← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

Ch 8 အလုပ်လုပ်ဖို့ အကြွေးတင်နေတယ်

နန်ကောနဲ့ သူမအစ်ကိုက အိပ်ရာမဝင်ခင် မနက်တစ်နာရီအထိ အငြင်းပွားနေခဲ့တယ်။ နောက်တစ်နေ့မှာတော့ သူမ အတန်း နောက်ကျခဲ့လေတယ်။

ကံကောင်းစွာနဲ့ ပရော်ဖက်ဆာအိုကြီးက သဘောကောင်းတာကြောင့် သူမကို တစ်ခဏလောက် စနေပြီးနောက်မှာ ဝင်ခွင့်ပြုလိုက်တယ်။

နန်ကောက မနက်ခင်းတစ်တန်းလုံး အိပ်ငိုက်နေခဲ့တယ်။ သူမအတွက် အတန်းပြီးတဲ့အချိန်ထိ သည်းခံနေဖို့က မလွယ်ကူခဲ့ဘူး။ သိပ်မကြာခင် သူမ အတန်းထဲက ထွက်တော့ စားသောက်ဆိုင် မန်နေဂျာက သူမကို စာပို့လာပြီး အဆိုးမြင်မှတ်ချက်တစ်ခုကို ပို့ပေးလိုက်တယ်။

[ပစ္စည်းပို့တဲ့သူက နောက်ကျလွန်းတယ် ငါတို့က ဘယ်လိုလုပ်ပြီး အေးနေတဲ့ဟာကို စားရမှာလဲ။ သူ့ရဲ့အကျင့်က လည်းဆိုးလိုက်တာငါသူ့ကို ဖြုတ်ပစ်ဖို့ အကြံပြုတယ်]

“.....”

ကောမန့်ကို ကြည့်ရင်း နန်ကော ရုပ်တည်သွားပြီး ဒေါသထွက်ထွက်နဲ့ရယ်လိုက်မိတယ်။

သူမ စာအုပ်ကို ပိုက်လိုက်ပိး ကော်ရစ်ဒါအဆုံးမှာ ရပ်လိုက်တယ်။ သူမကိုယ်သူမ ကာကွယ်ဖို့ ဒေါသတကြီး စာရိုက်လိုက်တယ်။

[ငါနဲ့ ဘာမှလုပ်စရာကို ရှိမနေဘူး။ သူ့ဘာသာ လိပ်စာအမှားကြီးရေးတာလေ]

[သူတို့နေရာက ဟောင်းပြီး ကျဉ်းသေးတဲ့အပြင် ဓာတ်လှေကားတောင်ရှိမနေဘူး။ ငါက ခြောက်လွှာအထိ တက်ခဲ့ရတာတောင် ဘယ်သူမှ တံခါးမဖွင့်ပေးဘူးလေ။ ငါချက်ချင်းပဲ သူမကို ဖုန်းခေါ်တော့ သူမက လိပ်စာမှားရေးမိတာတဲ့]

[ဘယ်လိုလုပ်ပြီးများ ငါ နောက်ကျတယ်လို့ပြောရဲတာလဲ။ ပြီးတော့ မနေ့က လမ်းအခြေအနေကလည်း ဆိုးရွားနေတာ လိပ်စာနှစ်ခုကလည်း တစ်လမ်းလောက် ခြားနေတာလေ။ ငါအဲဒီကို အကောင်းဆုံးကြိုးစားပြီး ပစ္စည်းပို့ခဲ့တာပဲ]

နန်ကောကတော့ ဒါက တစ်ဖက်သူ အမှားကြီးပဲလို့ ခံစားရတယ်။

အကယ်၍ တစ်ဖက်သူကသာ လိပ်စာအမှားမပို့ခဲ့ရင် ပြီးတော့ ‌မနေ့က လမ်းအခြေအနေကောင်းရင် သူမ ပစ္စည်းအချိန်မှီ ပို့နိုင်ခဲ့တယ်လေ။

သူမ ပိုပြီးတွေးလေလေ ဒေါသထွက်လာရလေလေပဲ။ သူမက ကာစတန်မာကို ချက်ချင်း ဖုန်းဆက်လိုက်ဖို့တောင် မျှော်လင့်မိတယ်။ အဲဒီ ကာစတန်မာက သူမကို တောင်းပန်ပြီး အမှားကို ပြန်ဝန်ခံရမယ်။ သူမ အနောက်လှည့်လိုက်ရုံရှိသေး သူမကို အဆိုးမြင် မှတ်ချက်ပေးတယ်တဲ့။

အဲဒီကာစတန်မာက သူမ နောက်ကွယ်မှာ ဘယ်လိုတောင် လုပ်ရဲရတာလဲ။ သေစမ်း...

