အခန်း ၁၀
Vol. 1 Ch. 10
Ch10 မင်းက အရမ်းချစ်ဖို့ကောင်းတယ်
လက်ထောက်ယွမ်ရဲ့ သရုပ်ဆောင်စကေးကို ပြောရရင် သူမအနေနဲ့ ဆိုးရွားလွန်းတယ်လို့ပဲ ပြောနိုင်တယ်။
သူမရဲ့ သရုပ်ဆောင်ချက်လောက်တောင်မှ မကောင်းဘူးရယ်။
သူမက ဘာပြောရမှန်းမသိတာမို့ ကိုးရို့ကားရားဖြစ်နေတယ်။
ရှန်ရန်ချင်းက လက်ထောက်ယွမ်ကို ရည်ရွယ်ချက်ရှိရှိလုပ်ဖို့ ပြောတာဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း သူက ဒါကို ပြောလိုက်ပြီးတာမို့ ဖော်ထုတ်လိုက်ဖို့လည်း မဖြစ်ပြန်ဘူး။
သူက ဒီတိုင်းနောက်က လိုက်ပြောလိုက်တယ်။ “ဒါဆိုလည်း ဒီမှာပဲ စားလိုက်တော့လေ”
နန်ကော နှုတ်ခမ်းတွေက ကိုးရိုးကားယားနဲ့ တွန့်ကွေးသွားတယ်။ အဲဒီနောက်မှာတော့ သူမ ရှန်ရန်ချင်း ပြောတာကို ကြားလိုက် ရတယ်။ “ကိုယ် ဒီနေ့ မင်းတို့စားသောက်ဆိုင်ကနေ စားစရာတွေ အပိုမှာမိတာမို့ သူတို့ကို ကူစားပေးပါဦး”
“အဆင်ပြေရင် ကိုယ်တို့အနာဂတ်မှာလည်း မင်းဆိုင်ကပဲ မှာမယ်လေ။ ဒါဆို မင်း သူတို့ကို နေ့တိုင်းလာပို့ပေးပေါ့”
ဒီလိုနဲ့ပဲ သူမက နေ့တိုင်းအော်ဒါအိတ်ကြီးကြီးကို လက်ခံလိုက်ရတယ်။
ဒါကို ကြားတော့ နန်ကောနှလုံးသားထဲက မျှချေက ယိမ်းယိုင် သွားတယ်။
သူမ ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်တယ်။ “အိုကေ”
အရူးကပဲ ပိုက်ဆံကို မလိုချင်မှာလေ။ တစ်စက္ကန့်လောက် တုံ့ဆိုင်းပြီး နောက်မှာ ပိုက်ဆံကြောင့် ရိုင်းပြမိပြီပဲ။
ကိစ္စတွေက ဒီလိုဖြစ်တော့ သဘာဝကျကျပဲ သူ့လမ်းကြောင်းက ဒါဖြစ်နေခဲ့တာပဲ။
နန်ကောက စားစရာကို လက်ခံပြီး ဆိုဖာပေါ်ကို နာနာခံခံ ထိုင်ချ လိုက်ပြီး စတင်စားတော့တယ်။ သူ့ရှေ့တည့်တည့်က ရှန်ရန်ချင်းကတော့ လက်ကိုင်ပါတဲ့ ကုလားထိုင်မှာ ထိုင်နေခဲ့တယ်။ အချိန်တွေ ကြာတော့ သူ့ဇွန်းနဲ့ခရင်းက စတင်ရွေ့လာတယ်။ သူ့ကြည့်ရတာက စားချင်စိတ်ရှိမနေဘဲ သူ့အာရုံတွေက အရှေ့က ဆန့်ကျင်ဘက်မှာ အလောတကြီးစားနေတဲ့ ဟန်းစတားလေးပေါ်မှာ အာရုံစိုက်နေမိတယ်။
