အခန်း ၉
Vol. 1 Ch. 9
Ch 9 Lamborghiniနဲ့ ပစ္စည်းပို့ပေးခြင်း
နန်ကောက သူမ အဆောင်ကို ညပြန်ဖို့ အချိန်မရှိတာကြောင့် Lamborghiniကားနဲ့ပဲ စားသောက်ဆိုင်ကို တည့်တည့်သွားလိုက်တယ်။
ဟိုက်မြို့တော်ရဲ့ မနက်စောစောမှာ နေက မြင့်တက်လာနေပြီး လမ်းမပေါ်ရှိ နှင်းအများစုက အရည်ပျော်ကျသွားတယ်။ နန်ကော လမ်းတစ်လျှောက်လုံးမှာ ဘာပြသနာမှ မကြုံတွေ့ခဲ့ဘူး။
ကားအကောင်းစားကြီးက ဘတရွှီးရွှီးမြည်လျက် တစ်လျှောက်လုံမောင်းနှင်သွားပြီး စားသောက်ဆိုင်ဝင်ပေါကါရှေ့မှာ ရပ်တန့်လိုက်တယ်။
နှင်းတွေက ရေအဖြစ်ပြောင်းသွားပြီး မမောမပန်းနိုင် စီးဆင်းနေတယ်။ မန်နေဂျာက ရှော့ခ်ရသွားတယ်။ သူမ ရှောင်လိုက်နိုင်သေးခင် ရွံ့တွေက သူ့ကို ပက်စင်သွားတယ်။
“အို့ ဆောရီး ကျွန်မ ရှင် ဒီမှာရှိနေတာ မမြင်လိုက်လို့”နန်ကောက ညတံခါးကို တွန်းဖွင့်ပြီး ကားထွဲက နေ ထွက်လာခဲ့တယ်။ သူက အဆင်တံဆာတွေကို တံခါးပေါ်မှ ခပ်မြှင့်မြှင့် မြှောက်လိုက်တယ်။ “ရှင် အဆင်ပြေရဲ့လား”
မန်နေဂျာ ဘာမှ မပြောနိုင်တော့ဘူး။ သူမက ဒီမနက်က အဆိုးရယ်ဗျူးကြောင့် လက်စားပြန်ချေနေတယ်လို့ တွေးလိုက်မိတယ်။ ကံမကောင်းစွာနဲ့ပဲ သူ့မှာ သက် သေပြစရာမရှိဘူး။
“ဟီးဟီး မစိုးရိမ်ပါနဲ့”မန်နေဂျာက အပြုံးတုတပ်လိုက်ပြီး သူပြင်ဆင်ထားတဲ့ အစားအစာကို လက်ကမ်းပေးလိုက်တယ်။ “လမ်းပေါ်မှာ ဖြေးဖြေးမောင်း။ မင်း ဒါကို အန္တရာယ်ကင်းကင်းနဲ့ ပို့ရမယ်”
“ဝိုး အများကြီးပါလား”
နန်ကောက အစားအစာထုပ်တွေက ခရီးသည်ခုံမှာ တင်လိုက်ပြီး အမှာစာအချက်အလက်ကို ယူဖို့ လက်လှမ်းလိူက်တယ်။ “ဒါတွေက ဆောက်လုပ်ရေးအသင်းအဖွဲ့အတွက်လား ပါတီလား”
သူမ ညည်းညူလိုက်ပြီး သူမ မျက်လုံးတွေ ကျဉ်းမြောင်းသွားတယ်။ သူမ အမှာစာရွက်ကို သူမ မျက်လုံးအနီးက ဆွဲယူလိုက်ပြီး နောက်တစ်ကြိမ် သေသေချာချာ ဖတ်လိုက်တယ်။ သူမက နေရပ်လိပ်စာကို တစ်လုံးချင်းဖတ်နေခဲ့တယ်။
“ဟွာရှန်ဥက္ကဌရုံးခန်းတဲ့လား”
အဲဒါက ရှန်ရန်ချင်းရဲ့ကုမ္ပဏီမလားဟ_______မိနစ်နှစ်ဆယ်ကြာတော့ နန်ကော ဘရိတ်အုပ်လိုက်ပြီး ဟွာရှန်အုပ်စု အပြင်ဘက်မှာ ကားပါကင်ထိုးလိုက်တယ်။
“ဟယ်လို”
