← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

Ch 4 အချိန်အကြာကြီးနေခဲ့ဖူးတော့ အချို့ကို မြင်ဖူးခဲ့ပြီး ပြီ

နေ့လယ်ဘက်အထိ နန်ကောတစ်ယောက် နာရီအလန်းသံ မြည်လာချိန်အထိ မူးဝေနေသေးတယ်။ သူမ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေချိန်မှာ မျက်လုံးဖွင့်ရင်း အချိန်ကို တစ်ချက်လောက်ကြည့်လိုက်တယ်။

အဲဒီဒါက တစ်နာရီလောက် ရှိနေပြီ။ သူမက အလန်းကို ပိတ်လိုက်ပြီး နည်းနည်းလောက် အိပ်ချင်နေသေးတယ်။

သူမ မျက်လုံးကို မှိတ်လိုက်ပေမဲ့လည်း သူမက ရုတ်တရက် မအိပ်ပျော်တော့ဘူး။ သူမက တစ်ခုခုကို မေ့နေတယ်လို့ ခံစားနေရတယ်။

သူမ အတန်းဖော် စုဟွေး ပြောခဲ့တာက ရှန်ရန်ချင်းက ဒီနေ့ စာလာသင်မယ်တဲ့။

“ဘုရားရေ”

မြို့ထဲက လူတိုင်းနီးပါးက ရှန်ရန်ချင်းကို သိကြတယ်။ အရင်ချိန်တွေက မြို့ထဲက အဓိက တက္ကသိုလ်ကြီးတွေက သူ့ကို ရဖို့အတွက် ပြိုင်နေရတယ်လို့ ပြောခဲ့ကြတယ်။ ပြီးတော့ ဟိုက်စီးပွားရေးတက္ကသိုလ်ဝင်ခွင့်ကို လည်းအောင်မြင်ခဲ့သေးတယ်တဲ့။ အဆုံးမှာတော့သူက နိုင်ငံခြားကို စာလေ့လာဖို့ ထွက်သွားခဲ့တယ်လေ။

သူက ကျောင်းတက်နေစဉ်မှာပဲ သူ့လုပ်ငန်းကို စတင်လာခဲ့တာ။ သူက အသက်၂၈နှစ်နဲ့တင် နိုင်ငံတွင်း အငယ်ဆုံး စွန့်ဦးတီ ထွင်သူတစ်ယောက် ဖြစ်နေခဲ့ပြီလေ။ သူက လူမြင်ကွင်းတွေ ထဲတော့ ပေါ်လာခဲ့တယ်။ ဒီနေ့မှာတော့ သူ့ရဲ့မိခင်တက္ကသိုလ်က ဖိတ်ခေါ်လာခဲ့တာကြောင့် ထူးထူးခြားခြား စာ‌လာသင်ပေးတ ာဖြစ်တယ်။

လူတော်တော်များများက သူတို့ရဲ့ဒဏ္ဍာရယ်လာ ဘစ်ရှော့ကြီးကို သူတို့မျက်လုံးတွေနဲ့ မြင်တွေ့ရဖို့ စောင့်နေကြပြီး နန်ကောလည်းချွင်းချက်မရှိပေ။

ဒါနဲ့ပတ်သက်ပြီး ပြောရရင် သူနဲ့ ရှန်ရန်ချင်းတို့ကြား အတိတ် တစ်ခုရှိခဲ့တယ်။ တိတိကျကျ ပြောရရင် သူတို့ကံကြမ္မာက အဆောင်လမ်းထဲမှာပဲ ရောယှက်နေတာ ဖြစ်မယ်။