ရှန်ရန်ချင်းက စီးပွားရေးလောကထဲမှာ နှစ်အတော်ကြာနေခဲ့ ဖူးတာမို့ အမျိုးသမီးတွေနဲ့လည်း ပုဂ္ဂိုလ်ရေးအရချိန်းဆိုမှု အများကြီးရှိခဲ့ဖူးတယ်။
ဒါပေမဲ့ အမျိုးသမီးတွေက သိမ်မွေ့ကာ သူတို့ကိုယ်သူတို့ ချူပ်တည်းထားလေ့ရှိပြီး ဣန္ဒြေရေရှိရှိပြုမှုလေ့ရှိတယ်။ သူတို့ဘယ်လောက်ပဲ ဆာလောင်နေပါစေ အလုတ်ကြီးကြီးစားလေ့ မရှိဘူး။
ဒါပေမဲ့နန်ကောကတော့ မတူညီလေဘူး။ သူမက သူ့ကို တကယ်ကို ဂရုတစိုက်မရှိဘူး။ သူမက စားပွဲပေါ်က စားစရာကို ပဲကြည့်နေပြီး ပျော်ပျော်ရွင်ရွင် စားနေတယ်။
သူမ ရှေ့တည့်တည့်မှာ ထိုင်နေတာမို့ ရှန်ရန်ချင်းက သူမ ပျော်နေတာကို မြင်နေရတယ်။
သူမ စားနေတာကို ကြည့်ရုံနဲ့ ရှန်ရန်ချင်းကို မဖော်ပြနိုင်လောက် အောင် စိတ်ကျေနပ်မှု ရစေတယ်။
တစ်ဝက်လောက်စားပြီး ချိနိမှာ နန်ကော သူမ ရှေ့က ပုံရိပ်ကို တိတ်တဆိတ်ခိုးကြည့်ဖို့ အချိန်ယူမိတယ်။ သူက သူမကို ကြည့်နေပုံရတာမို့ သူမ ဇွန်းကို ကိုက်လိုက်မိပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်တယ်။ “ရှင် ဘာလို့မစားဘဲ ကျွန်မကို ကြည့်နေရတာလဲ”
ရှန်ရန်ချင်းက သတိပြန်ဝင်လာပြီး သူ့ရိုင်းပြမှုအတွက် သူမကို တောင်းပန်လိုက်တယ်။ ပြီးတော့ သူက အပြုံးတစ်ပွင့်နဲ့ ရှင်းပြလာတယ်။ “မင်းအရမ်းကို စားနေရတာ ပျော်နေတယ် တွေးမိလို့ ကိုယ်မင်းကို နည်းနည်းလောက်ကြည့်လိုက်မိတာ”
စကားနည်းနည်းလောက် ပြောပြီးတော့ သူ ကောက်ချက် ချမိတယ်။ “မင်းက အစားအသောက်ဇီဇာကြောင်တာ မရှိဘူးပဲ”
နန်ကော သူမ ငယ်စဉ်ကတည်းက သူမ မိဘတွေက စားချင်စိတ်နည်းပါးလို့ဆိုပြီး မစိုးရိမ်ခဲ့ရဖူးဘူး။
နန်ကောက သာမန်ကာလျှံကာ ပြောလာတယ်။ “ကျွန်မလည်း အဲဒီလိုထင်ပါတယ်။ ကျွန်မသူငယ်တန်းတည်းက အစားချေးမများဘဲ အကုန်စားခဲ့တာ။ အချို့ကလေးတွေ မကြိုက်တာတွေ တောင်မှပေါ့။ ကျွန်မဆရာမဆို ကျွန်မမိဘတွေက ကျွန်မကို အိမ်မှာ အကြမ်းဖက်ပြီး အစားမကျွေးမှာကိုတောင် စိုးရိမ်ခဲ့တာ”
“ကျွန်မမိဘတွေက အလုပ်များပေမဲ့ အစ်ကိုကြီးကတော့ ကျွန်မနဲ့အတူ အိမ်မှာအမြဲရှိတယ်လေ။ ကျွန်မမိဘတွေက အစ်ကိုကြီးက ကျွန်မကို အနိုင်ကျင့်တယ်ထင်ခဲ့ပြီး သူတို့ပြန်ရောက်တာနဲ့ ဘာမှမပြောဘဲ အစ်ကို့ကို တန်းရိုက်ခဲ့တာပဲ”