နေ့လယ်ခင်းပိုင်းမှာ ဧည်ကြိုနေရာမှ လူတွေထိုင်နေကြတယ်။ သူမက အသံကြားတော့ မတ်တပ် ထရပ်လိုက်တယ်။ “ဟယ်လို ဘာကို ရှာနေတာလဲရှင့်”
နန်ကောက သူမကိုင်ထားတဲ့ အိတ်ကြီးနှစ်အိတ်ကို မြှောက်ပြလိုက်ပြီး ညွှန်ပြလိုက်တယ်။ “ဥက္ကဌရုံးခန်းကို ပို့ပေးရမဲ့ အစားအစာတွေပါရှင့်”
“အို့ သိပြီ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါရှင့်”ဧည့်ကြိုမလေးက ထောက်ခံချက် အတွက် ဥက္ကဌရုံးခန်းကို ဖုန်းဆက်လိုက်တယ်။ ဖုန်းဆက်ပြီး နောက် သူမက သူ (နန်ကော)ကို ယဥ်ယဉ်ကျေးကျေး ပြုံးပြလာတယ်။ “ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ မကြာခင် လူတစ်ယောက် ရှင့်ဆီလာခဲ့ပါလိမ့်မယ်”
နန်ကော သေသေချာချာ နားမလည်ပေမဲ့လည်း ခေါင်းညိတ်လိုက်တယ်။
ကော်ပိုရေးရှင်းအကြီးကြီးတွေက တကယ်ကို ခြားနားတာပဲ။ အ စားအသောက်အတွက်တောင် ပစ္စည်းပို့သမားဆီက ကိုယ်တိုင်ကိုယ်ကျ လာယူရတယ်။ ကျစ် ကျစ် ကျစ်
မိနစ်အနည်းငယ် ကြာတော့ နန်ကော ဓါတ်လှေကားတံခါး ပွင့်လာတာကို မြင်လိုက်ရတယ်။ ရုံဝတ်စုံပြည့်ဝတ်ထားတဲ့လူငယ်က ပတ်လည်ကို ကြည့်နေပြီး သူမ ဆီကို လျှောက်လာတယ်။
“မစ္စနန်ကောလားခင်ဗျ”လက်ထောက်ယွမ်က သူမ ရှေ့ကို လျှောက်လာပြီး မေးလာတယ်။
“ဟုတိတယ် ကျွန်မပါ”နန်ကောက သူမ လက်ကို ယမ်းပြလိုက်တယ်။ “ကျွန်မက အယ်ရယ်လန်က ပို့တဲ့သူပါ။ ရှင် စားစရာမှာထားလားရှင့်”
“ဟုတ်တယ် ဟုတ်တယ်” လက်ထောက်ယွမ်က ဝေစုကို ယူလိုက်ပြီး အားမလိုအားမရ ပြန်ပြောလာတယ်။ “ဒါက အများကြီးပဲ။ ကျွန်တော့်ကို ကူပြီး ဒါတွေ အပေါ်ကူပို့ပေးပါဦး”
ဒါပေါ့ နန်ကောက လည်း ငြင်းစရာအကြောင်းမရှိဘူးလေ။ “ပြသနာမရှိပါဘူး”
“ကျေးဇူးပြုပြီး ဒီဘက်မှာပါ”လက်ထောက်ယွမ်က ပြုံးပြီး သူမကို သူနဲ့ အတူလိုက်ဖို့ ညွှန်ပြလာတယ်။ နန်ကော နောက်တစ်ကြိမ် သက်ပြင်းရှိုက်လိုက်ပြီး သူနဲ့အတူ လိုက်လာတယ်။ ဥက္ကဌလက်အောက်မှာ လုပ်ကိုင်နေသူအနေနဲ့ သူက တကယ်ပဲ ဂုဏ်သတင်းမြှင့်လေတယ်။
မသိတဲ့သူဆိုရင် သူမကို လေးစားအထင်ကြီးချင်လောက်တယ်။
