီက မနေ့က သူ့မွေးနေ့အတွက် ဟိုက်မြို့ကို လာပြီး ဂုဏ်ပြုပွဲ ကျင်းပတယ်လေ။ သူ့အဖေကလည်း မွေးနေ့လက်ဆောင်အဖြစ် ကားတစ်စီးကို လက်ဆောင်ပေးတယ်‌။ အဲဒီနောက်မှာတော့ သူက ငါ့ကို ကားနောက်ဆုံးထွက် မော်ဒယ်ကို မတတ်နိုင်ဘူးဆိုပြီး လာလှောင်တယ်လေ။ ပြီးတော့ ငါ့ကားကလည်း နောက်တွဲယာဉ် (ထော်လာဂျီ)နဲ့ ဘာမှမခြားဘူးလို့ ပြောသေးတယ်”

“ပြီးတော့ရော”

“အို့ တလောက ငါကြိုက်တဲ့ ကားတစ်စီးကို ယူလိုက်တယ်။ ငါ့ ဆိုလိုရင်းကို နားလည်ပြီလား”

“နိုး မသိဘူး”

“ကျစ် ငါလည်း ကားအသစ်တစ်စီးကို လိုချင်တယ်လို့”

အရင်က သူမ အဖေက မိန်းကလေးတစ်ယောက်တည်း ကားမောင်းဖို့က မလုံခြုံဘူးလို့ တွေးခဲ့‌တာကြောင့် သူက သူမကို ကားဝယ်ဖို့ကို ခွင့်မပြုခဲ့ဘူး။

အခု သူမ မောင်းနေတဲ့ ကားကလည်း သူမ အစ်ကိုရဲ့ အရင်တုန်းက ကားလေ။

“ကျစ် ဒါက လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ ပြောရရင်နင်နဲ့ငါက သွေးသားရင်းမောင်နှမပဲလေ။ နင်သာ တောင်းဆိုရင်ငါက နင့်ကို နိုးလို့ပြောမှာမှ မဟုတ်တာ”

နန်ကောမျက်လုံးပြူးသွားတယ်။ သူမက သူ့ကို မျက်နှာလို မျက်နှာရလုပ်ကာ ကျေးဇူးတင်နေပြီး သူမ အစ်ကိုကြီးနဲ့ ပတ်သက်တဲ့ ကြားခဲ့သမျှက ၁၈၀ဒီဂရယ် ပြောင်းလဲသွား တယ်လေ။

“နင့်ရဲ့Lamborghiniက တကယ်ပဲထော်လာဂျီလိုမျိုး မောင်းသွားရတဲ့နေ့ ငါနင့်ကို ကားအသစ် တစ်စီးလဲပေးမယ်”

“......နင်က လူရော ဟုတ်သေးရဲ့လား”

“ငါ့မှာ ရွေးချယ်စရာမှ မရှိတာ။ အဖေက ငါ့ကို နင့်ကို ကားတစ်စီးပေးခွင့်မပြုဘူးလေ။ ငါ ကူညီပေးချင်ရင်တောင် သူ့ကို မလွန်ဆန်နိုင်ဘူးလေ”

သူမ သက်ပြင်းရှိုက်လိုက်ရင်း နန်ကောတစ်ယောက် ပလန်ဘီကို ဆက်သွားလိုက်တယ်။ “အဆင်ပြေပါတယ် ကားတစ်ခုလုံး အတွက် ‌နင်ငွေချေစရာ မလိုပါဘူး။ ငါမှာလည်း ဖန်ငွေ နည်းနည်းရှိတယ်”

“ငါ သေချာတွက်ပြီး သွားပြီ ငါ့ရဲ့လက်ရှိ Lamborghiniကားကို ရောင်းလိုက်ပြီး အရင်က ငါရထားတဲ့ မုန့်ဖိုးနဲ့ ပေါင်းလိုက်မယ်ဆို အနည်းဆုံးတော့ ဒေါ်လာ၁၀၀, ၀၀၀ လောက်တော့ ရှိတယ်။ နင် ငါ့ကို ငွေလေး နည်းနည်းလောက် လွဲပေးမယ်ဆိုရင် အဖေမသိလောက်ပါဘူးဟ”

