အခန်း ၇
Vol. 1 Ch. 7
Ch 7 ရှန်ရန်ချင်းက ဘာမှမဟုတ်မနေဘူး
ငါးမိနစ်ကြာပြီး တဲ့နောက် အဆောက်အဦးရဲ့မြေအောက်ထပ်ကို ရောက်လာခဲ့တယ်။
နန်ကောတစ်ယောက် လျှပ်စစ်စကူတာရဲ့နောက်ကြည့်မှန် အကူအညီကနေ သူမ လည်ပင်းပေါ်က သိုးမွှေးမာဖလာကို ကြည့်နေမိတယ်။ ဒါက အယ်လ်ရဲ့နောက်ဆုံးထွက် ဒီဇိုင်းလေ။
ကျစ် သူမက ဒါကို အခုထိတောင် မဝယ်နိုင်ခဲ့သေးဘူးလေ။
ကောင်းရော အခုတော့ သူမ အကြွေးတင်သွားခဲ့ပြီ။
သူမ အပြင်ထွက်တိုင်း ကားမောင်းသွားတတ်တာမို့ ပြင်ဆင်စရာအတွက် မဟုတ်ရင် သူမ မာဖလာကို ဝတ်လေ့မရှိဘူး။
သူမရဲ့Lamborghiniကားကိုလည်း လျှပ်စစ်စကူတာ လေးတစ်ခုအတွက်နဲ့ မြောင်းထဲ လွင့်ပစ်လိုက်ရမယ်လို့လည်း တစ်ခါမှမတွေးခဲ့ဖူးဘူး။
ဒါပေမဲ့လည်း သူမက ပထမဆုံးအကြိမ် လက်သင့်မခံနိုင်ဖြစ်နေပြီး ရာသီဥတုက အရမ်းအေးနေတာကြောင့် သူမ လက်သင့်မခံချင်တာတောင် လက်ခံလိုက်ရပြီ။
လူတွေက သူတို့ရဲ့ဂုဏ်သတင်းတွေကို အုပ်စုစိုက်ရုံတင်မဟုတ် သူတို့မသေဆုံးခင်အထိ လက်လျော့ပေးလေ့ မရှိကြဘူးလေ။
ဒါကို သေချာတွေးကြည့်ရရင် ရှန်ရန်ချင်းက လူဆိုးတစ်ယောက်တော့ မဟုတ်ဘူး။
နောက်ဆုံးအကြိမ်က အကဲဖြတ်မှုမှာဆို သူက အရမ်းအုပ်စုစိုက်တတ်တာ။
လူချမ်းသာရပ်ကွက်က ထွက်လာပြီး မကြာခင်မှာ နန်ကောရဲ့အိတ်က တုန်ခါလာတယ်။
မီးပွိုင့်နီတာကို စောင့်နေစဉ်မှာပဲ နန်ကောက သူမ ဖုန်းကို ဖွင့်လိုက်တယ်။
ဝီချတ်သင်္ကေတတစ်ခုကနေ နံပါတ်တစ်ခုက ဖောက်ခနဲပေါ်လာ တယ်။
သူမ မျက်နှာကို မာဖလာထဲနှစ်လိုက်ပြီး အသက်ပြင်းပြင်း ရူထုတ်ကာ နိုတီကို ဖွင့်ကြည့်လိုက်တယ်။
ရှန်ရန်ချင်း:[ကိုယ်ပါ ရှန်ရန်ချင်း]
သူတို့က ဝီချတ်မှာ စောနကမှ အချင်းချင်းအပ်ပြီးရုံပဲ ရှိသေး တာလေ။
သူမမှာ ငါးတစ်ကောင်ရဲ့မှတ်ဉာဏ်ရှိတာ မဟုတ်လို့ သူမ ထွက်လာခဲ့တဲ့ ရပ်ကွက်ထဲက သူကို မေ့မနေခဲ့ဘူး။
မာဖလာအပါအဝင် အခြားအရာတွေတောင် သူမ သူ့ဆီက နှစ်ကြိမ်တောင် လက်ခံခဲ့တာလေ။
သူမ သူ့ကို ဖုန်းနံပါတ်ပေးခဲ့ရတာက သူမက မနက်ဖြန် မာဖလာကို လျှော်ပြီး သွားရင် သူ့ဆီကို ပြန်ပေးဖို့အတွက်တစ်ခုကြောင့်သာဖြစ်တယ်။