လူတွေကြားက အချင်းချင်းယုံကြည်မှုက ဘယ်ရောက် သွားတာလဲ။

[ဒါအတွက်တော့ဘရှင်ကျွနမရဲ့လစာကို မလျော့ပါဘူး ဟုတ်တယ်မလား]

[တကယ်ကို ငါအခြေအနေကို နားလည်ပါတယ်။ ဒါပေမဲ့ စည်းကမ်းချက်အရ အဆိုးနှုန်းတစ်ခုက တစ်ရာ လျော့ခံရမှာလေ။ ငါ့မှာ ရွေးချယ်စရာမရှိဘူး *ပြုံးလိုက်*]

[စည်းကမ်းတွေက မပြောင်းလဲ‌ပေမဲ့ လူတွေကတော့ ပိုပြီး ပြောင်းလဲလွယ်သေးတယ်]

[အဆင်ပြေပါတယ်။ ဒါက အဆိုးမြင်နှုန်းတစ်ခုပါပဲ။ မင်းက ငယ်သေးတာပဲ။ ဒါကို အနှောင့်အယှက် တစ်ခုအဖြစ် တွေးစရာ မလိုပါဘူး။ ပြီးတော့ ဒီနေ့မှာ ကာစတန်မာကောင်းနဲ့ တွေ့ရင် ဂွတ်ရယ်ဗျူးတောင်ရဦးမှာဆိုတော့ ပိုက်ဆံပြန်မရနိုင်ဘူးလား]

နန်ကောက ပြုံးပြီး ရိုးရိုးသားသားမေးလိုကိတယိ။ [ရှင် ပြောနေတာကို ပြန်ကြည့်လိုက်စမ်းပါ။ ဒါက ရယ်စရာကြီးလို့မတွေးမိဘူးလား]

မန်နေဂျာ:[*နှင်းဆီ* *အသည်းပုံ*]

နန်ကော “....”

ထင်ထားတဲ့အတိုင်း သူမ အစ်ကိုရဲ့အလုပ်သမားက သူမအစ်ကိုလို စက်ဆုပ်စရာကြီးပဲ။

နန်ကောက အတော်ဒေါသထွက်နေတာမို့ ပုံကို သိမ်းလိုက်ပြီး သူမ ဝီချတ်မှာ ပြန်မတင်ခင် သူမက မန်နေဂျာနဲ့ မိသားစုကို ဘလော့လိုက်တယ်။ ကပ်ပရှင်က ပြောထားတယိ။ [ငါက အခုချိန်မှာ ပစ္စည်းပို့သမားအနေနဲ့ ကျင့်ဝတ်မရှိတဲ့နယ်ပယ်မှာ အလုပ် လုပ်နေရတယ်။ ငါ တစ်ချိန်လုံး အငတ်ခံပြီး သေလုနီးပါးဖြစ်ပေမဲ့ငါ အလုပ်လုပ်နေတာတောင် အကြွေးက တင်နေတုန်းပဲတဲ့]

ယွီ:[ဘာဖြစ်နေတာလဲ။ နင် ဘဝအတွေ့အကြုံယူနေတာလား။ ငါ ချမ်းသာရခြင်းရဲ့ပျော်ရွင်မှုကို နားမလည်တော့ဘူး]

စုဟွေး:[ ငါတောင် ပြောစရာမရှိတော့ဘူး ဟားဟားဟားဟား]

နန်ကော တစ်ခစ်ခစ်ရယ်လိုပြီး သေခြင်းတရားရဲ့အပြုံး အီမိုဂျီကို ပို့ပေးလိုက်တယ်။ သူမရဲ့စာအုပ်ကို ဒေါသထွက်ထွက်နဲ့ ပိုက်ပြီး နောက်အခန်းကို တည့်တည့်ထွက်သွားတယ်။ ________အဲဒီအချိန် ဟွာရှန်အုပ်စုရဲ့ဥက္ကဌရုံးခန်းထဲမှာတော့......

