← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

11 01

Chapter 11 ကောင်းတဲ့ ရည်ရွယ်ချက်တော့ မဟုတ်ဘူး။

ရှန်ရန်ချင်းက သူ့ဖုန်းကို ပေးဖို့ လက်ထောက်ယွမ်ကို လက်ဟန်ပြလိုက်တယ်။ သူက ဒလီအက်ပ်ကို ဖွင့်ပြီး မှတ်ချက်ဆက်ပေးတယ်။ “မင်းကြည့်ရတာ ဒီနေ့ ပုံမှန်ထက် ထူးခြားနေတယ်”

“တစ်ခုခုများ ပျော်စရာရှိလို့လား။ ဘာလို့ ငါတို့ပါ အတူပျော်လို့ရအောင် ငါတို့ကို မပြောပြတာလဲ”

လက်ထောက်ယွမ်ဟာ သူရဲ့ခေါင်းကို အခါခါ ရမ်းကာ “မဟုတ်ဘူး။ မဟုတ်ဘူး ဥက္ကဌရှန် တကယ်တော့ ကျွန်တော်မပျော်ပါဘူး”

“ကျွန်တော် အပိုအစားအစာ မှာလိုက်တာ။ အဲဒါက ကျွန်တော့်လစာထဲက ဖြတ်သွားလို့ အခု ကျွန်တော် တော်တော်လေး ၀မ်းနည်းနေတာ”

နန်ကောက သူ့ကို မယုံဘဲ “တကယ်လား”

လက်ထောက်ယွမ်က မျက်တောင်တစ်ချက်တောင် မခတ်ဘဲ “တကယ်ပါ ကျွန်တော် အခု သူဌေးကို ဒူးပါထောက်ပြီး ခယချင်နေပြီ”

နန်ကော “.....” ဟွားရှန်အဖွဲ့အစည်းက လူတွေနဲ့ ပတ်သတ်ပြီး တစ်ခုခုတော့ ထူးဆန်းနေတယ်။

ရှန်ရန်ချင်းက ချက်ချင်းပဲ တိတ်ဆိတ်သွားပြီး အပြုံးလေးဖော်ဆောင်ထားတဲ့ လက်ထောက်ယွမ်ကို မော့ကြည့်လိုက်တယ်။

ရှန်ရန်ချင်း စကားစတာနဲ့ နန်ကောရဲ့ အတွေးတွေကိုပါ ပြန်ဆွဲခေါ်လိုက်တယ်။

“နန်ကော...ဒါကို ကြည့်ကြည့် အဆင်ပြေလား”

နန်ကောဟာ အရှေ့ကို ကိုင်း၍ သူမ၏ ခေါင်းကို စောင်းကာ စခရင်ပေါ်က စာလုံးတွေကို ကြည့်လိုက်တယ်။

[ဒလီသမားက အရမ်းအချိန်မှန်တယ် ဆက်ဆံရေးလည်း ကောင်းပြီး ယဉ်ကျေးတယ် (ကြယ်၅ပွင့်)]

အဲဒါက ကောင်းမွန်တဲ့ အကြံပေးချက်တစ်ခုတော့ဖြစ်ပြီး နွေးထွေးမှု တစ်စိုးတစိမျှမပါဘဲ အေးတိ‌အေးစက်နိုင်နေပြန်တယ်။နန်ကောက အကျဉ်းချုံးတော့ အသိအမှတ်ပြုလိုက်ပြီး ရှည်လျားတဲ့ နှာသံနဲ့ “ရှင် ဘာလို့ နည်းနည်းပါးပါး ပိုမရေးတာလဲ။ တကယ်လို့ မန်နေဂျာသာ တွေ့သွားမယ်ဆိုရင် သူ ကျွန်မကို ၂ဒေါ်လာလောက် ပိုပေးလောက်တယ်”

ဒီစကားကို ကြားတော့ ရှန်ရန်ချင်းက ကီးဘုတ်ကို ပြန်ဖွင့်လိုက်ပြီး မေးတယ်။ “ကိုယ် ဘယ်လိုရေးရမလဲ”