ဒါပေမဲ့လည်း သူမက သူမ တက္ကသိုလ်ကိုပဲ လျှောက်ထားပေမဲ့ သူမ အဖေကတော့ သူမကို ပြည်တွင်းတစ်ခုမှာပဲ လျှောက်ထားစေချင်တယ်။ ဘယ်လိုဖြစ်ဖြစ် သူမကတော့အခြားတစ်ခုကို သွားဖို့ လက်မလျော့တာမို့ သူမ အဖေနဲ့ တိုက်ပွဲကြီးတစ်ခုတော့ဆင်နွှဲရဦးမယ်။

သူမ အိမ်က ထွက်ပြေးလာတဲ့နေ့မှာ တက္ကစီပေါ်မှာ ရှန်ရန်ချင်း ရဲ့အင်တာဗျူးကို အမှတ်တမဲ့ နားထောင်မိသွားတယ်။ တက္ကသိုလ်အပ်ရမဲ့ အချိန်ကို ရောက်တော့ သူက သူ့ရဲ့ မိခင်တက္ကသိုလ်ကို ကြောညာပေးဖို့အတွက် ကူ‌ညီပေးတယ်။

တက္ကစီပေါ်က ဈေးပေါတဲ့ အသံဖမ်းစက်လေူက လည်း တစ်ခါတရံ လိုင်းမတည်မငြိမ် ဖြစ်နေတယ်။

ဒါ‌က ယောင်္ကျားတစ်ယောက်ရဲ့နူးညံ့တဲ့အသံကို မဖုံးကွယ်ထား နိုင်လောက်ပါ။ ဒါက တောင်တန်းတွေက လေပြေလေးတိုက်ခတ် လာတာနဲ့ တူပြီး မပြင်းထန်သလို ပေါ့ပေါ့ပါးလည်း မဟုတ်ဘဲ သူမ နားစည်ထိ ရိုက်ခတ်လာခဲ့တယ်။

စီစဉ်တင်ဆက်သူက သူ့ရဲ့မိခင်တက္ကသိုလ်ဖြစ်တဲ့ ဟိုက်တက္ကသိုလ် အကြောင်းကို မေးနေခဲ့တယ်။ သူက စိတ်ရှည်ရှည်နဲ့ပဲ မေးခွန်း‌တစ်ခုပြီး တစ်ခုကို ဖြေကြားပေးခဲ့တယ်။

အင်တာဗျူးအဆုံးမှာ နောက်တစ်ကြိမ် သူထပ်မပြောခင် သူ့အသံက တစ်စက္ကန့်လောက် တိတ်ကြသွားတယ်။

“ကျွန်တော်က ရှန်ရန်ချင်းပါ။ အားလုံးက ဟိုက်တက္ကသိုလ်မှာကျောင်းအပ်ဖို့ကို မျှော်လင့်ပါတယ်”

သူ့နာမည် ရှန်ရန်ချင်းက ငြိမ်းချမ်းပြီး ပြတ်သားတယ်လို့ အဓိပ္ပါယ်ရတယ်။

သူမက နာမည်ကို မှတ်စုထဲထည့်လိုက်မိတယ်။

နွေရာသီညနေခင်းမှာ သူမက စာသင်ဖို့ ဟိုက်တက္ကသိုလ်စီး ပွားရေးမေဂျာကို လျှောက်ထားခဲ့ပြီး အချိန်ကိုက်ပင် သူမ လျှောက်လွှာက ရှန်ရန်ချင်းရဲ့ဂျူနီယာဖြစ်ဖို့ ရွေ့ဆိုင်းခံ လိုက်ရတယ်။

ပြန်ပြောင်းတွေးမိတော့ သူမက လွန်ခဲ့တဲ့နှစ်‌နှစ်လောက်‌တုန်းက အတော်လေးကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တာမျိုးပဲ။ သူမက ဒါကြောင့်ပဲ ဘစ်ရှော့ကြီးကို အတော်လေး ကျေးဇူးတင်ရမယ်။