“နိုးပါ။ ဒါက နင်ပြောသလောက် မလွယ်ဘူး။ အဆုံးမှာတော့ ခြေထောက် အချိုးခံရမဲ့သူက နင်မဟုတ်ဘူးလေ”

“ငါ အုပ်စုမစိုက်ဘူး။ ငါကားအသစ်လဲချင်တယ်လို့ ဝူးးးဟူးးးနန်ကျဲ့ ငါနင့်ကို ဒူးထောက်ပြီး တောင်းပန်ရအောင်ထိ ဖိအားမပေးပါနဲ့လို့”

“ငါ့ကို တောင်းပန်တောင် အသုံးမဝင်ဘူးနော်။ ဒါပေါ့ ဒေါ်လာတစ်သောင်း ဒါမဟုတ် တစ်သန်းဆို‌တာက ငါ့အတွက် ဘာမှမဟုတ်ဘူးလေ။ နင် ငါက အကောင်းဆုံး စံချိန်မှာ ရှိနေသေးပြီး ရည်းစားလည်း မရှိသေးဘူးလေ။ အဲဒီဒါကြောင့် ငါက ငါ့ခြေထောက်တွေကို အဆုံးမခံနိုင် သေးရုံလေး”

နန်ကောက ပြောလာတယ်။ “ဒါဆိုရင် ငါ့ကို နင့်ရဲ့ဒုတိယမြောက်Lamborghiniကား ငါ့ကို ပေးလိုက်တာကို အဖေ့ကို ပြောရအောင် ဖိအားမပေးနဲ့နော် ငါက သူ့ကို နှစ်နှစ်ကြီးတောင် မောင်းလာခဲ့တာ”

“.....”

“နင့်ကို ငွေလွဲဖို့က မဖြစ်နိုင်ဘူး မကြာသေးခင်ကမှ အဖေက ငါ့ကို မျက်စိတောက် ထောက်‌‌ကြည့်နေတာ။ ပြီးတော့ မကြာသေးခင်ကမှ ငါ့သူငယ်ချင်းနဲ့ အနောက်တိုင်းစားသောက်ဆိုင် ပေါင်းဖွင့်ထားတာ။ နင်က တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူပဲဟာ။ အတန်းအများကြီးမှ မရှိတော့ဘူးမလား။ ဘာလို့များ နင့်ဘာ့သာနင် အချိန်ပိုင်းအလုပ် မလုပ်ရတာလဲ”

အချိန်ပိုင်းအလုပ်တဲ့လား

မစ္စနန်ကောက ။ သူမ ဘဝမှာ တစ်ခါမှ အချိန်ပိုင်းအလုပ် မလုပ်ဖူးဘူး။ ဒါပေမဲ့ သူမမှာ လုပ်စရာရှိနေတော့လည်း..“ဒါဆိုလည်း ပြီးတာပဲ”

ဖုန်းချပြီးတော့ နန်ကျဲ့က သူမကို တည်နေရာပြ ဂျီပီအက်စ်ကို အမြန်ပို့ပေးလိုက်တယ်။ [ငါ့သူငယ်ချင်းရဲ့သတင်းအချက်အလက်တွေရှိတယ် နောက်တစ်ပတ်ပိတ်ရက်မှာ နင်အဲဒီကို သွားလိုက်]

နန်ရော့ရော့:[ဟုတ်ပြီ ,*ဝက်ဝံလေးနှစ်ကောင် အနမ်းပေးနေဟန်*]

[*ကြောင်လေး ကြိုးကွင်းထဲ ပတ်လည်ပြေးနေပုံ.jpg*]

******

All Chapters