← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

Ch 6 ဒီကောင်းချီးကို လိုချင်ရင် မင်းစားလို့ရတယ်လေ

သူမ ရှေ့က ဒီလူက အခုမှရေချိုးပြီး ပုံပြီး ပေါ့ပေါ့ပါးပါး မီးခိုးရောင် အိမ်နေရင်းဝတ်စုံကို ဝတ်ဆင်ထားတယ်။ သူ့ဆံပင်တွေက အခုထိမခြောက်သေးဘဲ သူ့လည်ပသ်းနားမှာ ရေစက်ကျ‌တာကို ထိန်းဖို့ ပဝါဖြူကို ပတ်ထားတယ်။

အဓိကက နန်ကောတစ်ယောက် မျက်လုံးပင့်မကြည့်ခင်တစ်ဖက်သူရဲ့ ပုံစံကို မစပ်စုခင်အထိ အရာအားလုံးက သာမန်ဆန်နေခဲ့တယ်။

ကောင်းမွန်ပြီး ပိရိတဲ့မေးရိုးပဲ အရမ်းကောင်းတာပဲ။

သူ့မှာနှုတ်ခမ်းပါးပါးနဲ့ နှာတံမြှင့်မြှင့်ရှိတယ်။ ဒီအထိလည်း ပြဿနာမရှိသေးဘူး။

သူ့ရဲ့မက်မွန်ပွင့်ပုံစံက လည်း ကြည့်ကောင်းသေးတာပဲလို့။

ဒါပေမဲ့လည်း အဲဒီဒီ မျက်နှာပုံစံတွေပေါင်းစပ်လိုက်တော့လည်း တစ်နေရာမှာ မြင်ဖူးသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်လာ မိတယ်။

နှစ်စက္ကန့်လောက်ကြာတော့ အမျိုးသားရဲ့မျက်နှာက သူမ မှတ်ဉာဏ်ထဲက မျက်နှာနဲ့တစ်ထပ်တည်း တူညီလာတယ်။

ဒီရှန်ရန်ချင်းကတော့ မျက်မှန်လည်း မပါဘူးရော။

စာသင်ချိန်ပြီးတဲ့နောက်မှာ ရှန်ရန်ချင်းက သူမရဲ့အိပ်မက်ထဲကို ခဏခဏ ဝင်ရောက်လာတတ်တယ်။ ဒါပေမဲ့လည်း အိပ်မက်ထဲက မြင်ကွင်းက လည်း သာယာစရာရှိမနေခဲ့ဘူး။ အမျိုးသားက သူမကို ဆန့်ကျင်ဘက်စားပွဲပေါ် ဖိထားလိုက်ပြီး သူမရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲအမှတ်စာရင်းစာရွက်ကို သူမ မျက်နှာရှေ့မှာ ကိုင်ထားရင်းပြောလိုက်တယ်။ “မင်းရဲ့အမှတ်စာရင်းအရဆို မင်းရဲ့ကောင်းချီးက ဟိုက်တက္ကသိုလ်ကို သွားဖို့ဖြစ်နိုင်တယ်လေ။ မင်းက ဘာကို မကျေမနပ်ဖြစ်နေရတာလဲ”

အချိန်တိုင်းမှာ ရလဒ်စာရွက်နဲ့ သူ့မျက်နှာပေါ်ကို ရိုက်ပစ်ပြီး ပြောလိုက်ချင်တာ “အဲဒီကောင်းချီးကို လိုချင်ရင် အဲဒီဒါကို စားပစ်လိုက်လေ”

အချိန်တိုင်းမှာ ရှန်ရန်ချင်းက သူ့ရဲ့ငြင်သာပြီး အန္တရာယ်ကင်းတဲ့ အပြုံးလေးနဲ့ နှလုံးသားမဲ့တဲ့ စကားတွေကို ပြောလာခဲ့တယ်။ “ကိုယ့်အမှားပါ တက္ကသိုလ်ကို တကိဖို့ကို ကိုယ်ကပဲ အာမခံခဲ့တာပဲလေ”

“..….”