ဘယ်လိုအချိန်ပဲဖြစ်ဖြစ် သူမက စာလုပ်တာနဲ့ မျက်ရည်ဝဲလာမိတယ်။ သူမက အတိတ်ရဲ့တစ်ချိန်က သူမ လုပ်ခဲ့တဲ့ တုံးအအဆုံးဖြတ်ချက်ကို ပြန်ပြင်ချင်မိတယ်။

အဲဒီလူက ဟိုက်တက္ကသိုလ်နဲ့ ပတ်သက်ပြီး ကြွားလုံးထုတ်နေဆဲဖြစ်ပြီး အင်တာဗျူးထဲမှာဆို ကိတ်မုန့်အပိုင်းအစလေးလို အသံမျိုးဖြစ်အောင် လုပ်ထားတာလေ။ သူမက မသိနားမလည်တဲ့ အပြစ်ကင်းတဲ့ ကောင်မလေး ဖြစ်ခဲ့တာကို။ ဒါပေမဲ့ သူက သူမကို ဆိုးဆိုးရွားရွား အရူးရင့်သွားစေတယ်လေလို့။ ...…......“နေပါဦး ခဏ၊ ခဏစောင့်ပါဦး”

နန်ကောက ကျောင်းအဆောင်တစ်ခုလုံးကို တာတိုပြေးနေရပြီး ဖြစ်နေပေမဲ့ သူမ ရှေ့က ဓာတ်လှေကားကတော့ ပိတ်လုနီးပါး ဖြစ်နေပြီလေ။

သူမ ကြည့်နေစဉ်မှာပဲ အဟလေးက တဖြည်းဖြည်း ပိုသေးလာတာမို့ နန်ကော မျက်လုံးတွေကို စိတ်ပျက်လက်ပျက် ပိတ်လိုက် မိတယ်။

သူမ ငိုကြွေးနေစဉ်မှာပဲ ရုတ်တရက် သိမ်မွေ့သံအသံတစ်ခုက ပြောလာတယ်။ “ဝင်လာလေ”

“.....” ဒီအသံက တော်တော်လေးကို ရင်းနှီးနေတယ်ရော။ သူမ မသိစိတ်အရ မော့ကြည့်မိတယ်။

ဓါတ်လှေကားနေ လက်တစ်ဖက်က ထွက်လာပြီး တံခါးကို ကာလိုက်တယ်။ ဓါတ်လှေကားတံခါးက အလိုအလျှောက် သတိပြုမိပြီး အလိုလို ပွင့်လာတယ်။

အထဲက လူရဲ့ပုံရိပ်က လည်း တဖြည်းဖြည်းရှင်းလင်းလာတယ်။

သူတို့မျက်လုံးတွေက အကြည့်ချင်းဆုံသွားတယ်။

ဓါတ်လှေကားထဲက လူက ဝတ်စုံပြည့်ကို ဝတ်ထားပြီး အနက်ရောင်ဆံပင်တိုတွေကို သေသေချာချာ ဖြီးသင် ထားတယ်။ သူ့နှုတ်ခမ်းတွေက ဖြောင့်တန်းနေပြီး နှာနုရိုးပေါ်မှာ ငွေရောင်ဘောင်ခတ် မျက်မှန် နောက်ကို ဝတ်ဆင်ထားတာက သူ့ကို အေးစက်ပြီး စည်းကမ်းကြီးတဲ့ပုံပေါ်စေတယ်။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ နန်ကော ရုတ်တရက် သူ့မျက်လုံးကနေ တစ်ဆင့်လာတဲ့ အပြုံးတစ်ခုကို တွေ့လိုက်ရတယ်။

“မင်း မဝင်လာသေးဘူးလား”

သူစကားပြောလိုက်တာနဲ့ သူ့အသံက နန်ကောကို လက်တွေ့ကို ပြန်ခေါ်လာပေးတယ်။

အဲဒီယောင်္ကျားရဲ့မျက်လုံးထဲက အပြုံးနုနုကို မြင်လိုက်ရတော့ သူမ အမြနိပဲ ပြေးဝင်လိုက်ပြီး “အိုး ကျေးဇူးပါ”