နန်ကောက သူမဟာ သူ့အတွက် ပိုခက်ခဲအောင် လုပ်နေမိတယ်လို့ ခံစားလိုက်ရတယ်။

ရှန်ရန်ချင်းက မြို့မှာ ကျော်ကြားတဲ့ လုပ်ငန်းရှင်တစ်ယောက်ပဲ‌။

သူမက လက်ကို အသာဝှေ့ယမ်းလိုက်ပြီး သူ့ကို ဒီတိုင်း အလျှော့ပေးလိုက်တော့တယ်။ “ဘာလို့ ကျွန်မတို့ ဒါကို မမေ့လိုက်တာလဲ။ ရှင့်ဘ၀မှာ 'ဒလီ'ဆိုတဲ့ စာလုံးကို သုံးတောင် သုံးဖူးလိမ့်မယ်လို့ ကျွန်မ မထင်ဘူး”

“.....” ရှန်ရန်ချင်းဟာ ချောင်းအသာဟန့်လိုက်ပြီး အနိမ့်သံနဲ့ သူ့ကိုယ်သူ ပြန်လည်ချေပတယ်။ “ငါ ဒီစာလုံးကို သုံးနိုင်ပါသေးတယ်။ ဒါပေမဲ့ ငါတစ်ခါမှ အော်ဒါ မမှာဖူးရုံပါ”

သူ အော်ဒါ မမှာဖူးတဲ့အတွက် သူမက သူ့ကို သွယ်ဝိုက်ပြီး စနောက်နေတယ်ဆိုတာကို သူပြောနိုင်တယ်။

“ဒါပေမဲ့ အခု ငါဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူပြီးပြီလေ” သူက ခဏရပ်ပြီးမှ ထပ်ဖြည့်ပြောလိုက်တယ်။

ဒါကို နန်ကောဟာ သူမရဲ့ လက်‌ချောင်းနဲ့ ပါးကို အသာအယာပွတ်ရင်း “ဒါဆိုလည်း ရှင် တကယ်မရေးနိုင်ဘူးဆိုရင် ကျွန်မကို များများ ချီးကျူးပေးလေ”

ရှန်ရန်ချင်းက တုံ့ဆိုင်းမနေဘဲ “ဟုတ်ပြီ”

နန်ကောက သူဘာဆက်ရေးမလဲဆိုတာကို မကြည့်တော့ဘူး။သူမက လက်လျှော့လိုက်ကာ တိတ်တဆိတ်ပဲ စားစရာရှိတာ ဆက်စားနေတော့တယ်။

“ကျွန်မစားလို့ပြီးပြီ” ၁၀မိနစ်လောက်ကြာတော့ နန်ကောက စားလို့ပြီးသွားပြီး စားပွဲကို ရှင်းလိုက်တယ်။

“ဒီ‌တော့ နောက်ကျနေပြီ ကျွန်မ ကျောင်းကို ပြန်သွားရဦးမယ်”

ဒါကို ကြားတော့ ရှန်ရန်ချင်းက မတ်တပ်ထရပ်လိုက်ပြီး “ကိုယ် မင်းကို ပြန်လိုက်ပို့ပေးရမလား”

“ဟင့်အင်း။ ရတယ်။ ကျွန်မ မောင်းလာတာ”

ရှန်ရန်ချင်းက သူမဟာ မနေ့က လျှပ်စစ်စကူတာကို စီးလာတာလို့ ထင်သွားတယ်။

“လမ်းပေါ်မှာ နှင်းတွေ ရှိတယ်မဟုတ်ဘူးလား။ အန္တရယ်များတယ်မလား”

“မရှိဘူး။ ကျွန်မလာကတည်းက အကုန်နီးပါး အရည်ပျော်နေပြီ” နန်ကောက သူမရဲ့ ဂျက်ကတ်ကို ၀တ်ပြီး အနည်းငယ်ကိုင်းကာ ဇစ်ကို ဆွဲတင်လိုက်တယ်။

သူမက သူ့ဆီက ထမင်းတစ်နပ် အလကားစားပြီးပြီ။သူမမှာ သူမကို ပြန်လိုက်ပို့ပေးတာကို လက်ခံတဲ့အထိ မျက်နှာပြောင် မတိုက်နိုင်ဘူး။

ကျေးဇူးတင်စကားပြောပြီးတော့ နန်ကောက နှုတ်ဆက်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်သွားသည်။