“နောက်ဆုံးမှာတော့ ကျွန်မအစ်ကိုက အပြစ်မရှိဘဲ ကျွန်မကိုက စားချင်စိတ် ကြီးတာကို သူတို့သိသွားတယ်။ ကျွန်မအစ်ကိုက အမှန်အတိုင်းသိတော့ သူက ငိုပြီး ကျွန်မကို ရိုက်ပစ်မယ် ပြောလာတယ်။ အဲဒီမှာ သူတို့သိသွားပြီး သူထပ်ရိုက်ခံ လိုက်ရတယ်”
“.....”ရှန်ရန်ချင်း သူ မပြုံးမိခင် ခဏလောက် ကြောင်အသွားတယ်။
နန်ကော ကြည့်လိုက်တော့ သူ့မျက်လုံးထဲက အပြုံးတွေကို မြင် လိုက်ရတယ်။ သူက ညစာမစားခင် မျက်မှန်ကို ချွတ်ထားပြီး သူ့ဘေးမှာ ထားထားတယ်။ မှန်ဘီလူးမပါတာကြောင့် သူ့မျက်လုံးထဲရှိ အတက်အကျတွေက ပိုပြီး သိသာလာတယ်။
“အိုး နိုး” နန်ကော နောက်ဆုံးတော့ ရှန်ရန်ချင်း ဘာကြောင့်ရယ်နေလဲဆိုတာကို နားလည်သွားတယ်။
ဘာလို့များ သူမကလေးဘဝက စိတ်ပျက်စရာအကြောင်းတွေ သူ့ကို ပြောပြမိတာလဲ။
သူမ ပါးစပ်နားလက်မြောက်လိုက်ကာ ဇစ်ပိတ်တဲ့ပုံ လုပ်လိုက် တယ်။ “ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မအခုက စပြီး တိတ်တိတ်လေး နေပါ့မယ်”
ဘုရားရေ...အခုချက်ချင်းပဲ သူမကိုယ်သူမ ခေါက်ဆွဲနဲ့ကြိုးဆွဲ ချချင်မိတယိ။
“မင်း ငယ်ငယ်တုန်းက အတော်လေး ချစ်ဖို့ကောင်းမှာပဲ”ခဏလောက်ရပ်ပြီးတော့ ရှန်န်ချင်းက အတည်ပေါက်ထပ်ပြောလာတယ်။ “အခုလည်းမင်းက အရင်လိုချစ်စရာကောင်းနေတုန်းပါပဲ”
သူတို့စတွေ့က တည်းက အခုထိ နန်ကောအပေါ် သူ့အမြင်ပဲ ဖြစ်တယ်။
သူမက သူမ မိသားစုရဲ့ ကာကွယ်ခံထားရတဲ့ သာမန်မိန်းကလေးပါပဲ။ သူမက အရာအားလုံးကို လျစ်လျူရှု ထားပြီး ပရိယာယ်လည်းမရှိဘူး။ သူမ အတွေးတွေက သူမမျက်နှာပေါ် ပေါ်နေတယ်။ ဒီလိုရှုပ်ထွေးတဲ့ လူမှုပတ်ဝန်းကျင်မှာ သူမရဲ့ရိုးသားမှုနဲ့ အပြစ်ကင်းမှုက အရမ်းတန်ဖိုးရှိတာ။
“ဟမ် တကယ်လား”နန်ကောက မျက်တောင်ခတ်လိုက်တယ်။
ရှန်ရန်ချင်းက အလေးအနက်ခေါင်းညိတ်လိုက်တယ်။ “တကယ်ပါ”
နန်ကော မျက်လုံးပင့်ကြည့်မိတယ်။ နည်းနည်းကြာတော့ သူတို့စားပြီး သွားတယ်။ သူမက နူးနူးညံ့ညံ့ပြောလိုက်တယ်။ “ဒါပေမဲ့ ကျွန်မအစ်ကို ပြောတော့ ကျွန်မက လောဘကြီးတယ်တဲ့”