ယောင်္ကျားက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး တံခါးပိတ်တဲ့ခလုတ်ကို နှိပ်လိုက်တယ်။

ဒါက ဆောင်းရာသီဖြစ်နေပေမဲ့လည်း နန်ကော နဖူးမှာတော့ ချွေးတွေသီနေတယ်။ ဒါက ပဲ သူမက အရူးတစ်ယောက်လို ပြေးလာရတာကို သိသာစေတယ်။

သူမ အိတ်ကပ်ကို နှိုက်ရှာနေမိတယ်။ သူမက လောလောနဲ့ပြေး ထွက်လာတာမို့ တစ်ရှုးက သူမနဲ့ မပါ‌လာပေ။

သူတို့နှစ်ယောက်ကြားမှာ စိတ်ချင်းဆက်သွယ်မှုတစ်ခု ရှိနေပြီး အတော်လေး ကြည့်ကောင်းတဲ့ လက်တစ်ဖက်က သူမ ဆီကို ဆန့်ထွက်လာတယ်။

နန်ကော မျက်တောင်ခတ်လိုက်ရင်း သူ သူမကို ပေးတဲ့ လက်ကိုင်ပဝါကို ကြည့်နေမိတယ်။ သူမ သတိပြန်ဝင်လာတော့ သူကို ထပ်ပြီး ကျေးဇူးတင်လိုက်မိတယ်။

သူမက လက်ကိုင်ပဝါနဲ့ ချွေးတွေကို သုတ်လိုက်တယ်။ သူမရဲ့မျက်နှာကိစ္စကို ဖြေရှင်းနေစဉ် ရေမွှေးအနံဖျော့ဖျော့လေးက သူမ နှာခေါင်းဝကို ဝင်ရောက်လာတယ်။ အဲဒီဒါက တောင်ပေါ်မှာ မိုးရွာပြီးတော့ သစ်တောထဲက သစ်သားရဲ့အမွှေးနံလိုမျိုးနဲ့ တူတယ်။ အဲဒါက လတ်ဆတ်ပြီး အရမ်းလည်း ပြင်းထန် မနေ‌ဘူး။

သိပ်မကြာခင် အဲဒီယောင်္ကျားက ပဲ ထပ်မေးလာတယ်။ “ဘယ်အထပ်လဲ”______________မတိုင်ခင်က သူမ ဒီအသံကို တစ်နေရာမှာ ကြားခဲ့ဖူးတယ်။

နန်ကော နိုးလာတော့ သူမ ခေါင်းက မူးဝေနေဆဲဖြစ်တာမို့ အဲဒီဒါနဲ့ပတ်သက်ပြီး သူမ ဘာမှကို တွေးမနေတော့ဘူး။

သူမက ခြောက်ထပ်လို့ ပြန်ဖြေလိုက်ပြီး ကြည့်လိုက်စဉ်မှာ နံပါတ်က ခြောက်ထပ်မြောက်ကို နှိပ်ပြီးသား ဖြစ်နေတာကို တွေ့လိုက်ရတယ်။

ဒီနေ့မှာ ရှန်ရန်ချင်းရဲ့သင်ကြားရေးက ခြောက်ထပ်မြောက်မှာဖြစ်နေတာကို သူမ ပြန်တွေးလိုက်ရင်း အခွင့်အရေးယူရင်းမေးလိုက်မိတယ်။ “ဒီနေ့သင်ခန်းစာအတွက် ရှင်ဒီကို ရောက်နေတာလား”

“ဟုတ်တယ် ကိုယ်ပါပဲ”

ရှန်ရန်ချင်းက လွန်ခဲ့တဲ့မိနစ်အနည်းငယ်က မီတင်တစ်ခုကြောင့်နှောက်နှေးနေတာမို့ လူအတော်များများက သူ့ကို စောင့်နေဖို့က ဖြစ်နိုင်တယ်။