ရှန်ရန်ချင်းကလည်း အမှိုက်သာသာ ဟုတ်မနေဘူး။ သူက သူမကို ဖုန်းနံပါတ်မပေးပေမဲ့ ကျူအာရ်ကုဒ်တော့ ပေးခဲ့တယ်လေ။
သူမက တကယ်ကို ဧည့်လမ်းညွှန်ကနေတစ်ဆင့် မာဖလာကို သူ့ရုံးခန်းဆီကို ပို့ပေးမလို့ပါ။
အဆုံးမှာ အဲဒီလူက သူမကို ဝီချတ် ဒါမဟုတ် ကျူအာရ်ကုဒ်ကို လာအပ်တယ်တဲ့လေ။
........အချို့ကာစတန်မာတွေက အတော် အရေးပါတာကြောင့် သူမက အပြုံးနဲ့အီမိုဂျီကို ပြန်ပို့ခဲ့ရတယ်။
ရှန်:[ကိုယ် တောင်းပန်ပါတယ် ကိုယ်မင်းရဲ့နာမည်ကို မမေးခဲ့ရဘူးပဲ]
ရှန်ရန်ချင်းက နန်ကောရဲ့နာမည်ကို သိချင်တာမို့ သူ့ကိုယ်သူ အရင် မိတ်ဆက်လိုက်တယ်။ ဒါပေမဲ့လည်း နန်ကောရဲ့ဦးနှောက်က ထူးခြားတဲ့ပတ်လမ်း ရှိနေတာမို့ သူ့ရဲ့ဆိုလိုရင်းကို သဘော မပေါက်လိုက်ဘူး။
သူ စစောင့်နေပြီးနောက် မေးဖို့အတွက် အစပြုလိုက်ရတော့ တယ်။
နန်ကောက ဖုန်းကို ကိုင်ထားရင်း မသိစိတ်အရ စာရိုက်လိုက်မိ တော့တယ်။ [ငါက နင့်ရဲ့.....]
မဟုတ်သေးဘူးသူမက အဲဒီအရူးကောင်ယွီနဲ့ပြောနေတာမဟုတ်ဘူးလေ။
ခဏလောက် ရပ်လိုက်ပြီးနောက် နန်ကောက စာသားတွေကို ဖျက်လိုက်ပြီး အသစ်ပြန်ရိုက်လိုက်တယ်။ [နန်ကော ကျွန်မနာမည်က နန်ကောပါ]
စာပြန်ပြီးတာနဲ့ နန်ကောတစ်ယောက် သူမ ဖုန်းကို အဝေးပို့လိုက်ပြီး နောက်အော်ဒါပို့ဖို့ကို ပဲ အာရုံစိုက်တော့တယ်။
ညဆယ်နာရယ်ခွဲမှာတော့ သူမရဲ့အဆောင်ကို သူမ ပြန်ရောက်လာတယ်။
သူမ အတန်းဖော်တွေက တော့ အခုထိ နိုးကြားနေဆဲပဲ ရှိသေးတယ်။
“နန်ကော နောက်ဆုံးတော့ ပြန်လာပြီပဲ”စုဟွေးအပေါ်ထပ် ကုတင်ပေါ်ကနေ ဆင်းလာခဲ့တယ်။ “နင်အေးနေလား အဆင်ကောပြေခဲ့ရဲ့လား”
နန်ကောက တံခါးရှေ့မှာ ရပ်နေပြီး သူ့ကို အားတင်း ပြုံးလိုက်မိတယ်။ “ငါ ဘာကိုမှ မခံစားမိတော့ဘူး။ နင်ငါ့ရဲ့အသုဘကို တက်ရတော့မလို့ပဲ”
“ငါ နင့်ကို တစ်ကြိမ်လောက်ဖက်ပါရစေ”
နန်ကောက သူမ လက်မောင်းကို ဆန့်ပြီး သူ့ကိုယ်သူ ပြန်ပွေ့ဖက်လိုက်တယ်။ “ဝူးဟူးး”
အဆောင်ခေါင်းဆောင်ချန်ရှားက သူမ မျက်နှာကို ကိုင်လိုက်ပြီး သူမအတွက် ဝမ်းနည်းမှုကို ခံစားလိုက်ရတယ်။ “ရေနွေးနဲ့ မြန်မြန်လေးချိုးလိုက်ရင် နင် နွေးသွားလိမ့်မယ်”
“အိုကေ”
နန်ကောက မျက်ရည်စက်လက်နဲ့ ရေချိုးခန်းထဲ ဝင်သွားလိုက်တယ်။ .........