သူမက သူ့အတွက် ချစ်ဖို့မကောင်းဘူးတဲ့။
“ကိုယ်မလိမ်ပါဘူး မင်းက ချစ်စရာကောင်းတယ် ဒါက တကယ်ပြောတာ”
“ရှင်လိမ်တာ”
ဒါကို ကြားတော့ ရှန်ရန်ချင်းကြောင်အသွားတယ်။
“ရှင်ကျွန်မကို နောက်ဆုံးတစ်ကြိမ် ဘားမှာတွေ့တော့ လိမ်တယ်”သူမက အဲ့ချိန်က ရှန်ရန်ချင်းနဲ့ သူမ ကြားက ဖြစ်ပျက်ခဲ့တဲ့ အသေး စိတ်ကိစ္စကို မှတ်မိနေတာမို့ ဆောင့်ကြီးအောင့်ကြီး ပြောလာတယ်။
“အဲဒီ ညကလား” ရှန်ရန်ချင်းက မျက်မှောင်ကြုံ့လိုက်ပြီး သူက သေသေချာချာနဲ့ ဖြည်းဖြည်းချင်း ပြန်တွေးမိတယ်။ “ကိုယ်လုပ်ခဲ့တာလား”
သူက သူမကို စူးစမ်ရင်းကြည့်နေမိတယ်။
သူရှေ့တည့်တည့်က ကောင်မလေးက စားနေတာကို ရပ်ပြီး သူမ ခါးကို လက်တစ်ဖက်နဲ့ ထောက်ရင်း ခေါင်းကို အသည်းအထန် ညိတ်လိုက်ကာ သူ့အလိမ်ကို ဖမ်းမိသွားသလို ဖြစ်နေတယ်။
“ကိုယ့်ကို သဲလွန်စပေးလို့ရမလား”
နန်ကောက အုပ်စုဏာထားပြီး သူ့ကို တစ်လုံးချင်း ပြန်ပြောလိုက်တယ်။ “ရှင်က မသောက်တတ်ဘူးလို့ ပြောခဲ့တာလေ”
“....” ရှန်ရန်ချင်း သက်သာရာရသွားတယ်။
ဒီကိစ္စကို ပြောနေတာပဲ။
“ရှင်အခုမှတ်မိပြီလား ကျွန်မက ရှင့်ကို စွပ်စွဲနေတာမဟုတ်ဘူး”နန်ကောက သူနဲ့ပတ်သက်ပြီး တစ်ခုခုရှိသလိုလက်ပိုက်ပြီး သူ့ကို ညင်သာသာပြုံးလိုက်တယ်။
“ကိုယ် မှတ်မိပြီ”
သူခေါင်းညိတ်လိုက်ပေမဲ့ ဒီမေးခွန်းကို ဘယ်လိုရှင်းရမလဲ မသိဘူး။
နန်ကောရဲ့ စနောက်လိုတဲ့ အကြည့်ကို မြင်တော့ သူ့နှုတ်ခမ်းပါးက ဖြည်းဖြည်းချင်း ရွေ့လျားသွားတယ်။ စက္ကန့်အနည်းငယ် ကြာတော့ သူ ပြောလိုက်တယ်။ “ကိုယ်က ကောင်းကောင်း မသောက်နိုင်လို့ပါ။ အဲဒီနေ့က မင်းကို ငြင်းဖို့ မရည်ရွယ်ခဲ့ပါဘူး”
“ဒါပေမဲ့ ကိုယ် လိမ်ခဲ့တယ်”သူက တောင်းပန်လိုဟန် ပြုံးလိုက်တယ်။ “ဒီအတွက် ကိုယ်တောင်းပန်တဲ့ အမူအရာပြဖို့ မင်း တောင်းဆိုတာ တစ်ခုကို ကိုယ် သဘောတူပေးမယ်”
“ဘာမဆိုလား”နန်ကော မျှော်လင့်တကြီး မေးလာတယ်။
ရှန်ရန်ချင်းက ပြုံးလိုက်တယ်။ “ဟုတ်တယ်”
“ဟုတ်ပြီ ကျွန်မ ရှင့်ကို မယဉ်ကျေးတော့ဘူးနော်”