“ရှင် ဒီမှာ အရမ်းကို နောက်ကျနေတာပဲ၊ အထဲမှာတစ်ခုံတောင် ရဖို့က မဖြစ်နိုင်တော့ဘူး။ ကျွန်မအတန်းဖော်ကလည်း ‌အစောတည်းက တစ်ခုံစာ ကြိုယူပြီးပြီ”

ရှန်ရန်ချင်းက သူမကို ကြည့်ရင်း အပြုံးဖျော့ဖျော့နဲ့ မေးလိုက် တယ်။ “အဲဒီဒါက ဆိုးတယ်လား”

နန်ကောက ခေါင်းညိတ်ပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်။ “ရှင်က ရှန်ရန်ချင်းက ဘယ်လောက်တောင် ပေါ်ပြူလာဖြစ်မှန်းနားမလည်လို့ပါနော်။ သူက အခု ဟိုက်တက္ကသိုလ် စီးပွားရေး ကျောင်းရဲ့ လာဘ်ကောင်လေးလေ”

ဓါတ်လှေကားပွင့်တာနဲ့ သူတို့‌နှစ်ယောက်က အတူတူထွက်လာခဲ့တယ်။ သူတို့လမ်းလျှောက်နေစဉ်မှာပဲ သူမက ပြောလာတယ်။ “ကျွန်မ မှန်းမိသလောက်က လွန်ခဲ့တဲ့နှစ်နှစ်လောက်က စီးပွားရေးကျောင်းရဲ့လူတစ်ဝက်လောက်က သူ့အင်တာဗျူးရဲ့လှည့်ကွက်ကြောင့် ရှိနေတာလေ။ သူတို့ထဲက အများစုက အခုမှ ပထမဆုံးသူ့ကို မြင်ဖူးကြတာ”

“အဲဒါက စဉ့်ကူးစစ်သားတွေက ပထမဆုံး ပြန်ဆုံတွေ့တာနဲ့တောင် တူသေးတယ်။ လူတိုင်းက တစ်ကြိမ်လောက်ဖြစ်ဖြစ်မြင်ချင်နေတာလေ လူတိုင်းနီးပါးက စိတ်လှုပ်ရှားနေမှာကို နားလည်နိုင်ပါတယ်”

ဒီလိုမျိုး ပွင့်ပွင့်လင်းလင်းပြောလိုက်တာက အချိန်အကြာကြီး နေဖူးတဲ့ လူတစ်ယောက်က အရာအားလုံးမျိုး မြင်ခဲ့ပြီး သား ဆိုတဲ့ပုံမျိုးနဲ့ ဆင်တူနေတယ်။

ယောင်္ကျားက ဒါကို ကြားတော့ မျက်လုံးအောက်စိုက်ရင်း ကြည့်လိုက်မိတယ်။ သူ့မျက်တောင်ရှည်တွေက အမှောင်ထုထဲမှာ အရိပ်ထင်ကျန်နေတယ်။ နှစ်စက္ကန့်လောက်ကြာတော့ သူက ပြုံးပြီး မေးလာတယ်။ “မင်းရော အတူတူပဲလား”

ကြည့်ရတာ ရှန်ရန်ချင်းက သူမ အတွက် ဓါတ်လှေကားကို စောင့်ပေးခဲ့ပုံရတာမို့ သူမက ပြန်စိတ်ရှည်လိုက်မိတယ်။ “ဟုတ်တယ် ကျွန်မရောပဲ။ ကျွန်မ ဖောင်ဖြည့်နေတုန်းကဆို ရှန်ရန်ချင်းက ကျွန်မကို ပြဿနာတွေ ဖြစ်စေတာလေ။ ကျွန်မက သဘာဝကျကျပဲ သူ့ကို ပြန်တာဝန်ယူခိုင်းမလို့လေ မှန်တယ်မလား”