“ဥက္ကဌရှန် ဒီမှာက မင်းတစ်ချက်လောက် ကြည့်ဖို့လိုတဲ့ စာရွက်စာတမ်းတွေပါ” လက်ထောက်ယွမ်က သူ့လက်ထဲက အရေးတကြီး စာရွက်စာတမ်းနဲ့အတူ အပြင်ဘက်ကနေ ဝင်လာတယ်။

ရှန်ရန်ချင်းက သူ့ဖုန်းကို ချလိုက်တယ်။ အမှားမရှိတာ သေချာမှ နောက်ဆုံးမှာ သူ့လက်မှတ်ထိုးပြီး သူ့(ယွမ်)ဆီကို ပြန်ပေးလိုက်တယ်။

လက်ထောက်ယွမ်က ရှန်ရန်ချင်းက သူ့ကို လက်ဝှေ့ယမ်းပြ‌တာနဲ့ အနောက်ကို ပြန်ဆုတ်သွားတယ်။

“မင်းက အချိန်မှီရောက်လာတာပဲ။ ငါ့မှာ မင်းကို မေးစရာရှိတယ်”

“ဟမ် ဥက္ကဌရှန် ဆက်ပြောပါဗျ”လက်ထောက်ယွမ်က စာရွက်စာတမ်းကို ပိုက်ထားရင်းနဲ့ သတိကို အမြင့်ဆုံးထားလိုက်တယ်။

ရှန်ရန်ချင်းက သူ့လက်တွေကို ယှက်လိုက်ပြီး မျက်မှန်အောက်က သူ့မျက်လုံးတွေက သံသယအရိပ်အယောင်တွေ ရှိနေတယ်။ “မနေ့က ငါ့အတွက်ညစာကို ဘယ်စားသောက်ဆိုင်က နေမှာလိုက်တာလဲ”

“.....”လက်ထောက်ယွမိက ရှန်ရန်ချင်းက ပရော်ဖယ်ရှင်နယ် ဆန်ဆန် စစ်ဆေးမေးမြန်းတာကို ဖြေဖို့ အဆင့်သင့်ဖြစ်နေပေမဲ့ သူမေးတာက အစားအသောက်အကြောင်းတဲ့လား။

ဒါပေမဲ့ အထူး‌လက်ထောက်အနေနဲ့ သူ့မျက်နှာ အမူအရာက အန္တရယ်တောထဲ ရောက်တာတောင် တည်ငြိမ်နေဆဲသာ ဖြစ်တယ်။ သူက အမြန်ပဲ စိတ်လျော့လိုက်ကာ စိတ်ရှည်ရှည်နဲ့ ဖြေလိုက်တယ်။ “အဲဒါက အသစ်ဖွင့်ထားတဲ့ဆိုင်ကပါ။ အတွင်းရေးမှုးရုံးက လူတွေက အတော်လေးကောင်းတယ်ပြောတာမို့ ကျွန်တော်လည်း ခင်ဗျားအတွက်မှာလိုက်တာ”

“ပြသနာရှိနေလို့လား ဒါမဟုတ် အရသာမတွေ့တာ တစ်ခုခုဖြစ်နေလို့လား”

“မဟုတ်ဘူး” ရှန်ရန်ချင်းက ဒီထက်ရှင်းပြစရာမလိုတော့ဘူး။ ဝီချတ်မိုးမန့်ပေါ်က ပုံပြန်ရိုက်ယူထားတဲ့ ပုံအကြောင်းကို တွေးမိတော့ တစ်ခဏလောက်တွေးပြီး မေးလိုက်တယ်။ “ဒီနေ့ခေတ် ပစ္စည်းပို့သမားတွေအတွက် ရယ်ဗျူးအဆိုးတွေပေးခံရတာက အဆင်ပြေရဲ့လား”

လက်ထောက်ယွမ် ကြောင်အသွားတယ်။

သူ့မှာ လစာအနေနဲ့ တစ်နှစ်ကို ယွမ်တစ်သန်းလောက်‌ ရနေတာလေ။ သူတစ်‌နေ့မှာ ဒီလိုမျိုး အတွေ့အကြုံရင့်တဲ့တခြားဥက္ကဌကို ဒီလိုအရာတွေ ပြန်သင်ပေးနေရမယ်လို့ မမျှော်လင့်ခဲ့မိဘူး။

“ကျွန်တော့်ရဲ့အချိန်အကြာကြီး အော်ဒါကောက်ရတဲ့ အတွေ့အကြုံပေါ် အခြေခံရရင် အဆိုးမြင်ရယ်ဗျူး ပေးခံရတာလည်း ကောင်းပါတယ်။ သူတို့က ကောင်းတာ တစ်ခုခုကို တောင် ဆုပေးခံရဦးမယ်”