ရှန်ရန်ချင်းက ကိုယ်တိုင်တောင် သတိမထားမိဘဲ သူမအနောက်က လိုက်သွားတယ်။သူလှုပ်ရုံပဲရှိသေး သူ့အရှေ့က လူက ရုတ်တရက်ရပ်ပြီး ဒီဘက်ကို ပြန်လှည့်လာတယ်။

“အော် ဟုတ်သားပဲ”

“ဟမ်။ မင်း တစ်ခုခုမေ့ကျန်ခဲ့လို့လား”

11 02

နန်ကောက ခေါင်းခါပြီး “ကျွန်မ တစ်ခုသတိရသွားလို့။ ကျွန်မတို့ မစားခင်တုန်းက ရှင် ကျွန်မကို အစားအစာနမူနာနဲ့ ပတ်သတ်ပြီး အကူအညီတောင်းတယ်လေ။ ဒါကြောင့် အဆင်ပြေတယ်ဆိုရင် ရှင် ရှေ့ဆက်ပြီး ကျွန်မတို့ စားသောက်ဆိုင်ဆီက မှာလို့ ရတယ်”

“အဲဒါက အကျုံး၀င်သေးလား” သူမက မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တယ်။

“ဒါပေါ့။ ကိုယ် မနက်ဖြန် ထပ်မှာလိုက်မယ် မင်း လာခဲ့လေ”

“အာဟာ! ကောင်းတာပေါ့!”

“မနက်ဖြန်တွေ့ကြမယ် ပရော်ဖက်ဆာရှန်!”

ဒီအခေါ်အဝေါ်ကို ကြားတာနဲ့ ရှန်ရန်ချင်းက သူ့နေရာတွင် တစ်ချက်တန့်သွားပြီး သူမကို အပြုံးနဲ့ လိုက်ပို့တယ်။

သူတို့နှစ်ယောက် ဓာတ်လှေကားအထိ ဘေးချင်းကပ် လျှောက်လာကြတယ်။ရှန်ရန်ချင်းက သီးသန့်ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်တယ်။သူက သူမဘက်ကို လှည့်ကာ “မင်းမှာ ငါ့ကို ခေါ်ပုံခေါ်နည်းအမျိုးမျိုး ရှိပုံပဲ”

“ဟမ် အဲလိုလား” နန်ကောက သူမရဲ့ လက်ချောင်းတွေနဲ့ သေချာရေမိတယ်။ “မစ်စတာရှန်၊ ဥက္ကဌရှန်၊ သူဌေးရှန်၊ ပရော်ဖက်ဆာရှန်...၄မျိုးပဲ ရှိပါတယ်”

“အဲဒါတင် မဟုတ်ဘူး ရှန်ရန်ချင်းနဲ့ ကြေးနီရောင်စစ်သားတွေကို မေ့ထားလို့ မရဘူးလေ”

နန်ကော “.....”

ဘာလို့ သူနဲ့ စကားဝိုင်းတည်ဆောက်ဖို့က အရမ်းခက်ခဲတာလဲ။

နန်ကောဟာ သူ့ကို စိုက်ကြည့်လိုက်ပေမဲ့ သေစေနိုင်တဲ့အထိတော့ မဟုတ်သေး။ရှန်ရန်ချင်းကတော့ သူမ ဓာတ်လှေကားထဲ ၀င်သွားတာကို ကြည့်ရင်း ပြုံးနေတော့သည်။

သူမက သူ၀င်ဖို့ အခွင့်အရေးမရအောင် ဓာတ်လှေကားတံခါးကို ချက်ချင်း ပိတ်ပစ်လိုက်တယ်။

သူမ အောက်ထပ်ကို ရောက်တော့ ရှန်ရန်ချင်းဆီက မက်ဆေ့ခ်ျတစ်စောင် လက်ခံရရှိတယ်။အဲဒါက ၃လုံးတည်းပဲ [မနက်ဖြန် တွေ့ကြမယ်]။

_____

လက်ထောက်ယွမ်က သူမအနောက်က လိုက်လာတယ်။ရှန်ရန်ချင်း နန်ကောကို လိုက်ပို့တာကို ကူညီပေးချင်ခဲ့တာ။ဒါပေမဲ့ မထင်မှတ်ထားစွာဘဲ သူရောက်တဲ့အချိန် နန်ကောက ရှိတောင် မရှိရှာတော့။