မီးပိတ်တ်လိုက်ပြီးတဲ့နောက်မှာ နန်ကောတစ်ယောက် သူမ စွမ်းရည်ပြန်သိုလှောင်ဖို့ စောင်အောက်မှာ ကြားလေ တိုးမရေအောင် ပူးကပ်ထားလိုက်တယ်။ သူမက ဝီထျက်မှာ ဒေါသတကြီး စာရိုက်လိုက်တယ်။ [နင့်မျက်နှာကို အခုချက်ချင်းလာပြ]
မိနစ်အနည်းငယ် ကြာတော့ နန်ကျဲ့က ဗီဒီယိုကောလ် ခေါ်လိုက်တယ်။
သူမ အတန်းဖော်တွေ အနားယူချိန်မှာ နှောင့်ယှက်မိမှာ စိုးတာမို့နန်ကော ဖုန်းချလိုက်ပြီး စာရိုက်လိုက်တယ်။ [ငါတို့အခုလေးတင်ပဲ မီးပိတ်လိုက်တာ]
သိပ်မကြာခင် ရုပ်ဆိုးတဲ့သူတွေက ပြသနာရှာလွန်းတယ်ဆီက ဖုန်းစာရိုက်တဲ့အကွက်ထဲက စာသားတွေကို မြင်လိုက်ရတယ်။
တစ်ခဏလောက် တိတ်ဆိတ်နေပြီးတဲ့နောက်မှာ သူမအစ်ကိုက နောက်ဆုံးမှာ စာတစ်ကြောင်းပို့လာခဲ့တယ်။ [ဘယ်လိုနေလဲ နင့်ရဲ့ပထမဆုံးနေ့က အဆင်ပြေရဲ့လား]
[ဝူးဟူး ဒါကို မေးဖို့ မျက်နှာနင့်မှာရှိသေးတယ်လား]
[ဒီနေ့ နှင်းတွေက ဘယ်လောက်တောင်ထူလဲဆိုတာ နင်သိရဲ့လားဒီနေ့လေက ဘယ်လောက်တောင်အေးမှန်းကော သိလို့လားလို့]
[နင့်ရဲ့သနားစရာညီမလေးက နင် လေပူပေးစက်ရတဲ့ အခန်းထဲမှာ ပုန်းနေပြီး နွေးနွေးထွေးထွေးပျော်နေချိန် ညလယ်ကြီးမှာ စားစရာတွေကို လိုက်ပို့နေရတာလေ နင့်မှာ အသိတရားလေးများ မရှိတော့ဘူးလား]
နန်ကျဲ့:[ဟမ် မြို့ထဲမှာ နှင်းကျတယ်လား ဒါက မဖြစ်နိုင်ပါဘူး]
နန်ကောက ညချက်ချင်းပဲ အကြောင်းအရာကို အာရုံပြောင်း သွားတယ်။ တောင်ဘက် ကလေးအနေနဲ့ သူမက ချက်ချင်း စိတ်လှုပ်ရှားလာတယ်။ [ ဟုတ်တယ် အမှန်ပဲ။ ဒီနှစ်မှာ မြောက်ဘက်မှာထက် နှင်းကျတာ ပိုပြီးစောတယ်လေ]
[အို့ ဒါဆို နင်အပြင်ထွက်ပြီး နှင်းလူသားလုပ်ခဲ့သေးလား]
[ဒါပေါ့ ငါနင့်ရဲ့ စားသောက်ဆိုင် အဝတိုင်းမှာ လုပ်ခဲ့တာ ဟီးဟီး]
[ပုံ* ပုံ*]
နန်ကျဲ့:[မဆိုးပါဘူး အရမ်းကြီးမဆိုးပါဘူး။ အရမ်းလက်ရာ မြောက်တယ်။ ရော့ရော့ထက် အခြားဘယ်သူမှ ကောင်းကောင်း မလုပ်နိုင်ဘူး။ ကြိုက်* ကြိုက်*]
[ဟီးဟီး ကြောင်က လေး အဝိုင်းလှည့်ပတ်နေပုံ jpg*]
သူအီမိုဂျီပို့ပြီး သိပ်မကြာခင် တစ်ခုခုမှားနေတာကို ရေးတေးတေး ခံစားလိုက်ရတယ်။ သူမက အခုလေးတင် သူတို့ပြောနေတဲ့ အကြောင်းအရာကို သေသေချာချာလေး ပြန်လှန်ဖတ်လိုက်တယ်။