“အဓိကကတော့ ပလပ်ဖောင်းနဲ့စားသောက်ဆိုင်အများကြီးရဲ့စံနှုန်းတွေက မတူညီဘူးလေ”

“အကယ်၍ သူတို့ရဲ့စံညွှန်းအသေးစိတ်ဇယားကို လိုချင်ရင် ကျွန်တော် သူတို့ကို သေသေချာချာလည်း စုထားပေးမယ်”

ရှန်ရန်ချင်းက သူ့လက်ကို ယမ်းလိုက်တယ်။ “အဲဒါတွေမလိုပါဘူး။ ငါက ဒါက သာမန်ပဲလားဆိုတာ အတည်ပြုချင်ရုံပဲ”

လက်ထောက်ယွမ်က ခေါင်းညိတ်လိုက်တယ်။ “အတော်လေးကို သာမန်ပါပဲ။ ဒီနည်းနဲ့ပဲ လူတွေက ပစ္စည်းပို့တဲ့သူတွေကို ထိန်းချူပ်ရတာလေ”

လက်ထောက်ယံမိက သူအမြန်ပြောလိုက်မိမိချင်း ရှန်ရန်ချင်းရဲ့ မျက်နှာအမူအရာကို ပြန်ကြည့်နေလိုက်တယ်။

ဥက္ကဌရှန်က ဒီ‌အကြောင်းကို အကြောင်းပြချက်မရှိဘဲ မမေးတတ်ဘူးလေ။ _______သူ့စိတ်ထဲမှာ အတွေးတွေ ဖြတ်ပြေးနေပြီး လက်ထောက်ယွမ်က သူ့လက်က စာရွက်စာတမ်းတွေကို ဆုပ်ကိုင်လိုက်တယ်။ သူက သူ့အိတ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး မနေ့က အော်ဒါမှာ ယူလိုက်တဲ့ အချက်အလက်ကို အမြန်ဆွဲယူလိုက်တယ်။ သူက လက်ကမ်းပေးလိုက်တယ်။ “ဥက္ကဌရှန် ကြည့်ကြည့်ပါ။ ကြယ်ငါးခုကို အကောင်းမြင်ရယ်ဗျူးလို့တွေးလို့ရတယ်။ ကြယ်တစ်လုံးထဲက အဆိုးရယ်ဗျူးလေ အောက်မှာက ကောမန့်တွေတောင် ရှိနေသေးတယ်”

“ကြည့်ကြည့်ပါ။ မနေ့က ဥက္ကဌကို ပစ္စည်းပို့ပေးတဲ့သူရဲ့ အချက်အလက်ကို မြင်နိုင်တယ်။ နန်ကော ဟမ် ဒါက မိန်းကလေးနာမည်ကြီးမလား”

လက်ထောက်ယွမ်က တိုးတိုးလေးညည်းညူလိုက်တယ်။

ရှန်ရန်ချင်းရဲ့အကြည့်တွေက နာမည်နှစ်လုံးအပေါ်မှာ ဖြတ်သန်းသွားပြီး လက်ထောက်ယွမ် သူ့ဖုန်းကို ပြန်မယူသွားခင်အထိ ရပ်တန့်နေတယ်။ “ဂွတ်ရယ်ဗျူးကို ငါဘယ်လိုရေးရမလဲ”

လက်ထောက်ယွမ်က ချက်ချင်းပဲနားလည်သွားတယ်။ “စိတ်မပူပါနဲ့ ဥက္ကဌရှန် ကျွန်တော် အုပ်စုစိုက်လိုက်ပါ့မယ်”

တကယ်တော့ ရှန်ရန်ချင်းက သူရေးတာကို သေသေချာချာ မကြည့်ရမချင်း စိတ်မအေးချမ်းနိုင်ဘူး။

အဆုံးမှာတော့ သူ့ရဲ့သေလုဆဲဆဲ အကြည့်အောက်မှာ ဟွာရှန်အုပ်စုမှာ ပထမဆုံးအင်တာဗျူးဖြေတဲ့နေ့က ရှိခဲ့တဲ့ ‌တည်ကြည် လေးနက်မှုကိုပဲ လက်ထောက်ယွမ် အသုံးချလိုက်ရတယ်။ သူ့ရဲ့စကားပြောကောင်းမှုနဲ့ ချစ်စိတ်ပြင်းပြတဲ့ စာပိုဒ်တိုကို ရေးပြီးနောက်မှာတော့ ပို့လိုက်တယ်။