သက်ပြင်းရှိုက်လိုက်ရင်း နန်ကော ကျိန်ဆိုမိတယ်။ သူမ ဒီနေရာမှာရှန်ရန်ချင်းကို ထပ်တွေ့ဖို့ကို မရည်ရွယ်ခဲ့ဘူးလို့။

ဒါပေမဲ့လည်း ကံတရားက သူမ အပေါ်ကို လှည့်ကွက်တစ်ချို့ကစားခဲ့တယ်လေ။

လွန်ခဲ့တဲ့တစ်စက္ကန့်က အမှာစာပေါ်က မစ္စတာရှန်ကို သူမ မြင်လိုက်တုန်းက ဟိုက်မြို့တော်မှာ မျိုးရိုးနာမည်တူတဲ့ လူချမ်းသာတွေ ဘယ်လောက်တောင် ရှိနေတာလဲဆိုပြီး သူမ အံ့ဩနေခဲ့သေးတာ။

အဆုံးမှာတော့ သူမ မော့ကြည့်လိုက်တာနဲ့ သေချင်စိတ်ပေါက် သွားမိတယ်။

ဒီလိုကံကောင်းမှုမျိုးနဲ့ သူမ တကယ်ကို ထီးလက်မှတ်တစ်ခုကို ဝယ်ခဲ့သင့်နေပြီ။ သူမကသာ သန်းအနည်းငယ်လောက် ပေါက်လာခဲ့ရင် အပြင်ထွက်စားစရာပို့တာမျိုး သူမ လုပ်စရာ မလိုတော့ဘူးလေ။

ဒါပေမဲ့လည်း ဒါက တစ်ပတ်လောက် စောင့်ရဦးမယ်။ ရှန်ရန်ချင်းက သူမ နဲ့ပြသနာကို မေ့သွားလောက်ပါပြီလေ ဟုတ်တယ်မလား။

ဒီလောက်တောင် အလုပ်များလွန်းလှတဲ့သူက သူမနဲ့ ပတ်သက်တဲ့ သေးသေးမွှားမွှားလေးကို မှတ်မိမှာတဲ့လဲ ဟုတ်တယ်မလား။

ဒါသာမက သေးဘူး သူက မျက်မှန်တောင် မဝတ်ထားဘူးလေ။ သူက အမြင်အာရုံအားနည်းသေးတယ်မလား။

အဲဒီလိုတွေးလိုက်ပြီး နောက်မှာ နန်ကောက အေးအေးဆေးဆေးနဲ့သူမရဲ့စကားတွေကို ဆုံးအောင်‌ပြောလိုက်တယ်။ “မစ္စတာရှန် ကောင်းကောင်းစားပါရှင့်”

ရှန်ရန်ချင်းရဲ့အကြည့်တွေက ပစ္စည်းကို မယူလိုက်ခင်မှာ သူမ ခန္ဓာ ကိုယ်ပေါ် နှစ်စက္ကန့်လောက်ရောက်နေခဲ့တယ်။

နန်ကော ကတော့ သူက သူမကို တကယ် မမှတ်မိဘူးလို့ပဲ တွေးလိုက်မိတယ်။ သူမက သူ့ရဲ့အလေးအနက်ကြီး မေးလာတာကို ကြားရချိန် အဝေးကို ပြေးထွက်သွားချင်မိတယ်။ “မင်း အချိန်ပိုင်းအလုပ်လုပ်နေတာလား”

“....”............

ရှန်ရန်ချင်းက ဒီနေ့ နေမကောင်းတာကြောင့် အလုပ်ကို မသွားခဲ့ဘူး။ မကြာခင်မှာ ဗွီဒီယိုကွန်ဖရင့်က ပြီးသွားတာကြောင့် သူ့လက်ထောက် မှာပေးခဲ့တဲ့ စားစရာက ရောက်လာခဲ့တယ်။

တံခါးပွင့်လာတာနဲ့ သူ ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရတယ်။

သူ ခေါင်းငုံ့ပြီး အမှောင်ထဲက သူမကို မြင်ရအောင် ကြည့်နေမိ တယ်။

သူမကို စေးကပ်နေတဲ့ ကောက်ညှင်းဆန် ဘောလုံးနဲ့တူတဲ့ အဖြူရောင်အပေါ်ဝတ် အ‌နွေးထည် အထူကြီးကို ဝတ်ထားခဲ့တယ်။

အရင်အချိန်တွေ၊ တက္ကသိုလ်မှာတုန်းက သူတို့က အဝေးကနေသာ မြင်ခဲ့ရတာ။ ဒါကြောင့်မို့ သူတွေးခဲ့တာ ဟိုက်မြိုမှာပဲ ထပ်တွေ့ဖို့က ခက်ခဲနေလိမ့်မယ်လို့။ ကြည့်ရတာ သူ့မှာ ကံကောင်းမှုအချို့ ရှိနေပုံရတယ်။