[နေပါဦး နင် ဘာလို့ အကြောင်းအရာကို ပြောင်းလိုက်တာလဲ]
အသေအချာကိုပဲ။ သူမ အကို က သူမ မျှော်မှန်းထားသလို တက်ကြွနေခဲ့တယ်။ [နင်နောက်ဆုံးတော့ သတိထားမိပြီလား]
“....” အသက်ပြင်းပြင်း ရူလိုက်ပြီး နန်ကော ထထိုင်ကာ ကီးဘုတ်ပေါ်ကို အမြန်နှုန်းနဲ့ စာရိုက်ပို့လိုက်တယ်။ သူမက သူမအစ်ကိုကို တောင်စဉ်ရေမရ ပူနွေးတဲ့ နှုတ်ခွန်းဆက်စ ကားတွေ အများကြီး ပို့လိုကိတယ်။
[နင့်ကို အမှိုက်ပုံးထဲက တွေ့ခဲ့တာများလား။ နင်က ငါ့အစ်ကို အရင်းကောဟုတ်ရဲ့လား]
ရုပ်ဆိုးတဲ့သူတွေက ညပြသနာရှာလွန်းတယ်: [ငါ ဘာပြောခဲ့လဲ။ နင်ကမှ အမှိုက်ပုံးထဲက ကောက်ရတဲ့ တစ်ယောက်ဖြစ်နိုင်ချေအရှိဆုံးလို့ မပြောခဲ့ဘူးလားဟမ်]
နန်ကော “.....”
နန်ကောတစ်ယောက် ဒေါသမထွက်လာခင် သူ့အစ်ကိုက စာထပ်ပို့လာတယ်။ [ ဒါဆိုရင်ရော ဘယ်လိုလဲ နင်က ကျောင်းပိတ်ရက်အဆုံးထိပဲ လုပ်ပေး။ ငါက မတူအောင် လုပ်ပေးမယ်လေ]
[ငါက နင့်အစ်ကို အရင်းမဟုတ်ဘူးလို့မပြောစမ်းနဲ့။ နင့်ရဲ့အဖေအရင်းတောင်မှ ငါ့လို နင်ကို မလုပ်ပေးဘူးနော်]
နန်ကောတစ်ယောက် သေချာတွက်ချက် ပြီးနောက် ဈေးဆစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ [ဒါဆိုရင် ငါ လဝက်လောက်ပဲ လုပ်ဖို့လိုတာပေါ့]
နန်ကျဲ့တစ်ယောက် သူမ စာကို ကြည့်ရင်းမေးလိုက်တယ်။ [ဒါဆို နင် ကားမပါပဲကျောင်းသွားနိုင်တယ်ပေါ့]
[ဟုတ်ပြီ ဟုတ်ပြီ သဘောတူတယ်] နန်ကော တစ်ယောက် သူက သူ့စကားတွေကို ပြန်ရုတ်သိမ်းသွားမှာ ကြောက်နေမိတယ်။ [တစ်လပဲ မလား ငါတို့ ဒီနေ့က စပြီနော်]
နန်ကျဲ့နဲ့စာပို့ထားတဲ့ထဲက ထွက်လာပြီးနောက် ရှန်ရန်ချင်းက သူမကို စာပို့ထားမှန်း သူမ သတိထားမိသွားတယ်။
တစ်နာရီခွဲလောက်က :[နာမည်ကောင်းလေးပဲ။ ကိုယ်မှတ်ထားလိုက်ပါ့မယ် စကားမစပ် ကိုယ်မင်းကို မနှောင့်ယှက်တော့ပါဘူး]
လွန်ခဲ့တဲ့တစ်နာရီက [နှင်းကျနေလို့ အုပ်စုစိုက်ဦး]
လွန်ခဲ့တဲ့ဆယ်မိနစ်ခန့်က :[ နောက်ကျနေပြီ အဆောင်ပြန် ရောက်ပြီလား]
လွန်ခဲ့တဲ့တစ်မိနစ်က :[မင်းမှာ ပြသနာရှိရင်ကိုယ့်ကို ခေါ်လိုက်နော်]
စာပို့တဲ့ ကြိမ်ရေအရဆို သူက သူမ ဆီမှာ တစ်ခုခုဖြစ်မှာစိုးရိမ်နေတာဖြစ်မယ်]
နန်ကော ရင်ထဲနွေးထွေးသွားတယ်။ ရှန်ရန်ချင်းနဲ့ယှဉ်ရင် သူမအစ်ကိုက လူသားတောင် မဟုတ်တော့ဘူး။