“ကောင်းသောနေ့လည်ခင်းပါ။ ‌လက်ထောက်ယွမ်” တိုက်ဆိုင်စွာပဲ လုံခြုံရေးက အပြင်ကနေ အထဲကို ၀င်လာတယ်။

လက်ထောက်ယွမ်က “မင်း ဘယ်သွားတာလဲ”

“အော် လီက သူမက အရေးကြီးတဲ့ဧည့်သည်မလို့ သူမကို လိုက်ပို့ပေးဖို့ ပြောလို့ပါ” လီဟာ ကုမ္ပဏီရဲ့ ကောင်တာ၀န်ထမ်းဖြစ်တယ်။

အရေးကြီးတဲ့ ဧည့်သည်။

လက်ထောက်ယွမ်က သေချာစေဖို့ လီဘက်ကို လှည့်လိုက်ပြီး ကြည့်ကာ “မင်းပြောနေတာက အခုလေးတင် အစားအစာဒလီလာပို့သွားတဲ့ ကောင်မလေးလား”

“ဟုတ်ပါတယ်”

“ဒလီ” လုံခြုံရေးဟာ အံ့ဩသွားတယ်။ “သေချာပေါက် အဲလိုပုံစံနဲ့ မတူပါဘူး”

“ဟင့်အင်း သူမက ဒလီလာပို့သွားတာ” လက်ထောက်ယွမ်က ခေါင်းညိတ်သည်။ “သူမက အဲလိုပုံစံလို့ မထင်ရပေမဲ့ သူမက အလုပ်ကြိုးစားတဲ့ အချိန်ပိုင်းလုပ်နေတဲ့ ကျောင်းသူလေးတစ်ယောက်ပဲ။ ဒါက ပုံမှန်ပဲမလား”

“ကျွန်တော် သိပြီ” လုံခြုံရေးက သေချာနားမလည်သော်လည်း ခေါင်းကို ငြိမ့်ပြလိုက်တယ်။

“တော်ပြီ ဒီကိစ္စအကြောင်း တော်လိုက်တော့ ဒါက အရေးကြီးဧည့်သည်ပဲ သူမက ဥက္ကဌရှန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်” လက်ထောက်ယွမ်က မထွက်သွားခင် သူ့ကို သတိပေးဖို့လည်း မမေ့ခဲ့ဘူး။ “မနက်ဖြန် သတိထားပါ သူမ အစားအစာလာပို့ဦးမှာ သူမကို ဓာတ်လှေကားဆီသာ ပို့လိုက် သူမကို အစားအစာနဲ့ ပတ်သတ်ပြီးလည်း ကူညီလိုက်ဦး”

“ကောင်းပါပြီ!”

လက်ထောက်ယွမ်ထွက်သွား‌တဲ့အခါ ကောင်တာစားပွဲက လီက မြေကြီးကို ငုံ့ကြည့်ကာ ငိုင်နေတဲ့ လုံခြုံရေးကို သိချင်စိတ်ဖြင့် မေးလိုက်တယ်။ “ဘာတွေ စဉ်းစားနေတာလဲ”

“အခုခေတ် အချိန်ပိုင်းလုပ်နေတဲ့ ကျောင်းသူတွေအတွက် သတ်မှတ်ချက်တွေက တော်တော်‌မြင့်နေပြီလား”

11 03

“ဘာကို ပြောချင်တာလဲ”

“ခုနက အစားအစာလာပို့သွားတဲ့ ကောင်မလေးက ငွေရောင်လမ်ဘော်ဂီနိကားကြီးကို မောင်းလာတာ..”

“ဟမ်။ မဖြစ်နိုင်တာ ဟုတ်တယ်မလား”

“ငါ့မျက်စိနဲ့ တပ်အပ်တွေ့ခဲ့တာ။ အဲဒါက ၃မီလီယံဒေါ်လာတန်တဲ့ လမ်ဘော်ဂီနိ‌မေးဗားရစ်ကားကြီးဟ။ ငါတောင် ချွေးပြန်ပြီး ကျန်ခဲ့တာ”

“.....”