ကာစတန်မာက သူမကို မေးခွန်းမေးလာမှတော့ နန်ကောတစ်ယောက် မကြားချင်ယောင်ဆောင်မရတော့ဘူး။

သူက သူမကို အဆိုးမြင်မှတ်ချက်တွေ ပေးလာရင် ဘယ်လိုလုပ် မလဲ။

မန်နေဂျာက ပြောခဲ့တာက အဆိုးမြင်မှတ်ချက်တစ်ခုက သူမ ရမဲ့ထဲက ဒေါ်လာတစ်ရာတောင် လျှော့ခံရမှာတဲ့လေ။ ဒီတစ်ကြိမ်က သူမ ပထမဆုံးပို့ပေးရတဲ့ အော်ဒါပင်။ ပိုက်ဆံမရသေးခင် သူမ အရင် အကြွေးတင်သွားလို့ မရဘူး။

အဲဒီလိုတွေးပြီး နောက် နန်ကောတစ်ယောက် အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်လိုက်ပြီး ပြောလိုက်တယ်။ “ဟုတ်ပါတယ် မစ္စတာရှန် ကျွန်မက အခုပစ္စည်းပို့ပေးတာကို အချိန်ပိုင်းလုပ်နေတာပါ”

“ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ ကျွန်မတို့ထပ်တွေ့ပြန်‌ပြီနော် ဟီးဟီးဟီး”

“ကျွန်မတို့ တကယ်ကို တစ်ပတ်တည်းမှာ နှစ်ကြိမ်တောင်ဆုံတာ နော် ဘယ်လိုတောင် ကံကောင်းရတာလဲ”

ရှန်ရန်ချင်းက အဝေးကို ယူနေတုန်းမှာ သူမ စကားကို ကြားလိုက်ရတယ်။ သူ့မျက်လုံးထဲကနေ မေးစရာတစ်ခုက ပေါ်လာခဲ့တယ်။ “နှစ်ကြိမ် ဟုတ်လား”

“အမ်း အမ်း” တစ်ကြိမ်က ကျောင်းမှာ ဒီနေ့ကတော့ နောက်တစ်ကြိမ်လေ။

နန်ကောက သူတစ်ခုခုကို တွေးနေသလို မျက်မှောင်ကြုံတာကို မြင်လိုက်ရတယ်။

“မကြာသေးခင်ကပဲ ကိုယ်တို့ဟိုက်တောင်ဘက်လမ်းမလယ်ကြီးနဲ့ဘားမှာလည်း တွေ့ခဲ့သေးတယ်”

သူက သူမကို အမှန်‌ပြင်ပေးလိုက်တယ်။ “တကယ်တော့ ကိုယ်တို့တွေ့တာက တိတိကျကျပြောရရင် လေးကြိမ်ရှိပြီ”

“ဟမ်..”နန်ကော ကြက်သေသေသွားမိတယ်။

နန်ကောမှာ ဟိုက်တောင်ဘက်လမ်းမလယ်ကြီးအပေါ် အမြင်တစ်ခု ရှိတယ်။ သူမက အဲဒီကို မကြာခဏ သွားလေ့မရှိပေမဲ့ မကြာခင်က သွားခဲ့ရတာဆိုလို့ ယွီရဲ့မွေးနေ့အတွက်ပဲ ရှိတာလေ။

သူမက ယွီရဲ့မွေးနေ့မှာ ဘားကိုလည်း သွားခဲ့သေးတာ။

နန်ကောက ဘားကို သွားခဲ့ပေမဲ့ စာသင်နှစ်တစ်နှစ်ဆုံးမှသာသွားဖြစ်တယ်လို့ ပြောလို့ရတယ်။ သူမက စာပြန်လုပ်ရာမှ ထိပ်ပြောင်တာကို သက်သာစေဖို့သာ သွားခဲ့တာ။

(Tn:ပင်ပန်းလွန်းလို့ ဆံပင်ကျွတ်မှာကြောက်လို့ ဘားမှာစိတ်ဖြေတာ)

သူမ ပိုက်ဆံရတာကြောင့်သာ မဟုတ်ရင် အဓိကကတော့ သူမက စာကြည့်တိုက်မှာ အိပ်တာ မဟုတ်သေးဘူး လေ့လာတာ။

အဲဒီနှစ်ခုကို တွေးမိပြီးနောက် သူမက အဲဒီအကြောင်းကို တွေးနေမိတယ်။ တိုက်ဆိုင်တာကတော့ သူမက အဲဒီနေ့မှာ အရမ်းမိမိုက်လွန်းတဲ့ ယောင်္ကျားလေးတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ။