[ကျောင်းအဆောင်ပြန်ရောက်နေပါပြီ။ တောင်းပန်ပါတယ်။ ကျွန်မအခုမှ စာကို မြင်လိုက်တာ]
အခြားတစ်ဖက်ကလည်း ချက်ချင်းစာပြန်လာတယ်။ အဖြူရောင် ဘောင်ကွက်လေးက ခုန်ထွက်လာတယ်။ [မင်းအဆင်ပြေရင် ကောင်းတာပေါ့ အရမ်းနောက်ကျနေပြီ မင်းအနားယူမှာကို မနှောင့်ယှက်တော့ဘူး]
[ဂွတ်နိုက်]
နန်ကောစာမပို့ခင် နောက်တစ်ကြိမ် ပြန်ဖျက်လိုက်ပြီးနောက် စာပြန်လိုက်တယ်။ [ဂွတ်နိုက်ပါ]
စကားကတော့ ဒီနေရာမှာပဲ အဆုံးသတ်သွားတယ်။
သူမ သူတို့စကားမှတ်တမ်းကို ပြန်ဆွဲကြည့်တော့ အဲဒါက တစ်မျက်နှာတည်းရယ်။ သူမက ရှန်ရန်ချင်းက အဆုံးမှာတော့ စိတ်ပျက်စရာကောင်းတဲ့သူ မဟုတ်မှန်း သဘောပေါက်လိုက်တယ်။
အစက နေအဆုံးထိ သူက ရည်မွန်ပြီး စည်းကမ်းလိုက်နာတဲ့ အသိရှိတယ်။
အဲဒါက သူတို့ပထမဆုံးစတွေ့တည်းက စတာထင်တယ်။ သူတို့နှစ်ယောက်ကြားမှာ ဖြတ်လို့ရမတဲ့ စည်းတစ်ခုရှိနေတာကို သူက အစတည်းက ရှင်းရှင်းလင်းလင်းသိခဲ့ပြီး သားဖြစ်မယ်။
တစ်ခဏလောက် တုံ့ဆိုင်းပြီးနောက် နန်ကောတစ်ယောက် နန်ကျဲ့ရဲ့ဒိုင်ယာလော့အကွက်ဆီ သွားပို့လိုက်တယ်။ [အစ်ကိုကြီးရေ]
[နင့်မှာ ပြောစရာရှိရင် ဆက်ပြောလေ စိတ်ထဲမထားနဲ့နော်]
“ကလေးဆန်လိုက်တာ” နန်ကော မျက်လုံးလိမ့်လိုက်ပြီး ဆက်မေးတယ်။ [နင် ရှန်ရန်ချင်းကို သိလား]
[ငါ သိတယ်။ ဘာလို့မေးတာလဲ]
[ဘာမှမဟုတ်ဘူး။ လွန်ခဲ့တဲ့ရက်က ငါတို့ကျောင်းကို စာသင်ပေးဖို့ သူလာခဲ့သေးတယ်။ သူက ငါတို့ကျောင်းရဲ့ဧည့်သည် ပရော်ဖက်ဆာဖြစ်ခဲ့သေးတယ်လေ]
[ဒါက သာမန်ပါပဲ သူက ဟိုက်တက္ကသိုလ်က ဘွဲ့ရခဲ့တာပဲလေ]
[အမ် အမ် နင်မတိုင်ခင်က သူနဲ့လူချင်းတွေ့ဖူးလား]
[နိုး]
နည်းနည်းလောက်ကြာတော့ နန်ကျဲ့က သူ့ကိုယ်သူအမှန်ပြန်ပြင်လိုက်တယ်။ [မဟုတ်သေးဘူး။ ငါတို့ လွန်ခဲ့တဲ့နှစ်နှစ်က တစ်ကြိမ်တွေ့ဖူးတယ်။၊ ဒါပေမဲ့ ငါလည်း သူ့အကြောင်းကို ကောင်းကောင်း မသိဘူး]
နန်ကောက မျှော်လင့်တကြီး မေးလာတယ်။ [ငါ သိပြီ။ သူက ဘယ်လိုမျိုးလဲ]
သိပ်မကြာခင် နန်ကောတစ်ယောက် သူ့အစ်ကိုရဲ့ ရှန်ရန်ချင်းအပေါ် အကဲဖြတ်တာကို ကြားလိုက်ရတယ်။ [ဘယ်လိုမှ မနေဘူး]
“.…...”
နန်ကောမေးလိုက်တယ်။ [ နင်တကယ်ပဲ သူ့ကို လူကိုယ်တိုင် မြင်ဖူးလို့လား]
******