ဓါတ်လှေကားနံပါတ်ကို တိတ်တဆိတ်နှိပ်ပြီးချိန် လက်ထောက်ယွမ်က သူ့ဘေးဘက်ရှိ ခပ်ငယ်ငယ် ကောင်မလေးကို မျက်လုံးထောင့်ကနေ ကြည့်ရှုနေခဲ့တယ်။ သူမ အသက်ကို ကြည့်ပြီး ဆုံးဖြတ်ရရင် သူမက တက္ကသိုလ်တက်နေတုန်း ဖြစ်မယ်။
သူမက တကယ်ကို ပိန်ပိန်သေးသေးလေးပဲ။ ဘယ်လိုများ ပစ္စည်းတွေကို ပို့နိုင်ပါလိမ့်။
သူမက ပိုက်ဆံစုဖို့ အချိန်ပိုင်းလုပ်နေတာဖြစ်မယ်။ ဒါကမှ ပိုပြီး အဓိပ္ပါယ်ရှိဦးမယ်။
“တဆိတ်လောက် ဥက္ကဌရှန်ဆီလားရှင့်”
ကောင်မလေး စကားပြောချိန်မှာ သူမ အသံက နူးညံ့တာကြောင့် တောင်ဘက်ပိုင်းက ဖြစ်မယ်။ တစ်ခါကတော့ ဒီနေရာရဲ့ ဒေသယိယစကားကို ကြားဖူးခဲ့တယ်။
“ဟုတ်တယ် သူပါပဲ” လက်ထောက်ယွမ်က သူမ နဲ့ မျက်နှာချင်း ဆိုင်လိုက်တယ်။ “မင်းက မနေ့က ဥက္ကဌရှန်အတွက် ညစာပို့ပေးတဲ့သူမလား”
“အမ် ဟမ်” နန်ကော ခေါင်းညိတ်လိုက်ရင်း သူမ ဘေးနားက အိတ်ကို ကောက်မလိုက်တယ်။ “ဒီလည်စည်းက မနေ့က ငှားခဲ့တာပါ။ ဥက္ကဌရှန်ကို ပေးပေးဖို့ ကူညီပေးပါ”
“ကျွန်တော် အဆင်မပြေမှာ စိုးမိတယ်”
သူတို့တွေက အချင်းချင်း လည်စည်းတောင် ပေးပြီပြီတဲ့ဟ။ လက်ထောက်ယွမ်အနေနဲ့ သူများကိစ္စကို ဝင်ပါဖို့ တကယ်မလုပ်ရဲဘူး။ “နောက်မှ မင်း ဘာသာမင်း ပေးလိုက်ပါ”
“ဟမ် ဒါက မသင့်တော်ဘူးလေ။ ဟုတ်တယ်မလား”ဒါက သူမ ရှန်ရန်ချင်းကို မတွေ့ချင်လို့ ဟုတ်ပေမဲ့ ပစ္စည်းပို့ သူအနေနဲ့ သူ့ရုံးခန်းထဲ ဝငိသွားတာက ရိုင်းပြတယ်လို့ ခံစားရလို့သာ ဖြစ်တယ်။
ဒါက တကယ်ကို မလိုအပ်ဘူးလေ။
“မဟုတ်ဘူး။ အဆင်ပြေတယ်။ ဥက္ကဌရှန်က မင်းအတွက် စားစရာကို မရရအောင် မှာခဲ့တာ”
“ဟမ်”
တိုက်တိုက်ဆိုင်ဆိုင် ဓါတ်လှေကားက အပေါ်ဆုံးအထပ်မှာ ရပ်သွားတယ်။ လက်ထောက်ယွမိက ဘာမှမပြောပေမဲ့ သူမကို လိုက်လာဖို့ လက်ဟန်ပြလာတယ်။
သူမ ဥက္ကဌရုံးခန်းထဲဝင်တော့ နန်ကော သိသိသာသာကိုပဲ လူတွေက သူမကို ထူးထူးဆန်းဆန်း ကြည့်နေတာကို သတိပြုမိတယ်။
စပ်စုဖို့သတိအနေနဲ့ သေသေချာချာစစ်ဆေးအနေနဲ့စိတ်သက်သာရာရအောင် စစ်ဆေးကြည့်တာ ဖြစ်နိုင်တယ်။
အဲဒီဒါက ပန်ဒါတစ်ကောင်ကို ကြည့်နေသလိုမျိုးပဲ။ ။
နန်ကော စိတ်ရှုပ်သွားတယ်။
ဒါပေမဲ့လည်း သူမ အုပ်စုမစိုက်ပါဘူး။ ပိုက်ဆံကို သူမ ရပြီး သားမို့စိတ်ထဲ ထားမနေတော့ဘူး။