သူမ ပြောပြီး ပြီး ချင်းမှာပဲ လူတွေပြည့်နေတဲ့အခန်းထဲကို ဝင်သွားလိုက်တယ်။

မကြာခင် သူမ အခန်းထဲ ဝင်တော့ စုဟွေးက သူမကို လက်လှမ်း ပြလာတယ်။ နန်ကောက လက်ပြန်ဆန့်ထုတ်ပြီး ပြန်ဝေ့ယမ်းပြတယ်။ သူမ ခြေနှစ်လှမ်းလောက် လှမ်းလာပြီး တစ်ခုခုကို တွေးမိပြီး ပြန်လှည့်လာတယ်။ “ရှင်ဘာလို့များ”

သူတို့နဲ့ တိုးဝှေ့ပြီး နေရာမယူရတာလဲ....

သူမ စကားမဆုံးခင်မှာပဲ သူမက သူမ နဲ့အတူလိုက်လာတဲ့ အဲဒီယောင်္ကျားကို တံခါးဝမှာ ရပ်နေတာတွေ့လိုက်တယ်။ သူ့ကို တွေ့ဖို့စောင့်နေတဲ့ ကျောင်းခေါင်းဆောင်တွေက ဝန်းရံထားတယ်။

တက္ကသိုလ်ရဲ့ အေးစက်စက်ငရဲဘုရင်ကြီးလို့ သိကြတဲ့ ဘယ်တော့မှ မပြုံးတဲ့ ဌာနမှူးက လည်း သူ့ရဲ့မတွေ့တာကြာတဲ့ အဖေကို မြင်လိုက်သလိုမျိုး လောလောဆယ်မှာ ပြုံးရွင်နေတယ်။

သူမရဲ့ရှုပ်ထွေးနေတဲ့ အကြည့်တွေအောက်မှာ ထိုယောင်္ကျားက ဟောပြောတဲ့စင်မြှင့်ကို လူစုလူဝေးနဲ့တက်သွားခဲ့တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ သူက အေးစက်စက် မျက်လုံးနဲ့ သူမဘက်ကို ကွက်တိမရပ်လိုက်ခင် တစ်တန်းလုံးကို ကြည့်ရှုစစ်ဆေး နေတယ်။

သူက ရှေ့ထွက်ပြီး စားပွဲပေါ်က မိုက်ခရိုဖုန်းကို ညင်ညင်သာ သာနဲ့ ချိန်ညှိလိုက်တယ်။ သူ့ရဲ့ပါးလွှာတဲ့နှုတ်ခမ်းတွေက ပြီး ပြည့်စုံတဲ့အပြုံးတစ်ခုအဖြစ်‌ ကွေးညွှတ်သွားတယ်။

အဲဒီနောက်မှာ ရင်းနှီးနေတဲ့ အသံက တစ်ခန်းလုံးကို ဖုံးလွမ်း သွားတယ်။

“အားလုံး မင်္ဂလာပါ ကိုယ်ကတော့ ရှန်ရန်ချင်းပါ၊ဟိုက်တက္က သိုလ်စီးပွားရေးကျောင်း ခုနှစ်၂၀၁၁မှာ ဘွဲ့ရခဲ့တာပါ”

ဒီပြီး ပြည့်စုံတဲ့အသံက လွန်ခဲ့တဲ့တစ်နှစ်ခွဲကျော်က သူမ ကြားခဲ့ဖူးတဲ့ အသံနဲ့ တစ်ထပ်တည်း တူလိုက်တာ။

“....” နန်ကော တစ်ယောက် အပေါ်မှလာတဲ့ အသံက အက်ကွဲရာကို ကြားနိုင်လာတယ်။ သူမကို သူမ အလင်းအလျှင်နဲ့ သုတ်ခြေတင်သင့်ပြီလို့တောင် ခံစားလာမိတယ်။

******

All Chapters