နန်ကောက မျက်မှောင်ကြုံမိသွားတယ်။ တကယ်ပဲ သူပဲဆိုရင်‌ဒါက တကယ်ကို မတော်တဆပဲ။

သူမက အဲဒီနေ့က အဲဒီအမျိုးသားရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေမဲ့လည်း ဒါက တကယ်ပဲ ရှန်ရန်ချင်းတော့ မဖြစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား။

ရှန်ရန်ချင်း အာရုံမစိုက်မိခင်လေးမှာ နန်ကောတစ်ယောက် သူ့ကို သေသေချာချာ ကြည့်နေမိတယ်။

သူ့အရပ်၊အော်ရာ၊အသံက ....

ရှန်ရန်ချင်းက ခေါင်းညိတ်လိုက်တယ်။ “အဲဒီလူက ကိုယ်ပဲ နန်ရော့ရော့”

“......” ဟုတ်ပြီလေ သူမ သေလို့ ရပြီပဲ။

နန်ကောက သေသေချာချာတွေးလိုက်ပြီ။ “ဒါပေမဲ့ ရှင်အဲဒီနေ့က ကျောင်းမှာ ကျွန်မကို မမှတ်မိဘူးလေ ရှင် မှတ်မိလို့လား”

“ကိုယ် မင်းကို မှတ်မိပါတယ်။ ကိုယ်မင်းကို ကျောင်းဆောင်ထဲမှာ ပြေးနေကတည်းက မှတ်မိခဲ့တာ”

“ဒါဆို ဘာလို့ ရှင်တစ်ချိန်လုံး မပြောပြခဲ့တာလဲ”နန်ကောကတော့ ဒီလူက သူမကို လိမ်ဖို့ကြိုးစားတာ ဖြစ်နိုင်တယ်လို့ပဲ ခံစားရတယ်။

(Tn//ချိမကို ဘောစိက လိမ်လို့ဘာကို ရမှာမို့လဲကွယ်)

“ကိုယ် မင်းကို စာသင်ချိန်ပြီးတော့ ရှာသေးတယ်။ မင်းက တစ်ခုခုလုပ်စရာရှိလို့ ထင်တယ်။ ထွက်သွားတာနဲ့ ကိုယ် အချိန်မှီ မတား လိုက်နိုင်ဘူး”

နောက်စကားအရဆိုရင် သူမက အမြန်ထွက်ပြေးခဲ့တာ။

နန်ကောက ဆို့နင့်သွားတယ်။ သူမက လည်ပင်းဆန့်တန်းရင်း မေးလိုက်တယ်။ “ဒါဆို ကျွန်မတို့ ဓါတ်လှေကားမှာတုန်းကရော ဘာလို့ ဘာမှမပြော ရတာလဲ”

အဲဒီနေ့က ဓါတ်လှေကားထဲက ကိစ္စကို ပြန်တွေးရရင် ရှန်ရန်ချင်းရဲ့မျက်လုံးထဲရှိ အပြုံးက သိပ်သည်းသွားတယ်။ “အဲဒီအချိန်က မင်းမှာ ကိုယ့်စာသင်ချိန်နဲ့ပတ်သက်ပြီး အကြံပြုစရာ အများကြီးရှိခဲ့တာလေ။ ဒါနဲ့ ကိုယ်လည်း အာရုံစိုက်ပြီး နားထောင် ပေးတာ ကိုယ်သာစကားဖြတ်ပြောရင် အဲဒါတာက ရိုင်းတယ်လေ”

နန်ကော “....”

အဲဒီဒီ အကြံဉာဏ်တစ်ချို့ဆိုတာက ပေါက်ကရပြောစရာတွေဆိုတာနဲ့ ညီတယ်လေ။

သူမက သူပြောချင်တာကို နားလည်လိုက်တယ်။

“တကယ်တော့ တက္ကသိုလ်မှာ မင်းကို ရှာဖို့ လူတစ်ယောက်ကို မေးခဲ့သေးတယ်။ ကိုယ့်ကို တက္ကသိုလ်တစ်ခုလုံးမှာ ဒါမဟုတ် စီးပွားရေးကျောင်းမှာလည်း နန်ရော့ရော့ဆိုတဲ့ ကျောင်းသူ ဆမရှိဘူးတဲ့”