“ဒီမှာစားစရာပါ။ကျွန်မ ရှင်တို့ ကောင်းကောင်းစားဖို့ ဆုတောင်းပါတယ်နော်”အဲဒီလိုတွေးပြီး သူမ စားစရာကို ပျော်ပျော်ရွင်ရွင် ချပေးလိုက်ပြီး လူတိုင်းကို ချိုချိုသာသာပြုံးပြကာ ထွက်သွားဖို့ ပြင်လိုက်တယ်။
ဘက်ထောက်ယွမ်က သိပ်မဝေးတဲ့ရုံးခန်းကို ကြည့်လိုက်ပြီး ချောင်း အသာဟန့်လိုက်တယ်။ “မစ္စနန် ဥက္ကဌရုံးခန်းက ဒီဘက်မှာပါ”
“အို့ ဟုတ်သား ဒါက ဥက္ဌရှန်ရဲ့ဝေစုပါ။ ဒါကို သူ့ဆီပို့ပေးဖို့ ကူညီပါဦးနော်”
နန်ကော ကြောင်စီစီနဲ့ ယူလိုက်ပြီး ရှေ့ကို ခြေနှစ်လှမ်းလှမ်း လိုက်တယ်။ သူမ သတိဝင်တော့ အံဩသွားပြီး လက်ထောက် ယွမ်ကို လှည့်ကြည့်လိုက်တယ်။ သူမက မရေမရ မေးလာတယ်။ “ကျွန်မတကယ် ဝင်လို့ကော ရရဲ့လား”
ဒါက ရိုင်းပြရာမရောက်ဘူးလား သူက သူမကို ဘတ်ရယ်ဗျူးပေးလောက်မလား။
လက်ထောက်ယွမ်က သူမကို ဆက်လုပ်ဖို့ညွှန်ပြလိုက်ပြီး ဘာမှထပ်ပြောဖို့ မလိုတော့ဘူး။
သူမ မရွေ့တော့တာ မြင်တော့ ဘက်ထောက်ယွမ်က သူမကို ဆက်လိမ်လိုက်တယ်။ “ဥက္ကဌရှန်က အစာအိမ် အားနည်းတယ်။ မင်း ပို့တာနှေးရင် သူဖြည်းဖြည်းချင်း ဗိုက်ဆာလာလိမ့်မယ်
“ဒါဆိုရင် ရှင် ဘာလို့ မပို့ပေးတာလဲ”
လက်ထောက်ယွမ်က တည်တည်ငြိမ်ငြိမ်ပြောလာတယ်။ “ကျွန်တော်လည်း စားတော့မလို့လေ”
“..”သူမ ဘာလို့ဟွာရှန်အုပ်စုက လူတွေ တစ်ခုခုမှားနေတယ်လို့ ခံစားနေရတာလဲ။
______တံခါးခေါက်လိုက်ချိန်မှာ ရှန်ရန်ချင်းက သု့စားပွဲမှာထိုင်နေပြီး ဆော့ဝဲလ်နဲ့ပတ်သက်ပြီး လေ့လောနေတယိ။
တံခါးခေါက်သံကြားတော့ သူ ခပ်ကျယ်ကျယ်ပြောလိုက်တယ်။ “ဝင်လာခဲ့”
တံခါးကို တွန်းလိုက်ပြီူ နန်ကောအထဲကို ခေါင်းပြူကြည့်ကာ အထဲထဲရှိ အခြေအနေကို လေ့လာနေတယ်။
သူမ အထဲကို ခိုးကြေယင်ခိုးဝှက်ကြည့်တော့ ရှန်ရန်ချင်းက သူ့ခေါင်းကို ငုံ့ပြီး ကွန်ပျူတာကို ကြည့်နေတာ တွေ့လိုက် ရတယ်။ သူ့ဘေးဘက်မှာ ဖိုင်တွဲအချို့ပွင့်နေပြီး ဖုန်းကို အာရုံစိုက်ပြီး ကြည့်နေတယ်။
သူ့ကြည့်ရတာ အတော်လေး အလုပ်ရှုပ်နေတဲ့အတိုင်းသာ။
ဒါကို ကြည့်ရသလောက် ဘီလျှံနဲ့ချီတဲ့ အလုပ်လုပ်နေတာ ဖြစ်မယ်။
နန်ကော တုံ့ဆိုင်းသွားတယ်။
သူ့ကို နှောင့်ယှက်လိုက်ဖို့ မကောင်းဘူး ဟုတ်တယ်မလား။