စိတ်ကျေနပ်သွားတာနဲ့ ရှန်ရန်ချင်းက သူ့ကို ထွက်သွားခွင့် ပြုလိုက်ပြီး သတိပေးလိုက်တယ်။ “နေ့လယ် ဘာစားမလဲ။ သူတို့ကို မေးပြီး အဲဒီဆိုင်ကပဲ မှာလိုက်”

“ဟုတ်ကဲ့ပါ ဥက္ကဌရှန် “သူ့ဘော့စ်က သူ့ကို ကောင်းကောင်း ဆက်ဆံချိန် အရူးက ပဲ ငြင်းဆန်မှာ။

လက်ထောက်ယွမ် တံခါးနားရောက်ပြီး ချိန်မှာ ရှန်ရန်ချင်းက သူ့ကို ရပ်ပြီး ထပ်ပြောတာကို ကြားလိုက်ရတယ်။ “နန်ကောလို့ ခေါ်တဲ့ ပို့တဲ့သူကို ခေါ်ပြီး မှာဖို့ သတိရဦး”

လက်ထောက်ယွမ်က ကြောင်အသွားပြီး သူက အတင်းအဖျင်း တစ်ခုကို အနံရလိုက်တယ်။ ________[မင်းကျောင်းချိန် ပြီးပြီလား။ ဒီမှာအော်ဒါတစ်ခုလာတယ်။ စာဖတ်လို့ပြီးတာနဲ့ ချက်ချင်းလာခဲ့]

နောက်ဆုံးသင်ခန်းစာပြီးတော့ နန်ကောအခန်းထဲက ထွက်လာ တာနဲ့မန်နေဂျာရဲ့စာကို မြင်လိုက်ရတယ်။ ဖုန်းကောလ် အချို့တောင် တွေ့လိုက်သေးတယ်။

သူမ ဒေါ်လာတစ်ရာလျော့ခံရကတည်းက နန်ကော သူမရဲ့ စိတ်အားထက်သန်တာက ပျောက်သွားပြီး ချက်ချင်းပဲ သွားဖို့ကို ငြင်းလိုက်တယ်။ [တောင်းပန်ပါတယ် နေ့လယ်ခင်း အတွက် အချိန်မရှိဘူး ညဘက်မှပဲ အလုပ်ကို လာခဲ့မယ်]

အဆုံးမှာတော့ မန်နေဂျာရဲ့ပြီးခဲ့တဲ့အပြုအမှုကို အတုခိုးဖို့ကောနှင်းဆီပန်းနှစ်ခုပို့ဖို့ မမေ့သေးဘူး။

နောက်တစ်စက္ကန့်မှာ မန်နေဂျာက ခေါ်လာတယ်။ နန်ကောက ချက်ချင်းပဲ ဖုန်းကိုင်လိုက်ရတယ်။

“အမြန်လာခဲ့ ငါတို့ အော်ဒါကြီးကြီးရထားတာ”

သူတို့စားသောက်ဆိုင်က ပလက်ဖောင်းပေါ်မှာ ပေါ်လာတာ မကြာသေးပေမဲ့ အသားအသောက်တွေကို ပို့ဖို့လမ်းကြောင်းကို သူတို့ရဲ့ ပို့တဲ့သူတွေကိုသာ အသုံးပြုလေတယ်။

အော်ဒါတစ်ခုအပေါ် မူတည်ပြီး ပို့တဲ့သူက သူတို့ရဲ့ကော်မရှင်ခကို ရလေတယ်။ ဒါကပဲ အခြားပလက်ဖောင်းပေါ်က ပို့တဲ့သူတွေနဲ့ကွာခြားတာပဲ။

ခပ်ရှင်းရှင်းပြောရရင် မှာတဲ့သူ ပိုများလေလေ ပို့ပေးတဲ့သူက ပိုက်ဆံပိုရလေလေပဲလေ။

အော်ဒါကြီးကြီးတဲ့လား။

နန်ကောက မထီမဲ့မြင်ပြုလာတယ်။ “တကယ်ကြီးကို ပိုကိဆံက ကျွန်မအတွက် အရေးမပါဘူးနော်”

မမျှော်လင့်ပဲ မန်နေဂျာနဲ့စကားအနည်းငယ် များပြီး နောက် တစ်စက္ကန့်မှာ နံပါတ်တစ်ခုကို ပို့ပေးလာတယ်။

နန်ကောကြည့်လိုက်တယ်။ “ကျွန်မကို ခဏပဲစောင့် ကျွန်မရဲ့Lamborghiniကားနဲ့ လမ်းမှာလာနေပြီ”

******

All Chapters