သူမရဲ့မပြောပြနိုင်တဲ့ အမူအရာကို ကြည့်ရင်း အဲဒီဒါက သူမရဲ့နာမည်ပြောင် ဒါမဟုတ် တစ်ခုခုဆိုတာကို ခန့်မှန်း မိသွားတယ်။ “ဆောရီး”

သူမ ဘဝမှာ စိတ်ညစ်စရာ မတော်တဆနှစ်ခုက တစ်ချိန်တည်းမှာ ဖြစ်လာခဲ့တာပဲ။ နန်ကော မျက်လုံးမှိတ်လိုက်တော့ သူမ နှလုံးသားက ရေလိုမျိုး တည်ငြိမ်နေတယ်။

အကယ်၍များ အခြားအချိန်သာဆို ဒီလိုမျိုးခွကျတဲ့ အခြေအနေကနေ သူမ သေချာကို လှည့်ပြီး ထွက်ပြေးမိမှာ ဖြစ်တယ်။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူညီဘူးလေ။

“လက်ချာချိန်တုန်းက ဖြစ်ခဲ့တာတွေက ဒီတိုင်းပြောခဲ့တာပါ စိတ်ထဲမထားခဲ့ပါဘူး ကျွန်မဘက်ကသာ တောင်းပန်ရမှာပါ”

နန်ကောက အဲဒီကိစ္စကို မပြောချင်ဘူး။ သူမက ပိုက်ဆံရှာရဦးမယ်ဒါကြောင့်မို့ သူမကို သူက အဆိုးမြင်မှတ်ချက် ပေးလိုက်မှာကို အတော်လေး ကြောက်နေမိတယ်။

“တောင်းပန်စရာ မလိုပါဘူး။ မင်းပြောတာကို ကြားမိတော့ ကိုယ့်ရဲ့အပြုအမှုတွေပေါ် တုံ့ပြန်လာချိန်လို့ ယူဆခဲ့တာ”

“ဟီးဟီး ရှင် ပျော်ရင်ရပါပြီ”နန်ကောက အပြုံးတုတစ်ခုကို ချိတ်ဆွဲလိုက်ပြီး “ဒါဆိုရင် ကျွန်မသွားလို့ ရပြီလား”

သူမက သူ့ကို မော့ကြည့်လိုက်တယ်။

ရှန်ရန်ချင်းရဲ့ရူထောင့်မရဆို သူမ ပါးပြင်နဲ့နှာခေါင်းက နီရဲနေပြီး သူမက အေးနေလို့ ခံစားနေရတယ်။

သူက မျက်မှောင်ကြုံလိုက်တယ်။ “မင်း ဒီကို ဘယ်လိုရောက်လာတာလဲ”

“စားသောက်ဆိုင်က လျှပ်စစ်စကူတာကို ပေးထားတယ်လေ”

သူက သူမကို Lamborghiniကားမောင်းပြီး ပစ္စည်းပို့တယ် ထင်နေတာလား။

ရှန်ရန်ချင်းက နေ့ခင်းက သူ့လက်ထောက်က ဟိုက်မြို့မှာ နှင်းကျနေတဲ့ အကြောင်းပြောတာကို သတိရသွားတယ်။ “အပြင်မှာ နှင်းကျနေတုန်းပဲလား”

“အမ်အမ် ဟုတ်တယ်လေ”

ဒါက အရေးကြီးလို့လား။ သူ စစ်ဆေးလို့ကော ပြီးပြီလား။

သူမက နောက်အော်ဒါကို ပို့ဖို့အတွက် အလျင်လိုနေပြီလို့။

သူမ မျက်နှာပေါ်ရှိ နန်ကောရံ့အပြုံးက ဖျော့သွားတယ်။ “ကိစ္စတစ်ခုခုရှိသေးလို့လား”

“ခဏလေး”

“......” နန်ကောက သူတစ်ဖက်လှည့်ပြီး အထဲဝင်သွားတာကို ကြည့်ရင်း စိတ်ရှုပ်သွားတယ်။

ဟေး ရှင်ဘယ်ကို သွားတာလဲ။

သိပ်မကြာခင် ခြေသံတွေက နီးကပ်လာတယ်။ ရှန်ရန်ချင်းက နူးညံ့ပြီး မီးခိုရောင်အမွှေးနုလည်စီးပဝါကို ဆွဲထုတ်ပြီး ယူလာခဲ့တယ်။

“ဒါက အသစ်ပဲရှိသေးတယ်။ မင်းစိတ်ထဲမထားဖို့ ကိုယ်မျှော်လင့်ပါတယ်”

******

All Chapters