ဒါဟာ ချမ်းသာကြွယ်၀မှုရဲ့ စည်းစိမ်ကို ခံစားနိုင်ဖို့ အကြံတစ်ခု ဖြစ်လောက်တယ်။

_____

ကြီးမားတဲ့ အော်ဒါကို ပြင်ဆင်ပြီးတဲ့နောက်မှာတော့ နန်ကောက အိပ်ဆောင်ကို ပြန်လာသော လမ်းမှာ အနည်းငယ် သက်ပြင်းချလိုက်သည်။

“နန်ကော” တံခါးဖွင့်သံကြားတာနဲ့ စာမေးပွဲအတွက် ပြန်လည်ပြင်ဆင်နေတဲဲ့ စုဟွေးက တံခါးဘက်ကို လှည့်ကြည့်လာတယ်။ “နင် ဒီနေ့ နေ့လည်ပြန်မလာတော့ဘူးထင်နေတာ”

“ဟွန့်” နန်ကောက သူမရဲ့ ဂျက်ကတ်ကို ချွတ်လိုက်ပြီး ဗီဒိုထဲကို ထည့်လိုက်တယ်။သူမက ပြေးသွားပြီး စုဟွေးဘေးမှာ ၀င်ထိုင်လိုက်တယ်။ “ငါ ဒီနေ့ နေ့လည် ဘယ်လောက်ရခဲ့လဲ မှန်းကြည့်!”

သူမရဲ့ မျက်နှာထားကို ကြည့်တာနဲ့ သူမ အကြီးကြီး ရလာမှန်း စုဟွေးနားလည်လိုက်သည်။

စုဟွေးက ရဲရင့်တဲ့ ခန့်မှန်းချက်တစ်ခုနဲ့အတူ လက်၂ချောင်းကို ဆန့်ထုတ်လိုက်သည်။နန်ကောက ပြုံးကာ ခေါင်းကို ခါပြသည်။ “နင့်ဟာ အရမ်းနည်းလွန်းတယ် ပိုများဦး”

သူမရဲ့ မသိတော့တဲ့ပုံကို မြင်တဲ့အခါ နန်ကောက အနားကို တိုးပြီး ဂဏန်းတစ်လုံးကို တိုးတိုးလေး ပြောလိုက်သည်။

စုဟွေးဟာ ရှော့ရသွားပြီး မတ်တပ်ပါ ထရပ်မိသည်။ “ဘုရားရေ နင် နင့်လမ်ဘော်ဂီနိကြီးကို မောင်းပြီး စား၀တ်နေရေးအတွက် လိုက်တောင်းရမ်းနေသလား”

“ခစ် ခစ် ခစ်!” နန်ကောက “အဲဒါက ဒလီပို့တာပဲ!”

“တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ငါတို့ တော်တော်ကြီးတဲ့ အော်ဒါကို လက်ခံရလိုက်တာ။ အော်ဒါမှာတဲ့လူက လုံး၀ အကောင်ကြီးလေ။ ငါတို့က ရေရှည်ဗျူဟာပါတနာတွေတောင် ဖြစ်နေပြီ”

“အမ်း...” စုဟွေးက အနည်းငယ် စိုးရိမ်မိသည်။သူမက လှည့်လိုက်ပြီး နန်ကောရဲ့ လက်ကို ကိုင်ကာ လေးနက်တဲ့ မျက်နှာထားနဲ့ “ငါ့ကို အမှန်တိုင်းပြော နင့်ကို အော်ဒါမှာတဲ့လူက အသက်ကြီးလား”

“ဟမ်” နန်ကောဟာ ဂရုတစိုက် တွက်ချက်မိသည်။

၈နှစ်ကွာတာက ကြီးတယ်လို့ ယူဆရမှာလား။

“အင်း။ သူက ငါ့ထက် ကြီးတယ်။ သူ့ကြည့်ရတာ ငါ့ဦးငယ်လေးနဲ့ အသက်အတူတူလောက်ပဲ”

“တွေ့လား။! ငါထင်သားပဲ! သူက နင့်ဦးလေးတောင် လုပ်လို့ ရနေပြီ။ နန်ကော!”

“သူ့ကို ချက်ချင်းငြင်းလိုက်!”

“ဟမ်” နန်ကော ကြောင်အသွားသည်။

“သူ့လို အသက်ကြီးကြီး ထိပ်ပြောင်ပြောင်နဲ့ အဆီတွေ ပြည့်နေတဲ့ လူလတ်ပိုင်းသူဌေးဆိုတာက တဏှာအတွက်နဲ့ နင့်ကို ပတ်သက်နေတာဟ!”

နန်ကော “.....”

******

All Chapters