သူမ ထပ်ခါတလဲလဲ အတည်ပြုတာကို ကြည့်ရင်း ရှန်ရန်ချင်း သူမ တောင်းဆိုချက်ကို သိချင်လာတယ်။
သူ့အကြည့်အောက်မှာ နန်ကောထရပ်ပြီး သူ့နားလျှောက် လာကာ ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်လိုက်တယ်။
ရှန်ရန်ချင်း အလိုလိုအကြည့်ကို အောက်ချရင်း သူမကို ကြည့်မိ တယ်။
နန်ကော စားပွဲပေါ်က သူ့ဖုန်းကို ယူလိုက်ပြီး နိုင်ငံတော်အမိန့် ပြန်စာကို ကိုင်ထားရသလိုမျိုး အပြုံးတစ်ပွင့်နဲ့ လှမ်းပေးတယ်။
“ဘော့စ်ရှန် အရင်ဆုံးကျွန်မကို ဂွတ်ဒ်ရယ်ဗျူးပေးပါ”
ရှန်ရန်ချင်း တစ်ခဏ တိတ်ဆိတ်သွားတယ်။
အဓိက လေနွေးပေးစက်က အလုပ်လုပ်နေတယ်။ လေနွေးနွေးတွေက သူမ ခေါင်းပေါ်ကနေ တိုက်ခတ်နေပြီး သူမ ဆံပင်တွေက ရှုပ်ယှက်ခက်နေတယ်။ သူမ လက်မြောက် လိုက်တော့ သူမ ခေါင်းက ဆံပင်နဲ့ ချိတ်မိသွားတယ်။ သူမ စိတ် ရှည်မှုတွေကလည်း မေးနေစဉ်မှာ ကုန်ဆုံးသွားတယ်။ “ရှင်လုပ်ပေးနိုင်လား”
ရှန်ရန်ချင်းက အိပ်မက်က နိုးလာသူလို ဖြစ်နေတယ်။ သူက မျက်တောင် တဖျပ်ဖျပ်ခတ်ရင်း သူ့ဖုန်းကို လှမ်းယူလိုက်တယ်။ “ဒါပေါ့”
အစောပိုင်းက နေ့လယ်စာအတွက် မှာပေးခဲ့တဲ့ တစ်ယောက်ဖြစ်တဲ့ လက်ထောက်ယွမ်ဆီက လုပ်ခဲ့တာကို မှတ်မိတယ်။ သူ့ဖုန်းနဲ့ သူ့အကောင့်ကို အသုံးပြုခဲ့တာ မဟုတ်ဘူးလေ။
“ကိုယ့်ကို အချိန်ခဏပေး”သူဝီချတ်ဖွင့်ပြီး လက်ထောက်ယွမ်ကို အထဲခေါ်လိုက်တယ်။
တစ်မိနစ်အတွင်း လက်ထောက်ယွမ်က တံခါးကို အလောတကြီးဝင်လာတယ်။ “ဥက္ဌရှန် ကျွန်တော့်ကို တွေ့ချင်လို့လားဗျ”
နန်ကောနဲ့ ရှန်ရန်ချင်း တစ်ချိန်တည်း ကြည့်လိုက်မိတယ်။ သူတို့က လက်ထောက်ယွမ် ဘာလို့စိတ်လှုပ်ရှားမှန်း မသိခဲ့ဘူး။
နန်ကော စားစရာအော်ဒါ လာပို့တုန်းက လည်း သူက စိတ်လှုပ်ရှား နေသေးတယ်။ သူ လမ်းလျှောက်နေစဉ်တောင် သူက ဟန်လုပ်ပြုံးနေတယ်။
သိချင်ပေါ်လာတာမို့ နန်ကော အလိုအလျောက် မေးလိုက်မိတယ်။ “ရှင် ပျော်စရာတစ်ခုခုရှိလို့လား”
လက်ထောက်ယွမ်: “ဟမ် သိသာနေတယ်လား”
နန်ကော: “....” သူ့မျက်နှာမှာ အကုန်ရေးထားတယ်လေ။
++++++