အဲဒီအချိန် စားပွဲနောက်က လူက တစ်ခုခုကို အာရုံခံမိပုံရတယ်။ တဖြည်းဖြည်းခေါင်းမော့လာပြီး သူမ ရှိရာနေရာကို ကြည့်လာတယ်။
နန်ကော ကိုးရိုးကားရား ပြုံးပြလိုက်တယ်။ “မင်္ဂလာနေ့လယ်ခင်းပါ ဥက္ကဌရှန် ကျွန်မ ရှင့်အတွက် စားစရာ လာပို့တာပါ”
သတိပြန်ဝင်လာချိန်မှာ ရှန်ရန်ချင်းက သူ့ဖုန်းကို ချလိုက်ပြီး ချက်ချင်း ထရပ်လိုက်တယ်။ “အထဲကို ဝင်ပါဦး”
နန်ကောက ခေါင်းညိတ်လိုက်ပြီး သူမ ပစ္စည်းတွေနဲ့ အထဲဝင်လာတယ်။
“ရှင့်ဖို့က ဒီမှာပါ”
သူမ စားစရာကို သူ့စားပွဲပေါ်တင်လိုက်ပြီး သယ်တဲ့အိတ်ကို ဘေးမှာထားလိုက်တယ်။ သူမက အဲဒါကို အရှေ့ကို တွန်းရင်း ရှင်းပြလာတယ်။ “ဒါက လက်ကိုင်ပဝါနဲ့လည်စည်းပါ။ ကျွန် မသူတို့ကို လျှော်ပြီးသွားပြီ။ ကျေးဇူးပါ”
ရှန်ရန်ချင်းက စားပွဲပေါ်က အိတ်ကို ကြည့်လိုက်တယ်။ သူမက ဒီပစ္စည်းတွေကို ပြန်ယူလာပေးမယ်လို့ သူတကယ်မမျှော် လင့်ခဲ့ဘူး။
“မင်း နေ့လယ်စာ စားပြီး ပြီလား”
“အို့ မစားရသေးဘူး” နန်ကော ရိူးရိုးသားသား ပြန်ဖြေလိုက်တယ်။ “အတန်းပြီးပြီးချင်း ရှင့်ဆီက အော်ဒါရတာလေ။ ကျွန်မမှာ မရပ်မနား ဒီကို လာရတာ”
ရှန်ရန်ချင်းက သူမ စကားတွေကြောင့် ရယ်ချင်သွားတယ်။ နန်ကော စကားပြောတိုင်း သူမ မျက်နှာအမူအရာက ကွက်ကွက် ကွင်းကွင်း ပုံဖော်ပြလာလေ့ရှိတယိ။ သူမက အရမ်း တက်ကြွလွန်းတဲ့ ပုံရှိပြီး အကြည့်တစ်ချက်နဲ့တင် လေထုကို ပြောင်းလဲနိုင်စွမ်းရှိတယ်။
“ကျေးဇူးပါ။ မင်း မထွက်သွားခင် ဒီမှာနေပြီး စားချင်သေးလား”
“မလိုတော့ပါဘူး။ ကျွန်မ အဆင်ပြေပါတယ်”နန်ကော သူမ လက်ကို ခါလိုက်မိတယ်။ “ကျွန်မ ကျောင်းကို ပြန်သွားပြီး စားမှာ”
သူမ ပြောပြီး တာနဲ့ တံခါးခေါက်သံတစ်ခုပေါ်လာတယ်။
သူတို့နှစ်ယောက် တစ်ပြိုင်တည်း ကြည့်မိတော့ လက်ထောက်ယွမ်က တံခါးကို တွန်းဖွင့်လာတယ်။ သူ့ကြည့်ရတာ အရမ်းစိုးရိမ် နေပုံရတယ်။
“ဥက္ကဌရှန် ကျွန်တော်တို့ ညစာပိုမှာမိသွားတယ် ဒါက မှားပြီး ရေမိတဲ့ ကျွန်တော့အမှားပါ။ ဒါပေမဲ့ ဒါကို ဖြုန်းတီးလို့မှ မရတာမစ္စနန် မသွားသေးတာကို မြင်တော့ ကျွန်တော်တို့နဲ့ ကူစားပေးပါလား”
နန်ကော စိတ်ရှုပ်သွားတာကို ခံစားလိုက်ရတယ်။
******